Chapter- 7
*Propose*
"သွား မလာနဲ့ ရိုက်ထုတ်မှာနော် ခင်ဗျားရဲ့ဟိုဟာကိုတက်သွားအောင်ကန်ပစ်လိုက်မယ် ဘာမှတ်သလဲ။"
Eagleဆိုသည့်ဂိုဏ်းချုပ်ကြီးမှာလက်အောက်ငယ်သားတွေအပေါ်နိုင်သလောက် လင်ပိစိလေးကို(ထွားတော့ထွားပါတယ် သူနဲ့စာရင်တော့သေးတာပေါ့ ကိုယ်လုံးပြောတာ)ကြောက်နေရရှာသည်။ မကြောက်ရင်ညစာငတ်သွားမယ်လေ။ငတိလေးက၁၉နှစ်ကျော်သွားပြီမို့သူကံကောင်းသွားတာ နို့မို့စတီးလက်ကောက်ဝတ်ရမဲ့ကိန်း...
"အသဲလေးကလဲ လိမ္မာပါတယ် ခိုးပြေးပြီးပြီပဲဟာ လက်မှတ်လေးထိုးလိုက်နော် မင်းလည်းလူပျိုပြန်ဖြစ်မှာမဟုတ် အ.."
ချီးစကားပြောနေသော ငှက်စုတ်ကြီးကိုဂေါက်တံနဲ့ပေါင်ကြားကိုရိုက်ပစ်လိုက်သည်။မှတ်ကရော..
လူကိုစားချင်တိုင်းစားပြီး ယူမယ်ဆိုတော့လည်းစာချုပ်မှာလက်မှတ်အတင်းထိုးခိုင်းနေတာ ဘယ်မှာလဲ romantic propose...
ချီးပဲ ဘဲကြီး ယဥတစ်သိန်းပဲရမယ် ငါ့တော့မရဘူးမှတ်...
"ကိုယ်က"
"တိတ်စမ်း ကျုပ်ကိုလွှတ်ပေး ခင်ဗျားကိုမယူဘူး အနားတိုးရဲတိုးကြည့် ဒီမှာဂေါက်တံတွေ့လား မျိုးတုန်းသွားမယ်"
အိ မျိုးတုန်းလို့မဖြစ်သေး။ကလေးတွေအများကြီးယူရဦးမယ်။တော်ကြာ ငါလေးမစွမ်းတော့လို့သင်းကနောက်လင်ယူသွားမှဖြင့်...
"ချထားလိုက်နော် ကိုယ်သွားပြီ။စိတ်ပြေရင်စာချုပ်လေးလက်မှတ်ထိုးလိုက်ဦး။"
ပန်းအိုးနဲ့ပါကောက်ပစ်နေသောငတိအလှလေးကြောင့်Eagleတစ်ယောက်ထွက်ပြေးရပါပြီ။သူ့တပည့်ကတုံးတွေကတော့ပြောင်ပြောင်ကြီးနဲ့ကြိတ်ခွီနေကြလေရဲ့။သူတို့ဆရာခံနေရတာကိုး...
"အဟင့် အဖေရေ ပါးပါးရေ မိဗိုလ်ရေ လာကြည့်ကြပါဦး ဒီမှာသားချောလေးနှိပ်စက်ခံနေရပါတယ် ဘောပဲ ဒီစာချုပ်တွေရှုပ်တယ်"
လက်ထပ်စာချုပ်အပြဲတွေကလည်းအခန်းထဲမှာပွစာကြဲလို့။ဘဲကြီးထွက်သွားတော့စိတ်ပေါက်ပေါက်နဲ့ အဲ့စာချုပ်တွေယူပြီးနှပ်ချေးသုတ်ပစ်လိုက်တယ်။
*မှတ်ထား ငါလေးကိုလာမစမ်းနဲ့။နှပ်ချေးပေသွားမယ် ဟွန်း... ဘာမှတ်...*
သနားစရာအနိုင်ကျင့်ခံနေရသောတောက်တောက်လေးပါ။ကတုံးလူကြမ်းကြီးတွေခမျာ သူစားချင်တယ်ဆိုfood pandaတောင်မမှာဘဲကိုယ်တိုင်အပြေးသွားဝယ်ရတာ။မသိရင်ဂိုဏ်းကdeliveryဂိုဏ်းထောင်ထားသလားထင်ရတယ်။စားလည်းစားနိုင်လွန်းတယ်။
မနက်စာ- ပေါက်ဆီ၊မုန့်ဟင်းခါး၊ ဒင်းဆမ်း၊ စီလုံတီးပါဆယ်၊ငှက်ပျောသီးတစ်ဖီး၊နွားနို့တစ်ပိသာ။
နေ့လည်လောက်ကျပြန်တော့ ပီဇာသုံးချပ်၊ စပါကတီလေးပွဲ ၊ရေခဲသုတ်နှစ်ပွဲ၊ ဒိုမီနိုဆိုတာ ဆိုင်ရှင်ကိုပါအိမ်ခေါ်ပြီးဓါးထောက်ဖျော်ခိုင်းရတဲ့အဖြစ်...
