A Boy Named JeonJungKook [Co...
By Yon_Di
310K 30.9K 3.5K
ကျွန်တော့်ရဲ့ ဘေဘီ Hyung....🐯💜 (OwnCreation) 💜 More
!! Part 1 !!
!! Part 2 !!
!! Part 3 !!
!! Part 4 !!
!! Part 5 !!
!! Part 6 !!
!! Part 7 !!
!! Part 8 !!
!! Part 9 !!
!! Part 10 !!
!! Part 10 !!
!! Part 11 !!
!! Part 13 !!
!! Part 14 !!
!! Part 15 !!
!! Part 16 !!
!! Part 17 !!
!! Part 18 !!
!! Part 19 !!
!! Part 20 !!
!! Part 21 !! (Final)
ABNJJK Limited Gift
Comic
Book Cover
Order Announcement
Book [Second Edition]
!! Part 12 !!
11.9K 1.4K 200
By Yon_Di
Unicode
"ဘယ်မှာတုန်း မင်းအိမ်က"
"ဟိုး ရှေ့နားလေးမှာ Baby Hyung"
လူချမ်းသာတို့နေထိုင်သည့်ရပ်ကွက်မလို့ လမ်းတို့ကသန့်ရှင်းကာ တိတ်တိတ်ဆိတ်ဆိတ်နှင့်ရှိလှသည် ။ ဝဲစားလေးပြတဲ့နေရာကိုကြည့်လိုက်တော့ အိမ်ကကုန်းတက်နားမှာဖြစ်သည် ။ ဒီခန္ဓာကြီးတင်ပြီးတက်ရရင်တော့ သူလျှာထွက်ဖို့သာရှိသည် ။ အနောက်ကဟာလေးကလည်း သူ့ခါးကိုဖက်ထားတာများတောက်တဲ့ကျလို့ ။ ကွာကိုကွာမလာ ။
TaeHyung အားတင်းကာကုန်းတက်ကိုတရွေ့ရွေ့တက်နေတုန်း စက်ဘီးလေးကပေါ့ပါးသွားတာမလို့ အနောက်ကိုလှည့်လိုက်တော့ ဟိုဟာလေးကစက်ဘီးပေါ်မှာမရှိတော့ ။
"Baby Hyung လေးပင်ပန်းနေမှာစိုးလို့ ဟီးဟီး"
တစ်လမ်းလုံးအားမနာလျှာမကျိုးတက်စီးလာပြီးမှ အပိုးမသေမျက်နှာနှင့် ပြောင်စပ်စပ်လာလုပ်နေသေးသည် ။
အမြင်ကပ်စွာမျက်စောင်းထိုးတော့ fly kiss ပြန်ပေးတဲ့သူ ။ တကယ်ပါ ဒီဟာလေးကိုဆလံသနေပြီ ။
TaeHyung စက်ဘီးပေါ်ကနေဆင်းလိုက်ပြီးတွန်းသွားရန်ပြင်လိုက်တော့ ဘေးကနေသူ့ခါးကိုရုတ်တရက်လာဖက်တဲ့ဟာလေး ။
"ဟ ဘာလုပ်တာလဲ ဖယ်ဖယ်"
ပိုင်စိုးပိုင်နင်းခါးကိုလာဖက်တော့ သူ့မှာစက်ဘီးတစ်ဖက်နဲ့မလို့ အားရပါးရဖယ်ချလို့မရ ။ သူကစက်ဘီးလေးတွန်းရင်း အဲ့ဝဲစားလေးကသူ့ခါးကိုဖက်ထားပြီးဘေးကနေအတူပါလာတော့ မသိရင်စောင်ရမ်းတွေရိုနေတဲ့အတွဲကြီးလိုလို ဘာလိုလို ။ အမလေး ဒါမျိုးတွေ ကြက်သီးထလွန်းလို့ ။
"ဟေ့ ဖယ်လို့"
"ရုန်းမနေနဲ့နော် အာဘွားပေးပစ်မှာ"
အာဘွားပေးပစ်မှာဆိုတော့ ငြိမ်ကျသွားတဲ့ သူ့အကိုသေးသေးလေး ။ ဒါမျိုးတော့ကြောက်တတ်သား ။ မှုန်ကုပ်ကုပ် မကျေမချမ်းရုပ်နှင့် ပါလာတဲ့သူ့အချစ်ကလေး ။ အသည်းယားလွန်းလို့ အာဘွားတွေတသီကြီးကိုပေးချင်နေတာ ။
"ကဲ ရောက်ပြီဗျာ"
ကျယ်ဝန်းတဲ့ခြံကြီးရှေ့တွင်ရပ်တန့်လိုက်တဲ့ခြေထောက်တွေကြောင့် TaeHyung ပါရပ်လိုက်သည် ။ အိမ်ကြီးကိုကြည့်ရင်း TaeHyung လေးခမျာ ပါးစပ်အဟောင်းသား ။ ခြံထဲတွင်အရိပ်ရတဲ့သစ်ပင်ကြီးတွေလည်းရှိပြီး အိမ်ကလေးမှာနွေးနွေးထွေးထွေးလည်းရှိသလို အေးအေးချမ်းချမ်းလည်းရှိလှသည် ။ ဒီကောင်လေး ဒါတွေကြောင့်လည်း ဘယ်သူကိုလူမထင်ပဲ လုပ်ချင်ရာလုပ်နေတာနေမည် ။
"Baby Hyung ဝင်မယ်လေ"
"မင်း ငါ့ကို အဲ့လိုခေါ်တာပြင်နော်....လူကြီးတွေရှိတယ်မလား မင်းကအရှက်မရှိလို့မရှက်ပေမယ့် ငါရှက်တယ်"
"အင်းပါ အင်းပါ မခေါ်ဘူး"
လွယ်လွယ်ကူကူကတိပေးလာတဲ့ဟာလေးကိုသူမယုံချင်ပေမယ့် အင်တင်တင်နဲ့သာအိမ်ထဲဝင်လာလိုက်ရသည်။
စက်ဘီးလေးကို ခြံထဲကသစ်ပင်ကြီးတစ်ပင်အောက်တွင်ရပ်ထားကာ ထိုဝဲစားလေးနောက်ကနေလိုက်လာလိုက်သည် ။ အိမ်ကအလွန်အမင်းကြီးမားနေတာကတစ်ကြောင်း သူစိမ်းအိမ်ဖြစ်တာကတစ်ကြောင်းမလို့ ရင်တွေနည်းနည်းတော့တုန်နေမိသည် ။
"Omma ရေ omma....သားပြန်ရောက်ပြီ....omma သားမက်လေးပါ ပါလာတယ်ဗျာ"
သောက်သံပြဲကြီးနဲ့သားမက်ဆိုတဲ့အသံကြီးကြောင့် TaeHyung မှာဘယ်ပြေးပုန်းရမလဲမသိတော့ ။ ဒီဟာလေးကလေ သောက်ကျင့်ကိုမကောင်းဘူး ။ ခုနက Baby Hyung လို့မခေါ်ဘူးလို့ပြောတာ ဒါ့ကြောင့်ကိုး။
ခဏကြာတော့အိမ်ထဲကထွက်လာတဲ့ ခပ်ချောချောအမျိုးသမီးကြီးတစ်ယောက် ။ ထည်ဝါခန့်ညားတဲ့အသွင်အပြင် မျက်လုံးဝိုင်းဝိုင်းတွေကြောင့် JungKook အမေမှန်းသိလိုက်သည် ။ ထိုအန်တီကြီးမှာ သူ့ကိုမြင်သည်နှင့် အနှစ်နှစ်အလလဝေးကွာနေတဲ့သားလေးကိုအခုမှတွေ့ရသလို ကိုပြေးဖက်ကာချစ်မဝဖြစ်နေတော့သည် ။
