ချစ်မိသူ အရှုံး ( Completed)

נכתב על ידי thin_zar_moe_oo

217K 16.5K 675

📣( Season 1 + 2 ) Completed. Boy's Love Story . Own Creation . Thin Zar Moe Oo. עוד

part - 1
part-2
part - 3
part-4
part - 5
part-6
part-7
part-8
part-9
part-10
part-11
part-12
part-13
part-14
part-15
part-16
part-17
part-18
part-18 ( Zawgyi)
part-19
part-20
part-21
part-22
part-23
part - 24
part-25
part-26
part-27 (Final)
(Season 2) part - 1
S2 ( part - 2)
s2 ( part - 3)
s2 ( part - 4)
S2 ( part - 5)
S2 ( part - 6 )
S2 ( part - 7)
s2 ( Final )

S2 ( part - 8 )

4.9K 374 17
נכתב על ידי thin_zar_moe_oo

Unicode

Season - 2

ချစ်မိသူ အရှုံး

အခန်း ( ၈ )

သူတို့သုံးယောက်လုံး မဒီ့ကို အပြေးအလွှား လိုက်ရှာကြသည် ။ အရင်ဆုံးတွေ့သူက ရှိုင်း ။ အိမ်အပေါ်ထပ်၌ သီးသန့်ထုတ်ထားသော ဝရံတာလက်တန်းပေါ်တွင် အပြင်ဘက်သို့ မျက်နှာမူ၍ ထိုင်နေသည် ။ ရှိုင်း၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည် ။

"ယံယံ "

ကျောခိုင်းနေရာမှ ခေါင်းကို စောင်း၍ ကြည့်လာသည် ။ ထို့နောက် ခြောက်ကပ်ကပ် ရယ်သည် ။

"ဘာလို့ ဆက်ဟန်ဆောင်နေသေးတာလဲ ရှိုင်း ။ ငါ မိုးသောက်ယံ မဟုတ်တာ သိရဲ့သားနဲ့ "

အက်ရှရှလေသံဖြင့် မဒီက ပြောလာသည် ။

"အဲ့ဒီပေါ်က ဆင်းခဲ့ပါ မဒီ "

ရှိုင်းက ပြောရင်း အရှေ့ကို တစ်လှမ်း တိုးသည် ။

"ရှေ့မတိုးနဲ့ ရှိုင်း ။ ခြေတစ်လှမ်း ဆက်တိုးရင် ဒီပေါ်ကနေ ငါ ခုန်ချလိုက်မယ် ။ အဲ့ဒီအခါ မိုးသောက်ယံရဲ့ ဝိညာဉ်လည်း သူ့ခန္ဓာကိုယ်ထဲ ပြန်ဝင်နိုင်တော့မှာ မဟုတ်ဘူး ဟား.... ဟား ။ တွေးရုံနဲ့ ပျော်စရာကောင်းနေပြီ.... ဟား....ဟား "

မဒီက ခြောက်ကပ်ကပ် ရယ်နေသည် ။ ထိုစဉ် မိုးသောက်ယံ၏ ဝိညာဉ် နှင့် ခန့်မင်းနောင်တို့ ရှိုင်း၏ အနားကို ရောက်လာကြသည် ။

မဒီက မိုးသောက်ယံတို့ကို မြင်သော် မျက်နှာက တည်တင်းသွားပြီး အကြည့်တွေက စူးရဲသွား၏ ။

" နင့်ကိုယ်နင် သိပ်လည်လှပြီလို့ ထင်နေလား မိုးသောက်ယံ ။ နင်တို့ အကြံအစည်မှန်သမျှ ငါသိတယ် ဟွန့်...."

မဒီက မဲ့ပြုံးပြုံး၍ ဆိုသည် ။ ဟိုရက်က မိုးသောက်ယံ နှင့် ခန့်မင်းနောင်တို့ စကားပြောနေတာ သူ တွေ့ခဲ့သည် ။ ခန့်မင်းနောင်က မိုးသောက်ယံ၏ ဝိညာဉ်ကို မြင်နိုင်၍ သူ အံ့သြခဲ့ရသော်လည်း မသိယောင်ဆောင်ခဲ့သည် ။ ရှိုင်းက ခန့်မင်းနောင် နှင့် တွေ့ဖို့ အချိန်အတော်ကြာ ပျောက်သွားပြန်တော့ အားလုံးသိလောက်ပြီဟု သူ ဆက်စပ်တွေးကြည့်ခဲ့ပြီးသား ။ သူ သတိကြီးစွာ ထားခဲ့သည် ။ ထို့ကြောင့်ပဲ ရှိုင်းတို့ ဆင်ခဲ့သည့် ထောင်ချောက်ထဲသို့ မသက်ဆင်းခဲ့ခြင်းဖြစ်သည် ။

"အမုန်းတွေ ၊ ရန်ငြိုးတွေကို စွန့်လွှတ်လိုက်ပါတော့ မဒီ ။ ဒီလိုမှ မဟုတ်ရင် မင်းက ဝိညာဉ်ဆိုးအဖြစ်နဲ့ ဘဝအဆက်ဆက် ရှင်သန်ရလိမ့်မယ် ။ ဘယ်တော့မှ ဘဝကူးနိုင်မှာ မဟုတ်ဘူး "

ခန့်မင်းနောင်က မဒီ့ကို နားချသည် ။ သို့သော် မဒီက နားထောင်မည့် အရိပ်အယောင်မရှိ ။ မျက်ဝန်းတွေက စူးရဲ၍ ဒေါသရောင်လက်နေသည် ။

"ငါ့ဆန္ဒ မပြည့်မချင်း ထွက်သွားမှာ မဟုတ်ဘူး "

မဒီက အေးစက်စက်လေသံဖြင့် ဆိုသည် ။

"မင်းရဲ့ ဆန္ဒက ဘာလဲ မဒီ "