ညနေလောက်ကျတော့ ဪ သင်းလေးအဆီပိတ်ပြီးအိပ်မယ်မှတ်တာ မအိပ်ဘူးဗျာ
ကိုရီးယားကင်ကိုစားဖိုမှူးတွေခြိမ်းခြောက်ပြီးယိုးဒယားအကင်ထောင်းလုပ်စားလိုက်လိုက်၊ကင်ချီထမင်းကြော်ခိုင်းလိုက်နဲ့ သူကဘီယာလေးပါ ပါဆယ်ဆွဲခိုင်းလိုက်သေးတယ်။မလွယ်ကြောယစ်ထုပ်လေး။၁၉နှစ်ပေမို့သာပဲ။စားချက်သောက်ချက်ကဖိုးတွမ်တီနှစ်ခေတ်စာလောက်ရှိတယ်။
သူ့လင်ပဲသည်းခံနိုင်တယ်။ကျုပ်တို့တွေကကြားချောင်ခံနေရတာ။ဆရာသမားချီးထုပ်ကြောင့်...
ဟော..ပြောရင်းဆိုရင်းအသံကြားရပြန်ပြီ။ဘာစားချင်ပြန်ပြီလဲမသိ။
"ဟိုအပြင်ကလူတွေ ကျုပ်ငိုရတာမောသွားပြီ။ဟမ်ဘာဂါ၃လုံးလောက်သွားဝယ်ပေး။Ice-coffeeလေးပါ ပါဆယ်ဆွဲခဲ့ မြန်မြန်လာနော်"
"ချီးပဲရမယ်"
"ဘာ"
"ဟိုက် ယောင်သွားတာ ဆောရီးအစ်ကိုလေး cheese နဲ့လားမေးတာ ဘာဂါက"
"ရှိတာအကုန်ထည့်ခဲ့ မြန်မြန်လာနော် ဗိုက်ဆာလှပြီ"
"ရက်ဆား"
ကတုံးနှစ်ကောင်ဆိုင်ကယ်ကိုယ်စီနဲ့သူတို့သခင်လင်လေးအလိုကျသွားဝယ်ပေးရပြန်ပါကောလား။
သင်းတို့မြန်မြန်ယူမှပါ။ငါတို့လည်းဆိုင်ကယ်စီးရလွန်းလို့ဖင်ပူလှပြီ။
ဘဲစည်းစိမ်ရစ်နေသောအတောက်လေးပါ။သူ့ဘဲကချမ်းသာတယ်လေ...
♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡
"အင်း ခေါင်းကိုက်လိုက်တာ ငါလေး နတ်ပြည်များရောက်နေတာလား သိကြားမင်းတောင်တွေ့လိုက်သလိုပဲ အဟွတ်ဟွတ်"
နိုးနိုးခြင်းပေါက်တတ်ကရတွေပြောနေတော့ငခန့်တို့ချောင်းဆိုးပြီပေါ့။
"အဟမ်း မောင်နိုးပြီလား"
လခွမ်း ဘာ ဘယ်လိုခေါ်လိုက်တယ် ငါလေးကိုရှောက်သီးဆေးပြားရောင်းတဲ့လေသံနဲ့ဒင်းကများ...
"ဘယ်လို"
"မောင် လို့ခေါ်တာလေ မောင် မောင် မောင်"
ချီးပဲ။ ငါ့လက်မောင်းလေးနေတယ်မှတ်တာ။ဒီဘဲကြီးသူငယ်ပြန်နေတာလား။
"ဒီမှာ သူငယ် အဲလေ ခင်ဗျားကြီး"
"မောင်ကလဲ ဘယ်ကသူငယ်လဲ။မောင်ခေါ်ချင်ရင် ကိုကိုလို့ခေါ်လည်းရတယ်။Darlingလို့ခေါ်လည်းစိတ်မဆိုးဘူး အဲ ယောကျာ်းလို့တန်းခေါ်လည်းရှော့မရှိဘူးနော် ပိုတောင်ကြိုက်တယ်"
ဟိုက်...ငါ့လေးခေါင်းကိုက်နေတာတောင်ဘယ်ပျောက်သွားမှန်းမသိဘူး။ဒီတက်တူးဘဲကြီးနဲ့တမှောင့်...
