Section-1
"ကိုကို~သူတို့နဲ့ လိုက်သွားနော်....ကျွန်တော်အကုန်စီစဥ်ပြီးသွားပြီ....ကိုကို့ကို Adtonရောက်အောင် သူတို့ပို့ပေးကြလိမ့်မယ်..."
".............."
"လိုက်သွားနော်...ကိုကို..တော်ကြာ Adtonရောက်ဖို့နောက်ကျနေလိမ့်မယ်...."
မနေ့ကဘဲ သူ့တို့နမ်းနေကြတာကို အခုတော့
မသိသလိုနဲ့ တစ်ယောက်ထဲ ခရီးဆက်ခိုင်းနေတဲ့ ဂျောင်ဂုဟာ မုန်းစရာကောင်းတယ်....
"ဘာလို့လဲ ကိုကို ဟင်...သူတို့ကိုမယုံလို့လား...ကျွန်တော်အားလုံးသေချာစီစဥ်ထားပါတယ်....သူတို့ကယုံကြည်ရတဲ့သူတွေပါ...."
သူဘာမှပြန်မပြောတာကြောင့် ဂျောင်ဂုက နောက်တစ်ခါထပ်ပြောတယ်...
"ဒါဆို ဂျောင်ဂုကရော...."
"ကျွန်တော်က ဒါဏ်ရာနဲ့ဆိုတော့ အတူသွားရင်ခရီးမတွင်ဘဲနေမှာပေါ့...ကိုကိုရဲ့....အရင်သွားနှင့်လိုက်လေနော်....."
သူ့ဘာသာသူ အထင်တွေနဲ့ ခပ်တိုးတိုးရှင်းပြနေတဲ့ ဂျောင်ဂုကိုခြေထောက်တစ်ချက်
ဆောင့်ပြလိုက်တယ်....
"ဘာလို့လဲ ကိုကိုရဲ့..."
"လာမမေးနဲ့~သိချင်ရင် ဂျောင်ဂုမှာရှိတဲ့အစွမ်းကိုသုံးကြည့်ပါလား..."
ဂျောင်ဂုနဲ့ပဲအတူသွားချင်တာ~တခြားသူတွေနဲ့အတူရှိမနေချင်ပါဘူး....ပြီးတော့ ဒီခရီးဟာ သူတို့အတွက်နောက်ဆုံးမဟုတ်လား....
သူ့ဘဝအမှန်ကို မသိလို့သာ~သိသွားရင်
ဂျောင်ဂုကပြောင်းလဲသွားမှာ...သူ့ဘဝအမှန်ကို Adtonရောက်ရင် ဂျောင်ဂုလည်းသိသွားမှာ ဖြစ်တာကြောင့် အခုလိုမျိုးအခြေအနေမှာ အတူရှိနေချင်တာ သူ့အလွန်တော့မဟုတ်ဘူးလေ...
နိုးလာရင်ပျောက်ကွယ်သွားမယ့် အိပ်မက်ကလေးဆိုပေမယ့် မက်ခွင့်ရတုန်းမှာတော့ ထွေးပွေ့ထားချင်မိတယ်....
"ကျွန်တော့်ကို ကြည့်ပါဦး ကိုကိုရဲ့...."
မျက်ရည်တွေဝဲနေတဲ့ ကိုကို့ကို ကြည့်ပြီး သူပြုံးလိုက်မိတယ်.....
သူ့မှာ ဒါဏ်ရာရနေတာကြောင့် Adtonကို ကိုကိုရောက်ချင်တဲ့ အချိန်မှာမရောက်နိုင်မှာ စိုးလို့စီစဥ်မိတာကို စိတ်ဆိုးသွားတာ.....
ဝမ်းနည်းတတ်တဲ့ ပုံစံကအစ တကယ့်ကလေးလေး...
သူအကူအညီတောင်းထားတဲ့ ခရီးသွားအဖွဲ့ကို မလိုက်ဖြစ်တော့ကြောင်းသာ ပြောပြလိုက်ရတယ်...
"ကျွန်တော့်ကိုကိုက လိုက်မသွားချင်ဘူးကိုး.... အဲ့တာကိုမသိဘဲနဲ့ စီစဥ်လိုက်မိတယ်.... စိတ်မကောင်းမဖြစ်နဲ့နော်..."
ချော့မော့ပြောကာမှ ကိုကိုက သူ့ရင်ခွင်ထဲကို တိုးလာရင်း မျက်နှာနဲ့ ရင်ဘတ်ကိုအပ်ထားတယ်.....တကယ့်အချွဲလေး...
"ဂျောင်ဂုနဲ့ပဲ တူတူနေမှာ...."
"အင်းပါ....အင်းပါ....အတူတူပဲနေကြမယ်နော်...."
ကိုကို့ခေါင်းလေးကို နမ်းရင်းသိချင်တဲ့ မေးခွန်းတစ်ခုကို ထုတ်မေးလိုက်မိတယ်....
"အတူတူနေမယ်ဆိုတာ ဘယ်အချိန်အထိကိုပြောတာလဲဟင်~ကိုကို..."
"ဂျောင်ဂု မထားခဲ့ခင်အချိန်အထိ...."
ရင်ခွင်ထဲက အသက်ကလေးဟာ တီးတိုးလေးပြောလာတယ်...
ကျွန်တော်က ထားခဲ့တဲ့နေ့အထိ အတူနေမယ်ဆိုရင် ကိုကိုကျွန်တော့်အနားမှာအမြဲနေရတော့မှာ...
ကိုကို့ကို ထားခဲ့ဖို့ဆိုတာကျွန်တော့်အသက်ရှိနေသ၍ ဘယ်တောမှဖြစ်မလာနိုင်ဘူးဆိုတာ တစ်နေ့တော့ ကိုကို့ကိုပြောပြဦးမှပါလေ.....
Section-2
"အိပ်တော့နော် ကိုကို~"
ဂျီမင်းနဖူးကိုနမ်းရင်း ဂျောင်ဂုကပြောတယ်...
"ဂျောင်ဂုရောပဲ~အိပ်တော့နော်...."
ဂျောင်ဂုမေးဖျားကိုမော့နမ်းရင်း သူပြောမိတယ်.....
ဂျီမင်းသဘောအတိုင်းဆိုရင် နောက်၂ရက်လောက်နေမှ ခရီးဆက်ချင်တာ.....ဒါပေမယ့် ဂျီမင်း Adtonရောက်ဖို့နောက်ကျမှာစိုးနေတဲ့ ဂျောင်ဂုကြောင့် မနက်ဖြန်မနက်ခရီးဆက်ကြရမှာ.........
