My Confusing Partner (✔︎)

By Cremie3407

38.9K 5.2K 1.7K

Try not to fall in love with your partner! A Park Jimin FanFiction. Cremie's fourth completed fiction. oct112... More

💘One
💘Three
💘Four
💘Five
💘Six
💘Seven
💘Eight
💘Nine
💘Ten
💘Eleven
💘Twelve
💘Thirteen
💘Fourteen
💘Fifteen
💘Sixteen
💘Seventeen
💘Eighteen
💘Nineteen
💘Twenty
💘Twenty 1
💘Final

💘Two

1.9K 305 91
By Cremie3407

Zawgyi

ဦးေလးႀကီးေပ်ာက္သြားၿပီးတည္းကသူမငိုင္ေနမိတယ္။ သူမသတိထားမိစဉ္ပတ္ဝန္းက်င္မွာလူသူမရိွေတာ့ပါ။ ‌ေခြးမ်ားဟာလည္း သူမကိုၾကၫ့္၍သာေဟာင္ေနၾကသည္။

" ေအးေပါ့ေလ... ငါကသရဲျဖစ္ေနၿပီကိုး...။"

" အာ!!!!!"

ရုတ္တရက္ၾကားရေသာေပါက္ကြဲသံေၾကာင့္ သူမကိုယ္ေလးတုန္တက္သြားသည္။

" သ.. သရဲမ်ားလား။ ေနပါအုန္း ငါကလည္းသရဲပဲေလ။
သရဲအခ်င္းခ်င္းေတာ့ဘာမွမလုပ္ေလာက္ပါဖူး‌‌ေနာ္။"

ထိုစဉ္သူူမေရ႔ွတြင္ယိုင္တိုင္တိုင္လမ္းေလ်ွာက္လာေသာလူတစ္ေယာက္။ အရက္မူး‌ေနသည္ထင္ပါရဲ့။ ညအေမွာင္ထဲတြင္ပင္ သူ႔ရဲ့အသားအ‌ေရဟာျဖဴေဖြးကာဝင္းမြတ္ေနသည္။ သူ႔ေျခတစ္လွမ္းဆီဟာယိုင္နဲ႔စြာ ကြၽန္မဆီသို႔ဦးတည္လာတယ္။ ထားပါေလ။ ဘယ္လိုမဆိုကြၽန္မကိုေတြ့မွာမွမဟုတ္ဘဲ။

ကြၽန္မသူ႔ကိုေရွာင္ဖို႔လုပ္လိုက္မိတယ္။

" ဒီမွာ မိန္းကေလး...။ "

ကြၽန္မအံ့ဩမိတယ္။ သူဘယ္လိုကြၽန္မကိုေတြ့ႏိုင္တာလဲ။ ကြၽန္မမင္ေသေသနဲ႔သူ႔ေရ႔ွရပ္မိေနတုန္း သူ႔ခႏၶာကိုယ္ဟာကြၽန္မဆီယိုင္က်လာခဲ့တယ္။ သူ႔ကိုယ္လံုးကအေတာ္ပင္ေလးတာမို႔ ကြၽန္မအဖို႔မႏိုင္မနင္းျဖစ္လြန္းသည္။ ဒါနဲ႔ ကြၽန္မသူ႔ကိုထိေတြ့လို႔ရေနပါလား။ မဟုတ္မွလြဲ သူလည္းဝိဉာဉ္ပဲလား။

" ကိုယ့္ကို အိမ္လိုက္ပို႔ေပးစမ္းပါ။ "

" ကြၽန္မကရွင့္အိမ္ကိုဘယ္လိုသိမွာတုန္း။ အရက္နံ႔ကလည္းမႊန္ထူေနတာပဲရွင္"

" ကိုယ္လမ္းျပေပးမယ္။ ကိုယ္အရမ္းမူးေနၿပီ။ လမ္းမေလ်ွာက္ႏိုင္လို႔တြဲေခၚေပးရံုပဲ။ "

လိုက္ဖို႔ေပးဖို႔ရာ ေတြေဝေနေသာကြၽန္မကိုၾကၫ့္ၿပီးသူေျပာလာတာက..

" စိတ္မပူပါနဲ႔။ မင္းကိုအႏၲရာယ္မေပးပါဖူး။
Park Jiminဆိုတဲ့ငါက Bae Heejinဆိုတဲ့မိန္းမကလြဲရင္ ဘယ္မိန္းမကိုမွစိတ္နဲ႔ေတာင္မပစ္မွားဖူး။"

အရက္မူးေနတာမို႔ စကားသံမ်ားဟာလည္းေလးပင္လို႔...။

" ရွင္ပစ္မွားလို႔လည္းမရပါဖူး။ ကြၽန္မက လူမွမဟုတ္ဘဲ "

" လာေနာက္မေနနဲ႔။ ကဲ ငါ့ကိုအိမ္ကိုသာလိုက္ပို႔ေပး"

