Stay with me(season-2)[Chaeli...

By lae0327

54.3K 4.3K 898

တစ်အားရိုမှာပါနော် 😁😁😁 More

Ep(1)💛
Ep(2)💛
Ep(3)
Ep(4)💛
Ep(5)💛
Ep(6)💛
Ep(7)
Ep(8)💛
Ep(9)
Ep(11)
Ep(12)
Ep(13)💛
Ep(14)💛
Ep(15)
Ep(16)💛
Ep(17)💛
Ep(18)💛
Ep(19)💛
Final❤

Ep(10)💛

2K 211 44
By lae0327

လီဆာလမ်းမှာမှာထားသည့်ပစ်စည်းများဝင်ယူပြီး ချယ့်အိမ်ကိုကားလေးအား ဦးတည်ပြီးမောင်းလာခဲ့လိုက်သည် စိတ်တွေလည်းတအားလှုပ်ရှားနေခဲ့ပြီ ချယ့်ကိုလည်းတွေ့ချင်လှပြီ တွေ့ပြီးလီလီချယ့်ကိုဘယ်လောက်ချစ်ကြောင်း ရင်ဖွင့်ချင်လှပြီ..

ကားလေးကိုဂရုတစိုက်မောင်းနှင်လာပြီး မကြာခင်မှာပဲ ချယ့်အိမ်ကိုရောက်လာပြီမို့ ကားလေးကိုအိမ်ရှေ့ရပ်ကာ ချယ်ရှိရာအိမ်လေးထဲဝင်လာခဲ့လိုက်သည်

ဝင်ဝင်ချင်းမှာပဲ တစ်လမ်းလုံးပျော်ရွှင်နေခဲ့မိသည့်လီလီ့ အပျော်တို့ချက်ချင်းပျောက်ဆုံးသွားခဲ့ရတော့သည် အကြောင်းမှာဆိုဖာပေါ်မှာထိုင်နေပြီး စကားပြောနေကြသည့် ချယ်နှင့်ဟိုအမကြောင့်

C''လီလီ လာလေ ဘာလာလုပ်တာ

L''ကိုယ်ကအကြောင်းရှိမှလာရမှာလား ချယ်ရဲ့

C''မဟုတ်ပါဘူး လာလေ လာထိုင်

လီလီလည်း ချယ့်ဘေးမှာဝင်ထိုင်လိုက်ပြီး လီလီတို့နှင့်မျက်နှာချင်းဆိုင်မှာရှိနေသည့် ထိုအမအားကြည့်ကာ

L''အမကရော ဘာလာလုပ်တာလဲ

I''အော် ချယ်လေးကိုလာကြည့်တာလေ သက်သာလားလို့

ထိုအခါမှလီလီချယ့်ခြေထောက်ကို သတိရမိတော့သည် တစ်ချိန်လုံးချစ်ကြောင်းပြောဖို့ကိုပဲ စိတ်ကရောက်နေခဲ့သည်မလား..

L''ဟုတ်သား ချယ်ဘယ်လိုနေလဲ သက်သာလား

C''အင်း သက်သာပါတယ်လီလီရဲ့

I''အာ့ဆို ချယ်ရေမမပြန်အုံးမယ်နော် တွေ့ချင်နေတာတွေ့လိုက်ရလို့ အဆင်ပြေသွားပြီ

အနှောင့်အသွားမလွတ်သော ထိုအမ၏စကားက လီလီ့နားကိုစိတ်အနှောင့်အယှက်ဖြစ်စေသည် ချယ့်မျက်နှာကိုလီလီ လှမ်းကြည့်လိုက်တော့ မျက်နှာပျက်သွားသည်ကိုတွေ့လိုက်ရပေမယ့် ချက်ချင်းဆိုသလိုချယ့်မျက်နှာက ပြန်လည်ပြုံးသွားသည်ကိုလည်း လီလီတွေ့လိုက်ရ​ပြန်သည်