"ဖယ်ဗျာ အိမ်ပြန်ရမယ်။ပါးပါးစိတ်ပူနေလောက်ပြီ"
"မညာနဲ့။ Pa Pa's boyလေး... မင်းအရင်ဆိုclubတွေတက်နေကျဆို မင်းညီမပြောတာ"
သေနာမလေး ငါ့ကိုချွန်တယ်။သူ့လင်ကိုမနေတာ မပြောချင်ဘူး
"အဲ့ဟာမလေးကတော့နာတော့မယ် တောက်..အကုန်ပြောတာပဲ ဘေးသူစိမ်းကို"
"မောင်ကလဲ ညီမလေးကိုအဲ့လိုမပြောပါနဲ့ သူ့ကို ကိုယ်အကူအညီတောင်းထားလို့ပါ။ လာ လာ ပြန်အိပ်ရအောင် ညက ပွဲဖြစ်သွားတော့ နည်းနည်းပြိုင်းသွားတယ်။မောင့်ကို လော့ချပြီးထားခဲ့တာတောင်စိတ်မချရဘူး ကိုယ့်အလှလေးကတော့"
ပြောပြောဆိုဆိုနှင့်သူ့ကိုယ်လုံးကြီးမှအားမနာသိမ်းကျုံးဖက်ပြီး စောင်ပုံထဲပြန်ဝင်လေသည်။ ဟူး...ပြောမရမယ့်အတူတူပြန်အိပ်တာပေါ့။ ချီးပဲ ငါ့ကိုခွရင်လည်းငြိမ်ငြိမ်နေပါဟ..အဲ့ငှက်ပျောသီးဒူးနှစ်ဖက်နဲ့ညှပ်ပြီးလိမ်ချိုးလိုက်ရ...
သူကသာမေတ္တာပို့နေတာ ဟိုကညှီနံ့နံနေတဲ့ Deadpool ဝတ်စုံချွတ်ပြီးဟာလာဟင်းလင်းနဲ့လာဖက်နေလေရဲ့...
စိတ်ကုန်ရတဲ့အထဲမှာသူငယ်ပြန်နေတဲ့ငကြောင်ရဲ့မဟားဒရားကြိုက်ခြင်းကိုခံရတာလည်းပါတယ်။
ဇာမဏီကတော့သူ့လက်မောင်းပေါ်ပြန်အိပ်ပျော်သွားလေရဲ့။...
ခေါ ခလူး...
ရည်းစားသာမဖြစ်သေးတာ ခွအိပ်တဲ့အဆင့်ရောက်နေပါပြီ။ဇာမဏီတို့စွမ်းချက်...
~~~~~~~~~~~~~~~~~~~~~~~~
"ဟဲလို ကိုတောက်လား ဗိုလ်ဗိုလ်ပါ။"
"အေး ချီးပေမ ဖုန်းဆက်သေးတယ်နော် နင့်အစ်ကိုကိုအဲ့လောက်တောင်ပဲစိတ်ချရသလား"
"ချတယ် ဘာလို့ဆို မိဗိုလ်တို့ကအပွေးမြင်ရင်အပင်သိတယ်လေ ကိုတောက်ဘဲကြီးကလိမ္မာမဲ့ပုံ"
"လမ်းသရဲကြီးဟ အငယ်မရ"
"ဟယ် ဖြစ်ရလေ ဟိုကကြားရင်သတ်သေနေဦးမယ် ခုရော ဘယ်လိုလဲ။ ယူပြီးပြီလား ဖေဖေတို့မခွဲအောင်တစ်ခါတည်းမင်္ဂလာဆောင်ထားလိုက်တော့ ကြားလား ဗိုလ်ဗိုလ်ခိုးထွက်လာခဲ့မယ်"
"မဆောင်ဘူး သင်းက သင်းက"
"ဟင် သူကဘာဖြစ်လဲ။ပြောပါဦး အဲ့ဘဲကြီးအချိုးမပြေဘူးလား ဗိုလ်ဗိုလ် လာရိုက်ပေးရမလား"
"အဟင့် သူကငါ့ကိုproposeမလုပ်သေးဘူးဟ"
"ဘာ သင်းက တွေ့မယ် အဲ့ထောင်နေတဲ့အမွေးတွေကိုတစ်ပင်မကျန်အောင်ဆွဲနှုတ်ပစ်မယ် ဗိုလ်ဗိုလ့်ကိုပြော ခုဘယ်မှာလဲ"