ရှိုင်းက အလောတကြီး မေးမိသည် ။ အချိန်ပိုကြာသွားလျှင် အစီအစဉ်က ပျက်သွားနိုင်သည် ။ ထိုအခါ မိုးသောက်ယံ အသက်အန္တရယ် ရှိနိုင်၏ ။ သူ့ရင်ထဲ မီးမြှိုက်ခံရသလို ပူလောင်နေ၏ ။

"ငါ့ ဆန္ဒက မိုးသောက်ယံ သေသွားဖို့ပဲ "

မဒီက ပြောပြီး ခြောက်ကပ်ကပ် ရယ်သည် ။ ထို့နောက် ဘောင်အစွန်းမှာ ထိုင်နေရာမှ ရှေ့သို့ ကိုယ်ကို ရွှေ့သည် ။ နည်းနည်းလောက်ဆို အောက်သို့ ပြုတ်ကျသွားနိုင်၏ ။

"မလုပ်ပါနဲ့ မဒီ ။ ငါ တောင်းပန်ပါတယ် "

ရှိုင်းက ထိတ်လန့်တကြား တောင်းပန်ရင်း ဒူးထောက်လိုက်သည် ။ မဒီက မျက်မှောင်ကြုတ်၍ အံကြိတ်သည် ။ မိုးသောက်ယံ၏ ဝိညာဉ်ကတော့ ရှိုင်းကို ကြည့်၍ ရှိုက်ငိုနေသည် ။

ခန့်မင်းနောင်ကတော့ စိတ်ညစ်ညူးစွာနှင့် သက်ပြင်းရှိုက်သည် ။

"ဘာလို့လဲ ရှိုင်း ။ ဘာလို့ သူ့ကို ဒီလောက်ထိ ချစ်နေရတာလဲ ။ အဲ့ဒီ မိုးသောက်ယံက ငါ့ထက် ဘာတွေသာနေလို့လဲ ဟမ် "

မဒီက ဒေါသတကြီး မေးသည် ။

"ဒါတွေ အားလုံး ကိုယ် မှားခဲ့တာပါ မဒီ ။ ကိုယ့်ခံစားချက်ကို ကိုယ် မသိခဲ့မိတာ ။ အဲ့ဒါကြောင့် မဒီ့ကို နာကျင်စေခဲ့မိတာ ။ ကိုယ့် အမှားပါကွာ ။ မဒီ မကျေနပ်ရင် ကိုယ့် အသက်ကိုသာ ယူလိုက်ပါ "

ရှိုင်း၏ စကားဆုံးတော့ မဒီက ဒေါသတကြီး တက်ခေါက်သည် ။

"အဲ့ဒီလို သိပ်ချစ်ပြနေတာ မြင်တော့ ငါ ပိုဒေါသထွက်ရတာပေါ့ ။ နင်တို့နှစ်ယောက် လုံးဝ မပေါင်းဖက်စေရဘူး "

မဒီက မဲ့ပြုံးပြုံး၍ ဘောင်ပေါ်မှ အရှေ့သို့ တိုး၍ ခုန်ဆင်းလိုက်သည် ။ ရှိုင်း၏ မျက်လုံးတွေ ပြာသွားပြီး အပြေးသွားဖမ်းသည် ။ လက်ဖျားလေးကို ဖမ်းမိသည် ။ လက်ဖဝါးတစ်ခုလုံးကို အမိကိုင်၍ တင်းကျပ်စွာ ဆုပ်ကိုင်ထား၏ ။ မိုးသောက်ယံ၏ ခန္ဓာကိုယ် ထိခိုက်သွားလျှင် ဝိညာဉ်က ပြန်ဝင်နိုင်မည် မဟုတ်ပေ ။ ထို့ကြောင့် သူ လက်မလွှတ်နိုင်ပေ ။

မဒီက အတင်းရုန်းသည် ။ ရှိုင်း၏ လက်မောင်းတစ်ဖက် အောင့်တက်လာသော်လည်း အံကြိတ်၍ တောင့်ခံထားသည် ။ ထိုစဉ် အနားသို့ ကိုခန့်မင်းနောင် ရောက်လာပြီး မဒီ့လည်ပင်းပေါ်သို့ ဘုရားရုပ်ထုနှင့် အနက်ရောင်ကြိုးလေး စွပ်ပေးလိုက်သည် ။

"အား! "

ကြောက်မက်ဖွယ် အော်သံနက်ကြီးက ထွက်ပေါ်လာပြီး မိုးသောက်ယံ၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင်အရိပ်ကြီးက ထွက်သွားလေ၏ ။ ထိုစဉ် မိုးသောက်ယံ၏ ခန္ဓာကိုယ်က ပျော့ခွေသွား၍ သတိမရှိတော့ပေ ။ ရှိုင်း နှင့် ခန့်မင်းနောင်တို့ အပေါ်သို့ ဆွဲတင်လိုက်သည် ။

"ကျေးဇူးပါ ကိုခန့်မင်းနောင် "

ရှိုင်း ကျေးဇူးတင်စကားဆိုရင်း မိုးသောက်ယံကို တင်းကျပ်စွာ ပွေ့ဖက်ထားသည် ။

"ရပါတယ်ဗျာ ။ ရှိုင်း ခုလို အချိန်ဆွဲထားလို့ ကျွန်တော် အစီအရင် လုပ်ဖို့ အချိန်ရသွားတာ "

ရှိုင်းနှင့် မဒီတို့ စကားပြောနေစဉ် ခန့်မင်းနောင် သည် သူယူလာခဲ့သော အနက်ရောင် ပရိတ်ကြိုးကို ကိုင်ရင်း အစီအရင်တွေကို ရွတ်ဆိုနေခဲ့တာဖြစ်သည် ။

"ဒါဆို မဒီ့ ဝိညာဉ်က ပျက်စီးသွားပြီးလား "