ခပ်မှန်မှန်ထွက်ပေါ်လာတဲ့ ဂျောင်ဂုရဲ့အသက်ရှူသံကိုကြားရတော့မှ ဂျီမင်းအိပ်ရာကနေဖြည်းဖြည်း ထလိုက်တယ်.....
ဂျောင်ဂုရဲ့ခါးစည်းကြိုးကိုဖြေလိုက်ရင်း
မြင်လိုက်ရတာက ရင်ဘတ်ပေါ်မှာရှိနေတဲ့ ကြာပန်းပုံအမှတ်.....
ဓားနဲ့ လက်ဖဝါးကိုခွဲလိုက်ရင်း ဂျောင်ဂုဒါဏ်ရာပေါ်ကို သွေးစက်ချပေးလိုက်တယ်......
ချက်ချင်းကြီးဒါဏ်ရာပျောက်သွားရင်သံသယဝင်မှာစိုးတာကြောင့် တစ်ရက်နည်းနည်းချင်းပိုသက်သာလာအောင် အခုလိုမျိုး ဂျောင်ဂုမသိအောင်ဂျီမင်းကုသပေးနေတာ.....
စုန်းတွေရဲ့ ဆံပင်ထက် သွေးကဒါဏ်ရာတွေကို ကုသတဲ့နေရာမှပိုအစွမ်းထက်တယ်မဟုတ်လား......
အဲ့တာကြောင့် စုန်းတွေကို သတ်ရင် သွေးတွေအကုန်ထုတ်ယူပြီးမှ သတ်ကြတာ....
စုန်းတွေရဲ့အမုန်းတရားတွေစီးဆင်းနေတဲ့ သွေးဟာ ဒါဏ်ရာတွေကိုအပေါ်ယံသာသက်သာစေပေမယ့် သွေးအတွင်းအဆိပ်သင့်ပြီး သေဆုံးစေတယ်ဆိုတာ လူတွေမသိကြတဲ့အတွက် ဒီလိုလုပ်ကြတာ....
တကယ်ကစုန်းတွေရဲ့ သဘောတူညီမှုနဲ့ ရလာတဲ့သွေးကိုသုံးမှ ဒါဏ်ရာတွေကို ကုသပေးနိုင်တာ....
ဂျောင်ဂုရဲ့ဒါဏ်ရာကိုကြည့်လိုက်တော့ တော်တော်ကို သက်သာနေပြီ...ဒီညကျော်လွန်ရင်တော့ ပျောက်ကင်းသလောက်ကိုဖြစ်သွားမှာပါ.....
အခုမှစိတ်အေးသွားတာကြောင့် အိပ်ရာပေါ်မှာလှဲချလိုက်ပြီး ဂျောင်ဂုရင်ခွင်ထဲကိုတိုးဝင်လိုက်တယ်.....
နွေးထွေးလွန်းတဲ့ ဒီရင်ခွင်ထဲမှာ အိပ်စက်ခွင့်ဆိုတာက နောက်ဆိုမသေချာတော့ဘူးမဟုတ်လား.....
Section-3
နှစ်ဦးသဘောတူအနမ်းခြွေပြီးကထဲက
"ချစ်တယ်"လို့မပြောပေမယ့် ကိုကိုက သူ့ကိုကလေးဆန်ဆန်ချွဲနွဲ့လာတယ်.....
"ဂျောင်ဂု.....ဂျောင်ဂုလို့....."
"ပြော~ကိုကို....ပြော..."
ဆံပင်စည်းတာက အစ ခါးစည်းကြိုးစည်းတာအဆုံး သူ့ကိုလုပ်ခိုင်းတယ်....ပြီးရင်
ဟိုဟိုဒီဒီသိချင်တာတွေမေးမယ်.....
ဂျောင်ဂုဖြေတဲ့အဖြေကို သဘောမကျဘူးဆိုရင် နှုတ်ခမ်းစူမယ်.....စတွေ့တုန်းက ခပ်တည်တည်နေတဲ့ ကိိုကို ဒီလိုလေးတွေလုပ်တာကို ဂျောင်ဂုကတော့သိပ်သဘောကျတယ်....
အခုလည်း ဆံပင်စည်းပေးနေတဲ့ သူ့ကိုနာမည်ခေါ်နေပြီ~
"ဂျောင်ဂုက Adtonကို ဘာသွားလုပ်မှာလဲ...."
မွန်းတည့်နေကိုရှောင်ဖို့ တည်းခိုဆောင်တစ်ခုမှာ ခဏအနားယူကြပြီး နေစောင်းတော့ခရီးဆက်ဖို့ပြင်နေတုန်းကိုကိုကမေးတယ်...
"ကျွန်တော့အဖေရဲ့ သူငယ်ချင်းက Adtonမှာနေတယ် ကိုကိုရဲ့ ....သူက အဖေ့ကိုအကူအညီတစ်ခုတောင်းထားတာရှိတယ်...
အဲ့တာကြောင့် သွားရမှာ ...."
"သြော်......"
"ကဲ~ပြီးပြီး လှသွားပြီ...ကြည့်စမ်း..."
ဆံပင်လေးကို သေချာစည်းနှောင်ပေးလိုက်တော့ သဘောတကျပြုံးတယ်....
အရင်အတိုင်း မြင်းလေးစီးပြီးခရီးဆက်ခဲ့ကြတယ်.....ဂျောင်ဂုရင်ခွင်ထဲကိုမှီထားရင်း အတွေးတွေးက ဟိုရောက်လိုက်ဒီရောက်လိုက်နဲ့.....
Adtonကို နောက်၃ရက်ဆိုရောက်တော့မှာ....
အဲ့ဒီအခါကျရင် ဂျောင်ဂုပြောင်းလဲသွားတာကို သူလက်ခံနိုင်ပါ့မလား.....
သူတို့သိတာအခုမှ ရက်ပိုင်းပဲရှိသေးပေမယ့်
မညာတမ်းဝန်ခံရရင် သူ ဂျောင်ဂုကိုချစ်တယ်....ဖွင့်ဟဝန်မခံဘူးဆိုတာကလည်း ဂျောင်ဂုပြောင်းလဲသွားရင် သူခံနိုင်ရည်မရှိမှာစိုးလို့....
အခုနေ ဟူဒူနဲ့ ချင်စန်းရှိရင်ကောင်းမှာ...သူတို့နဲ့ တိုင်ပင်ကြည့်ရင်အဖြေတစ်ခုတော့ထွက်လာမှာ....
Adtonမြို့ကိုမဝင်ခင် ဆုံဖို့ပြောထားတော့ နောက်၃ရက်ဆို ဟူဒူတို့နဲ့တွေ့ရပြီ.....
