Unicode
ကားပေါ်ရောက်သည်အထိ ဘဲကြီးနဲ့စကားမပြောသေးဘူး ဒီဘဲကြီးဘာအထာလဲ Hoseokနားတဖြည်းကပ်လာပြီး Hoseokမျက်နှာနား ဘဲကြီးမျက်နာနီးလာမှ ဘဲကြီးရင်ဘတ်ကို လက်နဲ့ဖွဖွတွန်းပြီး
"ဘာ ဘာ ဘာလုပ်မလို့လဲ"
"ဘာလုပ်မလို့ လို့ထင်လဲ"
"ဘဲကြီး ခများနော် စေ့စပ်ထားတဲ့သူရှိပြီးသားကို ကျုပ်ကိုဘာဖြစ်စေချင်နေတာလဲ"
"ပါးဖောင်းလေးက ဒါကိုစိတ်ကောက်နေတာလား"
"ဘယ်သူကကောက်လို့လဲ ဘာမှကောက်မနေဘူး"
"ပါးဖောင်လေးကဖျက်ဆိုတာနဲ့ ကိုယ်ကအဲ့တာကိုဖြတ်လိုက်မှာ ပြောပါဦးကိုယ့်ကို ချစ်လား"
ဘာမှလဲမဆိုင်ဘူး ပြီးတော့ဘဲကြီးကို ချစ်လားလာမေးနေတယ် ဘဲကြီးကဖြင့် သူ့ကိုတောင်ချစ်တယ်တောင် မပြောဘဲနဲ့ ဒါကြီးကမလွန်ဘူးလား
"ပြော ချစ်လား"
"ဘာလို့ပြောရမှာလဲ ခများကြီးကဖြင့်မပြောဘဲနဲ့"
"ဒါကပြောစရာလို လို့လားကိုယ်အလုပ်နဲ့သက်သေပြမယ်"
"ချီးလိုဘဲကြီး *ီးမှတောင်မချစ်ဘူး သွားအဲ့မိန်းမကိုဘဲသွားယူသွား"
"တကယ်ယူရမှာလား"
"ခများကြီးမိန်းမလိုချင်နေတာမလားယူပေါ့သွား အခုဘဲသွားယူ"
"အင်းယူမှာ မင်္ဂလာဆောင်ကျရင် ဖိတ်လိုက်မယ် အခုထိုင်ခုံခါးပတ်ပတ် အိမ်ပို့ပေးမယ်"
ဒီဘဲကြီးဟာလေ နည်းနည်းပါးပါးမချော့တက်ဘူးလား စိတ်တိုလိုက်တာ
...............................
တစ်ပတ် တကယ်တစ်ပတ်ရှိနေပြီ ဒီဘဲကြီးဟာလေ ဖုန်းလဲမဆက်ဘူး messengeလဲမပို့ဘူး ပေါ်လဲမလာဘူး မုန်းဖို့ကောင်းလိုက်တာ စိတ်ထဲတစ်ခုခုဟာတာတာကြီးဖြစ်နေသလိုဘဲ ကျွန်တော်ခများကြီးကိုသတိရနေတာလား မုန်းတယ်ဘဲကြီး သတိရအောင်လုပ်တာ နေမထိထိုင်မသာဖြစ်အောင်လုပ်တဲ့ ဘဲကြီးကိုမုန်းတယ်
ကျောင်းသာလာနေရတာစိတ်တွေက ပါမနေဘူး
"Hoba ဘာတွေဖြစ်နေတာလဲ"
"အာJoonie ဘာမှမဖြစ်ပါဘူး"
"ဟုတ်လို့လား မင်းကိုကြည့်ရတာ လဒကြီးဆေးမိထားသလိုဘဲ"
"ကောင်းလိုက်တဲ့ဥပမာ ဘယ်သူသင်ပေးလိုက်တာလဲ"
"ဖေ့သားကြီးကလဲ ပင်ကိုဩဘာတေပါဟ"
"ဒီဖေ ဘယ်သွားမလိုလဲ ဝက်ရူးပြန်နေသလို တက်ကြွနေတာ"
"ဟီး ငါ့Hyungနဲ့လိုက်သွားမလို့"
"ဘယ်လဲ"
"CEO Joneဆီ"
"သူကဘာဖြစ်လို့လဲ"
"ဟမ်မင်းမသိဘူးလား ငါကမင်းသိတယ်ထင်နေတာ ဘာလဲမင်းတို့ရန်ဖြစ်ထားတာလား"
"မ မဖြစ်ပါဘူး ပြောစမ်းပါ ဘာဖြစ်တာလဲ"
"CEO Joneဖျားနေလို့ Jin Hyungကသွားစောင့်ရှောက်ပေးနေတာလေ အာ့ဒါ ဒီနေ့Hyungနဲ့ လိုက်သွားမလို့ သွားပြီ bye bye"
"နေဦး"
"ဟမ်ဘာလို့လဲ"
"ငါ ငါလဲလိုက်မယ်"
"အွန်းလိုက်ခဲ့လေ လာမြန်မြန် နောက်ကျနေပြီ"
"သောက်မျိုးမစစ်ရယ်ဖြေဖြေးသွားပါ ထွက်မပြေးပါဘူး"
..............................