"ဟဲ့ အရမ်းတော့မလုပ်နဲ့နော် ငါကတုံးလင်မတော်ချင်ဘူး သူ့တပည့်တွေကအစကတုံးထိပ်ပြောင်တွေမို့ဘဲဥဟင်းတောင်စားချင်တာမဟုတ်ဘူး"
"အမလေး Eagleကတော်တော် တောက်တဲ့ကကဲကဲဖြစ်နေလိုက်တာများ မချစ်ပေလို့သာပဲနော် ကိုတောက်"
"ဟီး နင်ကလဲ ဒါပဲဟာ ဖုန်းချလိုက်တော့မယ် အိမ်လိပ်စာGPSမှာရှာလိုက် ငါအပြင်မထွက်ရလို့"
"ဟုတ်ဟုတ် ကိုတောက် pain killerဝယ်ထားဦးနော် ဟီဟီ"
"သေချင်းဆိုးမ"
ဤတွင်အခန်းဝကခိုးနားထောင်နေသောဘဲကြီးတစ်ယောက်အား တောက်တဲ့တစ်ကောင်မမြင်လိုက်ပါ။ငနဲလေး၏ရင်တွင်းဖြစ်အတွင်းကြေလေးကို ချစ်လင် Eagleကြီးသိသွားသောအခါ proposeလုပ်ရန်ပြင်ဆင်နေရှာပါသည်။ဘဲတစ်အုပ်နဲ့....
"မြန်မြန်လုပ်ကြ ချီးကတုံးတွေ ငါ့အသဲလေးဆင်းလာရင် တွေ့သွားဦးမယ် ဟိုကောင် သွား ကိုလာထဲအိပ်ဆေးခတ်ပြီးသွားပို့လိုက်"
"ရက်ဆား Sir.Eagle သူမတော်တဆနိုးလာရင်ရော"
"ဂျက်ချထားလိုက်ကွာ တကတဲမှ"
"ဟုတ် ဟုတ်"
သူတို့မသိခဲ့တာကပြတင်းပေါက်ကမှန်ချပ်တွေကထိလွယ်ရှလွယ်ကွဲလွယ်တာလေးပါပဲ။
"တွေ့မယ် မသာကြီး ငါ့ကိုအိပ်ဆေးခတ်ပြီး ဘယ်ကောင်မနဲ့သွားပလူးမလို့လဲ။မသောက်ဘူး သေတောင်"
ချီးကတုံးရဲ့ဖုန်းမှာအသံဖမ်းစက်တပ်ထားလိုက်တယ်လေ။ငတောက်ပါ။သူ့သနားလို့ထွက်မပြေးတာ။လူကိုနလဗိန်းတုံးများမှတ်နေလား။
"တော်ပြီ။ငါလေးကိုစိန်လက်စွပ်မပြောနဲ့။ကော်လက်စွပ်တစ်ကွင်းတောင်မသထာတာ ငါလေးအိမ်ပြန်တော့မယ်။ချီးထုပ်ကြီးနဲ့မနေတော့ဘူး"
တစ်ဝက်တစ်ပျက်သာကြားလိုက်ရသောအသံကြောင့်စိတ်တိုနေသောမောင်တောက်ကလင်းယုန်ကြီးကိုထားခဲ့ဖို့ကြံနေပါသတဲ့။
"ဟိုက် အမြင့်ကြီးပဲ။ငါလေးဘယ်လိုဆင်းရပါ့"
အနားမှာသစ်ပင်လည်းမရှိဘူး။အိပ်ရာခင်းစတွေနဲ့ချည်ပြီးဆင်းရမယ်။ဟင်းဟင်း ငတောက်ပါ။ငါကြံရင် ဘာခံနိုင်မတုန်း။
ငတောက်တစ်ယောက် ကုတင်တိုင်မှာအိပ်ရာခင်းစတွေနှင့်စောင်တွေကိုဆက်ပြီးချည်လိုက်သည်။ပြတင်းပေါက်ကနေ အောက်ကိုရောက်ဖို့ဆို စောင်ငါးထည်လောက်လိုမယ်။ချီးဘဲကြီးကအိမ်ကိုအမြင့်ကြီးဆောက်ထားတယ်လေ။