ဂျောင်ဂု သူ့ဘဝအမှန်ကို သိသွားရင်တောင်
မစွန့်လွှတ်နိုင်လောက်အောင် ချစ်နေဖို့ ဂါထာတစ်ခုနဲ့စီရင်လိုက်ဖို့ တွေးမိပေမယ့် အဲ့လိုလုပ်မှပိုင်ဆိုင်ရတယ်ဆိုတဲ့ အတွေးနဲ့ သူလိပ်ပြာလုံနိုင်မယ်မထင်....ဒီလိုအခြေအနေမှာ လူသားတွေရော ဘယ်လိုနည်းကိုသုံးလဲ မသိ....
"ဘာလို့ သက်ပြင်းချနေတာလဲ ကိုကိုရဲ့...."
တွေးနေရင်း သက်ပြင်းချနေမိတဲ့သူ့ကို
ဂျောင်ဂုကမေးတယ်....
"ဂျောင်ဂုကို မေးစရာတစ်ခုရှိတယ်....."
သူပြောတာကို ဂျောင်ဂုကစိတ်ဝင်တစားနားထောင်တယ်....
"ဥပမာပြောတာနော်.....ဘယ်သူမှမရှိတဲ့တိတ်ဆိတ်နေတဲ့နေရာကြီးမှာဆိုရင် ဂျောင်ဂုနေနိုင်လောက်လားဟင်....."
"လူတွေရော မရှိဘူးလား......"
"အင်း...မရှိဘူး....."
"ဘာဆိုဘာမှမရှိတာလား....."
"အင်း......ဘာဆိုဘာမှ မရှိဘူး..."
သူ့စကားကို ဂျောင်ဂုက သေချာအောင်ထပ်မေးခွန်းတွေထုတ်တယ်.....
"ကိုကိုရော~ရှိမှာလား...အဲ့နေရာမှာ..."
ဂျောင်ဂုအဖြေကို သိချင်တာအပြင် စိတ်ရင်းအတိုင်းဖြေမဖြေကိုပါ သေချာချင်တာ
ကြောင့် မျက်တောင်မခတ်ကြည့်နေရင်းမှ ခေါင်းငြိမ့်ပြလိုက်တယ်....
"နေနိုင်တာပေါ့....ဘာမှမရှိရင်တောင် ကိုကိုရှိရင် ကျွန်တော်နေနိုင်တယ်....."
လေးလေးနက်နက်ပြောတဲ့ ဂျောင်ဂုစကားကို သဘောကျပေမယ့် မယုံရဲတဲ့စိတ်ကတော့ရှိနေဆဲ....
"မယုံဘူးလား~ကိုကိုရဲ့....တကယ်ပြောတာပါ...ကျွန်တော့်အတွက်ကိုကိုသာရှိရင်ရပြီ~ကျန်တာဘာမှမလိုဘူး...."
သူ့စိတ်ကို သိတဲ့ဂျောင်ဂုက ထပ်ပြောလာတယ်.....
ဂျောင်ဂုသာသူနဲ့အတူ Teskaကိုလိုက်ခဲ့မယ်ဆိုရင် သူ့ဘဝမှာဘာမှမလိုလောက်အောင်
ပြည့်စုံသွားမယ်လို့ ဂျီမင်းထင်တယ်....
ရင်ခွင်ထဲမှာ မှီနေရင်း ဂျောင်ဂုလက်နှစ်ဖက်ကို ဆုပ်ကိုင်ထားရင်း စိတ်ထဲကနေပြောမိတယ်....
အတူ ရှိနေချင်မိတာဟာ လောဘကြီးလွန်းရာကျတယ်ဆိုပေမယ့်လည်း မစွန့်လွှတ်နိုင်လို့ ကိုကိုကပဲ တောင်းပန်ပါတယ် ဂျောင်ဂုရယ်နော်......
Section-4
Adtonမြို့မဝင်ခင်မှာဆုံဖို့ ပြောထားပေ
မယ့်Adtonမရောက်ခင်ဖြတ်သန်းသွားရတဲ့ မြို့မှာ ဂျီမင်းကို ဟူဒူနဲ့ ချင်စန်းစောင့်ကြိုနေခဲ့တယ်......
ရုတ်တရက် ဟူဒူနဲ့ချင်စန်းကိုတွေ့လိုက်ရ
ပေမယ့် ဂျောင်ဂုကဘာမှမမေးတဲ့အပြင်
သူတို့စကားပြောလို့ရအောင် ရှောင်ထွက်ပေးသွားခဲ့တယ်......
"ကျွန်တော်တို့စုံစမ်းရသလောက်တော့
မင်းသမီးဟယ်ယွန်းရဲ့ ဖူးစာရှင်က မင်းသမီး၁၈နှစ်ပြည့်တဲ့နေ့မတိုင်ခင် Adtonကိုရောက်လာမယ်တဲ့ အရှင်....."
ဒါဟာ သူပေးမယ့် "အသစ်တဖန်မွေးဖွားခြင်း"ကျိန်စာအတွက် ကြိုတင်ပြင်ဆင်နေတာပဲ.....ဒါဆို သူလာမှာကို Adtonကကြိုသိနေတယ်ဆိုတာ တကယ်ပဲကိုး.....
"ဟယ်ယွန်းရဲ့ ဖူးစာရှင်ဆိုတာကို ဘယ်လိုသိနိုင်မှာတဲ့လဲ...."
"မင်းသား အသုံးပြုတဲ့ဓားမှာ Eddsorရဲ့အမှတ်အသား ခြေင်္သေ့ခေါင်းပုံတံဆိပ်ရှိတယ်...ပြီးတော့ မင်းသားရဲ့ဘယ်ဘက်ရင်အုံမှာ ကြာပန်းပုံမွေးရာပါအမှတ်ရှိတယ်လို့ပြောပါတယ် အရှင်......"
ချင်စန်းစကားအဆုံးမှာ သူ့မျက်စိထဲမြင်လိုက်တာက ဂျောင်ဂုအမြဲဆောင်ထားတဲ့ ခြင်္သေ့ခေါင်းပုံလက်ကိုင်နဲ့ ဓား....
ပြီးတော့ ဝက်ဝံနဲ့တိုက်ခိုက်တုန်းကရတဲ့
ဒါဏ်ရာကိုဆေးထည့်ပေးတုန်းက မြင်ရတဲ့ ကြာပန်းပုံအမှတ်.....
ဂျောင်ဂုသာ Eddsorရဲ့မင်းသားဆိုရင်
ဂျီမင်းကို အဆုံးစီရင်ပစ်ပြီး အသစ်တဖန်မွေးဖွားခြင်း ကျိန်စာကိုဖြေပေးမယ့် ဟယ်ယွန်းရဲ့ကြင်ယာတော်ပေါ့.....