"ဟယ် ချစ်စရာလေးတော်....ဒါကသားလေးပြောတဲ့ omma သားမက်လေးပေါ့....အာဂူး...ငါ့သားက တယ်အရွေးတော်တာပဲ....ကြည့်ပါဦး အရုပ်လေးလိုပဲ"
"ဟို ဟို မ မဟုတ်"
ထိုသားအမိနှစ်ယောက်ရဲ့ကြားတွင် သူ့ရဲ့စကားလုံးလေးတွေဟာ အရာမထင်စွာ လေထုထဲလွင့်ခနဲ ကွယ်ပျောက်သွားသည် ။
"ဟဲဟဲ omma ရဲ့သားပါဗျာ....ဒီလောက်တော့ရှိတာပေါ့"
TaeHyung မှာ ရပ်နေရာကနေ အငွေ့ပြန်ပျောက်ကွယ်သွားချင်တော့သည် ။ ဘယ်တုန်းကဘာတွေ ဘယ်လိုပြောထားလဲမသိ ။ သူ့ကိုမြင်တာနဲ့သားမက်လေးဆိုပြီးတောင်ပြေးဖက်သည် ။
"ဟို ၁၀၉/၁၁၀ အခုမှပြန်ရောက်လာပြီး ဘာတွေဖြစ်နေတာလဲ"
အသံတွေကြားလို့အိမ်ထဲက JungKook အဖေထွက်လာသည်ထင်သည် ။ ၁၀၉/၁၁၀ ဆိုတဲ့စကားမှာ သူဟာအူကိုတက်လို့ ။ ရီချင်တာကိုမနည်းထိန်းထားရသည် ။ အဖေဖြစ်သူထွက်လာတော့ ဇက်ပုသွားတဲ့ဟာလေးကြောင့် သူရီချင်မိသည် ။ လောကမှာဒီဟာလေး ကြောက်တဲ့သူရှိသေးသားပဲ ။
သူ့ရှေ့မှာ ၁၀၉/၁၁၀ လို့အခေါ်ခံလိုက်ရလို့ထင်သည် မျက်နှာကစူပုပ်ပုပ် ။
"ဧည့်သည်ပါလာတာကို အိမ်ထဲမခေါ်ပဲ အိမ်ရှေ့မှာဘာတွေဖြစ်နေကြတာလဲ"
"လာ ကောင်လေး အိမ်ထဲဝင်"
JungKook ကိုသာလေသံမာမာဆိုပေမယ့် သူ့ကိုတော့ကောင်းကောင်းမွန်မွန်ပြောကာ အိမ်ထဲဝင်ခိုင်းသည် ။
"ဟုတ်ကဲ့ပါခင်ဗျ"
JungKook အမေဖြစ်သူကတော့သူ့ကိုဖက်ထားတာလွှတ်ကိုမလွှတ်တော့ ။ အိမ်ထဲဝင်လာတာတောင်ဖက်ပြီးဝင်လာသည် ။
"သားတို့ခဏလေးနော်....omma အအေးသွားဖျော်ပေးမယ်"
"ဟုတ်ကဲ့ omma"
"ဟို ကျွန်တော်မသောက်တော့ဘူး"
"ဘာတွေအားနာနေတာလဲ Baby Hyung ရယ်...နောက်ဆိုလည်း Baby Hyung omma ဖြစ်လာတော့မှာပဲကို"
" JungKook"
ခပ်ကြိတ်ကြိတ်ခေါ်လိုက်ပြီး သူ့ရဲ့အရှက်သည်းနေတဲ့မျက်နှာကို စပ်ဖြဲဖြဲနဲ့ကြည့်နေတဲ့မျက်ခွပ်ကြီးကိုပဲပိတ်ထိုးလိုက်ချင်တာ။ အဲ့လောက်တောင် အရှက်မရှိရလားဆိုပြီး ။ အဲ့အသုံးအနှုန်းကြီးကို လူကြီးတွေရှေ့ခေါ်တော့ သူကပါ အလိုတူအလိုပါ ချစ်နေတဲ့ပုံ ။ ငုတ်တုတ်ထိုင်ပြီး ဖင်စောင့်သာသေချင်တော့သည် ။
JungKook အမေကသူတို့နှစ်ယောက်ချစ်ကြည်နူးတစ်တီတူးနေသည်ထင်ကာ ချစ်မဝသည့်အပြုံးကြီးနှင့်ကြည့်ပြီး ထွက်သွားလေတော့သည် ။
Mr.Jeon မှာသားဖြစ်သူခေါ်လာတဲ့ကောင်လေးကို မသိမသာအကဲခတ်ကြည့်တော့ ရုပ်ရည်သွင်ပြင်ကတော့အပြစ်ဆိုစရာမရှိ ။ အပြောအဆိုကလည်း အေးအေးဆေးဆေးပဲမလို့ ဘာမှတော့သိပ်ပြီးမပြောချင် ။ အရင်ကတွဲနေတယ်ဆိုတဲ့သတင်းတွေ ပလူပျံကြားနေရပေမယ့် အိမ်ထိပါလာတဲ့သူတစ်ယောက်မှမရှိ ။ ဒီကောင်လေးကိုကျမှ အိမ်ထိတောင်ခေါ်လာပြီး သားမက်ဆိုတဲ့အထိပြောနေပြီဆိုတော့ အတည်ဖြစ်လောက်မည် ။
"မုန့်စားပြီးမှစာသင်ပေးနော် Baby Hyung လေး"
"အော် အင်းအင်း"
လူကြီးရှေ့မှာမလို့သာအလိုက်ထိုက်ပြောနေတာ အပြင်မှာဆို ဒီကောင်လေး ရှေ့သွားနှစ်ချောင်းကျွတ်တာကြာနေပြီ ။
"Appa ဟိုလေ...ကျွန်တော်တို့ အခန်းထဲသွားတော့မယ်နော်...omma ကိုကျွန်တော့်အခန်းထဲပို့ပေးလို့"
"မင်းကဖအေကိုပြန်ခိုင်းစားတာလား"
"ဟဲဟဲ မဟုတ်ရပါဘူး....သွားပြီနော် appa"
သူ့လက်ကိုဆွဲလာပြီး အပေါ်ထပ်ကိုတက်လာတဲ့ဒီဟာလေးနောက် သူ့ဟာအတောင့်လိုက်လေးပါလာခဲ့သည် ။
တွန်းဖွင့်လိုက်သော တံခါးချပ်အနောက်ကကြီးမားသောအခန်းကျယ်ကျယ် ။ အခန်းထဲဝင်ဝင်ချင်း မြင်လိုက်ရတဲ့ ဗီနိုင်းကြီးကြောင့် သူ့မှာမျက်လုံးအပြူးသား ။ ဒါ သူနဲ့ဟိုကောင်လေးရဲ့ conversation ကြီး ။
"Baby Hyung ထိုင်လေ"
"နံရံကဟာကြီးကဘာလဲ"
"ဗီနိုင်းလေ Baby Hyung ရေ...မသိတာလည်းမဟုတ်ပဲနဲ့"
"မင်းဘိုးအေ...ဗီနိုင်းတော့ငါသိတာပေါ့...ဖြုတ်ထားစမ်းပါ အဲ့တာကြီး"
"ဖြုတ်စရာလား....ချစ်လို့ ချိတ်ထားတာကို...ခဏလေးဗျာ...အင်္ကျီလဲလိုက်ဦးမယ်"
ပြောပြောဆိုဆို အင်္ကျီတွေကိုဆွဲချွတ်လိုက်တော့ အကြည့်လွှဲရတဲ့သူက သူပင် ။ ကျောပြင်ကျယ်ကျယ်က မိန်းကလေးတွေမျက်နှာအပ်ကာပွေ့ဖက်ချင်မည့်အရာတစ်ခုပေမယ့် သူကတော့ အဆုတ်ကွာတဲ့အထိ တဘုန်းဘုန်းထုချင်နေသည်ကလွဲပြီး ကျန်တာမသိ ။
တီရှပ်တစ်ထည်ကိုစွပ်ခနဲ ကောက်ဝတ်လိုက်ပြီးသူ့ဘေးမှာဝင်ထိုင်လေသည် ။
