စိုင်းတစ်ယောက်မိုးသောက်ပြတဲ့အတိုင်းမှို့လေးတွေကိုကိုင်ကာအဝတ်စထဲကိုသွပ်အဝတ်စလေးဖောင်းလာပြီးပြည့်သွားရင်အပ်လေးနဲ့အပေါက်လေးကိုချုပ်နှင့်အလုပ်ရှုပ်လို့နေသည်....စည်းလုံးခြင်းသည်အင်အားဆိုတဲ့အတိုင်းနှစ်ဦးသားအိမ်ပေါက်ဝနားလေးမှာထိုင်ပြီးတက်ညီလက်ညီနဲ့လုပ်လာလိုက်တာအခု၂၀ကျော်လောက်သာကျန်တော့သည်....အချိန်အားဖြင့်လည်း၃နာရီနေ့လည်စာပင်မစားရသေးကြ......
"Star"
"ဗျာ..ကိုစိုင်း"
"ဟို..မင်းဗိုက်မဆာဘူးလား..."
"ဗိုက်...အာဟုတ်သားရယ်...တောင်းပန်ပါတယ်ကိုစိုင်းရယ်ကျွန်တော်နာရီမကြည့်မိဘူး...ခဏပဲစောင့်နော်"
"အင်း"
သူ့အားပြောကာနောက်ဖေးသို့သုတ်သုတ်သုတ်သုတ်နှင့်ဝင်သွားသောမိုးသောက်....ခဏကြာတော့ဖောင်းဖောင်းဖောက်ဖောက်အသံတွေနဲ့အတူမိုးသောက်ရဲ့အမယ်လေးအော်သံပေါင်းများစွာ.....
အိမ်ရှေ့ကိုအညှော်တွေတော်တော်တက်လာပြီးမှမိုးသောက်ကပန်းကန်လေးသုံးချပ်ကိုကိုင်၍ထွက်လာလေသည်....
"ကိုစိုင်း...လာ..စားရအောင်"
စိုင်းလည်းဗိုက်ဆာလွန်းနေတာကြောင့်စားပွဲဝိုင်းနားထိုင်လိုက်သည်...
"ဟင်"
"ကိုစိုင်း...မကြိုက်လို့လား..."
"မကြိုက်တာတော့မဟုတ်ပါဘူး...ဒီတိုင်း.."
"ဒါလေးကကြက်ဥပြုတ်သုပ်ကြက်သွန်လေးနဲ့.....ဒါလေးကကြက်ဥမွှေကြော်...စားနော်ကိုစိုင်း"
ကြက်ဥပန်းကန်လေးတွေကိုလက်ညှိုးထိုးကာဟင်းအမည်တွေပြောပြနေသောကောင်လေး....
"အင်း...စားမယ်နော်.."
စားမယ်ဆိုတာနှင့်စိုင်း၏ပန်းကန်ထဲသို့ကြက်ဥအမည်ပေါင်းများစွာကိုဦးဖယ်ကာခပ်ထည့်လေသည်.....စိုင်းတစ်ယောက်စားရမှာတွန့်ဆုတ်နေတာတော့အမှန်ပင်ကြက်ဥဆိုတာမလိုအပ်ရင်အဆာပြေတောင်မစားခဲ့...ခုတော့ကြက်ဥကိုဟင်းလုပ်စားရချေပြီ...မတက်နိုင်စားရပေဦးမည်....
ဆီဆမ်းထားသောထမင်းလေးကိုနယ်လိုက်ကာကြက်ဥသုပ်လေးနဲ့တစ်စွန်းစားလိုက်တော့မျက်ခုံးတောင်ပင့်မိသွားသည်....
"ကောင်းလားကိုစိုင်း"
"အင်းကောင်းတယ်"
"စား.."
"အင်း..."
တကယ်ကိုကောင်းသည်...အနှစ်နဲ့အကာတစ်ကွဲတစ်ပြားနဲ့ကြက်သွန်နဲ့ဆီလေးပါရုံမျှနဲ့ရောနယ်ထားသောဖြူရော်ရော်ကြက်ဥသုပ်လေးသည်တကယ်ကိုကောင်းလွန်းခဲ့ပြန်သည်....
ကြက်ဥဟင်းလျာလေးနဲ့ထမင်းစားပြီးနောက်ခဏအစာချေကာအရုပ်လေးတွေကိုဆက်ပြီးအစာသွပ်ကြလေသည်....၆နာရီလောက်ရောက်တော့အားလုံးအပြီးအစီး...
ထိုညကတော့ညစာလေးကိုခေါက်ဆွဲလေးနှစ်ထုပ်ပြုတ်ပြီးဗိုက်ဖြည့်ခဲ့ကြရသည်....
စိုင်းဘဝမှာဘယ်တော့မှမစားဖူးလို့ဆုံးဖြတ်ထားတဲ့Ready madeခေါက်ဆွဲ .....စားစရာရယ်လို့တရေးတယူမသတ်မှတ်ခဲ့မိတဲ့ကြက်ဥ.....ထိုအရာတွေအားလုံးကလည်းတကယ်တော့သူ့အရသာလေးနဲ့သူကောင်းပြီးသာမန်လူတန်းစားတွေဆင်းရဲနိမ့်ကျတဲ့လူတွေအတွက်တော့နတ်သုဒ္ဓါလေးပင်........
"ကိုစိုင်းကျွန်တော်ဆိုင်ခဏသွားဦးမယ်"
"မှောင်နေပြီလေ"
"၇နာရီပဲရှိပါသေးတယ်ကိုစိုင်းရဲ့"
"အင်းအင်း...အကိုလိုက်ခဲ့ရဦးမလား"
"ရတယ်ကိုစိုင်း"
"အင်း...မြန်မြန်လည်းပြန်လာဦးမှောင်နေဦးမယ်"
"ဟုတ်ဟုတ်"
မိုးသောက်တစ်ယောက်စိုင်းကိုပြောကာဆိုင်သို့ထွက်ခဲ့လေသည်ဆိုင်ရောက်တော့သူ့ကိုမြင်သည်နှင့်သူဌေးကဘာများဖြစ်လို့လဲတန်းမေးရှာသည်...သူ့အကိုအတွက်အလုပ်လေးတစ်နေရာလောက်လိုချင်တယ်ပြောတော့လည်းသဘောကောင်းသောသူဌေးမှာမတုံ့မဆိုင်းပေးရှာသည်....
