ဟေမန္တအလွန်

By SuWei_Akii

224K 20K 572

စာရေးသူ - ဆုဝေ့ Editor - @Alex_Gryffindor More

စာရေးသူ၏ အမှာစာ
အခန်း ၂ (Z + U)
အခန်း ၃ (Z + U)
အခန်း ၄ (Z + U)
အခန်း ၅ (Z + U)
✨ Announcement ✨
အခန်း ၆ (Z + U)
🎄Christmas Special Gift🎄
အခန်း ၇ (Z + U)
အခန်း ၈ (Z + U)
အခန်း ၉ (Z+U)
အခန်း ၁၀ (Z + U)
အခန်း ၁၁ (Z+U)
အခန်း ၁၂ (Z + U)
အခန်း ၁၃ (Z + U)
အခန်း ၁၄ (Z + U)
အခန်း ၁၅ (Z + U)
အခန်း ၁၆ (Z + U)
အပိုင်း ၁၇ (Z + U)
အခန်း ၁၈ (Z + U)
အခန်း ၁၉ (Z + U)
အခန်း ၂၀ (Z + U)
အခန်း ၂၁ (Z + U)
အခန်း ၂၂ (Z + U)
အခန်း ၂၃ (Z + U)
အခန်း ၂၄ (Z + U)
အခန်း ၂၅ (Z + U)
အခန်း ၂၆ (Z + U)
အခန်း ၂၇ (Z + U)
အခန်း ၂၈ (Z + U)
အခန်း ၂၉ (Z + U)
အခန်း ၃၀ (ဇာတ်သိမ်းပိုင်း) (Z + U)
✨ စာရေးသူ၏ ကျေးဇူးတင်လွှာ ✨
မေးချင်တာလေး ရှိလို့ပါ
21ရာစုက စော‌ယွန်းလေးက ဘာဆက်ဖြစ်သွားလဲ?
ကလေးလေးတို့ ဒါလေး ဖတ်ပေးကြပါဦး
ဟိတ် ကလေးလေးတို့ !
🚨 Book Book 🚨
About Extra
Book Update
Book Order Detail
✨ Extra ✨

အခန်း ၁ ( Z + U )

18.7K 1.1K 47
By SuWei_Akii

[UNICODE]

ဒေါက်-ဒေါက်-ဒေါက်

အခန်းတံခါး ခေါက်သံ ဆုံးသည်နှင့် အခန်းထဲသို့ အသားခပ်ဖြူဖြူနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ဝင်လာလေသည်။ 

ထို့နောက် ခုတင်ပေါ်တွင် ခြေလက်များကိုဆန့်ကားထားလျက် ဂွမ်းစောင်ဖြူနှင့် လုံးထွေးလျက် အိပ်ပျော်နေသော အဖြူလုံးလေးကို ညင်သာစွာ လှုပ်နှိုးလေသည်။ ထိုအဖြူလုံးလေးက ဟိုဘက်ဒီဘက် အနည်းငယ် လူးလှိမ့်နေသေးပြီး ခဏမျှအကြာတွင် စောင်ကို ကိုယ်ပေါ်မှ ဖြည်းဖြည်းချင်း ခွာကာ  မျက်လုံးများကို အားယူဖွင့်သည်။ ညာဘက်လက်နှင့်လည်း ဦးခေါင်းအနောက်သို့ အသာဖိကာ မျက်ခုံးများကို အနည်းငယ် ကျုံ့၍ မျက်နှာမကြည်မသာဖြင့် အိပ်ရာမှထလေသည်။

"ခေါင်းကိုက်နေပြီမဟုတ်လား?"

အမျိုးသမီးကြီး၏ အမေးကို အဖြူလုံးလေးက ရှိသမျှ သွားအချောင်းစေ့ပေါ်သည်အထိ ရယ်ပြရင်း ဖြေသည်။ 

"ဟုတ် မေမေ။"

"သူငယ်ချင်းတွေနဲ့ ပျော်တာလည်း ပျော်ပေါ့ သားရယ်၊ အတိုင်းအတာတော့ ရှိဦးမှပေါ့။ "

"သားလည်း ကိုယ့်အတိုင်းအတာကို ကိုယ်သိပါတယ်။ ညက နည်းနည်းလေးပဲ လစ်မစ်ကျော်သွားတာပါ။ နောက်ဆို သတိထားပါ့မယ်။"

အဖြူလုံးလေးက မိခင်ကို ပွေ့ဖက်ကာ ရယ်ကျဲကျဲနှင့် ဆိုသည်။ 

သူကလည်း သားငယ်၏ ဦးခေါင်းကို ရှေ့တိုးနောက်ငင် ပွတ်သတ်ပေးနေပြီး ပြုံးလျက်ပြောသည်။

"ဖအေဆီက အဆူခံရရင်တော့ မျက်နှာငယ်လေးနဲ့ မအေဆူတာကျ ကပ်ချွဲတယ်ပေါ့။ အလည်လေး။ "

"ဟီးဟီး။"

"မေမေ မနက်စာ ပြင်ထားပြီးပြီ။ ရေချိုးအဝတ်အစားလဲပီး ဆင်းလာခဲ့ချေ။"

"ဟုတ်!"

အမျိုးသမီးကြီးက မျက်လုံးများ တစ်ဝက်သာ ပွင့်နေသည့် အဖြူလုံးလေး၏ ဆံပင်များကို နားနောက်သို့ ထည့်ပေးပြီးနောက် အခန်းတွင်းမှ ထွက်သွားသည်။

အိပ်ချင်မူးတူးဖြင့် ခဏမျှ ငိုက်နေပြီးနောက်ဂွမ်းစောင်အိအိကို အသာအယာ ဘေးသို့တွန်းဖယ်ကာ စောင်အောက်ထဲတွင် နစ်မြုပ်နေသည့် သူ၏ ခြေထောက်များကို ကြမ်းပေါ်သို့ ချလိုက်သည်။ ဘောင်းဘီတိုကိုသာ ၀တ်ထားသဖြင့် နို့နှစ်ရောင်သမ်းနေသော အသားအရည်က အခန်းတွင်းသို့ ကျနေသည့် နေရောင်အောက်တွင် အရောင်တလက်လက်ပင် တောက်ပနေသည်။ 

သူ၏ လည်ကုတ်ပေါ်တွင် ဝဲကျနေသည့် ကော်ဖီရောင် ဆံပင်များကို နဖူးနောက်သို့ သပ်တင်လိုက်ပြီး တောင့်တင်းနေသည့် ခါးကို ဆန့်သည်။ နာရီကို ခဏမျှ ကြည့်ပြီးနောက် ရေချိုးခန်းဆီသို့  ခြေထောက်လှမ်းလိုက်သည်။

ရေချိုး အဝတ်အစားလဲပြီးနောက် မနက်စာ စားရန် အောက်ထပ်သို့ မနှေးမမြန်သော ခြေလှမ်းများဖြင့် ဆင်းလာသည်။

"မောနင်းပါ အကိုလေး။"

လှေကားအောက်တွင် မတ်တပ်ရပ်နေလျက် သူ့အား မော့ကြည့်ကာ မေးသည့် လူငယ်ကို သူက ပြန်ကြည့်မိသည်။  ထို့နောက် သူက အောက်သို့ ဆင်းလာကာ နှစ်လိုဖွယ် ပြုံးလျက် ပြန်လည် နှုတ်ဆက်သည်။

"မောနင်း အကိုဟန်စစ်။ မနက်စာ မစားရသေးရင် အတူစားကြမယ်လေ။"

တစ်ဖက်လူက ခေါင်းညိတ်ပြ၍ ဖြေသည်။သူကစားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်သည်။ 

"အကို။ "

"ဟုတ်ကဲ့ အကိုလေး။"

"မနက်စာ စားပြီးရင် ကျွန်တော့်ကို မြို့ထဲဘက် လိုက်ပို့ပေးပါလား?"

ဟန်စစ်မင်းက မေးခွန်းတစ်စုံတစ်ရာပြန်မမေးပဲ ခေါင်းအနည်းငယ်သာ ညိတ်လိုက်သည်။

"ဟုတ်ကဲ့ အကိုလေး ကျွန်တော် အဆင်သင့်ပြင်ထားပါ့မယ်။"

မနက်စာစားနေရင်း အဖြူလုံးလေး၏ မျက်လုံးများက မလှမ်းမကမ်းရှိ ဂျာနယ်စာအုပ်၏ မျက်နှာဖုံးပေါ်သို့ ရောက်သွားသည်။ မျက်နှာဖုံးပေါ်တွင် အဖြူလုံးလေး၏ ဓာတ်ပုံတစ်ပုံက ထင်ရှားနေသည်။ ရှပ်အင်္ကျီအနက်ရောင်က ရိုးရှင်းလှသော်ငြား တည်ကြည်သည့်ဟန်ကို ပေါ်လွင်စေသည်။ချိတ်ထားသည့် ခြေတံရှည်များကို မဖုံးကွယ်နိုင်သော  ကာကီရောင် style pant က သူ၏ ချစ်လှစွာသော မိခင်ပေးခဲ့သည့် မွေးနေ့လက်ဆောင် Monk Strap ဖိနပ်တို့နှင့် ပေါင်းစပ်လိုက်သည့်အခါ ရင့်ကျက်တည်ငြိမ်မှုနှင့် ၎င်း၏ ဆန့်ကျင်ဖက် လူငယ်ဆန်ဆန် ပေါ့ပါးလွတ်လပ်မှုကို တွဲဖက်မြင်ရသည်။ ပုံနံဘေးရှိ ခေါင်းစီးကား “မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော Art Gallery -  ဝဿန် Gallery ၏ ပဲ့ကိုင်ရှင်တစ်ဖြစ်လဲ လူငယ်ပန်းချီပညာရှင်စောယွန်း” ။

စောယွန်းက ပန်းချီပညာရှင်ဖြစ်သကဲ့သို့ နာမည်ကျော် ပညာရှင်များ၏ ပန်းချီအနုပညာလက်ရာများကို စုဆောင်းသူလည်းဖြစ်သည်။ ဝဿန်ပန်းချီပြခန်းကို မိဘများ၏ အကူအညီမပါပဲ သူတစ်ယောက်တည်း၏ အင်အားနှင့် တည်ထောင်ထားသည့်တိုင် ငွေကြေးပြည့်စုံသည့် မိသားစုကြောင့် သူ၏ အောင်မြင်မှုမှာ သူ၏ ကိုယ်ပိုင်အရည်အချင်းကြောင့်ဟု လူအချို့က မယုံချင်ကြပေ။

သို့သော် ထိုအင်တာဗျူးတွင် ပြောခဲ့သည့်အတိုင်း စောယွန်း လိုချင်သည်က လက်ခုပ်သံနှင့် ချီးမွမ်းသံမဟုတ်ပဲ သူ၏ အရည်အချင်းကို အသိအမှတ်ပြုမှုသာဖြစ်သည်။

"အကိုလေး အဆင်သင့်ဖြစ်ပါပြီ။"

မည်မျှကြာသည်အထိ တွေးတောနေမိခဲ့သည်မသိ။ အိမ်ရှေ့တွင် ကားစက်အသင့်နှိုးထားပြီး သူ့ကို လာခေါ်သော ဟန်စစ်မင်းအား မော့ကြည့်လိုက်သည်။

"ကောင်းပြီ အကို။"

ပြီးပြည့်စုံသည့် လူသားဟူ၍ မရှိသကဲ့သို့ စောယွန်းသည်လည်း အောင်မြင်သည့် လူငယ်တစ်ယောက်ဖြစ်သည့်တိုင် အထီးကျန်မှုကို ခံစားနေရသည်။ လူအချို့က ထူးဆန်းသည်ဟု မြင်ကောင်းမြင်ကြလိမ့်မည်။

တစ်ဦးတည်းသော သားမို့ အပြည့်အဝအချစ်ခံရပြီး လိုလေသေးမရှိ ဂရုစိုက်ခံရသည်။ စားဝတ်နေရေးပြည့်စုံသူအဖို့ အဘယ်အရာက အထီးကျန်စေလိမ့်မည်နည်း။ 

ထိုမေးခွန်းအတွက် စောယွန်းထံတွင် အဖြေမရှိ။ သူ၏ တစ်နေ့တာတွင်စိတ်လှုပ်ရှားစရာကိစ္စဟူ၍အနည်းအကျဉ်းမျှသာရှိပြီး အမြဲတမ်းလိုလို တစ်ခုခုလစ်ဟာနေသည်ဟု ခံစားရသည်။

မိဘများ အချစ်မပျက် ၊ အယုံကြည်မပျက်စေရန် နေထိုင်နိုင်သော သားတစ်ယောက်ဖြစ်နေရသည်မှတပါး   ပျော်ရွှင်မှုကို အခြားနေရာမှ သူမရပေ။

"အကို။"

"ဟုတ်ကဲ့ အကိုလေး။"

"ကားခဏလောက်ရပ်ပေးပါ။"

"ကောင်းပါပြီ"

ပြည်လမ်းမပေါ်ရှိ အင်းယားကန် နားအရောက်တွင် ကားရပ်သွားသည်။ စောယွန်းက ထိုင်ခုံ ခါးပတ်ကို ဖြုတ်လိုက်ပြီး ယာဉ်မောင်းထိုင်ခုံမှ ဟန်စစ်မင်းကိုကြည့်ကာဆိုသည်။

"ကျွန်တော် ခဏ ထိုင်ပြီးရင် ပြန်လာခဲ့မယ်။"

"အချိန်ကြိုက်သလောက်ယူပါ အကိုလေး ။"

စောယွန်းက ဘာရယ်မဟုတ်ပဲ ဟန်စစ်မင်းကို ခဏမျှ ကြည့်နေမိသည်။ ဟန်စစ်မင်းက အလွန်ယတိပြတ်ပြောလေ့ရှိသည်။ စောယွန်း၏ မွေးစားအစ်ကိုတစ်ယောက်ဖြစ်သည့်တိုင် သူ့ကိုယ်သူ မိသားစုဝင်များနှင့် စည်းခြားထားလေ့ရှိပြီး တသီးတသန့်နေလေ့ရှိသည်။ မိမိကိုယ်ကိုယ် အကိုဟု မသုံးနှုန်းပဲ သူ့ထက်အသက်ငယ်သည့် စောယွန်းကိုလည်း 'အကိုလေး' ဟုသာ ခေါ်သည်။

သို့သော် ဟန်စစ်မင်းက ပင်ကိုယ် စိတ်ထားကောင်း၍ မိသားစုဝင်များအပေါ်တွင် ဂရုစိုက်မှန်း စောယွန်းသိသည်။ သည်လူက သူတို့အား တရင်းတနှီးဆက်ဆံစေလိုသည်မှအပ စောယွန်းထံတွင် အခြား မျှော်လင့်ချက်မရှိပေ။

ကားပေါ်မှ ဆင်းပြီးနောက် တစ်ဖက်သို့ လမ်းကူးကာ ကန်ဘောင်ဖက်သို့ ဦးတည်လိုက်သည်။ 

အချိန်က နံနက် ၈ နာရီကျော်ရုံမျှသာ ရှိသေး၍ ဖြစ်မည်။အားကစား ၊ လေ့ကျင့်ခန်းလုပ်သူ အချို့သာရှိပြီး လူအတော်ရှင်းနေသည်။ လူသူကင်းမဲ့နေသော ခုံတန်းတစ်ခုပေါ်တွင် ထိုင်လိုက်ပြီး စောယွန်းက နားကြပ်များကို တပ်လိုက်သည်။ 

ယခုရက်အတောအတွင်း မကြာခဏ နားထောင်မိနေသော သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်ပြီး ရေပြင်ကျယ်ကို ငေးမောမိနေသည်။ စာသားမပါသည့် စန္ဓရားသံသီးသန့်ကား သာယာငြိမ့်ငြောင်းပြီး လွမ်းမောဖွယ်ပင် ကောင်းနေတော့သည်။ ထိုအချိန်တွင် ကန်ရေပြင်ကျယ်ကို ဖြတ်တိုက်လာသည့်  လေအေးအချို့က ဖြည်းညင်းစွာ သူရှိရာကိုဦးတည်လာကြပြီး နှလုံးသားထဲအထိ အေးချမ်းသွားစေသည်ဟု စောယွန်း တွေးလိုက်မိသည်။ ယခုအချိန်တဒင်္ဂတွင် တစ်လောကလုံး သူတစ်ယောက်တည်းသာ ရှိနေသည့်နှယ် ခံစားမိသည်။ 

"အဲဒါ စောယွန်းမဟုတ်လား ?"

