Stay with me(season-2)[Chaeli...

By lae0327

54.3K 4.3K 898

တစ်အားရိုမှာပါနော် 😁😁😁 More

Ep(1)💛
Ep(2)💛
Ep(3)
Ep(4)💛
Ep(5)💛
Ep(6)💛
Ep(7)
Ep(8)💛
Ep(9)
Ep(10)💛
Ep(11)
Ep(12)
Ep(13)💛
Ep(15)
Ep(16)💛
Ep(17)💛
Ep(18)💛
Ep(19)💛
Final❤

Ep(14)💛

1.8K 190 44
By lae0327

လီလီမနက်အိပ်ရာထသည်နှင့် အတွေးထဲဝင်လာသည်က ချယ် ချစ်သူအကြောင်းတွေးမိတာနဲ့ လီလီ့မျက်နှာမှာ အပြုံးတို့ဖြစ်ထွန်းလာရကာ လက်ကအလိုအလျေက် ဘေးမှာရှိနေသည့် ဖုန်းလေးကိုကောက်ကိုင်လိုက်ပြီး ချစ်ရသူလေးဆီ ဖုန်းခေါ်လိုက်တော့သည်

ချယ်အိပ်နေတုန်းမှာပဲ ဖုန်းကမြည်လာသည်မို့ မျက်လုံးတွေကိုမဖွင့်ပဲ ဖုန်းကိုကိုင်လိုက်ပြီး

C''ဟယ်..လို

ဘယ်လိုတောင်ချစ်ဖို့ကောင်းသည့်အသံပါလဲ အိပ်ချင်မူးတူးအသံလေးက အနားမှာသာရှိရင် ပါးလေးကိုဆွဲဖဲ့မိတော့မှာပဲ

C''ဟယ်လိုလို့ ဘာလို့ဘာမှမပြောရတာလဲ

Li''ဟယ်လို မမောင်ပါ

မဖွင့်ချင်သောမျက်လုံးတို့ ပြူးကျယ်သွားခဲ့ရပြီ ခုလီလီကချယ့်ကို ဘယ်လိုခေါ်လိုက်တာပါလိမ့်

Li''ဟယ်လို မလို့

C''ဟင် အင်း လီလီပြောလေ

Li''ဘာကိုလီလီလဲ ညကကျမောင်လို့ခေါ်ပြီး

C''ဟာ လီလီနော်

Li''လီလီလို့ထပ်ခေါ်ရင်စိတ်ဆိုးတော့မှာနော်

ချယ်ညကဘာစိတ်ကူးပေါက်ပြီး ပြောလိုက်မိသည်မသိ ခုတော့လီလီကခေါ်ခိုင်းနေပြီလေ

Li''မလို့

C''ဟင် ပြောလေ

Li''မလို့ဆိုနေ နာမည်ခေါ်အုံးလေ

C''အင်း ပြောလေမောင်

Li''ဟီး မောင်လာခဲ့မယ်လို့

C''ဟမ် ခုလား

Li'ဟုတ်တယ်လေ ဘာလို့

C''အစောကြီးရှိသေးတာကို ခုဘာမှမလုပ်ရသေးဘူးလေ

Li''ဟုတ် အာ့ဆိုခဏနေမှ လာခဲ့မယ်လေ

C''ဟုတ်

Li''ချစ်တယ် မ မောင်ဖုန်းချလိုက်တော့မယ်နော်

C''ဟုတ် မလဲထပြီ

ဖုန်းလေးကျသွားသည်နှင့် ချယ်အိပ်ရာပေါ်မှ လူးလဲထလိုက်ပြီး မျက်နှာသစ်ကာ အမြန်ပြင်ဆင်နေမိသည်