ဒါတွေကို ကြိုသိထားပြီး ဂျောင်ဂုသူ့အနားကိုရောက်လာခဲ့တာလားဆိုတာ သူအတည်ပြုဖို့လိုအပ်နေပြီ.......
လှုပ်ခတ်လာတဲ့ စိတ်အခြေအနေကြောင့် ဟူဒူနဲ့ချင်စန်းကို စကားဆက်မပြောနိုင်ဘဲ
ဂျောင်ဂုဆီကို သူထွက်လာခဲ့တော့တယ်....
Section-5
အခန်းထဲကို ဝင်လိုက်တော့ စားပွဲမှာထိုင်နေတဲ့ ဂျောင်ဂုက သူ့ကိုပြုံးပြတယ်.....
"ပြန်လာပြီလား ကိုကို....မျက်နှာလည်းမကောင်းဘူး နေမကောင်းဘူးလား...."
ဂျီမင်းနဖူးကို စမ်းကြည့်ဖို့ရှေ့တိုးလာတဲ့
ဂျောင်ဂုလက်ကို တားဆီးလိုက်ရင်း မျက်လုံးချင်းစုံကြည့်လိုက်တယ်.....
"မင်းအကုန်သိနေပြီးသားလားဆိုတာ ငါသိချင်တယ် ဂျောင်ဂု...."
အဖြစ်မှန်ကို သိချင်တယ်လို့ ဘယ်လိုပဲပြောပြော တကယ်လို့ဂျောင်ဂုသာ ဝန်ခံလိုက်မယ်ဆိုရင် သူလက်ခံနိုင်ဖို့အတော်ကြိုးစားရမယ်....ဟယ်ယွန်းရဲ့၁၈နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ မနက်ဖြန်ညမှ အဖြစ်မှန်ကို သိရမယ်ဆိုရင် ကောင်းမှာပဲ.....
အဲ့တာဆိုရင်ဒီနေ့တစ်ရက်တော့ သူစိတ်ချမ်းသာစွာနဲ့ ဂျောင်ဂုရင်ခွင်ထဲမှာ အိပ်စက်နိုင်မယ်ထင်တယ်.......
အခုတော့ သူ့ကိုမျက်နှာသာမပေးတဲ့ ကံကြမ္မာဟာ တစ်ရက်ကြိုပြီး ဂျောင်ဂုနဲ့ ဝေးခိုင်းနေလေပြီ....
"ဘာကိုပြောတာလဲ ကိုကို...."
"မင်းက Eddsorရဲ့မင်းသားဆိုတာ ဟုတ်လား....ပြီးတော့ Adtonနဲ့ ငါ့ရဲ့
ပတ်သတ်မှုကို မင်းသိထားပြီးသားလား....."
သူ့စကားကို ဂျောင်ဂုကပြန်မဖြေ~
အံ့သြသွားဟန်လည်းမပြတာကြောင့်
ဂျောင်ဂုမဖြေပေမယ့် သိပြီးသားဆိုတာ
သူနားလည်သွားတယ်....
"မင်းဖြေတာငါကြားချင်တယ် ဂျောင်ဂု...."
"ဟုတ်တယ် ကိိုကို.....ဒါပေမယ့် ကိုကိုထင်သလို တမင်ဖုံးကွယ်ထားတာမဟုတ်ဘူး....ကျွန်တော်ရှင်းပြမယ်....."
ဒါဆို သူ့ကို တကယ်မချစ်ဘဲလှည့်စားခဲ့တာလား.....
တွေးရုံနဲ့တင် လက်မခံနိုင်တာကြောင့် ဂျီမင်းစိတ်ရှုပ်ထွေးစွာအော်လိုက်မိတယ်.....
"ထွက်သွား.....မင်းအခုထွက်သွား...."
သူဒေါသတကြီး အော်လိုက်ပေမယ့် ဂျောင်ဂုက အခန်းအပြင်ကိုထွက်မသွားဘဲရပ်နေတယ်.....
"ငါ ဒီထက်ပိုပြီး ဒေါသထွက်လာရင် ဘာလုပ်မိမလဲမသိဘူး ဂျောင်ဂု~မင်းအခုထွက်သွား..."
ဒေါသတကြီးပြောနေမိတဲ့ သူ့လက်နှစ်ဖက် ဂျောင်ဂုက ချုပ်ကိုင်လိုက်ရင်း နှုတ်ခမ်းချင်းထိထားတာ အနမ်းပေးလာတယ်.....
"ကိုကို စိတ်အရမ်းလှုပ်ရှားနေတယ်....ခဏအိပ်လိုက် နိုးလာရင် အားလုံးအဆင်ပြေသွားလိမ့်မယ်...."
နှုတ်ခမ်းချင်းခွာပြီး ပြောလိုက်တဲ့ ဂျောင်ဂုစကားအဆုံးမှာ ဂျီမင်းအတွေးတွေ မှုန်ဝါးလာတယ်.....
"အိပ်တော့ ကိုကို......နေရောင်ရဲ့အတောက်ပဆုံးအချိန်ရောက်မှ နိုးထလာခဲ့ပါ....."
ဂျောင်ဂုက အိပ်မွေ့ချနိုင်တာလားဆိုတဲ့ အတွေးမဆုံးခင်မှာပဲ ဂျီမင်းအိပ်ပျော်သွားခဲ့လေတော့တယ်....
1.10.20(Thursday)
ဆက်ရန်.....
Zawgyi
Section-1
"ကိုကို~သူတို႔နဲ႕ လိုက္သြားေနာ္....ကြၽန္ေတာ္အကုန္စီစဥ္ၿပီးသြားၿပီ....ကိုကို႔ကို Adtonေရာက္ေအာင္ သူတို႔ပို႔ေပးၾကလိမ့္မယ္..."
".............."
"လိုက္သြားေနာ္...ကိုကို..ေတာ္ၾကာ Adtonေရာက္ဖို႔ေနာက္က်ေနလိမ့္မယ္...."
မေန႕ကဘဲ သူ႕တို႔နမ္းေနၾကတာကို အခုေတာ့
မသိသလိုနဲ႕ တစ္ေယာက္ထဲ ခရီးဆက္ခိုင္းေနတဲ့ ေဂ်ာင္ဂုဟာ မုန္းစရာေကာင္းတယ္....
"ဘာလို႔လဲ ကိုကို ဟင္...သူတို႔ကိုမယုံလို႔လား...ကြၽန္ေတာ္အားလုံးေသခ်ာစီစဥ္ထားပါတယ္....သူတို႔ကယုံၾကည္ရတဲ့သူေတြပါ...."
သူဘာမွျပန္မေျပာတာေၾကာင့္ ေဂ်ာင္ဂုက ေနာက္တစ္ခါထပ္ေျပာတယ္...