ကူလည္းကူညီရေသးတယ္ အထက္စီးကလည္းေျပာေသးတာမို႔ေဒါသထြက္မိသည္။ ဘယ္လိုမဆို ေသၿပီးသားလူတစ္ေယာက္အေနနဲ႔ ေနာက္ဆံုးကုသိုလ္ေလးတစ္ခုေတာ့ယူသြားခ်င္မိ။

ပတ္ဂ်ီမင္ဆိုတဲ့လူရဲ့ေျပာစကားအတိုင္းကြၽန္မသူ့ကိုပါမနိုင္မနင္းတြဲျပီး‌ေလ်ွာက္လာလိုက္တာ ခပ္ေဝးေဝးတစ္ေနရာေတာင္ေရာက္ေနခဲ့ၿပီ။

"ဒီမွာ ရွင့္ဟာကဟုတ္ေကာဟုတ္ရဲ့လား။ အေဝးႀကီးေလ်ွာက္လာရတာတစ္မ်ိဳး ရွင့္ကိုထမ္းလာရတာတစ္မ်ိဳး ေမာေနၿပီ။ ဘယ္မွာလည္းရွင့္အိမ္။"

ကြၽန္မပုခံုးေပၚတြင္ေခါင္းငိုက္စိုက္က်ေနေသာသူ။ ကြၽန္မေအာ္ဟစ္‌သေယာင္ေမးကာမွ ေခါင္းကိုယိုင္တိုင္တိုင္နဲ႔ေထာင္လာကာ...

" ေဟာ... ေရာက္ၿပီ။ ဒီကြန္ဒိုရဲ့ ၁၅ထပ္ေျမာက္ကိုလိုက္ပို႔ေပး။"

" ရွင့္ဘာသာရွင္...."

" ရႉး...! ေရာက္ေနၿပီပဲ။ အေပၚထိလိုက္ပို႔ခဲ့ပါလား မိန္းကေလးရယ္။"

" ဟူး... သရဲျဖစ္တာေတာင္ ရုပ္ရွင္ေတြထဲကလို လူေတြကိုလိုက္‌ေျကာက္‌ေအာင္မေျခာက္ရပဲ အခုလိုကူညီေပးေနရတယ္။ "

သူမလည္းမထူးဟုေတြးကာ သူေျပာတဲ့အတိုင္း၁၅ထပ္အထိလိုက္ပို႔ခဲ့သည္။ သူ႔အိမ္တံခါးေရ႔ွအေရာက္တြင္။

"422019လို့နွိပ္လိုက္...။"

" ဘုရားေရ... ဒီလူ ရူးသြားၿပီ... ရူးသြားၿပီ။ အိမ္လ်ိဳ႕ဝွက္နံပါတ္အထိ‌ေျပာျပ‌ေနစရာလား။ ဘာလို႔မ်ားဒီေလာက္ထိမူး‌ေအာင္‌ေသာက္ရသလ‌ဲ။ ငါကလူမဟုတ္လို႔ေတာ္ေသးတာေပါ့။"

မတတ္ႏိုင္တဲ့အဆံုးသူ႔ေျပာျပတဲ့အတိုင္းတံခါးဖြင့္ျပီးအိမ္ထဲဝင္လိုက္တယ္။ အိမ္ျကီးထဲမွာသူတစ္ေယာက္တည္းေနတယ္ထင္ပါရဲ့။ တိတ္ဆိတ္မွုကဝါးၿမိဳထာ‌ေလရဲ့။

တန္ဖိုးႀကီးကြန္ဒိုခန္းမွန္းသိသာသည္။ သူေဌးထင္ပါရဲ့..။ သူမ်ားေတြမ်ားကံေကာင္းလိုက္ၾကတာ။ ငါကသာ ငါ့ဘဝအေၾကာင္းကိုအစအန‌ရွာမရေအာင္ေမ့ေလ်ာ့ေနတဲ့အျပင္ သရဲတစ္ေကာင္ျဖစ္ေနၿပီ။ ကံခ်င္းကလည္းကြာပါ့။

သူ႔ကိုလွၫ့္ၾကၫ့္မိေတာ့ သူအေတာ္ငိုက္က်ေနတာကိုေတြ့လိုက္သည္။ ဧၫ့္ခန္းထဲကဆိုဖာေပၚခ်ေပးရန္ႀကံလိုက္ၿပီး ဆိုဖာနားထိတြဲေခၚသြားလိုက္သည္။

ကြၽန္မပုခံုးကိုသြယ္ယွက္ကာသိုင္းဖက္ထားတဲ့သူ႔ရဲ့သန္မာတဲ့လက္တစ္စံုဟာလြတ္ေပးဖို႔မ်ားေမ့ေနေလသလား။ ကြၽန္မသူ႔ကိုယ္ကို ဆိုဖာေပၚအခ်တြင္ ကြၽန္မကိုယ္ကိုပါတစ္ပါတည္းဆြဲခ်သြားေလေတာ့ အရိွန္မသတ္လိုက္မိတဲ့အက်ိဳးဆက္ေၾကာင့္ ရလာတဲ့အျပစ္ဒဏ္ကေတာ့ လူ႔ဘဝမွာေတာင္တစ္ခါမွ first kissအေပးမခံရဖူးဘူးဆိုတဲ့ကြၽန္မႏႈတ္ခမ္းေလးဟာ သူ႔ႏႈတ္ခမ္းဆီမွာၿငိတြယ္လို႔...။

