《Zawgyi》
အပိုင္း - ၁၈၇
[ဒီအရွက္မရွိတဲ့လူနဲ႔ ေတြ႕ရတာနဲ႔တင္ လံုေလာက္ေနၿပီ - ၁]
အိပ္ခါနီးအခ်ိန္မွာ ခ်န္းစီႏ်န္က သူမကိုေပြ႕ဖက္ထား၏။ ခ်င္းစုယြဲ႕က အခုမွ ေရခ်ိဳးၿပီးထားသျဖင့္ လန္းဆန္းတက္ႂကြေနဆဲပင္ျဖစ္သည္။
သူမက ခ်န္းစီႏ်န္ရဲ႕ရင္ခြင္ထဲကေန လူးလြန္႔လိုက္ရင္း လက္ေခ်ာင္းေလးေတြက ခ်န္းစီႏ်န္ရဲ႕ ညဝတ္အက်ႌေကာ္လာထံ တေျဖးေျဖး ေရြ႕လ်ားသြားသည္။ သူမက ၾကည္ႏူးေနသျဖင့္ အတိတ္ကို ျပန္ေျပာင္းေအာက္ေမ့ေနစဥ္မွာ ခ်န္းစီႏ်န္ရဲ႕မ်က္ဝန္းေတြက ဆတ္ခနဲပြင့္လာၿပီး သူမရဲ႕ေႏွာင့္ယွက္တတ္တဲ့ လက္ေခ်ာင္းေလးေတြကို ဆုပ္ကိုင္လိုက္သည္။
"ေနာက္တစ္ေခါက္လား?"
ခ်င္းစုယြဲ႕မွာ ေရခ်ိဳးခန္းထဲကအႀကိမ္ေရေတြကို သတိရသြားကာ တုန္ရီလႈပ္ခါသြားၿပီး လက္ကိုျပန္ရုတ္လိုက္ကာ ျပံဳးလ်က္ သူ႔ေပၚမွာ လိမ္လိမ္မာမာနဲ႔ ျပန္မွီလိုက္၏။
"ကၽြန္မ အိပ္မေပ်ာ္လို႔ပါ"
"အိပ္မေပ်ာ္လို႔? ဒါဆို ကိုယ့္မွာ မင္းပင္ပန္းၿပီး အိပ္ေပ်ာ္သြားေစမယ့္နည္းရွိတယ္ လုပ္ၾကည့္ခ်င္လား?"
သူ႔ရဲ႕နတ္ဆိုးရည္ရြယ္ခ်က္ေတြ ကိန္းဝပ္ေနတဲ့ အၾကည့္ႀကီးေၾကာင့္ ခ်င္းစုယြဲ႕မွာ ခ်က္ခ်င္းပင္ ေစာင္ပံုထဲတိုးဝင္လိုက္သည္။
"ကၽြန္မ တကယ္ကိုအားမရွိေတာ့ဘူး ... လာမရႈပ္နဲ႔ေတာ့ ... ၿပီးေတာ့ မနက္ျဖန္မနက္ေစာေစာထၿပီး စာေရးရဦးမွာ"
ခ်န္းစီႏ်န္က သူမကိုေျခာက္လိုက္တာသာျဖစ္၏။
"ျမန္ျမန္ မ်က္လံုးမွိတ္ၿပီး အိပ္ေတာ့ေလ"
ခ်င္းစုယြဲ႕ရဲ႕ ရႊန္းစိုေနတဲ့ မ်က္ဝန္းေတြက ျပဴးက်ယ္ကာ ရုတ္တရက္ ျပံဳးလိုက္သည္။
"ေမာ္ရႊီယြမ္က ကၽြန္မကိုဖုန္းေခၚတယ္"
"ဘယ္လို?"
ခ်င္းစုယြဲ႕က သူ႔ကို မဖံုးကြယ္ထားခ်င္ေပ။
"သူေျပာတာက ရွင္တို႔ကုမၸဏီက အပန္းေျဖၿမိဳ႕ေတာ္အိမ္ရာအျဖစ္ စီစဥ္ေနတယ္တဲ့ ... ဒါေပမယ့္ ကၽြန္မၾကားလိုက္ရတာက ရွင္စိတ္တိုင္းက်တဲ့ဒီဇိုင္းက တစ္ခုမွမရွိေနဘူးတဲ့"
"အဲ့ေတာ့ ဘာျဖစ္လို႔လဲ? ... ကိုယ့္ကို ေျဖာင္းျဖဖို႔ ႀကိဳးစားေနတာလား?"
