ယနေ့...ဇာတ်လိုက်...မိမိအားမွေးစားရန်ကြိုးစားလျှင်....တတိယအကြိမ်ဖြစ်သည်....။
ထိုသို့ကြိုးစားမှုကိုမိမိသဘောကျသည်.....။
လူတိုင်းကလွယ်လွယ်ရတာဆိုတန်ဖိုးမထားချင်ကြဘူးတဲ့.....။
မူလဇာတ်လမ်းကလွယ်လွယ်ရခဲ့သည့်အတွက်....Sinအားသူမမြင်ခဲ့ခြင်း........။
ထို့ကြောင့်လဲဇာတ်လိုက်မ၏နှိပ်စက်မှုတို့ကိုခံနေရသည့်Sinအားသတိမထားခဲ့မိချေ.....။
မိမိအံသြသည်......မိမိကိုချစ်နေသည့်လူတစ်ယောက်၏ချစ်ခြင်းတွေကိုမမြင်ရလောက်အောင်ဇာတ်လိုက်ကတုံးနေသည်လား....ဒါမှမဟုတ်Sinကိုယ်တိုင်ကဇာတ်လိုက်မြင်အောင်မပြတတ်ခဲ့တာလား.....ထိုသို့သောလျှို့ဝှက်မှုအား.....ဇာတ်လိုက်မကမည်သို့သိသနည်း.......။
ရိုးရှင်းပါသည်....ဇာတ်လိုက်ရဲ့မွေးစားမှုကိုခံထားရပြီးနောက်ပိုင်းငွေကြေးကသာအရေးကြီးသောဇာတ်လိုက်အဖို့တော့....Sinအားဂရုမစိုက်နိုင်ခဲ့ပေ.....။
ထိုအချိန်Sinဘာလုပ်ပါသလဲ.....။
သူလုပ်သည်ကမည်သူိ့ငုမှပြောမရသည့်သူ၏ခံစားမှုအားနားထောင်သူတစ်ဦးအား...ပြောပြရန်သာ......။
သို့သော်လည်း.....မည်သူမှသူ့၏ခံစားချင်တို့အားနားထောင်မပေးချေ...။
ထို့အတွက်....ဒိုင်ယာရီစာအုပ်လေးသည်သာသူ၏အဖော်ဖြစ်ခဲ့သည်.....။
ကံကောင်းသည်လားကံဆိုးသည်လား.....ထိုနေ့ကဇာတ်လိုက်မအားအလုပ်နှင့်ပတ်သက်သောဖိုင်တစ်ချို့လာယူသည့်အချိန်....Sinသည်လည်းသူ၏ခံစားချက်ဒိုင်ယာရီလေးအားဇာတ်လိုက်ကိုပေးကာဖွင့်ပြောမည့်အချိန်........။
ဇာတ်လိုက်မသိလိုက်ရပဲ.....သိသွားသူကဇာတ်လိုက်မ.......။
နောက်ပိုင်းဇာတ်လိုက်မဘာလုပ်ပါမည်လဲ.....သူမလုပ်သည်ကSinကိုတိတ်တဆိတ်နှိပ်စက်ရန်သာ.....။
ရိုးအလွန်းသည့်Sinသည်ဇာတ်လိုက်မ၏နှိပ်စက်မှုအားမည်သူ့ကိုမှမပြောရဲခဲ့ချေ.....။
နောက်ဆုံးတွင်တော့Sinကိုလက်ကမ်းလာသည်ကသေခြင်းသာ......။
မိမိစိတ်တိုသည်.....သူသေမှဇာတ်လိုက်ကဘာယောင်တာလဲ....။
ပြီးတော့လဲသူ့ဟာမလေးကိုစိတ်တိုပြီးသတ်ရင်သတ်..မသတ်ရင်လဲ..မတွဲနဲ့ပေါ့....ဇာတ်လမ်းကိုကချီးထုတ်ဇာတ်လမ်း......။
ဖန်တရာထေနေပြီ....ဘယ်လောက်ပဲစိတ်ဆိုးဆိုး...နောက်ဆုံးတော့လဲ..မင်းသားနဲ့မင်းသမီးကညားတာပဲ....
ဘာမဆိုင်တဲ့ကြားကလူတွေကသေရတယ်.......။
တွေးမိတိုင်းပေါ်လာသည့်ဒေါသစိတ်တို့ကြောင့်ဇာတ်လိုက်အားတော်တော်နှင့်လက်မခံချင်.......။
ဇာတ်လိုက်မကရော....သူ့ကိုမမွေးစားခင်တည်းကပေါ်လာပါလား...ဟိုကဇာတ်လိုက်ကိုချစ်နေပြီဆိုမှဘယ်ချောင်ကသေပြီးထွက်လာမှန်းမသိဘူး..........။
[De.]
[ပြောပါ..host..]
[ငါ့ကိုတစ်ခုကူညီလို့ရလား.]
[ရပါတယ်..ကျွန်တော်တိုကhostတွေအဆင်မပြေတိုင်း....ကူညီပေးဖို့ရှိနေရတာပါ.]