"မဒီက ကြိုသိနေတဲ့အတွက် ကျွန်တော်တို့ အစီအစဉ် ပျက်သွားပြီ ရှိုင်း ။ ဒါပေမဲ့ သူ့ ဝိညာဉ်ကတော့ မိုးသောက်ယံ ရဲ့ ကိုယ်ထဲ ပြန်မဝင်နိုင်တော့ပါဘူး ။ ခုအရေးကြီးတာက အချိန်မလွန်ခင် မိုးသောက်ယံ ရဲ့ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲ ပြန်ဝင်အောင် လုပ်ဖို့ပဲ "

ရှိုင်း ခေါင်းညိတ်၍ မိုးသောက်ယံ၏ ကိုယ်ကို ပွေ့၍ စီစဉ်ထားသော အခန်းထဲသို့ ခေါ်သွားသည် ။ မိုးသောက်ယံ၏ ဝိညာဉ်ကလည်း ရှိုင်း၏ ဘေးမှ လိုက်လာခဲ့သည် ။
အခန်း၏ အလယ်မှာ မိုးသောက်ယံ၏ ကိုယ်လေးကို ချပေးပြီး သူ အနောက်ဆုတ်ထိုင်လိုက်၏ ။

ခန့်မင်းနောင်က မိုးသောက်ယံ၏ ဘေးမှာ ထိုင်ကာ မျက်လုံးမှိတ်၍ အာရုံပြုသည် ။ ထို့နောက် ဝိညာဉ်ပြန်ဝင်နိုင်ရန် အစီအရင်တို့ကို ရွတ်ဆိုသည် ။

ခဏအကြာ မိုးသောက်ယံ၏ ဝိညာဉ်က အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ သူ့ ခန္ဓာကိုယ်ထဲ ဝင်သွားသည် ။ ယခုမှ ခန့်မင်းနောင် စိတ်သက်သာစွာ ပြုံးမိသည် ။

" အောင်မြင်သွားပြီ "

ခန့်မင်းနောင် ၏ စကားအဆုံး မိုးသောက်ယံ၏ မျက်ဝန်းတို့ ပွင့်လာသည် ။ ရှိုင်းသည် လှိုက်ခနဲ ဝမ်းသာသွားပြီး မိုးသောက်ယံ၏ ဘေးသို့ အလျင်အမြန် ရောက်သွားကာ ပွေ့ထူလိုက်သည် ။

"ရှိုင်း "

ခပ်တိုးတိုး ရေရွတ်ပြီး ရှိုက်ငိုနေသော ကောင်လေးကို ရှိုင်း တင်းကျပ်စွာ ဖက်ထားမိသည် ။ ယံယံ့ကို သူ အရမ်းချစ်သည် ။ ဘယ်လိုမှ အဆုံးရှုံးမခံနိုင် ။

တစ်ယောက်နှင့် တစ်ယောက် ဖက်ထားမိသည်မှာ အချိန်အတော်ကြာသည်အထိ ။

"အဟမ်း..ဟမ်း "

ကိုခန့်မင်းနောင်၏ ချောင်းဟန့်သံကြားမှ သူတို့နှစ်ယောက်အပြင် တခြားသူရှိသေးမှန်း သတိဝင်သွားသည် ။ ထိုအခါမှ ခန္ဓာကိုယ်ချင်း ခွာလိုက်သည် ။

"ခု အဆင်ပြေပြီဆိုတော့ ကျွန်တော် ပြန်လိုက်ပါဦးမယ် "

" ဒီမှာပဲ ညအိပ်သွားပါလား ကိုခန့်မင်းနောင် ။ အချိန်လည်း နောက်ကျနေပြီလေ "

ရှိုင်းက ပြောတော့ ခန့်မင်းနောင်က ခေါင်းခါသည် ။

"မအိပ်တော့ပါဘူးဗျာ ။ နောက်နေ့မှပဲ ကျွန်တော်တို့ ထပ်တွေ့ကြတာပေါ့ "

"ကျေးဇူးတင်ပါတယ် ကိုခန့် "

မိုးသောက်ယံက လှိုက်လှဲစွာ ဆိုသည် ။

"ရပါတယ်ဗျာ "

ခန့်မင်းနောင်က ပြုံး၍ ဆိုသည် ။ ထို့နောက် သူတို့ကို နှုတ်ဆက်ကာ အိမ်ထဲမှ ထွက်သွားတော့သည် ။

ရှိုင်း အိမ်တံခါးကို ပိတ်ပြီးနောက်သို့ အလှည့် သူ့ကို စိုက်ကြည့်နေသော မိုးသောက်ယံကို တွေ့လိုက်ရသည် ။

"ယံယံ "

သူ အံ့သြပြီး နာမည်ခေါ်မိသည် ။ အနောက်မှာ ရပ်ပြီး သူ့ကို ဘာလို့ ယံယံက စိုက်ကြည့်နေရတာလဲ ။ ထိုစဉ် မိုးသောက်ယံက ပြေးလာ၍ သူ့ကိုယ်ပေါ်သို့ ခုန်တက်သည် ။ ရှိုင်း ပြုံး၍ အလိုက်သင့်ပင် ချီလိုက်သည် ။ မိုးသောက်ယံ၏ ခြေနှစ်ဖက်က သူ့ခါးမှာ ခွထားပြီး လက်နှစ်ဖက်က သူ့လည်ပင်းကို သိုင်းဖက်ထားသည် ။ ထို့နောက်...