ခ်င္းစုယြဲ႕က ျပံဳးလိုက္ၿပီး သူ႔ကိုဖက္၏။
"ကၽြန္မက ရွင္ကိုယ္တိုင္ ဒီဇိုင္းဆြဲေစခ်င္တာ ... ဟိုးတုန္းကေလ ကၽြန္မ ေက်ာင္းတက္တုန္းက ရွင့္ရဲ႕ဒီဇိုင္းေတြက ၿပိဳင္ဘက္ကင္းၿပီး မ်က္စိပသာဒျဖစ္တယ္လို႔ ၾကားခဲ့ရတာ .... ဒါေပမယ့္ ကၽြန္မက နည္းနည္းေလာက္ေလးပဲ ေတြ႕ခြင့္ရခဲ့ၿပီး ရွင့္ရဲ႕ဒီဇိုင္းေတြနဲ႔ေဆာက္ထားၿပီး အၿပီးသတ္သြားတဲ့စီမံကိန္းဆိုလို႔ တစ္ခုမွ ေတြ႕ခြင့္မရခဲ့ဘူး"
ခ်င္းစုယြဲ႕က ေနာင္တရစြာနဲ႔ ေျပာ၏။
သူမက ရင္ခြင္ထဲပိုမိုတိုးဝင္လိုက္ရင္း သူ႔လက္ေမာင္းေတြကိုလည္း လႈပ္ခါေသးကာ ခ်စ္စရာေကာင္းေအာင္ လုပ္ေနေတာ့သည္။
"ေနာ္လို႔? ရွင့္ဒီဇိုင္းေလးတစ္ခုေလာက္ ဆြဲၾကည့္ပါလား? ကၽြန္မ ၾကည့္ခ်င္လို႔ပါ"
ခ်န္းစီႏ်န္က ရယ္လ်က္ သတိေပးသည္။
"ခ်န္းကေတာ္ေရ ... ကိုယ္တို႔ရဲ႕အိမ္ကို ကိုယ္ကိုယ္တိုင္ဒီဇိုင္းဆြဲခဲ့တယ္ဆိုတာ ခင္ဗ်ားေလးကို ျပန္သတိေပးဖို႔လိုေသးလား?"
"မတူဘူးေလ! ရွင္ကၽြန္မကို အစတုန္းကေတာင္ မေျပာပဲဖံုးကြယ္ထားေသးတာ ... အခုထပ္ေျပာရဲေသးတယ္ေပါ့!"
"အိုေခ ေကာင္းပါၿပီ အိပ္ေတာ့!"
ခ်န္းစီႏ်န္က သူမအား ေစာင္ကိုေသခ်ာျခံဳေပးလိုက္သည္၊
ခ်င္းစုယြဲ႕မွာ သူတကယ္ႀကီး သေဘာတူလိုက္လိမ့္မည္ဟု မထင္ထားခဲ့သျဖင့္ စိတ္လႈပ္ရွားသြားရသည္။
"တကယ္ႀကီး သေဘာတူတာလား?"
မ်က္လံုးေတြ မွိတ္သြားၿပီျဖစ္တဲ့ ခ်န္းစီႏ်န္က သေဘာတူေၾကာင္း အသံျပဳသည္။
"ေကာင္းလိုက္တာ! အဲ့တာဆို ကၽြန္မ ဒီဇိုင္းကိုျမင္ခ်င္တယ္ေနာ္ ... ေဆာက္ၿပီးသြားရင္လည္း ကၽြန္မကို လိုက္ျပရမယ္"
ခ်န္းစီႏ်န္ကရယ္၏။
"ခင္ဗ်ားေလးက ဘယ္လိုလုပ္နားလည္မွာလဲ?"