[ဒါဆို...ဒီအချိန်ဇာတ်လိုက်မဘာလုပ်နေလဲစုံစမ်းပေးပါလား.]
ဇာတ်လမ်းအဆုံးထိဇာတ်လိုက်မအကြောင်းဖော်ထားတာလဲမရှိဘူး...ဘယ်ကဘယ်လိုဇာတ်လမ်းတစ်ဝက်လောက်မှပေါ်လာတာလဲ....။
ဒါမိမိသိချင်ဆုံးအကြောင်းအရာတစ်ခု.....။မိမိကိုယ်တိုင်စုံစမ်းရအောင်လဲ....။
Sinကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်သည်.....။
ဒီအရွယ်ရောက်နေတာကိုစိတ်တိုမိသည်....။
ဘယ်လိုဖြစ်ပြီးကလေးဘဝကိုစရောက်နေလဲမသိဘူး....Sinကိုနှိပ်စက်နေတဲ့အရွယ်ဆိုဇာတ်လိုက်မနဲ့ပြန်သတ်လို့ရတယ်...။
[ hostကဇာတ်လိုက်တွေကိုသတ်လို့မရဘူးလေ]
[သိပါတယ်...စကားအဖြစ်ပြောတာပါ]
Deကြောင့်မိမိစိတ်ကျေနပ်စေရန်တွေးမိသည့်အတွေးလေးတောင်တွေးလို့မရဘူး.......။
ခနအကြာDe၏ပြောလာသောစကားကြောင့်....
'ဟက်...ပျော်စရာစပြီပဲ..ဇာတ်လမိးကုစောစောအဆုံးသတ်ကြရအောင်..´
*****************************************
မိမိတွေးနေချိန်...ဟော..ရောက်လာပါပြီထိုလူ....ပြောလျှင်...ဇာတ်လိုက်....။
ဘာပျော်စရာတွေ့လာလဲမသိဘူး...ပြုံးစိစိနဲ့...ဝင်လာတည်းကပါးစပ်ကြီးကိုဖြဲလို့....သွားတိုက်ဆေးလာကြော်ငြာတာလား🙄🙄
Sinကိုစိတ်ဆင်းရဲအောင်လုပ်ထားပြီး...သူကဘာမှမသိသလိုပြုံးနေတယ်....
'ဒီအတိုင်းအမြဲပြုံးနေရဘယ်ပျော်ဖို့ကောင်းတော့မလဲ....ဒီကိုကိုကစီစဉ်ပေးမှာမို့စောင့်ကြည့်နော်´
" ကျွန်တော်မလိုက်ချင်ဘူး....တစ်ခြားလူကိုခေါ်သွားပါ...ကျွန်တော့်ကိုမွေးစားရင်ရောဂါသည်ကိုပြုစုနေရအုံးမယ်...ကျွန်တော့်အရွယ်ကလေးတွေ..ဂေဟာမှာအများကြီးရှိတယ်.."
" ဟို...ကိုကိုက!"
" ကျွန်တော်နေသိပ်မကောင်းချင်လို့ခွင့်ပြုပါအုံး.."
*****************************************
ယနေ့သည်လည်းအငြင်းခံရပေသည်.....။
'ကိုယ်..ရီးစားကိုလိုက်ရင်တောင်အဲ့လောက်ပင်ပန်းမယ်မထင်ဘူး´
(A/N_ ပေးတဲ့ဥပမာကလဲ🤕🤕ဒါနဲ့လေ....hostကပြောတဲ့ဇာတ်လိုက်ကဟိုစာကိုမတွေ့ခဲ့တာမှန်ပါတယ်...ဒါပေမဲ့...သူ့ကိုSinချစ်နေတာရိပ်မိပါတယ်......ဒါကိုSinအဆုံးထိသိမသွားပါဘူးနော်...ပြီးတော့hostလေးကလဲသိပါဘူးလို့...အဲ့ဒါသာသာပဲသိတဲ့လျှို့ဝှက်ချက်😉😉အခုyouတို့ပါသိသွားပြီနော်😁😁)
သို့သော်လည်းRioသည်အရှုံးမပေးချေ......။
Sinအားမွေးစားရန်ကြိုးစားနေစဉ်ပင်.....။
စတုတ္ထရက်.......
ပဉ္စမရက်.....
ဆဌမရက်....
.
.
.
.
.
တစ်လပြည့်သည့်နေ......။
" ဒီတစ်ခါတော့မငြင်းပါနဲ့တော့....ကိုကိုညီလေးကိုတကယ်ချစ်တာပါ...ကိုကို့မိဘတွေဆုံးပြီးတည်းကလိမ်ညာတတ်တဲ့လူတွေနဲ့ပဲဆုံခဲ့ရတော့...အခုလိုစကားမပြောတတ်ဖြစ်ပြီး...အထင်လွဲတာပါ..."
" တကယ်လား....!"
ကလေးငယ်၏တကယ်လားဟူသောစကားသံနှင့်အတူ...ဝိုင်းစက်နေသောမျက်ဝန်းလေး......။
" ommပေါ့."
" ဒါဆိုကျွန်တော့်ကိုမွေးစားပြီးရင်ဂရုစိုက်အလိုလိုက်ပါမယ်လိုကတိပေးလား..."