မိုးသောက်အပေါ်သူဌေးရဲ့ကျေးဇူးတွေများလှနေပြီ......ကျေးဇူးတင်စကားပြောကာပျော်ရွှင်မှုတွေနှင့်အိမ်ပြန်လာပြီးစိုင်းကိုသတင်းကောင်းပြောရန်လည်းပါးစပ်လေးတပြင်ပြင်နှင့်
"ကိုစိုင်းရေ...ကိုစိုင်း"
"လာပြီStar"
"ကိုစိုင်း...ကျွန်တော်အလုပ်သွားတောင်းကြည့်တာရပြီသိလားကိုစိုင်း...မနက်ဖြန်စဆင်းလို့ရပြီ...စားပွဲထိုးအလုပ်ရတယ်"
"စားပွဲထိုး"
"အင်း...သူဌေးကတကယ်သဘောကောင်းတာနော်ကိုစိုင်း...မနက်ဖြန်ကျကျေးဇူးလည်းတင်လိုက်ဦး"
"အင်း...အင်းပါကျေးဇူး..."
စိုင်းတစ်ယောက်အင်တင်တင်သာပြုံးပြလိုက်ရသည်...စားပွဲထိုးတဲ့လားတစ်ခါမှစိတ်တောင်မကူးခဲ့ဘူးတဲ့အလုပ်....ကျေးဇူး...ကျေးဇူးဆိုတာသူသာအတင်ခံမည်တခြားသူကိုတော့ဘယ်တော့မှတင်မည်မဟုတ်......
"ကိုစိုင်းကျွန်တော်အိပ်တော့မယ်နော်...မနက်ဖြန်အလုပ်စတက်ရမယ်နော်"
"အေးပါ..အကိုသိပါတယ်"
မိုးသောက်အခန်းထဲဝင်သွားသည်နှင့်စိုင်းလည်းသူ့အိပ်ယာပေါ်တွင်သူလဲလျောင်းလိုက်သည်....ဒီ၄ရက်ကျော်၅ရက်အတွင်းသူဟာကြမ်းပြင်နဲ့လည်းအသားကျခဲ့ပြီ၊ကြက်ဥနဲ့လည်းဟင်းဖြစ်အောင်စားတက်ခဲ့သည်...ခုသူနေရတဲ့ဘဝဟာတခြားဘဝတစ်ခုလိုပင်...တစ်ချိန်ကယောင်လို့တောင်ငုံ့မကြည့်ခဲ့မိတဲ့ဒီလိုဘဝဟာလည်းရုန်းကန်ရင်းနဲ့တော့ပျော်စရာတွေရှိသေးတာပဲပင်......
မိုးလင်းတော့မိုးသောက်ကပင်စောစောထကာပဲပြုတ်လေးဝယ်ထားပြီးထမင်းလေးနဲ့နှစ်ယောက်သားဝမ်းဖြည့်ကြရပြန်သည်...မိုးသောက်နဲ့သာအတူရှိနေသည့်အတွက်အပြင်စာလည်းမှာစားလို့မရပြန်၁၁နာရီလောက်မိုးသောက်အလုပ်လုပ်တဲ့ဆိုင်ကိုသွားကြသည်...လမ်းတစ်လျှောက်ကလူတွေကStarကိုမလိုတဲ့အကြည့်တွေနဲ့ကြည့်တာသူသတိထားမိခဲ့ပါသေးသည်....ဆိုင်ရောက်တော့လည်းအားလုံးကကြိုဆိုကြပြီးဒီလူတွေဟာလည်းတစ်မျိုးခင်ဖို့ကောင်းကြပြန်သည်...အနဲဆုံးတော့စီးပွားရေးအကြောင်းလောက်ပဲသိတဲ့လူကုံထန်တွေထက်စာရင်တော့တော်သေးတာပေါ့.....ထိုနေ့ကပထမဆုံးအနေနဲ့စားပွဲထိုးဆ်ုတဲ့အလုပ်ကိုလုပ်ပြီးတစ်ရက်ထဲနဲ့တင်ပဲစိုင်းတစ်ယောက်အလုပ်မလာတော့ရန်ပြောခံရလေသည်....ကြိုးစားပြီးလုပ်ကြည့်သော်လည်းမာနကလက်မခံ...ဘယ်တုန်းကမှသူများအောက်မကြို့ခဲ့ဘူးမို့ခုလည်းပဲမလုပ်နိုင်ခဲ့..အထက်စီးနဲ့ခိုင်းစေတဲ့customerကိုပြန်ပြောတာကြောင့်ပြသနာတွေသာတက်ခဲ့ရသည်အထိ....
"ကိုစိုင်းကလည်းဘာလို့ဖောက်သည်ကိုထိုးလိုက်ရတာလဲလို့"
ရလဒ်အနေနဲ့ကတော့မိုးသောက်ရဲ့စူပုပ်ပုပ်ရုပ်လေးနဲ့ပွစိပွစိပြောခြင်းပင်.....
"သူကရိုင်းတာကိုးကွ"
"သူတို့တွေကဒီလိုပဲဟာ...သူတို့လိုလူတန်းစားတွေကနိမ့်ကျတဲ့လူတွေကိုနှိမ်ချချင်ကြတာလေ...အယ့်တာကိုလိုက်ပြီးခံစားနေရင်ဘယ်လိုလုပ်အဆင်ပြေမလဲကိုစိုင်းရဲ့"
မိုးသောက်ပြောမှသူပြန်စဥ်းစားမိသည်...ဟုတ်ပါရဲ့သူတို့လိုလူတန်းစားတွေကဒီလိုပဲဟာ...သူလည်းအယ့်လိုလူတွေထဲကလူတစ်ယောက်...ဘားသွားလို့များwaiterလေးတွေကိုဆိုရင်ဟောက်ဟမ်းပြီးအချိုးမပြေရင်မပြေသလိုသူလည်းပဲပြောခဲ့ဖူးတာပဲ...သူလုပ်ခဲ့တုန်းကလည်းထိုwaiterလေးတွေသူ့လိုပဲခံစားခဲ့ရမယ်ထင်...ဒီလူကမှတော်ပါသေးတယ်ပါးစပ်နဲ့ပြောတာ...သူဆိုအလုပ်ပါမလုပ်ရတော့အောင်ဖြုတ်ခိုင်းပစ်ခဲ့ဖူးတာ...သူအယ့်လိုနှိမ်ချခဲ့တဲ့လူတွေနည်းမှမနည်းဘဲ...ပထမဆုံးအနေနဲ့သူနောင်တရမိသည်....