စန္ဒရားသံကို ကျော်ကာ ရုတ်တရက် နားထဲဝင်လာသော အသံကြောင့် စောယွန်းက မျက်လုံးများကိုဖွင့်လိုက်သည်။ အားကစားအဝတ်အစားများ ဝတ်ဆင်ထားသည့် မိန်းကလေးနှစ်ဦးက သူနှင့် မလှမ်းမကမ်းရှိ ခုံတွင် ထိုင်နေကြပြီး သူ့ကို ကြည့်နေကြသည်.။

"ဓာတ်ပုံထဲမှာထက် အပြင်မှာ အတော်ချောတာပဲ။ အရပ်ကလည်း အရှည်ကြီး၊ အသားကလည်း ဖြူဥနေရော။"

မိန်းကလေးနှစ်ဦးက သူတို့အသံများကို စောယွန်းက ကြားနေရမှန်း သတိထားမိ၊မမိ စောယွန်းမသိ။ သူတို့က တစ်ဦးကို တစ်ဦးတွန်းထိုးကာ ဆက်ပြောနေကြသည်။ 

"ငါ သွားမိတ်ဆက်ရင်ကောင်းမလား?"

"နေဦး။ ဟိုဆယ်လီသတင်းက  Facebook မှာ ပြောထားတာလေ။  သူက---- "

မိန်းကလေးတစ်ယောက်က အခြားတစ်ယောက်ဘက်သို့ အနည်းငယ်တိုးကပ်ကာ တစ်ခုခုတီးတိုးပြောလိုက်သည်။ ထိုစကားကို စောယွန်းကြားစရာမလိုပေ။ စောယွန်းက အနည်းငယ် ပြုံးလိုက်မိသည်။

အစောပိုင်းက နိုင်ငံကျော် ပန်းချီပညာရှင် စောယွန်းမှာ လိင်တူသဘောကျသူဖြစ်ကြောင်း ဆယ်လီသတင်းများက အလုအယက်ဖော်ပြကြသည်။ ထို့နောက်တွဲသွားတွဲလာ လုပ်သမျှ သူငယ်ချင်းများနှင့်  စောယွန်း၏ ဓာတ်ပုံများကို ခေါင်းစီးအမျိုးမျိုးနှင့် တစ်ခုပြီးတစ်ခုတင်ကြသည်။  ထို့ကြောင့်လည်း စောယွန်းကို ယခင်က နားလည်ပေးခဲ့သမျှ သူငယ်ချင်းများက စောယွန်းနှင့် အခင်အမင် ပျက်လာခဲ့သည်။ နာမည်ကြီးခြင်းသည်လည်း ဒုက္ခတစ်မျိုးပင်။

စောယွန်းကား နိုင်ငံရပ်ခြားတွင် ဆယ်ကျော်သက်အရွယ်ကတည်းက ပညာသင်ယူခဲ့ပြီး လွတ်လပ်စွာ တွေးခေါ်လေ့ရှိသည်။ လူမှန်လျှင် ကျားမ မရွေး မိမိနှစ်သက်သည့်အရာကို အခြားသူများ၏ လွှမ်းမိုးချုပ်ကိုင်မှု မရှိပဲ မိမိကိုယ်တိုင် ရွေးချယ်နိုင်ခြင်းက အရေးကြီးသည်ဟု လက်ခံသည်။ မိဘနှစ်ပါးလုံးသည်လည်း သူ့ကို ဝေဖန်ခြင်း မရှိ ၊ အပြည့်အဝနားလည်ပေးကြသည်။ ထို့ကြောင့်လည်း သူစိမ်းများက ဘာပြောပြော စောယွန်းက သူလုပ်ရမည့်အလုပ်နှင့် လုပ်ချင်သည့် အလုပ်ကိုသာ အာရုံစိုက်လေ့ရှိသည်။

သို့သော် Gay ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ၊ သူ့ကို ဂြိုဟ်သားတစ်ကောင်နှယ် ကြည့်နေသည်ကို သူလုံးဝသဘောမကျ။ ခြေလှမ်းကျဲကျဲတို့ဖြင့် ကားဆီသို့ လျင်မြန်စွာ လျှောက်လာခဲ့လိုက်သည်။ ဟန်စစ်မင်းက အဆင်သင့်ကားထဲမှနေ၍ ကားတံခါးကို ဖွင့်ပေးလိုက်သည်။

"ဘယ်ကို မောင်းပေးရမလဲ အကိုလေး"

"အကိုဟန်စစ်ကို ကျွန်တော်တို့ နှစ်ယောက်တည်းရှိတဲ့အချိန်ဆိုရင် အကိုလေးလို့ မခေါ်ဖို့ ကျွန်တော် အခါခါပြောခဲ့ပြီးတာကို မေ့များမေ့နေပြန်တာလား ။ "

ဆပ်ကပ်ပွဲကို ကြည့်သည့်နှယ် အကြည့်ခံလာရသဖြင့် စောယွန်းက စိတ်မကြည်ပဲ ပွင့်လင်းစွာ ပြောလိုက်မိသည်။ ဟန်စစ်မင်းက သူ၏ မျက်လုံးများကို ကြည့်ကာ အကဲခတ်နေပုံရပြီး နောက်ဆုံးတွင် သူ့အလိုကို လိုက်လျောလိုက်သည်။

"ကောင်းပြီ စောယွန်း၊ အခု ဘယ်ကို သွားချင်လဲ?"

ဟန်စစ်မင်း၏ ဘေးတစောင်းမျက်နှာကို ကြည့်ကာ စောယွန်းက အားနာသွားမိသည်။ အပြစ်မရှိသူအပေါ် အပြစ်ပုံချမိသဖြင့် သူ့ကိုယ်သူ တိတ်တဆိတ်  ဆဲရေးလိုက်ပြီးနောက် ဆိုသည်။

"အိမ်ကိုပဲ မောင်းပေးပါ အကို။"

"ကောင်းပါပြီ။"

အသက် ၂၀ အရွယ်သာရှိသေးသည့် စောယွန်းက မိဘများနှင့် ဆိုလျှင် ကလေးဆန်ဆန် ပြုမူလေ့ရှိသည်။ သို့သော် အလုပ်နှင့် ပက်သတ်လျှင် အလွန် ရင့်ကျက်ကာ ပညာရှင် ပီသသည်။ တိတ်ဆိတ်သော နေရာများကို နှစ်သက်သကဲ့သို့ လက်ချိုးရေနိုင်သည့် သူငယ်ချင်းအချို့နှင့် Bar သွားရသည်ကိုလည်း သဘောကျသည်။

သူစိမ်းတစ်ယောက်နှင့် စကားပြောလျှင် ထိုသူစိမ်းက စကားပြောချိန်ကြာလာသည်နှင့် အမျှ စောယွန်း၏ စိတ်ကို သဘောကျလာလေ့ရှိသည်။ သို့သော် အနှီ ယာဉ်မောင်းခုံမှ ရေခဲလူသားကို မည်သို့ အရည်ဖျော်ရမည်မှန်း သူမသိ။ 

သို့သော် အပေါ်ယံ ရွှေမှုန်ကြဲစကားများကိုသာ ပြော၍ သူ့ကို ရင်းနှီးသည်၊ ခင်မင်သည်ဆိုရုံမျှ ပေါင်းသင်းနေသည့် လူများထက် ရေခဲလူသား ဟန်စစ်မင်းက သာပါသေး၏။ တိုင်ပင်စရာရှိသည့်အခါတိုင်း ဟန်စစ်မင်းက တိတ်ဆိတ်စွာ နားထောင်ပြီး တိုတိုတုတ်တုတ် သူ့အမြင်ကို ပြောပြလေ့ရှိသည်။ စောယွန်း၏ အထီးကျန်သည့် ရောဂါကား အနည်းငယ် နုသေးသည့်အကြောင်းက ဟန်စစ်မင်းရှိနေသေး၍ ဖြစ်မည်။

အတွေးတစ်ပိုင်းတစ်စက ခြံဝင်းတံခါးပွင့်လာချိန်တွင် ပျောက်ကွယ်သွားသည်။ အိမ်တွင်းသို့ရောက်သည့်အခါ ကိုယ်လက်ဆေးကြောပြီး ပန်းချီခန်းထဲသို့ဝင်သည်။ သူ့ကို ဆီးကြိုနေသည့် ရေးလက်စ ပန်းချီကားက အရောင်မစုံသေးသော်ငြား ကျက်သရေရှိလှသည်။ ကုန်းဘောင်ခေတ် မင်းညီမင်းသားတစ်ဦးကို စိတ်ကူးယဉ်ကာ စဆွဲခဲ့သည့်ပန်းချီကားဖြစ်သည်။ 

အခန်းထဲမှ ပန်းချီအချို့သည်လည်း ရှေးမြန်မာလူမျိုးများ၊ တိုင်းရင်းသားများနှင့် ရှေးခေတ်အဆောက်အဦများဖြစ်သည်။စောယွန်း၏ ရှေးမြန်မာအလှအပေါ် ရူးသွပ်ခြင်းက အိမ်ထဲတွင် နေရာစုံ ထောင့်စုံတွင် ခင်းကျင်းထားသော မြန်မာ့အနုပညာတို့ကြောင့်ဟု ဆိုရမည်။ စောယွန်း၏ မိဘများက မြန်မာမှုလက်ရာကို မြတ်နိုးကြပြီး မြန်မာမှန်လျှင် မြန်မာမှု အနုပညာကို လက်ဆင့်ကမ်းအမွေမယူနိုင်သည့်တိုင် အနုပညာလက်ရာများကို ထိန်းသိမ်းရမည်ဟု ယုံကြည်ကြသည်။ ဖခင်ကိုယ်တိုင်သည်ပင် ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးကို ဒုတိယအလုပ်အကိုင်အနေဖြင့် လုပ်နေသူတစ်ဦးဖြစ်သည်။

ယခု စောယွန်း စိတ်ကူးထဲတွင် ပုံဖော်၍ ရေးဆွဲသည့်မင်းညီမင်းသား၏ ပန်းချီကလည်း လတ်တလောက သွားခဲ့သည့် ပုဂံမြို့မှ ရသော စိတ်ကူးဖြစ်သည်။ မည်မျှအချိန်ကြာသွားသည်မသိပဲ တံခါးခေါက်သံ သုံးချက်ကြောင့် တံခါးဆီသို့ စောယွန်းလှည့်ကြည့်လိုက်သည်။ ထုံးစံအတိုင်း သစ်သီးပန်းကန်နှင့် အချိုရည်တစ်ခွက်ပါသော ယွန်းလင်ဗန်းကို ကိုင်ကာ စောယွန်း၏ မိခင်က အခန်းတွင်းသို့ ဝင်လာသည်။ 

"သားငယ် -"

"ဟုတ်ကဲ့ မေမေ။"

စောယွန်း၏ မိခင်က လင်ဗန်းကို အနီးရှိ စားပွဲပေါ်တွင် တင်ကာ စိတ်လှုပ်ရှားနေဟန်ဖြင့်ဆိုသည်။

"မနက်ဖြန်ကျရင် မေမေ့ ကျောင်းနေဖက် သူငယ်ချင်းက အိမ်လာလည်မယ်တဲ့။"

"ဆိုတော့ကာ သားကအပြင်မသွားပဲ အိမ်မှာပဲ နေရမယ်ပေ့ါ။"

စောယွန်းက အပြာရောင်ဆေးပေနေသည့် မျက်နှာဖြင့် ပြုံးလျက် ပြောသည်။စောယွန်း၏ မိခင်ကလည်း စောယွန်းနှင့် တစ်ထပ်တည်းတူသော အပြုံးကို ပြုံးလိုက်သည်။

"ဟုတ်တယ် သား ၊ သူတို့က မန္တလေးကလာမှာဆိုတော့ မနက်ပိုင်း ဟိုတယ်မှာ အနားယူပြီး အိမ်ကို ညဘက်မှပဲ လာကြလိမ့်မယ်။ ခြံထဲမှာပဲဆင်းပြီး ညစာစားကြတာပေါ့။"

"ဟုတ်ကဲ့ မေမေ ဒါပေမယ့်--"

"ဒါပေမယ့် ဘာဖြစ်လို့လဲ "

စောယွန်းက အနည်းငယ် နှုတ်ခမ်းစူလျက် ဆိုသည်။

"သားကို မိန်းမ ပေးစားဖို့တော့မဟုတ်လောက်ပါဘူးနော်။"

စောယွန်း၏ မိခင်က ခဏမျှ စောယွန်းကို ကြည့်၍မျက်လုံးများမှေးသွားသည်အထိ နူးညံ့စွာ ရယ်သည်။

"သားက မိန်းမယူချင်တာမှမဟုတ်ပဲ၊ ဘာလို့ မေမေတို့က မိန်းမပေးစားရမှာလဲ ? ၂၁ ရာစုကြီးမယ် အတင်းအကြပ် အိမ်ထောင်ပြုခိုင်းတာတွေ ၊ နှစ်ဖက် မိတ်ဆက်တာတွေက ခေတ်မမီတော့ဘူးကို။"

"ဒါပေ့ါ ဒါပေါ့။ ၂၁ ရာစုကြီးထဲမှာ မေမေနဲ့ ဖေဖေက အကောင်းဆုံးပဲ။ ဒါပေမယ့် တခါတလေ သား ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလိုလည်း ခံစားရတယ် "

စောယွန်း၏ မိခင်က မျက်ခုံးများကို အနည်းငယ်ပင့်ကာ မေးသည်။

"ဘာလို့လဲ သားရဲ့?"

"ဘာပဲပြောပြော   အချိန်တန် အရွယ်ရောက်လို့ အိမ်ထောင်ပြုသားမွေးကြတဲ့အခါ ကလေးတွေရကြတယ်လေ။ ကလေးဆိုတာ အိမ်ရဲ့ဆည်းလည်းလို့ မေမေပြောဖူးတယ်မလား။ လူကြီးတွေက အသက်ရလာတဲ့အခါ မြေးမြစ်တွေလို ကလေးတွေရဲ့ ချစ်စရာ အပြုအမူတွေကြောင့် ပိုပြီးပျော်ရွှင်ရတယ်တဲ့။ သားကမှ မြေးမပြောနဲ့ ချွေးမတောင် အိမ်ခေါ်လာမယ့်သူမှမဟုတ်တာ။"

အခန်းတွင်းသို့ ဝေ့ဝဲတိုက်ခတ်လာသည့် လေကြောင့် စောယွန်း၏ ဆံပင်များက လေထဲတွင် လွင့်သွားသည်။ စောယွန်း၏ မိခင်က သားငယ်၏ ပါးပေါ်မှ ဆေးရာကို လက်မဖြင့် အသာအယာ ဖျက်ပေးနေလျက် ဆိုသည်။

"မေမေတို့မှာ သားတစ်ယောက်ပဲရှိတာ၊ သားပျော်ဖို့ထက် တခြားဘာမှအရေးမကြီးဘူး။ သားကို တကယ်ချစ်တဲ့လူနဲ့ သားဆုံရတဲ့အခါ မေမေတို့ကလည်း ပျော်တာပေါ့။ ကလေးကလည်း မိဘမရှိရှာတဲ့ သနားစရာကလေးတွေကို မွေးစားရင်ရတာပဲ။ သွေးသားရယ် မျိုးဆက်ရယ်မှ မဟုတ်တာ။ ဘဝဆိုတာ တိုတိုလေးရယ်။ကိုယ်ပျော်ရွှင်ဖို့ပဲလိုတယ်။ "

"တကယ်ပါ။ သားရဲ့မေမေက အကောင်းဆုံးပဲ။ "

စောယွန်း မေမေ့ကို တင်းတင်းဖတ်ထားရင်း ပြောသည်။ သူ၏ဖြစ်တည်မှုကို လက်ခံပေးသော မိဘနှစ်ပါးကို ရထားခြင်းက သူ့အတွက် ကံကောင်းခြင်း လက်ဆောင်တစ်ခုပင်။ 

နောက်တစ်နေ့တွင်လည်း စောယွန်းပန်းချီဆက်ဆွဲဖြစ်သည်။ ယနေ့တော့ပန်းချီကို လတ်စသတ်ရမည်။ အာရုံဝင်စားနေသည့်အခါ အချိန်ကုန်မြန်လှပြီး ဖုန်းမြည်လာမှသာ စောယွန်း အချိန်ကိုသတိထားမိသည်။ ပန်းချီပြီးသည့်အချိန်တွင် အနောက်အရပ်တွင် မေးတင်နေသော နေမင်း၏ လိမ္မော်ရောင်အလင်းတန်း အချို့က ပြတင်းမှ တဆင့် ပန်းချီပေါ်ရှိ မင်းညီမင်းသား၏ မျက်နှာတစ်ခြမ်းပေါ်သို့ ထိုးကျနေသည်။ အချိုးအဆ ၊ အရောင်အသွေး ပြေပြစ်ကာ အသက်ဝင်လှသော ထိုပန်းချီကို အားရသည်အထိ စောယွန်း ကြည့်လိုက်သည်။ 

