Don't take away !!
بواسطة X_Tale
389K 30.6K 1.9K
part-1( Zawgyi )
part-1(Unicode)
part-2(Zawgyi)
part-2(Unicode)
part-3(Zawgyi)
part-3(Unicode)
part-4(Zawgyi)
part-5(Zawgyi)
part-5(Unicode)
part-6(Zawgyi)
part-6(Unicode)
part-7(Zawgyi)
part-7(Unicode)
part-8(Zawgyi)
part-8(Unicode)
part-9(Zawgyi)
part-9(Unicode)
part-10(Zawgyi)
part-10(Unicode)
part-11(Zawgyi)
part-11(Unicode)
part-12(Zawgyi)
part-12(Unicode)
part-13(Zawgyi)
part-13(Unicode)
part-14(Zawgyi)
part-14(Unicode)
part-15(Zawgyi)
part-15(Unicode)
part-16(Zawgyi)
part-16(Unicode)
part-17(Zawgyi)
part-17(Unicode)
part-18(Zawgyi)
part-18(Unicode)
part-19(Zawgyi)
part-19(Unicode)
part-20 (Zawgyi)
part-20 (Unicode)
Final (Zawgyi)
Final (Unicode)
part-4(Unicode)
12.2K 1.2K 43
بواسطة X_Tale
တဖြူးဖြူးတိုက်ခတ်နေတဲ့ လေပြည်တွေကြောင့် ချယ်ရီနံ့သင်းသင်းတွေက နှာသီးဖျားမှာ ဝေ့လည်လည် ။ ပန်းရနံ့မွှေးမွှေးလေးကို သဘောကျစွာနဲ့ ရှန့်ရှန့်နှာခေါင်းလေး သုံးလေးချတ်လောက် ရှုံ့လိုက်ပြီး ဘေးနားကို မျက်လုံးလေး သေးသေး​စွေကာ မသိမသာလေး ခိုးကြည့်လိုက်တော့ ဝတ်ရုံဖြူဝတ်ထားတဲ့ ကတုံးလေးနဲ့ ကိုကိုလေးက ကျောက်ခုံပေါ်တွင်တောင့်တောင့်ကြီးထိုင်နေသည် ။မညောင်းဘူးလားပဲနော် ။ ရှန့်ရှန့်လေးကိုလည်း မကြည့်ပဲ အရှေ့ကိုပဲ ရုပ်တည်ကြီးနဲ့ ကြည့်နေတာ ရှန့်ရှန့်လေး ပျင်းလာပါပြီနော် ။
" ဟို... ဟို... ကို ကို လေး "
အရဲစွန့်ကာ ဝတ်ရုံစလေးကို ဆွဲပြီး ရှန့်ရှန့်လေးက ခေါ်လိုက်တော့ ကိုကိုလေးက ရှန့်ရှန့်လေးဘက်ကို သေးသေးလေးစောင်းကြည့်လာသည် ။ ဟီးဟီး အလုပ်ဖြစ်သားပဲ ။
" ဟီး...."