အိမ်ရောက်သည်အထိဘာစကားမှမဆိုဖြစ်ကြ....
တိတ်ဆိတ်နေသောကိုစိုင်းသည်အလုပ်ဖြုတ်ခံရတာကိုစိတ်မကောင်းဖြစ်ဟန်တူတာကြောင့်မိုးသောက်လည်းစိတ်မကောင်းပေ...ဘယ်သူကတော့တမင်ရည်ရ့ယ်ပြီးလုပ်ပါ့မလဲလေသူပြောတာများလွန်သွားသလား.......နှစ်ဦးသားကိုယ့်အတွေးနဲ့ကိုယ်သာနေရာယူလျက်....
"ဒါနဲ့Star..အကိုမေးတာတစ်မျိုးတော့မထင်နဲ့နော်...မနက်ကလူတွေမင်းကိုကြည့်နေသလိုပဲဘာများဖြစ်ထားလို့လဲ..."
"အဟက်..."စိုင်း၏စကားကြောင့်မိုးသောက်ခြောက်ကပ်စွာရယ်လိုက်သည်....
"အကို့ကိုကျွန်တော်လိမ်ပြောရမလားအမှန်တိုင်းပြောရမလား"
"မင်းသဘောပါ...မင်းပြောသမျှကိုတော့ငါနားထောင်ပေးမှာပါ"
"အကယ်၍ကျွန်တော်အမှန်တိုင်းပြောလိုက်လို့အကိုလည်းသူတို့လိုဖြစ်သွားရင်ရော...."
"မင်းတောင်တစ်ခါမှမမြင်မသိဘူးတဲ့ငါ့ကိုတောင်ကယ်ပေးထားတာပဲ...ငါကလည်းမင်းပြောမဲ့အကြောင်းအရာကိုလက်ခံပေးရမှာပေါ့...ဖွင့်ထုတ်လိုက်ပါStar...အကိုမင်းအတွက်ရှိပေးမှာပါ"
စိုင်း၏စကားကြောင့်မိုးသောက်မျက်လုံးထဲတွင်အရည်ကြည်လေးများဝေ့လာရသည်..အင်း..သူလည်းအရမ်းပင်ပန်းတယ်..သူ့ရဲ့ခံပြင်းမှုတွေကိုတစ်စုံတစ်ယောက်ကိုပြောပြလိုက်ချင်တယ်.....
"ကျွန်တော်ကလူသတ်သမားတွေရဲ့သားမို့လို့တဲ့"
"........."
"အကိုသိလား...အကိုမရောက်လာခင်ရှေ့တစ်ပတ်ကကျွန်တော့်မှာမိသားစုဆိုတာရှိခဲ့တယ်....ကျွန်တော့်မိဘတွေရွာမှာဆိုတာလိမ်တာ....တစ်နေ့ကျွန်တော်တို့မိသားစုတွေနေ့လည်စာစားဖို့ပြင်နေတုန်းရဲကားတွေရောက်လာပြီးဖေဖေနဲ့မေမေကိုလူသတ်မှုနဲ့ကြံရာပါဆိုပြီးဖမ်းခေါ်သွားခဲ့ကြတာ....အဖြစ်အပျက်တွေကမြန်လွန်းလို့ကျွန်တော်ကိုယ်တိုင်တောင်ဆွံ့အနေခဲ့မိတာ....ကျွန်တော်သတိဝင်တဲ့အချိန်မှာဖေဖေနဲ့မေမေကလက်ထိပ်လေးတွေနဲ့ငိုပြီးပါသွားကြပြီ....တကယ်ပဲလူသတ်ခဲ့သလား...တကယ်ပဲကြံရာပါလားဆိုတာစစ်တောင်မစစ်ကြတော့ဘူးခေါ်သွားကြတာ....ကျန်နေခဲ့တဲ့ကျွန်တော်ကလူသတ်သမားတွေရဲ့သားတဲ့...သူ့အဖေနဲ့အမေလိုပဲနေမှာတဲ့....သူတို့တွေကျွန်တော့်ကိုအဆင်ပြေသလားနဲနဲတောင်မမေးခဲ့ကြဘူး...ရွံရှာစက်ဆုပ်မှုတွေအပြည့်နဲ့ကျွန်တော့်ကိုကြည့်ကြတာ...ဆက်ဆံကြတာ..ရာဇဝတ်သားလိုအန္တရာယ်ကောင်လို......"
မိုးသောက်သည်ပြောရင်းနှင့်မျက်ရည်များပင်ကျလာရသည်...မျက်ရည်တွေကိုလက်ဖမိုးနှင့်ဆွဲသုတ်ကာအသက်ကိုပြင်းပြင်းရှုလိုက်ပြီး...