C'm''ချယ်ရေ ဘယ်လိုဖြစ်နေတာလဲ မျက်စီတွေနောက်နေပြီနော်

C''မေမေကလဲ လီလီလာမှာမလို့

C'm''သူလာတာဘာဖြစ်လဲ

C''ဘာမှမဖြစ်ဘူး မေမေရေ

ချယ်မေမေ့ကိုဘာမှဆက်ပြောမနေတော့ပဲ ပြင်ဆင်စရာရှိသည်ကိုသာပြင်နေလိုက်သည်

လီလီကားလေးကို ချယ့်အိမ်ရှေ့ရပ်လိုက်ကာ အိမ်ထဲဝင်လိုက်ပြီး

Li''မဂ်လာပါအန်တီ ချယ်ရော

C'm''အခန်းထဲမှာ ပြင်နေလေရဲ့

Li''ဟုတ် လီလီဝင်သွားလိုက်ရမလား

C'm''အင်း သွားလေ ဟိုအခန်းနော်

လီလီလဲ ချယ့်အမေပြောသည့်အခန်းကို အသွား အခန်းဝမှာရောက်နေသောချယ်နှင့်ဆုံသည်

C''လာလေ သွားရအောင်

အခန်းဝမှာလက်ကိုဆန့်ပြီး လီလီ့ကိုတားထားသောချယ်ကြောင့် လီလီချယ့်လက်တွေကိုဖယ်ပြီး အခန်းထဲဝင်လိုက်ရာ

C''လီလီဘယ်လိုဖြစ်လို့ဝင်တာလဲ ပြန်ထွက်

Li''အမလေး မရယ် တစ်ခန်းလုံးလည်းရှုပ်ပွနေတာပဲ

C''မဟုတ်ဘူး အရင်ကမရှုပ်ပါဘူး မနေ့ကမှရှုပ်သွားတာ

လီလီကပြုံးကာ ချယ့်ကိုကြည့်လာပြီး မျက်ခုံးပင့်ကာ

Li''မနေ့ကမှပေါ့

C''အင်း မနေ့ကမှ

Li''ဒါတွေအကုန်လုံးကလေ

လီလီက ကုတင်ပေါ်မှအဝတ်တွေနှင့် အောက်တွေမှာပြန့်ကျဲနေသည့် ပစ်စည်းများကို လက်ညှိုးထိုးကာဆိုသည် ဒီကြားထဲမနေ့က ဆူဇီထားခဲ့သည့်မုန့်တွေကလဲ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲလျှက်(ကိုယ့်အခန်းကိုယ်မြင်ပြီး ရေးသည်😁)

C''အာ့ကြောင့် မဝင်အောင်တားထားတာလေ ကိုယ့်ဘာသာဝင်ပြီးတော့

Li''ဟားဟား အာ့ကြောင့်ဝင်တာလေ မ မတားရင် ဝင်ချင်မှဝင်မှာ

C''နေပါအုံး ချယ့်ကိုဘာလို့မလို့ ခေါ်နေတာလဲ

Li''အင်း လိုက်ဖက်အောင်လေ

လီလီကကုတင်ပေါ်မှာလုံးထွေးနေသည့် စောင်တွေကိုဖယ်ကာ ကုတင်စွန်းမှာဝင်ထိုင်သည် ချယ်လည်းခပ်တည်တည်ပဲ ဘေးမှာဝင်ထိုင်လိုက်ပြီး

C''လိုက်ဖက်အောင်ဆိုတာက

Li''အင်းလေ ညကမကမောင်လို့ခေါ်သွားတယ်မလား မောင်နဲ့လိုက်ဖက်တာကမလေ

C''အင်းပါ ဟုတ်ပါပြီ သွားရအောင်လေ

Li''နေပါအုံး နေအုံးမယ်ဒီမှာ

C''ဘာလို့လဲ

Li''လေကောင်းလေသန့်ရလို့လေ အခန်းလေးကသန့်ရှင်းနေတော့

ရယ်ပြီးပြောလာသည့်လီလီ့ပခုံးကို ချယ်လက်ဖြင့်အသာရိုက်လိုက်ပြီး

C''မောင်နော်

Li''အမလေး လက်ထပ်ပြီးရင်တော့ မောင်တို့အိမ်ကရှုပ်ပွနေတော့မှာပဲ

C''မောင်ကွာ မနေ့ကမှရှုပ်သွားတာပါဆို

Li''အင်း

C''မယံုဘူးပေါ့လေ မနေ့ကဆူဇီလုပ်သွားလို့

Li''အင်းအင်း ယုံတယ် ယုံတယ်

C''ယံုရင်လာ သွားမယ်

Li''နေပါအုံး ဘယ်ကိုသွားရမှာလဲ

C''ခြံထဲသွားမယ်လေ လီလီလဲသွားချင်တယ်ဆို

Li''ဘာကိုလီလီလဲ မလိုက်ဘူး

C''ဆောရီး ဆောရီး မောင်လို့ သွားကြမယ်ခြံထဲနော် နှုတ်မကျိုးသေးလို့ပါ မောင်ကလဲ

Li''မကျိုးလဲမရဘူး နောက်ခါမှားခေါ်ရင်မကို နမ်းမှာနော်

နှုတ်ခမ်းလေးကိုဆူကာပြောနေသည့်လီလီက ချစ်စရာကောင်းလွန်းလှသည် ချယ်လီလီ့ပါးလေးကို မြတ်နိုးစွာဖြင့် အသာနမ်းရှိုက်လိုက်တော့ လီလီကပြုံးကာ