"ချစ်တယ် ရှိုင်း ။ ငါ မင်းကို အရမ်းလွမ်းနေခဲ့တာ "

မိုးသောက်ယံက တုန်ရီလှိုက်မောဖွယ်လေသံဖြင့် ဆိုရင်း သူ့ နှုတ်ခမ်းတို့ဖြင့် ဖိကပ်လိုက်သည် ။ မဒီက သူ့ခန္ဓာကိုယ်ထဲဝင်ပြီး ရှိုင်းနှင့် သူ့မျက်စိရှေ့မှာပင် ထိတွေ့နမ်းရှိုက်နေခဲ့စဉ်က သေလောက်အောင် နာကျင်ခဲ့ရသည် ။ ယခုအချိန်မှစ၍ ရှိုင်းကို ဘယ်တော့မှ လက်လွှတ်မည်မဟုတ် ။ ရှိုင်းက သူ့ အပိုင်ပင် ။

ရှိုင်း ကျေနပ်စွာပြုံးရင်း သူ လွမ်းနေခဲ့သော နှုတ်ခမ်းပါးလေးတွေကို အမိအရ ဖမ်းယူလိုက်သည် ။ ထို့နောက် မိုးသောက်ယံကို ချီပွေ့ထားရင်းနှင့် အိမ်အပေါ်ထပ်က အခန်းဆီသို့ တက်လာခဲ့သည် ။ အနမ်းတွေကတော့ အရှိန်မသတ် ။

အခန်းတံခါးကို ရှိုင်း လက်တစ်ဖက်ဖြင့် တွန်းဖွင့်၍ ဝင်ခဲ့ပြီး မွေ့ယာထက်မှာ မိုးသောက်ယံ၏ ကိုယ်လေးကို ညင်သာစွာ ချလိုက်သည် ။

ရှိုင်းကို ငေးစိုက်ကြည့်လာသော မိုးသောက်ယံ၏ မျက်ဝန်းလေးတွေက ရီဝေစွာ ။ နှုတ်ခမ်းပါးလေးက အနမ်းတွေကြောင့် ရဲရဲနီ၍ ဖူးကြွနေသည် ။ ကိုယ်လေးက အနည်းငယ် တုန်ယင်၍ ရှိုင်း၏ မျက်ဝန်းထဲမှာ ဆွဲဆောင်မှုအားပြင်းလှသည် ။ ရှိုင်း ငေးစိုက်ကြည့်နေရင်းမှ ဆက်လက် ထိန်းချုပ်မထားနိုင်တော့ ။

မိုးသောက်ယံ၏ ကိုယ်လေးပေါ်သို့ အုပ်မိုးလိုက်ပြီး နှုတ်ခမ်းပါးလေးကို အငမ်းမရ နမ်းရှိုက်မိသည် ။ ချစ်ရသူလေးကလည်း သူ့ကို သိုင်းဖက်လာပြီး အနမ်းတွေကို တုံ့ပြန်လာသည် ။ သူတို့ မက်မက်မောမော နမ်းရှိုက်နေရာမှ ဆန္ဒတစ်စုံက ဖြစ်တည်လာသည် ။

ရှိုင်းသည် အနမ်းတွေကို အရှိန်သတ်ရင်း မိုးသောက်ယံကို နူးညံ့စွာ စိုက်ကြည့်သည် ။

"ကိုယ် ရှေ့ဆက်လို့ရလား "

ရှိုင်း၏ စကားအဆုံး မိုးသောက်ယံ၏ မျက်နှာက ရဲရဲနီသွားသည် ။ သူ မြတ်နိုးမဝ ဖြစ်ရသည် ။ ထို့နောက် မိုးသောက်ယံက မျက်ဝန်းတွေကို တင်းတင်းမှိတ်ပြီး ခေါင်းညိတ်ပြသည် ။

ရှိုင်း သဘောကျစွာ ရယ်မိသည် ။ ထို့နောက် ရှိုင်းသည် မိုးသောက်ယံ၏ နှုတ်ခမ်းလေးကို အနမ်းတွေခြွေရင်း လည်တိုင်ကျော့ကျော့လေးသို့ မွတ်သိပ်စွာ နမ်းမိသည် ။ ထိုမှတဆင့် တီရှပ်ကို ဆွဲတင်ပြီး ရှေ့ဆက်တော့ မိုးသောက်ယံ၏ ညည်းသံတိုးတိုး ထွက်လာသည် ။ ရှိုင်း၏ စိတ်ဆန္ဒက ပို၍ ပြင်းထန်လာသည် ။ သူ သည်းခံနိုင်ခြင်းက ကုန်ဆုံးသွားခဲ့သည် ။

ထို့နောက်မှာတော့ သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်မှ အဝတ်အစားတွေက ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲကုန်၏ ။ ညည်းသံတွေနှင့်အတူ ချိုမြိန်သော အချစ်ကမ္ဘာလေးကို ပုံဖော်နေသော လူသားနှစ်ယောက် ဤအခန်းလေးထဲတွင် ရှိနေခဲ့လေ၏ ။

*************

ဆက်ရန်....

Thin Zar Moe Oo

Zawgyi

Season - 2

ခ်စ္မိသူ အရႈံး

အခန္း ( ၈ )

သူတို႔သုံးေယာက္လုံး မဒီ့ကို အေျပးအလႊား လိုက္ရွာၾကသည္ ။ အရင္ဆုံးေတြ႕သူက ရွိုင္း ။ အိမ္အေပၚထပ္၌ သီးသန့္ထုတ္ထားေသာ ဝရံတာလက္တန္းေပၚတြင္ အျပင္ဘက္သို႔ မ်က္ႏွာမူ၍ ထိုင္ေနသည္ ။ ရွိုင္း၏ ရင္ထဲ ထိတ္ခနဲ ျဖစ္သြားသည္ ။

"ယံယံ "

ေက်ာခိုင္းေနရာမွ ေခါင္းကို ေစာင္း၍ ၾကည့္လာသည္ ။ ထို႔ေနာက္ ေျခာက္ကပ္ကပ္ ရယ္သည္ ။

"ဘာလို႔ ဆက္ဟန္ေဆာင္ေနေသးတာလဲ ရွိုင္း ။ ငါ မိုးေသာက္ယံ မဟုတ္တာ သိရဲ႕သားနဲ႕ "

အက္ရွရွေလသံျဖင့္ မဒီက ေျပာလာသည္ ။

"အဲ့ဒီေပၚက ဆင္းခဲ့ပါ မဒီ "

