ဒီနေ့ကသွင်နဲ့မောင်ရဲ့ချစ်သူသက်တမ်းငါးနှစ်ပြည့်ခြင်းဖြစ်သည်။
အဲ့ဒီနှစ်တွေအတွင်း မောင့်ဖေဖေကသဘောတူသော်လည်း မောင့်မေမေကတော့ ခေါင်းလဲမညိတ်သလိုခေါင်းလဲမခါခဲ့ပါဘူး။ ဒါဟာလဲသွင်နဲ့မောင့်အတွက် အခက်အခဲတစ်ခုမဟုတ်ခဲ့ပေ။ မောင့်မေမေသဘောတူကြည်ဖြူမှသာ သူတို့လက်ထပ်ပွဲကျင်းပမည်ကို နှစ်ဦးသဘောတူထားခြင်းဖြစ်သည်။ မောင်ကလဲသွင့်ဆန္ဒနှင့်အတူ သွင့်သဘောသာဖြစ်သည်။
"ကိုသွင်နဲ့ကိုရှိန်ရောက်နေတာကြာပြီလား။"
ခုံတစ်ခုံကိုဆွဲကာ ဝင်ထိုင်ရင်းဓနစမေးလိုက်သည်။
"မကြာသေးပါဘူး။ ညီလဲနော်တစ်ခါလေးတွေ့ရမို့ကို အတော်ကြာတယ်။"
"အဲ့ဒီလိုမဟုတ်ရပါဘူးကိုရှိန်ရာ။ ကျွန်တော်လဲ စာတွေနဲ့အချိန်ကုန်နေတာရယ်။ လူနာတွေနဲ့ထိတွေနေရတာကြောင့်ဆိုတော့ အချိန်သိပ်မပေးနိုင်သေးလို့ပါ။ ဒီအတွက်ကြောင့် အားနာရပါတယ်။ တောင်းပန်ပါတယ်ဗျာ။"
နေရှိန်မင်းစလိုက်တာကိုအတည်ထင်သွားသောဓန သူ့တို့နှစ်ယောက်ကိုပြာပြာသလဲတောင်းပန်စကားဆိုနေသည်။
"မောင်ကလဲ ညီကိုစနေပြန်ပြီ။ ဟိုကတကယ်ထင်နေပြီ။
ညီတောင်ဆရာဝန်လောင်းဖြစ်တော့မှာနော်။ အချိန်တွေကအတော်မြန်သား။ ညီကဟိုအရင်စတွေ့တုန်းက ကျောင်းသားပေါက်စမဟုတ်တော့ဘူး။ အတန်းထဲမှာကော အိပ်နေတုန်းပဲလား။"
"အိပ်ချိန်မရှိပါဘူးအကိုရာ ကျွန်တော်ဝါသနာပါရာ ဆရာဝန်ဖြစ်ချင်တာဆိုတော့ သူများတွေထပ်ပိုကြိုးစားရတာပေါ့။ ဒါနဲ့ကိုသွင်တို့ကော ဘယ်တော့လက်ထပ်ကျမှာလဲ အချိန်တွေလဲမနည်းတော့သလို အသက်တွေလဲကြီးလာကုန်ပြီ မြန်မြန်လက်ထပ်ကျတော့လေ။ ကျွန်တော်လဲ စားချင်သောက်ချင်နေပြီ။ ကိုသွင်တို့အတွက်လဲ ဂုဏ်ပြုပေးချင်နေပြီလေ။"
"အမလေးဗျာ အစားစာချင်တာနဲ့ အမြန်လက်ထပ်ခိုင်းနေရသလား။ အခုလဲ အဝသာမှာစားပါ ကိုသွင်ရှင်းမှာ အားမနာနဲ့နော်။"
"အားမနာပါဘူး အဝစားမှာ ဒီလိုနေ့မျိုးအတွက် ဂုဏ်ပြုပေးတာကနည်းနည်း စားမှာကများများဖြစ်မယ်။"
ဓနစကားကြောင့် သူတို့သုံးယောက်သား တိုင်ပင်မထားပဲ ပြိုင်တူရယ်မောမိကြလေသည်။
"ဒါနဲ့ဓနညီကော အဆင်ပြေရဲ့လား။ တစ်ခုခုလိုအပ်တာရှိရင်ပြောနော်။ ကိုယ်တို့ကိုအားမနာနဲ့နော်။"
"ကျွန်တော်အဆင်ပြေပါတယ်။ အခုဆိုသူငယ်ချင်းတွေလဲရနေပြီ။ ဟိုအရင်ကလိုတစ်ယောက်ထဲမဟုတ်တော့ပါဘူး။ သိပ်မကြာခင်ဆရာဝန်တစ်ယောက်ဖြစ်တော့မယ့်သူပါဗျ။"
