အခုဆိုရင် ဓနနဲ့ကြောင်ပေါက်ကောင်လေးရဲ့ ဆက်ဆံရေးဟာ အရင်ကလိုမျိုးတင်းမာနေခြင်း၊ ခနခနရန်ဖြစ်ခြင်းတော့သိပ်မရှိတော့ဘူး။ အခုနောက်ပိုင်း ကြောင်ပေါက်ကောင်လေးတို့သုံးယောက်နဲ့ ဓနတို့သူငယ်ချင်းနှစ်ယောက်ဟာ အဖွဲ့ကျနေလေ့ရှိသည်။ ကျောင်းမှာလဲကျောင်းအခန်းထဲဝင်ချိန်မှ လွဲ၍ကျန်အချိန်များဆိုရင် သူတို့ကန်တင်းမှာသာ အကုန်စုနေတက်ကြသည်။ အာကာနဲ့နန်းဆန်ကတော့ ချစ်သူအဆင့်များရောက်ရှိခဲ့ကြသော်လည်း ဟာရနဲ့ဓနကတော့ အခုထိဘာကဘာမှန်းမသိကြသေးပေ။
သူတို့နှစ်ယောက်ရဲ့အချစ်ရေးဟာ မပွင့်လင်းကြ။ သို့သော်ဓနကအမြဲ ဟာရကိုဂရုစိုက်လာခဲ့သည်။ ကျောင်းပိတ်ရက်များဆိုရင် သူတို့အကုန်ချိန်းဆိုကာ ရုပ်ရှင်သွားကြည့်ကြလေသည်။ အာကာနဲ့နန်းဆန်ကတစ်တွဲ၊ ဟာရနဲ့ဓနကတစ်တွဲဖြစ်သလို ရွှေရည်ကတော့အခုထိတစ်ယောက်ထဲဖြစ်နေဆဲပင်။
ရုပ်ရှင်ပြီးလို့ သူတို့ဆူးလေဖက်သို့ချီတက်လာကြသည်။ ဆူးလေတွင်cake&coffeeသည် ဆိုင်ခန်းလေးကျဥ်းသော်လည်း စားသုံးသူအများအပြားရှိသည်။
ကိုအာကာနဲ့နန်းဆန်က မုန့်နဲ့ကော်ဖီကိုသွားမှာကာ ဓနနဲ့ဟာရအပြင်ရွှေရည်က ခုံတွင်ကျန်ခဲ့သည်။
"ရွှေရည်နင်crushနေတဲ့ကောင်လေးနဲ့ အခြေအနေကထူးမလာသေးဘူးလား။"
"ငါလဲဘယ်လိုပြောရမလဲ။ သူကမသိချင်ယောင်ဆောင်နေသလိုပဲ။ ငါ့မှာကမိန်းကလေးမဟုတ်လား။ ကြိုက်တယ်ဆိုပေမယ့်လဲ အဲ့လောက်အထိတော့ သိက္ခမရှိလုပ်လို့မရဘူးလေ။"
ဟာရကိုမျက်နာငယ်စွာလေးနဲ့ ရွှေရည်ပြန်ဖြေရှာသည်။
"ဟိုနှစ်ယောက်က အဆင်ပြေနေပြီ။ ကိုဓနကကော ကျွန်မတို့သူငယ်ချင်းလေးကို ဘယ်တော့ချစ်ခွင့်ပန်မှာလဲ။"
ရွှေရည်ရဲ့တိုက်ရိုက်မေးခွန်းကြောင့် ဓနဘယ်လိုအဖြေပေးရမှန်းမပြောတက်။ လည်ဂုတ်သားကို လက်ဖြင့်အသာအယာပွတ်ကာ ဟာရကိုသူလှည့်ကြည့်မိသည်။
ဟာရလဲရွှေရည်စကားကြောင့် အနည်းငယ်ရှက်သွားမိသည်။
"နင်ကလဲ ကိုဓနကိုအားနာစရာတွေ မေးနေတယ်။ ဒီအခြေအနေလေးအတိုင်းပဲ ကောင်းပါတယ်။ အခုလိုအခြေအနေလေးက တိုးလာခြင်းမရှိသလို ဆုတ်ယုတ်သွားခြင်းလဲမရှိဘူးလေ။"