"ဒါဆို ေဂ်ာင္ဂုကေရာ...."
"ကြၽန္ေတာ္က ဒါဏ္ရာနဲ႕ဆိုေတာ့ အတူသြားရင္ခရီးမတြင္ဘဲေနမွာေပါ့...ကိုကိုရဲ႕....အရင္သြားႏွင့္လိုက္ေလေနာ္....."
သူ႕ဘာသာသူ အထင္ေတြနဲ႕ ခပ္တိုးတိုးရွင္းျပေနတဲ့ ေဂ်ာင္ဂုကိုေျခေထာက္တစ္ခ်က္
ေဆာင့္ျပလိုက္တယ္....
"ဘာလို႔လဲ ကိုကိုရဲ႕..."
"လာမေမးနဲ႕~သိခ်င္ရင္ ေဂ်ာင္ဂုမွာရွိတဲ့အစြမ္းကိုသုံးၾကည့္ပါလား..."
ေဂ်ာင္ဂုနဲ႕ပဲအတူသြားခ်င္တာ~တျခားသူေတြနဲ႕အတူရွိမေနခ်င္ပါဘူး....ၿပီးေတာ့ ဒီခရီးဟာ သူတို႔အတြက္ေနာက္ဆုံးမဟုတ္လား....
သူ႕ဘဝအမွန္ကို မသိလို႔သာ~သိသြားရင္
ေဂ်ာင္ဂုကေျပာင္းလဲသြားမွာ...သူ႕ဘဝအမွန္ကို Adtonေရာက္ရင္ ေဂ်ာင္ဂုလည္းသိသြားမွာ ျဖစ္တာေၾကာင့္ အခုလိုမ်ိဳးအေျခအေနမွာ အတူရွိေနခ်င္တာ သူ႕အလြန္ေတာ့မဟုတ္ဘူးေလ...
နိုးလာရင္ေပ်ာက္ကြယ္သြားမယ့္ အိပ္မက္ကေလးဆိုေပမယ့္ မက္ခြင့္ရတုန္းမွာေတာ့ ေထြးေပြ႕ထားခ်င္မိတယ္....
"ကြၽန္ေတာ့္ကို ၾကည့္ပါဦး ကိုကိုရဲ႕...."
မ်က္ရည္ေတြဝဲေနတဲ့ ကိုကို႔ကို ၾကည့္ၿပီး သူၿပဳံးလိုက္မိတယ္.....
သူ႕မွာ ဒါဏ္ရာရေနတာေၾကာင့္ Adtonကို ကိုကိုေရာက္ခ်င္တဲ့ အခ်ိန္မွာမေရာက္နိုင္မွာ စိုးလို႔စီစဥ္မိတာကို စိတ္ဆိုးသြားတာ.....
ဝမ္းနည္းတတ္တဲ့ ပုံစံကအစ တကယ့္ကေလးေလး...
သူအကူအညီေတာင္းထားတဲ့ ခရီးသြားအဖြဲ႕ကို မလိုက္ျဖစ္ေတာ့ေၾကာင္းသာ ေျပာျပလိုက္ရတယ္...
"ကြၽန္ေတာ့္ကိုကိုက လိုက္မသြားခ်င္ဘူးကိုး.... အဲ့တာကိုမသိဘဲနဲ႕ စီစဥ္လိုက္မိတယ္.... စိတ္မေကာင္းမျဖစ္နဲ႕ေနာ္..."
ေခ်ာ့ေမာ့ေျပာကာမွ ကိုကိုက သူ႕ရင္ခြင္ထဲကို တိုးလာရင္း မ်က္ႏွာနဲ႕ ရင္ဘတ္ကိုအပ္ထားတယ္.....တကယ့္အခြၽဲေလး...
"ေဂ်ာင္ဂုနဲ႕ပဲ တူတူေနမွာ...."
"အင္းပါ....အင္းပါ....အတူတူပဲေနၾကမယ္ေနာ္...."
ကိုကို႔ေခါင္းေလးကို နမ္းရင္းသိခ်င္တဲ့ ေမးခြန္းတစ္ခုကို ထုတ္ေမးလိုက္မိတယ္....
"အတူတူေနမယ္ဆိုတာ ဘယ္အခ်ိန္အထိကိုေျပာတာလဲဟင္~ကိုကို..."
"ေဂ်ာင္ဂု မထားခဲ့ခင္အခ်ိန္အထိ...."
ရင္ခြင္ထဲက အသက္ကေလးဟာ တီးတိုးေလးေျပာလာတယ္...
ကြၽန္ေတာ္က ထားခဲ့တဲ့ေန႕အထိ အတူေနမယ္ဆိုရင္ ကိုကိုကြၽန္ေတာ့္အနားမွာအၿမဲေနရေတာ့မွာ...
ကိုကို႔ကို ထားခဲ့ဖို႔ဆိုတာကြၽန္ေတာ့္အသက္ရွိေနသ၍ ဘယ္ေတာမွျဖစ္မလာနိုင္ဘူးဆိုတာ တစ္ေန႕ေတာ့ ကိုကို႔ကိုေျပာျပဦးမွပါေလ.....
Section-2
"အိပ္ေတာ့ေနာ္ ကိုကို~"
ဂ်ီမင္းနဖူးကိုနမ္းရင္း ေဂ်ာင္ဂုကေျပာတယ္...
"ေဂ်ာင္ဂုေရာပဲ~အိပ္ေတာ့ေနာ္...."
ေဂ်ာင္ဂုေမးဖ်ားကိုေမာ့နမ္းရင္း သူေျပာမိတယ္.....
ဂ်ီမင္းသေဘာအတိုင္းဆိုရင္ ေနာက္၂ရက္ေလာက္ေနမွ ခရီးဆက္ခ်င္တာ.....ဒါေပမယ့္ ဂ်ီမင္း Adtonေရာက္ဖို႔ေနာက္က်မွာစိုးေနတဲ့ ေဂ်ာင္ဂုေၾကာင့္ မနက္ျဖန္မနက္ခရီးဆက္ၾကရမွာ.........
ခပ္မွန္မွန္ထြက္ေပၚလာတဲ့ ေဂ်ာင္ဂုရဲ႕အသက္ရႉသံကိုၾကားရေတာ့မွ ဂ်ီမင္းအိပ္ရာကေနျဖည္းျဖည္း ထလိုက္တယ္.....
ေဂ်ာင္ဂုရဲ႕ခါးစည္းႀကိဳးကိုေျဖလိုက္ရင္း
ျမင္လိုက္ရတာက ရင္ဘတ္ေပၚမွာရွိေနတဲ့ ၾကာပန္းပုံအမွတ္.....
