"အေးလိုက်တာ.....ဟူး...."
ညဘက်မိုးချုပ်ကြီးXiao Xiao Zhanတစ်ကောင်
ဆိုဖာပေါ်မှာဟိုလည့်ဒီလည့်နှင့်ချာချာလည်နေသည်။
ဘယ်အချိန်ရှိပြီးလဲ လဲမသိ..အခုချိန်မှာသူသိသည်
ကတော့သူ့ကိုအခန်းပြင်မှာပေးအိပ်သည့် Yibo
အခန်းဆီသို့သွားရမည်ဆိုတာပင်။
"ဟူး...ဒီအချိန်လောက်ဆိုအိပ်လောက်ပါပြီနော်"
Xiao Zhanတစ်ယောက်သူခိုးကဲ့သို့ကုတ်ချောင်း
ကုတ်ချောင်းနှင့်Wangyiboအခန်းဆီသို့ဦးတည်
လာခဲ့သော်လည်း..အခန်းတံခါးပေါက်ဝရှေ့တွင်ရပ်
၍ဆက်မသွားနိုင်တော့ပေ။
XiaoZhanတစ်ယောက်ခေါင်းကုတ်လိုက်ဖင်ကုတ်
လိုက်နှင့်သူထိုတံခါးအားမည်သို့ဖွင့်ရမလဲမသိ။ဟိုတွန်းဒီတွန်း ဟိုကိုင်ဒီကိုင်နှင့်နောက်ဆုံးတော့အခန်း
တံခါးဟာပွင့်လာခဲ့သည်။
"အယ်..ပွင့်ပြီဟ ဟိဟိ"
Xiaozhanတစ်ယောက်နောက်ဆုံးတော့yiboဘေး
ရောက်နေပြီဖြစ်သည်ပြောတော့ကဖြင့်မိုးလားကဲလားမင်းကိုမယုံဘူးလေးဘာလေးနဲ့..အခုတော့အိပ်နေတာ
ဆင်နင်းရင်တောင်နိူးမည့်ကိန်းမရှိသည့်Yiboအား
XiaoZhanတစ်ယောက်မျက်နှာနားလက်
ဖြင့်ကပ်ကာမျက်လုံးရှေ့သို့ရမ်းလိုက်ရင်း
"ကိုကိုလေး..ကိုကိုလေး..."
တုပ်တုပ်မျှမလှုပ်သောYiboကြောင့်XiaoZhanပျော်ရွင်မြူးထူးသွားသည်။ အကြောင်းကတော့
သူယွင်မုန့်ကျင်းကိုပြန်သွားရမည်ဆိုသည့်အကြောင်း
အရင်းတစ်ခုထဲပါ။
ပက်လက်အိပ်နေသောYiboရဲ့
ခါးထက်သို့ တတ်၍ခွလိုက်သည်။သူဒီကမ္ဘာကို
ရောက်တုန်းကလဲထိုကဲ့သို့ပင်ဖြစ်၍..အခုပြန်ရင်လဲ
ထိုကဲ့သို့နည်းဖြင့်သာပြန်ရမည်လို့တွေးထားသော
Xiaozhanတစ်ယောက်Yiboခါးထက်သို့
တတ်ခွထိုင်နေသည်။အချိန်တစ်ခုကြာတဲ့အထိဘာမှ
ဖြစ်မလာပဲYiboခါးထပ်၌သာXiaoZhanဖား
လေးတစ်ကောင်သို့ကပ်နေရင်းအိပ်ပျော်သွားရသည်။
"အား:::!!!Fuck...ခ.ခများ ဘာလိုကြီးအိပ်နေတာလဲ"
မနက်မိုးလင်းမျက်လုံးနှစ်လုံးပွင့်တာနှင့်သူရဲ့ခါးကိုခွ
ရင်းသူ့အားတင်းကျပ်စွာဖက်ထားသောထိုသူကြောင့်
Yiboမှာလိပ်ပြာလွှင့်မတတ်ပင်မနက်အစောကြီး
အော်ရတော့သည်။သူစိမ်းတွေသူ့အသားထိတာနည်း
နည်းလေးမှမကြိုက်သောသူ့အတွက်အခုတော့တတ်ပါ
ခွခံနေရပြီတဲ့လား..ဒီကောင်လေးကိုသူဘယ်လိုလုပ်ရပါ့မလဲနော်။
"အိုက်ယား..ကိုကိုလေး ရယ်ဖြည်းဖြည်းသက်သာ
အော်ပါ"
"မင်း..မင်း..အခု ဘယ်နေရာမှာတက်ထိုင်နေတာလဲ"
Yiboအသားတွေပင်တစ်ဆက်ဆက်တုန်လာသည်..