ထို့နောက်  ပစ္စည်းများကို နေရာတကျသိမ်းဆည်းပြီး အခန်းကို ပိတ်ကာ ရေမိုးချိုး အဝတ်စားလဲရသည်။ အကြိုက်ဆုံးသော အပြာရောင် အနုအရင့် အင်္ကျီ များထဲမှ မိုးပြာရောင် ရှပ်အင်္ကျီ လက်တိုနှင့် Style pantကို တွဲဖက်ဝတ်ဆင်သည်။ 

ဇက်ပိုးနားရောက်နေသော ဆံပင်ရှည်က ပျော့ပျောင်းကာ ဝဲကျနေ၍ အနည်းငယ် ဖွလိုက်ရသည်။ ဆွတ်နေကျ နံ့သာဖြူရနံ့ မအီလွန်း မချိုလွန်း မသင်းလွန်းသော ရေမွှေးကို ဆွတ်ခြင်းဖြင့် ပြင်ဆင်ခြင်းကို အဆုံးသတ်လိုက်သည်။ 

လှေကားမှ ဆင်းလာသည့်အခါ အောက်ထပ်မြင်ကွင်းက သူ့ကိုဆီးကြိုနေသည်။ စောယွန်း၏ အမေနှင့်  သက်တူရွယ်တူ အမျိုးသမီးတစ်ဦးတို့က ဧည့်ခန်း ဆိုဖာတစ်ခုံတည်း ပေါ်တွင်ထိုင်လျက် တရင်းတနှီး ရယ်မောကာစကားပြောဆိုနေကြသည်။ 

စောယွန်း၏ အဖေက အမေ၏နံဘေးတွင်ထိုင်နေသော်ငြား  မျက်နှာချင်းဆိုင်ရှိဆိုဖာပေါ်မှ အမျိုးသားတစ်ဦးနှင့် လေးလေးနက်နက်စကားပြောနေကြသည်။  ထိုအမျိုးသား၏ ဘေးတွင်မူ မိန်းကလေးငယ်တစ်ဦးက ပြုံးနေလျက် လူကြီးများကို ကြည့်နေသည်။ အမျိုးသမီးက စောယွန်းအမေ၏ သူငယ်ချင်းဖြစ်ဟန်တူပြီး အမျိုးသားနှင့် မိန်းကလေးက သူမ၏ ခင်ပွန်းနှင့် သမီး ဖြစ်ရမည်။ စောယွန်း၏ အမေက လှေကားခြေရင်းမှ သူ့ကို မြင်သွားပြီး အနားသို့လာရန်
လက်ယပ်ခေါ်သည်။

"သားအောက်ဆင်းလာပြီ၊ မျိုး--  ၊ ဒါ ကိုယ့်သား စောယွန်းလေ။ သားနဲ့ မတွေ့ဖူးသေးဘူး မဟုတ်လား။"

စောယွန်းက အနည်းငယ်ခေါင်းညိတ်ကာ နှုတ်ဆက်သည်။ 

"တွေ့ရတာ ဝမ်းသာပါတယ် အန်တီ။"

"အန်တီလည်း တွေ့ရတာ ဝမ်းသာပါတယ်ကွယ်၊ သားလေးက အပြင်မှာလည်း အချောလေးပဲ ဓာတ်ပုံတွေထဲက ထက်တောင် ချောသေး။"

စောယွန်းက ပြန်မဖြေပဲ ပြုံးပြလိုက်သည်။ စောယွန်းအမေက သူထိုင်ရန် အဖေ့ဘေးကို လက်ညွှန်ပြသည်။

"မျိုး သမီးလေးလည်း ဒီလောက် ချစ်ဖို့ကောင်းတာကို။ချစ်စရာလေးပါ"

စောယွန်းက သူ့အဖေဘေးတွင် ဝင်ထိုင်လိုက်သည်။ စောယွန်း၏အမေနှင့် သူမ၏ သူငယ်ချင်းတို့က သားသမီးများအကြောင်း အပြန်အလှန် ချီးမွမ်းခန်းဖွင့်ကြသည်။ စောယွန်း၏ အဖေနှင့် အမျိုးသားကမူ လတ်တလော တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများတွင် ဖြစ်ပွားနေသည့် ကပ်ရောဂါအကြောင်းနှင့် စီးပွားရေးအကြောင်း အပြန်အလှန်ဆွေးနွေးနေကြသည်။ စောယွန်းကော မိန်းကလေးကပါ ဘာတစ်ခွန်းမှ ဝင်မပြောသော်ငြား ထိုမိန်းကလေးငယ်၏ မျက်လုံးများက သူ့ကို အစကတည်းက လိုက်ကြည့်နေသည်ကို သတိထားမိသည်။  

ညစာစားပြီးကြသည့်တိုင် စကားမကုန်သေးကြဟန်တူသည်။ စောယွန်း၏ မိခင်က ထိုင်ရာမှ ထသွားချိန်တွင် စကားစပြတ်သွားပြီး စောယွန်းအမေ၏ သူငယ်ချင်းကစောယွန်းကို ခဏမျှ စိုက်ကြည့်ကာ စကားလှမ်းပြောသည်။

"သားလေးက အခုအသက် ၂၀ ဆိုတော့  ရည်းစားတွေဘာတွေရှိနေပြီလား။ "

စောယွန်း ကိုင်ထားသော သစ်သီးခက်ရင်းက သစ်သီးအချိုပွဲသို့ မရောက်မီ လေထဲ၌ရပ်သွားသည်။

"ကျွန်တော် သဘောကျတဲ့သူမတွေ့သေးလို့ အခုထိတော့ ရည်းစား မရှိသေးပါဘူး အန်တီ။"

ထိုအမျိုးသမီးက သူမနံဘေးတွင် ထိုင်နေသော မိန်ကလေး၏ ကျောကို အနည်းငယ်ပုတ်ကာ ဆိုသည်။

"အန်တီ သမီးလေးလည်း ခုထိ တစ်ယောက်ထဲပဲ သားရဲ့။ ရည်းစားများရှိနေပြီလားလို့ ခဏခဏမေးလည်း မောတာပဲ အဖတ်တင်ပါတယ် သားရယ်။ ဒါထက် အမေချင်းက သူငယ်ချင်းအရင်းတွေပဲကို။ ကလေးချင်းလည်းနောက်ဆို တရင်းတနှီးနေကြပေါ့။ "

စောယွန်း၏ အမေက နေရာတွင် ပြန်ထိုင်ကာ စောယွန်းကို ကြည့်၍ ပြုံးလိုက်သည်။ ဤသို့သော စကားဦးသန်းမှုများက   သမက်တော်ချင်သည်ဟူသည့် အဆင့်ကိုအစပျိုးခြင်းပင်။ 

စောယွန်းအဖို့ တစ်ကြိမ်ထက်မက ကြုံဖူးသည်မို့ နေရခက်စွာ ပြုံးလိုက်ရသည်။မိမိကိုယ်ကို မမွှန်းချင်သော်လည်း မိဘနောက်ခံနှင့် မိမိ၏အရည်အချင်းများက သမက်တော်ချင်သူများအဖို့မျက်စိကျစရာအမှန်ပင်။

စောယွန်း၏ အဖေက သူတို့စကားများအပေါ် အာရုံရှိဟန်မတူ။ သူမ၏ အမျိုးသားနှင့်သာ ဆက်လက်ဆွေးနွေးနေကြသည်။

စောယွန်းက ဤတွင်တစ်ခန်းရပ်မည်ဟုထင်သော်ငြား ထိုအမျိုးသမီးက ဆက်ပြောသည်။

"သိတဲ့အတိုင်းပဲ နန်းရယ် ၊ Facebook မှာက သားလေးစောယွန်းကို တိုက်ခိုက်နေကြတာတွေ တွေ့နေရတယ်။ မကြားဝံ့မနာသာတွေလေ။ စောယွန်းလေးသာ မိန်းကလေးချစ်သူရှိရင် ပြောရဲ ကြမှာမဟုတ်ဘူး သိလား။"

စောယွန်း၏ အမေက အနည်းငယ်မျက်နှာတည်သွားသော်ငြား ဘာမှဆက်မပြောပဲ သခွားမာသီးတစ်စိတ်ကို ဝါးနေသည်။ ထိုအမျိုးသမီးက ဆက်ပြောသည်။

"တကယ်တော့ တို့က စောယွန်းလေးကို သမီးလေးနဲ့ စေ့စပ်ကြောင်းလမ်းပေးချင်တာ။ မိဘတွေကလည်း ရင်းနှီးတော့ အဆင်ပြေတာပေါ့။ လက်ထပ်တာက အသက် ၃၀ နားနီးမှ လက်ထပ်လည်းရပေမယ့် စောယွန်းကို သူများလက်ဦးမှာ စိုးတယ်။ နန်း သိတဲ့အတိုင်းပဲ ၊ အခုခေတ်မိန်းကလေးတွေက ရိုးရိုးသားသားလေးတွေ သိပ်မရှိကြတော့ဘူး။ အကုန်လုံးက လည်လည်ဝယ်ဝယ်ဖြစ်နေကြပြီ။"

စောယွန်းက တစ်ရှုးဖြင့် လက်ချောင်းရှည်များကို သုတ်လိုက်သည်။

"ဒီအတွက်တော့ အန်တီ ပူစရာလိုမယ်မထင်ဘူးဗျ။"

ထိုအမျိုးသမီးက တအံ့တသြနှင့် သူ့ကိုကြည့်သည်။

"ကျွန်တော်က မိန်းကလေးတွေကို လုံးဝ စိတ်မဝင်စားလို့ပါ။"

ဘေးတွင် စကားသံများက ငြိမ်သွားသည်။ အားလုံး၏ မျက်လုံးများက စောယွန်းဆီသို့ ရောက်နေကြသည်။ အမျိုးသမီးက နေရခက်သော မျက်နှာထားဖြင့်  စောယွန်းကို ကြည့်သည့်။

"သား စကားကြီးက မိန်းကလေးတွေ စိတ်မဝင်စားဘူးဆိုတော့ ဘယ်ကိုရောက်သွားလဲသိရဲ့လား ။ "

စောယွန်းက ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ ကျွန်တော် ပြောချင်တာလည်း အဲဒါပါပဲ ။ အန်တီ သမက်အရွေးမမှားခင် ကြိုပြီးတော့ အသိပေးတာပါဗျ။  ကြိုသိထားတော့ တခြားလူတစ်ယောက်ကို ရှာလို့ရတာပေါ့။"

စောယွန်း၏ မိဘနှစ်ယောက်လုံးက ရယ်ချင်နေသည်ကို အောင့်ထားသလောမပြောတတ်။ ပြုံးစစဖြင့် သူ့ကိုကြည့်နေကြသည်။ အမှန်အတိုင်းပြောရလျှင် စောယွန်းက ရိုင်းသည်ဟု မပြောနိုင်ပေ။ ထိုအမျိုးသမီးက စောယွန်း၏ မိခင်ကို စောယွန်းနှင့် သူမ၏ သမီးကို စေ့စပ်ရန် မကြာခဏပြောလေ့ရှိသည်ဟု စောယွန်း၏ မိခင်က ပြောဖူးသည်။ စောယွန်း၏ မိခင်က ယခင်ကတည်းက နူးညံ့စွာ ရှောင်တိမ်းခဲ့သော်ငြား အချိန်ကြာလာလေလေ ပို၍ ဖိအားပေးလေလေဖြစ်လာခဲ့သည်။

စောယွန်း၏ မိခင်က လေသံမာမာဖြင့်ပင် မည်သူကိုမှ စကားမပြောဖူးသူဖြစ်ပြီး အလွန် အားနာတတ်သဖြင့် အချိန်ကြာလာသည်နှင့်အမျှ သားသမီးများကို စေ့စပ်ရန်မှတပါး အခြားပြောစရာမရှိပုံရသည့် သူမကို စိတ်ကုန်လာပုံရသည်။ 

"နန်း ငါနဲ့ စကား ခဏပြောရအောင်။"

"ဒီမှာပဲ ပြောပါ မျိုး ရယ်။ ကိုယ့်သားက ရင့်ကျက်ပြီးသားသူမို့ သူ့ရှေ့မှာပြောလည်း ရပါတယ်။"

အမျိုးသမီးကြီးက စောယွန်း၏ အမေကို မယုံနိုင်သည့် လေသံဖြင့် ပြောသည်။

"နန်း သားသမီးကို ဒီလိုပဲ လွှတ်ထားတာလား၊
မိဘဆိုတာ ပြုပြင်သင့်တာ ပြုပြင်ပေးရမယ်၊ အခုမှ နန်း သားက ငယ်ငယ်လေး ရှိသေးတာကို ဒီလိုမဟုတ်မဟတ်အတွေးတွေ အဝင်ခံလို့ ဘယ်ဖြစ်မလဲ။"

စောယွန်း၏ အမေက ခေါင်းညိတ်လိုက်သည်။

"မျိုး--- ပြောတာ တစ်ဝက်တော့ မှန်ပါတယ် မိဘဆိုတာ ပြုပြင်ပေးသင့်တာ ပြုပြင်ပေးရမယ်။ ဒါပေမယ့် နန်း သားက မမှားဘူးလို့ လက်ခံထားတယ်။  သားက သူသဘောကျချင်တဲ့လူကို သဘောကျပိုင်ခွင့်ရှိတယ်။ နန်းတို့က တစ်နေ့သေကြမှာပဲ မျိုး။ ဘာအတွက်ကြောင့် ကိုယ့်အတ္တအတွက်နဲ့ ရှေ့ဆက် အသက်ရှင်ရဦးမယ့် ကိုယ်ချစ်ရတဲ့ သားသမီးတွေကို စိတ်ဆင်းရဲစေရမှာလဲ ? သားက မူးယစ်ဆေးဝါးသုံးနေတာလည်း မဟုတ်သလို ခိုးဆိုးလုယက်နေတာလည်းမဟုတ်တာကိုကွယ်။"

စကားဝိုင်းက ခပ်မြန်မြန်ပင် အဆုံးသတ်သွားသည်။ ညမှောင်ပြီဟု အကြောင်းပြကာ တစ်မိသားစုလုံး ကတိုက်ကရိုက်ပြန်သွားကြသည်။ 

အမေနှင့်အတူ ပန်းကန်ယောက်ခွက်သိမ်းဆည်းပေးပြီးနောက် စောယွန်း မိမိ၏ အခန်းသို့ မပြန်မီ စောယွန်း၏အဖေက စာကြည့်ခန်းသို့ ခဏလာရန် ခေါ်သည်။

"ဖေဖေ သားကို ပြောစရာ ရှိတယ်ဆို?"