Li''ဒီကိုရော

C''မရဘူး

Li''ဘာလို့မရရမှာလဲ ရတယ်

လီလီ့မျက်နှာကရှေ့တိုးလာ၍ ချယ်နှုတ်ခမ်းကို ပါးစပ်နှင့်ပိတ်လိုက်ကာ ကိုယ်ကိုနောက်သို့အနည်းငယ်ဆုတ်လိုက်တော့ လီလီ့မျက်နှာကချက်ချင်းတည်သွားကာ

Li''ဘာလဲ မနမ်းစေချင်ဘူးပေါ့

C''မဟုတ်ပါဘူး စတာပါလီလီရဲ့

Li''အင်း ခြံထဲသွားမယ်ဆို သွားမယ်လေချယ်

အစောကထိ မချည်းသုံးနှုန်းလာသောလီလီက ချယ်လို့ခေါ်လာတာမို့ ချယ်စတာလွန်သွားမှန်း သိလိုက်ပြီး

C''မောင် မကစတာပါကွာ နော်

Li''အင်းပါ ဘာပြောနေလို့လဲ

C''မောင်စိတ်ဆိုးသွားတာမလား

Li''မဆိုးပါဘူး သွားရအောင်လေ

လီလီကပြောပြီးနေရာမှထသည် ပြီးအခန်းထဲကထွက်ဖို့ပြင်သည်မို့ ချယ်နောက်မှနေ၍ လီလီ့ခါးကိုလှမ်းဖက်လိုက်ပြီး

C''မောင် မနောက်ခါမစတော့ပါဘူး နော်

လီလီက ဖက်တွယ်ထားသည့် ချယ့်လက်တွေကို အသာဖြုတ်ချပြီး ခြေလှမ်းကျဲတွေဖြင့် အပြင်ထွက်သွားခဲ့သည်မို့ ချယ်လည်းနောက်မှ လိုက်လာခဲ့ရသည်

C'm''အခုသွားမှာလားသမီးတို့ မနက်စာစားသွားအုံးမှာလား

Li''လီလီစားခဲ့ပြီးပြီအန်တီရဲ့

C''အာ့ဆိုသွားကြမယ်လေ

Li''ချယ်မစားရသေးဘူးမလား လီလီစောင့်နေမယ်လေ စားလိုက်

C''ချယ်မစား

Li''စားလိုက်ပါ ကိုယ်အရှေ့မှာစောင့်နေမယ်

လီလီ့လေသံဟာ နူးညံ့ခြင်းအလျဥ်းမရှိသလို မျက်နှာဟာလည်း အနည်းငယ်တင်းမာနေသည်မို့ ချယ်သက်ပြင်းချလိုက်ပြီး ထမင်းစားပွဲမှာ ဝင်ထိုင်လိုက်သည်

လီလီချယ့်ကိုတစ်ချက်ကြည့်လိုက်ပြီး ဖိနပ်စီးကာ အိမ်ရှေ့ထွက်လာခဲ့သည် ချယ်ကလီလီနမ်းတာကို မကြိုက်တာလားလို့ စိတ်ထဲမှာတွေးမိတော့ ရင်ထဲမှာနာကျင်ရသည် လီလီနေရာမှာထိုင်ချလိုက်ပြီး တွေ့သည့်တုတ်ချောင်းတစ်ချောင်းနှင့် မြေကြီးကို အ​ကြောင်းမဲ့ ဟိုဟိုဒီဒီရေးခြစ်နေမိတုန်း