ရွိုင္းက ေျပာရင္း အေရွ႕ကို တစ္လွမ္း တိုးသည္ ။

"ေရွ႕မတိုးနဲ႕ ရွိုင္း ။ ေျခတစ္လွမ္း ဆက္တိုးရင္ ဒီေပၚကေန ငါ ခုန္ခ်လိဳက္မယ္ ။ အဲ့ဒီအခါ မိုးေသာက္ယံရဲ႕ ဝိညာဥ္လည္း သူ႕ခႏၶာကိုယ္ထဲ ျပန္ဝင္နိုင္ေတာ့မွာ မဟုတ္ဘူး ဟား.... ဟား ။ ေတြး႐ုံနဲ႕ ေပ်ာ္စရာေကာင္းေနၿပီ.... ဟား....ဟား "

မဒီက ေျခာက္ကပ္ကပ္ ရယ္ေနသည္ ။ ထိုစဥ္ မိုးေသာက္ယံ၏ ဝိညာဥ္ ႏွင့္ ခန့္မင္းေနာင္တို႔ ရွိုင္း၏ အနားကို ေရာက္လာၾကသည္ ။

မဒီက မိုးေသာက္ယံတို႔ကို ျမင္ေသာ္ မ်က္ႏွာက တည္တင္းသြားၿပီး အၾကည့္ေတြက စူးရဲသြား၏ ။

" နင့္ကိုယ္နင္ သိပ္လည္လွၿပီလို႔ ထင္ေနလား မိုးေသာက္ယံ ။ နင္တို႔ အႀကံအစည္မွန္သမွ် ငါသိတယ္ ဟြန့္...."

မဒီက မဲ့ၿပဳံးၿပဳံး၍ ဆိုသည္ ။ ဟိုရက္က မိုးေသာက္ယံ ႏွင့္ ခန့္မင္းေနာင္တို႔ စကားေျပာေနတာ သူ ေတြ႕ခဲ့သည္ ။ ခန့္မင္းေနာင္က မိုးေသာက္ယံ၏ ဝိညာဥ္ကို ျမင္နိုင္၍ သူ အံ့ၾသခဲ့ရေသာ္လည္း မသိေယာင္ေဆာင္ခဲ့သည္ ။ ရွိုင္းက ခန့္မင္းေနာင္ ႏွင့္ ေတြ႕ဖို႔ အခ်ိန္အေတာ္ၾကာ ေပ်ာက္သြားျပန္ေတာ့ အားလုံးသိေလာက္ၿပီဟု သူ ဆက္စပ္ေတြးၾကည့္ခဲ့ၿပီးသား ။ သူ သတိႀကီးစြာ ထားခဲ့သည္ ။ ထို႔ေၾကာင့္ပဲ ရွိုင္းတို႔ ဆင္ခဲ့သည့္ ေထာင္ေခ်ာက္ထဲသို႔ မသက္ဆင္းခဲ့ျခင္းျဖစ္သည္ ။

"အမုန္းေတြ ၊ ရန္ၿငိဳးေတြကို စြန့္လႊတ္လိုက္ပါေတာ့ မဒီ ။ ဒီလိုမွ မဟုတ္ရင္ မင္းက ဝိညာဥ္ဆိုးအျဖစ္နဲ႕ ဘဝအဆက္ဆက္ ရွင္သန္ရလိမ့္မယ္ ။ ဘယ္ေတာ့မွ ဘဝကူးနိုင္မွာ မဟုတ္ဘူး "

ခန့္မင္းေနာင္က မဒီ့ကို နားခ်သည္ ။ သို႔ေသာ္ မဒီက နားေထာင္မည့္ အရိပ္အေယာင္မရွိ ။ မ်က္ဝန္းေတြက စူးရဲ၍ ေဒါသေရာင္လက္ေနသည္ ။

"ငါ့ဆႏၵ မျပည့္မခ်င္း ထြက္သြားမွာ မဟုတ္ဘူး "

မဒီက ေအးစက္စက္ေလသံျဖင့္ ဆိုသည္ ။

"မင္းရဲ႕ ဆႏၵက ဘာလဲ မဒီ "

ရွိုင္းက အေလာတႀကီး ေမးမိသည္ ။ အခ်ိန္ပိုၾကာသြားလွ်င္ အစီအစဥ္က ပ်က္သြားနိုင္သည္ ။ ထိုအခါ မိုးေသာက္ယံ အသက္အႏၲရယ္ ရွိနိုင္၏ ။ သူ႕ရင္ထဲ မီးျမႇိုက္ခံရသလို ပူေလာင္ေန၏ ။

"ငါ့ ဆႏၵက မိုးေသာက္ယံ ေသသြားဖို႔ပဲ "

မဒီက ေျပာၿပီး ေျခာက္ကပ္ကပ္ ရယ္သည္ ။ ထို႔ေနာက္ ေဘာင္အစြန္းမွာ ထိုင္ေနရာမွ ေရွ႕သို႔ ကိုယ္ကို ေ႐ႊ႕သည္ ။ နည္းနည္းေလာက္ဆို ေအာက္သို႔ ျပဳတ္က်သြားနိုင္၏ ။

"မလုပ္ပါနဲ႕ မဒီ ။ ငါ ေတာင္းပန္ပါတယ္ "

ရွိုင္းက ထိတ္လန့္တၾကား ေတာင္းပန္ရင္း ဒူးေထာက္လိုက္သည္ ။ မဒီက မ်က္ေမွာင္ၾကဳတ္၍ အံႀကိတ္သည္ ။ မိုးေသာက္ယံ၏ ဝိညာဥ္ကေတာ့ ရွိုင္းကို ၾကည့္၍ ရွိုက္ငိုေနသည္ ။

ခန့္မင္းေနာင္ကေတာ့ စိတ္ညစ္ၫူးစြာႏွင့္ သက္ျပင္းရွိုက္သည္ ။

"ဘာလို႔လဲ ရွိုင္း ။ ဘာလို႔ သူ႕ကို ဒီေလာက္ထိ ခ်စ္ေနရတာလဲ ။ အဲ့ဒီ မိုးေသာက္ယံက ငါ့ထက္ ဘာေတြသာေနလို႔လဲ ဟမ္ "