"ဒါဆိုညီဆရာဝန်ဖြစ်ရင် အပြင်ဆေးခန်းတစ်ခုလောက်ဖွင့်ပေါ့။"
"ကျွန်တော်ဒီမှာဆေးခန်းဖွင့်မှာမဟုတ်ဘူးအကို။ ကျွန်တော်ဆရာဝန်ရှားပါးတဲ့နယ်တွေကို ဆေးလှည့်ကုပေးမှာ။ ဒါကကျွန်တော်ရဲ့ ဟိုးအရင်ကထဲကဖြစ်ချင်တဲ့ ဆန္ဒတစ်ခုမို့ပါဗျ။"
နေရှိန်စကားကြောင့် ဓနသူဖြစ်ချင်တဲ့အရာကို စကားဆိုမိသည်။
"ညီစိတ်ကူးလေးလဲ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ်ညီကိုတော့ အကိုလေးစားပါတယ်။"
အစားအသောက်များလာချပေးသေးကြောင့် သူ့တို့စကားဝိုင်းလေးပြတ်တောက်သွားကာ အသံတို့တိတ်ဆိတ်လို့သွားခဲ့သည်။
"ဒါကကိုသွင်နဲ့ကိုနေရှိန်တို့ရဲ့ငါးနှစ်မြောက်anniversarysအတွက် ကျွန်တော်ရဲ့လက်ဆောင်ပါ။ အရမ်းတန်ဖိုးမရှိပေမယ့်လို့ ကိုသွင့်တို့နှစ်ယောက်အတွက် အသုံးဝင်မယ့်ပစ္စည်းလေးဖြစ်မှာပါ။"
တိတ်ဆိတ်မှု့ကိုစတင် ဖြိုခွဲလိုက်သူကဓနပင်ဖြစ်သည်။
သူတို့နှစ်ယောက်ရှေ့ထိုးပေးလာသော ကတ္တီပါဘူးအနီရောင်လေးတစ်ခုကိုတွေ့ရသည်။ ဓနကိုသွင်ကြည့်လိုက်တော့ ပြုံးရွှင်စွာရယ်ပြနေသောမျက်နာကြောင့် ငြင်းဆန်ရန်အားနာနေမိသည်။
"ညီရာအခုလိုလက်ဆောင်တွေမလိုပါဘူး။ ကိုသွင်ကညီနဲ့မတွေ့ရတာကြာနေလို့ တွေ့ချင်ရုံပါကွာ။ ဟင်းပွဲတွေအေးကုန်တော့မယ် စားလိုက်ကြရအောင်။"
ဓနစားသောက်စရာများကို ဟိုနည်းနည်းဒီတို့တို့နဲ့ တို့ခနဲဆိတ်ကနဲသာစားလေသည်။
"ညီစားရတာအဆင်မပြေလို့လား။ ဘာမှလဲသိပ်မစားဘူး။ အကိုမှာထားတာတွေကိုမကြိုက်လို့လား။"
"ကျွန်တော်ကိစ္စလေးတစ်ခုရှိသေးလို့ ပြန်လိုက်အုံးမယ်ကိုသွင်။ ညစာအတွက်ကျေးဇူးတင်ပါတယ်။"
"ဟင် ပြန်တော့မို့လားညီရ။"
"ကိုသွင်တို့ကို အားနာပေမယ့်အရေးကြီး ကိစ္စတစ်ခုကရှိနေသေးတာကြောင့်ပါ။ နောက်ကျထပ်ဆုံကြတာပေါ့။"
"အေးလေ အရေးတကြီးကိစ္စဆိုတော့မပြောလိုတော့ပါဘူး။ ကားကိုကရုစိုက်မောင်းနော်။ ကျန်းမာရေးလဲကရုစိုက်ကြားလား။ အရေးအကြောင်းဆို အကိုဆီဖုန်းဆက်နော်။"
"ဟုတ်ကဲ့ ကိုနေရှိန်ပြန်ခွင့်ပြုပါအုံးနော်။"
ဓန သူတို့နှစ်ဦးကိုနှုတ်ဆက်ကာ ဆိုင်ထဲမှထွက်လာခဲ့သည်။ ဓနမျက်စိထောင့်စွန်းမှ ကျဆင်းချင်နေသော မျက်ရည်စများကို လက်ညိုးနဲ့အသာသုတ်လိုက်သည်။ ငိုချင်နေသောမျက်နာကို အတက်နိုင်ဆုံးထိန်းကာ သူချစ်ရသောသူ၊ သူမဟုတ်သောအခြားတစ်ယောက်သောသူရှေ့မှာ သူအလှပဆုံးပြုံးကာ နေပြရခြင်းဟာလဲ အလွန်ကြီးမားသော ဝဋ်ကြွေးတစ်ခုပင်။ ဓနဆိုင်ထဲမှအထွက် လူတစ်ယောက်နဲ့တိုက်မိသည်။