ဓနအနေခက်မည်ဆိုးသောကြောင့် ဟာရဝင်ဖြေလိုက်သည်။
"အေးပါ နင်တို့အဆင်ပြေရင်ပြီးသာပါပဲ။ ငါကနင်တို့ဖွင့်ပြောချိန် နောက်ကျမှာဆိုးလို့။ ဒါပေမယ့် ငါစိတ်မပူပါဘူး။"
"ဘာလို့စိတ်မပူတာလဲရွှေရည်"
ရွှေရည်စကားထူးဆန်းသောကြောင့် ဟာရမေးလိုက်သည်။
"နင်အခုထိမသိဘူးလား။ ငါတို့ကလပ်သွားတဲ့ညကို နင်မှတ်မိလား။"
"မှတ်မိတယ်လေ ဘာဖြစ်လို့လဲ"
"ဘာဖြစ်လဲဟုတ်လား ဟာရ။ နင်ကိုဓနကိုအရက်မူးပြီးနမ်းလိုက်တယ်လေ ကလပ်ထဲမှာ။ ပြီးတော့ နင်ကိုဓနပခုံးပေါ်မှာ အိပ်ပျော်သွားတယ်လေ။ နင်အဲ့ဒီညက အဖြစ်အပျက်ကို နည်းနည်းလေးမှ မမှတ်မိဘူးလားဟာရ။"
"ဘယ်မှတ်မိမလဲရွှေရည်ရယ် ဟာရကအရက်သောက်တာများသွားလို့ မူးသွားရင် ညကဘာဖြစ်တယ်ဆိုတာကို မနက်ရောက်ရင် မမှတ်မိတော့တဲ့အကျင့်ရှိတယ်လေ။"
နန်းဆန်မုန့်ပန်းကန်ကို ခုံပေါ်တင်ရင်းခုံမှာဝင်ထိုင်ကာ ပြောလိုက်သည်။
"နန်းဆန်နင်လူစုံမှ ငါ့ကိုအရှက်ခွဲရသလား။"
"ငါကအမှန်ပြောတာကို နင်ကကောမဟုတ်လို့လား။"
"ဒါဆိုအခုထိ ဟာရကအဲ့ညကအဖြစ်အပျက်ကို လုံးဝမမှတ်မိတာပေါ့လေ။"
"ဟုတ်တယ်ကို။ ဟာရက အဲ့ညကဘာဖြစ်လဲဆိုတာကို လုံးဝမမှတ်မိတာ။ သူကိုဓနကို ကလပ်ထဲမှာ ချစ်တယ်ဆိုပြီးနမ်းတာကအစပေါ့။"
"နန်းဆန်တင်မတော်တော့ဘူးလား။ မဟုတ်ရင်နင့်ကို ငါcoffeeနဲ့ပက်မှာနော်။"
ဟာရရှက်ရမ်းရမ်းကာ နန်းဆန်ကိုလှမ်းကြိမ်းလိုက်သည်။
"ဒါ့ကြောင့် ကိုရဲ့သူငယ်ချင်းယောက်ဖလောင်းလေးက feelကျဲနေတာကို ဟုတ်တယ်မလားယောက်ဖ။"
"ငါကဘာက်ို feelကျဲရမှာလဲ ခွေးကောင်ရ။ မင်းတို့သိပ်မစနဲ့တော့ ဒီမှာကြောင်ပေါက်လေးက ရှက်နေပြီ။ "
ဟာရတကယ်လဲအရှက်လွန်ကာ မျက်နာတစ်ခုလုံး ခရမ်းချဥ်သီးအမှည့်လိုပင် နီရဲလို့နေသည်။
"အမလေး ချစ်သူအဆင့်တာမရောက်သေးတာနော်။ သူ့ကြောင်ပေါက်ကိုဂရုစိုက်ပြီး အဖြစ်သည်းနေလိုက်တာ။ ဒီကတစ်ယောက်ထဲဖစ်နေတဲ့သူကိုတောင် အားနားမှု့မရှိဘူး။"
နန်းဆန်စကားကြောင့် အာကာနဲ့ရွှေရည်က ရယ်နိုင်ကြသော်လည်း ကာယကံရှင်နှစ်ယောက်ကတော့
မရယ်နိုင်မပြုံးနိုင်။ ဟာရနဲ့ဓနတစ်ယောက်မျက်နာတစ်ယောက်ကြည့်နေမိသည်။