ဘဲကြီးအိမ်မသွားခင် Jin Hyungအိမ်အရင်သွားရသေးတယ်
"Hyungသွားတော့မလား"
"အင်းHoseokရောပါလာတာလား"
"အာဟုတ်တယ်Hyung ပျင်းနေတာနဲ့လေ လုပ်စရာမရှိတာနဲ့လိုက်လာတာ"
"ဟင်း ဟင်း ဟုတ်ပါပြီ သွားကြရအောင်"
ဘာလဲ Jin Hyungကဘယ်လိုပြုံးလိုက်တာလဲ တစ်ခုခုကိုသိနေသလိုကြီး ဘာကိုသိနေတာလဲ အားးးးးမသိဘူးကွာ Hyungဘာသာ ဘာသိသိ
..........................
ဘဲကြီးအိမ်ရောက်တော့ အရင်ကလိုပါဘဲ ဘာမှမပြောင်းလဲဘူး အပေါ်ထပ်က ဘဲကြီးအခန်းရှေ့ရောက်တော့ဝင်ရမလို မဝင်ရမလိုဆန့်ငင်ဆန့်ငင်နဲ့ ဝင်ရမှာလက်တွန့်နေသလိုဘဲ မျက်နှာချင်းဆိုင်ရမှာမျက်နှာပူနေသလို
"Jungkook Hyungလာပြီ"
"အော် Hyungလာပြီလား ကျွန်တော်သက်သာနေပါပြီ"
"သက်သာနေရင်လဲ တစ်ပတ်လောက်တော့နားဦးအလုပ်ကြီးဘဲ ဖိလုပ်မနေနဲ့ ကြားလား"
"အင်းပါဟုတ်ပါပြီ"
"ဟီးCEO Jone ကျွန်တော်ရောလိုက်လာတာ"
"အော်Nam Joonရောလိုက်လာတာလား လာလေထိုင်"
Hyungတို့စကားပြောနေတုန်းJoon နဲ့Hoseokအခန်းထဲဝင်လာတယ် ဘဲကြီးတို့Hoseokကိုမမြင်ချင်ယောင်ဆောင်လျစ် လျူရှုထားတာများမြင်မကောင်းဘူး နှစ်ယောက်ဝင်လာတာမြင်ရဲ့သားနဲ့ Joonieကိုဘဲနှုတ်ဆက်တာ ဘာသဘောလဲ အခုလဲသူတို့ဘာသာစကားပြောနေပြီး Hoseokကိုတစ်ယောက်ထဲပြစ်ထားကြတာ မြင်တောင်မကောင်းဘူး
"အာ့တာဆိုHyungသွားတော့မယ်Jungkook မင်းကအလုပ်မလာတော့ငါဘဲလုပ်ရဦးမယ်"
"တာဝတ်ကျေလိုက်ပါဦးHyung"
"မင်းကတော့ ဟူးးး နားဦးအိပ်ယာထဲကနေလဲအလုပ်တွေလုပ်မနေနဲ့ဦးကြားလား"
"ဟုတ်ပါပြီဗျာ စိတ်မပူဘဲသွားပါ"
"အင်း Joonieပြန်လိုက်မှာမလား"
"ဟုတ်"
"Hyungကျွန်တော်ခဏနေခဲ့မယ့်"
"အင်း အာ့တာဆိုHoseok Jungkookကိုနဲနဲဂရုစိုက်ပေးပါဦး Hyungသွားတော့မယ်"
"ဟုတ် ဖြည်းဖြည်းသွားပါHyung"
Hyungတို့ထွက်သွားကတည်းက Hoseokကလဲ ဆိုဖာက မထသလို ဘဲကြီးကလဲ Hoseokကိုမသိချင်ယောင်ဆောင်တုန်းပါဘဲ ဘာလဲဒီဘဲကြီး ဒါသက်သက်မဲ့လုပ်နေတာ
