Reward[Him From Final Year]
By Aelennar
1.1M 90.8K 10.7K
တစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်.... More
Intro
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-40
Chapter-41
Chapter-42
Chapter-43
Whys
Chapter-45
Chapter-46
Chapter-47
hello
Ending
Reward
Between Us
Extra-1
Extra-2
Extra-3
Extra-4
Extra-5
On His Side
Chapter-39
13.3K 1.4K 591
By Aelennar
"ဆုလာဘ်"
မကောင်း။
ကျွန်တော့်ဆီမလာပါ။
လာစောင့်နေတာ မဟုတ်။စာမေးပွဲဖြေ
လာစောင့်နေမြဲပင်။သူ တစ်ကယ်ပဲ
ဘာဖြစ်ချင်နေတာလဲ။ကျွန်တော်တို့က
စကားလေး ဘာလေး"
အခုပြန်မယ် ရပြီလား"
သဘောတူလိုက်သည်။
ကိုကြည့်နေလျက်သာ။
ကနေ ပါလာသည်။ဆိုင်ကယ်စတန်းကို
သည်အထိ ဘာမှမပြော။
"ဆုလာဘ် နင်"
"ငါ့ကို ဘာမှမပြောနဲ့"
လိုက်ရသည်။
သည်။
______________
စိတ်ထဲမကောင်း။ကျွန်တော့် ညီလေးက
တိုင်းမေးနေတာ။
သူဘာလာလုပ်တာလဲ။ကျွန်တော့်အစ်ကို
မနဲတောင်းပန်နေရသည်။
ပြီးလျှောက်လာနေသည်။သူဒေါသ
သိလိုက်ပြီ။ကိုဇော့်ကား အနား
ကြည့်နေကာ ဘာမှမပြော။အခုအခြေ
နေရတဲ့အခြေအနေ။
သူမူးနေတာပဲ။
"ကိုစစ်ကြောင်း"
ထွက်နေသည့် ပုံနှင့်။
"ဘယ်က ပြန်လာတာလဲ"
သူ့မျက်နှာက တည်နေသည်။သူမူး
လို့မဖြစ်။
ဆင်းလာမှာပဲ။အဲ့ဒီ အခါသူနဲ့ ပြဿနာ
ဖြစ်လိမ့်မည်။
"အဲ့တာဆိုလည်း နောက်မှ။နောက်မှပဲ
လိုက်တော့နော်"
"အသံက မတူတော့ပါလား။ဘာလဲ
မှာကြောက်လို့လား"
"အဲ့လို မဟုတ်ပါဘူး။ကျွန်တော်
နှောင့်ယှက်နေတာလဲ။ကျွန်တော်
အော်လိုက်မိသည်။
ဆုပ်ကိုင်လာသည်။
မလား။ကိုယ်နဲ့ လိုက်ခဲ့"
သွားဖို့လဲ။
ဘယ်ခေါ်သွားမလို့လဲ"
ပုံပေါ်သည်။
ဆင်းလာတယ်ထင်တယ်။
ပိုပြီး ထူပူသွားရသည်။ကိုစစ်ကြောင်း
ထွက်နေပြီ။
ငါလူသတ်မိမယ်"
"မင်း ဘာစကားပြောတာလဲ"
ဆွဲခေါ်သည်။
"ကိုယ်နဲ့ လိုက်ခဲ့"
တာလဲ"
အကျီ င်္ကော်လန်ကို သူကိုင်ဆွဲကာ
ကိုဇော့် အကျီ င်္ကော်လန်ကိုဆွဲကိုင်
ဖြေဖျောက်နေရသည်။ကိုဇော်ကတော့
သည်။
ဆိုတာ ကျွန်တော် သိသည်။
"ဆုလာဘ်"
"မဟုတ်ဘူး ကိုဇော်။သူသောက်ထား
တယ်ထင်တယ်။ဒေါသလည်း ထွက်
"ဆုလာဘ်။မင်း အခုလိုက်သွားရင်
ဘာဖြစ်မလဲ သိတယ်မလား"
"ကျွန်တော် သိတယ်။လုံးဝမလိုက်
သဘောတူလိုက်သည်။
လိုက်သည်။
ဒီလိုတွေလုပ်နေမှာလဲ။ကျွန်တော်တို့က
"ကိုယ်နဲ့ လိုက်ခဲ့"
မရှိတော့ဘူး။ကျွန်တော်တောင်းပန်
ပြန်ပါတော့"
ကျချင်လာသည်။သူမမြင်အောင်
နေရသည်။
မနေနိုင်ဘူး"
"ပျော်လား"
စိုက်ကြည့်နေသည်။ကျွန်တော်သူ့ကို
ရင်မဆိုင်ရဲ။
အခုပြန်ပါတော့"
ခဲ့လိုက်သည်။သူ ကျွန်တော့်ကို မတား
ရသည်။
ထွက်အောင်လုပ်ရတာလဲ။ကျွန်တော်
_______________
လည်းအတော် နက်နေလေပြီ။
လာပြန်တာလဲ။သူမူးနေပြန်ပြီလား။
ဆက်နေတာပင်။
ထိုးပြီး ဆယ်မိနစ်။ဒါ သူမူးနေပြီးအပြင်
စာမေးပွဲ ရှိတယ်လေ။ဒီအချိန်ကြီးသူ
နေလို့မရဘူး။
အကုန်ပြောပြီးပြီလေ။မနက်ဖြန်စာမေးပွဲ
လုပ်နေတာလဲ အခုပြန်"
နေတာလဲ။သူ့ဆီကအရက်နံ့မရဘူး။
"ဆုလာဘ်ဝန်း"
သည်။
စိတ်ပူစရာ မလိုဘူး။ကျွန်တော် အရွယ်
ရောက်နေပြီ။ကျောင်းဆက်တက်ဖို့
ချင်တော့တာ။ခင်ဗျားမျက်နှာလည်း
မမြင်ချင်"
"ခင်ဗျား ဘာလုပ်တာလဲ။ကျွန်တော့်ကို
လွှတ် အခုလွှတ်"
"ခဏပဲ"
ကိုပါ ဖိကပ်လာသည်။ဘာလဲ သူဘာဖြစ်
နေတာလဲ။သူအရင်လို မဟုတ်ဘူး။
လွှတ်ပေးလိုက်သည်။
အလျင်အမြန်ပင်။
"ခဏ"
ရပ်တန့်သွားသည်။ကျွန်တော့်ကို တော့
လှည့်မကြည့်လာပါ။