မျက်နှာတစ်ခုလုံးလဲရဲနေပြီ..အသံတွေလဲထစ်လို့
Xiaozhanတစ်ယောက်လဲအခြေအနေတစ်ခုကို
ခံစားမိလိုက်ချင်း...စကားတွေကတောင်ပြောမြောက်
ပြောနှင့် နောက်ဆုံးတော့သူအော်မိလိုက်သည်။
"အယ်..Yi Yi Yibo ငါ.ငါ.ငါ.မရည်ရွယ်ပါဘူး..ငါ
မင်းရဲ့ ခါး.ခါးပေါ်တင်အိပ်တာပါ..ဒါပေမယ့် အိပ်နေ
ရင်းနဲ့အောက်ကိုနည်း နည်းလေးလျောသွားတာ..''.
"မင်းကဘာလို့ ဘာမှဝတ်မထားတာလဲ!!!!!"
"မင်းလျှောက်မအော်နဲ့..အအ တွင်း ခံပါတယ်.
.Fuck လှုပ်..လှုပ်..မ နေ နဲ့ ဟ"
"ကိုကိုလေး..ငါ.ငါ.ထ လို့ မရ ဘူး ဖြစ်ဖြစ်နေတယ်
မင်း မင်း အစနဲ့ ငါ့ အစ ငြိ နေတယ် ဖယ် ဖယ်"
"Fuck!!! Fuck !!!Fuck!!!. .မင်းလှုပ်မနေနဲ့လို့
ငါ ငါ ဖယ်မယ်..ငြိမ်ငြိမ်လေးနေ.."
Yiboတစ်ယောက်တုန်တုန်ရီနှင့် သူ့အတွင်းခံအရှေ့က
အစနှင့်XiaoZhanအရှေ့က ချိတ်ကဲ့သို့အရာလေး
နှင့်ငြိနေသောကြောင့် တစ်စမ်းစမ်းနဲ့ဖြုတ်နေရသည်။
"ကို ကို လေး...မှား မှားစမ်းနေတယ်လို့..ကျနော်..ခံစား
ရ ရတယ်နော်"
"Fuck. .ခများပါးစပ်ပိတ်ထား..ကျ ကျနော်လဲ
အတတ်နိုင်ဆုံးလုပ်ပေးနေတာပဲ..မြင်မှ မမြင်ရတာ
ထိ ထိမိတာတော့..ဖြစ်မှပေါ့"
"ကို ကို လေး..ကျနော်ငါ ငါဖြုတ်ကြည့်ပေးရမလား"
"ရတယ်..ရသွားပြီ"
Yiboတစ်ယောက်ငြိနေသောအရာအားဖယ်လိုက်ကာ
ချက်ချင်းဆိုသလိုXiaozhanအား ကန်ချလိုက်သည်
"ခများ..ဘယ်လိုကြောင့်ကျနော့်ပေါ်တတ်အိပ်နေတာလဲ..ကျနော်ပြောတယ်နော် ကျနော့်အခန်းထဲဘယ်လို
ရောက်နေတာလဲ"
"ကိုကိုလေး...ငါငါရှင်းပြချင်ပါတယ်ကွာ..ဒါပေမယ့်
မင်း မင်းအရင်ဘောင်ဘီ ဝတ်ပါကွာ"
"အဟမ်း..အပြင်ထွက်တော့ ငါလာမယ်"
Xzတစ်ယောက်အပြင်ဘက်ကဆိုဖာပေါ်
တွင်ဖင်နဲ့မထိုင်ပဲ ခြေထောက်နှင့်သာဆောင့်ဆောင့်
ထိုင်နေသည်။ပိတ်ထားသောTvမျက်နှာပြင်ကိုစေ့စေ့ကြည့်နေရင်း
"အား...ချီးလိုပဲ သူငါ့ကိုနှင်ထုပ်ရင်ဘယ်လိုလုပ်မလဲ..