" ဟားဟား...သေချာတာပေါ့...."
တော်သေးသည်....တစ်လ...ရက်ပေါင်းသုံးဆယ်တိတိကြိုးစားမှုကအရာထင်လေပြီ .....။
ယနေ့သည်ဖေဖေမေမေတို့ဆုံးပြီးတည်းကမိမိပျော်သည့်ပထမဆုံးနေ့.....။
ပထမဆုံး...မဟုတ်ဘူး...ဒုတိယသံယောဇဉ်တွယ်ရသည့်လူသားလေး......။
ပထမလူသည်အန်ကယ်လ်ပိုလ်ဖြစ်သည်.....။
*****************************************
'တီ..တီ..တီ.´
နှိုးစက်မှမြည်သံ...။
Rioတစ်ယောက်မျက်လုံးပွင့်သည်နှင့်တွေးမိသည်က..ကလေးငယ်...။
အိပ်ရာမှအလျင်အမြန်ထကာ..ကလေးငယ်၏အခန်းထဲဝင်လိုက်သည်...။
ကလေးငယ်အားဂေဟာမှခေါ်လာသည်နှင့်အခန်းတစ်ခန်းအားတစ်နာရီအတွင်းပြင်ဆင်ကာထားပေးလိုက်သည်.......။
ဟော..တွေ့ပါပြီ...မိမိ၏ပေါက်စလေး.....။
အိပ်နေတာများ....ပါးလေးကဖောင်းဖောင်းလေ....ပါးစပ်လေးအားဖွင့်ထားသည့်ပေါက်စ......။
အသည်းယားသည်မို့ပါးလေးအားနမ်းလိုက်သည်နှင့်နိုးလာသည့်ပေါက်စလေး.....။
" ပေါက်စလေး..နိုးသွားတာလား...ကိုကိုကအသည်းယားလို့နမ်းလိုက်တာ"
" မဟုတ်ပါဘူး...ဒီအချိန်ကကျွန်တော်တို့ဂေဟာမှုထနေကျအချိန်လေ...ဒါကြောင့်.."
စစတွေ့တုန်းကကြားရသည့်ကိုကိုဟူသောအသံလေသည်....မနေ့ကခေါ်လာပြီးတည်းကမကြားရသေး.......။
" ကိုကိုလို့မခေါ်ဘူးလားပေါက်စ"
" အာ...ဟုတ်ကဲ့ကိုကို"
အခုမှပေါက်စလေးကပြည့်စုံသွားတော့သည်.....။
ပေါက်စလေးအားမျက်နှာသစ်ပေးမည်ပြောတော့...ကိုယ့်ဘာသာလုပ်မည်ဆိုကာရေချိုးခန်းထဲဝင်သွားလေသည်.....။
မိမိသည်ပေါက်စလေးဝတ်ရန်အဝတ်များကိုထုတ်လိုက်သည်.....။
မိုးပြာရောင်အင်္ကျီလေး..နှင့်အနက်ရောင်ဘောင်းဘီလေး....။
ပေါက်စလေး၏ပုံစံလေးအားမြင်ရောင်ကာထုတ်ထားခြင်း.....။
မိုးပြာရောင်မျက်ဝန်းလေးနဲ့ပေါက်စကဒီအင်္ကျီနှင့်ဆိုပိုမိုချစ်စရာကောင်းနိုင်သည်....။
ဗီရိုထဲတွင်ပေါက်စလေး၏အင်္ကျီလေးများကပြည့်လျက်.....။
ပေါက်စရောက်တည်းကဝယ်ခိုင်းလိုက်သည့်အင်္ကျီများ....ပေါက်စလေး၏ချစ်စရာမျက်ဝန်းလေးပျောက်ကွယ်သွားမည်ဆိုးရင်ဝယ်ပေးထားသည်တို့ကမိုးပြာရောင်အင်္ကျီတို့သာ........။
ပေါက်စအင်္ကျီလဲပီးသည်နှင့်အောက်ထပ်သို့မုန့်စားရန်ဆင်းလာလိုက်သည်....။
" မောနင်း...အန်ကယ်လ်"
"မောနင်း ...Rio...မောနင်းSin"
" မောနင်း..အန်ကယ်လ်ပိုလ်.."
မစ္စတာပိုလ်သဘောကျမိသည်....ဤကလေးလေးသည်Rioအားပျော်စေသည့်တစ်ခုတည်းသောအရာလေး.....မိမိခေါင်းထဲဝင်လာသည်ကထိုကလေးကိုပါစောင့်ရှောက်ရန်.....။
မိုးပြာရောင်မျက်လုံးလေးနဲ့ထိုကလေးကချစ်စရာကောင်းလှသည်.....။
Rioနှင့်Sinအတွက်မုန့်ပြင်ပေးပြီးကာမိမိလဲဝင်ထိုင်လိုက်သည်......။
(A/N_ သာသာ..youတို့မထင်ထားတာတစ်ခုတွေးထားတယ်....စိတ်ဝင်စားမယ်ထင်တယ်😁😁 🤓🤓🤓)