ရုတ္တရက္မို႔လန႔္သြားတာနဲ့အတူ ရင္ဘတ္ထဲတြင္လည္းလိႈက္ဖိုလို႔...။ သူ႔ရင္အုပ္အားလက္မ်ားႏွင့္ဖိမိကာ ႏႈတ္ခမ္းႏွစ္ခုကထိစပ္ယွက္ႏြယ္ေနတုန္းတစ္ခန ကြၽန္မမင္သက္ေနမိတယ္။ အသိစိတ္တို႔ဝင္ခ်ိန္မွာေတာ့ ကြၽန္မအျမန္ပင္ခြာလိုက္ကာ ကိုယ့္ႏႈတ္ခမ္းကိုယ္လက္မ်ားႏွင့္ဖံုးအုပ္မိသည္။ သူ႔ကိုၾကၫ့္မိေတာ့ ဘာမွမသိရွာဘဲ အိပ္ေပ်ာ္ေနၿပီထင္ပါရဲ့။ မိွတ္ခ်ထားတဲ့မ်က္ခြံမို႔မို႔ေလးေပၚမ‌ွာေသြးေျကာစိမ္းစိမ္း‌ေလးေတြဟာလည္းေနရာယူေနတယ္...။

သူအိပ္ေနတုန္းကြၽန္မအခြင့္အေရးယူမိသြားတာမ်ားလား။ ဒီလိုနဲ႔ပဲ ကြၽန္မဘဝမွာေသၿပီးသကာလမွ first kissကိုရဖူးၿပီေပါ့။ ရမယ့္ရေတာ့လည္း ပိုင္ရွင္ရိွတဲ့ သူမ်ားလူနဲ႔မွလား...။

အခုေတာ့ သူမ အျပင္မွာေျခဦးတၫ့္ရာက်င္လည္ရေတာ့မွာမို႔ သူမထကာတံခါးနားသြားမိသည္။ တံခါးဖြင့္ဖို႔လုပ္မိတဲ့လက္တို႔ဟာ ခနအတြင္းရပ္တန႔္ကာေတြးမိတာက...

" ရုပ္ရွင္ေတြထဲမွာဆို ဝိဉာဉ္ေတြ သရဲေတြက တံခါးမရိွဓါးမရွိ နံရံေတြဘာေတြ အကုန္လံုးကိုျဖတ္ၿပီးသြားေနၾကပဲဟာ...။ ငါလည္း သြားၾကၫ့္ရမယ္။"

သူမမ်က္လံုးစံုမိွတ္ကာ တံခါးအားျဖတ္ေက်ာ္သြားမိေတာ့ ထင္တဲ့အတိုင္းသူမအိမ္အျပင္ဘက္သို႔ေရာက္သြားသည္။ သူမကိုယ္တိုင္ႀကံဳေတြ့ဖူးၿပီမို႔အံ့ဩမိတာနဲ႔အတူ သူမေသသြားၿပီဆိုတာတစ္ကယ္‌ေသခ်ာခဲ့ျပီမို့လည္း သူမဝမ္းနည္းမိသည္။

" တစ္ကယ္ပဲ ငါအရင္ကဘယ္မွာေနၿပီးဘာေတြလုပ္ခဲ့တာလဲ။"

တစ္ေပါက္ၿပီး‌တစ္‌ေပါက္က်လာေသာမ်က္ရည္စက္မ်ားအားသူမခပ္ျကမ္းျကမ္းဆြဲသုတ္ကာ ဆံုးျဖတ္ခ်က္တစ္ခုခ်လိုက္သည္။

" ငါ့အရင္ကအေၾကာင္းအရာေတြအားလံုးငါျပန္ရွာမယ္။ ၿပီးရင္ ငါဘယ္လိုေသခဲ့တယ္ဆိုတာပါ ငါ.. သိေအာင္လုပ္မယ္။ ဘယ္နည္းနဲ႔ျဖစ္ျဖစ္.. ဘယ္ေလာက္ပဲၾကာၾကာ..။ သက္ဆိုင္ရာကလာမေခၚခင္အထိငါႀကိဳးစားမယ္...။"

သူမဆံုးျဖတ္ခ်က္ခ်ၿပီးေနာက္ သူမကိုယ္ေလးဟာလ်ွပ္တျပတ္ေပ်ာက္ကြယ္သြားခဲ့ၿပီး တစ္ေနရာရာတြင္ျပန္ေပၚလာသည္။ ေသခ်ာတာေပါ့... ဒါဟာ ကြၽန္မသိဖူးခဲ့တဲ့ ဝိဉာဉ္ေတြရဲ့သြားလာပံုတစ္ခ်ိဳ႕ေလ...။ သူမေရာက္ရာေနရာကေန ဆက္ေလ်ွာက္ဖို႔ျပင္မိေတာ့ ေပ်ာ့အိအိအရာတစ္ခုကို သူမတိုက္မိသည္။