S''ဟိတ်

Li''ဟင် အမဆူဇီပါလား

S''အမထည့်မခေါ်စမ်းပါနဲ့ဟယ် ဒါနဲ့ဒီမှာဘာလုပ်နေတာလဲ အထဲမဝင်ဘူးလား

Li''ဝင်ပြီးပြီ ချယ်မနက်စာစားနေလို့

S'မျက်နှာလဲ မကောင်းပါလား စကားများထားကြတာလား

Li''ဟင့်အင်း ဒီလိုပါပဲ

S''အင်း ဘယ်သွားမလို့လဲဒီနေ့ရော

Li''ခြံထဲသွားမလို့တဲ့ ဆူဇီရောလိုက်ခဲ့ပါလား

ဆူဇီကလီလီ့ဘေးဝင်ထိုင်ပြီး

S''မလိုက်တော့ပါဘူး လိုက်မရှုပ်ချင်ပါဘူးလေ အတွဲတွေကြား

Li''သိတယ်ပေါ့ လီလီနဲ့ချယ်တို့ ချစ်သူတွေဆိုတာ

ဆူဇီကမျက်မှန်ကိုချွတ်ကာသုတ်ပြီး ပြန်တပ်၍

S''အင်း သိတာပေါ့ ချယ်ကအကုန်ပြောပြတယ်လေ

Li''အော် လိုက်ခဲ့ပါ

S''ဒီပုံစံနဲ့လား

ဆူဇီက သူ့ကိုယ်သူလက်ညှိုးထိုးပြကာဆိုသည် တီရှပ်အကျီကခါးအတော်ရှည်သည်မို့ ပေါင်လယ်လောက်ရောက်ရှိနေသည်
အောက်တွင်တော့ ဘောင်းဘီရှည်ပွပွကို ဝတ်ဆင်ထားသည့်အတွက် လီလီရယ်လိုက်ပြီး

Li''မေးအုံးမယ် ဘာလို့ဒီလိုတွေဝတ်တာလဲ

S''ကြိုက်လို့

အင်း သိပ်ကိုမှန်ကန်သည့်အဖြေပါပဲ

S''ကြိုက်လို့လေ လွတ်လပ်တယ်လို့ခံစားရလို့ ကြည့်ရဆိုးတယ်မလား

Li''အင်း ဘောင်းဘီမဝတ်ပဲတောင်ရတယ် အကျီက😂

S''ငနာလေး ဘာဖြစ်လဲ ဘာဝတ်ဝတ်ရုပ်လေးကလှနေတော့ ကြည့်ကောင်းပါတယ်

ဟုတ်တော့လည်းဟုတ်သည် သူ့ဟာနဲ့သူတော့ ကြည့်ကောင်းတာပါပဲ

Li''အင်းပေါ့ ရုပ်လေးချောနေလို့ တော်သေးတယ်

S''လက်ခံတယ်မလား ငါချောတာ

Li''ဟားဟား လက်ခံတယ် ဟုတ်ပြီလား

ချယ်စားပြီးအပြင်ထွက်လာတော့ မြင်ရသည့်မြင်ကွင်းက ကြည့်ရဆိုးသည် လျှောက်လမ်းပေါ်မှာ အတူထိုင်ပြီးဘာတွေပြောနေကြသည်မသိ လီလီကရယ်နေသည် ဒီတိုင်းရယ်ခြင်းမျိုးမဟုတ်ပဲ သဘောတကျရယ်နေသည့်ပုံက ချယ့်ကိုဒေါသထွက်စေသည်

C''ဘာတွေရယ်နေကြတာလဲ

S''ဒီလိုပါပဲ ဟာသလေးတွေပြောနေကြတာ

C''နင့်ကိုမေးတာမဟုတ်ပါဘူး သူ့ကိုမေးနေတာ

S''အဲ

ပုံမှန်တော့မဟုတ် ဒီအခြေအနေအတိုင်းဆို ဆက်နေဖို့မသင့်မှန်း K Dramaတွေကြည့်နေကျ ဆူဇီသိလိုက်ပြီမို့

S''ဟိုလေ ငါပြန်ပြီနော်

ပြောပြီး နေရာကနေလစ်ထွက်လာခဲ့လိုက်တော့သည် နောက်မှာကျန်ခဲ့သည့် ဟိုနှစ်ယောက်ဘာဆက်ဖြစ်လဲဆိုတာတော့ နောက်အခြေအနေကောင်းမှ စုံစမ်းတော့မည်

C''မောင် မမေးနေတယ်လေ

Li''အင်း ဘာမေးတာ

လီလီကထိုင်ရာမှထပြီး ဝတ်ထားသည့်ဝတ်စုံကို ပုံစံကျအောင်ပြင်သည် မျက်နှာထားကဟိုသူငယ်ချင်းမနဲ့ ရှိနေတုန်းကလိုမဟုတ်သည်မို့ ချယ်သက်ပြင်းချလိုက်ပြီး

C''တော်ပြီ လာခြံထဲသွားကြမယ်

ချယ်လီလီ့လက်ကိုလှမ်းဆွဲလိုက်ပေမယ့် လီလီကနေရာကထွက်သွားသည်မို့ ချယ့်လက်ကလေဟာနယ်ကိုသာ ဖမ်းဆုပ်လိုက်မိသည်
ချယ်လည်း ကားဆီလျှောက်သွားနေသော လီလီ့နောက်သို့သာ လိုက်သွားလိုက်ရတော့သည်