လှည့်မကြည့်သွားပါ။
အကြည့်မပြတ်နိုင်။
ဘာတွေပြောသွားတာလဲ။မသိရင်
ပြောသွားတာ။
လာအုံးမှာပဲ မလား။ကျွန်တော့်ကို ဘာလို့
_________________
သည်။
သွားရသည်။
ပြန်သွားရတာလဲ။ကျွန်တော့်ဆီ ဘာလို့
မလာရတာလဲ။
"ဆုလာဘ်"
မှမသိဘူး"
"ဘာ တစ်ကယ်လား"
တာပင်။
ပြန်မပြောနိုင်။
အသံတိတ်သွားရသည်။မျက်နှာပျက်
ဘယ်လိုမှ မခံသာ။
အသိပြန်ဝင်သည်။သူကျွန်တော့်ကို
ကောင်းပါတယ်။သူ့ဘဝရှေ့ရေး
အတွက်ပဲ။လူဆိုတာ ကိုယ့်ဘဝ
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Unicode
"ဆုလာဘ်"
ဒီနေ့ဘာသာအတွက် စာမေးပွဲဖြေ
အပြီး အဆောင်အောက်ကိုရောက်မှ
ကျွန်တော်တို့လေးယောက်စုမိကြသည်။
ရည်မွန်က ကျွန်တော့်ကို အရင်နေ့တွေ
ကလိုပဲ ကိုစစ်ကြောင်းတို့စောင့်နေသည့်
ဘက်ကို မသိမသာနဲ့ပြနေပြီး မျက်နှာ
မကောင်း။
ကျွန်တော် သူရှိရာကို တစ်ချက်လှမ်း
ကြည့် လိုက်ပြီးတာနဲ့ ရင်မဆိုင်ရဲစွာ
မျက်နှာအမြန်လွှဲလိုက်သည်။သူလည်း
ကျွန်တော့်ဆီမလာပါ။
ကျွန်တော်တို့ ဖြေရသည့် အဆောင်
တစ်ဖက်လမ်းနားမှာ ရပ်စောင့်နေတဲ့
သူနဲ့ကိုဝဏ္ဏအပြင် ကိုရန်နိုင်ပါပါသည်။
ကိုကျော်ထွန်းကတော့ အစ်မမြတ်ဖြေ
သည့်အဆောင်မှာဖြစ်မည်။သူဒီနေ့မှ
လာစောင့်နေတာ မဟုတ်။စာမေးပွဲဖြေ
သည့်နေတိုင်းပင် ကျွန်တော်အခန်းထဲ
ကထွက်တာနဲ့ ရည်မွန်ကိုလာစောင့်နေ
တဲ့ကိုဝဏ္ဏနဲ့အတူ သူပါအပြင်မှာရှိ
သည်။ကျွန်တော် သူ့ကိုတွေ့တိုင်း
မျက်နှာလွှဲနေသော်လည်း သူကတော့
ကျွန်တော့်ကို အဝေးကနေကြည့်ပြီး
လာစောင့်နေမြဲပင်။သူ တစ်ကယ်ပဲ
ဘာဖြစ်ချင်နေတာလဲ။ကျွန်တော်တို့က
လမ်းခွဲပြီးသား သူတွေမဟုတ်လား။
စာမေးပွဲက နောက်ဆုံးတစ်ဘာသာ
ဖြေဖို့ ကျန်သေးပြီး ကြားထဲမှာ စနေ
တနင်္ဂနွေဖြစ်နေလို့ နှစ်ရက်ပိတ်သည်။
"မေမီ ငါတို့ ပြန်ရအောင်"
မေမီက သူတို့ရပ်နေတဲ့ဘက်ကို
လှမ်းကြည့်ကာ နေရခက်နေသည့်ပုံနှင့်။
"ခဏနေပါအုံးဟာ နင်ကလည်း။
စကားလေး ဘာလေး"
"နင်မပြန်သေးရင်လည်း ငါ့ဘာသာ
တစ်ယောက်ထဲပြန်လိုက်တော့မယ်"
"ဟဲ့နေအုံး နင်ဘာနဲ့ပြန်မှာလဲ။ငါ
အခုပြန်မယ် ရပြီလား"
တစ်ယောက်ထဲ ထွက်သွားဖို့လုပ်နေ
သည့်ကျွန်တော့်ကိုမေမီကပြန်ဆွဲကာ
ဘာမှမပြောချင်တော့သည့် ပုံနှင့်
သဘောတူလိုက်သည်။
ချမ်းမြေ့နဲ့ရည်မွန်ကတော့ ကျွန်တော့်
ကိုကြည့်နေလျက်သာ။
"ရည်မွန် နင်ကိုဝဏ္ဏနဲ့ နင့်အဖေလာ
ကြိုတာစောင့်အုံးမယ်မလား။ချမ်းမြေ့
ရည်မွန်ကို မင်းကူပြီးစောင့်ပေးလိုက်
အုံးနော် အဲ့တာဆိုငါတို့ အရင်ပြန်ပြီ"
သူရပ်နေသည့်ဘက်ကို လုံးဝမကြည့်ပဲ
ဆန့်ကျင်ဘက်ကို ခပ်မြန်မြန်လျှောက်
လာခဲ့ရာ မေမီကလည်းကျွန်တော့်ဘေး
ကနေ ပါလာသည်။ဆိုင်ကယ်စတန်းကို
သွားရာလမ်းတွင် မေမီက ကျွန်တော့်
ဘေးမှာပါလာလျက်သာ တခဏကြာ
သည်အထိ ဘာမှမပြော။
"ဆုလာဘ် နင်"
"ငါ့ကို ဘာမှမပြောနဲ့"
မေမီမျက်နှာတည်ပြီး ခြေလှမ်းတွေ
ရပ်လိုက်ချိန် ကျွန်တော်ပါလိုက်ရပ်
လိုက်ရသည်။
မေမီကျွန်တော့်ကို တစ်ခါမှဒီလိုမကြည့်ဖူးခဲ့။
"အေ ငါလည်း ဘာမှမပြောချင်တော့ဘူး။
နင်ပြတ်နိုင်ရင် ပြီးတာပဲ။ဒါပေမဲ့ နင့်
အကြောင်းသိနေတော့ ငါတစ်ခုပဲပြော
ချင်တယ် နင်နောက်မှ နောင်တမရစေနဲ့"
ရပ်နေတဲ့ နေရာမှာပဲ ဘာမှဆက်မပြော
နိုင်တော့တဲ့ ကျွန်တော့်ကိုမေမီ မျက်နှာ
လွှဲကာအရှေ့ကနေ လျှောက်သွားတော့
သည်။
ကျွန်တော်လည်း ရင်ထဲမကောင်းစွာနဲ့
ကျန်ခဲ့ရင်းသာ ဘာမှမတွေးနိုင်တော့ပါ။
နောင်တလား။ကျွန်တော် သေချာမသိဘူး။