"အေးပေါ့လေ နင်ကတော့ပြောနိုင်တာပေါ့နန်းဆန်။ ဟိုနှစ်ယောက်မျက်နာကိုလဲ နင်ကြည့်လိုက်အုံး။ မျက်နာငယ်လေးတွေနဲ့ ကြည့်နေရှာတယ်။"
ရွှေရည်အပြောကြောင့် ကိုအာကာနဲ့နန်းဆန်တို့ အားမနာတမ်းရယ်မောနေလိုက်ကျတာများ ပါးစပ်ကနားရွက်တက်ချိတ်မလားလို့တောင်ထင်မိသည်။
"ငါတို့ကိုသာပြောနေတာ နင်ကကောဘယ်တော့လောက်ရည်းစားရမှာလဲ။ နင်ရည်းစားရတဲ့နေ့ ငါတစ်ဝိုင်းရှင်းပေးမယ်။"
ဟာရအပြောကြောင့် ရွှေရည်မျက်နာရှုံ့မဲ့လို့သွားသည်။
"ငါတို့လဲဒီနှစ်ပြီးရင် ဆရာဝန်လောင်းတွေဖြစ်ပြီနော်ဓန။"
ဒါဟာဓနကို သတိပေးသံတစ်ခုဖြစ်သည်။ ဟုတ်ပါတယ် ဒီနှစ်ပြီးရင် သူတို့ဆရာဝန်လောင်းဖြစ်ပြီလေ။ ဟာရတို့နဲ့ ခွဲရတော့မည်နှစ်ဆိုလဲမမှားပါ။ ဟာရဖက်သို့ ဓနတစ်ချက်လှည့်ကြည့်လိုက်သည်။
"ကိုယ်တို့တွေ ကျောင်းပြီးသွားလဲ ဟာရတို့နဲ့တွေ့ခွင့်ရနိုင်အုံးမယ်မလား။"
ဟာရမျက်နာညိုးငယ်စွာနဲ့ ခေါင်းညိတ်ပြလိုက်သည်။
ဒီနှစ်ဆိုဟာရတို့သုံးယောက်လဲ လေးနှစ်မြှောက်ကျောင်းတက်ရခြင်းပေ။ နောက်သုံးနှစ်လောက်ကျောင်းတက်ပြီးရင် ဟာရတို့လဲဆရာဝန်လောင်းများဖြစ်ပြီး ဆေးကုလို့ရပြီမဟုတ်လား။
"အချိန်မရွေးလာလည်လို့ရပါတယ်။ ကိုဓနတို့အတွက်ဆိုရင် အချိန်မရွေးပါ။ ကျောင်းပိတ်မယ့်အချိန်က နှစ်ဝက်လောက်ကျန်ပါသေးတယ်။"
အခုချိန်ထိ နန်းဆန်တို့ကြိုးစားခဲ့သမျှဟာ အရာမထင်သေးပေ။ ဟာရအချစ်ကိုနားမလည်နိုင်တော့သလို ဓနအချစ်ဟာလဲပွင့်လင်းမှု့မရှိပြန်။ နှစ်ယောက်လုံးဟာ တစ်ယောက်ကိုတစ်ယောက်ချစ်နေပါလျှက်။ ဟာရအချစ်ကို ဓနဆီဖွင့်ပြောလာသည့်တိုင် ဓနဖက်ကအင်းမလုပ် အဲမလုပ်နဲ့။ သူငယ်ချင်းမက ရည်းစားမကျအခြေအနေတစ်ခုနဲ့ ကျော်ဖြတ်လာခဲ့တာ တစ်နှစ်ပင်ကျော်လာခဲ့ပြီ။
ဟာရကိုဂရုစိုက်မှု့တွေပေးခဲ့ပေမယ်လည်း ဓနဂရုစိုက်မှု့တွေနဲ့သာ ကျေနပ်နေနိုင်သော ဟာရကိုသူနဲ့ရွှေရည်အားမရနိုင်။
ဟာရသူနဲ့ပတ်သက်တဲ့ပျော်ရွှင်စရာ အချိန်လေးတွေနဲ့ပဲ ကျေနပ်နိုင်ပါသည်။ ဘယ်တက်နိုင်ပါ့မလဲ။ သူတို့နှစ်ယောက်ကြားမှာ ထားခဲ့ကြတဲ့ကတိတစ်ခုကိုတော့ နှစ်ယောက်လုံးတည်ကြရမည်မဟုတ်ပါလား။