လက်ထဲတွင် လက်မှတ်တစ်စောင်ကို ဝှေ့ယမ်းပြရင်း သူကဆိုသည်။

"ပြပွဲ ကိစ္စ သား။"

"ပြပွဲအတွက်ကအားလုံး Ready ပဲ ဖေဖေ။ Gallery မန်နေဂျာ ဦးခင်မောင်ကလည်း ပြပွဲအတွက်လိုအပ်တာအကုန်လုံးကို လိုလေသေးမရှိစီစဉ်ထားပေးပါတယ်။ လိုအပ်တာ ဘာမှမရှိသေးပါဘူး။ စိတ်မပူပါနဲ့။ “

ရုတ်တရက် သူ့အဖေက လက်ဆန့်တန်းကာ စောယွန်း၏ ဆံပင်များကို လက်ချောင်းများဖြင့် ဖွလိုက်သည်။ 

"စိတ်မပူပါဘူး။ လိုအပ်တာများရှိမလားလို့ ။ သားက ဖေဖေ့ကို မပြောမှာစိုးတာနဲ့ မေးမလို့ပါ။ ဒါပေမယ့် ဖေဖေမေ့နေခဲ့တာ။သားလေးက မျက်စိ အောက်တင် အရွယ်ရောက်လာပြီး ဖေဖေ့အကူအညီမလိုတော့ဘူးလေ ။ "

စောယွန်းက သူ့နားရွက်ကို လက်ဖြင့်ပွတ်သပ်လိုက်ပြီး ပြောသည်။

"အာ ဖေဖေကလည်း ။ ဒီအရွယ်ကျမှ မိဘကို ဂျီကျပြီး ပူဆာနေလို့ဘယ်ဖြစ်မလဲ။ ကလေးမှမဟုတ်တော့တာကို။ "

"ဒါပေမယ့် ဖေဖေတို့ အတွက်တော့ အမြဲတမ်း ကလေးပေါ့။"

စောယွန်းကပေါ့ပေါ့ပါးပါးရယ်မောလိုက်သည်။

"ဒါနဲ့ ဒါက--- "

သူ့အဖေ၏ စားပွဲပေါ်တွင် စာအုပ်များ ပြန့်ကြဲနေသည့်ကြားက ဇယားကွက်ပုံစံ စာရွက်တစ်ရွက်ကို ယူလိုက်သည်။ ထိုစာရွက်က ကုန်းဘောင်ခေတ် နန်းတွင်းဆိုင်ရာ အဆင့်သတ်မှတ်ချက်များဟု ခေါင်းစဉ်တပ်ထားသည်။ စောယွန်းက ခေါင်းတစ်ဆတ်ဆတ်ညိတ်ကာ စာရွက်ကို သေသေချာချာဖတ်သည်။ 

"အိုး မိဖုရားတွေအကြောင်း သိပ်စိတ်မဝင်စားလို့သာ သတိမထားမိခဲ့တာ။ အရင်ခေတ်က ရှင်ဘုရင်တွေက မိဖုရားတွေကို စီးရီးလိုက်ထားတာပဲနော် ဖေဖေ။ မိုက်ချက်။"

စောယွန်း၏ ဖခင်က စောယွန်းကို သားတစ်ယောက်အပြင် ညီအကိုနှင့် သူငယ်ချင်းတစ်ယောက်ဟု သဘောထားသူဖြစ်သည်။ ထို့ကြောင့်လည်း စောယွန်းက အမေထက် အဖေကို ပွင့်ပွင့်လင်းလင်း ပြောဆို တိုင်ပင်လေ့ရှိသည်။ စောယွန်း၏အဖေက သူ့လက်ထဲက စာရွက်ကို ဆတ်ခနဲ ပြန်ယူလိုက်သည်။

"ဒီကလေးကတော့။ မိန်းမများတာ မိုက်စရာလား။ တစ်လင်တစ်မယားစနစ်ဆိုတာ---"

"ဖေဖေသိလား ။ သား သာ အဲဒီခေတ်ကဘုရင်ဆို မိဖုရားအစား အဆင်လေးတွေ အများကြီးထားမှာ ။  ပြီးရင် အဆင့်တွေကိုလည်း အဆင်ထိပ်ခေါင် ၊ မြောက်နန်း အဆင် ၊ တောင်နန်း အဆင် ၊ အလယ်နန်း အဆင် ၊ ---- "

"အ..."

စကားမဆုံးမီ လက်မြန်သော စောယွန်း၏ အဖေလက်က ခေါင်းကို ခေါက်ပြီးနှင့်ပြီဖြစ်သည်။ စောယွန်းက ခေါင်းထိပ်ကို လက်ဖြင့်ဖိလျက် ပြောသည်။

"တကယ်နာတယ်ဖေဖေရေ--- ။ သားခေါင်းမှာ သံခမောက်ဆောင်းထားတာမဟုတ်တာကို။"

"နာအောင်ခေါက်တာ နာမှာပေါ့။ အဖေရှေ့လာပြီး အဆင်ကို ပါးစပ်က မချဘူး။  စောယွန်း ၊မင်းသာ ဘုရင်ဖြစ်ရင်လေ တစ်တိုင်းပြည်လုံးက ယောက်ျားသားတွေ ထွက်ပြေးကုန်မယ်။   "

"သားက စကားအဖြစ်ပြောတာကို။ တကယ်တော့ သားက ဖေဖေနဲ့ မေမေလို တစ်ယောက်ဆို တစ်ယောက်ပဲချစ်မှာပါ။ အဆင်တွေဆိုတာ သက်သက်ပြောတာ ဟီးဟီးဟီး။ "

စောယွန်း၏ ဖခင်က မျက်ခုံးပင့်ကာ ဆိုသည်။

"တော်သေးတာပေါ့။ အဆင်တွေကို အဆင့်သတ်မှတ်ပေးမယ့်ကိစ္စဟိုက မကြားသွားလို့။"

"ဟာဗျာ--- သားပြောလိုက်ရမှာ။ ဒါဆို နောက်ဘယ်တော့မှ သမက်တော်ဖို့ စကားစရဲမှာမဟုတ်ဘူး။"

"ရင့်ကျက်သလိုလိုနဲ့ တကယ့်ကို ကလေးစိတ်ကမပျောက်သေးဘူး။ အိပ်တော့ သွား။ ညနက်မှ မအိပ်နဲ့ စောစောအိပ်။"

စောယွန်းက သူငယ်ချင်းနှင့်တူသော ဖခင်ကို တစ်ခဏမျှ ငေးကြည့်မိသည်။ သူတို့ကြားမှ အနှစ် နှစ်ဆယ်ကျော်အသက်ကွာခြားမှုက နှစ်ကိုယ်ကြားစကားပြောဆိုသည့်အခါတိုင်း ပျောက်ကွယ်သွားလေ့ရှိသည်။ စောယွန်း၏ဖခင်က စောယွန်းကို အချိန်များများစားစားမပေးနိုင်သော်ငြား အချိန်မိနစ်ပိုင်းမျှပေးသည့်အခါတွင်လည်း စောယွန်းကို ပျော်ရွှင်စေသော ဖခင်တစ်ဦးဖြစ်သည်။ စောယွန်းက ဆိုသည်။

"သားဒီနေ့ နည်းနည်းပင်ပန်းနေလို့။ စောစောအိပ်ပြီ။ကောင်းသောညပါ ဖေဖေ"

"ကောင်းသောည သားလေး။ "

ပြပွဲနေ့မရောက်မီအထိ စောယွန်း အိပ်ရေးဝဝအိပ်ခဲ့ရသော်ငြား ထိုနေ့ညက စောယွန်း အိပ်၍ မပျော်ခဲ့ပေ။ အိပ်ယာပေါ်တွင် ဟိုဘက်သည်ဘက် လူးလှိမ့်ကာ မနက်သို့ ရောက်ခဲ့သည်။ မိမိ၏ပန်းချီကားများကို နိုင်ငံတကာပြပွဲများတွင်  ပြသခဲ့ဖူးပြီး ကိုယ်ပိုင်ပြခန်းဖြစ်သည့် ဝဿန်တွင်လည်း မကြာခဏပြပွဲများလုပ်ခဲ့ဖူးသည်။ 

သို့သော် ယခုကဲ့သို့ အိပ်မပျော်သောညမရှိခဲ့ပေ။ အိမ်အနီးတွင်ရှိသော ဘုန်းကြီးကျောင်းအတွင်းမှ အုန်းမောင်းခေါက်သံကို ကြားရသည့်အချိန်မှ ခပ်မှေးမှေးအိပ်ပျော်သွားသည်။ 

"အကိုလေး စောယွန်း--- အကိုလေး စောယွန်း။"

သူ့လက်မောင်းကို လှုပ်ခါနေသော လက်တစ်စုံကြောင့် စောယွန်း နိုးလာသည်။ တစ်ကိုယ်လုံးကိုင်ရိုက်ထားခံရသည့်နှယ် ပင်ပန်းနွမ်းနယ်နေသော်ငြား အားယူ၍ထလိုက်သည်။

"အင်း အင်း ၊  ကျွန်တော်နိုးပါပြီ။"

ဟန်စစ်မင်း၏ မျက်နှာအမူအရာက အလွန်စိတ်ပူနေပုံရသည်။ စောယွန်းက အိပ်ယာပေါ်တွင် ထိုင်လိုက်သည်။ 

"ဘယ်နှနာရီထိုးပြီလဲ အကို။"

ဟန်စစ်မင်းက သူ့ကိုခဏမျှကြည့်နေပြီးနောက် သူ့နာရီကို ငုံ့ကြည့်သည်။

"၉ နာရီ ၄၇ ပါ ။"

စောယွန်းက တကျစ်ကျစ်ထိုးနေသော ဦးခေါင်းကို ကိုင်ကာ မျက်လုံးများကို မှိတ်ထားသည်။ ဟန်စစ်မင်းက ဆက်ပြောသည်။

"အကိုလေးက ၉နာရီခွဲတဲ့အထိ မထသေးလို့ အန်တီက ကျွန်တော့်ကို လာနှိုးခိုင်းတာ။ ကျွန်တော်နှိုးနေတာကြာပြီ။ နေရောကောင်းရဲ့လား?"

စောယွန်းက ခေါင်းကိုက်နေသည်ကို လျစ်လျူရှုကာ ခေါင်းညိတ်လိုက်သည်။ ဟန်စစ်မင်းက အိပ်ယာပေါ်မှဆင်းလိုက်ပြီး စောယွန်း၏ ပုခုံးကို ကိုင်လိုက်သည်။

"ခဏ ပြန်အိပ်ချင်ရင် အိပ်ပါ။ ကျွန်တော်က စိတ်ပူပြီး အတင်းနှိုးလိုက်မိတယ်။ တောင်းပန်ပါတယ်။"

စောယွန်းက ညင်သာစွာခေါင်းခါသည်။ 

"ပြပွဲက နေ့လည် ၁ နာရီစမှာဆိုတော့ ကျွန်တော်ထမှဖြစ်မယ်။"

ဟန်စစ်မင်းက အလိုက်တသိ အခန်းထဲမှ ထွက်သွားသည်။

နေရောင်က မျက်နှာတည့်တည့်ထိုးနေသဖြင့် စောယွန်း မျက်မှောင် ကြုတ်လိုက်သည်။ တဆစ်ဆစ်ကိုက်နေဆဲ ခေါင်းကြောင့် ဆေးသောက်ရန် အိပ်ယာပေါ်မှ ထသည်။ အခန်းထဲရှိအလုပ်စားပွဲ၏ အံဆွဲထဲမှ ဆေးသေတ္တာကို ဖွင့်ကာ ပါရာစီတမောတစ်ကဒ်ကို ထုတ်၍ ဖောက်လိုက်သည်။ ဆေးသောက်ပြီး ခဏကြာသည်အထိ စောင့်ကြည့်နေမိသော်ငြားမသက်သာပဲ ပိုဆိုးလာသည်။ 

"မေ -- မေမေ ---- "

သူ့ဆီမှ အသံခပ်တိုးတိုးသာ ထွက်လာသည်။ အခန်းတံခါးပိတ်ထားလျှင် သူ့အသံကို အောက်ထပ်က ကြားရမည်မဟုတ်ပေ။ ခေါင်းကို လက်တစ်ဖက်ဖြင့် ကိုင်လျက် လက်တစ်ဖက်က အခန်းနံရံကို လက်ဝါးဖြင့် တွန်းလျက် တံခါးဆီသို့ တဖြည်းဖြည်းလျှောက်သည်။ သို့သော် တံခါးအနီးမရောက်မီတွင် ခန္ဓာကိုယ်တစ်ခုလုံးက ယိမ်းထိုးကာ ကြမ်းပြင်ပေါ်သို့ မှောက်လျက်လဲကျသွားသည်။

တကိုယ်လုံးရှိကြွက်သားများ ၊ အရိုးအဆစ် ၊  အသွေးအသားများတွင် အားအင်တစ်စက်မျှပင်မရှိ။ မျက်ခွံများက မျက်ဝန်းအစုံကို ဖြည်းညင်းစွာ ဖုံးအုပ်သွားကြပြီး မြင်ကွင်းက အမှောင်အတိကျသွားသည်။

ခဏအကြာတွင် ဟန်စစ်မင်း၏ အော်သံကို ကြားရသည်။ တစ်စုံတစ်ယောက်က သူ့ကို ပွေ့ထားပုံရပြီး ရေမွှေးနံ့အရ ထိုသူက ဟန်စစ်မင်းဖြစ်ကြောင်း သူသိသည်။ သို့သော် သူ့မျက်လုံးများကို ဖွင့်၍မရ။ ထို့နောက် စိတ်ပူနေသော အမေ့စကားသံကိုလည်း စောယွန်း ကြားနေရသည်။ အမေက သူ့လက်ကို ဆုပ်ကိုင်ကာ သူ့အမည်ကို ဆက်တိုက် ခေါ်သည်။ နောက်ဆုံးအနေဖြင့် မလှမ်းမကမ်းတွင် ဆေးရုံကားကို ဖုန်းဆက်ခေါ်နေသည့် အဖေ့အသံကို သူကြားရသည်။ 

ထို့နောက် အသံများကလည်း ဆိတ်ငြိမ်သွားကြကုန်သည်။ အာရုံခြောက်ပါးတို့သည်လည်း လောကပတ်ဝန်းကျင်နှင့် အဆက်အသွယ်ပြတ်တောက်သွားတော့သည်။

Edit - 10.9.2021 8:15PM
စာကြွင်း - ၂၁ရာစုက စောယွန်းနဲ့ ဟန်စစ်မင်းရဲ့ တော်စပ်ပုံ။ အဆု ပထမရေးတုန်းက ၂၁ရာစု ဟန်စစ်မင်းကို သေချာ ပုံမဖော်ဖြစ်ခဲ့ဘူးရယ်။ ဟန်စစ်မင်းက မိဘမဲ့တစ်ယောက်ဖြစ်ပြီး စောယွန်းမိဘတွေက မွေးစားစောင့်ရှောက်ပေးခဲ့တာပါ။ သို့သော် ဟန်စစ်မင်းက ခပ်အေးအေးနေတတ်ပြီး စောယွန်းအပေါ်လည်း တရိုတသေပဲ ဆက်ဆံတတ်ပါတယ်။ ဟန်စစ်အဖေရဲ့ အလုပ်မှာလည်း ကူပေးတဲ့အပြင် စောယွန်းအပေါ်မှာလည်း အတော်လေးဂရုတစိုက်ရှိပေးတတ်တဲ့သူမျိုးပါအဆုအဲ့တာလေး ပေါ်အောင် ပုစိလေး ပြင်ထားပါတယ်ဗျာ။

[ZAWGYI]

ေဒါက္-ေဒါက္-ေဒါက္

အခန္းတံခါး ေခါက္သံ ဆုံးသည္ႏွင့္ အခန္းထဲသို႔ အသားခပ္ျဖဴျဖဴႏွင့္ သက္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသမီးတစ္ဦး ဝင္လာေလသည္။ 

ထို႔ေနာက္ ခုတင္ေပၚတြင္ ေျခလက္မ်ားကိုဆန္႔ကားထားလ်က္ ဂြမ္းေစာင္ျဖဴႏွင့္ လုံးေထြးလ်က္ အိပ္ေပ်ာ္ေနေသာ အျဖဴလုံးေလးကို ညင္သာစြာ လႈပ္ႏႈိးေလသည္။ ထိုအျဖဴလုံးေလးက ဟိုဘက္ဒီဘက္ အနည္းငယ္ လူးလွိမ့္ေနေသးၿပီး ခဏမွ်အၾကာတြင္ ေစာင္ကို ကိုယ္ေပၚမွ ျဖည္းျဖည္းခ်င္း ခြာကာ  မ်က္လုံးမ်ားကို အားယူဖြင့္သည္။ ညာဘက္လက္ႏွင့္လည္း ဦးေခါင္းအေနာက္သို႔ အသာဖိကာ မ်က္ခုံးမ်ားကို အနည္းငယ္ က်ဳံ႕၍ မ်က္ႏွာမၾကည္မသာျဖင့္ အိပ္ရာမွထေလသည္။

"ေခါင္းကိုက္ေနၿပီမဟုတ္လား?"

အမ်ိဳးသမီးႀကီး၏ အေမးကို အျဖဴလုံးေလးက ရွိသမွ် သြားအေခ်ာင္းေစ့ေပၚသည္အထိ ရယ္ျပရင္း ေျဖသည္။ 

"ဟုတ္ ေမေမ။"

"သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္တာလည္း ေပ်ာ္ေပါ့ သားရယ္၊ အတိုင္းအတာေတာ့ ရွိဦးမွေပါ့။ "

"သားလည္း ကိုယ့္အတိုင္းအတာကို ကိုယ္သိပါတယ္။ ညက နည္းနည္းေလးပဲ လစ္မစ္ေက်ာ္သြားတာပါ။ ေနာက္ဆို သတိထားပါ့မယ္။"

အျဖဴလုံးေလးက မိခင္ကို ေပြ႕ဖက္ကာ ရယ္က်ဲက်ဲႏွင့္ ဆိုသည္။ 

သူကလည္း သားငယ္၏ ဦးေခါင္းကို ေရွ႕တိုးေနာက္ငင္ ပြတ္သတ္ေပးေနၿပီး ၿပဳံးလ်က္ေျပာသည္။

"ဖေအဆီက အဆူခံရရင္ေတာ့ မ်က္ႏွာငယ္ေလးနဲ႔ မေအဆူတာက် ကပ္ခြၽဲတယ္ေပါ့။ အလည္ေလး။ "

"ဟီးဟီး။"

"ေမေမ မနက္စာ ျပင္ထားၿပီးၿပီ။ ေရခ်ိဳးအဝတ္အစားလဲပီး ဆင္းလာခဲ့ေခ်။"

"ဟုတ္!"