______________
"အငယ်ကောင် သက်သာတယ်မလား။
အရင်လို ပြန်ဖြစ်နေပြီလား"
"ဟုတ် စကားပြန်ပြောပြီး ထမင်းတော့
ကျွေးတာနဲ့ပြန်စားနေပြီ။အရင်လို ပြန်
ဆော့ဖို့တော့ အချိန်ယူရအုံးမယ်ထင်
တယ်။သူသတိရတိုင်းအဖေ့ကိုပဲ မေးနေတာ"
ကားမောင်းနေတဲ့ ကိုဇော်ကို ဘေးက
နေတစ်ချက်ကြည့်ကာပြုံးပြပြီး ဖြေရင်း
စိတ်ထဲမကောင်း။ကျွန်တော့် ညီလေးက
တစ်ကယ်ပဲ အဖေ့ကိုသတိရတိုင်း အချိန်
တိုင်းမေးနေတာ။
ဒီနေ့ ညနေဘက် ကိုဇော်အားတဲ့
အချိန် ခဏလေး ကျွန်တော်တို့
အငယ်လေးအတွက် မရှိမဖြစ်မုန့်တွေနဲ့
အိမ်မှာလို အပ်တာတွေ သွားဝယ်တာ။
ဒါတွေ ကိုဇော်ပဲလိုက်ပို့ပြီး ဝယ်ပေးတာ။
ကျွန်တော့်အစ်ကိုကို အားနာပေမဲ့ ကျွန်
တော် ဘယ်လိုလုပ်ရမလဲ လက်ရှိအဆင်
မပြေသေးလို့ ကျောင်းပိတ်တဲ့အချိန်
အလုပ်လုပ်မှ ကျွန်တော့်အစ်ကိုကို
အကုန်လုံး ပြန်ဆပ်ရမည်။
ကျွန်တော့်အိမ်လမ်းကို ကိုဇော့်ကား
ကွေ့ဝင်လာတဲ့အချိန် အိမ်ရှေ့မှာ
ကိုစစ်ကြောင်းကားရပ်ထားသည်ကိုတွေ့
လိုက်ရသည်။ကျွန်တော့်ရင်ထဲ ထိတ်ခနဲ။
သူဘာလာလုပ်တာလဲ။ကျွန်တော့်အစ်ကို
ရှိနေတာ ပြဿနာဖြစ်ကြရင်ဘယ်လို
လုပ်မလဲ။သူအခုချိန် ကျွန်တော့်အစ်ကိုကို
လုံးဝကြည်နေတာ မဟုတ်ဘူး။
သူ့ကားကို တွေ့သည်နှင့် ကိုဇော့်မျက်နှာ
ကလည်း တည်တင်းသွားလေပြီ။
ကိုဇော် ကားရပ်တာနဲ့ တစ်ခုခုဖြစ်မှာ
ကြောက်လို့ ကျွန်တော်ကိုဇော့်ကို
ဘာပဲဖြစ်ဖြစ် ကားပေါ်က လုံးဝမဆင်းဖို့
မနဲတောင်းပန်နေရသည်။
တစ်ဖက်မှာရပ်ထားတဲ့ သူ့ကားပေါ်ကနေ
ဆင်းလာပြီး ကိုစစ်ကြောင်းကျွန်တော့်
တို့ဆီလာနေတာတွေ့တာနဲ့ ထိတ်လန့်
ကာကျွန်တော့်ဘက်က ကားတံခါးကို
ဖွင့်ပြီး အမြန်ပင်ဆင်းလာခဲ့လိုက်ရသည်။
ကျွန်တော် တော်တော်လေးကြောက်
နေပြီ။
သူက ကျွန်တော်ဆင်းလာတာ မြင်
သော်လည်းကိုဇော့်ကားကိုသာ ကြည့်
ပြီးလျှောက်လာနေသည်။သူဒေါသ
ထွက်နေပြီဆိုတာ ကျွန်တော် ချက်ချင်း
သိလိုက်ပြီ။ကိုဇော့်ကား အနား
ကနေ အမြန်ခွာပြီး ကျွန်တော်တို့ဆီ
လျှောက်လာနေသည့်သူအနားအမြန်
သွားကာ အရှေ့မှာပိတ်ရပ်ပြီး သူ့လက်
ကိုအတင်းဆွဲပြီး ဘာပြဿနာမှ မဖြစ်
အောင် သူ့ကားရပ်ထားတဲ့ဆီ မနဲ ပြန်
ဆွဲခေါ်လာခဲ့လိုက်ရသည်။
သူကကျွန်တော့် ကို ငုံ့မိုးလျက် စိုက်
ကြည့်နေကာ ဘာမှမပြော။အခုအခြေ
အနေကို ပြဿနာဖြစ်မှာကျွန်တော်
ကြောက်လွန်းလို့ သူ့ကိုရဲရဲမကြည့်ရဲပဲ
လက်တွေပါအေးစက်လာရသည်။
ခပ်လှမ်းလှမ်းမှာရပ်ထားတဲ့ ကိုဇော့်
ကားကို ကျောခိုင်းပြီး သူခြေတစ်လှမ်းမှ
မတိုးအောင် ကျွန်တော်ကသူ့ရှေ့မှာ
လက်တစ်ကာကာနဲ့ရပ်ကာ စကားပြော
နေရတဲ့အခြေအနေ။
သူနဲ့ ကျွန်တော်နီးကပ်လွန်းနေတဲ့
အနေအထားမှာ သူ့ဆီက အရက်နံ့
တစ်ချို့ကိုရလိုက်တာနဲ့ ကျွန်တော်ပိုပြီး
တုန်လှုန့်ကာ ထူပူသွားရသည်။
သူမူးနေတာပဲ။
"ကိုစစ်ကြောင်း"
သူ့ကို ကျွန်တော်မော့ကြည့်လိုက်
သော်လည်း သူက ကျွန်တော့်ကို ဒေါသ
ထွက်နေသည့် ပုံနှင့်။
"ဘယ်က ပြန်လာတာလဲ"
"ဒီလိုပဲ သွားစရာလေးရှိလို့ ကျွန်တော့်
အစ်ကိုက လိုက်ပို့ပေးတာ။ခင်ဗျား
ဘာပြောစရာရှိလို့ ကျွန်တော့်ဆီလာတာလဲ"
"ပြောစရာရှိမှ မင်းဆီလာရမှာလား"
သူ့မျက်နှာက တည်နေသည်။သူမူး
နေပြီး ဒေါသထွက်နေတာ သေချာပြီမို့
ကျွန်တော် ပြဿနာပိုကြီး အောင်လုပ်
လို့မဖြစ်။
ကိုဇော်က ကားထဲကနေ ကျွန်တော်
တို့ကို အခြေအနေကြည့်နေလိမ့်မည်။
သူနဲ့ကျွန်တော် စကားများနေကြတာ
မြင်ရင် ကိုဇော် ကျွန်တော့်ကို စိတ်ပူပြီး
ဆင်းလာမှာပဲ။အဲ့ဒီ အခါသူနဲ့ ပြဿနာ
