Stay with me(season-2)[Chaeli...

By lae0327

54.2K 4.3K 898

တစ်အားရိုမှာပါနော် 😁😁😁 More

Ep(1)💛
Ep(2)💛
Ep(3)
Ep(4)💛
Ep(5)💛
Ep(6)💛
Ep(7)
Ep(8)💛
Ep(9)
Ep(10)💛
Ep(12)
Ep(13)💛
Ep(14)💛
Ep(15)
Ep(16)💛
Ep(17)💛
Ep(18)💛
Ep(19)💛
Final❤

Ep(11)

2K 224 46
By lae0327

ချယ်နေရာမှာထိုင်ပြီး ဆူဇီနှင့်ပြောခဲ့သည်များကို ပြန်တွေးနေမိသည် ဖွင့်ပြောမယ်လို့သာပြောလိုက်တာ ဘယ်လိုပြောရပါ့မလဲ လက်ထဲကဖုန်းလေးကို ချလိုက် ပြန်ကိုင်လိုက်နှင့်ချယ်တစ်ယောက် အလုပ်ရှုပ်နေမိတော့သည် နောက်ဆုံးတော့ခေါ်လိုက်မယ်ဟု စိတ်ကိုပိုင်းဖြတ်လိုက်ပြီး လက်ကနှိပ်ဖို့ပြင်လိုက်ချိန်မှာပဲ ကားသံကြားရတာကြောင့် ချယ်ကြည့်လိုက်တော့ ချစ်ရပါသောလီလီ

C''လီလီ

Li''အင်း အံ့သြသွားတာလား ဘာဖြစ်လို့

C''မဟုတ်ပါဘူး လာလေလီလီ

လီလီကချယ့်ဘေးမှာဝင်ထိုင်ပြီး

L''ချယ့်ခြေထောက်သက်သာလား

C''အင်း သက်သာပါတယ်လီလီရဲ့

L''ကိုယ်နဲ့အပြင်လိုက်ခဲ့ပေးလို့ရမလား ကိုယ်ချယ့်ကိုပြောစရာရှိလို့ပါ

C''အင်း လိုက်ခဲ့မယ်လေလီလီ

လီလီ့မျက်နှာက အရင်ကထက်တည်ငြိမ်နေသည် ပြီးမျက်နှာသိပ်မကောင်းဟုလည်း ချယ်ထင်မိသည်မို့ ချယ့်စိတ်ထဲစိုးရိမ်သွားရတော့သည်

L''ဒါဆို သွားရအောင်လေ

လီလီကချယ့်ကိုတွဲပြီး ကားဆီခေါ်သွားခဲ့သည် ကားလေးကနေရာမှမောင်းထွက်လာပြီးချိန်မှစ၍ လီလီ့ဆီမှဘာစကားမှထပ်ထွက်မလာခဲ့

C''လီလီ တစ်ခုခုဖြစ်လို့လား

L''မဖြစ်ပါဘူးချယ်ရဲ့

C''အင်း ခုဘယ်သွားမှာလဲ

L''ကိုယ်ချယ်နဲ့နှစ်ယောက်ထဲအေးဆေးပြောစရာရှိလို့ပါ ဘယ်နားသွားရမလဲ

C''အင်း ကော်ဖီဆိုင်တစ်ဆိုင်ရှိတယ် လူအရမ်းရှင်းပြီးတိတ်ဆိတ်တယ်လေ

L''အင်း ကိုယ့်ကိုလမ်းညွှန်ပေးလေ အဲ့ပဲသွားကြတာပေါ့

C''အင်း ဟိုဘက်လမ်းကွေ့လိုက်လီလီ

ချယ်ပြောသည့်အတိုင်းပဲ လီလီမောင်းလာခဲ့လိုက်ပြီး ချယ်ပြောသည့်ကော်ဖီဆိုင်လေးရှေ့ရောက်လာခဲ့တော့ ကားကိုရပ်ကာ ချယ်နဲ့
နှစ်ယောက်ဆိုင်ထဲဝင်လာခဲ့လိုက်သည်

ကျယ်ဝန်းသောနေရာထဲမှာ ဝါးပင်ငယ်လေးများကိုအစီအရီလှလှပပစိုက်ပျိုးထားပြီး
ပန်းပင်ငယ်လေးများဖြင့်လှပနေသည့်အတွက် ဝင်လာသူများအားစိတ်ကိုလန်းဆန်းမှုပေးစွမ်းနိုင်သည်