"ဘုတ်"
"အင့်"
အရှိန်နဲ့ဝင်လာသောလူတစ်ယောက်ကြောင့် ဓနလက်မောင်းတစ်ဖက်မှာ အလွန်အောင့်ကာ လက်ထဲမှကိုင်ထားသော ဖုန်းပင်ပြုတ်ကျသွားသည်။ ဓနထိုလူကိုမကြည့် ကျသွားသောသူ့ဖုန်းကို ကောက်ကာတောင်းပန်စကားဆိုလိုက်သည်။
"တောင်းပန်ပါတယ်။ ကျွန်တော်မမြင်လိုက်လို့ပါ။"
တောင်းပန်စကားဆိုပြီးထွက်သွားသော ဓနကြောင့်မျက်လုံးအဝိုင်းသားနဲ့ အံ့သြစွာကျန်ခဲ့ရသူက အာဟာရပင်။ ထိုထပ်ပိုထူးဆန်းတာက သူ့ရဲ့ဖုန်းwallပေါ်တွင် လူတစ်ယောက်ရဲ့ပုံ။ အတိအကျပြောရမယ်ဆိုလျှင် ယောကျ်ားတစ်ယောက်၏ပုံပင်ဖြစ်သည်။ ဒီနေ့ကျောင်းပိတ်ရက်ဖြစ်တာကြောင့် နန်းဆန်နဲ့ရွှေရည်ကို မုန့်လိုက်ကျွေးမည်ဟု ကတိခံထားသောကြောင့် သူ့တိုသုံးယောက်ဒီဆိုင်ထဲသို့ဝင်လာခဲ့ခြင်းဖြစ်သည်။ သူတို့သုံးယောက် ဘာစကားမှမပြောနိုင်သေးပဲ စားပွဲဝိုင်းတစ်ခုတွင် အသီးသီးဝင်ထိုင်ကြသည်။ ဟာရအံ့သြသလို နန်းဆန်နဲ့အတူရွှေရည်ပါ ထပ်တူအံ့သြနေမည်ကိုသူသိသည်။ ဘာကြောင့်လဲဆို ဓနရဲ့ဖုန်းပေါ်တင်ထားသော ပုံကြောင့်ပင်ဖြစ်သည်။ ဆိုင်ကလူအတော်များများလာရောက်စားသုံးနေကြတာကို သူတို့မြင်ရသည်။ ဒီဆိုင်က ရန်ကုန်မြို့ရဲ့နာမည်ကြီးစားသောက်ဆိုင်များထဲက တစ်ဆိုင်မဟုတ်ပါလား။ ဟာရမျက်လုံးတစ်စုံ စားဝိုင်းပွဲတစ်ခုမှ လူနှစ်ယောက်ကိုမြင်တွေ့လိုက်သည်။
"ဟင်"
ဟာရအံ့သြလွန်းစွာနဲ့ အသံပင်ယောင်ရမ်းကာထွက်မိလိုသည်။ စားစရာအချို့မှာနေသည့် နန်းဆန်ပင် သူ့အံ့သြသံကြောင့် ခေါင်းထောင်ကြည့်မိသည်အထိပင်မဟုတ်ပါလား။ ဟာရလှမ်းကြည့်နေသောဘက်သို့ နန်းဆန်နဲ့အတူရွှေရည်ပါလိုက်ကြည့်သည်။
"ဒါ ဒါအစောနက စီနီယာဓနရဲ့ဖုန်းထဲကလူမဟုတ်လား။"
နန်းဆန်အမေးကြောင့် ဟာရစကားမပြောနိုင်ပဲ ခေါင်းသာညိတ်ပြလိုက်ခြင်းဖြစ်သည်။ သူဟိုဘက်ဝိုင်းက လူနှစ်ယောက်ကို မျက်တောင်မခတ်တမ်းစူးစိုက်ကာ ကြည့်နေမိသည်။
"ဒါအထူးအဆန်း ကိစ္စတစ်ခုဖြစ်မယ်ထင်တယ်။ စီနီယာဓနအခုထိရည်းစားမရှိသေးတာက သာမာန်အရာတစ်ခုတော့မဖြစ်နိုင်ဘူးလို့ ငါထင်တယ်။ ဥပမာစီနီယာဓနကြိုက်နေတဲ့သူလို့ငါထင်တယ်။"
"ဒါဆိုအခုအဲ့ဒီလူရဲ့ဘေးမှာရှိနေတဲ့လူကကော..."