" အာ့... ခနခနခလုတ္ပဲတိုက္ေနတယ္။"

သူမ ၿငီးတြားကာၾကၫ့္မိေတာ့သူမ ေရာက္ေနတာဟာ အခုနအိမ္ထဲတြင္ပင္။ အတိအက်ေျပာရရင္ ပတ္ဂ်ီမင္ဆိုတဲ့အမူးသမားသူေဌးရဲ့အိမ္။ ဘာလို႔ဒီကိုျပန္ေရာက္လာတာလဲ။ တစ္ခုခုမွားယြင္းတာေနမွာပါေလဟုေတြးကာ သူမကိုယ္မေဖ်ာက္ေတာ့ဘဲ သြားေနၾကပံုမွန္အတိုင္းသာလမ္း‌ေလ်ွာက္ျပီးကြန္ဒိုေအာက္ထပ္ဆင္းဖို႔ႀကံေလသည္။

ဓါတ္ေလွကားမဟုတ္ဘဲ ရိုးရိုးေလွကားနဲ႔သာဆင္းခဲ့သည္။ ေလွကားတစ္ဝက္အေရာက္တြင္ တစ္ခုခုကသူမ့ေျခလွမ္းေတြကိုျပန္လည္ဆြဲေခၚေနသေယာင္ သူမဆက္ေလ်ွာက္ရန္ခက္လာသည္။ အားတင္းၿပီးေလ်ွာက္ေနရသည္။ ေခြၽးေစးမ်ားထြက္ကာေမာပမ္းလာၿပီ။

" တစ္ကယ္ပဲ ဘာေတျြဖစ္ေနတာလဲဟာ။"

သူမလက္မိႈင္က်စြာ ခႏၶာကိုယ္ကိုေျဖေလ်ာ့လိုက္ေတာ့ သူမကိုယ္ေလးဟာေလတြင္ဝဲလြင့္ေနသလိုပင္ လြင့္ပ်ံ‌ေနခဲ့သည္။ သူမရုန္းႏိုင္စြမ္းမရိွေတာ့တာမို႔ မ်က္စိမိွတ္ရင္းသာ ၾကမၼာေစရာကိုလိုက္ခဲ့မိသည္။ ထိုတစ္ခန သူမကိုယ္ေလးၿငိမ္သက္သြားသည္မို႔ သူမ မ်က္လံုးမ်ားဖြင့္ကာၾကၫ့္မိေတာ့ ယခုနအတိုင္းပင္ ပတ္ဂ်ီမင္ရဲ့အိမ္ထဲသို႔သာျပန္ေရာက္ေနခဲ့သည္။

" ဘာလို႔ ဒီလူနားပဲျပန္ျပန္ေရာက္ေနရတာလဲ"

သူမ ေဘးနားကဆိုဖာေပၚမွာအိပ္ေပ်ာ္ေနတဲ့ ဂ်ီမင္ကိုၾကၫ့္မိရင္း အၾကၫ့္တို႔ဟာသူ႔ႏႈတ္ခမ္းဆီေရာက္မိေတာ့ သူမအေတြးထဲေပၚလာတာက...

*စိတ္မပူပါနဲ႔... မင္းလည္း first kissေပးရဖို႔ကံပါလာမွာပါ။ မင္းတစ္ကိုယ္လံုးကိုခ်ဳပ္ေနွာင္လိုက္မဲ့ first kissမ်ိဳး...။*

သူမျပန္ၾကားေယာင္ေနမိသည္။

"ဟိုဦးေလးႀကီးေျပာသြားတဲ့စကား...။ ဒါ.. ဒါေၾကာင့္မို႔လား။ သူနဲ႔ငါနမ္းလိုက္မိလို႔ ငါကသူ႔အနားမွာခ်ဳပ္ေနွာင္ခံလိုက္ရတာမ်ိဳးလား...။ ဒါ.. ေပမဲ့ အဲ့သလိုလုပ္လို့မျဖစ္ေသးဖူးေလ။ ဒီလူ႔အနားကတစ္ဖဝါးမွ ခြာလို့မရရင္ ငါ့အေၾကာင္းေတြငါဘယ္လိုစံုးစမ္းမလဲ"

သူမစိတ္ညစ္လာတာမို့ ‌ေျခလက္တို႔ျဖင့္စံုကန္ေနမိ‌ေသာ‌ေလထုကသာဓါးစာခံျဖစ္ခဲ့ျပီ။ စိတ္ထဲမွာလည္း ဘဝင္မက်မိ။ သရဲျဖစ္တာေတာင္ လူသားဆီမွာျပန္အထိန္းခ်ဳပ္ခံေနရတာတဲ့လား....။

မတရားတဲ့ ေလာကႀကီး!!!!!!

" ဒါဆို ဒီအိမ္ ဒီလူ႔အနားက ငါအခုကစၿပီးေသာင္တင္ေနရေတာ့မဲ့ေနရာေပါ့ေလ..."