Li''နေရာလေးက ကောင်းလိုက်တာ

C''ဟုတ်တယ်လီလီရဲ့ တိတ်လည်းတိတ်ဆိတ်တယ်

Li''အင်း ဟိုမှာထိုင်ကြရအောင်လေ

နှစ်ယောက်စားပွဲဝိုင်းတစ်ခုမှာဝင်ထိုင်လိုက်ပြီး ကော်ဖီမှာလိုက်ကြသည် မကြာပါကော်ဖီခွက်လေးနှစ်ခွက်က လီလီနှင့်ချယ်တို့ရှေ့သို့
လှလှပပရောက်ရှိလာခဲ့သည် လီလီကော်ဖီတစ်ငုံသောက်လိုက်ပြီး

Li''ကောင်းတယ်လီလီကြိုက်တယ်

C''အင်း လီလီပြောစရာရှိတယ်ဆို ပြောလေ

Li''အင်း ကိုယ်ပြန်တော့မယ်လီလီ

ဘာစကားမှအစပျိုးခြင်းမရှိပါပဲ ပြန်တော့မယ်ဆိုတဲ့လီလီ့စကားက ချယ့်ကိုဝမ်းနည်းစေသည် ပြန်တော့မယ်တဲ့လား ချယ့်ကိုချစ်ကြောင်းမပြောသွားဘူးလား ချယ်လည်းလီလီ့ကိုချစ်ကြောင်းမပြောရသေးဘူးလေ

ငိုင်ကျသွားတဲ့ချယ့်ကိုကြည့်ပြီး လီလီပြုံးလိုက်မိသည်

Li''ချယ် ဘာမှမပြောတော့ဘူးလား

C''

Li''ချယ် လီလီ့ကိုကြည့်အုံးလေ ချယ်လို့

လီလီချယ့်ပခုံးကိုလှုပ်ပြီးပြောလိုက်တော့မှ ခေါင်းငုံ့ထားသည့်ချယ်ကလီလီ့ကိုမော့ကြည့်လာသည် ချယ့်မျက်ဝန်းတွေမှာ မျက်ရည်စတွေနဲ့ပါလား...

Li''ချယ် ဘာဖြစ်လို့လဲ

C''ဘာမှမဖြစ်ပါဘူး မျက်လုံးထဲအကောင်ဝင်သွားလို့

ချယ့်အဖြေကြောင့် လီလီထပ်ပြုံးမိသည် မေမေပြောသလိုပဲဆိုတော့ လီလီဖွင့်ပြောဖို့သင့်ပြီဟု ဆုံးဖြတ်လိုက်ပြီး

Li''ချယ် ကိုယ်ချယ့်ကိုပြောစရာရှိတယ်

C''အင်း ပြောလေ

လီလီချယ့်လက်လေးကို ဆုပ်ကိုင်လိုက်တော့ ချယ်ကလီလီ့ကိုကြည့်လာခဲ့သည် မျက်ရည်စတွေရစ်ဝိုင်းနေသည့် မျက်ဝန်းတွေနှင့်

Li''ကိုယ်ချယ့်ကိုချစ်တယ်

C''ဟင်

ကိုယ်မျှော်လင့်နေခဲ့ရတဲ့စကားကို မျှော်လင့်မထားတဲ့အချိန်မှာ ကြားလိုက်ရတဲ့ခဏ ချယ့်ရင်ထဲမှာအမည်ဖော်ပြလို့မရတဲ့ ခံစားချက်တို့ရောက်ရှိလာခဲ့ရသည် ပျော်ရွှင်တာလား ဝမ်းနည်းတာလား ချယ်မဝေခွဲတတ်တော့..

Li''ချယ် ကိုယ့်ကိုတစ်ခုခုပြန်ပြောအုံးလေ စိတ်ဆိုးသွားတာလား

လီလီမေးနေပေမယ့်ချယ်ကဘာမှပြန်မဖြေခဲ့

Li''တောင်းပန်ပါတယ် စိတ်ဆိုးသွားတာထင်တယ် ကိုယ်ကမပြောပဲနေခဲ့ရမှာကို

C''အဟင့် ဟင့်😢😢😢

ရုတ်တရက်ထငိုသောချယ့်ကြောင့် လီလီ့မှာဘာလုပ်လို့လုပ်ရမှန်းမသိတော့ လီလီပျာယာခတ်စွာနဲ့ပဲ စားပွဲပေါ်မှတစ်ရှူးကိုယူလိုက်ပြီး ချယ့်မျက်ရည်တွေကို သုတ်ပေးကာ