အမ်ိဳးသမီးႀကီးက မ်က္လုံးမ်ား တစ္ဝက္သာ ပြင့္ေနသည့္ အျဖဴလုံးေလး၏ ဆံပင္မ်ားကို နားေနာက္သို႔ ထည့္ေပးၿပီးေနာက္ အခန္းတြင္းမွ ထြက္သြားသည္။

အိပ္ခ်င္မူးတူးျဖင့္ ခဏမွ် ငိုက္ေနၿပီးေနာက္ဂြမ္းေစာင္အိအိကို အသာအယာ ေဘးသို႔တြန္းဖယ္ကာ ေစာင္ေအာက္ထဲတြင္ နစ္ျမဳပ္ေနသည့္ သူ၏ ေျခေထာက္မ်ားကို ၾကမ္းေပၚသို႔ ခ်လိုက္သည္။ ေဘာင္းဘီတိုကိုသာ ၀တ္ထားသျဖင့္ ႏို႔ႏွစ္ေရာင္သမ္းေနေသာ အသားအရည္က အခန္းတြင္းသို႔ က်ေနသည့္ ေနေရာင္ေအာက္တြင္ အေရာင္တလက္လက္ပင္ ေတာက္ပေနသည္။ 

သူ၏ လည္ကုတ္ေပၚတြင္ ဝဲက်ေနသည့္ ေကာ္ဖီေရာင္ ဆံပင္မ်ားကို နဖူးေနာက္သို႔ သပ္တင္လိုက္ၿပီး ေတာင့္တင္းေနသည့္ ခါးကို ဆန႔္သည္။ နာရီကို ခဏမွ် ၾကည့္ၿပီးေနာက္ ေရခ်ိဳးခန္းဆီသို႔  ေျခေထာက္လွမ္းလိုက္သည္။

ေရခ်ိဳး အဝတ္အစားလဲၿပီးေနာက္ မနက္စာ စားရန္ ေအာက္ထပ္သို႔ မေႏွးမျမန္ေသာ ေျခလွမ္းမ်ားျဖင့္ ဆင္းလာသည္။

"ေမာနင္းပါ အကိုေလး။"

ေလွကားေအာက္တြင္ မတ္တပ္ရပ္ေနလ်က္ သူ႔အား ေမာ့ၾကည့္ကာ ေမးသည့္ လူငယ္ကို သူက ျပန္ၾကည့္မိသည္။  ထို႔ေနာက္ သူက ေအာက္သို႔ ဆင္းလာကာ ႏွစ္လိုဖြယ္ ၿပဳံးလ်က္ ျပန္လည္ ႏႈတ္ဆက္သည္။

"ေမာနင္း အကိုဟန္စစ္။ မနက္စာ မစားရေသးရင္ အတူစားၾကမယ္ေလ။"

တစ္ဖက္လူက ေခါင္းညိတ္ျပ၍ ေျဖသည္။သူကစားပြဲဝိုင္းတြင္ ဝင္ထိုင္လိုက္သည္။ 

"အကို။ "

"ဟုတ္ကဲ့ အကိုေလး။"

"မနက္စာ စားၿပီးရင္ ကြၽန္ေတာ့္ကို ၿမိဳ႕ထဲဘက္ လိုက္ပို႔ေပးပါလား?"

ဟန္စစ္မင္းက ေမးခြန္းတစ္စုံတစ္ရာျပန္မေမးပဲ ေခါင္းအနည္းငယ္သာ ညိတ္လိုက္သည္။

"ဟုတ္ကဲ့ အကိုေလး ကြၽန္ေတာ္ အဆင္သင့္ျပင္ထားပါ့မယ္။"

မနက္စာစားေနရင္း အျဖဴလုံးေလး၏ မ်က္လုံးမ်ားက မလွမ္းမကမ္းရွိ ဂ်ာနယ္စာအုပ္၏ မ်က္ႏွာဖုံးေပၚသို႔ ေရာက္သြားသည္။ မ်က္ႏွာဖုံးေပၚတြင္ အျဖဴလုံးေလး၏ ဓာတ္ပုံတစ္ပုံက ထင္ရွားေနသည္။ ရွပ္အက်ႌအနက္ေရာင္က ႐ိုးရွင္းလွေသာ္ျငား တည္ၾကည္သည့္ဟန္ကို ေပၚလြင္ေစသည္။ခ်ိတ္ထားသည့္ ေျခတံရွည္မ်ားကို မဖုံးကြယ္ႏိုင္ေသာ  ကာကီေရာင္ style pant က သူ၏ ခ်စ္လွစြာေသာ မိခင္ေပးခဲ့သည့္ ေမြးေန႔လက္ေဆာင္ Monk Strap ဖိနပ္တို႔ႏွင့္ ေပါင္းစပ္လိုက္သည့္အခါ ရင့္က်က္တည္ၿငိမ္မႈႏွင့္ ၎၏ ဆန႔္က်င္ဖက္ လူငယ္ဆန္ဆန္ ေပါ့ပါးလြတ္လပ္မႈကို တြဲဖက္ျမင္ရသည္။ ပုံနံေဘးရွိ ေခါင္းစီးကား “ျမန္မာႏိုင္ငံ၏ အႀကီးမားဆုံးေသာ Art Gallery -  ဝႆန္ Gallery ၏ ပဲ့ကိုင္ရွင္တစ္ျဖစ္လဲ လူငယ္ပန္းခ်ီပညာရွင္ေစာယြန္း” ။

ေစာယြန္းက ပန္းခ်ီပညာရွင္ျဖစ္သကဲ့သို႔ နာမည္ေက်ာ္ ပညာရွင္မ်ား၏ ပန္းခ်ီအႏုပညာလက္ရာမ်ားကို စုေဆာင္းသူလည္းျဖစ္သည္။ ဝႆန္ပန္းခ်ီျပခန္းကို မိဘမ်ား၏ အကူအညီမပါပဲ သူတစ္ေယာက္တည္း၏ အင္အားႏွင့္ တည္ေထာင္ထားသည့္တိုင္ ေငြေၾကးျပည့္စုံသည့္ မိသားစုေၾကာင့္ သူ၏ ေအာင္ျမင္မႈမွာ သူ၏ ကိုယ္ပိုင္အရည္အခ်င္းေၾကာင့္ဟု လူအခ်ိဳ႕က မယုံခ်င္ၾကေပ။

သို႔ေသာ္ ထိုအင္တာဗ်ဴးတြင္ ေျပာခဲ့သည့္အတိုင္း ေစာယြန္း လိုခ်င္သည္က လက္ခုပ္သံႏွင့္ ခ်ီးမြမ္းသံမဟုတ္ပဲ သူ၏ အရည္အခ်င္းကို အသိအမွတ္ျပဳမႈသာျဖစ္သည္။

"အကိုေလး အဆင္သင့္ျဖစ္ပါၿပီ။"

မည္မွ်ၾကာသည္အထိ ေတြးေတာေနမိခဲ့သည္မသိ။ အိမ္ေရွ႕တြင္ ကားစက္အသင့္ႏႈိးထားၿပီး သူ႔ကို လာေခၚေသာ ဟန္စစ္မင္းအား ေမာ့ၾကည့္လိုက္သည္။

"ေကာင္းၿပီ အကို။"

ၿပီးျပည့္စုံသည့္ လူသားဟူ၍ မရွိသကဲ့သို႔ ေစာယြန္းသည္လည္း ေအာင္ျမင္သည့္ လူငယ္တစ္ေယာက္ျဖစ္သည့္တိုင္ အထီးက်န္မႈကို ခံစားေနရသည္။ လူအခ်ိဳ႕က ထူးဆန္းသည္ဟု ျမင္ေကာင္းျမင္ၾကလိမ့္မည္။

တစ္ဦးတည္းေသာ သားမို႔ အျပည့္အဝအခ်စ္ခံရၿပီး လိုေလေသးမရွိ ဂ႐ုစိုက္ခံရသည္။ စားဝတ္ေနေရးျပည့္စုံသူအဖို႔ အဘယ္အရာက အထီးက်န္ေစလိမ့္မည္နည္း။ 

ထိုေမးခြန္းအတြက္ ေစာယြန္းထံတြင္ အေျဖမရွိ။ သူ၏ တစ္ေန႔တာတြင္စိတ္လႈပ္ရွားစရာကိစၥဟူ၍အနည္းအက်ဥ္းမွ်သာရွိၿပီး အၿမဲတမ္းလိုလို တစ္ခုခုလစ္ဟာေနသည္ဟု ခံစားရသည္။

မိဘမ်ား အခ်စ္မပ်က္ ၊ အယုံၾကည္မပ်က္ေစရန္ ေနထိုင္ႏိုင္ေသာ သားတစ္ေယာက္ျဖစ္ေနရသည္မွတပါး   ေပ်ာ္႐ႊင္မႈကို အျခားေနရာမွ သူမရေပ။

"အကို။"

"ဟုတ္ကဲ့ အကိုေလး။"

"ကားခဏေလာက္ရပ္ေပးပါ။"

"ေကာင္းပါၿပီ"

ျပည္လမ္းမေပၚရွိ အင္းယားကန္ နားအေရာက္တြင္ ကားရပ္သြားသည္။ ေစာယြန္းက ထိုင္ခုံ ခါးပတ္ကို ျဖဳတ္လိုက္ၿပီး ယာဥ္ေမာင္းထိုင္ခုံမွ ဟန္စစ္မင္းကိုၾကည့္ကာဆိုသည္။

"ကြၽန္ေတာ္ ခဏ ထိုင္ၿပီးရင္ ျပန္လာခဲ့မယ္။"

"အခ်ိန္ႀကိဳက္သေလာက္ယူပါ အကိုေလး ။"

ေစာယြန္းက ဘာရယ္မဟုတ္ပဲ ဟန္စစ္မင္းကို ခဏမွ် ၾကည့္ေနမိသည္။ ဟန္စစ္မင္းက အလြန္ယတိျပတ္ေျပာေလ့ရွိသည္။ ေစာယြန္း၏ ေမြးစားအစ္ကိုတစ္ေယာက္ျဖစ္သည့္တိုင္ သူ႔ကိုယ္သူ မိသားစုဝင္မ်ားႏွင့္ စည္းျခားထားေလ့ရွိၿပီး တသီးတသန႔္ေနေလ့ရွိသည္။ မိမိကိုယ္ကိုယ္ အကိုဟု မသုံးႏႈန္းပဲ သူ႔ထက္အသက္ငယ္သည့္ ေစာယြန္းကိုလည္း 'အကိုေလး' ဟုသာ ေခၚသည္။

သို႔ေသာ္ ဟန္စစ္မင္းက ပင္ကိုယ္ စိတ္ထားေကာင္း၍ မိသားစုဝင္မ်ားအေပၚတြင္ ဂ႐ုစိုက္မွန္း ေစာယြန္းသိသည္။ သည္လူက သူတို႔အား တရင္းတႏွီးဆက္ဆံေစလိုသည္မွအပ ေစာယြန္းထံတြင္ အျခား ေမွ်ာ္လင့္ခ်က္မရွိေပ။

ကားေပၚမွ ဆင္းၿပီးေနာက္ တစ္ဖက္သို႔ လမ္းကူးကာ ကန္ေဘာင္ဖက္သို႔ ဦးတည္လိုက္သည္။ 

အခ်ိန္က နံနက္ ၈ နာရီေက်ာ္႐ုံမွ်သာ ရွိေသး၍ ျဖစ္မည္။အားကစား ၊ ေလ့က်င့္ခန္းလုပ္သူ အခ်ိဳ႕သာရွိၿပီး လူအေတာ္ရွင္းေနသည္။ လူသူကင္းမဲ့ေနေသာ ခုံတန္းတစ္ခုေပၚတြင္ ထိုင္လိုက္ၿပီး ေစာယြန္းက နားၾကပ္မ်ားကို တပ္လိုက္သည္။ 

ယခုရက္အေတာအတြင္း မၾကာခဏ နားေထာင္မိေနေသာ သီခ်င္းတစ္ပုဒ္ကို ဖြင့္လိုက္ၿပီး ေရျပင္က်ယ္ကို ေငးေမာမိေနသည္။ စာသားမပါသည့္ စႏၶရားသံသီးသန႔္ကား သာယာၿငိမ့္ေျငာင္းၿပီး လြမ္းေမာဖြယ္ပင္ ေကာင္းေနေတာ့သည္။ ထိုအခ်ိန္တြင္ ကန္ေရျပင္က်ယ္ကို ျဖတ္တိုက္လာသည့္  ေလေအးအခ်ိဳ႕က ျဖည္းညင္းစြာ သူရွိရာကိုဦးတည္လာၾကၿပီး ႏွလုံးသားထဲအထိ ေအးခ်မ္းသြားေစသည္ဟု ေစာယြန္း ေတြးလိုက္မိသည္။ ယခုအခ်ိန္တဒဂၤတြင္ တစ္ေလာကလုံး သူတစ္ေယာက္တည္းသာ ရွိေနသည့္ႏွယ္ ခံစားမိသည္။ 

"အဲဒါ ေစာယြန္းမဟုတ္လား ?"

စႏၵရားသံကို ေက်ာ္ကာ ႐ုတ္တရက္ နားထဲဝင္လာေသာ အသံေၾကာင့္ ေစာယြန္းက မ်က္လုံးမ်ားကိုဖြင့္လိုက္သည္။ အားကစားအဝတ္အစားမ်ား ဝတ္ဆင္ထားသည့္ မိန္းကေလးႏွစ္ဦးက သူႏွင့္ မလွမ္းမကမ္းရွိ ခုံတြင္ ထိုင္ေနၾကၿပီး သူ႔ကို ၾကည့္ေနၾကသည္.။

"ဓာတ္ပုံထဲမွာထက္ အျပင္မွာ အေတာ္ေခ်ာတာပဲ။ အရပ္ကလည္း အရွည္ႀကီး၊ အသားကလည္း ျဖဴဥေနေရာ။"

မိန္းကေလးႏွစ္ဦးက သူတို႔အသံမ်ားကို ေစာယြန္းက ၾကားေနရမွန္း သတိထားမိ၊မမိ ေစာယြန္းမသိ။ သူတို႔က တစ္ဦးကို တစ္ဦးတြန္းထိုးကာ ဆက္ေျပာေနၾကသည္။ 

"ငါ သြားမိတ္ဆက္ရင္ေကာင္းမလား?"