ဖြစ်လိမ့်မည်။
"အဲ့တာဆိုလည်း နောက်မှ။နောက်မှပဲ
ကျွန်တော်တို့ စကားအေးဆေးပြောရ
အောင်။ကျေးဇူးပြုပြီး ခင်ဗျား အခုပြန်
လိုက်တော့နော်"
စိုးရိမ် စိတ်တွေ များစွာနှင့် ကျွန်တော်
ထူပူပြီး သူ့ကို တောင်းပန်နေသော်
လည်း သူကကျွန်တော့်ကို အေးစက်
ကာသာ စိုက်ကြည့်လို့နေသည်။
"အသံက မတူတော့ပါလား။ဘာလဲ
မင်းအစ်ကိုကို ကိုယ်တစ်ခုခုလုပ်လိုက်
မှာကြောက်လို့လား"
"အဲ့လို မဟုတ်ပါဘူး။ကျွန်တော်
တစ်ကယ် တောင်းပန်ပါတယ် ခင်ဗျား
ပြန်ပါတော့။ကျွန်တော်တို့က လမ်းခွဲပြီး
ခဲ့ကြပြီးပြီပဲ ခင်ဗျား ကျွန်တော့်ကို
ဘာလို့တစ်နေ့ပြီး တစ်နေ့ လိုက်
နှောင့်ယှက်နေတာလဲ။ကျွန်တော်
တစ်ကယ် စိတ်ပင်ပန်းနေပြီ"
သူ့နဲ့ အကြည့်ချင်းဆုံရင်း တောင်းပန်
ကာပြောနေရင်းပင် ကျွန်တော် စိတ်တွေ
ပင်ပန်းလွန်းစွာနဲ့ နှစ်ယောက်ထဲကြားရုံ
အော်လိုက်မိသည်။
သူက ကျွန်တော့်ကို ငုံ့မိုး၍စိုက်ကြည့်
နေရင်းသာ ကျွန်တော့် ပုခုံးနှစ်ဖက်ကို
ဆုပ်ကိုင်လာသည်။
"ကိုယ် လိုက်နှောက်ယှက်နေတာကိုပဲ
မင်းသိလား။မင်းကြောင့် ကိုယ်ဘာဖြစ်
နေပြီလဲဆိုတာကိုရော မင်းမမြင်ဘူးလား"
ကျွန်တော့် ပုခုံးနှစ်ဖက်ကို သူ့လက်
တွေနဲ့ကိုင်လှုပ်ပြီး ပြောနေသူကို
ရင်မဆိုင်ရဲစွာနှင့် ကျွန်တော်ရုန်းနေသော်
လည်း သူကလုံးဝမလွှတ်ပေး။
ကျွန်တော် ရုန်းလေ သူအကြည့်တွေက
ဒေါသတွေအဖြစ် ပြောင်းလဲလေ။
"မင်းအစ်ကိုနဲ့ ပြဿနာမဖြစ်စေချင်ဘူး
မလား။ကိုယ်နဲ့ လိုက်ခဲ့"
ရုတ်တရက် သူကျွန်တော့်လက်တစ်ဖက်
ကိုဆွဲ ကိုင်လာကာသူ့ကားပေါ်တက်ဖို့
ကျွန်တော့်ကိုပြောနေသည်။သူဘာတွေ
လုပ်နေတာလဲ ကျွန်တော့်ကို ဘယ်ခေါ်
သွားဖို့လဲ။
ရပ်နေရာကနေ အသိစိတ်ဝင်လာတဲ့
အချိန် အထိတ်တစ်လန့်နဲ့ သူ့ကိုကြောက်
ပြီး အမြန်ပင်ရုန်းရသည်။
"မလိုက်ဘူး ခင်ဗျား ကျွန်တော့်ကို
ဘယ်ခေါ်သွားမလို့လဲ"
"စကားပြောစရာ ရှိလို့ ခဏပဲ လိုက်ခဲ့"
"မလိုက်ဘူး ကိုစစ်ကြောင်း ကျွန်တော်
မလိုက်ဘူးလို့ပြောနေတယ်လေ"
ကျွန်တော့်လက်ကို ကိုင်ဆွဲပြီး သူ့
ကားပေါ်တက်ခိုင်းဖို့လုပ်နေတော့
ကြောက်လန့်ပြီးအတင်းရုန်းနေပေမဲ့
သူကျွန်တော့်ကို လုံးဝမလွှတ်ပေး။
သူက ဒေါသထွက်နေပြီး ကျွန်တော့်ကို
ခေါ်သွားဖို့သာ စိတ်ထဲမှာရှိနေသည့်
ပုံပေါ်သည်။
ကျွန်တော် သူ့ကိုအရမ်းကြောက်နေပြီ။
သူ အခုချိန်အရက်မူးနေပြီး လုပ်ချင်ရာ
လုပ်နေတာ အသိစိတ်ရောရှိသေးရဲ့လား။
"မင်းငါ့ညီကို စကားအေးဆေးပြောလို့
မရဘူးလား။ပတ်ဝန်းကျင် ဆိုတာရှိတယ်"
ကျွန်တော့်လက်ကို သူအတင်းကိုင်
ဆွဲထားသည့် အခြေအနေမှာ ကျွန်တော်
တို့အနားရောက်လာတာက ကိုဇော်။
ကိုဇော် အခြေအနေကြည့်နေရာကနေ
ကျွန်တော့်ကို စိတ်ပူပြီးကားပေါ်က
ဆင်းလာတယ်ထင်တယ်။
ကျွန်တော်ဘာလုပ်ရမှန်း မသိအောင်
ပိုပြီး ထူပူသွားရသည်။ကိုစစ်ကြောင်း
က ကြောက်စရာကောင်းလောက်အောင်
ကျွန်တော်နဲ့ ကိုဇော်ကိုကြည့်ပြီး ဒေါသ
ထွက်နေပြီ။
"အဲ့ကောင်ကို သွားခိုင်း။မဟုတ်ရင်
ငါလူသတ်မိမယ်"
"မင်း ဘာစကားပြောတာလဲ"
ကိုဇော့်ကို သူက ဂရုမစိုက်ပဲ ကျွန်တော့်
လက်ကိုပို၍ ကိုင်ဆွဲကာ သူ့အနား
ဆွဲခေါ်သည်။
"ကိုယ်နဲ့ လိုက်ခဲ့"
"ကျွန်တော် ခင်ဗျားနဲ့ မလိုက်ဘူး"
"ငါ့ညီက မလိုက်ဘူးလို့ ပြောနေတယ်
လေ။မင်း ဘာလို့အတင်းအကြပ်ခေါ်နေ
တာလဲ"
"မင်း ပါးစပ်ကိုပိတ်ထား"
ကျွန်တော် တားပေမဲ့မမှီတော့။ကိုဇော့်
အကျီ ၤကော်လန်ကို သူကိုင်ဆွဲကာ
လက်သီးပြင်ပြီးထိုးမလို့လုပ်နေလေပြီ။