"Baby Hyung"
"မင်းဘိုးအေကို မခေါ်နဲ့ပြောထားတာနားမလည်ဘူးလား"
"ကျွန်တော်ဘိုးအေကို မခေါ်ထားဘူးလေ....Baby Hyung နဲ့ ကျွန်တော်နဲ့နှစ်ယောက်ပဲရှိတာ ဟဲဟဲ"
"ဒီဝဲစားလေး စကားကိုကပ်သီးကပ်သပ်မပြောနဲ့....သိပ်ကြည့်မရတော့ဘူး မင်းကို"
"ချစ်တဲ့မျက်လုံးနဲ့ကြည့်ပါ Baby Hyung ရယ်....ဝဲစားလေးမျက်လုံးနဲ့ကြည့်တော့ ဝဲစားလေးပဲမြင်မှာပေါ့"
"အား ငါရူးချင်လာပြီ"
"ဘာလဲ ကျွန်တော့်ကိုချစ်လွန်းလို့လား အဟဲ"
မျက်နှာပြောင်ချက်ကစိန်ကိုပလက်တီနမ်ကွပ်ထားသလို လက်လက်ကိုထလို့ ။ ပြောလည်း နာတတ်တဲ့အမျိုးထဲမပါ ။ ပြောရင်းနဲ့သူပဲသွေးဆောင့်တက်ပီး မေ့လဲချင်သည် ။
"ကဲ စာကဘာတွေနားမလည်ဘူးလဲ ပြ"
"အများကြီးပဲ ဘာတွေမှန်းကိုမသိဘူးဗျာ"
စာအုပ်တွေထုတ်ပေးရင်း ပွစိပွစိနှင့်မရကြောင်းရေရွတ်နေသေးသည် ။ သူ့ကြောင့်ဖျားသွားတာမလို့သာ ပြန်ပြပေးတာ ။ မဟုတ်ရင် KimTaeHyung တို့ကအီးတောင်လှည့်မပေါက် ။
JungKook တစ်ယောက်လက်ကစာအုပ်ထုတ်နေရင်း ခေါင်းကိုလည်းအနားမပေး ။ Baby Hyung တစ်ညလုံးမပြန်အောင် ဘယ်လိုလုပ်ရမလဲသာ အကြိတ်အနယ်ကိုစဉ်းစားနေသည် ။ အကြိတ်အနယ်စဉ်းစားနေရင်း ဖြတ်ခနဲထွက်လာတဲ့အကြံသေးသေးလေး။
"ရော့ စာအုပ်တွေ Baby Hyung"
"ဟင် အများကြီးလား"
"ဟုတ်တယ် Baby Hyung ရေ....YoonGi လေ ဘာမှကိုကူးပေးမထားဘူး ဟင်း"
သက်ပျင်းလေးချကာ မျက်နှာကမှိုင်တွေတွေနှင့်ရုပ်ကိုအမျိုးမျိုးပြောင်းပြီးတတ်လည်းတတ်နိုင်လွန်းသည် ။
TaeHyung တစ်ယောက်မသိလိုက်သည်က YoonGi မှာ ရှိသမျှစာကိုကူးပေးထားပြီး JungKook ကလည်းEng စာကိုပြန်သင်စရာမလိုအောင်နားလည်တယ်ဆိုတာကိုပင် ။
"ဘယ်ကစသင်မလဲ"
"Eng စာကပဲစလိုက်မယ် Baby Hyung"
"အင်း အင်း မင်းလွတ်သွားတဲ့အခန်းကိုပြ"
JungKook မှာအမှန်တကယ်ဘယ်နားလွတ်သွားလည်းမသိ ။ တွေ့တဲ့စာမျက်နှာတစ်ရွက်ကိုသာ ကောက်လှန်ပေးလိုက်သည် ။
"အမ် ဒါလေးကိုပြန်သင်ပေးရမှာလား"
TaeHyung ကစာရွက်ကိုအပြန်အလှန်လှန်ကြည့်ရင်းဆိုသည် ။
"ဟုတ်တယ်လေ Baby Hyung"
"အော် အေးပါ အေးပါ"
စာသင်ဖို့ Hyung ကစာရွက်လေးတွေ ဟိုကြည့် ဒီကြည့်လုပ်နေတုန်း မုန့်ပန်းကန်တွေယူပြီးအခန်းထဲဝင်လာတဲ့ omma ။
"သားတို့ မုန့်စားလိုက်ဦး....ပြီးမှစာသင်နော်....အခုမှကျောင်းကလာကြတာဆိုတော့ ဗိုက်ဆာနေမယ်"
"ဟုတ် ကျေးဇူးပါအန်တီ"
"ကဲ Baby Hyung ဗိုက်ဆာနေမှာပေါ့ မုန့်စားလိုက်ဦးနော်...ကျွန်တော် omma ဆီခဏလိုက်သွားလိုက်ဦးမယ်"
"အင်း အင်း မြန်မြန်ပြန်လာ"
"အင်းပါ....ခဏမတွေ့ရင်မနေနိုင်တာကျွန်တော်သိပါတယ်...ချက်ချင်းပြန်လာမယ်နော် ပြွတ် ပြွတ်"
"ဒီဟာလေး"
သူဘယ်လောက်ပဲကြိမ်းကြိမ်း JungKook ကတော့အခန်းထဲကထွက်သွားပြီဖြစ်သည် ။ JungKook ထွက်သွားလို့ စားပွဲပေါ်ကမုန့်လေးတွေကိုယူစားတော့ ချိုချိုစိမ့်စိမ့်လေးတွေလည်းပါသလို ခါးခါးလေးတွေလည်းပါသည် ။ ချောကလက်နဲ့လုပ်ထားတဲ့ခါးသက်သက်မုန့်လေးတွေဖယ်ထားပြီး TaeHyung မှာ strawberry cheese ကိတ်ချိုချိုလေးတွေကိုပဲရွေးစားပစ်လိုက်သည်  ။‌ နေ့လည်ကတည်းကထမင်းပဲစားပြီး ဆရာမခိုင်းထားတာကိုလုပ်နေရတာမလို့  ဗိုက်ကလည်းဆာနေသည် ။
.
.
"omma ရေ....omma"
"ပြောလေ သားလေး ဘာလိုချင်လို့လဲ"
"ဟိုလေ ဒီနေ့ဟင်းတွေအများကြီးချက်ထားပေးနော်...Baby Hyung ကမပြန်တော့ဘူးတဲ့"
"အမလေး ဟုတ်ပါပြီရှင်....ဒီက omma လက်ရာကိုစွဲသွားပြီး သားကောင်လေးအိမ်ပါမပြန်ချင်အောင်ဖြစ်သွားစေရမယ်"
"ဒါဆို အားကိုးပြီ omma ရေ....ကျွန်တော်စာပြန်သင်လိုက်ဦးမယ်....မဟုတ်ရင်ပွစိပွစိပြောပြီးစိတ်ဆိုးနေတော့မှာ"
"အမလေး သွားသွား အဖြစ်သည်းနေလိုက်တာ"
"ချစ်တယ်နော် omma အာဘွား"
အိမ်ပေါ်ကိုပြန်ပြေးတက်သွားတဲ့သူ့သားငယ်လေးကိုကြည့်ပြီး သူမစိတ်ချမ်းသာနေရသည် ။ ဒီကောင်လေးကိုသားလေးတော်တော်ဖြစ်နေရှာတာ သူမသိသည် ။ ဒါကြောင့်လည်း စိတ်ချမ်းသာအောင် သူမလိုက်လျောပေးတာ ။ ကောင်လေးကလည်းယဉ်ယဉ်ကျေးကျေးလေးနဲ့သိမ်သိမ်မွေ့မွေ့ချစ်စရာလေးမလို့ သူမသားလေးအတွက်သိပ်စိတ်မပူတော့ ။
.
.