I''လီလီအမပြန်တော့မယ်နော်

L''အင်း

I''ဒါဆိုပြန်လိုက်အုံးမယ် ချယ်နောက်မှမမထပ်လာခဲ့မယ်နော်

C''ဟုတ် အရှေ့ထိလိုက်ပို့ပေးမယ်လေ

I''အာ ရပါတယ် အားနာစရာလူမှမဟုတ်တာ ပြီးခြေထောက်ကကောင်းသေးတာမဟုတ်ဘူး ဂရုလည်းစိုက်အုံးနော် ဘယ်မှလည်းလျှောက်မသွားနဲ့အုံး

နားကြားပြင်းကပ်လိုက်တာ ဒီနေရာမှာဆက်နေချင်စိတ်တောင်မရှိတော့ တစ်ခါထဲအငွေ့သာဖြစ်သွားချင်တော့သည် ထိုအမအိမ်ထဲကထွက်သွားပြီးတော့မှ

C''လီလီ ဘာလာလုပ်တာလဲ

L'အင်း ဒီလိုပါပဲ လီလီပြန်တော့မယ်နော်

C''တစ်နေရာရာသွားမလို့လား ဝတ်ထားတာလည်းသေသေချာချာပဲ

L''အင်း အစောကတော့ချယ်နဲ့သွားမလို့ပဲ ချယ်ခြေထောက်နာနေတာ မေ့သွားတယ်

မေ့သွားတယ်တဲ့လားလီလီရယ် လီလီ့စိတ်ထဲချယ်ရှိနေပြီထင်ခဲ့မိတာ အခုတော့ချယ်ဒဏ်ရာရနေတာတောင် လီလီကသတိမရဘူးပဲ ချယ့်ဘက်ကပဲအတွေးတွေလွန်နေခဲ့မိတာထင်ပါရဲ့ လီလီကအစထဲက မိန်းကလေးတိုင်းကိုဒီလိုပဲဆက်ဆံတတ်သူနေမှာပါ ချယ်ကသာတစ်ဖက်သတ်တွေးချင်ရာတွေးပြီး စိတ်ကူးတွေယဥ်နေမိခဲ့တာ..

L''ကိုယ်ပြန်တော့မယ်

C''..

L''ချယ်ဘာတွေတွေးနေတာလဲ ကိုယ်ပြန်တော့မယ်လို့

C''ဟင် အင်းပြန်လေ

L''အင်း

ဘာတွေတွေးနေသည်မသိ သေချာတာတော့ကိုယ့်အကြောင်းတော့ဟုတ်ပုံမပေါ်တာမို့
လီလီအထူးတလည်လည်းနှုတ်ဆက်မနေတော့ ခြေထောက်ကိုဂရုစိုက်ဖို့လည်းမှာမနေချင်တော့ မှာသွားသူကရှိနေပြီမလား လီလီစိတ်ကုန်ခြင်းများစွာဖြင့်သာ ချယ့်အိမ်ထဲမှထွက်လာခဲ့လိုက်တော့သည်..

ကားလေးကိုလီလီလူရှင်းသောလမ်းမဘေးတစ်နေရာမှာ ထိုးရပ်လိုက်ပြီး ကားမှန်တွေကိုချလိုက်ကာ ခေါင်းကိုကားကူရှင်ပေါ်မှီလိုက်ပြီး မျက်လုံးတွေကိုမှိတ်ထားလိုက်တော့သည် စိတ်ကူးယဥ်ခဲ့ရသမျှတွေဟာ ခုတော့အလကား ဒီမိန်းကလေးနဲ့ကျမှ မဖြစ်ဖူးတာတွေဖြစ်ခဲ့ရပြီ မခံစားဖူးသောခံစားချက်တွေခံစားနေခဲ့ရပြီ စိတ်ကူးမယဥ်တတ်တဲ့ကိုယ်ဟာ ဒီမိန်းကလေးနဲ့ကျမှ သာယာသောမိသားစုလေးထူထောင်ပြီးသည်အထိ စိတ်ကူးတွေယဥ်ခဲ့မိသည် ခုတော့အရာအားလုံးဟာ ဝေဝါးသွားခဲ့ရပြီ....