"နားလည္လည္မလည္လည္ မသိဘူး ... ၾကည့္ခ်င္လို႔"
ဤသို႔ျဖင့္ ေနာက္ေန႔မွာ ခ်န္းစီႏ်န္က ကုမၸဏီကိုေရာက္လာေတာ့ ဒီဇိုင္းအေၾကာင္း ထပ္ေျပာလာသည့္ ေမာ္ရႊီယြမ္ကို ေထ့ေငါ့လိုက္၏။
"မင္းက ေတာ္ေတာ္အရည္အခ်င္းရွိတာပဲ ... ဘယ္သူ႔ကို အကူအညီေတာင္းရမလဲ သိေနလိုက္တာ"
ေမာ္ရႊီယြမ္က ခဏေလာက္ ေတာင့္တင္းေနၿပီးမွ နားလည္သြား၏။ ခ်င္းစုယြဲ႕က သူ႔ကိုစိတ္မပ်က္ေစေပ။ သူမက ခ်န္းစီႏ်န္ကို ေျပာလိုက္တာလား?
ေမာ္ရႊီယြမ္က ရယ္လိုက္၏။
"ငါလည္း ဘာလုပ္ရမွန္းမသိေတာ့ မတတ္သာပဲ မရီးကို ေျပာလိုက္ရတယ္ ... ဒါဆို အားႏ်န္ ငါ့အၾကံကို မင္းသေဘာတူေပးပါကြာ"
ခ်န္းစီႏ်န္က သူၾကည့္ၿပီးသြားတဲ့ မွတ္ခ်က္နဲ႔စာရြက္စာတမ္းေတြကို ေမာ္ရႊီယြြမ္လက္ထဲ ဆတ္ခနဲပစ္ေပးလိုက္သည္။
"ျမန္ျမန္လုပ္! မင္း.. စုယြဲ႕ကို ေနာက္ထပ္ၿပီး အကူအညီသြားေတာင္းရဲလို႔ကေတာ့ အေႂကြးေဟာင္းနဲ႔ အသစ္ကို ေပါင္းဆပ္ရမယ္!"
ေမာ္ရႊီယြမ္က ရယ္ေမာလ်က္ အခန္းထဲကေန ထြက္သြားေတာ့သည္။
ခ်န္းစီႏ်န္နဲ႔သာဆို သံုးရက္အတြင္း ေသခ်ာေပါက္ အလုပ္သစ္ကို လႊဲႏိုင္ေပမည္။ ေနာက္တစ္ႀကိမ္ ဒီလိုအခြင့္အေရးႀကီးကို ထပ္မသံုးႏိုင္ေတာ့တာေတာ့ ႏွေမ်ာစရာပင္။
ေမာ္ရႊီယြမ္က ထိုသို႔ေတြးလိုက္ၿပီး ခ်င္းစုယြဲ႕ကို ေက်းဇူးတင္လြန္းသျဖင့္ ေန႔လည္စာဖိတ္ေကၽြးရမလားလို႔ ေတြးမိ၏။
ေမာ္ရႊီယြမ္က ခ်င္းစုယြဲ႕ကို ဖုန္းဆက္ကာ ေက်းဇူးတင္ေၾကာင္းေျပာၿပီး ေန႔လည္စာေကၽြးခ်င္ေၾကာင္း ေျပာေတာ့ သူမကတန္းေျပာ၏။
"ကၽြန္မက အခုတေလာ ေတာ္ေတာ္ေလး အလုပ္မ်ားေနတာ ... ေန႔လည္စာေကၽြးဖို႔ အေႂကြးရွိသြားၿပီဆိုေတာ့ ကၽြန္မ အခ်ိန္ရမွ ေန႔လည္စာေကၽြးေပေတာ့"
ေမာ္ရႊီယြမ္က ခ်က္ခ်င္းပင္ သေဘာတူ၏။
"ေကာင္းၿပီေလ"
ေနာက္သံုးရက္ေျမာက္ေန႔မနက္မွာ ခ်င္းစုယြဲ႕ႏိုးလာေတာ့ ခ်န္းစီႏ်န္ကအလုပ္သြားၿပီျဖစ္သည္။ သူမက အိပ္ရာေဘးက စင္အနိမ့္ေလးေပၚမွာတင္ထားသည့္ စာရြက္ေတြကို ေတြ႕လိုက္ရကာ သိခ်င္စိတ္ျဖင့္ ယူၾကည့့္လိုက္ေတာ့ အံ့ဩသြားရသည္။ အေဆာက္အဦအတြင္းပိုင္းက ဒီဇိုင္းနဲ႔ အထပ္အသီးသီးက မတူညီတဲ့ အခန္းဖြဲ႕စည္းပံု အေသးစိတ္ေတြအထိပါ ပါရွိေလသည္။