"ကိုစစ်ကြောင်း ခင်ဗျား မလုပ်နဲ့"
ရုတ်တရက် အစ်ကိုကို ပူပင်တဲ့ စိတ်နဲ့
ထူပူကာ ကိုဇော်အရှေ့ကနေပြေးဝင်ပြီး
ကာလိုက်တော့ သူကျွန်တော့်ကို စိုက်
ကြည့်လာပြီး ရပ်တန့်သွားသည်။
"ကျွန်တော် တောင်းပန်တယ်။ကျွန်တော်
ခင်ဗျားကို အနူးအညွှတ် တောင်းပန်ပါတယ်"
ကိုဇော့် အရှေ့ကနေ ကာပြီး သူ့ကို
မလုပ်ဖို့ ခေါင်းခါကာ မျက်ရည်ဝဲပြီး
တောင်းပန်နေတော့ သူ့ကျွန်တော့်
မျက်နှာကို ကြည့်နေလျက်သာ
ကိုဇော့် အကျီ ၤကော်လန်ကိုဆွဲကိုင်
ထားရာကနေ လွှတ်ပေးလိုက်သည်။
သူလွှတ်ပေးလိုက်တာနဲ့ ချက်ချင်း
ကျွန်တော် ကိုဇော့်ကို ခြံတံခါးအနားဆွဲ
ခေါ်လာကာ ရင်တွေအဆမတန်တုန်
နေပြီး လက်တွေပါအေးစက်နေသည်ကို
ဖြေဖျောက်နေရသည်။ကိုဇော်ကတော့
ကျွန်တော့်ကို စိတ်ပူနေပြီးသာကြည့်နေ
သည်။
ဒီအခြေအနေကို ကိုဇော် ကျွန်တော့်ကို
စိတ်ပူလို့ ဝင်ထိန်းပေးလိုက်သည်
ဆိုတာ ကျွန်တော် သိသည်။
"ဆုလာဘ်"
"မဟုတ်ဘူး ကိုဇော်။သူသောက်ထား
တယ်ထင်တယ်။ဒေါသလည်း ထွက်
နေလို့။ကျွန်တော် ပြောလိုက်မယ်
သူ့ကို အခုပြန်ခိုင်းလိုက်မယ်။
ကိုဇော် အိမ်ထဲဝင်နေလိုက် "
ကိုဇော်က ကျွန်တော့်ကို စိုးရိမ်နေပြီး
ဆက်မပြောစေချင်သည့်ပုံနှင့်။
"ဆုလာဘ်။မင်း အခုလိုက်သွားရင်
ဘာဖြစ်မလဲ သိတယ်မလား"
"ကျွန်တော် သိတယ်။လုံးဝမလိုက်
သွားဘူး စိတ်ချ။သူ့ကို ရအောင်ပြောပြီး
ပြန်ခိုင်းလိုက်မယ် ကျွန်တော့်ကိုယုံ"
တောင်းပန်ကာ ပြောလိုက်တော့ကိုဇော်
ကျွန်တော့်ကို ကြည့်နေရင်းသာ
သဘောတူလိုက်သည်။
"ကိုယ် အိမ်ထဲမှာစောင့်နေမယ်"
ကိုဇော် အိမ်ထဲဝင်သွားနဲ့ သူ့ကို
လှည့်ကြည့်တော့ သူက ကားကို
မှီပြီး ရပ်နေကာ ကျွန်တော့်ကိုစောင့်နေ
သည်။သူနဲ့လိုက်ခဲ့ဖို့ပဲ ပြောနေတာ
ကျွန်တော် အခုချိန်လိုက်သွားလိုက်ရင်
သူဘယ်တော့မှ ပြန်ပို့တော့မှာ မဟုတ်
ဘူးဆိုတာ ကျွန်တော်သိသည်။သူမူးနေ
လို့ သူ့စိတ်တွေ အခုပုံမှန်မဟုတ်နေဘူး။
အသက်ကိုဝဝရှုလိုက်ပြီး ကြောက်နေ
သည့်စိတ်ကို ထိန်းကာ သူ့ဆီ အမြန်ပြန်
သွားလိုက်ရင်း သူ့ရှေ့ခြေလှမ်းတွေရပ်
လိုက်သည်။
"ကိုစစ်ကြောင်း ကျွန်တော် တစ်ကယ်
တောင်းပန်ပါတယ်။ခင်ဗျား ကျွန်တော့်ကို
လွတ်လပ်ခွင့်ပေးလို့မရဘူးလား။ဘယ်
အချိန်ထိ ကျွန်တော့်အနောက်ကိုလိုက်ပြီး
ဒီလိုတွေလုပ်နေမှာလဲ။ကျွန်တော်တို့က
လမ်းခွဲပြီးသား သူတွေလေ"
သူက ခုန ကဒေါသထွက်နေသည်နှင့်
ခြားနားစွာ ကားကိုမှီရပ်ပြီး ကျွန်တော့်
ကိုကြည့်နေလျက်သာ ငြိမ်သက်နေသည်။
သူ့ကို ဒီလိုပုံနဲ့ မြင်ရတာ ကျွန်တော်
လည်းစိတ်ထဲ ဘယ်လိုမှ မကောင်းပါ။
ဒီလိုမျိုး မူးနေတိုင်းသာကျွန်တော့်ဆီ
ရောက်လာမယ်ဆိုရင် ရေရှည်သူရော
ကျွန်တော်ရော အဆင်မပြေဘူး။
ကျွန်တော် ဘယ်လိုပြောမှ သူကျွန်တော့်
ကို လက်လွှတ်နိုင်မှာလဲ။
"ခင်ဗျား မူးနေပြီ ပြန်လိုက်တော့နော်"
သူ့ကို မျက်နှာမကောင်းကာ ပြောတော့
သူက ကျွန်တော့်ကို ငုံ့မိုးလျက်။
"ကိုယ်နဲ့ လိုက်ခဲ့"
"မလိုက်ဘူး ကျွန်တော် ခင်ဗျားနဲ့
ဆက်ပြီး ပတ်သက်စရာ အကြောင်း
မရှိတော့ဘူး။ကျွန်တော်တောင်းပန်
တယ် ခင်ဗျားကျွန်တော့်ကိုသနားရင်
ပြန်ပါတော့"
သူ့ကို အော်ဟစ်နေရင်းပင် ဘယ်လိုမှ
မထိန်းနိုင်တော့တာမို့ မျက်ရည်တွေက
ကျချင်လာသည်။သူမမြင်အောင်
အကြည့်လွှဲပြီး အလျင်အမြန်သုတ်ဖယ်
လျက် အသက်ရှုရခက်နေသည်ကိုပင်
သူ့ရှေ့ မျက်နှာမပျက်အောင် မနဲကြိုးစား
နေရသည်။
"ကိုယ်မင်းကို မပြတ်နိုင်ဘူး။လာမတွေ့ပဲ