"မင်း ကြာလိုက်တာ...ငါအိမ်မှာလုပ်စရာတွေရှိသေးတယ်"
"လာပါပြီဗျာ လာပါပြီဗျ"
"ကဲ အမြန်လာကြည့် စာသင်တော့မယ်"
ထိုင်ခုံတစ်လုံးဆွဲလာပြီးသူ့ဘေးနားမှာပူးကပ်ပြီးလာထိုင်တဲ့ဝဲစားလေး ။ တကယ် အသားမယူရရင်ကိုမနေနိုင်တာ ။
"ဟိုဘက်တိုး အီကြာကွေးလိုအဲ့လောက်ကပ်မနေနဲ့"
"Baby Hyung အတွက်အချစ်ရဲ့အီကြာကွေးတို့ဘာတို့ပေါ့ ဟဲဟဲ"
"ဆွဲခွာပစ်မှာ အဲ့အီကြာကွေးကို....မဟုတ်လည်း ကပ်ကြေးနဲ့ညှပ်ချပစ်မှာ"
"ရက်စက်တယ်နော် ရုပ်လေးကချောရဲ့သားနဲ့"
"မင်းအပူမပါဘူး စာကိုကောင်းကောင်းလိုက်ကြည့် သောက်တလွဲလုပ်နေရင် ငါခေါင်းခေါက်မှာ"
"သဘောရှိပါဗျာ"
TaeHyung မျက်စောင်းတစ်ချက်ထိုးကာ သင်စရာရှိတဲ့စာကိုသာသင်ရန်ပြင်လိုက်သည် ။ စာတွေရှင်းလိုက် အဲ့ဟာလေးကိုကြည့်လိုက်လုပ်တော့ သာယာယစ်မူးနေတဲ့မျက်နှာကြီးနဲ့သူ့ကိုပြုံးပြုံးကြီးကြည့်နေတဲ့အကြည့်တွေနှင့်ဆုံသည် ။
"မင်း စာလိုက်မကြည့်ဘူးလား"
"ကြည့်နေပါတယ် Baby Hyung ရဲ့"
TaeHyung စိတ်ထဲမကျေနပ်ပေမယ့် ဘာမှဆက်မပြောဖြစ် ။ စာထဲကိုသာအာရုံပြန်နှစ်ပြီးသင်ပေးနေသည် ။
Eng စာကိုနှုတ်ခမ်းတစ်ထော်ထော်နှင့်ရှင်းပြနေသည့် Baby Hyung လေးကိုကြည့်ပြီး သူဟာပန်းကမ္ဘာထဲရောက်နေသလို ။ နှုတ်ခမ်းစူစူလေးက အညှို့ခံရသလို အကြည့်တို့ကိုမခွာနိုင် ။ အဲ့နှုတ်ခမ်းတွေကို အနမ်းနုနုတို့ချွေချင်စိတ်တို့ကလည်းထိန်းမရ သိမ်းမရ ။
.
.
နားမလည်လိုက်ပြန်ရှင်းလိုက်နှင့်အချိန်တွေဟာကုန်လို့ကုန်မှန်းမသိ ။ တဖြည်းဖြည်းနှင့် စိတ်ထဲမှာကိုယ့်ကိုပဲစိုက်ကြည့်နေသလိုခံစားရလို့ နောက်တစ်ခေါက်ကြည့်လိုက်တော့ အခုတစ်ခေါက်လည်းသူ့ကိုကြည့်နေတုန်း ။ ဒီတစ်ခါလည်း စောနကအတိုင်းကြည့်နေဆဲ ကြည့်နေမြဲမလို့ ဒီလောက်ဆို TaeHyung သိလိုက်ပြီ ။
* ဂွပ် ဂွပ် *
"အီးယား သေပါပီ"
လက်သံပြောင်လှတဲ့ Baby Hyung ရဲ့ခေါက်ချက် ။ နဖူးလေးပွတ်ကာ Baby Hyung မျက်နှာလေးကိုကြည့်လိုက်တော့ မျက်ခုံးလေးနှစ်ခုဟာအလိုမကျစွာစုကျုံ့နေပြီဖြစ်သည် ။
"ကဲ စာလိုက်မကြည့်ချင်ဦး"
"အရမ်းမခေါက်နဲ့ Baby Hyung ရဲ့....ကျွန်တော် ချောင်သွားရင် Baby Hyung ပဲအဆံချောင်ရမှာ...ယောက်ျားကိုကောင်းကောင်းမယူချင်ဘူးလား ပြော....လူအများကြီးရှိတဲ့ မင်္ဂလာခန်းမထဲ ကျပ်မပြည့်တဲ့ကောင်ကိုအနမ်းပေးချင်လို့လား"
"ယိ ယိ ငါကမိန်းမယူမှာ"
"အာ့ဆို သတို့သမီးဝတ်စုံဝတ်ရမှာပေါ့ ဟဲဟဲ"
"အခွပ်ပြောင်တာရပ်....ငါမျက်နှာကြီးမှာစာတွေကပ်ထားလို့လိုက်ကြည့်နေတာလား ဟမ်...ငါ့မျက်နှာက Text book ကြီးလား"
"စာတွေကစိတ်ဝင်စားစရာမကောင်းဘူးလေ...Baby Hyung မျက်နှာလေးပဲစိတ်ဝင်စားစရာကောင်းတာ"
"ယိ့လား....အချိန်တွေပုပ်ကုန်ပြီ....တော်ပြီ ငါပြန်တော့မယ်"
"မှောင်နေပြီ အပြင်မှာ"
TaeHyung အချိန်ကိုကြည့်လိုက်တော့ 8 နာရီတောင်ထိုးချင်နေပြီ ။ အချိန်တွေလည်းတော်တော်လင့်ကုန်ပြီမလို့ အိမ်ကိုအမြန်ပြန်ရတော့မည် ။
"ငါပြန်တော့မယ်"
"ပြန်ရဲလို့လား"
အစမရှိ အဆုံးမရှိမေးချလိုက်တာမလို့ TaeHyung စိတ်ထဲလေးလံသွားရသည် ။
"ဘာလို့မပြန်ရဲရမှာလည်း"
"အင်း သတိထားပြန်ဦးနော် Baby Hyung....လမ်းထိပ်ကတော့နည်းနည်းတော့နာမည်ကြီးတယ်"
JungKook ရဲ့စကားကြောင့် အခန်းအပြင်လှမ်းမယ့် TaeHyung ခြေလှမ်းလေးတွေဟာတိခနဲရပ်တန့်သွားသည် ။ ထိုပုံစံကိုကြည့်ပြီး စိတ်ထဲကြိတ်ပျော်နေသူက JungKook ။ မျက်နှာသေနှင့်ဆက်ဖိန့်မှရမည် ။
"ဘာ ဘာနာမည်ကြီးတာလဲ"
"ဟိုခြောက် ဒီခြောက်ပေါ့ Baby Hyung ရယ်"
"သ သရဲလား"
"အွန်း....Baby Hyung လာတုန်းကမြင်တဲ့အတိုင်း လမ်းတွေကျယ်ပြီးတိတ်ဆိတ်တော့လည်း ဟင်း"
မျက်နှာသေနဲ့ပြောနေတဲ့ JungKook ကြောင့် TaeHyung ကြောက်လွန်းလို့ဘာလုပ်ရမှန်းမသိတော့ ။ သရဲဆိုကြောက်လွန်းတဲ့သူ ။ လူအချင်းချင်းဆိုမကြောက် ။ ကိုယ့်ကိုဒုက္ခလာပေးရင် သူတစ်ပြန်ကိုယ်တစ်ပြန်ဆော်လို့ရသေးသည် ။ အခုက မမြင်ရမတွေ့ရတဲ့ စိတ္တဇနမ်ကြီး ။
"ဟို ငါ့ကို လမ်းထိပ်လိုက်ပို့ပေးလို့ရလား"
