ကလဲ့စား FOD- Arc13[မြန်မာဘာသာ...

By Kiley0096

101K 10K 194

Original Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation... More

Chapter - 13.1.1
Chapter - 13.1.2
Chapter - 13.2.1
Chpter - 13.2.2
Chapter - 13.3.1
Chpater - 13.3.2
Chapter - 13.4.1
Chapter - 13.4.2
Chapter - 13.5.1
Chpater - 13.5.2
Chapter - 13.6.1
Chapter - 13.6.2
Chapter - 13.7.1
Chapter - 13.7.2
Chapter - 13.7.3
Chapter - 13.7.4
Chapter - 13.8.1
Chapter - 13.8.2
FOD ရှင်းတမ်း!!!
Notice📣📣

Chapter - 13.8.3(The End)

5.4K 503 9
By Kiley0096

ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ... တရားရုံးမှ စွဲချက်အားလုံးကို အတည်ပြုကြောင်း ကြေငြာခဲ့ပြီးတော့ ... သူ့အား အလုပ်နဲ့ထောင်ဒဏ် ဆယ်နှစ်ချမှတ်ခဲ့၏၊ နောက်ထပ် ထောင်ဒဏ် ငါးနှစ်နှင့် လျော်ကြေးငွေပမာဏများစွာတို့ကိုတော့ ဘဏ္ဍာငွေကြေးဆိုင်ရာ အခွန်ငွေရှောင်လွဲမှု, ငွေမည်းထားရှိမှုတို့ဖြင့် ... ထောင်ဒဏ်,ငွေဒဏ် ပေါင်း ဆယ့်ငါးနှစ်ကျသင့်စေသည်။ တစ်ကြိမ်တခါက IT နယ်ပယ်ရဲ့ အမြင့်ဆုံးသော ဂုဏ်ယူစရာ တက်သစ်စတစ်ယောက်က ထောင်သားအဖြစ် ရောက်ရှိသွားလေတော့ ... ခန်းမှန့်ရခက်ပါတဲ့ ကံတရားဟုသာ သတ်မှတ်၍ သက်ပြင်းချရုံပါပင်။

Tengda မှ ကျွမ်းကျင်လုပ်သားတို့သည် နေရာမှာတင် ရပ်တန့်သွားလျက်၊ တချိန်တည်းမှာပင် ပြိုလဲသွားကျ၏။ 'Magic World' ကို ဒေါသထွက်နေမှုတို့သည်လည်း အင်တာနက်တွင် ပျောက်ကွယ်သွား၏။ ဖန်းခွန်းဖိန်သည် သူ့သားရဲ့ အကြွေးမြီအား မဆပ်နိုင်သည် ဖြစ်ရကာ၊ သူနဲ့သူ့မယားငယ်တို့သည် အဝတ်အစားတို့ယူ၍သာ သူတို့အိမ်မှ ပြောင်းရွေ့ပေးရတော့သည်။ သူက ဒုတိယ သို့မဟုတ် တတိယအဆင့် သတ်မှတ်နိုင်သည့် တက္ကသိုလ်တွင် စာသင်ကြားဖို့ ရှာချင်ပေမယ့် ... သူ့မျက်နှာကို Y မြို့တော်တွင် မသိသူမရှိသလောက် ဖြစ်နေလေတော့၊ ကျောင်းသားမိဘများက တိုင်တန်းပြောဆိုမှုများဖြင့် နာမည်ကျသွားမည်ဆိုတာကြောင့် ... ဒီပလိုမာသင်တန်းများသည်ပင် သူ့အား မခန့်ရဲပါပေ။

အနှီပုဂ္ဂိုလ်နှစ်ယောက်အတွက် မျှော်လင့်ချက်ကင်းမဲ့ရာ အခြေအနေပါပေ့၊ နေစရာနေရာအတွက်တောင် တောင်းပန်တိုးလျှိုကာဖြင့် ... နောက်ဆုံးမှာမှ သူတို့သည် ငှါးရမ်းခနည်းသည့် အိမ်ကိုရှာတွေ့သွား၏၊ ကြွေးရှင်တို့က သူတို့အိမ်ပေါက်ဝရှေ့ထိ ရောက်လာပြီး ... သူတို့အား ဆိုးဆိုးဝါးဝါးရိုက်နှက်ကြလေသည်။ ရှေ့ဆက်ရမည့်လမ်းတို့က အတောမသတ်နိုင် မျှော်လင့်ချက်ပျက်ယွင်းမှုအတိတို့ဖြင့်။