အတော်ကြာတော့မှ လီလီကားပေါ်မှဆင်းလိုက်ပြီး ကားနောက်ခန်းထဲမှပန်းစည်းကိုယူကာ မြက်ခင်းပေါ်ထိုင်ချလိုက်သည်

လက်ထဲမှာရှိနေသည့် အနီရဲရဲနှင်းဆီအပွင့်(50)ပါသည့်ပန်းစည်းလေးက လီလီ့အားလှောင်ပြောင်နေသယောင်

🌹 50 Roses 🌹ပေးခြင်းရဲ့အဓိပ္ပာယ်က.. 
Unconditional Love (အကြွင်းမဲ့ချစ်ခြင်း)တဲ့ အခြားတစ်မျိုးနဲ့ပြောရမယ် ဆိုရင်တော့မပြောင်းလဲတဲ့ချစ်ခြင်းတဲ့လေ...

ကိုယ်မင်းကိုချစ်မိသွားတာက အခြားသူတွေအပေါ်ကို နှစ်သက်မိသွားသလိုမျိုးမဟုတ်ပဲ လေးလေးနက်နက်ချစ်မိခဲ့တာမို့ ဒီနှင်းဆီအပွင့်ငါးဆယ်ကိုမင်းကိုပေးဖို့ ဆုံးဖြတ်ခဲ့တာ

အခုတော့ ဒီပန်းစည်းလေးက မင်းကိုပေးဖို့မလိုတော့ဘူးထင်ပါရဲ့လီလီလက်ထဲမှပန်းစည်းကို အဝေးသို့လွင့်ပစ်လိုက်ပြီးနောက် အကျီအိတ်ထဲမှ ဘူးလေးတစ်ဘူးကိုထုတ်ယူလိုက်သည်

ဘူးလေးကိုလွှင့်ပစ်ဖို့ ရွယ်လိုက်ပြီးမှပြန်ထိန်းလိုက်ပြီး ဘူးလေးထဲမှလှပသည့် လက်စွပ်လေးကိုထုတ်ယူလိုက်ကာ

L''ဒီလက်စွပ်လေးကိုတော့ကိုယ်သိမ်းထားအုံးမယ် တစ်ချိန်ချိန်ကိုယ်ကမင်းကိုပေးဖို့အခွင့်အရေးရှိလာနိုင်ခဲ့ရင်ပေါ့..

လက်စွပ်လေးကိုဘူးလေးထဲ နေသားတကျပြန်ထည့်လိုက်ကာ မျက်လုံးတွေကိုပိတ်ထားလိုက်တော့ လတ်ဆတ်သည့်လေနုအေးလေးတွေရဲ့ အထိအတွေ့ကို ခံစားမိသည် အတော်ကြာသည်အထိ နေရာမှာပဲဆက်ထိုင်ဖြစ်ခဲ့သည် ဘာဆက်လုပ်ရမယ်ဆိုတဲ့အတွေးမျိုး စိုးစဥ်းမျှမရှိပါပဲ ထိုင်မြဲတိုင်းသာထိုင်နေဖြစ်ခဲ့သည်...


ချယ်ဘာလုပ်ရမယ်မသိတာမို့ ဆူဇီ့ဆီဖုန်းခေါ်ပြီးလာခဲ့ဖို့ ခေါ်လိုက်တော့သည် ခဏအကြာဆူဇီရောက်လာပြီး

S''ဟဲ့ ဘာဖြစ်တာလဲ

C''အင်း ပြောစရာရှိလို့

S''အေး ပြော

C''မနက်က မမအိုင်ယူကဖုန်းဆက်တယ် သူကပြောတယ်.....
.
.
.

S''အင်း အဲ့တော့

C''မသိဘူး ငါဘာဆက်လုပ်ရမယ်မှန်း

S''မဆိုင်လိုက်တာ နင်ကဘာစိတ်ညစ်စရာရှိလို့လဲ နင်ချစ်တာသူ သူချစ်တာနင်ဆိုရပြီလေ

C''ဒါမယ့်သူမှငါ့ကိုချစ်တယ် မပြောသေးတာ

ချယ့်စကားကြောင့် ဆူဇီသက်ပြင်းသာချလိုက်မိတော့သည် ချစ်သူတွေကမဖြစ်ရသေးတဲ့ကြားထဲ အနှောင့်အယှက်က ပါလာ​နေပြီ ရင်မောစရာ