"ပို့ပေးချင်ပေမယ့် Baby Hyung ကိုပို့ပြီးရင် ကျွန်တော်တစ်ယောက်တည်းပြန်လာရမှာ....ကျွန်တော်လည်းကြောက်တယ်"
"ဟာ မင်းကလည်း လုပ်ပါကွာ နော် လိုက်ပို့ပေး"
"ဟင်အင်း ကျွန်တော်လည်းကြောက်တယ်"
သူမတောင်းဆိုတောင်အတင်းအဓ္ဓလုပ်နေကျလူဟာ အခုတော့ တောင်းဆိုတာတောင်မလုပ်ပေးတော့ ။
"အေး မင်းစိတ်ဓာတ်ပဲ"
"ကျွန်တော်လည်းအသည်းငယ်တတ်လို့ပါ Baby Hyung ရယ်"
"ရတယ် ငါ့ဘာသာပြန်မယ်"
ပါးစပ်ကသာ မခံချင်စိတ်နှင့်ပြန်မယ်ပြောနေတာ လူကဒူးတောင်တဆတ်ဆတ်တုန်ချင်နေပြီ ။
တကယ်ကြီးထွက်သွားဖို့လုပ်နေတာမလို့ JungKook တစ်ယောက်ပျာပျာသလဲဖြစ်ရပြီ ။ သို့ပေမယ့် မျက်နှာအမူအယာပျက်ရင် Baby Hyung သိသွားမှာ ။ ဖို့ကြောင့် မျက်နှာကိုအသိသာအောင်ထိန်းရင်းဆက်ဖိန့်ရတော့သည် ။
"အဟမ်း Baby Hyung ကိုပိုခြောက်တာတော့ မဟုတ်ပေမယ့် အဲ့မှာအခြောက်ခံရတဲ့သူတွေကလေ ဒါချောင်သွားတဲ့သူများတယ်"
ခေါင်းကိုတစ်ထောက်ထောက်နှင့်ထိုးပြတဲ့ဟာလေးကြောင့်သူပိုခြောက်ခြားသွားရသည် ။ ချောင်သွားလို့မဖြစ်သေးဘူး ။ သူငယ်ငယ်လေးရှိသေးတာ ။ တစ်အိုးတစ်အိမ်ထူထောင်ရဦးမှာ ။ သူဘဝလျှောက်လမ်းရမှာတွေလည်းရှိသေးတယ် ။
"မင်းလိုချင်တာ ဝယ်ပေးမယ်လေ....လမ်းထိပ်လေးပဲလိုက်ပို့ပေးနော် နော် နော်"
မမြင်စဖူးမြင်လိုက်ရတဲ့ မျက်နှာငယ်လေး ။ JungKook တစ်ယောက်ရယ်ချင်စိတ်ကိုမနည်းမျိုသိပ်နေလို့ အတွင်းတောင်တက်ချင်နေပြီ ။
"မလိုက်ဘူးဗျာ....omma ပဲဝယ်ခိုင်းလိုက်တော့မယ်"
"ဝဲစားလေး ဝဲစားလေး သောက်ကျင့်ကိုမကောင်းဘူး"
TaeHyung ငိုမဲ့မဲ့လေးနှင့်ဘာလုပ်ရမှန်းလည်းမသိတော့ ။
"ဒီလိုလုပ်လေ Baby Hyung"
TaeHyung ကဘာလဲဆိုသောပုံစံနှင့်လှည့်ကြည့်တော့ JungKook ကဝမ်းသာအားရကျေနပ်ပီတိဖြစ်စွာစကားဆက်ရန်ပြင်သည် ။
"ဒီည ဒီမှာအိပ်လိုက်လေ"
"ဟမ် မအိပ်ဘူး ငါအိမ်ပြန်မှာ"
"အင်း Baby Hyung ပြန်ရဲရင်ပြန်ပေါ့....ကျွန်တော်ကအကောင်းဆုံးအကြံပေးတာနော်....ကျွန်တော်နဲ့တစ်ညအိပ်လိုက်လို့ဘာမှဖြစ်မသွားဘူး"
"မင်းစကားကို ရှင်းရှင်းလင်းလင်းပြော...ငါပိတ်တီးပလိုက်မယ်"
"ကျွန်တော်ကရိုးရိုးသားသားပြောတာပါ Baby Hyung ရယ်....ရိုးသားကြိုးစားတဲ့ဖိုးဂျောင်ဂုလေး ပေါ့ ဟဲဟဲ"
JungKook ရဲ့ဆံပင်တွေကအကြေကောက် အတိုမလို့ ဘေးသို့ခပ်ဖွားဖွားထွက်နေတာတွေကိုသာ ဆောင့်ဆွဲပြီး လုပ်ပစ်လိုက်ချင်သည် ။ တမင်လိုက်မပို့ပေးမှန်းသိသည် ။ အဲ့တာကြောင့်လည်း ကတုံးဖြစ်တဲ့အထိ လိုက်မပို့ပေးရကောင်းလားဆိုပြီး တစ်မွှေးမကျန်ဆွဲနုတ်ပစ်ချင်နေတာ ။ အခုအခြေအနေနဲ့ဆို ဒီဟာလေးကလိုက်ပို့မယ့်ပုံမရှိ ။ သူကိုယ်တိုင်လည်းမပြန်ရဲ ။ မနက်ဖြန်လည်းကျောင်းကပိတ်တာပဲမလို့ ဒီအိမ်မှာတစ်ညအိပ်ဖို့ပဲဆုံးဖြတ်လိုက်ရသည် ။
"မနက်အစောပြန်မှာနော် ငါ"
"အာ ဟုတ်ပြီဗျာ....Baby Hyung လေးကစဉ်းစားတတ်သားပဲ အဟဲ"
"ရေမိုးချိုးဦးလေ....တစ်နေ့လုံးဝတ်ထားတဲ့အင်္ကျီတွေမလား ညီးစိစိဖြစ်နေမှာပေါ့"
"ငါကဘာအဝတ်ကိုသွားလဲရမှာလဲ"
"ကျွန်တော်တစ်ယောက်လုံးရှိတာ ဘာတွေတွေးပူနေလဲ Baby Hyung ရဲ့.....သွား ရေချိုးစရာရှိတာပဲ သွားချိုး"
"တပက်ပေးလေ....တပက်မရှိပဲ ရေချိုးပြီးငါကဖင်ပြောင်နဲ့ထွက်ရမှာလား"
"အဲ့တာတော့ Baby Hyung သဘော ဟဲဟဲ"
လူယုတ်မာအပြုံးနဲ့မျက်ခုံးတစ်ပင့်ပင့်လုပ်နေတဲ့ မျက်နှာကြီးဆီ လက်သီးတွေပဲပိတ်ကျွေးချင်နေမိသည်။
"ရေချိုးခန်းကဘယ်မှာလဲ"
JungKook ကသူ့အိပ်ခန်းထဲကရေချိုးခန်းထဲကိုပဲလိုက်ပို့ပေးသည် ။
"ဒီထဲမှာ တပက်တွေရှိတယ်....ရေချိုးတာကတော့ Baby Hyung သဘောရှိတာနဲ့"
"အင်းအင်း ထွက်တော့"
"အတူတူမချိုးချင်ဘူးလား"
"မင်းဘိုးအေနဲ့ချိုး ငါနဲ့လာမချိုးနဲ့"
"ဟဲဟဲ စတာကို သွားပြီ သွားပြီ"
သူ့ကိုမစရရင်နေထိုင်သာထိုင်မရှိတဲ့ဟာလေး ။ သရဲကြောက်တတ်တဲ့ကိုယ့်အပြစ်နဲ့ကိုယ်သာမလို့သာ ညိမ်နေရတော့သည် ။
ရေချိုးဆပ်ပြာဆီအနည်းငယ်ကိုလက်ထဲထည့်လိုက်ပေမယ့် အရှိန်လွန်ကာကြမ်းပြင်ပေါ်သို့တစ်ချို့တစ်ဝက်ကဖိတ်စင်သွားသည် ။ ရေကနည်းနည်းအေးသည်မလို့ နှာတောင်ချေလာပြီဖြစ်သည် ။
"ဟပ် ဟပ်ချိုး....အေးတယ်ဟ"