ဓားနဲ႕ လက္ဖဝါးကိုခြဲလိုက္ရင္း ေဂ်ာင္ဂုဒါဏ္ရာေပၚကို ေသြးစက္ခ်ေပးလိုက္တယ္......
ခ်က္ခ်င္းႀကီးဒါဏ္ရာေပ်ာက္သြားရင္သံသယဝင္မွာစိုးတာေၾကာင့္ တစ္ရက္နည္းနည္းခ်င္းပိုသက္သာလာေအာင္ အခုလိုမ်ိဳး ေဂ်ာင္ဂုမသိေအာင္ဂ်ီမင္းကုသေပးေနတာ.....
စုန္းေတြရဲ႕ ဆံပင္ထက္ ေသြးကဒါဏ္ရာေတြကို ကုသတဲ့ေနရာမွပိုအစြမ္းထက္တယ္မဟုတ္လား......
အဲ့တာေၾကာင့္ စုန္းေတြကို သတ္ရင္ ေသြးေတြအကုန္ထုတ္ယူၿပီးမွ သတ္ၾကတာ....
စုန္းေတြရဲ႕အမုန္းတရားေတြစီးဆင္းေနတဲ့ ေသြးဟာ ဒါဏ္ရာေတြကိုအေပၚယံသာသက္သာေစေပမယ့္ ေသြးအတြင္းအဆိပ္သင့္ၿပီး ေသဆုံးေစတယ္ဆိုတာ လူေတြမသိၾကတဲ့အတြက္ ဒီလိုလုပ္ၾကတာ....
တကယ္ကစုန္းေတြရဲ႕ သေဘာတူညီမႈနဲ႕ ရလာတဲ့ေသြးကိုသုံးမွ ဒါဏ္ရာေတြကို ကုသေပးနိုင္တာ....
ေဂ်ာင္ဂုရဲ႕ဒါဏ္ရာကိုၾကည့္လိုက္ေတာ့ ေတာ္ေတာ္ကို သက္သာေနၿပီ...ဒီညေက်ာ္လြန္ရင္ေတာ့ ေပ်ာက္ကင္းသေလာက္ကိုျဖစ္သြားမွာပါ.....
အခုမွစိတ္ေအးသြားတာေၾကာင့္ အိပ္ရာေပၚမွာလွဲခ်လိဳက္ၿပီး ေဂ်ာင္ဂုရင္ခြင္ထဲကိုတိုးဝင္လိုက္တယ္.....
ေႏြးေထြးလြန္းတဲ့ ဒီရင္ခြင္ထဲမွာ အိပ္စက္ခြင့္ဆိုတာက ေနာက္ဆိုမေသခ်ာေတာ့ဘူးမဟုတ္လား.....
Section-3
ႏွစ္ဦးသေဘာတူအနမ္းေႁခြၿပီးကထဲက
"ခ်စ္တယ္"လို႔မေျပာေပမယ့္ ကိုကိုက သူ႕ကိုကေလးဆန္ဆန္ခြၽဲႏြဲ႕လာတယ္.....
"ေဂ်ာင္ဂု.....ေဂ်ာင္ဂုလို႔....."
"ေျပာ~ကိုကို....ေျပာ..."
ဆံပင္စည္းတာက အစ ခါးစည္းႀကိဳးစည္းတာအဆုံး သူ႕ကိုလုပ္ခိုင္းတယ္....ၿပီးရင္
ဟိုဟိုဒီဒီသိခ်င္တာေတြေမးမယ္.....
ေဂ်ာင္ဂုေျဖတဲ့အေျဖကို သေဘာမက်ဘဴးဆိုရင္ ႏႈတ္ခမ္းစူမယ္.....စေတြ႕တုန္းက ခပ္တည္တည္ေနတဲ့ ကိိုကို ဒီလိုေလးေတြလုပ္တာကို ေဂ်ာင္ဂုကေတာ့သိပ္သေဘာက်တယ္....
အခုလည္း ဆံပင္စည္းေပးေနတဲ့ သူ႕ကိုနာမည္ေခၚေနၿပီ~
"ေဂ်ာင္ဂုက Adtonကို ဘာသြားလုပ္မွာလဲ...."
မြန္းတည့္ေနကိုေရွာင္ဖို႔ တည္းခိုေဆာင္တစ္ခုမွာ ခဏအနားယူၾကၿပီး ေနေစာင္းေတာ့ခရီးဆက္ဖို႔ျပင္ေနတုန္းကိုကိုကေမးတယ္...
"ကြၽန္ေတာ့အေဖရဲ႕ သူငယ္ခ်င္းက Adtonမွာေနတယ္ ကိုကိုရဲ႕ ....သူက အေဖ့ကိုအကူအညီတစ္ခုေတာင္းထားတာရွိတယ္...
အဲ့တာေၾကာင့္ သြားရမွာ ...."
"ေၾသာ္......"
"ကဲ~ၿပီးၿပီး လွသြားၿပီ...ၾကည့္စမ္း..."
ဆံပင္ေလးကို ေသခ်ာစည္းေႏွာင္ေပးလိုက္ေတာ့ သေဘာတက်ၿပဳံးတယ္....
အရင္အတိုင္း ျမင္းေလးစီးၿပီးခရီးဆက္ခဲ့ၾကတယ္.....ေဂ်ာင္ဂုရင္ခြင္ထဲကိုမွီထားရင္း အေတြးေတြးက ဟိုေရာက္လိုက္ဒီေရာက္လိုက္နဲ႕.....
Adtonကို ေနာက္၃ရက္ဆိုေရာက္ေတာ့မွာ....
အဲ့ဒီအခါက်ရင္ ေဂ်ာင္ဂုေျပာင္းလဲသြားတာကို သူလက္ခံနိုင္ပါ့မလား.....
သူတို႔သိတာအခုမွ ရက္ပိုင္းပဲရွိေသးေပမယ့္
မညာတမ္းဝန္ခံရရင္ သူ ေဂ်ာင္ဂုကိုခ်စ္တယ္....ဖြင့္ဟဝန္မခံဘူးဆိုတာကလည္း ေဂ်ာင္ဂုေျပာင္းလဲသြားရင္ သူခံနိုင္ရည္မရွိမွာစိုးလို႔....
အခုေန ဟူဒူနဲ႕ ခ်င္စန္းရွိရင္ေကာင္းမွာ...သူတို႔နဲ႕ တိုင္ပင္ၾကည့္ရင္အေျဖတစ္ခုေတာ့ထြက္လာမွာ....
Adtonၿမိဳ႕ကိုမဝင္ခင္ ဆုံဖို႔ေျပာထားေတာ့ ေနာက္၃ရက္ဆို ဟူဒူတို႔နဲ႕ေတြ႕ရၿပီ.....