Li''မငိုပါနဲ့နော် ကိုယ်တောင်းပန်ပါတယ် နော်ချယ် တောင်းပန်ပါတယ်

Li''စိတ်ဆိုးသွားတာလား ကိုယ်မပြောခဲ့ရမှာကို တောင်းပန်ပါတယ်နောက်ခါမကြားစေရဘူးနော်

C''ဘာတွေပြောနေတာလဲ ပြန်တော့မယ်ဆိုပြီး ချစ်တယ်ပြောရလား

Li''မပြောရဘူးလား အင်းပါကိုယ်တောင်းပန်ပါတယ်

ချယ်ပြောချင်သည်ကို လီလီနားလည်ပုံမပေါ်
တော်ကြာသူထင်ချင်ရာထင်သွားမှာစိုးတာကြောင့်

C''ချစ်တယ်

ချယ့်မျက်ရည်တွေသုတ်ပေးနေသောလီလီ့လက်တို့ ရပ်တန့်သွားခဲ့ရတော့သည် လီလီနားကြားများမှားသွားတာလား

Li''ကိုယ့်ကိုချစ်တယ်ပြောလိုက်တာလား ချယ်

C''ဟုတ်တယ် ချစ်တယ်လို့

Li''တစ်ကယ်နော် အဲ့ဆိုဘာလို့ငိုနေရတာလဲ

C''ရှင်ပဲပြန်တော့မယ်ဆို ဝမ်းနည်းလို့လေ

Li''အော်ချယ်ရယ် ကိုယ်တို့ကနိုင်ငံခြားနေတာလည်းမဟုတ် ဘေးချင်းကပ်နေတဲ့မြို့လေးတွေကို ဘယ်လောက်ဝေးလို့ ပြန်လည်းမပြန်သေးပါဘူး

C''အဲ့ဒါဆို ဘာလို့ပြန်မယ်ပြောတာလဲ

Li''ချယ်က ကိုယ့်အပေါ်ဘယ်လိုစိတ်ရှိလဲသိချင်လို့လေ

C''မကောင်းတဲ့ ဟာလေး

Li''ချယ်ကလည်း အခုကိုယ်တို့ချစ်သူတွေဖြစ်သွားပြီနော်

C''မဖြစ်သေးပါဘူး

Li''အာဖြစ်သွားပါပြီ ခုဏကပဲလီလီ့ကိုချစ်တယ်ဆို

C''သိရင်ဘာလို့မေးနေသေးတာလဲ

Li''ဟီး သေချာသွားအောင်လို့

C''ချစ်တယ် လီလီနဲ့စတွေ့ထဲက ချယ်ကလီလီ့ကိုချစ်နေတာ

စတွေ့ထဲကမဟုတ်ပဲ မတွေ့ခင်ထဲကချစ်နေကြောင်းကိုတော့ အချိန်ခဏကြာရင်ချယ်ဖွင့်ပြောမည်

လီလီချယ့်ကိုယ်လေးကို ဖက်လိုက်ပြီး

Li''မနေ့က ကိုယ့်မှာဘယ်လောက်စိတ်ဆင်းရဲသွားရလဲသိလား

C''ဟင့်အင်း

Li''ကိုယ်မနေ့က ချယ့်ဆီလာတာ ချစ်ကြောင်းပြောမလို့ ပန်းစည်းနဲ့လက်စွပ်ပါပြင်ထားတာ ဟိုအမကိုတွေ့လို့ ကိုယ့်မှာလှည့်ပြန်သွားခဲ့ရတာ

C''ဘယ်ရောက်သွားပြီလဲ အဲ့ဒါတွေ

Li''ပန်းစည်းကမရှိတော့ဘူး စိတ်တိုလို့လွှင့်ပစ်လိုက်တာ

C''ဟာ လွှင့်ပစ်တယ်ပေါ့လေ

လီလီ့ရင်ခွင်ထဲမှထွက်ပြီး မျက်နှာကိုဟိုဘက်လှည့်သွားသောချယ့်ကိုကြည့်ပြီး စိတ်ကောက်သွားတာမှန်း လီလီသိလိုက်ရတာမို့