ဝတ်ရုံစကို ဆွဲကာ တိုးတိုးလေးခေါ်နေသော ကလေးငယ်ကြာင့် ကိုရင်လေးလန်ဝမ်ကျီး မသိမသာ လှည့်ကြည့်လိုက်တော့ ဟီးခနဲထရယ်ပြတဲ့ ကလေးပေါက်စက ရှေ့သွားနှစ်ချောင်းကျိုးနေသည် ။ ကိုရင်လေး လန်ဝမ်ကျီးမှာ ပြုံးမိမလိုတောင်ဖြစ်သွားသည် ။ ဘယ်လိုကလေးလေးလဲ ။
" အယ် ကိုကိုလေးက ပြုံးတယ်တော့! "
" အဟမ်း! "
မမြင်ဖူးတဲ့အရာကို ရုတ်တရတ် မြင်လိုက်ရသလိုမျိုး မျက်လုံး​လေး ဝိုင်းသွားပြီး အံ့ဩတကြီးထပြောလာတဲ့ ကလေးငယ်ကြာင့် ကိုရင်ငယ်လေးမှာ အနည်းငယ်ရှက်သွားရကာ ချောင်းပင်ဟန့်လိုက်မိသည် ။ ထို့နောက် ဦးလေးဖြစ်သူလိုပင် အပြောအဆို ယဥ်ကျေးမှုမရှိသေးသော ကလေးငယ်ကြောင့် ကိုရင်လေးက လေသံအေးအေးဖြင့်
" ကိုကိုလေး ၊  မဟုတ်ဘူး ။ ကိုရင်တွေကို အဲ့လိုမခေါ်သင့်ဘူး "
" ဟွန်း! အာ့ဆိုရှန့်ရှန့်က ဘယ်လိုခေါ်ရမှာယဲ!! "
တွဲ​လောင်းချထားတဲ့ ခြေထောက်နှစ်ချောင်းကို လှုပ်ကာယမ်းကာဖြင့် အလိုမကျသလို ဆူပုတ်ကာပြောလာတဲ့ ကလေးပေါက်စကြောင့်
ကိုရင်လေးက ခြေထောက်ပေါက်စလေးတွေကို တစ်ချတ်လှမ်းကြည့်လိုက်ကာ
" ခြေထောက်က ၊ နာနေတယ်ဆို "
ထိုအခါ ကလေးပေါက်စက ကိုရင်လေးကို တုံးရန်ကောဆိုတဲ့အကြည့်နဲ့ မျက်လုံးလေးဝံ့ကာကြည့်ရင်း ဟီးကနဲထပ်ရယ်ပြန်သည် ။
" ဟီး... ညာတာလေ ။ သိလားကိုကိုလေး
ကိုကိုလေးပေးတဲ့ဆေးလိမ်းထဲက ရှန့်ရှန့်ကနာတော့ဘူးရယ် ။ ချိုချဉ်စားချင်လို့ သက်သက် ချန်ချန်ကို ညာလိုက်တာ...။ဟီး... ရှန့်ရှန့်တော်တယ်မလား "
သူ့ရှေ့ကို လက်မပုစိလေးထောင်ပြကာ သွားလေးဖြဲပြီးမေးနေသော ကလေးလေးကြောင့် ကိုရင်ငယ်လေးမှာ မနိုင်စွာနဲ့ မျက်လုံးလေးတစ်ချတ်မှိတ် သက်ပြင်းတစ်ချက် ခပ်ဖြေးဖြေးချလိုက်ကာဖြင့် 
" မညာရဘူးလေ ။ ညာတာက ၊ မကောင်းဘူး "
ကျန်းချန်လို အသံအောင်အောင်နဲ့ အော်ရင်တောင် မျက်လုံးလေးပင်ဝင့်မကြည့်တတ်တဲ့ ရှန့်ရှန့်အဖို့ ကိုရင်ငယ်လေးရဲ့ လေပြည်အေးအေးတရားလေးတွေက သူ့ကိုမြူနေသလိုပင် ။
" ဟီးဟီး.. ညာမှာပဲ~~ ၊ ညာမှာပဲ~~ရှန့်ရှန့်ကိုလာတားနဲ့~~ "