S''အင်း အဲ့အမကိုနင့်ခေါင်းထဲကထုတ်ထားလိုက် သူ့ဘာသာချစ်တယ်ပြောပြော ကြိုက်တယ်ပြောပြော နင်ချစ်တာ လီလီမလား

C''အေးလေ ငါသူ့ကိုဘယ်လောက်ရူးလဲနင်သိနေတာပဲ

S''အေး သိတယ်လေ နင့်စိတ်ထဲထည့်ထားဖို့က လီလီနဲ့အကြောင်းပဲ သူနဲ့ရောအဆင်ပြေလား

C''မနက်ကတော့လာသွားတယ် မျက်နှာတော့သိပ်မကောင်းဘူး

S''ဟုတ်လား ဘာလို့မကောင်းတာလဲကိုရောသိလား

C''ဟင့်အင်း

S''သူသဝန်များတိုနေတာလား

C''ငါနဲ့မမအိုင်ယူကိုလား

S''အင်းလေ နင်တို့ကြားထဲမှာ ဘာအခန့်မသင့်တာရှိသေးလဲ

C''ဟင့်အင်း မရှိဘူး

S''အင်း နင့်ဘက်ကလည်းရေလာမြောင်းပေးလုပ်ပေးလေ ဒီတိုင်းကြီးတော့မနေနဲ့ပေါ့ဟ

C''ဟဲ့ ဒီထက့်မှပိုလုပ်ပေးရမယ်ဆိုလည်း ငါပဲသူ့ကိုချစ်နေပါတယ်လို့ပြောလိုက်တော့မယ်

S''အေး ကောင်းတယ် နင်ပဲပြောလိုက် သူပြောတာစောင့်နေရင်ကြာတယ်

C''ဟဲ့ ပြောစရာလား ငါကစကားအဖြစ်ပြောတာ

S''ဟင်ဘာလို့လဲ နင်ချစ်နေတာနင်ပြောတာပဲ

C''ဟဲ့ ငါကမိန်းကလေးလေ စပြောစရာလား

S''အမ် သူလည်းမိန်းကလေးလေ

ဆူဇီ့စကားကြောင့် ချယ်ဟင်ခနဲဖြစ်သွားရသည် ဟုတ်သားပဲလီလီလည်း မိန်းကလေးပဲကို

C''ဒါပေမယ့်သူက ကျားယားနေတာပဲလေ

S''ခုခေတ်မှာ မိန်းကလေးကတောင်ယောက်ျားလေးကို စပြောတာတွေတစ်ပုံကြီး

ချယ်ခဏမျှတွေသွားရသည် ချယ်ဆူဇီပြောသလိုလုပ်လိုက်ရင်ကောင်းမလား

C''သူငြင်းရင်ရော

S''မငြင်းလောက်ပါဘူး ငါ့သူငယ်ချင်းကဒီလောက်ချောတာ ငြင်းမယ့်သူရှိပါ့မလား

C''😒😒

S''ဟုတ်တယ် အတည်နင်ပဲဖွင့်ပြောလိုက်

C''တစ်ကယ်လုပ်လိုက်ရမလား

S''အေးဆို လုပ်လိုက်လို့

C''အေး အခြေအနေကောင်းရင် ပြောလိုက်မယ်

ချယ့်စကားအဆုံးမှာတော့ ဆူဇီကျေနပ်စွာပြူံးလိုက်မိတော့သည် ရေခဲတုံးမကစပြီး ရည်းစားစကားပြောမယ်တဲ့ ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ရတာပေါ့လေ...
(အချွန်နဲ့မပြီ😂😂..

လီလီနေရာမှာအတော်ကြာထိုင်နေခဲ့ပြီး နောက်ကျိနေသောစိတ်တို့ ပြေလျော့သွားတော့မှ နေရာမှထကာကားလေးပေါ်ပြန်တက်ပြီး အန်တီဆိုမီအိမ်သို့ မောင်းလာခဲ့လိုက်သည်..