C''မောင်

Li''အင်း

C''ဘာလို့စကားမပြောတာလဲ

Li''ကားမောင်းနေလို့လေ

C''အော် စကားမပြောချင်ဘူးပေါ့လေ မကစလိုက်တာကိုကွာ

Li''

C''မောင်လို့

Li''အင်း

C''အေးနော် မပြောချင်လဲနေ

ချယ်ပြောလိုက်သည်ကို အရေးပင်မလုပ်သည့် လီလီ့ကြောင့် စိတ်တိုသွားရတော့သည် စလိုက်မိတာလေးကို စိတ်ကောက်တာလည်းလွန်ရော ချယ့်ထက်တောင်ကောက်နေသေး
ချယ်လည်း ဘာမှမပြောတော့ လီလီကလည်းဘာမှမပြော မနေ့ကမှချစ်သူဖြစ်ထားကြသည့် နှစ်ယောက်ကဘာစကားမှမပြောတာကြောင့် ကားလေးထဲမှာတိတ်ဆိတ်ခြင်းတွေကသာ ကြီးစိုးနေတော့သည်လေ..

ခြံထဲရောက်ချိန်တွင်တော​​့ မရောက်တာကြာပြီ ဘာဖြစ်လို့လဲဆိုသည့်မေးခွန်းများနှင့် ချယ့်ကိုကြိုဆိုနေတော့သည် ချယ်လည်းခြံထဲရှိလူတွေနှင့်စကားတွေပြောရင်း လီလီ့ကို သတိမထားမိ ချယ်သတိရလို့ကြည့်လိုက်တော့ လီလီကအနားမှာရှိမနေတော့

လီလီခြံထဲကသူတွေနှင့် စကားတွေများနေသည့်ချယ့်အနားကနေထွက်လာပြီး လျှောက်ပတ်ကြည့်နေတုန်းမှာပဲ လီလီ့ကိုလှပသော နေကြာခင်းကြီးက ဆွဲဆောင်နေတာကြောင့်
နေကြာခင်းရှိရာသို့ သွားပြီးဖုန်းကိုထုတ်ကာ ဓာတ်ပုံများရိုက်နေလိုက်သည်

ချယ်မလှမ်းမကမ်းမှာ ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေသော လီလီ့ဆီလာခဲ့ပေမယ့် လီလီကချယ့်ကိုကျောပေးထားကာ ချယ်ရောက်လာမှန်းသတိထားမိပုံတောင်မပေါ် ချယ်လီလီ့ဆီတိတ်တဆိတ်သွားလိုက်ကာ လီလီ့နောက်မှခါးလေးကို သိုင်းဖက်လိုက်ပြီး
ချယ့်ပါးပြင်ကို လီလီ့ကျောပြင်လေးနှင့် ထိကပ်လိုက်ကာ

C''စိတ်ဆိုးမပြေသေးဘူးလားဟင်

Li''ချယ်က လီလီနမ်းတာကို မကြိုက်လို့မလား

C''မကြိုက်တာမဟုတ်ပါဘူး စရုံပါ

Li''မသိဘူးကွာ

C''မကြိုက်စရာလား မောင့်နှုတ်ခမ်းတွေက..

ချယ်ကဘာမှဆက်မပြောတော့သည်မို့ လီလီ့ခါးကိုဖက်တွယ်ထားသည့် ချယ့်လက်တွေကို အသာဖြုတ်လိုက်ပြီး ချယ်နှင့်မျက်နှာချင်းဆိုင်လိုက်ကာ

Li''အင်း ဆက်ပြောလေ

C''ဟိုလေ ဓာတ်ပုံရိုက်ပေးမယ်လေ

လီလီ့လက်ထဲကဖုန်းကိုယူပြီး အာရုံလွှဲလိုက်ပေမယ့် ချယ့်အကြံအစည်မအောင်မြင်ခဲ့ လီလီကရှေ့ကိုတိုးလာခဲ့ပြီး ပြုံးစစဖြင့်