ကိုရင်ငယ်လေးရဲ့စကားကို နားမထောင်ပဲ ခေါင်းလုံးလေးကို ယမ်းယမ်းပြီး သီချင်းပင်ဆိုနေတာကြောင့် ဆံနွယ်ထက်က ဖဲကြိုးနီနီကလေးက တလွင့်လွင့် ။
ဘယ်လိုပြောပြော နားမဝင်တဲ့ ကလေးငယ်ကြောင့် ကိုရင်ငယ်လေးက လေသံကို အနည်းငယ်ပြင်လိုက်ကာဖြင့်
" မညာရဘူး ၊ ကိုကိုလေးမဟုတ်ဘူး ၊ သူတော်စင်တွေကို အဲ့လိုမခေါ်သင့်ဘူး ၊ ကိုရင်လို့ခေါ် ရမယ် "
" ရှန့်ရှန့် နားလည်ပါပီ "
ရုပ်တည်ကြီးနဲ့ ပြောလိုက်တော့လည်း  ခေါင်းလေးတစ်ငြိမ့်ငြိမ့်နဲ့ သူမဟုတ်တဲ့အတိုင်း မျက်နှာလေးကို ငယ်လို့ ငြိမ်သွားပြန်သည် ။
ထို့နောက် မျက်နှာသေးသေးလေးကို ကြည့်ရင်း တစ်ခုခုကိုသတိရလာတာကြောင့် ဝတ်ရုံထဲမှထုတ်လိုက်သည် ။ 
" ရော့ "
" ဟင်!! ရှန့်ရှန့်ပုဝါလေး ။ ဟီး.. စောစောကပန်းခြံထဲမှာ ရှန့်ရှန့် ဖြုတ်ချခဲ့တာရယ် "
" တံမြတ်စည်းလှည်းရင်း တွေ့ခဲ့တာ "
" ဟီး.. သူတော်စင်ကိုကိုလေးကို ကျေးဇူးအများကြီးတင်ပါရယ်..."
" ကိုရင် ၊ ကိုရင်လို့ ခေါ်ရမယ် "
" ရဘူးရဘူး ။ ကိုကိုလေးပဲ ။ ကိုကိုလေးပဲခေါ်မှာ ရှန့်ရှန့်ကိုလာတားနဲ့ ။ ရှန့်ရှန့်က ဒီလိုပဲခေါ်ချင်တာပါဆို "
မျက်စောင်းလေးထိုးကာ နှုတ်ခမ်းလေးကိုထော်ပြီး တစ်ကိုယ်လုံးလှုပ်ယမ်းကာ ပြောနေတဲ့ ကလေးလေးကြောင့် ကိုရင်ငယ်လေး သက်ပြင်းရှည်ရှည်သာချပြီး လက်လျှော့လိုက်ရလေတော့သည် ။
ခြောက်လည်းမရ ၊ ချော့လည်းမရ ။
" ...အောမိထော်ဖော်...." ( မြတ်စွာဘုရား )
မျက်လုံးအသာမှိတ်လို့ ရွတ်ဆိုသံအဆုံးမှာ တစ်ခစ်ခစ်နဲ့ ထရယ်တဲ့ကလေးလေးကြောင့် ကိုရင်ငယ်လေးမှာ ​တစ်ချက်ကြောင်သွားရသည် ။
ဘာများမှားသွားလို့လဲ!
" ခစ်ခစ်!! အော်မိတော်တော် အော်မိတော်တော် "
သူလုပ်သလို လက်အုပ်ချီပြီး မျက်လုံးလေးမှိတ်ကာ မပီကလာပီကလာနဲ့ရွတ်နေတဲ့ အနီရောင်အကောင်ပေါက်လေးကိုကြည့်ပြီး ကိုရင်ငယ်လေး မထိန်းနိုင်စွာ ခေါင်းကိုခပ်ဖြေးဖြေးရမ်းလို့ ရယ်မိတော့သည် ။ ဒီဟာလေးနဲ့တွေ့မှပဲ ကိုရင်လေး လန်ဝမ်ကျီး အိန္ဒြေပျက်ရချည်ရဲ့ ။
" ဟီးဟီး.. အော်မိတော်တော်...