"အကိုသိလား...ကျွန်တော်တော့မယုံဘူး..ကျွန်တော်တို့ကရှိတာလေးနဲ့ရောင့်ရဲနိုင်ပါတယ်..ဖေဖေကလည်းကျွန်တော့်ကိုအများနည်းတူမဖြုန်းနိုင်တောင်အများနည်းတူသုံးနိုင်အောင်တော့ထားပေးခဲ့တာ...အယ့်လိုမိသားစုကိုချစ်တဲ့သူကရှိတာလေးနဲ့ရောင့်ရဲ့တက်တဲ့ဖေဖေကအယ့်လိုလုပ်မယ်တဲ့လား...ကံဆိုးမှုတွေကလုံလောက်သင့်ပြီလို့ကျွန်တော်ထင်တယ်...ဒါကျွန်တော်ရဲ့ဒုတိယကံဆိုးမှု...ကျွန်တော်ချစ်တဲ့မိသားစုဝင်တွေကိုဖြည်းဖြည်းချင်းဆွဲထုတ်သွားကြတာကျွန်တော်အသက်ဆက်ရှင်ရမှာတောင်ကြောက်လာပြီအကို....ကျွန်တော်တို့မိသားစုကတကယ်တော့၄ယောက်ရှိခဲ့တာ...ညီမလေးကနှလုံးရောဂါသည်လေ...အယ့်ချိန်တုန်းကညီမလေးကနှလုံးထဖောက်ခဲ့တာ...ကျွန်တော်တို့မှာကုဖို့လည်းငွေမရှိခဲ့ဘူး..ညီမလေးထဖောက်တဲ့အချိန်မနက်၃နာရီလောက်၊နီးရာဆေးရုံကိုပြေးရတာ...အကိုသိလားအယ့်နေ့ကကျွန်တော်တို့နဲ့အပြိုင်ရောက်လာတဲ့လူနာကောင်လေးတစ်ယောက်လည်းရှိတယ်...နှလုံးခွဲဖို့တဲ့...ကျွန်တော်သိပ်နားမလည်ပေမယ့်အယ့်နေကနှလုံးအထူးကုနှစ်ယောက်ရှိတယ်...ညီမလေးကိုကယ်ပေးပါလို့ပြောတော့ခွဲရမယ့်လူရှိလို့တဲ့ဆိုပြီးညီမလေးကိုဆေးလေးတစ်လုံးပဲတိုက်ခဲ့ပြီးနှစ်ယောက်လုံးကအယ့်ခွဲခန်းထဲဝင်သွားတာ...တကယ်ဆိုနှစ်ယောက်ရှိတာကျွန်တော့်ညီမလေးကိုတစ်ယောက်ကြည့်ပေးလို့ရတယ်မလားအကိုရယ်...ညီမလေးမှာနာလွန်းလို့ငိုနေရှာတာ၆နှစ်အရွယ်လေးကလေ...ကျွန်တော်တို့ဘာမှမလုပ်ပေးနိုင်ခဲ့ဖူးခွဲခန်းလေးရှေ့မှာထိုင်စောင့်နေခဲ့ရတာ...ဆရာဝန်ကဆေးတိုက်သွားတော့သက်သာသွားမှာပါဆိုပြီးတော့....ဒါပေမဲ့မှားခဲ့တယ်...ညီမလေးကသူအရမ်းနာလာပြီတဲ့အသက်ရှုကြပ်လာပြီတဲ့....နောက်ဆုံးမခံနိုင်တော့တဲ့ကလေးကဖေ့ဖေ့လက်ပေါ်မှာတင်ပွေ့ရက်လေးဆုံးသွားရရှာတာ...ကျွန်တော့်လက်ကိုဆုပ်ကိုင်ထားရင်းမေမေ့ကိုကြည့်ရင်းဆုံးသွားရှာတာ....ကျွန်တော့်ညီမလေးဘယ်လောက်တောင်နာကျင်ခဲ့မလဲ...အကိုစဥ်းစားကြည့်ပါဦး...ဘာလို့လဲ...ဘာလို့ကျွန်တော့်ကိုမှလဲ........."
ရင်ဘက်ကိုထု၍ငိုနေသောမိုးသောက်ကိုစိုင်းပွေ့ဖက်နှစ်သိမ့်ရုံမှလွဲ၍မတက်နိုင်ခဲ့ပါ.....
"တောင်းပန်ပါတယ်ကလေး...အကိုတောင်းပန်ပါတယ်...."တောင်းပန်ခဲ့မိတယ်.....ငယ်ရွယ်တဲ့ကောင်လေးကကံကြမ္မာရဲ့ရိုက်ချက်တွေကိုအပြင်းအထန်ခံခဲ့ရပြီ.....ငိုရှိုက်နေတဲ့ကောင်လေးရဲ့ကျောပြင်ငယ်လေးကိုပွတ်သပ်ရင်းနှစ်သိမ့်မိသည်...တကယ်ကိုတောင်းပန်ပါတယ်မိုးသောက်ကြယ်......
ငိုရင်းနဲ့မောလာတော့ရှိုက်ရင်းရှိုက်ရင်းငြိမ်သွားတဲ့ကောင်လေး....ငိုရတာပင်ပန်းသွားပြီထင်ပါရဲ့... စိုင်းရဲ့ရင်ခွင်ထဲမှာနှစ်ခြိုက်စွာအိပ်ပျော်သွားလေပြီ....ထိုကောင်လေးကိုအသာပွေ့ကာသူ့အိပ်ယာလေးထက်ချပေးတော့မျက်ခုံးလေးတွေတွန့်ချိုးသွားသည်..ရှိုက်ပြန်သည်....
မျက်ရည်တွေစိုနေတဲ့မျက်တောင်ကျဲလေးတွေကမျက်ခွံလေးမှာကော့ပြီးကပ်လို့...နှာခေါင်းလေးကနီမြန်းလို့...မချိတင်ကဲစိတ်တွေကြောင့်မြေစာပင်ဖြစ်ရရှာတဲ့နှုတ်ခမ်းလေးကကြိတ်ထားတာကြောင့်သွေးရောင်သန်းလို့......
အပြစ်ကင်းလိုက်တာStar..
မင်းကိုငါ့ဘဝထဲဆွဲခေါ်မိတာအမှားတစ်ခုထပ်ကျူးလွန်မိပြီလားကလေးငယ်.........
ဖတ်ရတာအဆင်ပြေရဲ့လားရှင့်🥰
ရွှန်းကတော့ငိုရတာမောသွားပြီ🤭
////////////////////////////////
စိုင္းတစ္ေယာက္မိုးေသာက္ျပတဲ့အတိုင္းမႈိ႕ေလးေတြကိုကိုင္ကာအဝတ္စထဲကိုသြပ္အဝတ္စေလးေဖာင္းလာၿပီးျပည့္သြားရင္အပ္ေလးနဲ႔အေပါက္ေလးကိုခ်ဳပ္ႏွင့္အလုပ္ရႈပ္လို႔ေနသည္....စည္းလုံးျခင္းသည္အင္အားဆိုတဲ့အတိုင္းႏွစ္ဦးသားအိမ္ေပါက္ဝနားေလးမွာထိုင္ၿပီးတက္ညီလက္ညီနဲ႔လုပ္လာလိုက္တာအခု၂၀ေက်ာ္ေလာက္သာက်န္ေတာ့သည္....အခ်ိန္အားျဖင့္လည္း၃နာရီေန႔လည္စာပင္မစားရေသးၾက......
"Star"
"ဗ်ာ..ကိုစိုင္း"
"ဟို..မင္းဗိုက္မဆာဘူးလား..."