Li''ဘာဖြစ်လဲ မောင့်နှုတ်ခမ်းတွေက

C''ဘာမှမဖြစ်ဘူး မောင်နော် ရှေ့မတိုးလာနဲ့တော့

ချယ့်ကျောပြင်က နေကြာပင်တွေနှင့်ထိကပ်နေခဲ့ပြီမို့ နောက်ကိုထပ်ဆုတ်ဖို့ မဖြစ်နိုင်တော့ လီလီကမျက်နှာကို ရှေ့တိုးလာသည့်အခါ ချယ့်ရင်ခုန်သံတွေဟာလည်း မူမမှန်တော့

Li''ပြောလေ

C''ချိုတယ်လို့

Li''ဘာကချိုတာလဲ ရှင်းရှင်းပြောလေ

C''မောင့်နှုတ်ခမ်းတွေက ချိုတယ်လို့ ရပြီလား

Li'မရပါဘူး အခန်းထဲမှာမောင်နမ်းတာကို ရှောင်ခဲ့လို့ အပစ်ပေးရမယ်

လီလီ့စကားအဆုံးမှာတော့ ချယ့်နှုတ်ခမ်းလေးဆီ လီလီ့ရဲ့နှုတ်ခမ်းထူထူလေးက ထိကပ်လာခဲ့ပြီး အနမ်းတစ်ခုဖြစ်ထွန်းလာခဲ့သည် ချယ့်လက်တွေက လီလီ့ပခုံးကို သိုင်းဖက်လိုက်သည့်အခါ လီလီ့လက်တွေက ချယ့်ခါးလေးကို ဖက်တွယ်လာပြီး အနမ်းများက ရှည်ကြာလာခဲ့ပြီ

သာယာသောကောင်းကင်ပြာကြီးရဲ့အောက်
လှပသောနေကြာပန်းခင်းကြီးရဲ့အလယ်မှာ
အနမ်းတွေကိုစိတ်ကြိုက်ပေးနေကြသည့် လှပသောမိန်းကလေးနှစ်ယောက်...

အတတ်နိုင်ဆုံးတော့ sweetပေးနေပါတယ် နောက်အပိုင်းလေးတွေရောပေါ့ ဒါနဲ့စိတ်မကောင်းစရာတစ်ခုက ဒါလေးကဇာတ်သိမ်းတော့မှာပါနော်😍😍😍😍






























Zawgyi



C''ဟယ်..လို



Li''ဟယ်လို မမောင်ပါ


Li''ဟယ်လို မလို့

C''ဟင် အင်း လီလီပြောလေ


C''ဟာ လီလီနော်



Li''မလို့

C''ဟင် ပြောလေ


C''အင်း ပြောလေမောင်


C''ဟမ် ခုလား

Li'ဟုတ်တယ်လေ ဘာလို့



C''ဟုတ်


C''ဟုတ် မလဲထပြီ




C'm''သူလာတာဘာဖြစ်လဲ

C''ဘာမှမဖြစ်ဘူး မေမေရေ








C''လာလေ သွားရအောင်






Li''မနေ့ကမှပေါ့

C''အင်း မနေ့ကမှ

Li''ဒါတွေအကုန်လုံးကလေ











C''ဘာလို့လဲ



C''မောင်နော်



Li''အင်း

C''မယုံဘူးပေါ့လေ မနေ့ကဆူဇီလုပ်သွားလို့


C''ယုံရငျလာ သွားမယ်







Li''ဒီကိုရော

C''မရဘူး
















C''အာ့ဆိုသွားကြမယ်လေ


C''ချယ်မစား




S''ဟိတ်

Li''ဟင် အမဆူဇီပါလား




Li''ဟင့်အင်း ဒီလိုပါပဲ








Li''အော် လိုက်ခဲ့ပါ

S''ဒီပုံစံနဲ့လား



S''ကြိုက်လို့










C''ဘာတွေရယ်နေကြတာလဲ



S''အဲ


S''ဟိုလေ ငါပြန်ပြီနော်


C''မောင် မမေးနေတယ်လေ

Li''အင်း ဘာမေးတာ




C''မောင်

Li''အင်း


Li''ကားမောင်းနေလို့လေ


Li''

C''မောင်လို့

Li''အင်း









Li''မသိဘူးကွာ



Li''အင်း ဆက်ပြောလေ






Li''ပြောလေ

C''ချိုတယ်လို့






















Continue Reading

You'll Also Like

118K 4.2K 39
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
664K 24.2K 99
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
851K 19.4K 48
In wich a one night stand turns out to be a lot more than that.
512K 14.6K 107
"aren't we just terrified?" 9-1-1 and criminal minds crossover 9-1-1 season 2- criminal minds season 4- evan buckley x fem!oc