အော် မိ တော် တော် "
သွားကျိုးလေးနဲ့ပေါက်စက ထိုစကားကိုပဲ လေသံအတက်အကျပေါင်းစုံနဲ့ ဆက်တိုက်ရွတ်နေတာကြောင့် ကိုရင်လေး တစ်ချတ်ဟန့်လိုက်သည် ။
" တော်တော့ ။ အိန္ဒြေမရှိဘူး "
" ကိုကိုလေးကလည်း~~ ရှန့်ရှန့်ကိုလေသံမာကြီးနဲ့မပြောပါနဲ့ ။  ရှန့်ရှန့်က ချစ်လို့စတာပါ "
" ဟမ်.... "
ငါးနှစ်သားအတက်ကလေးရဲ့ ပလီပလာစကားအဆုံးမှာ ဆယ့်သုံနှစ်သားရိုးရိုးအအကိုရင်ငယ်လေး ခင်မျာ တစ်ကိုယ်လုံး ခေတ္တတောင့်တင်းသွားရသည် ။ ကလေးလေးကတော့ သူမဟုတ်သလိုပင် ။ ကျောင်းမုခ်ဦးပေါက်ဝဘက်ကို လည်လေးတဆန့်ဆန့် ခြေလေးတဆန့်ဆန့်ဖြင့် ။
" ချန်ချန်က ကြာလိုက်တာနော် ရှန့်ရှန့်က စားချင်နေပါပြီဆို "
" ရှန့်ရှန့်လား ၊ နာမည်က "
" ဟီးဟီး နောက်ဆုံးတော့ မိတ်ဆက်ခွင့်ရတော့မယ် အော်.. မိ တော်တော် "
လက်အုပ်လေးချီကာ ဟန်ပန်အပြည်အစုံနဲ့ ထပ်ပြောသောကလေးလေးကြောင့် ကိုရင်လေး မနိုင်စွာသက်ပြင်းချလိုက်မိသည် ။ တဆတ်တည်းမှာပဲ ဒီကလေးသာ ကျောင်းမှာနေ့တိုင်းရှိနေရင် တစ်ကျောင်းလုံးက ကိုရင်ငယ်တွေ ဘုန်းတော်ကြီးတွေ သဃ်န်းပင် ကပ်နိုင်ပါ့မလား တွေးမိသည်အထိပင် ။
" ပြောပြမယ်ကိုကိုလေးရဲ့ ။ ရှန့်ရှန့်နာမည်က ဝေ့ဝူရှန့် ၊ ဝေ့ရင်းလေးလို့ခေါ်လည်းရတယ် ။ ကိုကိုလေးကြိုက်သလိုသာခေါ် ။ ရှန့်ရှန့်က အကုန်ကြိုက်ပီးသား ။ အော်... မေ့လို့ ကိုကိုလေးနာမည်ကကော "
" လန်ဝမ်ကျီး ၊ လန်ကျန့် "
" အက်လဲ့! ဒါဆို လန်ကိုကိုလေးလို့ခေါ်လို့ရတာပဲ "
" မခေါ်ရဘူး ။ အဲ့လိုခေါ်တာ   ၊   ယဉ်ကျေးမှုမရှိဘူး "
မျက်လုံးလေး တစ်ချတ်ဝင့်ကာ ပြောလာတဲ့ ကလေးလေးကြောင့် ကိုရင်လေးမှာ အမြန်တားလိုက်ရသည် ။
" ဟွန်း!! ရဘူးဆိုရဘူးပဲ၊ ရှန့်ရှန့်ကတော့ ကိုကိုလေး လို့ပဲခေါ်မယ်နော် "
ကိုရင်ငယ်လေးရဲ့ လက်ကဝတ်ရုံအစလေးကို လက်သေးသေးလေးတွေနဲ့ ဆွဲရမ်းပြီး မျက်လုံးလေးမှိတ်ကာမှိတ်ကာနဲ့  ချွဲနေသော ကလေးလေးကြောင့် ကိုရင်လေးမှာ ဘာမှဆက်မပြောချင်တော့ ။
".....အော်မိထော်ဖော်....."
" ခစ်ခစ် အော်မိတော်တော်..."