မနေနိုင်ဘူး"
"အဲ့တာ ခင်ဗျား အပိုင်းလို့ ကျွန်တော်
ပြောပြီးပြီလေ။ကျွန်တော့်ကို ဒီထက်ပိုပြီး"
"ပျော်လား"
သူက ကျွန်တော့်ကို ငုံ့မိုးပြီး တစ်ချက်
လေးမှအကြည့်မလွှဲစတမ်း နင့်သည်းစွာ
စိုက်ကြည့်နေသည်။ကျွန်တော်သူ့ကို
ရင်မဆိုင်ရဲ။
သူအရှေ့တိုးလာလေ သူ့ကိုကြောက်ပြီး
ကျွန်တော့်ခြေလှမ်းတွေ အယောင်ယောင်
အမှားမှားနဲ့ အနောက်ဆုတ်မိလေ။
"ကိုယ်မရှိပဲ နေရတာ ပျော်လား"
"ပျော်တယ် အရမ်းပျော်တယ်။ခင်ဗျား
ထက်စာရင် ကျွန်တော့် အစ်ကိုနဲ့အတူ
ရှိနေရတာ ပိုပြီးပျော်တယ်။ခင်ဗျားကြား
ချင်တာ အဲ့တာမလား အခုကျေနပ်ပြီ
လား။ခင်ဗျား ကျွန်တော်အိမ်ရှေ့ကနေ
အခုပြန်ပါတော့"
သူ့ကိုမျက်လုံးတွေပိတ်တော့မတတ်
အော်ဟစ်ခဲ့ပြီး ရင်မဆိုင်ရဲတော့စွာ
ပြေးထွက်လာခဲ့လျက် ခြံထဲကိုဝင်လာ
ခဲ့လိုက်သည်။သူ ကျွန်တော့်ကို မတား
တော့ပါ။ခြံတံခါးကို ပိတ်ပစ်ပြီး သူ့ကို
ကျောခိုင်းပစ်လိုက်တဲ့ အချိန် ရင်ဘတ်
ထဲနေရခက်လွန်းစွာ အသက်ကိုမနဲရှုနေ
ရသည်။
ကျွန်တော့်ကို ဘာလို့ဒီလောက်ထိ ပြော
ထွက်အောင်လုပ်ရတာလဲ။ကျွန်တော်
ဘယ်လောက်ထိပြောမှ သူနာမှာလဲ။
ကျွန်တော် တောင်းပန်ပါတယ်။ခင်ဗျား
အနားမှာမနေချင်တော့တဲ့ ကျွန်တော့်ကို
လွတ်လပ်ခွင့်ပေးပါတော့။
_______________
မနက်ဖြန်နောက်ဆုံး ဖြေရမဲ့ဘာသာ
အတွက် အဆင်သင့်ဖြစ်ပြီးချိန် ညက
လည်းအတော် နက်နေလေပြီ။
စားပွဲပေါ်က စာအုပ်တွေကိုသိမ်းလိုက်ပြီး
အိပ်ပျော်နေတဲ့ ကျွန်တော့်ညီလေးကို
လှမ်းကြည့်တော့ အငယ်လေးက နှစ်နှစ်
ခြိုက်ခြိုက်ကိုအိပ်ပျော်နေတာ။အဖေ
မရှိတော့ထဲက ကျွန်တော့်ညီလေးကို
ကျွန်တော့်အခန်းမှာပဲ ပေးအိပ်ဖြစ်တယ်။
အငယ်လေးအနားကိုသွားပြီးစောင်ကို
သေချာပြန်ခြုံပေးရင်း ကျွန်တော်လည်း
စာကြည့်မီးကိုမှိတ်ကာ အိပ်တော့မလို့
ပြင်နေတုန်း အိမ်နားမှာ ကိုစစ်ကြောင်း
ရဲ့ကားသံကိုကြားလိုက်ရသည်။မဟုတ်
ဘူးလေ ဒီအချိန်ကြီးသူ ဘယ်လိုရောက်
လာပြန်တာလဲ။သူမူးနေပြန်ပြီလား။
စိတ်တွေပင်ပန်းလွန်းစွာနဲ့ သက်ပြင်းချ
လိုက်မိတုန်း တစ်ဆက်ထဲ ဖုန်းသံကြား
လို့ယူကြည့်လိုက်တော့ ကိုစစ်ကြောင်း
ဆက်နေတာပင်။
အချိန်ကိုကြည့်လိုက်တော့ ဆယ့်နှစ်နာရီ
ထိုးပြီး ဆယ်မိနစ်။ဒါ သူမူးနေပြီးအပြင်
ထွက်ရမဲ့အချိန်မဟုတ်ဘူး။မနက်ဖြန်
စာမေးပွဲ ရှိတယ်လေ။ဒီအချိန်ကြီးသူ
ကျွန်တော့်ဆီ ဘာလာလုပ်တာလဲ။
စိတ်ထဲက မတင်မကျနဲ့ ဖုန်းကိုမကိုင်
တော့ပဲထားခဲ့ကာ အနွေးထည်ကောက်
ဝတ်ပြီး အိမ်အပြင်ကိုအမြန်ထွက်ခဲ့ရ
သည်။ဒီတစ်ခါတော့ မတွေ့ချင်တာတွေ
ကို ခဏထားပြီးသူ့ကို စိုးရိမ်တဲ့စိတ်နဲ့
ပါ။မနက်ဖြန်စာမေးပွဲရှိတယ် သူဒီလိုဖြစ်
နေလို့မရဘူး။
ခြံတံခါးကိုဖွင့်ပြီး အပြင်ရောက်တော့
ကားကိုမှီပြီးရပ်နေသည့်သူကိုတွေ့သည်။
ညနက်လွန်းနေသည့် အမှောင်က
တစ်ဖက်အိမ်ရဲ့ခြံတံတိုင်းက မီးအလင်း
ရောင်ကြောင့်သာကျွန်တော့်အိမ်ရှေ့က
အနည်းငယ် ထွန်းလင်းနေတာ။
သူက ကျွန်တော်ထွက်လာတာတွေ့
သော်လည်း ကားကိုမှီကာ ကျွန်တော့်ကို
မကြည့်လာပဲ ဒီအတိုင်းရပ်နေသည်။
သူ ဒီအချိန်ကြီး အရက်သောက်လာ
ပြန်ပြီလား။ညကြီးမိုးချုပ် ဒီအချိန်ကြီး
အိမ်ရှေ့ရောက်လာတဲ့သူကို စိုးရိမ်ရင်း
စိတ်ကလည်းတိုနေသည်မို့ သူ့အနားကို
အမြန်လျှောက် သွားရသည်။
"ခင်ဗျား ကျွန်တော့်ဆီ ဘာလာလုပ်
ပြန်ပြီလဲ။ခင်ဗျားကို ကျွန်တော် စကား
အကုန်ပြောပြီးပြီလေ။မနက်ဖြန်စာမေးပွဲ
ရှိတာ ခင်ဗျားဒီအချိန်ထိ အပြင်မှာဘာ