မဒီက ေဒါသတႀကီး ေမးသည္ ။

"ဒါေတြ အားလုံး ကိုယ္ မွားခဲ့တာပါ မဒီ ။ ကိုယ့္ခံစားခ်က္ကို ကိုယ္ မသိခဲ့မိတာ ။ အဲ့ဒါေၾကာင့္ မဒီ့ကို နာက်င္ေစခဲ့မိတာ ။ ကိုယ့္ အမွားပါကြာ ။ မဒီ မေက်နပ္ရင္ ကိုယ့္ အသက္ကိုသာ ယူလိုက္ပါ "

ရွိုင္း၏ စကားဆုံးေတာ့ မဒီက ေဒါသတႀကီး တက္ေခါက္သည္ ။

"အဲ့ဒီလို သိပ္ခ်စ္ျပေနတာ ျမင္ေတာ့ ငါ ပိုေဒါသထြက္ရတာေပါ့ ။ နင္တို႔ႏွစ္ေယာက္ လုံးဝ မေပါင္းဖက္ေစရဘူး "

မဒီက မဲ့ၿပဳံးၿပဳံး၍ ေဘာင္ေပၚမွ အေရွ႕သို႔ တိုး၍ ခုန္ဆင္းလိုက္သည္ ။ ရွိုင္း၏ မ်က္လုံးေတြ ျပာသြားၿပီး အေျပးသြားဖမ္းသည္ ။ လက္ဖ်ားေလးကို ဖမ္းမိသည္ ။ လက္ဖဝါးတစ္ခုလုံးကို အမိကိုင္၍ တင္းက်ပ္စြာ ဆုပ္ကိုင္ထား၏ ။ မိုးေသာက္ယံ၏ ခႏၶာကိုယ္ ထိခိုက္သြားလွ်င္ ဝိညာဥ္က ျပန္ဝင္နိုင္မည္ မဟုတ္ေပ ။ ထို႔ေၾကာင့္ သူ လက္မလႊတ္နိုင္ေပ ။

မဒီက အတင္း႐ုန္းသည္ ။ ရွိုင္း၏ လက္ေမာင္းတစ္ဖက္ ေအာင့္တက္လာေသာ္လည္း အံႀကိတ္၍ ေတာင့္ခံထားသည္ ။ ထိုစဥ္ အနားသို႔ ကိုခန့္မင္းေနာင္ ေရာက္လာၿပီး မဒီ့လည္ပင္းေပၚသို႔ ဘုရား႐ုပ္ထုႏွင့္ အနက္ေရာင္ႀကိဳးေလး စြပ္ေပးလိုက္သည္ ။

"အား! "

ေၾကာက္မက္ဖြယ္ ေအာ္သံနက္ႀကီးက ထြက္ေပၚလာၿပီး မိုးေသာက္ယံ၏ ခႏၶာကိုယ္ထဲမွ အနက္ေရာင္အရိပ္ႀကီးက ထြက္သြားေလ၏ ။ ထိုစဥ္ မိုးေသာက္ယံ၏ ခႏၶာကိုယ္က ေပ်ာ့ေခြသြား၍ သတိမရွိေတာ့ေပ ။ ရွိုင္း ႏွင့္ ခန့္မင္းေနာင္တို႔ အေပၚသို႔ ဆြဲတင္လိုက္သည္ ။

"ေက်းဇူးပါ ကိုခန့္မင္းေနာင္ "

ရွိုင္း ေက်းဇူးတင္စကားဆိုရင္း မိုးေသာက္ယံကို တင္းက်ပ္စြာ ေပြ႕ဖက္ထားသည္ ။

"ရပါတယ္ဗ်ာ ။ ရွိုင္း ခုလို အခ်ိန္ဆြဲထားလို႔ ကြၽန္ေတာ္ အစီအရင္ လုပ္ဖို႔ အခ်ိန္ရသြားတာ "

ရွိုင္းႏွင့္ မဒီတို႔ စကားေျပာေနစဥ္ ခန့္မင္းေနာင္ သည္ သူယူလာခဲ့ေသာ အနက္ေရာင္ ပရိတ္ႀကိဳးကို ကိုင္ရင္း အစီအရင္ေတြကို ႐ြတ္ဆိုေနခဲ့တာျဖစ္သည္ ။

"ဒါဆို မဒီ့ ဝိညာဥ္က ပ်က္စီးသြားၿပီးလား "

"မဒီက ႀကိဳသိေနတဲ့အတြက္ ကြၽန္ေတာ္တို႔ အစီအစဥ္ ပ်က္သြားၿပီ ရွိုင္း ။ ဒါေပမဲ့ သူ႕ ဝိညာဥ္ကေတာ့ မိုးေသာက္ယံ ရဲ႕ ကိုယ္ထဲ ျပန္မဝင္နိုင္ေတာ့ပါဘူး ။ ခုအေရးႀကီးတာက အခ်ိန္မလြန္ခင္ မိုးေသာက္ယံ ရဲ႕ ဝိညာဥ္ကို ခႏၶာကိုယ္ထဲ ျပန္ဝင္ေအာင္ လုပ္ဖို႔ပဲ "

ရွိုင္း ေခါင္းညိတ္၍ မိုးေသာက္ယံ၏ ကိုယ္ကို ေပြ႕၍ စီစဥ္ထားေသာ အခန္းထဲသို႔ ေခၚသြားသည္ ။ မိုးေသာက္ယံ၏ ဝိညာဥ္ကလည္း ရွိုင္း၏ ေဘးမွ လိုက္လာခဲ့သည္ ။
အခန္း၏ အလယ္မွာ မိုးေသာက္ယံ၏ ကိုယ္ေလးကို ခ်ေပးၿပီး သူ အေနာက္ဆုတ္ထိုင္လိုက္၏ ။