Li'စိတ်ကောက်သွားတာလား မနေ့ကစိတ်တိုသွားလို့ပါချယ်ရဲ့

C''မသိဘူး စိတ်ဆိုးလည်းလွှင့်ပစ်စရာလား

Li''နှင်းဆီတွေက မလွှင့်ပစ်လည်းခြောက်ကုန်မှာပဲကို ချယ်ရဲ့

C''မသိဘူး

Li''ရော် ခုဏကမှချစ်သူဖြစ်တာကို ခုကောက်နေပြီလား

C''ဘာလဲမကျေနပ်ဘူးလား ချစ်တယ်ပြောလိုက်မိတာကို နောင်တရသွားတာလား

Li'အာ စွာလိုက်တာကွာ လီလီ့ကောင်မလေးက

C''😒

L''ချယ်

Li''ချယ်လို့ လီလီ့ကိုကြည့်အုံး

ချယ်နူးညံ့စွာခေါ်နေသော လီလီ့ကြောင့် လီလီ့ကိုကြည့်လိုက်တော့ နူးညံ့ပြီးအချစ်ရိပ်တွေပြည့်နေသော လီလီ့မျက်ဝန်းများနှင့်ဆုံသည်

Li''ဒီလက်စွပ်လေးကို အမြဲဝတ်ထားပေးနော် ချယ်

လီလီကဘယ်အချိန်ထဲက ထုတ်ထားမှန်းမသိသော လက်စွပ်လေးကိုချယ့်လက်သူကြွယ်မှာဝတ်ဆင်ပေးသည် လှပသောချယ့်လက်သွယ်သွယ်လေးမှာ အရောင်တလက်လက်တောက်ပနေသော လက်စွပ်လေးက ခန့်ခန့်ညားညားနေရာယူလျှက်

Li''ချစ်တယ်ချယ်

C''ချယ်လည်းချစ်တယ်လီလီ ချစ်တယ်ဆိုတာထက်ပိုတယ်

ရင်ခွင်ထဲဝင်ပြီး လီလီ့ခါးကိုဖက်တွယ်လာသော ချယ့်ကိုယ်လေးကိုလီလီထွေးဖက်ထားလိုက်မိသည် ကိုယ်ချစ်ရသူကိုထွေးပွေ့ထားရသည့်ခံစားချက်က အလွန်ကောင်းသည်...

Li''ချယ်

C''အင်း လီလီ

Li''ကိုယ်တို့နမ်စားမပြောင်းဘူးလား ချယ်နဲ့လီလီပဲခေါ်မှာလား

C''ဒီတိုင်းလေးပဲကောင်းပါတယ်လီလီရဲ့

Li''ဟုတ် ကိုယ်တို့တစ်နေရာရာသွားကြမလား

C''ဘယ်နေရာ

Li''အင်း ဘယ်သွားရမလဲ

Li''သိပြီ ရုပ်ရှင်သွားကြည့်ရမယ် ချစ်သူဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့

C''ဟုတ် သွားကြမယ်လေ

နှစ်ယောက်သားဆိုင်ထဲမှထွက်လာပြီး လီလီက ကားလေးကိုရုပ်ရှင်ရုံရှိရာသို့ ဦးတည်မောင်းနေသည်

ပေါင်ပေါ်မှာတင်ထားသည့်ချယ့်လက်လေးတစ်ဖက်ကို လီလီ့လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်တော့ ချယ်ကလီလီ့ကိုကြည့်လာပြီး

C''ကားကိုသေချာမောင်းလေ လီလီရဲ့ချယ်မသေချင်သေးဘူးနော်

Li''ချယ်ကလည်း ဖြည်းဖြည်းလေးမောင်းနေတယ်လေ

C''ဟုတ်ပါပြီ သေချာမောင်း

ချယ်ကပြောပြီးသည်နှင့် သူမလက်လေးအားဆုပ်ကိုင်ထားသည့် လီလီ့လက်လေးကို
သူမရဲ့ကျန်နေသေးသည့် လက်တစ်ဖက်ဖြင့်ပါ ဆုပ်ကိုင်လိုက်ပြီး ချယ့်ခေါင်းလေးကတော့ လီလီ့ရဲ့ပခုံးထက်မှီလာခဲ့သည်

C''လီလီ အွန်လိုင်းကနေ လက်မှတ်ဖြတ်လိုက်မယ်လေ ဟိုမှာမစောင့်ရတော့ဘူးပေါ့

Li''ဟုတ် မှာလိုက်လေ

ချယ်ကလီလီ့လက်လေးကိုလွှတ်လိုက်တာကြောင့် လီလီလည်းလက်နှစ်ဖက်လုံးကို ကားစတီယာရင်ဆီပဲ ပို့ထားလိုက်တော့သည် ခဏအကြာချယ်ကဇာတ်ကားနှစ်ကားကို ပြလာပြီး