ရွှေရည်အပြောကြောင့် ဟာရသိချင်စိတ်ကြောင့် ခပ်သွက်သွက်မေးမိလေသည်။
"သူ့နဘေးကလူက ငါတွေးမိသလောက်ဆို သူ့ရည်းစားဖြစ်နိုင်ချေအများဆုံးပဲ။ နင်တို့သေချာကြည့်လေ သာမာန်သူငယ်ချင်းအဆင့်လောက်ဆို အဲ့ဒီလောက်ပြုံးပျော်ကာ ပျော်ရွီင်နေမလား။ ဟိုဘက်ကဆံပင်ကို အပေါ်လှန်ဖြီးထားတဲ့ လူရဲ့မျက်ဝန်းကိုကြည့်လိုက်...."
ရွှေရည်ပြောတဲ့အတိုင်း ဟာရလိုက်ကြည့်မိသည်။ ရွှေရည်လက်ညိုးထိုးပြသော လူရဲ့မျက်ဝန်းတွေကို ဟာရကြည့်လိုက်တာနဲ့ သိသည်။ သိပ်ကိုမြတ်နိုးစွာ အရမ်းချစ်တက်တဲ့သူတစ်ယောက်ရဲ့အမူအကျင့်တွေကို မြင်တွေ့ရသည်။ ဒါဆို သူကတစ်ဖက်သတ်ကြိတ်ချစ်နေရသူပေါ့။
ဟာရသူနဲ့အဝင်မှာဖြစ်ခဲ့သမျှကို ပြန်စဥ်းစားကြည့်လိုက်သည်။ သူနဲ့တိုက်မိပြီး ဖုန်းကိုလှမ်းကောက်လိုက်ချိန် သူမျက်ဝန်းကမျက်ရည်တစ်စက် ဖြတ်ခနဲကျဆင်းသွားတာကို ဟာရမြင်တွေ့ရသည်။ ဒါဆိုသူက နာကျင်စွာနဲ့ လှည့်ထွက်ခဲ့ရတာပေါ့။
"ဟာရ နင်အဲ့ဒီလောက်အထိမကြည့်နဲ့လေ။ "
"မဟုတ် မဟုတ်ပါဘူး။"
ရွှေရည်သတိပေးသံကြောင့် သူ့အကြောင်းတွေးနေရာမှပြန်လည်အသက်ဝင်လာခဲ့ခြင်းဖြစ်သည်။ တကယ်တော့ ကျွန်တော်ရွှေရည်ပြောသလို ဟိုဘက်ဝိုင်းကလူနှစ်ယောက်ကို ငေးကြည့်နေခြင်းမဟုတ်ခဲ့ပါ။ သူ့အကြောင်းကိုတွေးမိကာ ကျွန်တော်နှလုံးသားတစ်ခုက ဘာကြောင့်နာကျင်နေမိလဲမသိ။ နှလုံးသားကနာကျင်လာတာနဲ့အမျှ ဟာရအသက်ရှုရန်ပင်ခက်ခဲလာသည်ဟုထင်မိသည်။ ဘာကြောင့်ကျွန်တော်နှလုံးသားက နာကျင်နေရသလဲ။ သူ့သိပ်အထီးကျန်နေမလား။ ဟာရအတွေးထဲသို့ ပါမစ်မရပါပဲ အလိုအလျောက်ဝင်ရောက်လာသော သူ့အကြောင်းများဟာ များပြားလွန်းလှသည်။ နန်းဆန်နဲ့ရွှေရည်တို့ပြောစကားများကိုပင် ဟာရသတိမထားမိလောက်အောင် သူ့အကြောင်းများကိုတွေးနေတာမျိုးဖြစ်သည်။
"ဟဲ့ ဟဲ့ ပိုက်ဆံရှင်းပြီးထွက်သွားပြီ။"
ဟာရတို့ကြည့်နေတာကိုသိတဲ့ သဘောဖြင့်ပြုံးပြနေသော ဟိုဘက်ဝိုင်းမှ အသားဖြူဖြူချောချောနဲ့အကို။ အသက်အရွယ်အားဖြင့် နှစ်ဆယ့်ကိုးနှစ်အရွယ်လောက်တော့ရှိမည်ထင်တယ်။ သူ့တို့နှစ်ဦးသာချစ်သူတွေဆိုရင် သိပ်ကိုလိုက်ဖက်လွန်းလှသည်။ ဆိုင်ထဲမှထွက်သွားသော သူတို့နှစ်ယောက်ကို ဟာရမျက်စိတဆုံးလိုက်ကြည့်မိသည်။