*********
အဲဒါပဲ ေရွးလူႀကီးေတြေျပာတဲ့ စကားပံုရွိတယ္ေလ 'မယားေျပာေတာ့တစ္ည'ဆိုတာ အခုမွပဲ သေဘာေပါက္ေတာ့တယ္ .. ေမြးရာပါFAေတြ ဒီဝင္ေအာင္ သိပ္လုပ္ၾကတာပဲ :3
12.10.2020
************
《Unicode》
အပိုင်း - ၁၈၇
[ဒီအရှက်မရှိတဲ့လူနဲ့ တွေ့ရတာနဲ့တင် လုံလောက်နေပြီ - ၁]
အိပ်ခါနီးအချိန်မှာ ချန်းစီနျန်က သူမကိုပွေ့ဖက်ထား၏။ ချင်းစုယွဲ့က အခုမှ ရေချိုးပြီးထားသဖြင့် လန်းဆန်းတက်ကြွနေဆဲပင်ဖြစ်သည်။
သူမက ချန်းစီနျန်ရဲ့ရင်ခွင်ထဲကနေ လူးလွန့်လိုက်ရင်း လက်ချောင်းလေးတွေက ချန်းစီနျန်ရဲ့ ညဝတ်အင်္ကျီကော်လာထံ တဖြေးဖြေး ရွေ့လျားသွားသည်။ သူမက ကြည်နူးနေသဖြင့် အတိတ်ကို ပြန်ပြောင်းအောက်မေ့နေစဉ်မှာ ချန်းစီနျန်ရဲ့မျက်ဝန်းတွေက ဆတ်ခနဲပွင့်လာပြီး သူမရဲ့နှောင့်ယှက်တတ်တဲ့ လက်ချောင်းလေးတွေကို ဆုပ်ကိုင်လိုက်သည်။
"နောက်တစ်ခေါက်လား?"
ချင်းစုယွဲ့မှာ ရေချိုးခန်းထဲကအကြိမ်ရေတွေကို သတိရသွားကာ တုန်ရီလှုပ်ခါသွားပြီး လက်ကိုပြန်ရုတ်လိုက်ကာ ပြုံးလျက် သူ့ပေါ်မှာ လိမ်လိမ်မာမာနဲ့ ပြန်မှီလိုက်၏။
"ကျွန်မ အိပ်မပျော်လို့ပါ"
"အိပ်မပျော်လို့? ဒါဆို ကိုယ့်မှာ မင်းပင်ပန်းပြီး အိပ်ပျော်သွားစေမယ့်နည်းရှိတယ် လုပ်ကြည့်ချင်လား?"
သူ့ရဲ့နတ်ဆိုးရည်ရွယ်ချက်တွေ ကိန်းဝပ်နေတဲ့ အကြည့်ကြီးကြောင့် ချင်းစုယွဲ့မှာ ချက်ချင်းပင် စောင်ပုံထဲတိုးဝင်လိုက်သည်။
"ကျွန်မ တကယ်ကိုအားမရှိတော့ဘူး ... လာမရှုပ်နဲ့တော့ ... ပြီးတော့ မနက်ဖြန်မနက်စောစောထပြီး စာရေးရဦးမှာ"
ချန်းစီနျန်က သူမကိုခြောက်လိုက်တာသာဖြစ်၏။
"မြန်မြန် မျက်လုံးမှိတ်ပြီး အိပ်တော့လေ"
ချင်းစုယွဲ့ရဲ့ ရွှန်းစိုနေတဲ့ မျက်ဝန်းတွေက ပြူးကျယ်ကာ ရုတ်တရက် ပြုံးလိုက်သည်။
"မော်ရွှီယွမ်က ကျွန်မကိုဖုန်းခေါ်တယ်"
"ဘယ်လို?"