C''ဘယ်ဟာကြည့်မလဲလီလီ

Li''ချယ်ကြိုက်ရာ

လီလီပြောတော့ ချယ်ကပြုံးပြီးခေါင်းညိမ့်ကာ

C''အာ့ဆို အချစ်ကားလေးပဲရွေးလိုက်မယ် ဟိုကားကလူသတ်ကားကြီး

Li''သဘောပါဗျာ

.
.
C''ရပြီလီလီ ဖြတ်ပြီးပြီ

Li''ပြီးပြီဆို ကိုယ့်ရင်ခွင်ထဲလာ

လီလီ့စကားအပြီးမှာပဲ ချယ်ကလီလီ့ရင်ခွင်ထဲ ရောက်လာတော့သည် လီလီချယ့်ခေါင်းလေးကိုအသာပုတ်ပေးလိုက်တော့ ရင်ခွင်ထဲမှချယ်က

C''လီလီ

Li''ဗျာ

C''ချစ်တယ်

Li''ဟုတ် ကိုယ်ကပိုချစ်တယ်

C''ဟုတ်ပါပြီရှင်

Li''ရောက်တော့မှာပဲ ချယ်ဗိုက်ဆာလား ဗိုက်ဆာရင် တစ်ခုခုစားပြီးမှသွားမယ်လေ

C''ချယ်တော့မဆာပါဘူး လီလီဆာလို့လား

Li''ဟင့်အင်း ကိုယ်မဆာပါဘူး ဘေးမှာကိုယ့်ချစ်သူလေးရှိနေတော့ ဗိုက်တောင်မဆာနိုင်တော့ဘူးလေ

C''ဟုတ်ပါပြီ

Li''အင်း ပြောရင်းရောက်ပြီ

လီလီကားပါကင်ထိုးလိုက်ပြီး နှစ်ယောက်လုံးကားပေါ်မှဆင်းကာ ချယ့်လက်လေးကိုကိုင်ပြီး အဆောက်အဦးထဲဝင်လာခဲ့လိုက်သည်


Li''ချယ် မုန့်တွေဒီကဝယ်သွားမလား

C''အပေါ်က ကောင်တာမှာပဲဝယ်မယ်လေ

Li''ဒီမှာက ပိုစုံလို့လေ

C''အင်း ဒါဆိုလည်းဒီမှာပဲဝယ်သွားလိုက်မယ်

လီလီခြင်းကိုယူလိုက်တော့ ချယ်ကလီလီ့လက်မောင်းကိုလာချိတ်ပြီး

C''ဘာဝယ်ကြမလဲ

Li''ချယ်စားချင်တာ

C''လီလီကရော

Li''ကိုယ်က ချယ်ကြိုက်တာအကုန်ကြိုက်တယ်လေ

C''ချစ်ဖို့ကောင်းနေတာ

Li''😁

မုန့်တွေအစုံဝယ်ပြီး အပေါ်ထပ်တက်လာခဲ့ကြကာ ရုံထဲဝင်လာခဲ့ကြသည် ရုပ်ရှင်ကစတောင်စနေပြီ ချယ့်လက်ကိုလီလီလည်း ဆွဲပြီးထိုင်ခုံမှာဝင်ထိုင်လိုက်ကြသည်

C''လီလီ မင်းသားလေးကချောလိုက်တာ

Li''အင်း

မင်းသားချောလား မင်းသမီးလှလား လီလီတော့မကြည့်အား ရုပ်ရှင်ကားရဲ့အလင်းရောင်ကြောင့် မြင်နေရသည့်ချယ့်ရဲ့မျက်နှာလေးကိုပဲ လီလီကြည့်မဝဖြစ်နေခြင်းကြောင့်ပင်

C''လီလီ ချယ်ရေဆာတယ်

Li''ခဏနော်

လီလီဝယ်လာသောမုန့်တွေထဲမှ ရေဘူးကိုရှာပြီးဖွင့်လိုက်ကာ ပိုက်လေးထည့်လိုက်ပြီးချယ့်လက်ထဲထည့်ပေးလိုက်တော့ ချယ်ကပြုံးပြလာပြီး ရေဘူးကိုယူကာ သောက်သည်