ရေကိုအမြန်ပိတ်ကာ ထွက်ဖို့ပြင်ပေမယ့် ပိုက်ကအရေးထဲပိတ်လို့မရ ။
"ဟာ ဘာဖြစ်တာတုန်း"
TaeHyung တစ်ယောက်ကြိုးစားပန်းစားပိတ်နေပေမယ့် ဘာဖြစ်သွားလဲမသိ ။ ရေပိုက်ကကျပ်နေလေတော့သည် ။ အဲ့တာမှ ဒုက္ခ လူကလည်းအေးနေချေပြီ။ ဟိုကောင်လေးကိုခေါ်မှပဲရတော့မည် ။ လူကိုမခေါ်ခင်အရင်ဆုံး နံရံကပ်ဗီရိုထဲမှ တပက်အကြီးကြီးနှစ်ထည်ကိုယူကာ တစ်ခုကို အောက်ပိုင်းမှာပတ်လိုက်ပြီး အပေါ်ပိုင်းကို ကျန်တစ်ခုနှင့်လုံနေအောင်ပတ်လိုက်သည် ။
"JungKook ရေ JungKook"
"ဗျာ ဗျ....ဘာဖြစ်လို့လဲ Baby Hyung"
"ရေပိတ်လို့မရလို့လာပိတ်ပေးဦး"
"လာပြီဗျာ အခုပဲလာပြီ"
JungKook တစ်ယောက်မျှော်လင့်ချက်အပြည့်နဲ့ ရေချိုးခန်းတံခါးကိုဖွင့်ပြီး ဝင်လာလိုက်သည် ။
"ကဲ ဘာတွေပိတ်မရဖြစ်နေလဲ Bae Baby"
JungKook မှာ ဆပ်ပြာရည်တက်နင်းပြီး စကားတောင်မဆုံးလိုက်ပဲ ချော်လဲလေတော့သည် ။ ရွှီး ခနဲချော်လဲသွားသည်နှင့် ကိုင်မိကိုင်ရာလှမ်းကိုင်မိတော့ Baby Hyung ပတ်ထားသည့်တပက်စအနားကို ။
ပြေကျသွားသည့်ခါးကတပက်စလေးကြောင့် TaeHyung မျက်ပြူးဆန်ပြာနှင့်ကယက်ရိုက်ချေပြီ ။
မှောက်ခုံကြီးလဲနေသည့် JungKook မှာ မော့ကြည့်လိုက်တော့ မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့ ပေါင်တံသွယ်သွယ်နှင့်အတူဖြူဖြူဖွေးဖွေးတင်ပါးလေးနှစ်လုံး ။ မက်မွန်သီးလေးလိုလုံးပြီးနီနီရဲရဲတင်းတင်းလေး ။ တစ်သက်နဲ့တစ်ကိုယ်မမျှော်လင့်ခဲ့သော မြင်ကွင်း ။ ချော်လဲပြီး ခါးကျိုးမတတ်ဖြစ်သွားပေမယ့် ချော်လဲရကျိုးနပ်တယ်ပြောရပေမလား ။ စပါးကြီးမြွေအညှို့ခံရသူလို ကြောင်တောင်တောင်တွေတွေကြီးသာစိုက်ကြည့်နေမိသည် ။ အခုကတော့ မက်မွန်သီးအညှို့ခံရတာ ။
TaeHyung မှာ အလန့်တကြားနှင့်အနောက်ကိုလှည့်ကြည့်လိုက်တော့ မျက်လုံးအပြူးသားကြည့်နေတဲ့ ဝဲစားလေးကြောင့် အလန့်တကြားအော်မိတော့သည် ။
"အား အား ကုန်ပါပြီ သေနာလေး နှာဗူးလေး...အား"
~ A Boy Named JeonJungKook ~
သူ့ Baby Hyung လေးတော်တော်ရှက်သွားရှာမှာ ။ သူလည်းတမင်ရည်ရွယ်တာမဟုတ်ပေမယ့် ရုတ်တရက်မလို့ကိုင်မိကိုင်ရာလှမ်းကိုင်မိတာပါ ။
နဲ့ဘောင်းဘီကိုအလျင်အမြန်ကောက်ဝတ်ပြီး
ရေချိုးခန်းထဲကထွက်လာပြီးတာနှင့် သူပေးတဲ့ Hoddie ​​လေးဝတ်ပြီးခုံမှာငြိမ်ငြိမ်ထိုင်နေလေသည် ။
"Baby Hyung....ထမင်းစားမယ်လေ omma ခေါ်နေပြီ"
"မ မစားချင်ဘူး"
"ကျွန်တော့်ကိုစိတ်ဆိုးနေတာလားဟင်...ကျွန်တော် တမင်ရည်ရွယ်တာမဟုတ်ပါဘူး....မတော်တဆ"
"အာ တော်တော့ တော်တော့"
ချယ်ရီသီးလိုရဲတက်လာတဲ့မျက်နှာလေးဟာ မီးအလင်းရောင်ထဲမှာအထင်းသား ။
"ကျွန်တော် တောင်းပန်ပါတယ်နော် နော် နော် Baby Hyung ခွင့်လွှတ်ပေးနော်"
သူ့ရှေ့ဒူးထောက်ကာမျက်နှာငယ်လေးနဲ့ဆိုလာတာမလို့ သူအားတောင်နာလာသည် ။ တကယ်လည်းတမင်လုပ်တာမှမဟုတ်တာပဲ ။ သူပေါ့ဆမှုကြောင့်ချော်လဲတာတောင် ပြန်အားနာရဦးမှာ ။
"ထ ထ ငါ့ကြောင့်လည်းပါတာပဲ ဘာမှမဖြစ်ဘူး"
"ခွင့်လွှတ်တယ်ပေါ့နော် Baby Hyung"
"အေးပါ ထတော့"
"ချစ်လိုက်တာ Baby Hyung လေးရယ်"
"မင်းကြီးတော်ကြီလား"
"မဟုတ်ဘူး Baby Hyung ကို"
တကယ်ပါ အခုချိန်ထိပြောင်နိုင်သေးတဲ့ဟာလေး ။ ချစ်တယ် ဆိုတဲ့စကားကို ဒီကောင်လေးနဲ့တော့မကြားချင်မှအဆုံးကြားရသည် ။ သို့ပေမယ့် ရိုးသွားခြင်းမရှိခဲ့တာတော့ သူ့ကိုယ်သူသတိထားမိသည် ။
"ဟပ် ဟပ်ချိုး"
"‌အူး အအေးပတ်နေပြီလား....ထမင်းစားပြီး ဆေးသောက်ထားနော်"
"အင်းပါ အင်းပါ...ငါလည်းသူများအိမ်လာပြီး ဒုက္ခပေးသလိုဖြစ်နေပြီ"
"Baby Hyung နဲ့ပက်သက်သမျှ ကျွန်တော့်အတွက်တော့ သုခ"
ဒီတစ်ခါလည်း သူ့မျက်နှာလေးရှက်သွေးတွေဖြတ်ပြေးသွားပြန်သည်ထင်သည် ။ ဒီကောင်လေးဟာ သူ့လိုလူကိုရှက်အောင်လုပ်နိုင်သေးတာပဲ ။
.
.
ထမင်းဝိုင်းကိုရောက်လာတော့ ဖွယ်ဖွယ်ရာရာဟင်းပေါင်းစုံနှင့်အရံဟင်းတွေရော များပြားလှသည် ။
"ကဲ သားတို့ ဗိုက်ဆာကြရောပေါ့"
"ဟုတ် omma....သွားရည်တွေတောင်ကျလာပြီ"
ကလေးဆန်စွာ ဗိုက်လေးပွတ်ပြီးခုံမှာဝင်ထိုင်တဲ့ JungKook.