"ဗိုက္...အာဟုတ္သားရယ္...ေတာင္းပန္ပါတယ္ကိုစိုင္းရယ္ကြၽန္ေတာ္နာရီမၾကည့္မိဘူး...ခဏပဲေစာင့္ေနာ္"
"အင္း"
သူ႔အားေျပာကာေနာက္ေဖးသို႔သုတ္သုတ္သုတ္သုတ္ႏွင့္ဝင္သြားေသာမိုးေသာက္....ခဏၾကာေတာ့ေဖာင္းေဖာင္းေဖာက္ေဖာက္အသံေတြနဲ႔အတူမိုးေသာက္ရဲ႕အမယ္ေလးေအာ္သံေပါင္းမ်ားစြာ.....
အိမ္ေရွ႕ကိုအေညႇာ္ေတြေတာ္ေတာ္တက္လာၿပီးမွမိုးေသာက္ကပန္းကန္ေလးသုံးခ်ပ္ကိုကိုင္၍ထြက္လာေလသည္....
"ကိုစိုင္း...လာ..စားရေအာင္"
စိုင္းလည္းဗိုက္ဆာလြန္းေနတာေၾကာင့္စားပြဲဝိုင္းနားထိုင္လိုက္သည္...
"ဟင္"
"ကိုစိုင္း...မႀကိဳက္လို႔လား..."
"မႀကိဳက္တာေတာ့မဟုတ္ပါဘူး...ဒီတိုင္း.."
"ဒါေလးကၾကက္ဥျပဳတ္သုပ္ၾကက္သြန္ေလးနဲ႔.....ဒါေလးကၾကက္ဥေမႊေၾကာ္...စားေနာ္ကိုစိုင္း"
ၾကက္ဥပန္းကန္ေလးေတြကိုလက္ညႇိဳးထိုးကာဟင္းအမည္ေတြေျပာျပေနေသာေကာင္ေလး....
"အင္း...စားမယ္ေနာ္.."
စားမယ္ဆိုတာႏွင့္စိုင္း၏ပန္းကန္ထဲသို႔ၾကက္ဥအမည္ေပါင္းမ်ားစြာကိုဦးဖယ္ကာခပ္ထည့္ေလသည္.....စိုင္းတစ္ေယာက္စားရမွာတြန္႔ဆုတ္ေနတာေတာ့အမွန္ပင္ၾကက္ဥဆိုတာမလိုအပ္ရင္အဆာေျပေတာင္မစားခဲ့...ခုေတာ့ၾကက္ဥကိုဟင္းလုပ္စားရေခ်ၿပီ...မတက္ႏိုင္စားရေပဦးမည္....
ဆီဆမ္းထားေသာထမင္းေလးကိုနယ္လိုက္ကာၾကက္ဥသုပ္ေလးနဲ႔တစ္စြန္းစားလိုက္ေတာ့မ်က္ခုံးေတာင္ပင့္မိသြားသည္....
"ေကာင္းလားကိုစိုင္း"
"အင္းေကာင္းတယ္"
"စား.."
"အင္း..."
တကယ္ကိုေကာင္းသည္...အႏွစ္နဲ႔အကာတစ္ကြဲတစ္ျပားနဲ႔ၾကက္သြန္နဲ႔ဆီေလးပါ႐ုံမွ်နဲ႔ေရာနယ္ထားေသာျဖဴေရာ္ေရာ္ၾကက္ဥသုပ္ေလးသည္တကယ္ကိုေကာင္းလြန္းခဲ့ျပန္သည္....
ၾကက္ဥဟင္းလ်ာေလးနဲ႔ထမင္းစားၿပီးေနာက္ခဏအစာေခ်ကာအ႐ုပ္ေလးေတြကိုဆက္ၿပီးအစာသြပ္ၾကေလသည္....၆နာရီေလာက္ေရာက္ေတာ့အားလုံးအၿပီးအစီး...
ထိုညကေတာ့ညစာေလးကိုေခါက္ဆြဲေလးႏွစ္ထုပ္ျပဳတ္ၿပီးဗိုက္ျဖည့္ခဲ့ၾကရသည္....
စိုင္းဘဝမွာဘယ္ေတာ့မွမစားဖူးလို႔ဆုံးျဖတ္ထားတဲ့Ready madeေခါက္ဆြဲ .....စားစရာရယ္လို႔တေရးတယူမသတ္မွတ္ခဲ့မိတဲ့ၾကက္ဥ.....ထိုအရာေတြအားလုံးကလည္းတကယ္ေတာ့သူ႔အရသာေလးနဲ႔သူေကာင္းၿပီးသာမန္လူတန္းစားေတြဆင္းရဲနိမ့္က်တဲ့လူေတြအတြက္ေတာ့နတ္သုဒၶါေလးပင္........
"ကိုစိုင္းကြၽန္ေတာ္ဆိုင္ခဏသြားဦးမယ္"
"ေမွာင္ေနၿပီေလ"
"၇နာရီပဲရွိပါေသးတယ္ကိုစိုင္းရဲ႕"
"အင္းအင္း...အကိုလိုက္ခဲ့ရဦးမလား"
"ရတယ္ကိုစိုင္း"
"အင္း...ျမန္ျမန္လည္းျပန္လာဦးေမွာင္ေနဦးမယ္"
"ဟုတ္ဟုတ္"
မိုးေသာက္တစ္ေယာက္စိုင္းကိုေျပာကာဆိုင္သို႔ထြက္ခဲ့ေလသည္ဆိုင္ေရာက္ေတာ့သူ႔ကိုျမင္သည္ႏွင့္သူေဌးကဘာမ်ားျဖစ္လို႔လဲတန္းေမးရွာသည္...သူ႔အကိုအတြက္အလုပ္ေလးတစ္ေနရာေလာက္လိုခ်င္တယ္ေျပာေတာ့လည္းသေဘာေကာင္းေသာသူေဌးမွာမတုံ႔မဆိုင္းေပးရွာသည္....