Li''မုန့်စားလေ ဘာမုန့်ဖောက်ပေးရမလဲ

C''သိဘူး

လီလီလည်း ပေါက်ပေါက်တစ်ဘူးယူကာဖောက်လိုက်ပြီး

Li''ချယ် ပါးစပ်ဟ

ပိတ်ကားပေါ်မှရုပ်ရှင်ကိုကြည့်နေလျှက်နှင့် ချယ်ကပါးစပ်လေးအသာဟပေးတော့ လီလီလည်းပေါက်ပေါက်ကိုယူပြီး ခွံ့ကျွေးလိုက်သည်

Li''စားလို့ကောင်းလား

C''အင်း ကောင်းတယ်လီလီ

တစ်ကယ်ကောင်းသည် လီလီခွံ့ကျွေးသည်ကိုစားရသည်က ချယ်ခေါင်းလေးကိုလီလီ့ပခုံးပေါ်တင်လိုက်တော့ လီလီ့လက်တစ်ဖက်ကချယ့်ပခုံးပေါ်ရောက်လာပြီး ချယ့်ကိုဖက်သည့်အတွက် ချယ်ကလီလီ့ရင်ခွင်ထဲရောက်သွားရပြန်သည်

Li''လီလီ ကိုယ်မုန့်စားချင်တယ်

C''စားလေ

မုန့်တွေအကုန်လုံးက သူ့ဘက်မှာဟာကို မုန့်စားချင်တယ်ပြောလာသည့်လီလီ့အား ချယ်နားမလည်နိုင်

Li''ဒီကမုန့်မဟုတ်ဘူး

C''ဘယ်ကဟာ

လီလီက ချယ့်နှုတ်ခမ်းကိုလက်ညှိုးလေးနဲ့ထိပြီး လီလီ့မျက်နှာရှေ့တိုးလာချိန်မှာတော့ လီလီဘာကိုဆိုလိုသည်မှန်း ချယ်သဘောပေါက်သွားရတော့သည်

ပိတ်ကားပေါ်မှ မင်းသားနှင့်မင်းသမီးကနမ်းနေကြသလို အပြင်မှာလည်း ချယ်နှင့်လီလီတို့နှစ်ယောက်ရဲ့ နှုတ်ခမ်းလေးတွေဟာထပ်တူကျလျှက်....

အရိုတလိုင်းတွေ လာပါတော့မယ်ရှင်😍😍😍😍






























Zawgyi


C''လီလီ


C''မဟုတ်ပါဘူး လာလေလီလီ







L''ဒါဆို သွားရအောင်လေ



L''မဖြစ်ပါဘူးချယ်ရဲ့

C''အင်း ခုဘယ်သွားမှာလဲ

















C''



Li''ချယ် ဘာဖြစ်လို့လဲ




C''အင်း ပြောလေ



C''ဟင်





C''အဟင့် ဟင့်







C''ချစ်တယ်



C''ဟုတ်တယ် ချစ်တယ်လို့






C''မကောင်းတဲ့ ဟာလေး


C''မဖြစ်သေးပါဘူး








C''ဟင့်အင်း









C''မသိဘူး




C''

L''ချယ်





Li''ချစ်တယ်ချယ်



Li''ချယ်

C''အင်း လီလီ




C''ဘယ်နေရာ

Li''အင်း ဘယ်သွားရမလဲ


C''ဟုတ် သွားကြမယ်လေ








Li''ဟုတ် မှာလိုက်လေ


C''ဘယ်ဟာကြည့်မလဲလီလီ

Li''ချယ်ကြိုက်ရာ



Li''သဘောပါဗျာ

.
.



C''လီလီ

Li''ဗျာ

C''ချစ်တယ်


C''ဟုတ်ပါပြီရှင်




C''ဟုတ်ပါပြီ









C''ဘာဝယ်ကြမလဲ

Li''ချယ်စားချင်တာ

C''လီလီကရော


C''ချစ်ဖို့ကောင်းနေတာ

Li''



Li''အင်း


C''လီလီ ချယ်ရေဆာတယ်

Li''ခဏနော်



C''သိဘူး


Li''ချယ် ပါးစပ်ဟ


Li''စားလို့ကောင်းလား

C''အင်း ကောင်းတယ်လီလီ



C''စားလေ


Li''ဒီကမုန့်မဟုတ်ဘူး

C''ဘယ်ကဟာ







Continue Reading

You'll Also Like

417K 12.6K 94
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
141K 2.8K 44
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
402K 6.4K 79
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
168K 6.1K 92
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...