"ဟဲ့ နင်အားကျနေတာလား။"
နန်းဆန်အမေးကြောင့် သူဘာပြန်ပြောရမလဲ။ သူအားကျတာလား ဒါမှမဟုတ်အခြားအကြောင်းရာတစ်ခုရှိနေတာမျိုးလား။ သူ့အကြောင်းခေါင်းထဲဝင်လာတာနဲ့ ဟာရသက်ပြင်းကိုခပ်လေးလေးချမိသည်။
"နင်တို့မှာထားတာတွေရပြီးမဟုတ်လား စားကျရအောင်။ "
ဟာရစားစရာများဆီသို့ အာရုံရောက်အောင်ကြိုးစားသော်လည်း သူ့အကြောင်းတွေးမိတာနဲ့ အစားကသိပ်မဝင်တော့သလိုပင် လည်ချောင်းမှာတစ်ခုခုတားထားသလို မျိုချလို့မရ။
------------------------
"မောင်အခုတလော ကျန်းမာရေးသိပ်မကောင်းဘူးထင်တယ်နော်။ ဆေးခန်းသွားပြကြရအောင်။
သွင်ကားထဲဝင်ထိုင်ရင်း ပြောလိုက်သည်။
"မောင်ဘာမှမဖြစ်ပါဘူးကွာ။ အခုတလော အလုပ်နည်းနည်းပိုလုပ်လိုက်ရတာကြောင့်ပါ။ "
"မောင်အခုလို ရင်ဘက်အောင့်အောင့်နေတာကို သွင်မြင်နေရတာ အတော်ကြာနေပြီ။ အလုပ်တွေလဲအရမ်းဖိလုပ်မနေပါနဲ့မောင်ရာ။ မောင့်ညီမဝမလးကွဲနဲ့ လွှဲသင့်တာကိုလွှဲပေးထားလိုက်ပါ။ မောင်တစ်ခုခုဖြစ်မှာကို သွင်စိုးရိမ်နေတယ်။"
သွင့်စကားကြောင့် Sheinရင်ဘတ်အောင့်တာတောင်အနည်းငယ်သက်သာစပြုလေသည်။ ဟုတ်ပါတယ် သူအခုလိုရင်ဘတ်အောင့်လာတာ လွန်ခဲ့တဲ့နှစ်လလောက်ကဖြစ်မယ်။ စဖြစ်ချိန်ကတော့သိပ်မသိသာပေမယ့် အခုနောက်ပိုင်း ရင်ဘတ်အောင့်လာတာ သိသိသာသာပြင်းထန်လာသည်။ အလုပ်ရှုပ်နေတာနဲ့ ဆေးခန်းကိုသွားပြချိန်မရှိသေးပေ။
"မောင်ဘာမှမဖြစ်ပါဘူးကွာ။ သွင်ကအဲ့ဒီလို စိတ်ပူတဲ့မျက်နာကြီးနဲ့ဆိုတော့ မောင်တောင်စိတ်မကောင်းဖြစ်မိတယ်။ သွင့်စိတ်ပူပေးမှု့ကြောင့် မောင့်ရင်ဘတ်အောင့်တာတောင် ချက်ချင်ပျောက်သွားတယ်လို့ ခံစားမိတယ်။ ဒါနဲ့မောင်တို့ ဟိုဘက်ကကောင်လေးကို သွင်ပြုံးပြတာက သွင်ကျောင်းသားတွေထဲက တစ်ယောက်လား။"
"သွင်ကျောင်းသားထဲကမဟုတ်ပါဘူး။ သွင်တို့ကိုကြည့်နေလို့ ဒီအတိုင်းပြုံးပြလိုက်တာပါ။ ဘာဖြစ်လို့လဲမောင်။"