"ဘဲကြီး ခများအဲ့လိုဘဲနေတော့မှာလား ကျုပ်ကခများကြီးနေမကောင်းဘူးဆိုလို့လဲ လာကြည့်ရသေးတယ် အခုခများကြီးက ကျွန်တော့်ကိုမသိချင်ယောင်ဆောင်နေတာပေါ့"
"မင်းကိုဘယ်သူကလာခိုင်းလို့လဲ"
ကြည့်စမ်းကြည့်စမ်း စကားပြောတာကအစ စေတနာနဲ့မတန်တဲ့လူကြီး မသိရင် ငါကဘဲ သူ့အိမ်အတင်းလာသလိုဘဲ
"ဟား ခများဘာပြောလိုက်တာ"
"မနေချင်ရင်ပြန်လို့ရတယ်"
"ဟားးးး ခများ ဟားးးခများကြီး ကောင်းပြီလေ ပြန်တယ် မနေဘူး ပြန်မှာ"
စိတ်တိုလွန်းလိုသေတော့မယ် လှည့်ထွက်ပြီး တံခါးနားရောက်တော့ လက်ကိုင်ကိုကိုင်ထားပြီး
"ကျုပ်တကယ်ပြန်ပြီနော်"
ဘာမှပြန်မပြောတဲ့ဘဲကြီးက ပြန်ဆိုတဲ့သဘော ၁ ၂ ၃ထိရေမယ် ၃ ပြည့်လို့မှ မတားရင် တကယ်ပြန်ပြီ
၁
၂
......ဘဲကြီးကိုကြည့်တော့မလှုပ်မယှက် ခများကြီးတကယ်မတားဘူးပေါ့
၃
လက်ကိုင်ကိုလှည့်ပြီးတခါးဖွင့်ခါနီး Hoseokလက်ကို ဆွဲထားတဲ့ ခပ်နွေးနွေးလက်တစ်စုံ ကျောဘက်ကခပ်နွေးနွေးရင်ခွင်တစ်ခုကိုခံစားရတယ် နားသယ်စပ်နား ခပ်နွေးနွေး အပူငွေ့လေးရိုက်ခတ်လာတယ် စိတ်ထဲပျော်ရွှင်မှု လှိုင်းကလေးဖြတ်ပြေးသွားသလိုဘဲ မျက်နှာပေါ်အပြုံးရိပ်ရေးရေးလေး ပေါ်လာတယ်
"မသွားနဲ့ ကိုယ့်အနားမှာဘဲနေ"
"ခု ခုနကပြောတော့ဘဲကြီးဘဲမနေချင်ရင်ပြန်ဆို"
"ဟင့်အင်း အဲ့တာအမှန်မဟုတ်ဘူး ကိုယ့်အနားမှာဘဲနေ"
လည်ဂုတ်ကိုရောက်လာတဲ့ ခမ်နွေးနွေးနှုတ်ခမ်းတစ်စုံကြောင့် လူတောင်ကြက်သည်းထသွားတယ် ဒီလူကြီးလုပ်ပြန်ပြီ အနောက်ကသိုင်းဖတ်ထားတဲ့လူကြီးကြောင့် Hoseokကိုယ်လေးက Jungkookရင်ခွင်ထဲမြှုပ်တော့မလို
ဖတ်ထားတဲ့လက်ကိုဖွဖွဖြေခိုင်းပြီး ဘဲကြီးနဲ့မျက်နှာချင်းဆိုင်လိုက်မှ မြင်ရတဲ့ဘဲကြီးမျက်နှာက နဲနဲတောင်ချောင်ကျသွားသလိုဘဲ လက်နဲ့နဖူးဆိုစမ်းကြည့်တော့ အပူငွေ့ငွေ့ကရှိနေသေးတယ်
"ဘာလို့ ကိုယ့်ကိုယ်ကိုဂရုမစိုက်တာလဲ"
"ကိုယ်အလုပ်လုပ်နေလို့"
"အဲ့အလုပ်ကအရေးကြီးလို့လား"
"ဘာအတွက်လဲ"
"ပါးဖောင်းလေးအတွက်"