"ေနဦး။ ဟိုဆယ္လီသတင္းက  Facebook မွာ ေျပာထားတာေလ။  သူက---- "

မိန္းကေလးတစ္ေယာက္က အျခားတစ္ေယာက္ဘက္သို႔ အနည္းငယ္တိုးကပ္ကာ တစ္ခုခုတီးတိုးေျပာလိုက္သည္။ ထိုစကားကို ေစာယြန္းၾကားစရာမလိုေပ။ ေစာယြန္းက အနည္းငယ္ ၿပဳံးလိုက္မိသည္။

အေစာပိုင္းက ႏိုင္ငံေက်ာ္ ပန္းခ်ီပညာရွင္ ေစာယြန္းမွာ လိင္တူသေဘာက်သူျဖစ္ေၾကာင္း ဆယ္လီသတင္းမ်ားက အလုအယက္ေဖာ္ျပၾကသည္။ ထို႔ေနာက္တြဲသြားတြဲလာ လုပ္သမွ် သူငယ္ခ်င္းမ်ားႏွင့္  ေစာယြန္း၏ ဓာတ္ပုံမ်ားကို ေခါင္းစီးအမ်ိဳးမ်ိဳးႏွင့္ တစ္ခုၿပီးတစ္ခုတင္ၾကသည္။  ထို႔ေၾကာင့္လည္း ေစာယြန္းကို ယခင္က နားလည္ေပးခဲ့သမွ် သူငယ္ခ်င္းမ်ားက ေစာယြန္းႏွင့္ အခင္အမင္ ပ်က္လာခဲ့သည္။ နာမည္ႀကီးျခင္းသည္လည္း ဒုကၡတစ္မ်ိဳးပင္။

ေစာယြန္းကား ႏိုင္ငံရပ္ျခားတြင္ ဆယ္ေက်ာ္သက္အ႐ြယ္ကတည္းက ပညာသင္ယူခဲ့ၿပီး လြတ္လပ္စြာ ေတြးေခၚေလ့ရွိသည္။ လူမွန္လွ်င္ က်ားမ မေ႐ြး မိမိႏွစ္သက္သည့္အရာကို အျခားသူမ်ား၏ လႊမ္းမိုးခ်ဳပ္ကိုင္မႈ မရွိပဲ မိမိကိုယ္တိုင္ ေ႐ြးခ်ယ္ႏိုင္ျခင္းက အေရးႀကီးသည္ဟု လက္ခံသည္။ မိဘႏွစ္ပါးလုံးသည္လည္း သူ႔ကို ေဝဖန္ျခင္း မရွိ ၊ အျပည့္အဝနားလည္ေပးၾကသည္။ ထို႔ေၾကာင့္လည္း သူစိမ္းမ်ားက ဘာေျပာေျပာ ေစာယြန္းက သူလုပ္ရမည့္အလုပ္ႏွင့္ လုပ္ခ်င္သည့္ အလုပ္ကိုသာ အာ႐ုံစိုက္ေလ့ရွိသည္။

သို႔ေသာ္ Gay ျဖစ္သည္ျဖစ္ေစ မျဖစ္သည္ျဖစ္ေစ ၊ သူ႔ကို ၿဂိဳဟ္သားတစ္ေကာင္ႏွယ္ ၾကည့္ေနသည္ကို သူလုံးဝသေဘာမက်။ ေျခလွမ္းက်ဲက်ဲတို႔ျဖင့္ ကားဆီသို႔ လ်င္ျမန္စြာ ေလွ်ာက္လာခဲ့လိုက္သည္။ ဟန္စစ္မင္းက အဆင္သင့္ကားထဲမွေန၍ ကားတံခါးကို ဖြင့္ေပးလိုက္သည္။

"ဘယ္ကို ေမာင္းေပးရမလဲ အကိုေလး"

"အကိုဟန္စစ္ကို ကြၽန္ေတာ္တို႔ ႏွစ္ေယာက္တည္းရွိတဲ့အခ်ိန္ဆိုရင္ အကိုေလးလို႔ မေခၚဖို႔ ကြၽန္ေတာ္ အခါခါေျပာခဲ့ၿပီးတာကို ေမ့မ်ားေမ့ေနျပန္တာလား ။ "

ဆပ္ကပ္ပြဲကို ၾကည့္သည့္ႏွယ္ အၾကည့္ခံလာရသျဖင့္ ေစာယြန္းက စိတ္မၾကည္ပဲ ပြင့္လင္းစြာ ေျပာလိုက္မိသည္။ ဟန္စစ္မင္းက သူ၏ မ်က္လုံးမ်ားကို ၾကည့္ကာ အကဲခတ္ေနပုံရၿပီး ေနာက္ဆုံးတြင္ သူ႔အလိုကို လိုက္ေလ်ာလိုက္သည္။

"ေကာင္းၿပီ ေစာယြန္း၊ အခု ဘယ္ကို သြားခ်င္လဲ?"

ဟန္စစ္မင္း၏ ေဘးတေစာင္းမ်က္ႏွာကို ၾကည့္ကာ ေစာယြန္းက အားနာသြားမိသည္။ အျပစ္မရွိသူအေပၚ အျပစ္ပုံခ်မိသျဖင့္ သူ႔ကိုယ္သူ တိတ္တဆိတ္  ဆဲေရးလိုက္ၿပီးေနာက္ ဆိုသည္။

"အိမ္ကိုပဲ ေမာင္းေပးပါ အကို။"

"ေကာင္းပါၿပီ။"

အသက္ ၂၀ အ႐ြယ္သာရွိေသးသည့္ ေစာယြန္းက မိဘမ်ားႏွင့္ ဆိုလွ်င္ ကေလးဆန္ဆန္ ျပဳမူေလ့ရွိသည္။ သို႔ေသာ္ အလုပ္ႏွင့္ ပက္သတ္လွ်င္ အလြန္ ရင့္က်က္ကာ ပညာရွင္ ပီသသည္။ တိတ္ဆိတ္ေသာ ေနရာမ်ားကို ႏွစ္သက္သကဲ့သို႔ လက္ခ်ိဳးေရႏိုင္သည့္ သူငယ္ခ်င္းအခ်ိဳ႕ႏွင့္ Bar သြားရသည္ကိုလည္း သေဘာက်သည္။

သူစိမ္းတစ္ေယာက္ႏွင့္ စကားေျပာလွ်င္ ထိုသူစိမ္းက စကားေျပာခ်ိန္ၾကာလာသည္ႏွင့္ အမွ် ေစာယြန္း၏ စိတ္ကို သေဘာက်လာေလ့ရွိသည္။ သို႔ေသာ္ အႏွီ ယာဥ္ေမာင္းခုံမွ ေရခဲလူသားကို မည္သို႔ အရည္ေဖ်ာ္ရမည္မွန္း သူမသိ။ 

သို႔ေသာ္ အေပၚယံ ေ႐ႊမႈန္ႀကဲစကားမ်ားကိုသာ ေျပာ၍ သူ႔ကို ရင္းႏွီးသည္၊ ခင္မင္သည္ဆို႐ုံမွ် ေပါင္းသင္းေနသည့္ လူမ်ားထက္ ေရခဲလူသား ဟန္စစ္မင္းက သာပါေသး၏။ တိုင္ပင္စရာရွိသည့္အခါတိုင္း ဟန္စစ္မင္းက တိတ္ဆိတ္စြာ နားေထာင္ၿပီး တိုတိုတုတ္တုတ္ သူ႔အျမင္ကို ေျပာျပေလ့ရွိသည္။ ေစာယြန္း၏ အထီးက်န္သည့္ ေရာဂါကား အနည္းငယ္ ႏုေသးသည့္အေၾကာင္းက ဟန္စစ္မင္းရွိေနေသး၍ ျဖစ္မည္။

အေတြးတစ္ပိုင္းတစ္စက ၿခံဝင္းတံခါးပြင့္လာခ်ိန္တြင္ ေပ်ာက္ကြယ္သြားသည္။ အိမ္တြင္းသို႔ေရာက္သည့္အခါ ကိုယ္လက္ေဆးေၾကာၿပီး ပန္းခ်ီခန္းထဲသို႔ဝင္သည္။ သူ႔ကို ဆီးႀကိဳေနသည့္ ေရးလက္စ ပန္းခ်ီကားက အေရာင္မစုံေသးေသာ္ျငား က်က္သေရရွိလွသည္။ ကုန္းေဘာင္ေခတ္ မင္းညီမင္းသားတစ္ဦးကို စိတ္ကူးယဥ္ကာ စဆြဲခဲ့သည့္ပန္းခ်ီကားျဖစ္သည္။ 

အခန္းထဲမွ ပန္းခ်ီအခ်ိဳ႕သည္လည္း ေရွးျမန္မာလူမ်ိဳးမ်ား၊ တိုင္းရင္းသားမ်ားႏွင့္ ေရွးေခတ္အေဆာက္အဦမ်ားျဖစ္သည္။ေစာယြန္း၏ ေရွးျမန္မာအလွအေပၚ ႐ူးသြပ္ျခင္းက အိမ္ထဲတြင္ ေနရာစုံ ေထာင့္စုံတြင္ ခင္းက်င္းထားေသာ ျမန္မာ့အႏုပညာတို႔ေၾကာင့္ဟု ဆိုရမည္။ ေစာယြန္း၏ မိဘမ်ားက ျမန္မာမႈလက္ရာကို ျမတ္ႏိုးၾကၿပီး ျမန္မာမွန္လွ်င္ ျမန္မာမႈ အႏုပညာကို လက္ဆင့္ကမ္းအေမြမယူႏိုင္သည့္တိုင္ အႏုပညာလက္ရာမ်ားကို ထိန္းသိမ္းရမည္ဟု ယုံၾကည္ၾကသည္။ ဖခင္ကိုယ္တိုင္သည္ပင္ ေရွးေဟာင္းအေမြအႏွစ္ထိန္းသိမ္းေရးကို ဒုတိယအလုပ္အကိုင္အေနျဖင့္ လုပ္ေနသူတစ္ဦးျဖစ္သည္။

ယခု ေစာယြန္း စိတ္ကူးထဲတြင္ ပုံေဖာ္၍ ေရးဆြဲသည့္မင္းညီမင္းသား၏ ပန္းခ်ီကလည္း လတ္တေလာက သြားခဲ့သည့္ ပုဂံၿမိဳ႕မွ ရေသာ စိတ္ကူးျဖစ္သည္။ မည္မွ်အခ်ိန္ၾကာသြားသည္မသိပဲ တံခါးေခါက္သံ သုံးခ်က္ေၾကာင့္ တံခါးဆီသို႔ ေစာယြန္းလွည့္ၾကည့္လိုက္သည္။ ထုံးစံအတိုင္း သစ္သီးပန္းကန္ႏွင့္ အခ်ိဳရည္တစ္ခြက္ပါေသာ ယြန္းလင္ဗန္းကို ကိုင္ကာ ေစာယြန္း၏ မိခင္က အခန္းတြင္းသို႔ ဝင္လာသည္။ 

"သားငယ္ -"

"ဟုတ္ကဲ့ ေမေမ။"

ေစာယြန္း၏ မိခင္က လင္ဗန္းကို အနီးရွိ စားပြဲေပၚတြင္ တင္ကာ စိတ္လႈပ္ရွားေနဟန္ျဖင့္ဆိုသည္။

"မနက္ျဖန္က်ရင္ ေမေမ့ ေက်ာင္းေနဖက္ သူငယ္ခ်င္းက အိမ္လာလည္မယ္တဲ့။"

"ဆိုေတာ့ကာ သားကအျပင္မသြားပဲ အိမ္မွာပဲ ေနရမယ္ေပ့ါ။"

ေစာယြန္းက အျပာေရာင္ေဆးေပေနသည့္ မ်က္ႏွာျဖင့္ ၿပဳံးလ်က္ ေျပာသည္။ေစာယြန္း၏ မိခင္ကလည္း ေစာယြန္းႏွင့္ တစ္ထပ္တည္းတူေသာ အၿပဳံးကို ၿပဳံးလိုက္သည္။

"ဟုတ္တယ္ သား ၊ သူတို႔က မႏၲေလးကလာမွာဆိုေတာ့ မနက္ပိုင္း ဟိုတယ္မွာ အနားယူၿပီး အိမ္ကို ညဘက္မွပဲ လာၾကလိမ့္မယ္။ ၿခံထဲမွာပဲဆင္းၿပီး ညစာစားၾကတာေပါ့။"

"ဟုတ္ကဲ့ ေမေမ ဒါေပမယ့္--"

"ဒါေပမယ့္ ဘာျဖစ္လို႔လဲ "

ေစာယြန္းက အနည္းငယ္ ႏႈတ္ခမ္းစူလ်က္ ဆိုသည္။

"သားကို မိန္းမ ေပးစားဖို႔ေတာ့မဟုတ္ေလာက္ပါဘူးေနာ္။"

ေစာယြန္း၏ မိခင္က ခဏမွ် ေစာယြန္းကို ၾကည့္၍မ်က္လုံးမ်ားေမွးသြားသည္အထိ ႏူးညံ့စြာ ရယ္သည္။

"သားက မိန္းမယူခ်င္တာမွမဟုတ္ပဲ၊ ဘာလို႔ ေမေမတို႔က မိန္းမေပးစားရမွာလဲ ? ၂၁ ရာစုႀကီးမယ္ အတင္းအၾကပ္ အိမ္ေထာင္ျပဳခိုင္းတာေတြ ၊ ႏွစ္ဖက္ မိတ္ဆက္တာေတြက ေခတ္မမီေတာ့ဘူးကို။"

"ဒါေပ့ါ ဒါေပါ့။ ၂၁ ရာစုႀကီးထဲမွာ ေမေမနဲ႔ ေဖေဖက အေကာင္းဆုံးပဲ။ ဒါေပမယ့္ တခါတေလ သား ကိုယ့္ကိုယ္ကိုယ္ အျပစ္ရွိသလိုလည္း ခံစားရတယ္ "

ေစာယြန္း၏ မိခင္က မ်က္ခုံးမ်ားကို အနည္းငယ္ပင့္ကာ ေမးသည္။

"ဘာလို႔လဲ သားရဲ႕?"

"ဘာပဲေျပာေျပာ   အခ်ိန္တန္ အ႐ြယ္ေရာက္လို႔ အိမ္ေထာင္ျပဳသားေမြးၾကတဲ့အခါ ကေလးေတြရၾကတယ္ေလ။ ကေလးဆိုတာ အိမ္ရဲ႕ဆည္းလည္းလို႔ ေမေမေျပာဖူးတယ္မလား။ လူႀကီးေတြက အသက္ရလာတဲ့အခါ ေျမးျမစ္ေတြလို ကေလးေတြရဲ႕ ခ်စ္စရာ အျပဳအမူေတြေၾကာင့္ ပိုၿပီးေပ်ာ္႐ႊင္ရတယ္တဲ့။ သားကမွ ေျမးမေျပာနဲ႔ ေခြၽးမေတာင္ အိမ္ေခၚလာမယ့္သူမွမဟုတ္တာ။"

အခန္းတြင္းသို႔ ေဝ့ဝဲတိုက္ခတ္လာသည့္ ေလေၾကာင့္ ေစာယြန္း၏ ဆံပင္မ်ားက ေလထဲတြင္ လြင့္သြားသည္။ ေစာယြန္း၏ မိခင္က သားငယ္၏ ပါးေပၚမွ ေဆးရာကို လက္မျဖင့္ အသာအယာ ဖ်က္ေပးေနလ်က္ ဆိုသည္။

"ေမေမတို႔မွာ သားတစ္ေယာက္ပဲရွိတာ၊ သားေပ်ာ္ဖို႔ထက္ တျခားဘာမွအေရးမႀကီးဘူး။ သားကို တကယ္ခ်စ္တဲ့လူနဲ႔ သားဆုံရတဲ့အခါ ေမေမတို႔ကလည္း ေပ်ာ္တာေပါ့။ ကေလးကလည္း မိဘမရွိရွာတဲ့ သနားစရာကေလးေတြကို ေမြးစားရင္ရတာပဲ။ ေသြးသားရယ္ မ်ိဳးဆက္ရယ္မွ မဟုတ္တာ။ ဘဝဆိုတာ တိုတိုေလးရယ္။ကိုယ္ေပ်ာ္႐ႊင္ဖို႔ပဲလိုတယ္။ "

"တကယ္ပါ။ သားရဲ႕ေမေမက အေကာင္းဆုံးပဲ။ "

ေစာယြန္း ေမေမ့ကို တင္းတင္းဖတ္ထားရင္း ေျပာသည္။ သူ၏ျဖစ္တည္မႈကို လက္ခံေပးေသာ မိဘႏွစ္ပါးကို ရထားျခင္းက သူ႔အတြက္ ကံေကာင္းျခင္း လက္ေဆာင္တစ္ခုပင္။ 

ေနာက္တစ္ေန႔တြင္လည္း ေစာယြန္းပန္းခ်ီဆက္ဆြဲျဖစ္သည္။ ယေန႔ေတာ့ပန္းခ်ီကို လတ္စသတ္ရမည္။ အာ႐ုံဝင္စားေနသည့္အခါ အခ်ိန္ကုန္ျမန္လွၿပီး ဖုန္းျမည္လာမွသာ ေစာယြန္း အခ်ိန္ကိုသတိထားမိသည္။ ပန္းခ်ီၿပီးသည့္အခ်ိန္တြင္ အေနာက္အရပ္တြင္ ေမးတင္ေနေသာ ေနမင္း၏ လိေမၼာ္ေရာင္အလင္းတန္း အခ်ိဳ႕က ျပတင္းမွ တဆင့္ ပန္းခ်ီေပၚရွိ မင္းညီမင္းသား၏ မ်က္ႏွာတစ္ျခမ္းေပၚသို႔ ထိုးက်ေနသည္။ အခ်ိဳးအဆ ၊ အေရာင္အေသြး ေျပျပစ္ကာ အသက္ဝင္လွေသာ ထိုပန္းခ်ီကို အားရသည္အထိ ေစာယြန္း ၾကည့္လိုက္သည္။ 

ထို႔ေနာက္  ပစၥည္းမ်ားကို ေနရာတက်သိမ္းဆည္းၿပီး အခန္းကို ပိတ္ကာ ေရမိုးခ်ိဳး အဝတ္စားလဲရသည္။ အႀကိဳက္ဆုံးေသာ အျပာေရာင္ အႏုအရင့္ အက်ႌ မ်ားထဲမွ မိုးျပာေရာင္ ရွပ္အက်ႌ လက္တိုႏွင့္ Style pantကို တြဲဖက္ဝတ္ဆင္သည္။ 

ဇက္ပိုးနားေရာက္ေနေသာ ဆံပင္ရွည္က ေပ်ာ့ေပ်ာင္းကာ ဝဲက်ေန၍ အနည္းငယ္ ဖြလိုက္ရသည္။ ဆြတ္ေနက် နံ႔သာျဖဴရနံ႔ မအီလြန္း မခ်ိဳလြန္း မသင္းလြန္းေသာ ေရေမႊးကို ဆြတ္ျခင္းျဖင့္ ျပင္ဆင္ျခင္းကို အဆုံးသတ္လိုက္သည္။ 