"သွင်အသိမဟုတ်ပဲ ဘာလို့ပြုံးပြရတာလဲ။ အဲ့ဒီကောင်လေးက သွင့်ကိုကြောင်နေတာဆိုရင်ကော ဘယ်လိုလုပ်မလဲ။"
မောင့်စကားကြောင့် သွင်ရယ်မိလိုက်သည်။
"သွင်မရယ်နဲ့ကွာ မောင်ကအတည်ပြောနေတာ။ သွင်ကို့မောင်က အဆုံးရှုံးမခံနိုင်ဘူးနော်။ သွင်ကမောင်အသက်ကြီးနေလို့ အဲ့လိုကောင်ပေါက်စချောချောလေးတွေ နောကိပါသွားရင် မောင်ရင်ကွဲပြီးသေလိမ့်မယ်ထင်တယ်။ ဒါကြောင့်မောင့်လက်ကို မလွှတ်ပဲဆွဲကိုင်ထားပေးပါနော်သွင်။"
"မောင်ရယ် သွင်ကဟောဒီလောကမှာ မောင်ကလဲဲပြီး ဘယ်ယောကျ်ားနဲ့မှ သွင့်ရဲ့ဘဝတစ်လျှောက်လုံး မဖြတ်သန်းချင်ဘူး။ မောင်ကလွဲပြီး ဘယ်ယောကျ်ားတစ်ဦးတစ်ယောက်ကိုမှ ထပ်ချစ်နိုင်မယ်မထင်ဘူး။ ဒါကြောင့် သွင်ကမောင့်ကိုပဲချစ်တာမို့ သွင့်ကိုယုံကြည်ပေးပါ။"
"မောင်လေ သွင်နဲ့အတူသာယာတဲ့အိမ်ထောင်သည် ဘဝလေးကိုပိုင်ဆိုင်ချင်မိတယ်။"
Sheinသူ့ရင်ခွင်ထဲသို့ သွင့်ကိုခိုဝင်စေကာ ထွေးပွေ့ထားမိသည်။ သူ့ရင်ခွင်ထဲမှ ပြေးထွက်သွားမည်ကို စိုးရိမ်သည့်အလား တင်းကျပ်စွာပွေ့ဖက်ကာ ခပ်နွေးနွေးအနမ်းတစ်ခုက သွင့်နဖူးပေါ်သို့ကျရောက်သွားသည်။
သွင့်အတွက်မောင့်ရင်ခွင်ဟာ အချိန်မရွေးနွေးထွေးနေတက်မြဲ။ ဘယ်တော့မှရိုးအီမသွားသော မောင့်ရဲ့ချစ်ခြင်းနဲ့အတူ အမြဲကြင်နာစွာနမ်းတက်သော မောင့်ရဲ့အနမ်းပြင်းပြင်းတစ်ခု သွင့်အတွက်အမြဲတမ်း သန့်ရှင်းလတ်ဆတ်လွန်းလှသည်။ မောင့်ရဲ့ရင်ခုန်သံတစ်ခုကြောင့် သွင်ဟာဒီကမ္ဘာပေါ်မှာ မောင့်ရဲ့အချစ်တွေကိုပိုင်ဆိုင်ရသော လူသားတစ်ဦးမဟုတ်ပါလား။ မောင့်ရဲ့ထွေးပွေးမှု့များကို သွင်အလိုက်သိစွာ မောင့်ကိုပြန်လည်ထွေးပွေ့ထားမိသည်။ သွင်အတွက်မောင်ဟာ သိပ်ကိုအဖိုးတန်လွန်းလှသော လူသားတစ်ဦးဖြစ်သလို သွင်အတွက်တစ်ဘဝလုံးလက်တွဲသင့်သော ချစ်သူတစ်ဦးသာဖြစ်သည်။ အချိန်ရာသီတွေ ဘာ်လောက်ပင်ပြောင်းလဲနေပါစေ။ မောင့်ကိုချစ်သော သွင့်အချစ်တွေမပြောင်းလဲသွားနိုင်သလို သွင့်ကိုချစ်သော မောင့်ရဲ့အချစ်တွေဟာလဲ ပြောင်းလဲမှု့မရှိနိုင်ဘူးလို့ သွင်တစ်ထစ်ချယုံကြည်မိသည်။