"အား စောင်ကတိုနေသေးတယ် ချီး ကယ်တော်မူကြပါဗျို့"
"ဟာ ဆရာ ဟိုမှာ အစ်ကိုလေး တန်းလန်းကြီးဖြစ်နေပြီ။လုပ်ပါဦး။"
ငတောက်စတန့်အထွင်ကောင်းတာ စောင်ကပါးလေတော့ ပြဲကျတော့မည်။သူ့ဝိတ်ကလည်းမသေးဘူးကိုး။
"Baeရေ အတောက်လေး ဘာလို့မကြီးမငယ်ဆော့နေတာလဲ။ကိုယ့်အိပ်ရာခင်းတွေပြဲကုန်တော့မှာပဲ"
"ဘာ သေချင်းဆိုး မသာ အလေနတော လမ်းသရဲ ချီးပေကောင်... ငါက ဘယ်သူ့ကြောင့်ခုလိုဖြစ်နေတာလဲ ခင်ဗျားကြီးသာကပ်စေးမနည်းဘဲလက်စွပ်နဲ့proposeလုပ်ရင်ငါလေးကလက်မခံမှာမို့လို့လား။ အနည်းဆုံးတော့အုန်းသီးလောက်ရှိတဲ့စိန်ပွင့်နဲ့လက်ထပ်ခွင့်တောင်းသင့်တာပေါ့ ခုလိုမျိုးစက္ကူစုတ်နဲ့ယူခိုင်းရလား မသာအရူးစုတ် အား..."
ဘုတ်
ဟေး...
ဖြောင်းဖြောင်း
သူလေးစိတ်ပြောင်းအောင်တမင်စနောက်ပြီးခြံထဲကလက်ထပ်ပွဲကိုမသိအောင်ပြင်ဆင်နေခါမှသူလေးကမအိပ်ဘဲစပ်စုစိန်လုပ်ကာစောင်နဲ့ဆော့နေလေတော့ Eagleလည်းအသဲလေးအလိုကျ ရေလိုက် ငါးလိုက်လုပ်ပေးရတာပေါ့။ခုတော့ စောင်ပြဲပြီးပြုတ်ကျတဲ့တောက်တဲ့ကEagleလက်ထဲမှာ...
တပည့်ချီးကတုံးတွေကဘုမသိဘမသိလက်ခုပ်တီးလေရဲ့။ချီးပေလေး ခုတော့ဘာတတ်နိုင်သေးလဲ။မြန်မြန်ယူပြီးလင်ခင်ပွန်းလုပ်ရအောင်ဟေ့...
ထိုနေ့ကတပည့်ချုံးကတီးတွေအကူအညီနဲ့မင်္ဂလာပွဲလေးပြင်ဆင်ကာနှင်းဆီပန်းတွေကြားမှာတစ်ခါလက်ထပ်ခွင့်တောင်းခဲ့ပါသည်။သူ၏ခြံကြီးထဲမှာရေကန်ကျယ်ပါလုပ်ထားသေးတော့လှေလေးပေါ်မှာလက်ထပ်ကြတာပေါ့။ဘဲလေးတွေရဲ့ တဂတ်ဂတ်အော်သံတွေနဲ့ရိုဆန်ဆန်ပါပဲ။နှုတ်သီးတွေနဲ့လိုက်ထိုးကြလို့ ဘဲတွေလိုက်ဖမ်းရသေးတယ်။
"ပန်းတွေနဲ့ဝေ ချစ်သူလေးခေါင်းမှာပန်းလေးတွေဝေ"
Flower crownလေးကိုသတို့သားလေးခေါင်းမှာစွပ်ပေးထားတော့ငတောက်ခမျာမနေတတ်မထိုင်တတ်နှင့် ဖြစ်နေရှာသည်။အနီရောင်suitနဲ့အမည်းရောင်နက်ခ်တိုင်မှာညှပ်ထားသောရွှေရောင်နက်ခ်တိုင်ကလစ်လေးအပြင်ရင်ထိုးပန်းကပ်ကလည်းEagleကြီးထိုးပေးထားတာသစ်ခွပန်းဆန်းဆန်းလေး ..