ချင်းစုယွဲ့က သူ့ကို မဖုံးကွယ်ထားချင်ပေ။
"သူပြောတာက ရှင်တို့ကုမ္ပဏီက အပန်းဖြေမြို့တော်အိမ်ရာအဖြစ် စီစဉ်နေတယ်တဲ့ ... ဒါပေမယ့် ကျွန်မကြားလိုက်ရတာက ရှင်စိတ်တိုင်းကျတဲ့ဒီဇိုင်းက တစ်ခုမှမရှိနေဘူးတဲ့"
"အဲ့တော့ ဘာဖြစ်လို့လဲ? ... ကိုယ့်ကို ဖြောင်းဖြဖို့ ကြိုးစားနေတာလား?"
ချင်းစုယွဲ့က ပြုံးလိုက်ပြီး သူ့ကိုဖက်၏။
"ကျွန်မက ရှင်ကိုယ်တိုင် ဒီဇိုင်းဆွဲစေချင်တာ ... ဟိုးတုန်းကလေ ကျွန်မ ကျောင်းတက်တုန်းက ရှင့်ရဲ့ဒီဇိုင်းတွေက ပြိုင်ဘက်ကင်းပြီး မျက်စိပသာဒဖြစ်တယ်လို့ ကြားခဲ့ရတာ .... ဒါပေမယ့် ကျွန်မက နည်းနည်းလောက်လေးပဲ တွေ့ခွင့်ရခဲ့ပြီး ရှင့်ရဲ့ဒီဇိုင်းတွေနဲ့ဆောက်ထားပြီး အပြီးသတ်သွားတဲ့စီမံကိန်းဆိုလို့ တစ်ခုမှ တွေ့ခွင့်မရခဲ့ဘူး"
ချင်းစုယွဲ့က နောင်တရစွာနဲ့ ပြော၏။
သူမက ရင်ခွင်ထဲပိုမိုတိုးဝင်လိုက်ရင်း သူ့လက်မောင်းတွေကိုလည်း လှုပ်ခါသေးကာ ချစ်စရာကောင်းအောင် လုပ်နေတော့သည်။
"နော်လို့? ရှင့်ဒီဇိုင်းလေးတစ်ခုလောက် ဆွဲကြည့်ပါလား? ကျွန်မ ကြည့်ချင်လို့ပါ"
ချန်းစီနျန်က ရယ်လျက် သတိပေးသည်။
"ချန်းကတော်ရေ ... ကိုယ်တို့ရဲ့အိမ်ကို ကိုယ်ကိုယ်တိုင်ဒီဇိုင်းဆွဲခဲ့တယ်ဆိုတာ ခင်ဗျားလေးကို ပြန်သတိပေးဖို့လိုသေးလား?"
"မတူဘူးလေ! ရှင်ကျွန်မကို အစတုန်းကတောင် မပြောပဲဖုံးကွယ်ထားသေးတာ ... အခုထပ်ပြောရဲသေးတယ်ပေါ့!"
"အိုခေ ကောင်းပါပြီ အိပ်တော့!"
ချန်းစီနျန်က သူမအား စောင်ကိုသေချာခြုံပေးလိုက်သည်၊
ချင်းစုယွဲ့မှာ သူတကယ်ကြီး သဘောတူလိုက်လိမ့်မည်ဟု မထင်ထားခဲ့သဖြင့် စိတ်လှုပ်ရှားသွားရသည်။
"တကယ်ကြီး သဘောတူတာလား?"
မျက်လုံးတွေ မှိတ်သွားပြီဖြစ်တဲ့ ချန်းစီနျန်က သဘောတူကြောင်း အသံပြုသည်။
"ကောင်းလိုက်တာ! အဲ့တာဆို ကျွန်မ ဒီဇိုင်းကိုမြင်ချင်တယ်နော် ... ဆောက်ပြီးသွားရင်လည်း ကျွန်မကို လိုက်ပြရမယ်"
ချန်းစီနျန်ကရယ်၏။
"ခင်ဗျားလေးက ဘယ်လိုလုပ်နားလည်မှာလဲ?"