ကျစ်ဒီလူကြီး ကြွေပါတယ်ဆို ပိုကြွေအောင်လုပ်နေတာ
"ဘာလို့လဲ "
"ပါးဖောင်းလေးကို ချစ်လို့ပေါ့ ချစ်တယ်ရှဉ့်ပေါက်လေး"
"ကိုယ့်ကိုချစ်လား"
"ဟို ဟို အွန့်"
အဖျားရှိန်ကြောင့်ပူနွေးနေတဲ့ နှုတ်ခမ်းတွေကအဲ့လောက်ဆွဲဆောင်မှုရှိလား ထိလိုက်ခွာလိုက် နမ်းနေတဲ့ဘဲကြီးနှုတ်ခမ်းတွေက Hoseokနှုတ်ခမ်းလေးကို အပေါ်နှုတ်ခမ်းတစ်လှည့် အောက်နှုတ်ခမ်းတလှည့် စုတ်ယူနမ်းတက်သေးတယ် မထင်ရင်မထင်သလိုကိုက်တက်ပါသေးတယ် ဘဲကြီးကိုညစ်ချင်လို့ နှုတ်ခမ်းတွေကိုတင်းတင်းစိထားလိုက်တယ် ဘဲကြီးကလဲအညစ်မခံပါဘူး အောက်နှုတ်ခမ်းကိုကိုက်ချလိုက်တယ်
"အာ့ လွတ် အွန့် လွတ်ဘဲကြီး"
ရုံန်းရင်းကန်ရင်း လှဲကျသွားတာက ဘဲကြီးအိပ်ယာပေါ် Hoseokကအောက်မှာ Jungkookကအပေါ်ကထပ်လျပ်သားဒီအခြေအနေကြီးတိုင်း ခန္ဓာကိုယ် ကိုမဖယ်ဘဲ နှုတ်ခမ်းလွတ်ပေးတဲ့ဘဲကြီး
"ဘာလို့လဲ ပါးဖောင်းလေးရဲ့"
"ဒီမှာကြည့်ဦး *ီးမို့ကိုက်တာလား ပေါက်သွားပြီ"
"ဟုတ်လားပြကြည့် ကြည့်ကြည့်ရအောင် ဟုတ်သားဘဲ သွေးတောင်ထွက်သွားပြီ လာကိုယ်သွေးတိတ်အောင်လုပ်ပေးမယ်"
ပြောပြီးနောက်တစ်ကြိမ်ထိကပ်သွားတဲ့နှုတ်ခမ်းတွေက ဒီညအဖို့တော့ ခွာကြပါ့မလား မုန်းပါတယ်ဆိုတဲ့ ဘဲကြီးနှုတ်ခမ်းတွေကမှ စုပ်လုံးလို ချိန်မြိန်နေတာမျိုး
Author-Rukishato
#idea-crd
#သာသာအပျင်းကြီးနေလို့နောက်ကျသွားတာ😁😁😁sorryပါနော်🥰
—————————————————
Zawgyi
"ဘာ ဘာ ဘာလုပ်မလို့လဲ"
"ပြော ချစ်လား"
"တကယ်ယူရမှာလား"
...............................
"Hoba ဘာတွေဖြစ်နေတာလဲ"
"ဘယ်လဲ"
"CEO Joneဆီ"
"သူကဘာဖြစ်လို့လဲ"
"နေဦး"
"ဟမ်ဘာလို့လဲ"
"ငါ ငါလဲလိုက်မယ်"
..............................
"Hyungသွားတော့မလား"
..........................
"Jungkook Hyungလာပြီ"
"အင်းပါဟုတ်ပါပြီ"
"ဟုတ်"
၁
၂
၃
"ဘာအတွက်လဲ"
"ပါးဖောင်းလေးအတွက်"
"ဘာလို့လဲ "
"ကိုယ့်ကိုချစ်လား"
"ဟို ဟို အွန့်"
Author-Rukishato
#idea-crd