ေစတနာသက္သက္ကူညီလိုက္တဲ့အေၾကာင္းအရာေလးတစ္ခုကေန မထင္မွတ္ထားတဲ့ အခ်စ္ဇာတ္လမ္းတစ္ပုဒ္ျဖစ္ခဲ့မယ္ဆိုရင္ေတာင္....

တစ္ေယာက္ေသာသူဟာ တစ္ေယာက္ေသာသူရဲ့စိတ္ရႈပ္ဖို႔ေကာင္းျပီးညစ္တီးညစ္ပတ္နိုင္တဲ့ပါတနာသက္သက္သာ...

~~<♡︎>~~

Double Update ✌️
😁😁

October 11,2020
Sunday

#with love












Unicode

ဦးလေးကြီးပျောက်သွားပြီးတည်းကသူမငိုင်နေမိတယ်။ သူမသတိထားမိစဉ်ပတ်ဝန်းကျင်မှာလူသူမရှိတော့ပါ။ ‌ခွေးများဟာလည်း သူမကိုကြည့်၍သာဟောင်နေကြသည်။

" အေးပေါ့လေ... ငါကသရဲဖြစ်နေပြီကိုး...။"

" အာ!!!!!"

ရုတ်တရက်ကြားရသောပေါက်ကွဲသံကြောင့် သူမကိုယ်လေးတုန်တက်သွားသည်။

" သ.. သရဲများလား။ နေပါအုန်း ငါကလည်းသရဲပဲလေ။
သရဲအချင်းချင်းတော့ဘာမှမလုပ်လောက်ပါဖူး‌‌နော်။"

ထိုစဉ်သူူမရှေ့တွင်ယိုင်တိုင်တိုင်လမ်းလျှောက်လာသောလူတစ်ယောက်။ အရက်မူး‌နေသည်ထင်ပါရဲ့။ ညအမှောင်ထဲတွင်ပင် သူ့ရဲ့အသားအ‌ရေဟာဖြူဖွေးကာဝင်းမွတ်နေသည်။ သူ့ခြေတစ်လှမ်းဆီဟာယိုင်နဲ့စွာ ကျွန်မဆီသို့ဦးတည်လာတယ်။ ထားပါလေ။ ဘယ်လိုမဆိုကျွန်မကိုတွေ့မှာမှမဟုတ်ဘဲ။

ကျွန်မသူ့ကိုရှောင်ဖို့လုပ်လိုက်မိတယ်။

" ဒီမှာ မိန်းကလေး...။ "

ကျွန်မအံ့ဩမိတယ်။ သူဘယ်လိုကျွန်မကိုတွေ့နိုင်တာလဲ။ ကျွန်မမင်သေသေနဲ့သူ့ရှေ့ရပ်မိနေတုန်း သူ့ခန္ဓာကိုယ်ဟာကျွန်မဆီယိုင်ကျလာခဲ့တယ်။ သူ့ကိုယ်လုံးကအတော်ပင်လေးတာမို့ ကျွန်မအဖို့မနိုင်မနင်းဖြစ်လွန်းသည်။ ဒါနဲ့ ကျွန်မသူ့ကိုထိတွေ့လို့ရနေပါလား။ မဟုတ်မှလွဲ သူလည်းဝိဉာဉ်ပဲလား။

" ကိုယ့်ကို အိမ်လိုက်ပို့ပေးစမ်းပါ။ "

" ကျွန်မကရှင့်အိမ်ကိုဘယ်လိုသိမှာတုန်း။ အရက်နံ့ကလည်းမွှန်ထူနေတာပဲရှင်"

" ကိုယ်လမ်းပြပေးမယ်။ ကိုယ်အရမ်းမူးနေပြီ။ လမ်းမလျှောက်နိုင်လို့တွဲခေါ်ပေးရုံပဲ။ "

လိုက်ဖို့ပေးဖို့ရာ တွေဝေနေသောကျွန်မကိုကြည့်ပြီးသူပြောလာတာက..

" စိတ်မပူပါနဲ့။ မင်းကိုအန္တရာယ်မပေးပါဖူး။
Park Jiminဆိုတဲ့ငါက Bae Heejinဆိုတဲ့မိန်းမကလွဲရင် ဘယ်မိန်းမကိုမှစိတ်နဲ့တောင်မပစ်မှားဖူး။"

အရက်မူးနေတာမို့ စကားသံများဟာလည်းလေးပင်လို့...။

" ရှင်ပစ်မှားလို့လည်းမရပါဖူး။ ကျွန်မက လူမှမဟုတ်ဘဲ "

" လာနောက်မနေနဲ့။ ကဲ ငါ့ကိုအိမ်ကိုသာလိုက်ပို့ပေး"

ကူလည်းကူညီရသေးတယ် အထက်စီးကလည်းပြောသေးတာမို့ဒေါသထွက်မိသည်။ ဘယ်လိုမဆို သေပြီးသားလူတစ်ယောက်အနေနဲ့ နောက်ဆုံးကုသိုလ်လေးတစ်ခုတော့ယူသွားချင်မိ။