ေဂ်ာင္ဂု သူ႕ဘဝအမွန္ကို သိသြားရင္ေတာင္
မစြန့္လႊတ္နိုင္ေလာက္ေအာင္ ခ်စ္ေနဖို႔ ဂါထာတစ္ခုနဲ႕စီရင္လိုက္ဖို႔ ေတြးမိေပမယ့္ အဲ့လိုလုပ္မွပိုင္ဆိုင္ရတယ္ဆိုတဲ့ အေတြးနဲ႕ သူလိပ္ျပာလုံနိုင္မယ္မထင္....ဒီလိုအေျခအေနမွာ လူသားေတြေရာ ဘယ္လိုနည္းကိုသုံးလဲ မသိ....
"ဘာလို႔ သက္ျပင္းခ်ေနတာလဲ ကိုကိုရဲ႕...."
ေတြးေနရင္း သက္ျပင္းခ်ေနမိတဲ့သူ႕ကို
ေဂ်ာင္ဂုကေမးတယ္....
"ေဂ်ာင္ဂုကို ေမးစရာတစ္ခုရွိတယ္....."
သူေျပာတာကို ေဂ်ာင္ဂုကစိတ္ဝင္တစားနားေထာင္တယ္....
"ဥပမာေျပာတာေနာ္.....ဘယ္သူမွမရွိတဲ့တိတ္ဆိတ္ေနတဲ့ေနရာႀကီးမွာဆိုရင္ ေဂ်ာင္ဂုေနနိုင္ေလာက္လားဟင္....."
"လူေတြေရာ မရွိဘူးလား......"
"အင္း...မရွိဘူး....."
"ဘာဆိုဘာမွမရွိတာလား....."
"အင္း......ဘာဆိုဘာမွ မရွိဘူး..."
သူ႕စကားကို ေဂ်ာင္ဂုက ေသခ်ာေအာင္ထပ္ေမးခြန္းေတြထုတ္တယ္.....
"ကိုကိုေရာ~ရွိမွာလား...အဲ့ေနရာမွာ..."
ေဂ်ာင္ဂုအေျဖကို သိခ်င္တာအျပင္ စိတ္ရင္းအတိုင္းေျဖမေျဖကိုပါ ေသခ်ာခ်င္တာ
ေၾကာင့္ မ်က္ေတာင္မခတ္ၾကည့္ေနရင္းမွ ေခါင္းၿငိမ့္ျပလိုက္တယ္....
"ေနနိုင္တာေပါ့....ဘာမွမရွိရင္ေတာင္ ကိုကိုရွိရင္ ကြၽန္ေတာ္ေနနိုင္တယ္....."
ေလးေလးနက္နက္ေျပာတဲ့ ေဂ်ာင္ဂုစကားကို သေဘာက်ေပမယ့္ မယုံရဲတဲ့စိတ္ကေတာ့ရွိေနဆဲ....
"မယုံဘူးလား~ကိုကိုရဲ႕....တကယ္ေျပာတာပါ...ကြၽန္ေတာ့္အတြက္ကိုကိုသာရွိရင္ရၿပီ~က်န္တာဘာမွမလိုဘူး...."
သူ႕စိတ္ကို သိတဲ့ေဂ်ာင္ဂုက ထပ္ေျပာလာတယ္.....
ေဂ်ာင္ဂုသာသူနဲ႕အတူ Teskaကိုလိုက္ခဲ့မယ္ဆိုရင္ သူ႕ဘဝမွာဘာမွမလိုေလာက္ေအာင္
ျပည့္စုံသြားမယ္လို႔ ဂ်ီမင္းထင္တယ္....
ရင္ခြင္ထဲမွာ မွီေနရင္း ေဂ်ာင္ဂုလက္ႏွစ္ဖက္ကို ဆုပ္ကိုင္ထားရင္း စိတ္ထဲကေနေျပာမိတယ္....
အတူ ရွိေနခ်င္မိတာဟာ ေလာဘႀကီးလြန္းရာက်တယ္ဆိုေပမယ့္လည္း မစြန့္လႊတ္နိုင္လို႔ ကိုကိုကပဲ ေတာင္းပန္ပါတယ္ ေဂ်ာင္ဂုရယ္ေနာ္......
Section-4
Adtonၿမိဳ႕မဝင္ခင္မွာဆုံဖို႔ ေျပာထားေပ
မယ့္Adtonမေရာက္ခင္ျဖတ္သန္းသြားရတဲ့ ၿမိဳ႕မွာ ဂ်ီမင္းကို ဟူဒူနဲ႕ ခ်င္စန္းေစာင့္ႀကိဳေနခဲ့တယ္......
႐ုတ္တရက္ ဟူဒူနဲ႕ခ်င္စန္းကိုေတြ႕လိုက္ရ
ေပမယ့္ ေဂ်ာင္ဂုကဘာမွမေမးတဲ့အျပင္
သူတို႔စကားေျပာလို႔ရေအာင္ ေရွာင္ထြက္ေပးသြားခဲ့တယ္......
"ကြၽန္ေတာ္တို႔စုံစမ္းရသေလာက္ေတာ့
မင္းသမီးဟယ္ယြန္းရဲ႕ ဖူးစာရွင္က မင္းသမီး၁၈ႏွစ္ျပည့္တဲ့ေန႕တိုင္ခင္ Adtonကိုေရာက္လာမယ္တဲ့ အရွင္....."
ဒါဟာ သူေပးမယ့္ "အသစ္တဖန္ေမြးဖြားျခင္း"က်ိန္စာအတြက္ ႀကိဳတင္ျပင္ဆင္ေနတာပဲ.....ဒါဆို သူလာမွာကို Adtonကႀကိဳသိေနတယ္ဆိုတာ တကယ္ပဲကိုး.....
"ဟယ္ယြန္းရဲ႕ ဖူးစာရွင္ဆိုတာကို ဘယ္လိုသိနိုင္မွာတဲ့လဲ...."
"မင္းသား အသုံးျပဳတဲ့ဓားမွာ Eddsorရဲ႕အမွတ္အသား ေျခေသၤ့ေခါင္းပုံတံဆိပ္ရွိတယ္...ၿပီးေတာ့ မင္းသားရဲ႕ဘယ္ဘက္ရင္အုံမွာ ၾကာပန္းပုံေမြးရာပါအမွတ္ရွိတယ္လို႔ေျပာပါတယ္ အရွင္......"
ခ်င္စန္းစကားအဆုံးမွာ သူ႕မ်က္စိထဲျမင္လိုက္တာက ေဂ်ာင္ဂုအၿမဲေဆာင္ထားတဲ့ ျခေသၤ့ေခါင္းပုံလက္ကိုင္နဲ႕ ဓား....