ခန့္မင္းေနာင္က မိုးေသာက္ယံ၏ ေဘးမွာ ထိုင္ကာ မ်က္လုံးမွိတ္၍ အာ႐ုံျပဳသည္ ။ ထို႔ေနာက္ ဝိညာဥ္ျပန္ဝင္နိုင္ရန္ အစီအရင္တို႔ကို ႐ြတ္ဆိုသည္ ။

ခဏအၾကာ မိုးေသာက္ယံ၏ ဝိညာဥ္က အလင္းတန္းတစ္ခုအျဖစ္ အသြင္ေျပာင္းကာ သူ႕ ခႏၶာကိုယ္ထဲ ဝင္သြားသည္ ။ ယခုမွ ခန့္မင္းေနာင္ စိတ္သက္သာစြာ ၿပဳံးမိသည္ ။

" ေအာင္ျမင္သြားၿပီ "

ခန့္မင္းေနာင္ ၏ စကားအဆုံး မိုးေသာက္ယံ၏ မ်က္ဝန္းတို႔ ပြင့္လာသည္ ။ ရွိုင္းသည္ လွိုက္ခနဲ ဝမ္းသာသြားၿပီး မိုးေသာက္ယံ၏ ေဘးသို႔ အလ်င္အျမန္ ေရာက္သြားကာ ေပြ႕ထူလိုက္သည္ ။

"ရွိုင္း "

ခပ္တိုးတိုး ေရ႐ြတ္ၿပီး ရွိုက္ငိုေနေသာ ေကာင္ေလးကို ရွိုင္း တင္းက်ပ္စြာ ဖက္ထားမိသည္ ။ ယံယံ့ကို သူ အရမ္းခ်စ္သည္ ။ ဘယ္လိုမွ အဆုံးရႈံးမခံနိုင္ ။

တစ္ေယာက္ႏွင့္ တစ္ေယာက္ ဖက္ထားမိသည္မွာ အခ်ိန္အေတာ္ၾကာသည္အထိ ။

"အဟမ္း..ဟမ္း "

ကိုခန့္မင္းေနာင္၏ ေခ်ာင္းဟန့္သံၾကားမွ သူတို႔ႏွစ္ေယာက္အျပင္ တျခားသူရွိေသးမွန္း သတိဝင္သြားသည္ ။ ထိုအခါမွ ခႏၶာကိုယ္ခ်င္း ခြာလိုက္သည္ ။

"ခု အဆင္ေျပၿပီဆိုေတာ့ ကြၽန္ေတာ္ ျပန္လိုက္ပါဦးမယ္ "

" ဒီမွာပဲ ညအိပ္သြားပါလား ကိုခန့္မင္းေနာင္ ။ အခ်ိန္လည္း ေနာက္က်ေနၿပီေလ "

ရွိုင္းက ေျပာေတာ့ ခန့္မင္းေနာင္က ေခါင္းခါသည္ ။

"မအိပ္ေတာ့ပါဘူးဗ်ာ ။ ေနာက္ေန႕မွပဲ ကြၽန္ေတာ္တို႔ ထပ္ေတြ႕ၾကတာေပါ့ "

"ေက်းဇူးတင္ပါတယ္ ကိုခန့္ "

မိုးေသာက္ယံက လွိုက္လွဲစြာ ဆိုသည္ ။

"ရပါတယ္ဗ်ာ "

ခန့္မင္းေနာင္က ၿပဳံး၍ ဆိုသည္ ။ ထို႔ေနာက္ သူတို႔ကို ႏႈတ္ဆက္ကာ အိမ္ထဲမွ ထြက္သြားေတာ့သည္ ။

ရွိုင္း အိမ္တံခါးကို ပိတ္ၿပီးေနာက္သို႔ အလွည့္ သူ႕ကို စိုက္ၾကည့္ေနေသာ မိုးေသာက္ယံကို ေတြ႕လိုက္ရသည္ ။

"ယံယံ "

သူ အံ့ၾသၿပီး နာမည္ေခၚမိသည္ ။ အေနာက္မွာ ရပ္ၿပီး သူ႕ကို ဘာလို႔ ယံယံက စိုက္ၾကည့္ေနရတာလဲ ။ ထိုစဥ္ မိုးေသာက္ယံက ေျပးလာ၍ သူ႕ကိုယ္ေပၚသို႔ ခုန္တက္သည္ ။ ရွိုင္း ၿပဳံး၍ အလိုက္သင့္ပင္ ခ်ီလိုက္သည္ ။ မိုးေသာက္ယံ၏ ေျခႏွစ္ဖက္က သူ႕ခါးမွာ ခြထားၿပီး လက္ႏွစ္ဖက္က သူ႕လည္ပင္းကို သိုင္းဖက္ထားသည္ ။ ထို႔ေနာက္...

"ခ်စ္တယ္ ရွိုင္း ။ ငါ မင္းကို အရမ္းလြမ္းေနခဲ့တာ "

မိုးေသာက္ယံက တုန္ရီလွိုက္ေမာဖြယ္ေလသံျဖင့္ ဆိုရင္း သူ႕ ႏႈတ္ခမ္းတို႔ျဖင့္ ဖိကပ္လိုက္သည္ ။ မဒီက သူ႕ခႏၶာကိုယ္ထဲဝင္ၿပီး ရွိုင္းႏွင့္ သူ႕မ်က္စိေရွ႕မွာပင္ ထိေတြ႕နမ္းရွိုက္ေနခဲ့စဥ္က ေသေလာက္ေအာင္ နာက်င္ခဲ့ရသည္ ။ ယခုအခ်ိန္မွစ၍ ရွိုင္းကို ဘယ္ေတာ့မွ လက္လႊတ္မည္မဟုတ္ ။ ရွိုင္းက သူ႕ အပိုင္ပင္ ။