မိုးေသာက္အေပၚသူေဌးရဲ႕ေက်းဇူးေတြမ်ားလွေနၿပီ......ေက်းဇူးတင္စကားေျပာကာေပ်ာ္႐ႊင္မႈေတြႏွင့္အိမ္ျပန္လာၿပီးစိုင္းကိုသတင္းေကာင္းေျပာရန္လည္းပါးစပ္ေလးတျပင္ျပင္ႏွင့္
"ကိုစိုင္းေရ...ကိုစိုင္း"
"လာၿပီStar"
"ကိုစိုင္း...ကြၽန္ေတာ္အလုပ္သြားေတာင္းၾကည့္တာရၿပီသိလားကိုစိုင္း...မနက္ျဖန္စဆင္းလို႔ရၿပီ...စားပြဲထိုးအလုပ္ရတယ္"
"စားပြဲထိုး"
"အင္း...သူေဌးကတကယ္သေဘာေကာင္းတာေနာ္ကိုစိုင္း...မနက္ျဖန္က်ေက်းဇူးလည္းတင္လိုက္ဦး"
"အင္း...အင္းပါေက်းဇူး..."
စိုင္းတစ္ေယာက္အင္တင္တင္သာၿပဳံးျပလိုက္ရသည္...စားပြဲထိုးတဲ့လားတစ္ခါမွစိတ္ေတာင္မကူးခဲ့ဘူးတဲ့အလုပ္....ေက်းဇူး...ေက်းဇူးဆိုတာသူသာအတင္ခံမည္တျခားသူကိုေတာ့ဘယ္ေတာ့မွတင္မည္မဟုတ္......
"ကိုစိုင္းကြၽန္ေတာ္အိပ္ေတာ့မယ္ေနာ္...မနက္ျဖန္အလုပ္စတက္ရမယ္ေနာ္"
"ေအးပါ..အကိုသိပါတယ္"
မိုးေသာက္အခန္းထဲဝင္သြားသည္ႏွင့္စိုင္းလည္းသူ႔အိပ္ယာေပၚတြင္သူလဲေလ်ာင္းလိုက္သည္....ဒီ၄ရက္ေက်ာ္၅ရက္အတြင္းသူဟာၾကမ္းျပင္နဲ႔လည္းအသားက်ခဲ့ၿပီ၊ၾကက္ဥနဲ႔လည္းဟင္းျဖစ္ေအာင္စားတက္ခဲ့သည္...ခုသူေနရတဲ့ဘဝဟာတျခားဘဝတစ္ခုလိုပင္...တစ္ခ်ိန္ကေယာင္လို႔ေတာင္ငုံ႔မၾကည့္ခဲ့မိတဲ့ဒီလိုဘဝဟာလည္း႐ုန္းကန္ရင္းနဲ႔ေတာ့ေပ်ာ္စရာေတြရွိေသးတာပဲပင္......
မိုးလင္းေတာ့မိုးေသာက္ကပင္ေစာေစာထကာပဲျပဳတ္ေလးဝယ္ထားၿပီးထမင္းေလးနဲ႔ႏွစ္ေယာက္သားဝမ္းျဖည့္ၾကရျပန္သည္...မိုးေသာက္နဲ႔သာအတူရွိေနသည့္အတြက္အျပင္စာလည္းမွာစားလို႔မရျပန္၁၁နာရီေလာက္မိုးေသာက္အလုပ္လုပ္တဲ့ဆိုင္ကိုသြားၾကသည္...လမ္းတစ္ေလွ်ာက္ကလူေတြကStarကိုမလိုတဲ့အၾကည့္ေတြနဲ႔ၾကည့္တာသူသတိထားမိခဲ့ပါေသးသည္....ဆိုင္ေရာက္ေတာ့လည္းအားလုံးကႀကိဳဆိုၾကၿပီးဒီလူေတြဟာလည္းတစ္မ်ိဳးခင္ဖို႔ေကာင္းၾကျပန္သည္...အနဲဆုံးေတာ့စီးပြားေရးအေၾကာင္းေလာက္ပဲသိတဲ့လူကုံထန္ေတြထက္စာရင္ေတာ့ေတာ္ေသးတာေပါ့.....ထိုေန႔ကပထမဆုံးအေနနဲ႔စားပြဲထိုးဆ္ုတဲ့အလုပ္ကိုလုပ္ၿပီးတစ္ရက္ထဲနဲ႔တင္ပဲစိုင္းတစ္ေယာက္အလုပ္မလာေတာ့ရန္ေျပာခံရေလသည္....ႀကိဳးစားၿပီးလုပ္ၾကည့္ေသာ္လည္းမာနကလက္မခံ...ဘယ္တုန္းကမွသူမ်ားေအာက္မႀကိဳ႕ခဲ့ဘူးမို႔ခုလည္းပဲမလုပ္ႏိုင္ခဲ့..အထက္စီးနဲ႔ခိုင္းေစတဲ့customerကိုျပန္ေျပာတာေၾကာင့္ျပသနာေတြသာတက္ခဲ့ရသည္အထိ....
"ကိုစိုင္းကလည္းဘာလို႔ေဖာက္သည္ကိုထိုးလိုက္ရတာလဲလို႔"
ရလဒ္အေနနဲ႔ကေတာ့မိုးေသာက္ရဲ႕စူပုပ္ပုပ္႐ုပ္ေလးနဲ႔ပြစိပြစိေျပာျခင္းပင္.....
"သူက႐ိုင္းတာကိုးကြ"
"သူတို႔ေတြကဒီလိုပဲဟာ...သူတို႔လိုလူတန္းစားေတြကနိမ့္က်တဲ့လူေတြကိုႏွိမ္ခ်ခ်င္ၾကတာေလ...အယ့္တာကိုလိုက္ၿပီးခံစားေနရင္ဘယ္လိုလုပ္အဆင္ေျပမလဲကိုစိုင္းရဲ႕"
မိုးေသာက္ေျပာမွသူျပန္စဥ္းစားမိသည္...ဟုတ္ပါရဲ႕သူတို႔လိုလူတန္းစားေတြကဒီလိုပဲဟာ...သူလည္းအယ့္လိုလူေတြထဲကလူတစ္ေယာက္...ဘားသြားလို႔မ်ားwaiterေလးေတြကိုဆိုရင္ေဟာက္ဟမ္းၿပီးအခ်ိဳးမေျပရင္မေျပသလိုသူလည္းပဲေျပာခဲ့ဖူးတာပဲ...သူလုပ္ခဲ့တုန္းကလည္းထိုwaiterေလးေတြသူ႔လိုပဲခံစားခဲ့ရမယ္ထင္...ဒီလူကမွေတာ္ပါေသးတယ္ပါးစပ္နဲ႔ေျပာတာ...သူဆိုအလုပ္ပါမလုပ္ရေတာ့ေအာင္ျဖဳတ္ခိုင္းပစ္ခဲ့ဖူးတာ...သူအယ့္လိုႏွိမ္ခ်ခဲ့တဲ့လူေတြနည္းမွမနည္းဘဲ...ပထမဆုံးအေနနဲ႔သူေနာင္တရမိသည္....