"ကဲ ပျော်စရာအချိန်လေးတွေကို စိတ်ညစ်စရာတွေနဲ့ကုန်ဆုံးမသွားစေချင်ဘူး။ ကိုအာကာနဲ့ကိုဓနတို့လဲ ငါတို့ဆီလာလည်လို့ရတာပဲမဟုတ်လား။"
ဟာရတို့သူငယ်ချင်းသုံးယောက် ကိုအာကာနဲ့ကိုဓနကိုနှုတ်ဆက်ကာ ဒီကော်ဖီဆိုင်လေးကနေ လမ်းခွဲကာအိမ်ကိုကိုယ်ဆီပြန်လာကြသည်။
"ဟာရနင်အဆင်ပြေရဲ့လား။"
ကားပေါ်တက်ကာ ခုံတွင်ဝင်ထိုင်လိုက်တာနဲ့ နန်းဆန်ရဲ့မေးခွန်းကိုဦးစွားကြားလိုက်ရသည်။
ရွှေရည်က ဟာရဆီမှထွက်ကျလာမည့်အဖြေကို မျက်တောင်မခတ်အသံတိတ်ကာ နားထောင်နေမိသည်။
"ငါအဆင်ပြေပါတယ်။ သူဝါသနာပါရာ သူ့ဆန္ဒတွေပြည့်ဝတဲ့အချိန်ကျရင်တော့ ငါတို့ပြန်ဆုံတွေ့မှာပါ။"
"ငါလဲစာထဲအာရုံစိုက်ချင်သေးတယ်။ ငါလဲငါဝါသနာပါရာဖြစ်တဲ့ ဒီဆေးကျောင်းကနေသင်ပေးလိုက်တဲ့ ဆေးပညာတွေနဲ့ လူအများကိုအကျိုးပြုပေးချင်သေးတယ်။"
"ငါတို့နင့်ကို နားမလည်တော့ဘူးဟာရ။ တကယ်ဆိုနင်လဲနင့်ဝါသနာပါရာကို လျှောက်လှမ်းလို့ရသလို၊ သူလဲသူဝါသနာပါရာအလုပ်ကို ကိုယ်စီလုပ်လို့ရပါတယ်။"
"ငါနည်းနည်းပင်ပန်းနေလို့ ခနနားလိုက်အုံးမယ်။ ရွှေရည်ကိုအဆောင်လိုက်ပို့ပေးလိုက်လေ။ အိမ်ရောက်လို့ ငါအိပ်ပျော်နေရင်နိုးလိုက်နော်။"
ဟာရကားကူရှင်နောက်ကို ကျောမှီကာမျက်စိမှိတ်မှေးကာလိုက်လာခဲ့သည်။
ဒီနောက်ပိုင်း သူတို့တွေ့ရမည့်အချိန်ဟာ ခဲယဥ်းလို့လာတော့မည်။ အရင်ကလိုကျောင်းကန်တင်းမှာ မနက်တိုင်းဆုံဖြစ်ဖို့ရန်မလွယ်သလို၊ တစ်ပတ်တစ်ခါအိမ်ကိုလာကာ ထမင်းအတူတူချက်ပြုတ်ကာ စားသောက်ရန်အချိန်တွေလဲ နည်းပါးလို့လာတော့မည်မဟုတ်ပါလား။
ဟာရသူ့ကိုမတွေ့ရတော့ဘူးဆိုတဲ့အတွေးနဲ့တင် အသက်ရှုကျပ်ကာ ရင်ဘတ်ရဲ့အထဲတစ်နေရာကနေ အောင့်သက်သက်နဲ့နာကျင်လွန်းလှသည်။ မနက်ဖန်တိုင်းကို တွေးကြည့်မိတာနဲ့တင် ဟာရမောပန်းလို့လာသည်။
---------------------