"ကဲ ကလေးတွေစားကြတော့"
Omma ကဟင်းရည်ပန်းကန်ကြီးကိုအလယ်မှာချလိုက်ကာ စားလို့ရပြီဖြစ်ကြောင်းပြောသည် ။
"သားလေး ထည့်စားနော်....အားမနာနဲ့"
"ဟုတ်ကဲ့ ကျေးဇူးပါအန်တီ"
JungKook တစ်ယောက်ကထမဆုံးအသားဟင်းပန်းကန်ထဲအသားဖတ် တို့ကိုနှိုက်လိုက်တော့ Mr.Jeon ဖြစ်သူမှာ ဧည့်သည်ရှိတော့လိမ္မာချင်ယောင်ဆောင်ကာ ဦးချမည်ထင်ပြီးမိန့်မိန့်ကြီးထိုင်နေတော့သည် ။ ကြည့်နေတုန်းမှာပင်အသားဖတ်လေးဟာ သူ့ပန်းကန်မှသွေဖယ်ကာ ဟိုကောင်လေးပန်းကန်ထဲ ။
နောက်ထပ် ထပ်နှိုက်တဲ့အသီးအရွက်ပန်းကန် ။ ထိုအသီးအရွက်ဟာလည်း ဟိုကောင်လေးပန်းကန်ထဲပဲ ။ နောက်ထပ် ဝက်သုံးထပ်သားဟာလည်း ထိုကောင်လေးပန်းကန်ထဲပဲ ။ Mr.Jeon တစ်ယောက်မျက်ထောင့်နီကြီးနှင့်ကြည့်နေသည်ကို JungKook တစ်ယောက်သတိတောင်မထားမိ ။
"Hyung ဒါလေးစား....ဒါလေးရော...ဒါလေးရော"
တဖြည်းဖြည်းနှင့် TaeHyung ပန်းကန်လေးဟာဟင်းတွေအပြည့်နှင့်ထမင်းတောင်မမြင်ရအောင်ထိဖြစ်သွားသလောက် Mr.Jeon ရဲ့ပန်းကန်ထဲမှာတော့ဟင်းဆိုလို့ ဖြုတ်မျက်စိစာလောက်ပင်မရှိ ။
TaeHyung တစ်ယောက်တားနေပေမယ့် အခုချိန်ထိဟိုထည့်ကျွေးဒီထည့်ကျွေးလုပ်နေတာမရပ်သေးပေ ။
"JungKook တော်တော့ ရပြီ"
"ဟမ် တော်ပြီလား Baby Hyung"
အခုချိန်ထိဟင်းတစ်ဖတ်မရှိသေးသော Mr.Jeon ပန်းကန်နှင့်သူ့ပန်းကန်ကိုယှဉ်ကြည့်ပြီးတကယ်အားနာနေရသည် ။
"အင်း ရပြီ အရမ်းများနေပြီ"
"ဟုတ်ကဲ့ပါဗျ"
JungKook တစ်ယောက်မှာတော့ ထမင်းတစ်ဝိုင်းလုံး TaeHyung တစ်ယောက်ပဲထိုင်နေသည်ထင်ရအလား ထိုလူသားတစ်ယောက်ကိုပဲ ဂရုတစိုက်စိုက်နှင့်ကိုဖြစ်နေတော့သည် ။
~ A Boy Named JeonJungKook ~
"အားပါး ဗိုက်တော်တော်တင်းသွားပြီ"
TaeHyung ဗိုက်ပူပူလေးကိုပွတ်လျက် ခုံမှာထိုင်နေမိသည် ။ အိမ်ထမင်း ဟင်းတွေမလို့စားကောင်းကောင်းနဲ့စားလိုက်မိတာ အင့်နင့်နေရော ။ ဗိုက်ကလေးတော့ မျက်လုံးပါစင်းနေချေပြီ ။
"အူး အိပ်ချင်လာသလိုပဲ"
"JungKook ငါဘယ်မှာအိပ်ရမှာလဲ"
"အိပ်ယာမှာပဲအိပ်လေ Baby Hyung"
"မင်းကရော"
"အိပ်ယာမှာပဲအိပ်မှာလေ"
"ဘာ"
"ဒါပဲရှိတာလေ Baby Hyung ရဲ့....ဧည့်သည်အခန်းကမရှင်းရသေးဘူး"
"မင်းညာတာမလား"
"သိရဲ့သားနဲ့ဘာလို့မေးသေးတုန်း ဟီးဟီး"
"ငါ အဲ့မှာပဲအိပ်မယ်"
"သော့က omma ဆီမှာ....omma ကဒီချိန်အိပ်ပြီ"
"ရတယ် အဲ့တာဆို ဆိုဖာပေါ်မှာပဲ အိပ်မယ်"
"မအိပ်ရဘူး ကုတင်ပေါ်အိပ်"
"ဆိုဖာမှာပဲအိပ်မှာ"
"ရတယ်လေ Baby Hyung ကုတင်ပေါ်အိပ်မယ့်နည်းရှိတာပဲ"
JungKook တစ်ယောက်မှာထိုင်နေရာကနေထပြီး ဆိုဖာခုံကြီးကိုအခန်းအပြင်သို့တွန်းရွေ့လေတော့သည်။
"အီး ရွေ့စမ်းပါဟ"
အားနဲ့မာန်နဲ့တွန်းရွေ့နေတဲ့ JungKook ပုံကြည့်ပြီး TaeHyung လုံးဝကို speechless ဖြစ်သွားရသည်။
ဝုန်းဒိုင်း အုန်းခွမ်းနှင့်အခန်းပြင်ရောက်သွားတဲ့ ဆိုဖာကြီး ။
"ကဲ အိပ်စရာဆိုဖာမရှိတော့ဘူး...အားပါး ခါးတောင်နာလာသလိုပဲ"
"ချော်လဲထားတာကို ဘာလို့ခုံကိုထရွေ့တာတုန်း"
"Baby Hyung ကအဲ့ပေါ်ပဲအိပ်မယ်လုပ်နေတာကိုး"
"အရမ်းနာနေလားခါးက"
"နည်းနည်းပါ Baby Hyung ရယ် ဘာမှမဖြစ်ဘူး"
"ဒဏ်ဖြစ်နေမယ် ပေါ့ပေါ့ဆဆမနေနဲ့...ဆေးရှိလား လိမ်းပေးမယ် ငါ့ကိုပေး"
အမယ် Baby Hyung လေးကသူ့ကိုဂရုတွေစိုက်နေတာ ။ သူကလည်းဒါမျိုးလေးတွေလိုနေတာ ။
"ခဏလေး ကျွန်တော်ဆေးယူပေးမယ်...Baby Hyung လည်းသောက်ထားဦး"
ဆေးဗူးလေးယူလာပြီး နှာစေးနေပြီဖြစ်တဲ့ TaeHyungကိုအရင်ဆုံးဆေးတိုက်သည် ။ ပြီးမှ ခါးကိုလူးပေးမယ့် ဆေးဗူးလေးကိုပေးသည် ။
"အင်္ကျီလှန်လိုက် ငါဆေးလိမ်းပေးမယ်"
JungKook ကအင်္ကျီကိုအနည်းငယ်မ,တင်ပေးလိုက်တော့ TaeHyung ကဆေးလေးအနည်းငယ်ယူကာ လိမ်းပေးသည် ။ လက်ချောင်းထိပ်လေးတွေရဲ့နူးညံ့တဲ့ထိတွေ့မှု ။ အသာအယာနှိပ်နယ်ပေးမှုအောက်မှာ သူဟာလေထဲမှာလွင့်နေတဲ့လိပ်ပြာတစ်ကောင်လို ။ တစ်ယောက်နဲ့တစ်ယောက်ကဆေးပေးမီးယူ တွေလိုဖြစ်နေတာမလို့ တစ်ယောက်တည်းကြိတ်ကာကြည်နူးနေမိသည် ။
"ကဲ ရပြီ ငါအိပ်တော့မယ်"
"အင်းအင်း အိပ်တော့ Baby Hyung....ကျွန်တော်လည်းအိပ်မယ်"
JungKook အိပ်တော့မည်ဆိုလို့ TaeHyung မှာဖက်လုံးကြီးကိုအလယ်မှာချထားတာစည်းတားလိုက်သည် ။ 
"စည်းကျော်မလာနဲ့နော်...ကျော်တာနဲ့ငါပိတ်ထုမှာမင်းကို"
သူများအိပ်ယာပေါ်တွင် ဗိုလ်ကျချင်နေတဲ့အကိုသေးသေးလေးကိုကြည့်ပြီး သူ့မှာအသည်းတွေကိုယားလို့ ။ စိတ်ချမ်းသာအောင်သာ ခေါင်းကိုဆတ်ဆတ်ညိတ်ပြလိုက်ပေမယ့် ဒီဖက်လုံးကိုဖယ်တာလောက်ကတော့ သူ့အတွက် ကိတ်မုန့်စားရသလိုကိုလွယ်လွယ်လေး ။
စောင်ကိုခေါင်းလေးပဲဖော်ပြီး တစ်ကိုယ်လုံးမြှုပ်နေအောင်ခြုံထားတာမလို့ စောင်ပုံထဲကသေးသေးကွေးကွေးလေးမှာ ကိုက်စားချင်စရာကောင်းလောက်အောင်ကိုချစ်စရာကောင်းနေတော့သည် ။
"ဟပ် ဟပ်ချိုး"
နှာချေသံကြီးကလည်းလူနဲ့မလိုက်စွာ ကျယ်ကျယ်လောင်လောင် ။ အိမ်တောင်ပြိုမကျတာကံကောင်း ။ မီးတွေပိတ်လိုက်ပြီး Baby Hyung ဘေးမှာဝင်လှဲလိုက်ပေမယ့် အိပ်မပျော်သေး ။ Baby Hyung လည်းသူ့လိုအိပ်မပျော်သေးထင်ပါသည် ။ လှုပ်စိလှုပ်စိနှင့်ဖြစ်နေသေးသည် ။
"ဟပ်ချိုး"
ဒီတစ်ခါတော့ခပ်ကြိတ်ကြိတ်နှင့်နှာကိုချေသည် ။ ကြည့်ရတာ သူ့ Baby Hyung လေးအအေးပတ်ပြီထင်သည် ။
JungKook တစ်ယောက်ခြုံထားတဲ့စောင်ကြီးကိုကုတင်အောက်ကိုကန်ထုတ်လိုက်ပြီး ဖက်လုံးကိုပါခြေထောက်လေးအသာထိုးထည့်ကာကော်ထုတ်ပြီးဖယ်ရှားပစ်လိုက်သည် ။
.