အိမ္ေရာက္သည္အထိဘာစကားမွမဆိုျဖစ္ၾက....
တိတ္ဆိတ္ေနေသာကိုစိုင္းသည္အလုပ္ျဖဳတ္ခံရတာကိုစိတ္မေကာင္းျဖစ္ဟန္တူတာေၾကာင့္မိုးေသာက္လည္းစိတ္မေကာင္းေပ...ဘယ္သူကေတာ့တမင္ရည္ရ႕ယ္ၿပီးလုပ္ပါ့မလဲေလသူေျပာတာမ်ားလြန္သြားသလား.......ႏွစ္ဦးသားကိုယ့္အေတြးနဲ႔ကိုယ္သာေနရာယူလ်က္....
"ဒါနဲ႔Star..အကိုေမးတာတစ္မ်ိဳးေတာ့မထင္နဲ႔ေနာ္...မနက္ကလူေတြမင္းကိုၾကည့္ေနသလိုပဲဘာမ်ားျဖစ္ထားလို႔လဲ..."
"အဟက္..."စိုင္း၏စကားေၾကာင့္မိုးေသာက္ေျခာက္ကပ္စြာရယ္လိုက္သည္....
"အကို႔ကိုကြၽန္ေတာ္လိမ္ေျပာရမလားအမွန္တိုင္းေျပာရမလား"
"မင္းသေဘာပါ...မင္းေျပာသမွ်ကိုေတာ့ငါနားေထာင္ေပးမွာပါ"
"အကယ္၍ကြၽန္ေတာ္အမွန္တိုင္းေျပာလိုက္လို႔အကိုလည္းသူတို႔လိုျဖစ္သြားရင္ေရာ...."
"မင္းေတာင္တစ္ခါမွမျမင္မသိဘူးတဲ့ငါ့ကိုေတာင္ကယ္ေပးထားတာပဲ...ငါကလည္းမင္းေျပာမဲ့အေၾကာင္းအရာကိုလက္ခံေပးရမွာေပါ့...ဖြင့္ထုတ္လိုက္ပါStar...အကိုမင္းအတြက္ရွိေပးမွာပါ"
စိုင္း၏စကားေၾကာင့္မိုးေသာက္မ်က္လုံးထဲတြင္အရည္ၾကည္ေလးမ်ားေဝ့လာရသည္..အင္း..သူလည္းအရမ္းပင္ပန္းတယ္..သူ႔ရဲ႕ခံျပင္းမႈေတြကိုတစ္စုံတစ္ေယာက္ကိုေျပာျပလိုက္ခ်င္တယ္.....
"ကြၽန္ေတာ္ကလူသတ္သမားေတြရဲ႕သားမို႔လို႔တဲ့"
"........."
"အကိုသိလား...အကိုမေရာက္လာခင္ေရွ႕တစ္ပတ္ကကြၽန္ေတာ့္မွာမိသားစုဆိုတာရွိခဲ့တယ္....ကြၽန္ေတာ့္မိဘေတြ႐ြာမွာဆိုတာလိမ္တာ....တစ္ေန႔ကြၽန္ေတာ္တို႔မိသားစုေတြေန႔လည္စာစားဖို႔ျပင္ေနတုန္းရဲကားေတြေရာက္လာၿပီးေဖေဖနဲ႔ေမေမကိုလူသတ္မႈနဲ႔ႀကံရာပါဆိုၿပီးဖမ္းေခၚသြားခဲ့ၾကတာ....အျဖစ္အပ်က္ေတြကျမန္လြန္းလို႔ကြၽန္ေတာ္ကိုယ္တိုင္ေတာင္ဆြံ႕အေနခဲ့မိတာ....ကြၽန္ေတာ္သတိဝင္တဲ့အခ်ိန္မွာေဖေဖနဲ႔ေမေမကလက္ထိပ္ေလးေတြနဲ႔ငိုၿပီးပါသြားၾကၿပီ....တကယ္ပဲလူသတ္ခဲ့သလား...တကယ္ပဲႀကံရာပါလားဆိုတာစစ္ေတာင္မစစ္ၾကေတာ့ဘူးေခၚသြားၾကတာ....က်န္ေနခဲ့တဲ့ကြၽန္ေတာ္ကလူသတ္သမားေတြရဲ႕သားတဲ့...သူ႔အေဖနဲ႔အေမလိုပဲေနမွာတဲ့....သူတို႔ေတြကြၽန္ေတာ့္ကိုအဆင္ေျပသလားနဲနဲေတာင္မေမးခဲ့ၾကဘူး...႐ြံရွာစက္ဆုပ္မႈေတြအျပည့္နဲ႔ကြၽန္ေတာ့္ကိုၾကည့္ၾကတာ...ဆက္ဆံၾကတာ..ရာဇဝတ္သားလိုအႏၲရာယ္ေကာင္လို......"
မိုးေသာက္သည္ေျပာရင္းႏွင့္မ်က္ရည္မ်ားပင္က်လာရသည္...မ်က္ရည္ေတြကိုလက္ဖမိုးႏွင့္ဆြဲသုတ္ကာအသက္ကိုျပင္းျပင္းရႈလိုက္ၿပီး...