So''လီလီပြန်လာပြီလား မျက်နှာလည်းမကောင်းပါလား ဘာဖြစ်လာလို့လဲ

Li''ဘာမှမဖြစ်ပါဘူးအန်တီရယ်

So''ဘာလို့လဲ အိမ်ကိုလွမ်းနေပြီလား

Li''မဟုတ်ပါဘူး အခြားကိတ်စပါ

So''အန်တီ့ကိုပြောပြလေ

Li''ချယ်ဆိုတဲ့မိန်းကလေးလေ သူ့ကိုလီလီချစ်လို့

ကြိုက်လို့လို့ပြောခြင်းမျိုးမဟုတ် ချစ်လို့ဆိုသည့်စကားကိုပြောလာသည့် ဒီကလေးရဲ့မျက်နှာက အရမ်းတည်ကြည်လွန်းလှသည်မို့
လေးလေးနက်နက်ချစ်နေသည်မှန်း ဆိုမီသိလိုက်ပါပြီ

So''အင်း လီဆာရောသိလား

Li''ဟုတ် ဘယ်သူမှန်းမသိပေမယ့် မေမေရောမာမီရောသိပါတယ်

So''အင်း ဒါဆိုဘာလို့စိတ်ညစ်နေတာလဲ ကောင်မလေးကငြင်းလိုက်လို့လား

Li''ဖွင့်မပြောရသေးဘူး သူ့အနားအခြားတစ်ယောက်ပေါ်လာလို့

So''အော်..သူလည်းလီလီ့ကိုချစ်ချင်ချစ်နေမှာပေါ့ ဖွင့်ပြောလိုက်လေ

Li''သူငြင်းလိုက်ရင် ဘယ်လိုလုပ်မလဲ

So''ဖြစ်မလာသေးတဲ့အရာတွေကိုတွေးပြီး စိတ်ညစ်နေတာထက် ကြုံလာမယ့်အရာတွေကို ရင်ဆိုင်လိုက်တာကပိုကောင်းတယ်လီလီရဲ့

Li''ဟုတ်

လီလီဘာဖြစ်ဖြစ်ဆိုပြီး ဖွင့်ပြောလိုက်ရင်ကောင်းမလားစဥ်းစားနေချိန်မှာပဲ

"Ph ring

Li''ဟယ်လို မေမေ

J''အမလေး သမီးလေးတစ်ယောက်ရှိပါတယ် ဖုန်းလေးတောင်ဆက်ဖော်မရ မေမေတို့ဆက်တဲ့ချိန်ကိုင်ပေးတာတောင် ကျေးဇူးတင်ရမလိုပဲ

Li''အဟား မေမေကလည်း ရွဲ့ပြီ

J''မရွဲ့ပါဘူး အတည်ပြောနေတာ တစ်နေ့တစ်ခါလေးတောင်ဖုန်းမဆက်နိုင်ရအောင် တော်တော်အလုပ်များနေတယ်ထင်ပ

Li''မေမေကလည်း မဆူပါနဲ့ လီလီငိုချင်နေတာနော်

အမြဲပေါ့ပေါ့ပါးပါးနေလာခဲ့သော သမီးဖြစ်သူဆီမှ ငိုချင်တယ်ဆိုသောစကားကြောင့် ဂျင်းစိုးရိမ်သွားကာ

J''ဘာဖြစ်လို့လဲလီလီ သမီးတစ်ခုခုဖြစ်လို့လား

Li''ဟင့်အင်း ဘာမှတော့မဖြစ်ပါဘူး

J''ဘာလို့လဲမေမေ့ကိုပြောပြ ရင်ပူအောင်မလုပ်နဲ့နော်

Li'လီလီချစ်နေတဲ့ကောင်မလေးကို ဆုံးရှုံးရမှာစိုးလို့

J''ဘာလို့လဲ သူ့မှာအခြားသူရှိနေလို့လား

Li''သူ့ဘက်ကတော့မသိဘူး ဟိုတစ်ယောက်ကတော့သူ့ကိုကြိုက်နေပုံပဲ

J''အဲ့ဒါဘာအရေးလဲ သူသမီးကိုချစ်ရင်ရပြီလေ

Li''မသိလို့ပေါ့ သူကလီလီ့ကိုကြိုက်ပါ့မလား

J''အမလေး ဒီလောက်ချော ဒီလောက်တော် ဘယ်နေရာမှလိုအပ်ချက်မရှိတဲ့ မေမေ့သမီးကိုငြင်းရင် ငြင်းတဲ့သူရူးနေလို့ပဲ