ရွိုင္း ေက်နပ္စြာၿပဳံးရင္း သူ လြမ္းေနခဲ့ေသာ ႏႈတ္ခမ္းပါးေလးေတြကို အမိအရ ဖမ္းယူလိုက္သည္ ။ ထို႔ေနာက္ မိုးေသာက္ယံကို ခ်ီေပြ႕ထားရင္းႏွင့္ အိမ္အေပၚထပ္က အခန္းဆီသို႔ တက္လာခဲ့သည္ ။ အနမ္းေတြကေတာ့ အရွိန္မသတ္ ။

အခန္းတံခါးကို ရွိုင္း လက္တစ္ဖက္ျဖင့္ တြန္းဖြင့္၍ ဝင္ခဲ့ၿပီး ေမြ႕ယာထက္မွာ မိုးေသာက္ယံ၏ ကိုယ္ေလးကို ညင္သာစြာ ခ်လိဳက္သည္ ။

ရွိုင္းကို ေငးစိုက္ၾကည့္လာေသာ မိုးေသာက္ယံ၏ မ်က္ဝန္းေလးေတြက ရီေဝစြာ ။ ႏႈတ္ခမ္းပါးေလးက အနမ္းေတြေၾကာင့္ ရဲရဲနီ၍ ဖူးႂကြေနသည္ ။ ကိုယ္ေလးက အနည္းငယ္ တုန္ယင္၍ ရွိုင္း၏ မ်က္ဝန္းထဲမွာ ဆြဲေဆာင္မႈအားျပင္းလွသည္ ။ ရွိုင္း ေငးစိုက္ၾကည့္ေနရင္းမွ ဆက္လက္ ထိန္းခ်ဳပ္မထားနိုင္ေတာ့ ။

မိုးေသာက္ယံ၏ ကိုယ္ေလးေပၚသို႔ အုပ္မိုးလိုက္ၿပီး ႏႈတ္ခမ္းပါးေလးကို အငမ္းမရ နမ္းရွိုက္မိသည္ ။ ခ်စ္ရသူေလးကလည္း သူ႕ကို သိုင္းဖက္လာၿပီး အနမ္းေတြကို တုံ႕ျပန္လာသည္ ။ သူတို႔ မက္မက္ေမာေမာ နမ္းရွိုက္ေနရာမွ ဆႏၵတစ္စုံက ျဖစ္တည္လာသည္ ။

ရွိုင္းသည္ အနမ္းေတြကို အရွိန္သတ္ရင္း မိုးေသာက္ယံကို ႏူးညံ့စြာ စိုက္ၾကည့္သည္ ။

"ကိုယ္ ေရွ႕ဆက္လို႔ရလား "

ရွိုင္း၏ စကားအဆုံး မိုးေသာက္ယံ၏ မ်က္ႏွာက ရဲရဲနီသြားသည္ ။ သူ ျမတ္နိုးမဝ ျဖစ္ရသည္ ။ ထို႔ေနာက္ မိုးေသာက္ယံက မ်က္ဝန္းေတြကို တင္းတင္းမွိတ္ၿပီး ေခါင္းညိတ္ျပသည္ ။

ရွိုင္း သေဘာက်စြာ ရယ္မိသည္ ။ ထို႔ေနာက္ ရွိုင္းသည္ မိုးေသာက္ယံ၏ ႏႈတ္ခမ္းေလးကို အနမ္းေတြေႁခြရင္း လည္တိုင္ေက်ာ့ေက်ာ့ေလးသို႔ မြတ္သိပ္စြာ နမ္းမိသည္ ။ ထိုမွတဆင့္ တီရွပ္ကို ဆြဲတင္ၿပီး ေရွ႕ဆက္ေတာ့ မိုးေသာက္ယံ၏ ညည္းသံတိုးတိုး ထြက္လာသည္ ။ ရွိုင္း၏ စိတ္ဆႏၵက ပို၍ ျပင္းထန္လာသည္ ။ သူ သည္းခံနိုင္ျခင္းက ကုန္ဆုံးသြားခဲ့သည္ ။

ထို႔ေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္၏ ခႏၶာကိုယ္မွ အဝတ္အစားေတြက ၾကမ္းျပင္ေပၚသို႔ ျပန့္က်ဲကုန္၏ ။ ညည္းသံေတြႏွင့္အတူ ခ်ိဳၿမိန္ေသာ အခ်စ္ကမာၻေလးကို ပုံေဖာ္ေနေသာ လူသားႏွစ္ေယာက္ ဤအခန္းေလးထဲတြင္ ရွိေနခဲ့ေလ၏ ။

*************

ဆက္ရန္....

Thin Zar Moe Oo

המשך קריאה

You'll Also Like

5.2K 334 21
Title - ထံုးဖြဲ႔ခ်ည္ေႏွာင္ထားေသာ ဒီေမတၱာေႏွာင္ႀကိဳး လင္းေသာ္တာေမာင္ ××× ခြန္းေဇ႒ _________________________ Title - ထုံးဖွဲ့ချည်နှောင်ထားသော ဒီမေတ္တာ...
36.3K 3K 45
မိေက်ာင္းတစ္ေကာင္ဟာ....ဘယ္ေတာ့မွ မ်က္ရည္မက်ဘူး...။ တကယ္လို႔ သူကမ်က္ရည္က်တယ္ ဆိုရင္ေတာ့.. အဲ့တာဟာ..ဟန္ေဆာင္မ်က္ရည္ပဲ ျဖစ္လိမ့္မယ္...။ မိကျောင်းတစ်ကောင...
126K 17.6K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.5K 102 30
မြို့ဟောင်းလေးတစ်ခုမှာဖြစ်တည်ခဲ့သည့် ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့လေသည်။ ဝမ်းနည်းဖို့ကောင်းသည်မှာ ထိုဇာတ်လမ်းလေးသည် မြို့ဟောင်းနှင့်အတူရာဇဝင်တွင်နှစ်မြုပ်ခံ...