အချိန်မကျသေးလို့လား...ငါအရင်ကလဲဘယ်ပဲရောက်
ရောက် အဲ့လိုမျိုးပြန်လုပ်ရင်ပြန်ရောက်တာကို..
ကျစ်..ခတ်စတော့ခတ်နေပြီ"
"မင်း..အခုပြောလို့ရပြီ..ဘာတွေဆင်ခြေပေးမလဲ"
အဖြူရောင်T-shirtအပါးလေးနှင့်ဘောင်းဘီဒူးကျ
အမဲရောင်ကိုဝတ်ထားရင်း..ရေချိုးခေါင်းလျှော်ထား၍
လက်ထဲမှမျက်နှာသုတ်ပဝါကို ရေဆိုနေတဲ့ဆံပင်ပေါ်
သို့သုတ်နေရင်း..Xzအရှေ့ကိုဝင်ထိုင်လိုက်သည်။
"အိုက်ယား...ကိုကိုလေး ဆင်ခြေပေးတယ်တဲ့လား..
စကားကိုဘာကြောင့်အဲ့လိုမျိုးကြီး ပြောရတာလဲ..
ဒီတိုင်း..ဒီတိုင်း..."
"တော်ပြီ..ခများဘာမှမပြောနဲ့တော့..ကျနော်အစကခများကို..လူကောင်းလို့ထင်ပြီး အိမ်ပေါ်တင်ထားမိ
တာ..အခုတော့ခများက ကျ ကျနော့်အပေါ်တောင်
တတ်ပြီး..ချီးလိုပဲ..တော်ပြီ အခုခများသွားတော့"
"ဟမ်..ကိုကိုလေး ကျနော့်ကိုတစ်ခါလောက်"
" No မရဘူး အခုဆင်း"
"နိုးဆိုတာဘာလဲဟင်"
"ကျစ်..စောက်ရူးလိုလုပ်မနေနဲ့..အခုချက်ချင်းအိမ်က
နေထွက်သွားမဟုပ်ရင်..ငါလာဆွဲထုတ်ခိုင်းရမလား"
"အယ် ကိုကိုလေး..ကျနော်က လူလဲမသတ်ဘူး..
စိတ်စွမ်းအင်လဲ..ဘာမှမသုံးဘူး..အရက်လဲခိုးမသောက်ဘူး.. ကြက်လဲခိုးဖမ်းတာမဟုပ်တာကို ဘာလို့အပြစ်
သားတစ်ယောက်လို့ဆွဲထုပ်မှာလဲ"
"အွန်း..အရက်လဲခိုးမသောက်ဘူး..ကြက်လဲခိုးမဖမ်းဘူး..လူလဲမသတ်ဘူး..ဒါပေမယ့် သူများအိမ်ကိုခွင့်ပြု
ချက်မရှိဘဲဝင်တယ်..သူများအခန်းထဲကိုလဲခိုးကြောင်
ခိုးဝှက်ဝင်တယ်..အဆိုးဆုံးကတော့ သူများအပေါ်
ခွင့်ပြုချက်မပဲတတ်ခွတာပဲ..နှာဘူး"
"အိုက်ယား အဲ့လိုမရက်ဆက်ပါနဲ့..တစ်ရက်လောက်ပဲ
ပေးနေပါ..တစ်ခါလောက်ပဲ"
"မရဘူး..အခုသွား..အခုချက်ချင်းသွား..သွား"
"သွားဘူး"
"ဘာ!!"