"အကိုသိလား...ကြၽန္ေတာ္ေတာ့မယုံဘူး..ကြၽန္ေတာ္တို႔ကရွိတာေလးနဲ႔ေရာင့္ရဲႏိုင္ပါတယ္..ေဖေဖကလည္းကြၽန္ေတာ့္ကိုအမ်ားနည္းတူမျဖဳန္းႏိုင္ေတာင္အမ်ားနည္းတူသုံးႏိုင္ေအာင္ေတာ့ထားေပးခဲ့တာ...အယ့္လိုမိသားစုကိုခ်စ္တဲ့သူကရွိတာေလးနဲ႔ေရာင့္ရဲ႕တက္တဲ့ေဖေဖကအယ့္လိုလုပ္မယ္တဲ့လား...ကံဆိုးမႈေတြကလုံေလာက္သင့္ၿပီလို႔ကြၽန္ေတာ္ထင္တယ္...ဒါကြၽန္ေတာ္ရဲ႕ဒုတိယကံဆိုးမႈ...ကြၽန္ေတာ္ခ်စ္တဲ့မိသားစုဝင္ေတြကိုျဖည္းျဖည္းခ်င္းဆြဲထုတ္သြားၾကတာကြၽန္ေတာ္အသက္ဆက္ရွင္ရမွာေတာင္ေၾကာက္လာၿပီအကို....ကြၽန္ေတာ္တို႔မိသားစုကတကယ္ေတာ့၄ေယာက္ရွိခဲ့တာ...ညီမေလးကႏွလုံးေရာဂါသည္ေလ...အယ့္ခ်ိန္တုန္းကညီမေလးကႏွလုံးထေဖာက္ခဲ့တာ...ကြၽန္ေတာ္တို႔မွာကုဖို႔လည္းေငြမရွိခဲ့ဘူး..ညီမေလးထေဖာက္တဲ့အခ်ိန္မနက္၃နာရီေလာက္၊နီးရာေဆး႐ုံကိုေျပးရတာ...အကိုသိလားအယ့္ေန႔ကကြၽန္ေတာ္တို႔နဲ႔အၿပိဳင္ေရာက္လာတဲ့လူနာေကာင္ေလးတစ္ေယာက္လည္းရွိတယ္...ႏွလုံးခြဲဖို႔တဲ့...ကြၽန္ေတာ္သိပ္နားမလည္ေပမယ့္အယ့္ေနကႏွလုံးအထူးကုႏွစ္ေယာက္ရွိတယ္...ညီမေလးကိုကယ္ေပးပါလို႔ေျပာေတာ့ခြဲရမယ့္လူရွိလို႔တဲ့ဆိုၿပီးညီမေလးကိုေဆးေလးတစ္လုံးပဲတိုက္ခဲ့ၿပီးႏွစ္ေယာက္လုံးကအယ့္ခြဲခန္းထဲဝင္သြားတာ...တကယ္ဆိုႏွစ္ေယာက္ရွိတာကြၽန္ေတာ့္ညီမေလးကိုတစ္ေယာက္ၾကည့္ေပးလို႔ရတယ္မလားအကိုရယ္...ညီမေလးမွာနာလြန္းလို႔ငိုေနရွာတာ၆ႏွစ္အ႐ြယ္ေလးကေလ...ကြၽန္ေတာ္တို႔ဘာမွမလုပ္ေပးႏိုင္ခဲ့ဖူးခြဲခန္းေလးေရွ႕မွာထိုင္ေစာင့္ေနခဲ့ရတာ...ဆရာဝန္ကေဆးတိုက္သြားေတာ့သက္သာသြားမွာပါဆိုၿပီးေတာ့....ဒါေပမဲ့မွားခဲ့တယ္...ညီမေလးကသူအရမ္းနာလာၿပီတဲ့အသက္ရႈၾကပ္လာၿပီတဲ့....ေနာက္ဆုံးမခံႏိုင္ေတာ့တဲ့ကေလးကေဖ့ေဖ့လက္ေပၚမွာတင္ေပြ႕ရက္ေလးဆုံးသြားရရွာတာ...ကြၽန္ေတာ့္လက္ကိုဆုပ္ကိုင္ထားရင္းေမေမ့ကိုၾကည့္ရင္းဆုံးသြားရွာတာ....ကြၽန္ေတာ့္ညီမေလးဘယ္ေလာက္ေတာင္နာက်င္ခဲ့မလဲ...အကိုစဥ္းစားၾကည့္ပါဦး...ဘာလို႔လဲ...ဘာလို႔ကြၽန္ေတာ့္ကိုမွလဲ........."
ရင္ဘက္ကိုထု၍ငိုေနေသာမိုးေသာက္ကိုစိုင္းေပြ႕ဖက္ႏွစ္သိမ့္႐ုံမွလြဲ၍မတက္ႏိုင္ခဲ့ပါ.....
"ေတာင္းပန္ပါတယ္ကေလး...အကိုေတာင္းပန္ပါတယ္...."ေတာင္းပန္ခဲ့မိတယ္.....ငယ္႐ြယ္တဲ့ေကာင္ေလးကကံၾကမၼာရဲ႕႐ိုက္ခ်က္ေတြကိုအျပင္းအထန္ခံခဲ့ရၿပီ.....ငိုရႈိက္ေနတဲ့ေကာင္ေလးရဲ႕ေက်ာျပင္ငယ္ေလးကိုပြတ္သပ္ရင္းႏွစ္သိမ့္မိသည္...တကယ္ကိုေတာင္းပန္ပါတယ္မိုးေသာက္ၾကယ္......
ငိုရင္းနဲ႔ေမာလာေတာ့ရႈိက္ရင္းရႈိက္ရင္းၿငိမ္သြားတဲ့ေကာင္ေလး....ငိုရတာပင္ပန္းသြားၿပီထင္ပါရဲ႕... စိုင္းရဲ႕ရင္ခြင္ထဲမွာႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္သြားေလၿပီ....ထိုေကာင္ေလးကိုအသာေပြ႕ကာသူ႔အိပ္ယာေလးထက္ခ်ေပးေတာ့မ်က္ခုံးေလးေတြတြန္႔ခ်ိဳးသြားသည္..ရႈိက္ျပန္သည္....
မ်က္ရည္ေတြစိုေနတဲ့မ်က္ေတာင္က်ဲေလးေတြကမ်က္ခြံေလးမွာေကာ့ၿပီးကပ္လို႔...ႏွာေခါင္းေလးကနီျမန္းလို႔...မခ်ိတင္ကဲစိတ္ေတြေၾကာင့္ေျမစာပင္ျဖစ္ရရွာတဲ့ႏႈတ္ခမ္းေလးကႀကိတ္ထားတာေၾကာင့္ေသြးေရာင္သန္းလို႔......
အျပစ္ကင္းလိုက္တာStar..
မင္းကိုငါ့ဘဝထဲဆြဲေခၚမိတာအမွားတစ္ခုထပ္က်ဴးလြန္မိၿပီလားကေလးငယ္.........
ဖတ္ရတာအဆင္ေျပရဲ႕လားရွင့္🥰
႐ႊန္းကေတာ့ငိုရတာေမာသြားၿပီ🤭