ေလွကားမွ ဆင္းလာသည့္အခါ ေအာက္ထပ္ျမင္ကြင္းက သူ႔ကိုဆီးႀကိဳေနသည္။ ေစာယြန္း၏ အေမႏွင့္  သက္တူ႐ြယ္တူ အမ်ိဳးသမီးတစ္ဦးတို႔က ဧည့္ခန္း ဆိုဖာတစ္ခုံတည္း ေပၚတြင္ထိုင္လ်က္ တရင္းတႏွီး ရယ္ေမာကာစကားေျပာဆိုေနၾကသည္။ 

ေစာယြန္း၏ အေဖက အေမ၏နံေဘးတြင္ထိုင္ေနေသာ္ျငား  မ်က္ႏွာခ်င္းဆိုင္ရွိဆိုဖာေပၚမွ အမ်ိဳးသားတစ္ဦးႏွင့္ ေလးေလးနက္နက္စကားေျပာေနၾကသည္။  ထိုအမ်ိဳးသား၏ ေဘးတြင္မူ မိန္းကေလးငယ္တစ္ဦးက ၿပဳံးေနလ်က္ လူႀကီးမ်ားကို ၾကည့္ေနသည္။ အမ်ိဳးသမီးက ေစာယြန္းအေမ၏ သူငယ္ခ်င္းျဖစ္ဟန္တူၿပီး အမ်ိဳးသားႏွင့္ မိန္းကေလးက သူမ၏ ခင္ပြန္းႏွင့္ သမီး ျဖစ္ရမည္။ ေစာယြန္း၏ အေမက ေလွကားေျခရင္းမွ သူ႔ကို ျမင္သြားၿပီး အနားသို႔လာရန္
လက္ယပ္ေခၚသည္။

"သားေအာက္ဆင္းလာၿပီ၊ မ်ိဳး--  ၊ ဒါ ကိုယ့္သား ေစာယြန္းေလ။ သားနဲ႔ မေတြ႕ဖူးေသးဘူး မဟုတ္လား။"

ေစာယြန္းက အနည္းငယ္ေခါင္းညိတ္ကာ ႏႈတ္ဆက္သည္။ 

"ေတြ႕ရတာ ဝမ္းသာပါတယ္ အန္တီ။"

"အန္တီလည္း ေတြ႕ရတာ ဝမ္းသာပါတယ္ကြယ္၊ သားေလးက အျပင္မွာလည္း အေခ်ာေလးပဲ ဓာတ္ပုံေတြထဲက ထက္ေတာင္ ေခ်ာေသး။"

ေစာယြန္းက ျပန္မေျဖပဲ ၿပဳံးျပလိုက္သည္။ ေစာယြန္းအေမက သူထိုင္ရန္ အေဖ့ေဘးကို လက္ၫႊန္ျပသည္။

"မ်ိဳး သမီးေလးလည္း ဒီေလာက္ ခ်စ္ဖို႔ေကာင္းတာကို။ခ်စ္စရာေလးပါ"

ေစာယြန္းက သူ႔အေဖေဘးတြင္ ဝင္ထိုင္လိုက္သည္။ ေစာယြန္း၏အေမႏွင့္ သူမ၏ သူငယ္ခ်င္းတို႔က သားသမီးမ်ားအေၾကာင္း အျပန္အလွန္ ခ်ီးမြမ္းခန္းဖြင့္ၾကသည္။ ေစာယြန္း၏ အေဖႏွင့္ အမ်ိဳးသားကမူ လတ္တေလာ တ႐ုတ္ႏိုင္ငံႏွင့္ အျခားႏိုင္ငံမ်ားတြင္ ျဖစ္ပြားေနသည့္ ကပ္ေရာဂါအေၾကာင္းႏွင့္ စီးပြားေရးအေၾကာင္း အျပန္အလွန္ေဆြးေႏြးေနၾကသည္။ ေစာယြန္းေကာ မိန္းကေလးကပါ ဘာတစ္ခြန္းမွ ဝင္မေျပာေသာ္ျငား ထိုမိန္းကေလးငယ္၏ မ်က္လုံးမ်ားက သူ႔ကို အစကတည္းက လိုက္ၾကည့္ေနသည္ကို သတိထားမိသည္။  

ညစာစားၿပီးၾကသည့္တိုင္ စကားမကုန္ေသးၾကဟန္တူသည္။ ေစာယြန္း၏ မိခင္က ထိုင္ရာမွ ထသြားခ်ိန္တြင္ စကားစျပတ္သြားၿပီး ေစာယြန္းအေမ၏ သူငယ္ခ်င္းကေစာယြန္းကို ခဏမွ် စိုက္ၾကည့္ကာ စကားလွမ္းေျပာသည္။

"သားေလးက အခုအသက္ ၂၀ ဆိုေတာ့  ရည္းစားေတြဘာေတြရွိေနၿပီလား။ "

ေစာယြန္း ကိုင္ထားေသာ သစ္သီးခက္ရင္းက သစ္သီးအခ်ိဳပြဲသို႔ မေရာက္မီ ေလထဲ၌ရပ္သြားသည္။

"ကြၽန္ေတာ္ သေဘာက်တဲ့သူမေတြ႕ေသးလို႔ အခုထိေတာ့ ရည္းစား မရွိေသးပါဘူး အန္တီ။"

ထိုအမ်ိဳးသမီးက သူမနံေဘးတြင္ ထိုင္ေနေသာ မိန္ကေလး၏ ေက်ာကို အနည္းငယ္ပုတ္ကာ ဆိုသည္။

"အန္တီ သမီးေလးလည္း ခုထိ တစ္ေယာက္ထဲပဲ သားရဲ႕။ ရည္းစားမ်ားရွိေနၿပီလားလို႔ ခဏခဏေမးလည္း ေမာတာပဲ အဖတ္တင္ပါတယ္ သားရယ္။ ဒါထက္ အေမခ်င္းက သူငယ္ခ်င္းအရင္းေတြပဲကို။ ကေလးခ်င္းလည္းေနာက္ဆို တရင္းတႏွီးေနၾကေပါ့။ "

ေစာယြန္း၏ အေမက ေနရာတြင္ ျပန္ထိုင္ကာ ေစာယြန္းကို ၾကည့္၍ ၿပဳံးလိုက္သည္။ ဤသို႔ေသာ စကားဦးသန္းမႈမ်ားက   သမက္ေတာ္ခ်င္သည္ဟူသည့္ အဆင့္ကိုအစပ်ိဳးျခင္းပင္။ 

ေစာယြန္းအဖို႔ တစ္ႀကိမ္ထက္မက ႀကဳံဖူးသည္မို႔ ေနရခက္စြာ ၿပဳံးလိုက္ရသည္။မိမိကိုယ္ကို မမႊန္းခ်င္ေသာ္လည္း မိဘေနာက္ခံႏွင့္ မိမိ၏အရည္အခ်င္းမ်ားက သမက္ေတာ္ခ်င္သူမ်ားအဖို႔မ်က္စိက်စရာအမွန္ပင္။

ေစာယြန္း၏ အေဖက သူတို႔စကားမ်ားအေပၚ အာ႐ုံရွိဟန္မတူ။ သူမ၏ အမ်ိဳးသားႏွင့္သာ ဆက္လက္ေဆြးေႏြးေနၾကသည္။

ေစာယြန္းက ဤတြင္တစ္ခန္းရပ္မည္ဟုထင္ေသာ္ျငား ထိုအမ်ိဳးသမီးက ဆက္ေျပာသည္။

"သိတဲ့အတိုင္းပဲ နန္းရယ္ ၊ Facebook မွာက သားေလးေစာယြန္းကို တိုက္ခိုက္ေနၾကတာေတြ ေတြ႕ေနရတယ္။ မၾကားဝံ့မနာသာေတြေလ။ ေစာယြန္းေလးသာ မိန္းကေလးခ်စ္သူရွိရင္ ေျပာရဲ ၾကမွာမဟုတ္ဘူး သိလား။"

ေစာယြန္း၏ အေမက အနည္းငယ္မ်က္ႏွာတည္သြားေသာ္ျငား ဘာမွဆက္မေျပာပဲ သခြားမာသီးတစ္စိတ္ကို ဝါးေနသည္။ ထိုအမ်ိဳးသမီးက ဆက္ေျပာသည္။

"တကယ္ေတာ့ တို႔က ေစာယြန္းေလးကို သမီးေလးနဲ႔ ေစ့စပ္ေၾကာင္းလမ္းေပးခ်င္တာ။ မိဘေတြကလည္း ရင္းႏွီးေတာ့ အဆင္ေျပတာေပါ့။ လက္ထပ္တာက အသက္ ၃၀ နားနီးမွ လက္ထပ္လည္းရေပမယ့္ ေစာယြန္းကို သူမ်ားလက္ဦးမွာ စိုးတယ္။ နန္း သိတဲ့အတိုင္းပဲ ၊ အခုေခတ္မိန္းကေလးေတြက ႐ိုး႐ိုးသားသားေလးေတြ သိပ္မရွိၾကေတာ့ဘူး။ အကုန္လုံးက လည္လည္ဝယ္ဝယ္ျဖစ္ေနၾကၿပီ။"

ေစာယြန္းက တစ္ရႈးျဖင့္ လက္ေခ်ာင္းရွည္မ်ားကို သုတ္လိုက္သည္။

"ဒီအတြက္ေတာ့ အန္တီ ပူစရာလိုမယ္မထင္ဘူးဗ်။"

ထိုအမ်ိဳးသမီးက တအံ့တၾသႏွင့္ သူ႔ကိုၾကည့္သည္။

"ကြၽန္ေတာ္က မိန္းကေလးေတြကို လုံးဝ စိတ္မဝင္စားလို႔ပါ။"

ေဘးတြင္ စကားသံမ်ားက ၿငိမ္သြားသည္။ အားလုံး၏ မ်က္လုံးမ်ားက ေစာယြန္းဆီသို႔ ေရာက္ေနၾကသည္။ အမ်ိဳးသမီးက ေနရခက္ေသာ မ်က္ႏွာထားျဖင့္  ေစာယြန္းကို ၾကည့္သည့္။

"သား စကားႀကီးက မိန္းကေလးေတြ စိတ္မဝင္စားဘူးဆိုေတာ့ ဘယ္ကိုေရာက္သြားလဲသိရဲ႕လား ။ "

ေစာယြန္းက ေခါင္းညိတ္လိုက္သည္။

"ဟုတ္ကဲ့ ကြၽန္ေတာ္ ေျပာခ်င္တာလည္း အဲဒါပါပဲ ။ အန္တီ သမက္အေ႐ြးမမွားခင္ ႀကိဳၿပီးေတာ့ အသိေပးတာပါဗ်။  ႀကိဳသိထားေတာ့ တျခားလူတစ္ေယာက္ကို ရွာလို႔ရတာေပါ့။"

ေစာယြန္း၏ မိဘႏွစ္ေယာက္လုံးက ရယ္ခ်င္ေနသည္ကို ေအာင့္ထားသေလာမေျပာတတ္။ ၿပဳံးစစျဖင့္ သူ႔ကိုၾကည့္ေနၾကသည္။ အမွန္အတိုင္းေျပာရလွ်င္ ေစာယြန္းက ႐ိုင္းသည္ဟု မေျပာႏိုင္ေပ။ ထိုအမ်ိဳးသမီးက ေစာယြန္း၏ မိခင္ကို ေစာယြန္းႏွင့္ သူမ၏ သမီးကို ေစ့စပ္ရန္ မၾကာခဏေျပာေလ့ရွိသည္ဟု ေစာယြန္း၏ မိခင္က ေျပာဖူးသည္။ ေစာယြန္း၏ မိခင္က ယခင္ကတည္းက ႏူးညံ့စြာ ေရွာင္တိမ္းခဲ့ေသာ္ျငား အခ်ိန္ၾကာလာေလေလ ပို၍ ဖိအားေပးေလေလျဖစ္လာခဲ့သည္။

ေစာယြန္း၏ မိခင္က ေလသံမာမာျဖင့္ပင္ မည္သူကိုမွ စကားမေျပာဖူးသူျဖစ္ၿပီး အလြန္ အားနာတတ္သျဖင့္ အခ်ိန္ၾကာလာသည္ႏွင့္အမွ် သားသမီးမ်ားကို ေစ့စပ္ရန္မွတပါး အျခားေျပာစရာမရွိပုံရသည့္ သူမကို စိတ္ကုန္လာပုံရသည္။ 

"နန္း ငါနဲ႔ စကား ခဏေျပာရေအာင္။"

"ဒီမွာပဲ ေျပာပါ မ်ိဳး ရယ္။ ကိုယ့္သားက ရင့္က်က္ၿပီးသားသူမို႔ သူ႔ေရွ႕မွာေျပာလည္း ရပါတယ္။"

အမ်ိဳးသမီးႀကီးက ေစာယြန္း၏ အေမကို မယုံႏိုင္သည့္ ေလသံျဖင့္ ေျပာသည္။

"နန္း သားသမီးကို ဒီလိုပဲ လႊတ္ထားတာလား၊
မိဘဆိုတာ ျပဳျပင္သင့္တာ ျပဳျပင္ေပးရမယ္၊ အခုမွ နန္း သားက ငယ္ငယ္ေလး ရွိေသးတာကို ဒီလိုမဟုတ္မဟတ္အေတြးေတြ အဝင္ခံလို႔ ဘယ္ျဖစ္မလဲ။"

ေစာယြန္း၏ အေမက ေခါင္းညိတ္လိုက္သည္။

"မ်ိဳး--- ေျပာတာ တစ္ဝက္ေတာ့ မွန္ပါတယ္ မိဘဆိုတာ ျပဳျပင္ေပးသင့္တာ ျပဳျပင္ေပးရမယ္။ ဒါေပမယ့္ နန္း သားက မမွားဘူးလို႔ လက္ခံထားတယ္။  သားက သူသေဘာက်ခ်င္တဲ့လူကို သေဘာက်ပိုင္ခြင့္ရွိတယ္။ နန္းတို႔က တစ္ေန႔ေသၾကမွာပဲ မ်ိဳး။ ဘာအတြက္ေၾကာင့္ ကိုယ့္အတၱအတြက္နဲ႔ ေရွ႕ဆက္ အသက္ရွင္ရဦးမယ့္ ကိုယ္ခ်စ္ရတဲ့ သားသမီးေတြကို စိတ္ဆင္းရဲေစရမွာလဲ ? သားက မူးယစ္ေဆးဝါးသုံးေနတာလည္း မဟုတ္သလို ခိုးဆိုးလုယက္ေနတာလည္းမဟုတ္တာကိုကြယ္။"

စကားဝိုင္းက ခပ္ျမန္ျမန္ပင္ အဆုံးသတ္သြားသည္။ ညေမွာင္ၿပီဟု အေၾကာင္းျပကာ တစ္မိသားစုလုံး ကတိုက္က႐ိုက္ျပန္သြားၾကသည္။ 

အေမႏွင့္အတူ ပန္းကန္ေယာက္ခြက္သိမ္းဆည္းေပးၿပီးေနာက္ ေစာယြန္း မိမိ၏ အခန္းသို႔ မျပန္မီ ေစာယြန္း၏အေဖက စာၾကည့္ခန္းသို႔ ခဏလာရန္ ေခၚသည္။

"ေဖေဖ သားကို ေျပာစရာ ရွိတယ္ဆို?"