ပတ်ဂျီမင်ဆိုတဲ့လူရဲ့ပြောစကားအတိုင်းကျွန်မသူ့ကိုပါမနိုင်မနင်းတွဲပြီး‌လျှောက်လာလိုက်တာ ခပ်ဝေးဝေးတစ်နေရာတောင်ရောက်နေခဲ့ပြီ။

"ဒီမှာ ရှင့်ဟာကဟုတ်ကောဟုတ်ရဲ့လား။ အဝေးကြီးလျှောက်လာရတာတစ်မျိုး ရှင့်ကိုထမ်းလာရတာတစ်မျိုး မောနေပြီ။ ဘယ်မှာလည်းရှင့်အိမ်။"

ကျွန်မပုခုံးပေါ်တွင်ခေါင်းငိုက်စိုက်ကျနေသောသူ။ ကျွန်မအော်ဟစ်‌သယောင်မေးကာမှ ခေါင်းကိုယိုင်တိုင်တိုင်နဲ့ထောင်လာကာ...

" ဟော... ရောက်ပြီ။ ဒီကွန်ဒိုရဲ့ ၁၅ထပ်မြောက်ကိုလိုက်ပို့ပေး။"

" ရှင့်ဘာသာရှင်...."

" ရှူး...! ရောက်နေပြီပဲ။ အပေါ်ထိလိုက်ပို့ခဲ့ပါလား မိန်းကလေးရယ်။"

" ဟူး... သရဲဖြစ်တာတောင် ရုပ်ရှင်တွေထဲကလို လူတွေကိုလိုက်‌ကြောက်‌အောင်မခြောက်ရပဲ အခုလိုကူညီပေးနေရတယ်။ "

သူမလည်းမထူးဟုတွေးကာ သူပြောတဲ့အတိုင်း၁၅ထပ်အထိလိုက်ပို့ခဲ့သည်။ သူ့အိမ်တံခါးရှေ့အရောက်တွင်။

"422019လို့နှိပ်လိုက်...။"

" ဘုရားရေ... ဒီလူ ရူးသွားပြီ... ရူးသွားပြီ။ အိမ်လျို့ဝှက်နံပါတ်အထိ‌ပြောပြ‌နေစရာလား။ ဘာလို့များဒီလောက်ထိမူး‌အောင်‌သောက်ရသလ‌ဲ။ ငါကလူမဟုတ်လို့တော်သေးတာပေါ့။"

မတတ်နိုင်တဲ့အဆုံးသူ့ပြောပြတဲ့အတိုင်းတံခါးဖွင့်ပြီးအိမ်ထဲဝင်လိုက်တယ်။ အိမ်ကြီးထဲမှာသူတစ်ယောက်တည်းနေတယ်ထင်ပါရဲ့။ တိတ်ဆိတ်မှုကဝါးမြိုထာ‌လေရဲ့။

တန်ဖိုးကြီးကွန်ဒိုခန်းမှန်းသိသာသည်။ သူဌေးထင်ပါရဲ့..။ သူများတွေများကံကောင်းလိုက်ကြတာ။ ငါကသာ ငါ့ဘဝအကြောင်းကိုအစအန‌ရှာမရအောင်မေ့လျော့နေတဲ့အပြင် သရဲတစ်ကောင်ဖြစ်နေပြီ။ ကံချင်းကလည်းကွာပါ့။

သူ့ကိုလှည့်ကြည့်မိတော့ သူအတော်ငိုက်ကျနေတာကိုတွေ့လိုက်သည်။ ဧည့်ခန်းထဲကဆိုဖာပေါ်ချပေးရန်ကြံလိုက်ပြီး ဆိုဖာနားထိတွဲခေါ်သွားလိုက်သည်။

ကျွန်မပုခုံးကိုသွယ်ယှက်ကာသိုင်းဖက်ထားတဲ့သူ့ရဲ့သန်မာတဲ့လက်တစ်စုံဟာလွတ်ပေးဖို့များမေ့နေလေသလား။ ကျွန်မသူ့ကိုယ်ကို ဆိုဖာပေါ်အချတွင် ကျွန်မကိုယ်ကိုပါတစ်ပါတည်းဆွဲချသွားလေတော့ အရှိန်မသတ်လိုက်မိတဲ့အကျိုးဆက်ကြောင့် ရလာတဲ့အပြစ်ဒဏ်ကတော့ လူ့ဘဝမှာတောင်တစ်ခါမှ first kissအပေးမခံရဖူးဘူးဆိုတဲ့ကျွန်မနှုတ်ခမ်းလေးဟာ သူ့နှုတ်ခမ်းဆီမှာငြိတွယ်လို့...။