"နားလည်လည်မလည်လည် မသိဘူး ... ကြည့်ချင်လို့"
ဤသို့ဖြင့် နောက်နေ့မှာ ချန်းစီနျန်က ကုမ္ပဏီကိုရောက်လာတော့ ဒီဇိုင်းအကြောင်း ထပ်ပြောလာသည့် မော်ရွှီယွမ်ကို ထေ့ငေါ့လိုက်၏။
"မင်းက တော်တော်အရည်အချင်းရှိတာပဲ ... ဘယ်သူ့ကို အကူအညီတောင်းရမလဲ သိနေလိုက်တာ"
မော်ရွှီယွမ်က ခဏလောက် တောင့်တင်းနေပြီးမှ နားလည်သွား၏။ ချင်းစုယွဲ့က သူ့ကိုစိတ်မပျက်စေပေ။ သူမက ချန်းစီနျန်ကို ပြောလိုက်တာလား?
မော်ရွှီယွမ်က ရယ်လိုက်၏။
"ငါလည်း ဘာလုပ်ရမှန်းမသိတော့ မတတ်သာပဲ မရီးကို ပြောလိုက်ရတယ် ... ဒါဆို အားနျန် ငါ့အကြံကို မင်းသဘောတူပေးပါကွာ"
ချန်းစီနျန်က သူကြည့်ပြီးသွားတဲ့ မှတ်ချက်နဲ့စာရွက်စာတမ်းတွေကို မော်ရွှီယွမ်လက်ထဲ ဆတ်ခနဲပစ်ပေးလိုက်သည်။
"မြန်မြန်လုပ်! မင်း.. စုယွဲ့ကို နောက်ထပ်ပြီး အကူအညီသွားတောင်းရဲလို့ကတော့ အကြွေးဟောင်းနဲ့ အသစ်ကို ပေါင်းဆပ်ရမယ်!"
မော်ရွှီယွမ်က ရယ်မောလျက် အခန်းထဲကနေ ထွက်သွားတော့သည်။
ချန်းစီနျန်နဲ့သာဆို သုံးရက်အတွင်း သေချာပေါက် အလုပ်သစ်ကို လွှဲနိုင်ပေမည်။ နောက်တစ်ကြိမ် ဒီလိုအခွင့်အရေးကြီးကို ထပ်မသုံးနိုင်တော့တာတော့ နှမျောစရာပင်။
မော်ရွှီယွမ်က ထိုသို့တွေးလိုက်ပြီး ချင်းစုယွဲ့ကို ကျေးဇူးတင်လွန်းသဖြင့် နေ့လည်စာဖိတ်ကျွေးရမလားလို့ တွေးမိ၏။
မော်ရွှီယွမ်က ချင်းစုယွဲ့ကို ဖုန်းဆက်ကာ ကျေးဇူးတင်ကြောင်းပြောပြီး နေ့လည်စာကျွေးချင်ကြောင်း ပြောတော့ သူမကတန်းပြော၏။
"ကျွန်မက အခုတလော တော်တော်လေး အလုပ်များနေတာ ... နေ့လည်စာကျွေးဖို့ အကြွေးရှိသွားပြီဆိုတော့ ကျွန်မ အချိန်ရမှ နေ့လည်စာကျွေးပေတော့"
မော်ရွှီယွမ်က ချက်ချင်းပင် သဘောတူ၏။
"ကောင်းပြီလေ"
နောက်သုံးရက်မြောက်နေ့မနက်မှာ ချင်းစုယွဲ့နိုးလာတော့ ချန်းစီနျန်ကအလုပ်သွားပြီဖြစ်သည်။ သူမက အိပ်ရာဘေးက စင်အနိမ့်လေးပေါ်မှာတင်ထားသည့် စာရွက်တွေကို တွေ့လိုက်ရကာ သိချင်စိတ်ဖြင့် ယူကြည့်လိုက်တော့ အံ့ဩသွားရသည်။ အဆောက်အဦအတွင်းပိုင်းက ဒီဇိုင်းနဲ့ အထပ်အသီးသီးက မတူညီတဲ့ အခန်းဖွဲ့စည်းပုံ အသေးစိတ်တွေအထိပါ ပါရှိလေသည်။
*********
အဲဒါပဲ ရှေးလူကြီးတွေပြောတဲ့ စကားပုံရှိတယ်လေ 'မယားပြောတော့တစ်ည'ဆိုတာ အခုမှပဲ သဘောပေါက်တော့တယ် .. မွေးရာပါFAတွေ ဒီဝင်အောင် သိပ်လုပ်ကြတာပဲ :3
12.10.2020
****************