ဓနကန်တင်းဖက်သို့ ဦးတည်ကာလျှောက်လှမ်းလို့လာခဲ့သည်။ ကြောင်ပေါက်လေးကိုမတွေ့ရတာလဲကြာလာသောကြောင့် စိတ်ထဲတွင်လွမ်းသလိုလိုနဲ့ ဟာရမျက်နာလေးကိုမြင်ချင်နေမိသည်။ သူနဲ့ဟာရတို့အဖွဲ့ မတွေ့ဖြစ်တာတစ်ပတ်ပင်ကျော်လာခဲ့သည်။ သူနဲ့အာကာဟာ ဆေးကျောင်းနောက်ဆုံးနှစ်ဖြစ်တာကတစ်ကြောင်း၊ houseဆင်းပေးရတာနဲ့နားချိန်ဟာနည်းပါးလို့လာခဲ့သည်။ ကျောင်းနောက်ဆုံးနှစ်ရဲ့ အရေးကြီးဆုံးအပိုင်းသို့ရောက်ရှိလာသောကြောင့် သူတို့ဆရာဝန်လောင်းအားလုံးကြိုးစားကြရသည်မဟုတ်ပါလား။
ကန်တင်းတွင် ဟာရကိုမတွေ့ရသောကြောင့် သူတို့အခန်းရှိရာသို့ ပြန်လျှောက်လာခဲ့သည်။ ဓနအကွေ့တစ်ခုအရောက် ခြေလှမ်းတို့ရုတ်တရက် ရပ်တန့်လို့သွားခဲ့သည်။
ဓနမြင်လိုက်ရသောမြင်ကွင်းတစ်ခုကြောင့် မျက်လုံးများပြာဝေလာကာ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုတ်ထားမိသည်။ ဘယ်လိုကနေဘယ်လိုသူ ဟာရတို့အနားရောက်လာခဲ့သည်ကို တွေးမရ။
"ကိုဓန"
ဟာရခေါ်သံပင်မဆုံးလိုက်...
တစ်ဖက်လူပေါ်သို့ ကျရောက်သွားသောလက်သီးတစ်ချက်နဲ့အတူ ဓနသူ့ရှိရာဖက်သို့လှည့်လိုက်သည်။
ဓနလက်သီးချက်နဲ့ လဲကျနေသောကောင်လေးဟာ သူ့မျက်နာကိုလက်တစ်ဖက်နဲ့ကိုင်ကာ....
"ခင်ဗျားဘာလို့ကျုပ်ကိုထိုးတာလဲ။"
"မင်းဒီကောင်နဲ့ ဘယ်လိုပတ်သက်တာလဲ အာဟာရ။"
ဓနထိုးလိုက်သော ကောင်လေးရဲ့မေးခွန်းကိုပြန်မဖြေ ဟာရဖက်သို့လှည့်ကာ စကားဆိုလိုက်သည်။
"ဘာလုပ်နေတာမြင်လို့လဲ။ ပြီးတော့ ဘာလို့သူ့ကိုထိုးလိုက်ရတာလဲ။"
ဟာရခနဲ့တဲ့တဲ့နဲ့ ဓနကိုအော်မေးလိုက်သည်။
"မင်းနဲ့သူနဲ့ကဘာတွေလဲ။ ဘယ်လိုပတ်သက်လဲအာဟာရ။"
"ခင်ဗျားမြင်တဲ့အတိုင်းပဲလေ ကိုဂုဏ်ဓန။ သူကကျွန်တော်လက်ကိုကိုင်ထားတာ။ နောက်ပြီးသူက ကျွန်တော်ကိုချစ်ခွင့်ပန်ထားတာ။"
ဓနမျက်လုံးအစုံ မီးဝင်းဝင်းတောက်ကာ ဒေါသအရှိန်ကြောင့် နီရဲလာသောမျက်နာဟာ ကြောက်စရာကောင်းလှသည်။
သူတို့နှစ်ယောက်စကားသံတွေကြောင့် ဘေးနားမှကျောင်းသားများလဲ တစတစနဲ့ဝိုင်းအုံလာကြသည်။
"မင်း မင်းငါ့ကိုပြောခဲ့တဲ့ ချစ်တယ်ဆိုတဲ့စကားတွေက ဘယ်ရောက်ကုန်ပြီလဲ။"