ဂျင်းစကားလည်းပြီးရော ချစ်ရတဲ့တစ်ဦးထဲသော သမီးလေးဆီမှရယ်သံလေးထွက်ပေါ်လာပြီး

Li''မေမေကလည်း

J''ဟုတ်တယ် လူကောင်းသာဆိုမေမေ့သမီးကို ငြင်းမှာမဟုတ်ဘူး

Li''သူကရူးတော့မရူးလောက်ပါဘူးမေမေရဲ့

J''အဲ့ဆို ပူမနေနဲ့ သမီးကိုကျိန်းသေလက်ခံမှာ

Li''အာ့ဆို လီလီဖွင့်ပြောလိုက်မယ်လေ

J''အင်း မေမေအကြံပေးရမလား ဘယ်လိုဖွင့်ပြောရမယ်ဆိုတာ

Li''ဟုတ် ပြောပြမေမေ

J''..
.
.

Li''ရား မေမေ့ကိုပိုချစ်သွားပြီ ဒါမှလီလီ့မေမေ

J''အာ့လိုရယ်နေစမ်းပါ လီလီပီသအောင်နေ သူ့ဆီကအဖြေရပြီဆိုရင်တော့ အိမ်ပြန်လာခဲ့အုံး

Li''ဟုတ်ကဲ့ ချစ်တယ်မေမေ

J''မေမေကလည်းချစ်တယ် ဒါပဲနော်လီလီ

Li''ဟုတ်

ဖုန်းလေးကျသွားပြီးပြုံးရွှင်သွားသော လီလီ့မျက်နှာကြောင့်

So''ကဲ မေမေကဘာပြောလိုက်လို့လဲ ချက်ချင်းကိုပြုံးရွှင်သွားတော့တာပဲနော်

Li'ဟီး မေမေလေ ဘယ်လိုဖွင့်ပြောရမလဲအကြံပေးတာ

So''ကဲ ဟုတ်ပါပြီ

Li''ဟီး လီလီဒိုင်ယာလော့လေး နည်းနည်းသွားကျင့်လိုက်အုံးမယ်နော်

ဆိုမီခေါင်းညိမ့်ပြလိုက်တော့ အခန်းထဲပြေးဝင်သွားသည့် လီလီ့ကိုကြည့်ပြီးဆိုမီပြုံးလိုက်ကာ သိပ်ချစ်စရာကောင်းသည့်ကလေးပဲလို့ မှတ်ချက်ပြုလိုက်မိတော့သည်....

ကဲ နောက်တစ်ပိုင်းကတော့😁😁..






















Zawgyi




C''လီလီ လာလေ ဘာလာလုပ်တာ




L''အမကရော ဘာလာလုပ်တာလဲ








L''အင်း





C''လီလီ ဘာလာလုပ်တာလဲ





L''ကိုယ်ပြန်တော့မယ်

C''..


C''ဟင် အင်းပြန်လေ

L''အင်း













S''ဟဲ့ ဘာဖြစ်တာလဲ

C''အင်း ပြောစရာရှိလို့

S''အေး ပြော

.
.
.

S''အင်း အဲ့တော့










C''ဟင့်အင်း




C''ဟင့်အင်း မရှိဘူး












C''သူငြင်းရင်ရော


C''





(အချွန်နဲ့မပြီ..






So''အန်တီ့ကိုပြောပြလေ



So''အင်း လီဆာရောသိလား







Li''ဟုတ်


"Ph ring

Li''ဟယ်လို မေမေ
















Li''မေမေကလည်း






Li''ဟုတ် ပြောပြမေမေ

J''..
.
.





Li''ဟုတ်




So''ကဲ ဟုတ်ပါပြီ














Continue Reading

You'll Also Like

116K 4.1K 37
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
158K 4.5K 63
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
511K 14.6K 107
"aren't we just terrified?" 9-1-1 and criminal minds crossover 9-1-1 season 2- criminal minds season 4- evan buckley x fem!oc
218K 5.4K 20
Your daughter runs off while you were in the middle of grocery shopping because she spotted Max, her favourite driver. Meeting you, Max wants to know...