.
စောင်ထဲလှုပ်စိလှုပ်စိနှင့်ဝင်လာတဲ့အရာတစ်ခုကြောင့် လှည့်ကြည့်ဖို့လုပ်လိုက်တော့ အနောက်မှပွေ့ဖက်ခံလိုက်ရတဲ့ခန္ဓာကိုယ်လေး ။
"ဟမ် JungKook ဘာလုပ်တာလဲ...ဖက်လုံးရော"
"ထားလိုက်ပါဗျာ... ကျွန်တော်အကုန်ကန်ထုတ်လိုက်ပြီ"
"ဟာ ဖယ်ဆို....လူကြီးတွေမြင်ရင်မကောင်းဘူး"
"သူတို့လည်းသိတယ် ဘာမှစိတ်ပူပါနဲ့ Baby Hyung ရယ်"
မီးပိတ်ထားတော့ အမှောင်ထဲတွင် နှစ်ယောက်သားဟာစောင်တစ်ခုထဲမှာ တိုးတိုးကြိတ်ကြိတ် ။
"ငါမနေတတ်ဘူး ဖယ်လို့"
"ဟင်အင်း မဖယ်ဘူး....Baby Hyung အေးနေတာမလား ကျွန်တော့်ခန္ဓာကိုအသုံးချပြီးအနွေးဓာတ်ယူ"
"ရတယ် ငါစောင်နဲ့လည်းနွေးတယ်"
"Baby Hyung နွေးလည်း ကျွန်တော်မနွေးဘူး"
တကယ်ပါဒီကောင်လေးနဲ့ခက်ချေပြီ ။ အနောက်ကနေဖက်ထားလိုက်တာများတင်းတင်းကြပ်ကြပ် ။ အခုမှတကယ့်အီကြာကွေးဖြစ်နေပြီ ။ သူဘယ်လောက်ရုန်းရုန်း ထိုသန်မာတဲ့လက်တွေဟာဖယ်ခွာသွားခြင်းမရှိခဲ့ ။ သူ့ပခုံးနားမျက်နှာအပ်ထားတော့ ပခုံးသားတို့မှာ လေနွေးနွေးဟာစည်းချက်မှန်စွာရိုက်ခတ်လို့ ။ ထို့အတူ သူ့ရင်ခုန်သံတွေကလည်း ပုံမှန်ထပ်ပိုကာ ခုန်နေသလို ။
"ဖယ် JungKook....ငါ ငါ"
"ညိမ်ညိမ်နေနော် မဟုတ်ရင် ကျွန်တော်ဘာလုပ်မိမယ်မသိဘူး"
ခြိမ်းခြောက်တာပေမယ့် ခြိမ်းခြောက်သည့်ပုံမပေါ် ။ ဒီတိုင်းသတိပေးလိုက်သလို ။ TaeHyung လည်းညိမ်ကျသွားသလို JungKook ရဲ့တင်းတင်းကြပ်ကြပ်ဖက်ထားသောလက်တို့မှာလည်း အနည်းငယ်ပြေလျော့သွားသည် ။
"ချစ်တယ် Baby Hyung....အများကြီးချစ်တယ်....ကျွန်တော့်အသက်ထပ်ကိုပိုပြီးချစ်တယ်...Baby Hyung မရှိရင်ကျွန်တော်ရူးသွားလောက်တယ်"
နားထဲသို့စိမ့်ဝင်လာတဲ့လေသံတိုးတိုးနှင့်အတူ ပခုံးကခပ်နွေးနွေးအထိအတွေ့ကြောင့် TaeHyung မျက်နှာလေးရဲတက်သွားတာကိုတော့ ညအမှောင်ထုကသာသိပေလိမ့်မည် ။
~ A Boy Named JeonJungKook ~
ဒါလေးကို စာလုံးရေ 6000 နီးပါးတစ်ခါမှမရေးဖူးဘူး....ဖတ်ရတာမဝကြဘူးဆိုတာနဲ့ထိုင်ရေးနေတာ 😁💜
#Zawgyi
"ဟ ဘာလုပ်တာလဲ ဖယ်ဖယ်"
"ဟေ့ ဖယ်လို့"
"ကဲ ရောက်ပြီဗျာ"
"Baby Hyung ဝင်မယ်လေ"
"ဟို ဟို မ မဟုတ်"
"လာ ကောင်လေး အိမ်ထဲဝင်"
"ဟုတ်ကဲ့ပါခင်ဗျ"
"ဟုတ်ကဲ့ omma"
" JungKook"
"အော် အင်းအင်း"
"Baby Hyung ထိုင်လေ"
"နံရံကဟာကြီးကဘာလဲ"
"Baby Hyung"
"အား ငါရူးချင်လာပြီ"
"ဟင် အများကြီးလား"
"ဘယ်ကစသင်မလဲ"
"ဟုတ်တယ်လေ Baby Hyung"
"အော် အေးပါ အေးပါ"
"ဟုတ် ကျေးဇူးပါအန်တီ"
"ဒီဟာလေး"
.
.
"omma ရေ....omma"
.
.
"လာပါပြီဗျာ လာပါပြီဗျ"
"သဘောရှိပါဗျာ"
.
.
* ဂွပ် ဂွပ် *
"အီးယား သေပါပီ"
"ယိ ယိ ငါကမိန်းမယူမှာ"
"မှောင်နေပြီ အပြင်မှာ"
"ငါပြန်တော့မယ်"
"ပြန်ရဲလို့လား"
"ဘာ ဘာနာမည်ကြီးတာလဲ"
"သ သရဲလား"
"အေး မင်းစိတ်ဓာတ်ပဲ"
"ရတယ် ငါ့ဘာသာပြန်မယ်"
"ဒီည ဒီမှာအိပ်လိုက်လေ"
"အင်းအင်း ထွက်တော့"
"ဟပ် ဟပ်ချိုး....အေးတယ်ဟ"
"ဟာ ဘာဖြစ်တာတုန်း"
"JungKook ရေ JungKook"
"လာပြီဗျာ အခုပဲလာပြီ"
ရေချိုးခန်းထဲကထွက်လာပြီးတာနှင့် သူပေးတဲ့ Hoddie နဲ့ဘောင်းဘီကိုအလျင်အမြန်ကောက်ဝတ်ပြီး ခုံမှာငြိမ်ငြိမ်ထိုင်နေလေသည် ။
"မ မစားချင်ဘူး"
"အာ တော်တော့ တော်တော့"
"အေးပါ ထတော့"
"မင်းကြီးတော်ကြီလား"
"ဟပ် ဟပ်ချိုး"
.
.
"ကဲ ကလေးတွေစားကြတော့"
"ဟုတ်ကဲ့ပါဗျ"
"အူး အိပ်ချင်လာသလိုပဲ"
"မင်းကရော"
"ဘာ"
"မင်းညာတာမလား"
"ငါ အဲ့မှာပဲအိပ်မယ်"
"ဆိုဖာမှာပဲအိပ်မှာ"
"အီး ရွေ့စမ်းပါဟ"
"အရမ်းနာနေလားခါးက"
"ကဲ ရပြီ ငါအိပ်တော့မယ်"
"ဟပ် ဟပ်ချိုး"
"ဟပ်ချိုး"
.
.
"ငါမနေတတ်ဘူး ဖယ်လို့"
"ဖယ် JungKook....ငါ ငါ"
Continue Reading
You'll Also Like
572K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
25K 4K 29
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
565K 49.3K 29
Taekook Fanfiction Jeon Kim Own creation
173K 26.5K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."