ရုတ်တရက်မို့လန့်သွားတာနဲ့အတူ ရင်ဘတ်ထဲတွင်လည်းလှိုက်ဖိုလို့...။ သူ့ရင်အုပ်အားလက်များနှင့်ဖိမိကာ နှုတ်ခမ်းနှစ်ခုကထိစပ်ယှက်နွယ်နေတုန်းတစ်ခန ကျွန်မမင်သက်နေမိတယ်။ အသိစိတ်တို့ဝင်ချိန်မှာတော့ ကျွန်မအမြန်ပင်ခွာလိုက်ကာ ကိုယ့်နှုတ်ခမ်းကိုယ်လက်များနှင့်ဖုံးအုပ်မိသည်။ သူ့ကိုကြည့်မိတော့ ဘာမှမသိရှာဘဲ အိပ်ပျော်နေပြီထင်ပါရဲ့။ မှိတ်ချထားတဲ့မျက်ခွံမို့မို့လေးပေါ်မ‌ှာသွေးကြောစိမ်းစိမ်း‌လေးတွေဟာလည်းနေရာယူနေတယ်...။

သူအိပ်နေတုန်းကျွန်မအခွင့်အရေးယူမိသွားတာများလား။ ဒီလိုနဲ့ပဲ ကျွန်မဘဝမှာသေပြီးသကာလမှ first kissကိုရဖူးပြီပေါ့။ ရမယ့်ရတော့လည်း ပိုင်ရှင်ရှိတဲ့ သူများလူနဲ့မှလား...။

အခုတော့ သူမ အပြင်မှာခြေဦးတည့်ရာကျင်လည်ရတော့မှာမို့ သူမထကာတံခါးနားသွားမိသည်။ တံခါးဖွင့်ဖို့လုပ်မိတဲ့လက်တို့ဟာ ခနအတွင်းရပ်တန့်ကာတွေးမိတာက...

" ရုပ်ရှင်တွေထဲမှာဆို ဝိဉာဉ်တွေ သရဲတွေက တံခါးမရှိဓါးမရှိ နံရံတွေဘာတွေ အကုန်လုံးကိုဖြတ်ပြီးသွားနေကြပဲဟာ...။ ငါလည်း သွားကြည့်ရမယ်။"

သူမမျက်လုံးစုံမှိတ်ကာ တံခါးအားဖြတ်ကျော်သွားမိတော့ ထင်တဲ့အတိုင်းသူမအိမ်အပြင်ဘက်သို့ရောက်သွားသည်။ သူမကိုယ်တိုင်ကြုံတွေ့ဖူးပြီမို့အံ့ဩမိတာနဲ့အတူ သူမသေသွားပြီဆိုတာတစ်ကယ်‌သေချာခဲ့ပြီမို့လည်း သူမဝမ်းနည်းမိသည်။

" တစ်ကယ်ပဲ ငါအရင်ကဘယ်မှာနေပြီးဘာတွေလုပ်ခဲ့တာလဲ။"

တစ်ပေါက်ပြီး‌တစ်‌ပေါက်ကျလာသောမျက်ရည်စက်များအားသူမခပ်ကြမ်းကြမ်းဆွဲသုတ်ကာ ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

" ငါ့အရင်ကအကြောင်းအရာတွေအားလုံးငါပြန်ရှာမယ်။ ပြီးရင် ငါဘယ်လိုသေခဲ့တယ်ဆိုတာပါ ငါ.. သိအောင်လုပ်မယ်။ ဘယ်နည်းနဲ့ဖြစ်ဖြစ်.. ဘယ်လောက်ပဲကြာကြာ..။ သက်ဆိုင်ရာကလာမခေါ်ခင်အထိငါကြိုးစားမယ်...။"

သူမဆုံးဖြတ်ချက်ချပြီးနောက် သူမကိုယ်လေးဟာလျှပ်တပြတ်ပျောက်ကွယ်သွားခဲ့ပြီး တစ်နေရာရာတွင်ပြန်ပေါ်လာသည်။ သေချာတာပေါ့... ဒါဟာ ကျွန်မသိဖူးခဲ့တဲ့ ဝိဉာဉ်တွေရဲ့သွားလာပုံတစ်ချို့လေ...။ သူမရောက်ရာနေရာကနေ ဆက်လျှောက်ဖို့ပြင်မိတော့ ပျော့အိအိအရာတစ်ခုကို သူမတိုက်မိသည်။

" အာ့... ခနခနခလုတ်ပဲတိုက်နေတယ်။"

သူမ ငြီးတွားကာကြည့်မိတော့သူမ ရောက်နေတာဟာ အခုနအိမ်ထဲတွင်ပင်။ အတိအကျပြောရရင် ပတ်ဂျီမင်ဆိုတဲ့အမူးသမားသူဌေးရဲ့အိမ်။ ဘာလို့ဒီကိုပြန်ရောက်လာတာလဲ။ တစ်ခုခုမှားယွင်းတာနေမှာပါလေဟုတွေးကာ သူမကိုယ်မဖျောက်တော့ဘဲ သွားနေကြပုံမှန်အတိုင်းသာလမ်း‌လျှောက်ပြီးကွန်ဒိုအောက်ထပ်ဆင်းဖို့ကြံလေသည်။