လုပ်ပြန်ပြီ ဒီကလေး ။
" ရှန့်လေးရေ!! ရပြီ!! "
ထိုအချိန် အသံဆာဆာနှင့်အတူ တုတ်ထိုးချိုချဉ်တွေကိုင်ကာ ကျောင်းထဲပြေးဝင်လာသော ကျန်းချန်ကြောင့် ရှန့်ရှန့်က ခုံလေးပေါ်က ကုတ်ဖဲ့ ဆင်းပြေးသွားသည် ။ ကိုရင်ငယ်လေး တားမလို့လုပ်ပေမဲ့ မျောက်ပေါက်ကလေးလို သွက်လက်စွာနဲ့ အထစ်အငေါ့မရှိ ဆင်းသွားနိုင်တဲ့ ကလေးပေါက်လေးကြောင့် ကြည့်ရုံသာကြည့်နေလိုက်ရသည် ။
" ရေး.... ဒါကြောင့်ချန်ချန့်ကို များ​ကြီးများကြီး ချစ်နေရတာ မွ မွ "
ပါးနှစ်ဖက်ကို အပြေးလေးလာနမ်းသော ရှန့်လေးကြောင့် ကျန်းချန်မှာ မောပန်းသမျှ ယူပစ်သလို ။ ထို့နောက် ငလည်လေးက ကျန်းချန်လက်ထဲက ချိုချဥ်ချောင်းတွေအကုန်သယ်ချသွားကာ ကျောက်ခုံပေါ်ထိုင်နေဆဲ ဖြစ်သော ကိုရင်ငယ်လေးဆီသို့ လျှောက်သွားတာကြောင့် ကျန်းချန်ဒီဘက်ကပဲကြည့်နေလိုက်သည် ။ ထို့နောက် မထင်ထားစွာ ရှန့်လေးက ချိုချဥ်တစ်ချောင်းအား ကိုရင်ငယ်လေးအား ပေးလိုက်တာကြောင့် ကျန်းချန်မျက်ခုံးပင့်သွားရသည် ။ ငါတို့ရှန့်ရှန့် ဘယ်တုန်းက အဲ့လောက် စေတနာသဒ္ဓါတရားတွေ ထက်သန်လာရတာတုန်း!
" အွင့် ကိုကိုလေး စားလို့ကောင်းတယ် ။  ကိုကိုလေးစားနော် "
" .... "
" ယူပါဆို ။ ကိုကိုလေးကိုရှန့်ရှန့်ပြောပြမယ်...။ ရှန့်ရှန့်တုတ်ထိုးချိုချဉ်ပေးဖူးတာ ကိုကိုလေးက ပထမဆုံးပဲ ။ မငြင်းကောင်းဘူးကိုကိုလေးရဲ့ ။  ငရဲကြီးတတ်တယ် "
ချစ်စရာကောင်းအောင် နှုတ်ခမ်းလေးထော်ကာထော်ကာနဲ့ ပြောနေသော ကလေးလေးကြောင့် ကိုရင်လေးလည်း ယူထားမိသည် ။
မွေးကထဲက ကျောင်းက ဘုန်းတော်ကြီးကျွေးတဲ့ အစားအစာတွေသာ စားဖူးပြီး အပြင်စာတွေသိပ်မစားဖူးတဲ ကိုရင်ငယ်လေးအဖို့ ဒီအနီရောင်ချိုချဥ်လုံးတွေကို ထိုးသီထားတဲ့တုတ်ချောင်းကြီးက အထူးအဆန်းဖြစ်နေသည် ။ ကလေးလေးကတော့ တစ်လုံးပြီးတစ်လုံး ပါးစပ်သေးသေးလေးထဲထည့်ဝါးနေသည်မှာ ပူးကောင်လေးများ အစာဝါးနေသလိုပင် ။ လက်ထဲက ချိုချဥ်ချောင်းလေးကို တစ်ချတ်ကြည့်ပြီး ပါးလေးတွေလုံးထနေအောင် ဝါးနေတဲ့ကလေးလေးကိုကြည့်ကာ ကိုရင်ငယ်လေး မသိလိုက်စွာဖြင့် ညင်သာစွာ ပြုံးလိုက်မိပါသည် ။