လုပ်နေတာလဲ အခုပြန်"
သူ့အရှေ့မှာ ရပ်ပြီးနှစ်ယောက်ထဲကြားရုံ
အော်ဟစ်လိုက်သော်လည်း သူကငြိမ်နေ
လျက်သာ တစ်ခဏအကြာမှ ကျွန်တော့်
ကိုအကြည့်ချင်းဆုံလာသည်။သူဘာဖြစ်
နေတာလဲ။သူ့ဆီကအရက်နံ့မရဘူး။
"ဆုလာဘ်ဝန်း"
ကျွန်တော့်ကို ဒီအတိုင်းသာကြည့်နေ
သည်။
သူ့အကြည့်တွေက အရင်ကနဲ့မတူ။
"ကိုယ် မင်းအနားမှာမရှိလည်း
ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်မှာလား"
"ကိုယ့်ကိုကိုယ် ဂရုမစိုက်နိုင်ရအောင်
ကျွန်တော်က ကလေးမဟုတ်ဘူး"
"ရှေ့ဆက် ဘယ်လိုနေမှာလဲ"
သူ့အကြည့်တွေက တည်ငြိမ်နေသည်။
မသိရင် အသိမိတ်ဆွေတစ်ယောက်နဲ့
စကားပြောနေသည့်ပုံလို။အဖေမရှိတော့
ဘူး ဆိုတော့ ကျွန်တော်ရှေ့ဆက်ပြီး
နေထိုင်ဖို့အရေးကို သူစိတ်ပူနေတာလား။
"ကျွန်တော့် အတွက် ခင်ဗျားဘာမှ
စိတ်ပူစရာ မလိုဘူး။ကျွန်တော် အရွယ်
ရောက်နေပြီ။ကျောင်းဆက်တက်ဖို့
လည်း ကျွန်တော့်မှာ အားကိုးရမဲ့
ကျွန်တော့်အစ်ကို တစ်ယောက်လုံး
ရှိတယ်။ခင်ဗျားအကူအညီဘာတစ်ခုမှ
မလိုဘူး။ခင်ဗျားနဲ့ လုံးဝကိုမပတ်သတ်
ချင်တော့တာ။ခင်ဗျားမျက်နှာလည်း
မမြင်ချင်ဘူး ခင်ဗျားအသံလည်းမကြား
ချင်ဘူး။ခင်ဗျားကို နောက်ထပ် လုံးဝ
မမြင်ချင်"
သူ့ကို အော်ဟစ်နေတဲ့ စကားမဆုံး
ခင်ပင် သူကရုတ်တရက်ခြေလှမ်းတွေ
အရှေ့တိုးလာပြီး ကျွန်တော့်ကိုသူ့ရင်ခွင်
ထဲထည့်ကာ ပွေ့ဖက်လိုက်သည်။
ရုန်းဖယ်နေသော်လည်း သူကပို၍
တင်းကြပ်စွာဖက်လိုက်ပြီး လုံးဝမလွှတ်ပေး။
"ခင်ဗျား ဘာလုပ်တာလဲ။ကျွန်တော့်ကို
လွှတ် အခုလွှတ်"
ကျွန်တော် အတင်းရုန်းနေသည်ကို
သူကမလွှတ်ပေးပဲ ဖက်ထားလျက်သာ။
"ခဏပဲ"
ကျွန်တော့် နားသယ်စပ်နားကို သူဖိကပ်
လာပြီး ခေါင်းကိုအုပ်ကိုင်ကာ ဆံပင်တွေ
ကိုပါ ဖိကပ်လာသည်။ဘာလဲ သူဘာဖြစ်
နေတာလဲ။သူအရင်လို မဟုတ်ဘူး။
ကျွန်တော် ငြိမ်ကျသွားချိန် သူကျွန်တော့်
ကိုပိုတိုး၍ဖက်ပြီး ဒီအတိုင်းပဲနေနေသည်။
မသိရင် အကြာကြီးမတွေ့ရတော့မဲ့သူ
တွေလို နှုတ်ဆက်နေကြတဲ့သူတွေလိုမျိုး။
"လိမ်လိမ်မာမာနေ ကိုယ့်ကိုကိုယ်
ဂရုစိုက်နိုင်မယ်ဆိုရင် စိတ်ချပြီ"
သူ့စကားကို နားမလည်နိုင်ဖြစ်နေ
တုန်းပင် ကျွန်တော့် ကိုဖက်ထားရာကနေ
လွှတ်ပေးလိုက်သည်။
ကျွန်တော့်ကိုလွှတ်ပေးပြီးတာနဲ့
ကျောခိုင်းကာ ကားတံခါးကိုဖွင့်ပြီး
ထွက်သွားဖို့လုပ်နေသည်မို့ စိုးရိမ်ပြီး
အလျင်အမြန်ပင်။
"ခဏ"
ကားတံခါးကို ဖွင့်နေသည့်သူ့ရဲ့လက်တွေ
ရပ်တန့်သွားသည်။ကျွန်တော့်ကို တော့
လှည့်မကြည့်လာပါ။
"ခင်ဗျား ကျ ကျွန်တော့်ကိုပေးထားတဲ့
ပစ္စည်းတွေ တစ်ခါထဲ အကုန်ပြန်ယူသွား"
မေးချင်တာကတစ်ခြား ပြောလိုက်မိ
တာက တစ်ခြား သူ့ရဲ့ပြောင်းလဲမှုကို
ကျွန်တော် လက်မခံနိုင်သေးပါ။
သူက ကားတံခါးကို ကိုင်ထားလျက်သာ
တစ်ခဏငြိမ်သက်သွားသည်။
"မလိုချင်ရင် လွှင့်ပစ်လိုက်"
ပြောပြီးတာနဲ့ ကားထဲဝင်ကာ တံခါး
ပိတ်ပြီးချက်ချင်း အရှိန်ပြင်းပြင်းနဲ့
မောင်းထွက်သွားတဲ့ သူက ကျွန်တော့်ကို
လှည့်မကြည့်သွားပါ။
တိတ်ဆိတ်လွန်းနေတဲ့ညအချိန်မှာ
သူ့ကားအသံက ကျွန်တော်ရှိရာနဲ့
တစ်ဖြည်းဖြည်းဝေးကွာ သွားသည်။
ကျန်ခဲ့သည့် နေရာမှာပဲ ကျွန်တော်
ကြောင်အကာ အတော်ကြာရပ်နေဆဲ
ဖြစ်ပြီး သူထွက်သွားရာ လမ်းကိုပဲ
အကြည့်မပြတ်နိုင်။
မနက်ဖြန်စာမေးပွဲရှိတာ ညကြီးအချိန်
မတော်အိမ်ရှေ့ရောက် လာပြီး သူ
ဘာတွေပြောသွားတာလဲ။မသိရင်
ကျွန်တော့်ကို လာနှုတ်ဆက်နေသလိုနဲ့
ပြောသွားတာ။
ပြီးရင် ကျွန်တော်ဘယ်လိုပြောပြော