"ကျွန်တော်ချစ်တယ်လို့ပြောခဲ့ဖူးတာမှန်တယ်။ ဒါပေမယ့် ခင်ဗျားဆီက တိကျတဲ့အဖြေ ကျွန်တော်လိုချင်တဲ့အဖြေကော ပေးခဲ့လို့လားကိုဂုဏ်ဓန။ ကျွန်တော်တစ်ယောက်ထဲ မျှော်လင့်နေတဲ့အချစ်က ဘယ်မှာလဲ။ ခင်ဗျားရဲ့မသေချာမရေရာတဲ့ အချိန်တစ်ခုအထိ ကျွန်တော်မစောင့်နိုင်ဘူး။"
"ဒါကြောင့်မင်းကပြောင်းလဲသွားတာလား။ ကိုယ်နဲ့မတွေ့ရတဲ့ တစ်ပတ်အတွင်းလောက်မှာတောင်"
ဟာရလက်ကိုဆွဲကာ ကားပါကင်ရှိရာသို့ ဓနဆွဲခေါ်လာခဲ့သည်။
နောက်မှနန်းဆန်တို့တားချိန်မရလိုက် ရွှေရည်ကလဲ မလိုက်ရန်တားသောကြောင့် နန်းဆန်နေခဲ့လိုက်သည်။
ကားတံခါးဖွင့်ကာ ကားထဲသို့ဟာရကိုတွန်းထည့်ကာ ကားမောင်းသူနေရာမှာ ဓနဝင်ထိုင်ကာ ကားကိုတရှိန်ထိုးမောင်းထွက်လာခဲ့သည်။
"ကျွန်တော်အတန်းဝင်စရာရှိသေးတယ်။ ကျောင်းကိုပြန်ပို့ပေးပါကိုဓန။"
ဟာရစကားကို ဓနဂရုမစိုက်သလို မကြားချင်ယောင်ဆောင်ကာ ကားကိုသာအရှိန်ထပ်မြှင့်လိုက်သည်။
"ကားကိုအရှိန်လျော့မောင်းပေးပါ။ ကျွန်တော်ကြောက်လို့ပါ။"
ပတ်ဝန်ကျင်အခြေအနေကိုပင် မမြင်ရလောက်အောင် မြန်ဆန်လွန်းလှသော ကားအရှိန်ပါမှု့ကြောင့် ဟာရကြောက်ရွံထိတ်လန့်လို့လာခဲ့သည်။
ဘယ်ကိုဦးတည်မောင်းလာသည်ကိုပင် ဟာရမသိ။ ဘေးနားကဓနကိုမေးသော်လည်း အဖြေမရ။ ကားလေးဟာ လမ်းကွေ့လေးတစ်ခုထဲသို့ ချိုးဝင်ကာခြံကြီးတစ်ခြံရှေ့သို့ ကားရပ်လိုက်သည်။ ဒါဘယ်နေရာဆိုတာ ဟာရအတိအကျမသိ။
ဓနခြံတံခါးပွင့်သွားတာနဲ့ ခြံထဲသို့ကားရပ်ကာ ဟာရကိုကားပေါ်မှဆွဲချရင်း အိမ်ထဲသို့ခေါ်လာခဲ့သည်။
"ခင်ဗျား ဘာသဘောနဲ့ဒီအိမ်ကို ကျွန်တော်ကိုခေါ်လာရတာလဲ။ "
ဟာရကြောက်လန်တကြားရုန်းကာ မေးလိုက်မိသည်။
"ဒါမင်းနဲ့ငါနေရမယ့်အိမ်ပဲ။ မင်းအခုကစပြီး ငါ့ယောကျ်ားဖြစ်သွားပြီ။"
"အင့်ဟင်
မဖြစ်နိုင်ဘူး။ ခင်ဗျားဆီမှာ ကျွန်တော်နဲ့ပတ်သက်တဲ့အချစ်မရှိဘူး။"
"ဘယ်သူကပြောလဲ မင်းကိုမချသ်ဘူးလို့ ကိုယ်ပြောခဲ့တယ်လေ။ မင်းနဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့ရင်ခုန်သံတွေ သေချာချင်တယ်လို့။ အခုကိုယ်မင်းကိုချစ်နေပြီဆိုတာ သေချာနေမှ မင်းကနောက်တစ်ယောက်ပြောင်းတော့မယ်ပေါ့ဟုတ်လား။"