လက္ထဲတြင္ လက္မွတ္တစ္ေစာင္ကို ေဝွ႔ယမ္းျပရင္း သူကဆိုသည္။

"ျပပြဲ ကိစၥ သား။"

"ျပပြဲအတြက္ကအားလုံး Ready ပဲ ေဖေဖ။ Gallery မန္ေနဂ်ာ ဦးခင္ေမာင္ကလည္း ျပပြဲအတြက္လိုအပ္တာအကုန္လုံးကို လိုေလေသးမရွိစီစဥ္ထားေပးပါတယ္။ လိုအပ္တာ ဘာမွမရွိေသးပါဘူး။ စိတ္မပူပါနဲ႔။ “

႐ုတ္တရက္ သူ႔အေဖက လက္ဆန႔္တန္းကာ ေစာယြန္း၏ ဆံပင္မ်ားကို လက္ေခ်ာင္းမ်ားျဖင့္ ဖြလိုက္သည္။ 

"စိတ္မပူပါဘူး။ လိုအပ္တာမ်ားရွိမလားလို႔ ။ သားက ေဖေဖ့ကို မေျပာမွာစိုးတာနဲ႔ ေမးမလို႔ပါ။ ဒါေပမယ့္ ေဖေဖေမ့ေနခဲ့တာ။သားေလးက မ်က္စိ ေအာက္တင္ အ႐ြယ္ေရာက္လာၿပီး ေဖေဖ့အကူအညီမလိုေတာ့ဘူးေလ ။ "

ေစာယြန္းက သူ႔နား႐ြက္ကို လက္ျဖင့္ပြတ္သပ္လိုက္ၿပီး ေျပာသည္။

"အာ ေဖေဖကလည္း ။ ဒီအ႐ြယ္က်မွ မိဘကို ဂ်ီက်ၿပီး ပူဆာေနလို႔ဘယ္ျဖစ္မလဲ။ ကေလးမွမဟုတ္ေတာ့တာကို။ "

"ဒါေပမယ့္ ေဖေဖတို႔ အတြက္ေတာ့ အၿမဲတမ္း ကေလးေပါ့။"

ေစာယြန္းကေပါ့ေပါ့ပါးပါးရယ္ေမာလိုက္သည္။

"ဒါနဲ႔ ဒါက--- "

သူ႔အေဖ၏ စားပြဲေပၚတြင္ စာအုပ္မ်ား ျပန႔္ႀကဲေနသည့္ၾကားက ဇယားကြက္ပုံစံ စာ႐ြက္တစ္႐ြက္ကို ယူလိုက္သည္။ ထိုစာ႐ြက္က ကုန္းေဘာင္ေခတ္ နန္းတြင္းဆိုင္ရာ အဆင့္သတ္မွတ္ခ်က္မ်ားဟု ေခါင္းစဥ္တပ္ထားသည္။ ေစာယြန္းက ေခါင္းတစ္ဆတ္ဆတ္ညိတ္ကာ စာ႐ြက္ကို ေသေသခ်ာခ်ာဖတ္သည္။ 

"အိုး မိဖုရားေတြအေၾကာင္း သိပ္စိတ္မဝင္စားလို႔သာ သတိမထားမိခဲ့တာ။ အရင္ေခတ္က ရွင္ဘုရင္ေတြက မိဖုရားေတြကို စီးရီးလိုက္ထားတာပဲေနာ္ ေဖေဖ။ မိုက္ခ်က္။"

ေစာယြန္း၏ ဖခင္က ေစာယြန္းကို သားတစ္ေယာက္အျပင္ ညီအကိုႏွင့္ သူငယ္ခ်င္းတစ္ေယာက္ဟု သေဘာထားသူျဖစ္သည္။ ထို႔ေၾကာင့္လည္း ေစာယြန္းက အေမထက္ အေဖကို ပြင့္ပြင့္လင္းလင္း ေျပာဆို တိုင္ပင္ေလ့ရွိသည္။ ေစာယြန္း၏အေဖက သူ႔လက္ထဲက စာ႐ြက္ကို ဆတ္ခနဲ ျပန္ယူလိုက္သည္။

"ဒီကေလးကေတာ့။ မိန္းမမ်ားတာ မိုက္စရာလား။ တစ္လင္တစ္မယားစနစ္ဆိုတာ---"

"ေဖေဖသိလား ။ သား သာ အဲဒီေခတ္ကဘုရင္ဆို မိဖုရားအစား အဆင္ေလးေတြ အမ်ားႀကီးထားမွာ ။  ၿပီးရင္ အဆင့္ေတြကိုလည္း အဆင္ထိပ္ေခါင္ ၊ ေျမာက္နန္း အဆင္ ၊ ေတာင္နန္း အဆင္ ၊ အလယ္နန္း အဆင္ ၊ ---- "

"အ..."

စကားမဆုံးမီ လက္ျမန္ေသာ ေစာယြန္း၏ အေဖလက္က ေခါင္းကို ေခါက္ၿပီးႏွင့္ၿပီျဖစ္သည္။ ေစာယြန္းက ေခါင္းထိပ္ကို လက္ျဖင့္ဖိလ်က္ ေျပာသည္။

"တကယ္နာတယ္ေဖေဖေရ--- ။ သားေခါင္းမွာ သံခေမာက္ေဆာင္းထားတာမဟုတ္တာကို။"

"နာေအာင္ေခါက္တာ နာမွာေပါ့။ အေဖေရွ႕လာၿပီး အဆင္ကို ပါးစပ္က မခ်ဘူး။  ေစာယြန္း ၊မင္းသာ ဘုရင္ျဖစ္ရင္ေလ တစ္တိုင္းျပည္လုံးက ေယာက္်ားသားေတြ ထြက္ေျပးကုန္မယ္။   "

"သားက စကားအျဖစ္ေျပာတာကို။ တကယ္ေတာ့ သားက ေဖေဖနဲ႔ ေမေမလို တစ္ေယာက္ဆို တစ္ေယာက္ပဲခ်စ္မွာပါ။ အဆင္ေတြဆိုတာ သက္သက္ေျပာတာ ဟီးဟီးဟီး။ "

ေစာယြန္း၏ ဖခင္က မ်က္ခုံးပင့္ကာ ဆိုသည္။

"ေတာ္ေသးတာေပါ့။ အဆင္ေတြကို အဆင့္သတ္မွတ္ေပးမယ့္ကိစၥဟိုက မၾကားသြားလို႔။"

"ဟာဗ်ာ--- သားေျပာလိုက္ရမွာ။ ဒါဆို ေနာက္ဘယ္ေတာ့မွ သမက္ေတာ္ဖို႔ စကားစရဲမွာမဟုတ္ဘူး။"

"ရင့္က်က္သလိုလိုနဲ႔ တကယ့္ကို ကေလးစိတ္ကမေပ်ာက္ေသးဘူး။ အိပ္ေတာ့ သြား။ ညနက္မွ မအိပ္နဲ႔ ေစာေစာအိပ္။"

ေစာယြန္းက သူငယ္ခ်င္းႏွင့္တူေသာ ဖခင္ကို တစ္ခဏမွ် ေငးၾကည့္မိသည္။ သူတို႔ၾကားမွ အႏွစ္ ႏွစ္ဆယ္ေက်ာ္အသက္ကြာျခားမႈက ႏွစ္ကိုယ္ၾကားစကားေျပာဆိုသည့္အခါတိုင္း ေပ်ာက္ကြယ္သြားေလ့ရွိသည္။ ေစာယြန္း၏ဖခင္က ေစာယြန္းကို အခ်ိန္မ်ားမ်ားစားစားမေပးႏိုင္ေသာ္ျငား အခ်ိန္မိနစ္ပိုင္းမွ်ေပးသည့္အခါတြင္လည္း ေစာယြန္းကို ေပ်ာ္႐ႊင္ေစေသာ ဖခင္တစ္ဦးျဖစ္သည္။ ေစာယြန္းက ဆိုသည္။

"သားဒီေန႔ နည္းနည္းပင္ပန္းေနလို႔။ ေစာေစာအိပ္ၿပီ။ေကာင္းေသာညပါ ေဖေဖ"

"ေကာင္းေသာည သားေလး။ "

ျပပြဲေန႔မေရာက္မီအထိ ေစာယြန္း အိပ္ေရးဝဝအိပ္ခဲ့ရေသာ္ျငား ထိုေန႔ညက ေစာယြန္း အိပ္၍ မေပ်ာ္ခဲ့ေပ။ အိပ္ယာေပၚတြင္ ဟိုဘက္သည္ဘက္ လူးလွိမ့္ကာ မနက္သို႔ ေရာက္ခဲ့သည္။ မိမိ၏ပန္းခ်ီကားမ်ားကို ႏိုင္ငံတကာျပပြဲမ်ားတြင္  ျပသခဲ့ဖူးၿပီး ကိုယ္ပိုင္ျပခန္းျဖစ္သည့္ ဝႆန္တြင္လည္း မၾကာခဏျပပြဲမ်ားလုပ္ခဲ့ဖူးသည္။ 

သို႔ေသာ္ ယခုကဲ့သို႔ အိပ္မေပ်ာ္ေသာညမရွိခဲ့ေပ။ အိမ္အနီးတြင္ရွိေသာ ဘုန္းႀကီးေက်ာင္းအတြင္းမွ အုန္းေမာင္းေခါက္သံကို ၾကားရသည့္အခ်ိန္မွ ခပ္ေမွးေမွးအိပ္ေပ်ာ္သြားသည္။ 

"အကိုေလး ေစာယြန္း--- အကိုေလး ေစာယြန္း။"

သူ႔လက္ေမာင္းကို လႈပ္ခါေနေသာ လက္တစ္စုံေၾကာင့္ ေစာယြန္း ႏိုးလာသည္။ တစ္ကိုယ္လုံးကိုင္႐ိုက္ထားခံရသည့္ႏွယ္ ပင္ပန္းႏြမ္းနယ္ေနေသာ္ျငား အားယူ၍ထလိုက္သည္။

"အင္း အင္း ၊  ကြၽန္ေတာ္ႏိုးပါၿပီ။"

ဟန္စစ္မင္း၏ မ်က္ႏွာအမူအရာက အလြန္စိတ္ပူေနပုံရသည္။ ေစာယြန္းက အိပ္ယာေပၚတြင္ ထိုင္လိုက္သည္။ 

"ဘယ္ႏွနာရီထိုးၿပီလဲ အကို။"

ဟန္စစ္မင္းက သူ႔ကိုခဏမွ်ၾကည့္ေနၿပီးေနာက္ သူ႔နာရီကို ငုံ႔ၾကည့္သည္။

"၉ နာရီ ၄၇ ပါ ။"

ေစာယြန္းက တက်စ္က်စ္ထိုးေနေသာ ဦးေခါင္းကို ကိုင္ကာ မ်က္လုံးမ်ားကို မွိတ္ထားသည္။ ဟန္စစ္မင္းက ဆက္ေျပာသည္။

"အကိုေလးက ၉နာရီခြဲတဲ့အထိ မထေသးလို႔ အန္တီက ကြၽန္ေတာ့္ကို လာႏႈိးခိုင္းတာ။ ကြၽန္ေတာ္ႏႈိးေနတာၾကာၿပီ။ ေနေရာေကာင္းရဲ႕လား?"

ေစာယြန္းက ေခါင္းကိုက္ေနသည္ကို လ်စ္လ်ဴရႈကာ ေခါင္းညိတ္လိုက္သည္။ ဟန္စစ္မင္းက အိပ္ယာေပၚမွဆင္းလိုက္ၿပီး ေစာယြန္း၏ ပုခုံးကို ကိုင္လိုက္သည္။

"ခဏ ျပန္အိပ္ခ်င္ရင္ အိပ္ပါ။ ကြၽန္ေတာ္က စိတ္ပူၿပီး အတင္းႏႈိးလိုက္မိတယ္။ ေတာင္းပန္ပါတယ္။"

ေစာယြန္းက ညင္သာစြာေခါင္းခါသည္။ 

"ျပပြဲက ေန႔လည္ ၁ နာရီစမွာဆိုေတာ့ ကြၽန္ေတာ္ထမွျဖစ္မယ္။"

ဟန္စစ္မင္းက အလိုက္တသိ အခန္းထဲမွ ထြက္သြားသည္။

ေနေရာင္က မ်က္ႏွာတည့္တည့္ထိုးေနသျဖင့္ ေစာယြန္း မ်က္ေမွာင္ ၾကဳတ္လိုက္သည္။ တဆစ္ဆစ္ကိုက္ေနဆဲ ေခါင္းေၾကာင့္ ေဆးေသာက္ရန္ အိပ္ယာေပၚမွ ထသည္။ အခန္းထဲရွိအလုပ္စားပြဲ၏ အံဆြဲထဲမွ ေဆးေသတၱာကို ဖြင့္ကာ ပါရာစီတေမာတစ္ကဒ္ကို ထုတ္၍ ေဖာက္လိုက္သည္။ ေဆးေသာက္ၿပီး ခဏၾကာသည္အထိ ေစာင့္ၾကည့္ေနမိေသာ္ျငားမသက္သာပဲ ပိုဆိုးလာသည္။ 

"ေမ -- ေမေမ ---- "

သူ႔ဆီမွ အသံခပ္တိုးတိုးသာ ထြက္လာသည္။ အခန္းတံခါးပိတ္ထားလွ်င္ သူ႔အသံကို ေအာက္ထပ္က ၾကားရမည္မဟုတ္ေပ။ ေခါင္းကို လက္တစ္ဖက္ျဖင့္ ကိုင္လ်က္ လက္တစ္ဖက္က အခန္းနံရံကို လက္ဝါးျဖင့္ တြန္းလ်က္ တံခါးဆီသို႔ တျဖည္းျဖည္းေလွ်ာက္သည္။ သို႔ေသာ္ တံခါးအနီးမေရာက္မီတြင္ ခႏၶာကိုယ္တစ္ခုလုံးက ယိမ္းထိုးကာ ၾကမ္းျပင္ေပၚသို႔ ေမွာက္လ်က္လဲက်သြားသည္။

တကိုယ္လုံးရွိႂကြက္သားမ်ား ၊ အ႐ိုးအဆစ္ ၊  အေသြးအသားမ်ားတြင္ အားအင္တစ္စက္မွ်ပင္မရွိ။ မ်က္ခြံမ်ားက မ်က္ဝန္းအစုံကို ျဖည္းညင္းစြာ ဖုံးအုပ္သြားၾကၿပီး ျမင္ကြင္းက အေမွာင္အတိက်သြားသည္။

ခဏအၾကာတြင္ ဟန္စစ္မင္း၏ ေအာ္သံကို ၾကားရသည္။ တစ္စုံတစ္ေယာက္က သူ႔ကို ေပြ႕ထားပုံရၿပီး ေရေမႊးနံ႔အရ ထိုသူက ဟန္စစ္မင္းျဖစ္ေၾကာင္း သူသိသည္။ သို႔ေသာ္ သူ႔မ်က္လုံးမ်ားကို ဖြင့္၍မရ။ ထို႔ေနာက္ စိတ္ပူေနေသာ အေမ့စကားသံကိုလည္း ေစာယြန္း ၾကားေနရသည္။ အေမက သူ႔လက္ကို ဆုပ္ကိုင္ကာ သူ႔အမည္ကို ဆက္တိုက္ ေခၚသည္။ ေနာက္ဆုံးအေနျဖင့္ မလွမ္းမကမ္းတြင္ ေဆး႐ုံကားကို ဖုန္းဆက္ေခၚေနသည့္ အေဖ့အသံကို သူၾကားရသည္။ 

ထို႔ေနာက္ အသံမ်ားကလည္း ဆိတ္ၿငိမ္သြားၾကကုန္သည္။ အာ႐ုံေျခာက္ပါးတို႔သည္လည္း ေလာကပတ္ဝန္းက်င္ႏွင့္ အဆက္အသြယ္ျပတ္ေတာက္သြားေတာ့သည္။

Edit - 10.9.2021 8:15PM
စာႂကြင္း - ၂၁ရာစုက ေစာယြန္းနဲ႔ ဟန္စစ္မင္းရဲ႕ ေတာ္စပ္ပုံ။ အဆု ပထမေရးတုန္းက ၂၁ရာစု ဟန္စစ္မင္းကို ေသခ်ာ ပုံမေဖာ္ျဖစ္ခဲ့ဘူးရယ္။ ဟန္စစ္မင္းက မိဘမဲ့တစ္ေယာက္ျဖစ္ၿပီး ေစာယြန္းမိဘေတြက ေမြးစားေစာင့္ေရွာက္ေပးခဲ့တာပါ။ သို႔ေသာ္ ဟန္စစ္မင္းက ခပ္ေအးေအးေနတတ္ၿပီး ေစာယြန္းအေပၚလည္း တ႐ိုတေသပဲ ဆက္ဆံတတ္ပါတယ္။ ဟန္စစ္အေဖရဲ႕ အလုပ္မွာလည္း ကူေပးတဲ့အျပင္ ေစာယြန္းအေပၚမွာလည္း အေတာ္ေလးဂ႐ုတစိုက္ရွိေပးတတ္တဲ့သူမ်ိဳးပါ။ အဆုအဲ့တာေလး ေပၚေအာင္ ပုစိေလး ျပင္ထားပါတယ္ဗ်ာ။

Continue Reading

You'll Also Like

47.2K 4.4K 19
Uni ခင်ဗျားတို့သိလား။ လောကကြီးမှာတစ်ခါတစ်လေမထင်ထားတာတွေဖြစ်တတ်တယ်။ ဥပမာ- ကျတော့်မွေးစားသားလေးကိုကျတော်ချစ်မိသွားတာမျိုး Start date-18.6.2020 End date...
203K 16.6K 200
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
174K 16.6K 154
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
109K 9.3K 41
အာဏာနဲ့ ထီးနန်းတွေ ကြားက အချစ်တစ်ခု