နောက်နေ့ ကျွန်တော့်ရှေ့ ထပ်ရောက်
လာအုံးမှာပဲ မလား။ကျွန်တော့်ကို ဘာလို့
ထူးထူးဆန်းဆန်းတွေ နှုတ်ဆက်နေ
သလိုမျိုး ပြောသွားရတာလဲ။
_________________
စာမေးပွဲ နောက်ဆုံးနေ့။
အဆောင်ထဲက ထွက်လာလာချင်း
မသိစိတ်ကအလိုလို လူတွေကြားထဲ
သူ့ကိုရှာမိနေပေမဲ့ အရင်နေ့တွေလို
အရိပ်အယောင်တောင်မတွေ့။ကိုဝဏ္ဏနဲ့
ရည်မွန်ကတော့ အတူတူရပ်နေပြီး
စကားပြောနေပြီ။
သူ ဒီနေ့စာမေးပွဲဖြေလို့ မပြီးသေးလို့များလား။
စာမေးပွဲ နောက်ဆုံးနေ့မို့ အိမ်မပြန်
ဖြစ်ကြသေးပဲ ကန်တင်းကို ရောက်လာကြ
သည်။
ကန်တင်းမှာ ကျွန်တော်ရယ် မေမီရယ်
ချမ်းမြေ့ရယ် အရင်ရောက်ကာထိုင်နေပြီး
ရည်မွန့်ကိုစောင့်နေရသည်။ကိုဝဏ္ဏနဲ့
အတူရှိနေတော့ ရည်မွန် ကိုဝဏ္ဏနဲ့ပဲ
ပြန်သွားမလား ကျွန်တော်တို့ဆီ
လာအုံးမလား သေချာမသိပါ။
မှထားတာတွေ စားရင်း အအေးသောက်
နေတုန်း သိပ်မကြာ ရည်မွန် ကျွန်တော်
တို့ထိုင်နေတဲ့ကန်တင်းကို တစ်ယောက်
တည်းလျှောက်ပြီး ဝင်လာသည်။
ကိုဝဏ္ဏ နောက်မှ လိုက်လာမှာလား။
ဒါဆိုသူလည်း ပါလာအုံးမှာပဲ။
"ငါတို့အရင် ပြန်တော့မယ်။မေမီ သွားရအောင်"
လက်ကျန်အအေးကို ကုန်အောင်
သောက်ပြီး ကျောပိုးအိတ်ကိုလွယ်ကာ
မေမီကိုဆွဲခေါ်နေတုန်း ရည်မွန်က ခုံမှာ
ဝင်ထိုင်လိုက်ပြီး ကျွန်တော့်ကိုကြည့်နေသည်။
"နင်သွားစရာ မလိုတော့ဘူး ဆုလာဘ်
ကိုစစ်ကြောင်း ပြန်သွားပြီ"
ရည်မွန့်စကားအဆုံး မေမီ့ကိုဆွဲခေါ်နေ
သည့် ကျွန်တော့်လက်တွေ ရပ်တန့်
သွားရသည်။
အရင်ဖြေတဲ့နေ့တွေက ကန်တင်း
ထိုင်ရင်သူရောက်လာမှာစိုးလို့ မထိုင်ခဲ့
တာ ဒီနေ့မှ သူကဘာလို့ဖြေပြီးတာနဲ့
ပြန်သွားရတာလဲ။ကျွန်တော့်ဆီ ဘာလို့
မလာရတာလဲ။
"ဆုလာဘ်"
ရည်မွန်က ကျွန်တော့်ကိုခေါ်ပြီး မျက်နှာ
မကောင်းပဲ ကြည့်နေလျက်။
"ကိုစစ်ကြောင်း နောက်တစ်လလောက်
နေရင် ဗီဇာရတာနဲ့Ukသွားတော့မယ်
တဲ့။ဘယ်လောက်ကြာ မလဲတော့ဘယ်သူ
မှမသိဘူး"
"ဘာ တစ်ကယ်လား"
မေမီ ရည်မွန့်ကိုအသံကျယ်နဲ့မေးလိုက်
တာပင်။
ကျွန်တော်ကတော့ ရုတ်တရက် ဘာမှ
ပြန်မပြောနိုင်။
ရည်မွန် ခေါင်းညိတ်ပြချိန် ကျွန်တော်
ထိုင်ခုံပေါ် အားအင်မဲ့စွာပြန်ထိုင်ချပြီး
အသံတိတ်သွားရသည်။မျက်နှာပျက်
သွားသည်ကို တခြားသူတွေမတွေ့
အောင်ထိန်းရင်း နေနေပေမဲ့ ရင်ထဲမှာ
ဘယ်လိုမှ မခံသာ။
သူကျွန်တော့်ကို ဘာလို့ဘာမှမပြောပြ
တာလဲ။တစ်ခြားသူတွေထက် ကျွန်တော်
အရင်ဆုံးသိရမှာ မဟုတ်ဘူးလား။
တစ်ယောက်ထဲ ခေါင်းငုံ့ကာ စိတ်
မကောင်းဖြစ်နေပြီးမှ ကိုယ့်ကိုကိုယ်
အသိပြန်ဝင်သည်။သူကျွန်တော့်ကို
ပြောပြရအောင် ကျွန်တော်ကရော
စကားပြောခွင့် ပေးခဲ့လို့လား။
သူနဲ့ကျွန်တော်က ဘာမှမဆိုင်တော့
တဲ့လမ်းခွဲပြီးသား သူတွေပဲ။
ကောင်းပါတယ်။သူ့ဘဝရှေ့ရေး
အတွက်ပဲ။လူဆိုတာ ကိုယ့်ဘဝ
အတွက် လုပ်သင့်တာကို လုပ်ရမယ်
လေ။ကျွန်တော်တို့ သိပ်မကြာခင်
တစ်ကယ် ဝေးကြရတော့မှာပါပဲ။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Continue Reading
You'll Also Like
340K 13.5K 41
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
92.2K 11.7K 74
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
1.8M 301K 160
Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in coo - 108 Chapters + 6 extras တစ်ကြောင်...
1.5M 63.3K 74
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...