"ကျွန်တော် ဟိုတစ်ယောက်ကိုအဖြေပေးရအုံးမယ်။ ကျွန်တော်ကို ကျောင်းပြန်လိုက်ပို့ပေးပါ။ နန်းဆန်တို့လဲစိတ်ပူနေကျလိမ့်မယ်။"
"ဘာ ဟိုကောင်ကိုမင်းက အဖြေပေးအုံးမယ်။ "
ဓနစိတ်သည် အစိုးမရသည့်တိုင် ဟာရကိုလက်လွှတ်ဆုံးရှုံးရမည်ကို ပိုကြောက်လာမိသည်။ ပထမတစ်ခါအချစ်ဦးဖြစ်တဲ့ကိုသွင်ကို သူလက်လွှတ်ခဲ့ရသည်မဟုတ်ပါလား။ ဒုတိယဖြစ်ပေါ်လာသော ဟာရဆိုတဲ့ကောင်လေးကြောင့် သူရဲ့ဒုတိယရင်ခုန်သံ ဒုတိယအချစ်ကိုသူအဆုံးရှုံးမခံနိုင်ပေ။
"ကျွန်တော်ကိုလွှတ်ပေးပါကိုဓန။"
ဟာရငိုယိုတောင်းပန်သော်လည်း ဓနဆွဲထားသော လက်တို့ကပြေလျော့မသွား။ ဓနလက်မှာ လွတ်ရန်အတင်းရုန်းကန်နေမိသည်။
ဓနထိုကောင်လေးကို စိတ်မရှည်နိုင်တော့။ လူကောင်ကသာသေးသေးလေး ဓနနဲ့စာလျှင်အရွယ်အစားကွာလွန်းသော ဟာရသည်အတော်ပင်သန်လွန်းလှသည်။
ဟာရ၏ရုန်းဆန်မှု့ကြောင့် ဓနစိတ်မရှည်ကာ ပခုံးပေါ်သို့မတင်လိုက်ကာ အိပ်ခန်းရှိရာသို့ ထမခးခေါ်လာခဲ့သည်။
ဟာရခန္ဓာကိုယ်လေးကို စွေ့ခနဲ့ပွေ့ပြီးပခုံးပေါ်သို့ ဟာရခေါင်အောက်စိုက်ကာ ခြေထောက်နှစ်ဖက်လှုပ်ကာ ရုန်းနေပြန်သည်။ ပါးစပ်မှလဲမနားတမ်းအော်ဟစ်ကာ အောက်သို့ချခိုင်းနေသည်။
ဓနဂရာမစိုက်စွာအခန်းတံခါးလက်ကိုဘုကိုလှည့်ကာ အခန်းထဲသို့ဝင်လာခဲ့သည်။ ပခုံးပေါ်မှ ဟာရကိုကုတင်ပေါ်သို့ပစ်တင်ကာ ဓနပါကုတင်ပေါ်သို့တက်လာခဲ့သည်။
"ခင်ဗျား ကျွန်တော်အနားတိုးမလာနဲ့နော်။ ဘာလုပ်ဖို့ကြံစည်နေတာလဲ။ ကျွန်တော်အော်လိုက်မှာနော်။"
ဓနဂရုမစိုက် ဟာရရှိရာသို့တိုးလို့လာခဲ့သည်။
"ကိုယ်မင်းကို အဆုံးအရှုံးမခံနိုင်ဘူး ကြောင်ပေါက်ကောင်လေး။ ကိုယ်မင်းကို ဟောဒီဝဲဘက်ရင်ဘတ်ထဲက ခုန်မြည်လာသော နှလုံးခုန်သံတို့နဲ့ထပ်တူပြုကာ ချစ်မိနေပြီ။ ကိုယ်မင်းကိုချစ်တယ် ကြောင်ပေါက်လေး။"
အရာအားလုံးဟာ သူ့လက်ထဲတွင်ပြီးဆုံးသွားခဲ့ပြီ။ ဟာရရဲ့ဘဝတစ်ခုလုံး ဓနလက်ထဲသို့ကျရောက်သွားခဲ့ပြီမဟုတ်လား။ နောက်ဆုတ်မရ ပြုပြင်ချိန်မရှိသော နေ့ရက်ပင်ဖြစ်နေသည်။ ဒါဟာ ကောင်းခြင်းလားဆိုးခြင်းလား ဟာရမသိပါ။