"ကိုကိုလေးရယ် တစ်ရက်လောက်ပါပဲ "
ဆိုဖာကနေကုတင်ဆီသိုလစ်ကနဲပြေးကာ မသွားဘူး
လို့ပင်အသာကုန်အော်ဟစ်နေရင်းပတ်ပြေးနေသူ
အားYiboမျက်စိနှောက်နေသည်။
"လျှောက်ပြေးမနေနဲ့..ရပ်စမ်း မင်း!"
XzကမပြေးYiboကနောက်ကနေလိုက် ဟိုဘက်ပတ်
လိုက်ဒီဘက်ပြေးလိုက်နဲ့Yiboကိုယ်တိုင်ပင်ဘာလုပ်
လို့ဘာလုပ်နေမှန်းမသိ။
"ကိုကိုလေး..ရယ် တစ်ရက်လောက်-အ့!!!"
စကားပင်မဆုံးသေးပဲXzတစ်ယောက်ကုတင်ပေါ်သို့
ပက်လက်လဲကျသွားသည်။သို့သော်သူတစ်ယောက်
ထဲကျခြင်းတော့မဟုပ်Yiboနှင့်ထပ်လျက်လဲကျ
လျက် မထင်မှတ်ပဲ နှုပ်ခမ်းချင်းထိကပ်သွားသည်။
"ကို ကို လေး..ခများ ကျ နော် ကို"
"ငါ တမင်လုပ်တာမဟုပ"
"ဝုန်း::::::::::::::::::"
နှစ်ယောက်သားစကားပင်မဆုံးသေး..ကျယ်လောင်သောအသံကြီးတစ်ခုကြားလိုက်ရကာ တစ်လောက
လုံးမှောင်ကျသွားသည်။
"ကိုကိုလေး..ဘာ ဘာဖြစ်တာလဲ"
"ကြည့်ရတာမီးပျက်တာနေမယ်"
"ကိုကိုလေး..ခများ ကျနော့်ပေါ်ကနေထပေးဦး"
"ငြိမ်ငြိမ်နေ..ဘာမှမြင်ရတာမဟုပ်ဘူး"
ရုတ်တစ်ရက်ချက်ချင်းအလင်းရောင်တစ်ခုဝင်လာ၍
နှစ်ယောက်သားမျက်လုံးအားလက်ဖြင့်အလျှင်အမြန်ကာလိုက်သည်။
ထိုအလင်းရောင်ကြီးပျောက်တော့မှမျက်လုံးကို
ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။သို့သော်အခြေအနေ
အားလုံးက ကမောက်ကမ။Wangyiboတစ်ယောက်
Xzပေါ်ကနေကုန်းထကာဟိုပတ်ကြည့်ဒီပတ်ကြည့်
လုပ်နေရင်း..
"ဒါ ဒါ ကဘယ်နေရာလဲ"
"ယွင် မုန့် ကျင်း...ဟုပ်တယ် ယွင်မုန့်ကျင်း ငါတို့ယွင်
မုန့်ကျင်း ကိုပြန်ရောက်နေပြီ ကိုကိုလေး ကျနော်
ကျနော် ယွင်မုန့်ကျင်း ရောက်နေတာ"
"ဘယ်လိုဖြစ် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
............
#Yibo ဟိုဘက်ရောက်သွားပါပြီနော်😁
#ဘယ်လိုကြောင့်ရောက်သွားတာပါလိမ့်🤔😅
ရွှေသက်မြန်မြန်Upပေးလိုက်ပါတယ်နော်
တိုသွားရင်လဲSorryပါနော်😘😍