ဓါတ်လှေကားမဟုတ်ဘဲ ရိုးရိုးလှေကားနဲ့သာဆင်းခဲ့သည်။ လှေကားတစ်ဝက်အရောက်တွင် တစ်ခုခုကသူမ့ခြေလှမ်းတွေကိုပြန်လည်ဆွဲခေါ်နေသယောင် သူမဆက်လျှောက်ရန်ခက်လာသည်။ အားတင်းပြီးလျှောက်နေရသည်။ ချွေးစေးများထွက်ကာမောပမ်းလာပြီ။

" တစ်ကယ်ပဲ ဘာတြွေဖစ်နေတာလဲဟာ။"

သူမလက်မှိုင်ကျစွာ ခန္ဓာကိုယ်ကိုဖြေလျော့လိုက်တော့ သူမကိုယ်လေးဟာလေတွင်ဝဲလွင့်နေသလိုပင် လွင့်ပျံ‌နေခဲ့သည်။ သူမရုန်းနိုင်စွမ်းမရှိတော့တာမို့ မျက်စိမှိတ်ရင်းသာ ကြမ္မာစေရာကိုလိုက်ခဲ့မိသည်။ ထိုတစ်ခန သူမကိုယ်လေးငြိမ်သက်သွားသည်မို့ သူမ မျက်လုံးများဖွင့်ကာကြည့်မိတော့ ယခုနအတိုင်းပင် ပတ်ဂျီမင်ရဲ့အိမ်ထဲသို့သာပြန်ရောက်နေခဲ့သည်။

" ဘာလို့ ဒီလူနားပဲပြန်ပြန်ရောက်နေရတာလဲ"

သူမ ဘေးနားကဆိုဖာပေါ်မှာအိပ်ပျော်နေတဲ့ ဂျီမင်ကိုကြည့်မိရင်း အကြည့်တို့ဟာသူ့နှုတ်ခမ်းဆီရောက်မိတော့ သူမအတွေးထဲပေါ်လာတာက...

*စိတ်မပူပါနဲ့... မင်းလည်း first kissပေးရဖို့ကံပါလာမှာပါ။ မင်းတစ်ကိုယ်လုံးကိုချုပ်နှောင်လိုက်မဲ့ first kissမျိုး...။*

သူမပြန်ကြားယောင်နေမိသည်။

"ဟိုဦးလေးကြီးပြောသွားတဲ့စကား...။ ဒါ.. ဒါကြောင့်မို့လား။ သူနဲ့ငါနမ်းလိုက်မိလို့ ငါကသူ့အနားမှာချုပ်နှောင်ခံလိုက်ရတာမျိုးလား...။ ဒါ.. ပေမဲ့ အဲ့သလိုလုပ်လို့မဖြစ်သေးဖူးလေ။ ဒီလူ့အနားကတစ်ဖဝါးမှ ခွာလို့မရရင် ငါ့အကြောင်းတွေငါဘယ်လိုစုံးစမ်းမလဲ"

သူမစိတ်ညစ်လာတာမို့ ‌ခြေလက်တို့ဖြင့်စုံကန်နေမိ‌သော‌လေထုကသာဓါးစာခံဖြစ်ခဲ့ပြီ။ စိတ်ထဲမှာလည်း ဘဝင်မကျမိ။ သရဲဖြစ်တာတောင် လူသားဆီမှာပြန်အထိန်းချုပ်ခံနေရတာတဲ့လား....။

မတရားတဲ့ လောကကြီး!!!!!!

" ဒါဆို ဒီအိမ် ဒီလူ့အနားက ငါအခုကစပြီးသောင်တင်နေရတော့မဲ့နေရာပေါ့လေ..."

စေတနာသက်သက်ကူညီလိုက်တဲ့အကြောင်းအရာလေးတစ်ခုကနေ မထင်မှတ်ထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့မယ်ဆိုရင်တောင်....

တစ်ယောက်သောသူဟာ တစ်ယောက်သောသူရဲ့စိတ်ရှုပ်ဖို့ကောင်းပြီးညစ်တီးညစ်ပတ်နိုင်တဲ့ပါတနာသက်သက်သာ...

~~<♡︎>~~


Double Update ✌️
😁😁

October 11,2020
Sunday

#with love

Continue Reading

You'll Also Like

2.9K 267 20
အတ္တကြီးသလိုဖြစ်သွားရင် တောင်းပန်တယ် ဒါပေမယ့် ကျွန်မရှင်တို့ထဲက ဘယ်သူ့ကိုမှ ရွေးနိုင်မှာမဟုတ်ဘူး။
2.5M 145K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
4M 166K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
8.5K 1.1K 15
ဘဝမှာအိမ်ကလေးတစ်လုံး ပိုင်ဆိုင်ထားရင် လက်မလွှတ်ပါနဲ့။ Houseသည် အိမ်တစ်လုံး သက်သက်သာဖြစ်ပြီး Homeသည် နွေးထွေးကြင်နာမှုအပြည့်နဲ့ ထာဝရလက်ကမ်းကြိုဆိုနေမဲ...