" အားချန်ရေ! သားသားရေ!! "
ထိုအချိန်နောက်မှထွက်ပေါ်လာသော အမျိုးသမီးကြီးတစ်ဦးအသံကြောင့် ကိုရင်လေး ကျောက်ခုံပေါ်မှထလိုက်သည် ။ ကလေးလေးကလည်း ထိုအသံကြားသည်နှင့် ကိုရင်လေးကို လှည့်မကြည့်တော့ပဲ ထိုအမျိုးသမီးတို့ဆီ တောက်တောက် တောက်တောက်နဲ့ ပြေးသွားတော့သည် ။
" မေ​မေလာခေါ်နေပြီမလို့ ပြန်တော့မယ်နော် ကိုကိုလေး ။ နောက်နေ့တွေထပ်လာခဲ့မယ် ။  ရှန့်ရှန့်ကိုလွမ်းနေနော် တာ့တာ "
".... "
ပြေးထွက်သွားပြီးကာမှ သူ့ဆီတစ်ချတ်ပြန်လှည့်ကြည့်ကာ ပြောလာတဲ့ ကလေးလေးရဲ့ စကားကြောင့် ကိုရင်ငယ်လေး ထပ်ပြုံးမိပြန်ပါသည် ။ ကလေးလေးက သိပ်ကို စကားတက်ပါလား ။
ထို့​နောက် လက်ထဲက ချိုချဉ်ချောင်းလေးကိုကြည်ပြီး ကလေးလေးက သိပ်ကြိုက်တဲ့အရာတစ်ခုဖြစ်တာကြောင့် သိလိုစိတ်နဲ့ စားကြည့်မိတော့ ချိုမြနေသည့်အရသာက လျှာဖျားထဲစိမ့်ဝင်သွားသည် ။
" ချိုတယ် "
ကလေးလေးက အချိုကြိုက်သည်ထင်သည် ။ စားသွားတာများ ပါးလေးတွေကို ဖူးဖောင်းလို့ ။ ကလေးလေးကြိုက်လည်းကြိုက်လောက်စရာပါပဲ ။ ချိုချဥ်က တကယ်ပဲစားလို့ကောင်းပါသည် ။
က​လေးလေးလည်းပြန်သွားပြီဖြစ်တာမို့ ပန်းခြံထဲက ထွက်မည်အပြု ​ကျောက်ခုံလေးပေါ် အကြည့်ရောက်မိတော့ ကလေးငယ်ရဲ့ ပုဝါဖြူလေးကကျန်နေခဲ့သည်ကို တွေ့ရသည် ။
" နမော်နမဲ့နဲ့ "
ခေါင်းတစ်ချတ်ရမ်း​ပြီး ပုဝါဖြူလေးကို  ဝတ်ရုံထဲသာပြန်ထည့်ပြီး ပန်းခြံထဲက ထွက်လာခဲ့တော့သည် ။ နောက်တစ်ခေါက် ထပ်ဆုံမှ သေချာလေး ပေးလိုက်ပါတော့မည် ။
______________
Thanks for reading 🖤
واصل القراءة
ستعجبك أيضاً
32.4K 4.1K 23
"ကိုယ် .. မင်းကို .. သဘောကျတယ် " ဖွင့်ပြောတဲ့ စကားလုံးလေးကရိုးရိုးရှင်းရှင်းပေမယ့် အချစ်ကိုမခံစားဖူးတဲ့ ကျွန်တော့်အတွက်တော့ ထူးဆန်နေခဲ့ပါသည်။ "ကိုယ်...
467 90 15
අලසකම ගෙවා ගන්න, හිත් සනසන්න අතින් වචන වූ කල්හි...... කවි ලිවීම යනු නොනවතින ඇබ්බැහිවීමකි ❤️❤️ Only short poems Sweet poems Enjoy my works❤️❤️
116K 8.2K 99
OffGun MewGulf Fanfic ❤️
589K 47.3K 35
Sorry For loving you.. ချစ်မ်ိလို့ တောင်းပန်ပါတယ်