ၿပီးေတာ့ ဝက္ဝံနဲ႕တိုက္ခိုက္တုန္းကရတဲ့
ဒါဏ္ရာကိုေဆးထည့္ေပးတုန္းက ျမင္ရတဲ့ ၾကာပန္းပုံအမွတ္.....
ေဂ်ာင္ဂုသာ Eddsorရဲ႕မင္းသားဆိုရင္
ဂ်ီမင္းကို အဆုံးစီရင္ပစ္ၿပီး အသစ္တဖန္ေမြးဖြားျခင္း က်ိန္စာကိုေျဖေပးမယ့္ ဟယ္ယြန္းရဲ႕ၾကင္ယာေတာ္ေပါ့.....
ဒါေတြကို ႀကိဳသိထားၿပီး ေဂ်ာင္ဂုသူ႕အနားကိုေရာက္လာခဲ့တာလားဆိုတာ သူအတည္ျပဳဖို႔လိုအပ္ေနၿပီ.......
လႈပ္ခတ္လာတဲ့ စိတ္အေျခအေနေၾကာင့္ ဟူဒူနဲ႕ခ်င္စန္းကို စကားဆက္မေျပာနိုင္ဘဲ
ေဂ်ာင္ဂုဆီကို သူထြက္လာခဲ့ေတာ့တယ္....
Section-5
အခန္းထဲကို ဝင္လိုက္ေတာ့ စားပြဲမွာထိုင္ေနတဲ့ ေဂ်ာင္ဂုက သူ႕ကိုၿပဳံးျပတယ္.....
"ျပန္လာၿပီလား ကိုကို....မ်က္ႏွာလည္းမေကာင္းဘူး ေနမေကာင္းဘူးလား...."
ဂ်ီမင္းနဖူးကို စမ္းၾကည့္ဖို႔ေရွ႕တိုးလာတဲ့
ေဂ်ာင္ဂုလက္ကို တားဆီးလိုက္ရင္း မ်က္လုံးခ်င္းစုံၾကည့္လိုက္တယ္.....
"မင္းအကုန္သိေနၿပီးသားလားဆိုတာ ငါသိခ်င္တယ္ ေဂ်ာင္ဂု...."
အျဖစ္မွန္ကို သိခ်င္တယ္လို႔ ဘယ္လိုပဲေျပာေျပာ တကယ္လို႔ေဂ်ာင္ဂုသာ ဝန္ခံလိုက္မယ္ဆိုရင္ သူလက္ခံနိုင္ဖို႔အေတာ္ႀကိဳးစားရမယ္....ဟယ္ယြန္းရဲ႕၁၈ႏွစ္ျပည့္ေမြးေန႕ျဖစ္တဲ့ မနက္ျဖန္ညမွ အျဖစ္မွန္ကို သိရမယ္ဆိုရင္ ေကာင္းမွာပဲ.....
အဲ့တာဆိုရင္ဒီေန႕တစ္ရက္ေတာ့ သူစိတ္ခ်မ္းသာစြာနဲ႕ ေဂ်ာင္ဂုရင္ခြင္ထဲမွာ အိပ္စက္နိုင္မယ္ထင္တယ္.......
အခုေတာ့ သူ႕ကိုမ်က္ႏွာသာမေပးတဲ့ ကံၾကမၼာဟာ တစ္ရက္ႀကိဳၿပီး ေဂ်ာင္ဂုနဲ႕ ေဝးခိုင္းေနေလၿပီ....
"ဘာကိုေျပာတာလဲ ကိုကို...."
"မင္းက Eddsorရဲ႕မင္းသားဆိုတာ ဟုတ္လား....ၿပီးေတာ့ Adtonနဲ႕ ငါ့ရဲ႕
ပတ္သတ္မႈကို မင္းသိထားၿပီးသားလား....."
သူ႕စကားကို ေဂ်ာင္ဂုကျပန္မေျဖ~
အံ့ၾသသြားဟန္လည္းမျပတာေၾကာင့္
ေဂ်ာင္ဂုမေျဖေပမယ့္ သိၿပီးသားဆိုတာ
သူနားလည္သြားတယ္....
"မင္းေျဖတာငါၾကားခ်င္တယ္ ေဂ်ာင္ဂု...."
"ဟုတ္တယ္ ကိိုကို.....ဒါေပမယ့္ ကိုကိုထင္သလို တမင္ဖုံးကြယ္ထားတာမဟုတ္ဘူး....ကြၽန္ေတာ္ရွင္းျပမယ္....."
ဒါဆို သူ႕ကို တကယ္မခ်စ္ဘဲလွည့္စားခဲ့တာလား.....
ေတြး႐ုံနဲ႕တင္ လက္မခံနိုင္တာေၾကာင့္ ဂ်ီမင္းစိတ္ရႈပ္ေထြးစြာေအာ္လိုက္မိတယ္.....
"ထြက္သြား.....မင္းအခုထြက္သြား...."
သူေဒါသတႀကီး ေအာ္လိုက္ေပမယ့္ ေဂ်ာင္ဂုက အခန္းအျပင္ကိုထြက္မသြားဘဲရပ္ေနတယ္.....
"ငါ ဒီထက္ပိုၿပီး ေဒါသထြက္လာရင္ ဘာလုပ္မိမလဲမသိဘူး ေဂ်ာင္ဂု~မင္းအခုထြက္သြား..."
ေဒါသတႀကီးေျပာေနမိတဲ့ သူ႕လက္ႏွစ္ဖက္ ေဂ်ာင္ဂုက ခ်ဳပ္ကိုင္လိုက္ရင္း ႏႈတ္ခမ္းခ်င္းထိထားတာ အနမ္းေပးလာတယ္.....
"ကိုကို စိတ္အရမ္းလႈပ္ရွားေနတယ္....ခဏအိပ္လိုက္ နိုးလာရင္ အားလုံးအဆင္ေျပသြားလိမ့္မယ္...."
ႏႈတ္ခမ္းခ်င္းခြာၿပီး ေျပာလိုက္တဲ့ ေဂ်ာင္ဂုစကားအဆုံးမွာ ဂ်ီမင္းအေတြးေတြ မႈန္ဝါးလာတယ္.....
"အိပ္ေတာ့ ကိုကို......ေနေရာင္ရဲ႕အေတာက္ပဆုံးအခ်ိန္ေရာက္မွ နိုးထလာခဲ့ပါ....."
ေဂ်ာင္ဂုက အိပ္ေမြ႕ခ်နိဳင္တာလားဆိုတဲ့ အေတြးမဆုံးခင္မွာပဲ ဂ်ီမင္းအိပ္ေပ်ာ္သြားခဲ့ေလေတာ့တယ္....
1.10.20(Thursday)
ဆက္ရန္.....