"ပန်းဆိုင်များဖွင့်ထားသလား ခင်ဗျားကြီး"
"အဟဲ ဓါးပြတိုက်လာတာ ပန်းဆိုင်က"
"ဘာ"
"စတာပါကွာ ကိုယ်တို့ကဘောစိတွေပဲဟာ ဖုန်းတစ်ချက်ဆက်ရုံနဲ့Eagleဆိုဖင်တုန်အောင်ကြောက်ကြတယ်လေ ဒီလိုပြင်ဖို့ခဏလေးပဲ မင်းလေးကလောကြီးနေတာကိုး"
"သိမှသိပဲကို"
"ခယ်မလေး လာပြီလား"
လှေလေးလှော်နေရင်းEagleကခယ်မစွာတေးလန်လောရှည်ကိုတွေ့၍လှမ်းနှုတ်ဆက်သည်။ယောက္ခထီးတွေပါခေါ်လာသောအာပေတူးမလေးကသူ့အစ်ကိုကိုစိတ်မချဘူးထင်ပါ့။
"ကဲ တွေ့ပြီလား ဟိုမှာ ပါးပါးသားပျော်မြူးနေတာ"
"ဪ ငါကတော့ပြန်ပေးဆွဲခံရပြီထင်နေတာ သင်းကဖအေမသိအောင် မောင်ဂလာချဥ်နေတယ်"
"မင်္ဂလာဆောင်နေတယ်လုပ်ပါသျှားရာ"
"ငါကချဥ်တယ်ဆိုချဥ်လိုက်"
"အဲ့ဒါမင်းဝဋ်လည်တာ ငသျှား"
"ဟင် တူးတူး ဘယ်ကရောက်လာသတုန်း"
တူးတူးကအနည်းငယ်ဝဖိုင့်လာသောကိုယ်ကိုထိန်းရင်းလင်တော်မောင်နေခန့်နှင့်တွဲကာလျှောက်လာသည်။ဒါဒါကတော့ မိဗိုလ်အနားကပ်နေလေရဲ့။
"သမီးဖုန်းဆက်တာ ငါပြောမလို့ မင်းသားတော်မောင်လင်ယူတော့မယ်ဆိုပြီးသူပဲလိုက်ဖွနေတာ တစ်ကျောင်းလုံးကို"
"ဟေ မိဗိုလ်"
"အဲ ပါးပါးလွန်မယ်နော် ကိုတောက်ရေ ကယ်ပါဦး"
ဗိုလ်ဗိုလ်တို့သားအဖနှစ်ယောက်ရဲ့နောင်ဂျိန်လေးနဲ့ပဲ ငတောက်တို့မင်္ဂလာပွဲလေးကစည်ကားသွားလေရဲ့။သိပ်မကြာခင်ငတောက်သူငယ်ချင်းတွေအပြင်တစ်ကျောင်းလုံးကပါလက်ဖွဲ့မပေးရဆိုလို့တဝတပြဲစားသောက်ဖို့လာကြတယ်လေ။ဂုန်းဆင်းတာပေါ့လေ။တောက်တဲ့လေးလင်ကဘောစိကြီးကိုး။ခန့်သျှားကျော်လေးကတော့လည်ပင်းကဇာမဏီငှက်ကိုက်ရာတွေကိုကော်လံထောင်ဖုံးထားပြီးညီဖြစ်သူအတွက်ကိတ်မုန့်သယ်လာလေရဲ့။ပွဲလေးကစည်စည်ကားကားပါပဲ။
"ရော့ Bae စိန်လက်စွပ် ဆယ်ကွင်း ကြိုက်ရာရွေးလိုက်"
"တစ်နေ့တစ်ကွင်းဝတ်မယ် အကုန်ကြိုက်တယ်"
စိန်မျက်နှာတယ်ကြီးပါလားကွယ်ရို့။ခုတော့လည်းအေးချမ်းသွားပြီပေါ့။
*********************************
Chapter- 7
*Propose*
"ကိုယ်က"
"ချီးပဲရမယ်"
"ဘာ"
"ရက်ဆား"
♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡
"ဘယ်လို"
ခေါ ခလူး...
~~~~~~~~~~~~~~~~~~~~~~~~
"လမ်းသရဲကြီးဟ အငယ်မရ"
"မဆောင်ဘူး သင်းက သင်းက"
"သေချင်းဆိုးမ"
"ဟုတ် ဟုတ်"
"ဟိုက် အမြင့်ကြီးပဲ။ငါလေးဘယ်လိုဆင်းရပါ့"
ဘုတ်
ဟေး...
ဖြောင်းဖြောင်း
"ဘာ"
"သိမှသိပဲကို"
"ခယ်မလေး လာပြီလား"
"ဟေ မိဗိုလ်"
*********************************