သည့်အပြင် ... တရားရုံးတွင် ကျိူ းယွင်ရှန့်ပြောခဲ့သည့် စကားတို့တဖြေးဖြေးပျံ့နှံ့သွားလေရာ၊ တရုတ်ပြည်သားများက 'စကားလုံးတွေနဲ့ဥပမာယူကာ သင်ယူတဲ့ မူလဗားရှင်း'မှ သူအဖြစ် စံနမူနာထားစေ၏ ... ၎င်းက နောက်ငယ်ရွယ်တဲ့ မျိုးဆက်သစ်များကို သင်ကြားရာမှာ ကြီးမားတဲ့အထောက်အကူပြုလေသည်။ အမှန်တွင်က ... ကျိူ းယွင်ရှန့်သည် ပြည့်စုံသည့်လူတစ်ယောက်တော့ မဟုတ်ပေ၊ ဒါပေမယ့် ဖန်းကျစ်ဖေးနဲ့ယှဉ်ရင်တော့ ... သူက လူမှန်တစ်ယောက်ဆိုတာ အသိသာချည်းပါပင်။

အပြည့်အဝကို အနိုင်ဖြင့်ပိုင်းခဲ့ပြီးပြီ၊ ဟိုးအပေါ်ဆုံးမှလည်း အောက်ကိုဆွဲချပြီးပြီ ... လူတွေကို ပုန်ကန်စေပြီး .. မိတ်ဆွေသူငယ်ချင်းတွေကို ဖယ်ကြဉ်စေမည်၊ သေခြင်းတရားက အသက်ရှင်သန်နေထိုင်ရသည်ထက် ပိုကောင်းသည်ကိုလည်း သိစေမည်၊ ကျိူ းယွင်ရှန့်က ထိုအရာတို့ကို ဖန်းကျစ်ဖေးကို လက်ဆောင်ပေးမည်ဟု ကျိန်ဆိုခဲ့ပြီးသား ... ဖြစ်သော်ငြား သူ စိတ်ကျေနပ်နိုင်မှု မရှိသေးပေ။

ဖန်းကျစ်ဖေးကို တရုတ်နိုင်ငံရဲ့ အကျဉ်းထောင်တစ်ခုဖြစ်တဲ့ ... လုမင်ရှန်းအကျဉ်းထောင်၏ မူအသစ်ရဲ့ဦးဆုံးအုပ်စုထဲ ပို့ပေးခဲ့သည်။ ၎င်းထောင်သားတွေမှာ ကိုယ်ပိုင်အခွင့်အရေးမြင့်မား၏၊ သူတို့သည် ကြိုက်နှစ်သက်ရာ သက်မွေးမှုပညာရပ်များစွာကို သင်ကြားနိုင်ကြသလို ... အွန်လိုင်းမှလည်း ကျောင်းတတ်လို့ရပါသေးသည်။ သို့ပေမယ့် ... ထိုအရာအားလုံး ထောင်ကဲရဲ့ မျက်စိအောက်တွင်သာ ပြုလုပ်လို့ရ၏။

ဖန်းကျစ်ဖေးသည် သူသွားရမည့်ထောင်က ၎င်းထောင်ဖြစ်သည်ဆိုတာကို သိတော့ ... ပြုံးသွားသည်။ တစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်က ကန့်သန်ချက်နဲ့ဆိုသော်ငြား သူ့အတွက်တော့ ပြဿ နာကြီးမဟုတ်ပေ၊ သူ အွန်လိုင်းပေါ် ရောက်နိုင်နေသရွေ့ ... သူက တန်ခိုးရှင်ပါပေ့။

သူသည် ပထမဆုံးလတွေအတွင်း အရမ်းကိုကျိုးကျိုးနွံနွံသာနေပါ၏ ... ထောင်စောင့်များကို အဘယ်သို့သော တပ်လှန့်မှုမျိုးကိုမျှ ဖြစ်ပေါ်ခြင်းမရှိစေပေ။ သူတို့တွေရဲ့ နိုးကြားမှုများလျော့နည်းသွားပြီးဆိုမှ ... သူသည် တရားမဝင်ဘဏ်အကောင့်များကို ဟက်၍ ထိုမှ ငွေများသဲ့ယူလေသည်။ သူက ဖန်းခွန်းဖိန်နဲ့သူ့အမေဆီကိုလည် အနည်းငယ်လှမ်းပို့ပေး၏၊ အချို့ကိုတော့ဖြင့် အင်တာနက်ကို အချိန်ကြာကြာကြည့်လို့ရရန် ထောင်စောင့်များကို လာဘ်ထိုးရာတွင် သုံးလေသည်။

နှစ်တဝက်လောက်ကြာ ရှာဖွေစူးစမ်းပြီးသည်နောက်မှာတော့ ... သူသည် မြေအောက်ဂိုဏ်းဖြင့် ဆက်သွယ်မိခဲ့၏၊ အဲ့နောက် ကျိူ းယွင်ရှန့်အသက်ကို ငါးသန်းဖြင့် အလဲအလှယ်ပြုခဲ့သည်။

"သားကောင်ရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးရာဇဝင်အကျဉ်းပေးပါ" သူဆက်သွယ်မိတဲ့သူဆီက ထိုစာကြောင်းလှမ်းပို့လာ၏။

ဖန်းကျစ်ဖေးသည် အမြန်အဆန်ပင် ကျိူ းယွင်ရှန့်ဓာတ်ပုံတို့အား ကူးယူပြီးနောက် ပေးပို့သည် ခလုတ်အား နှိပ်ခါနီးကာမှ ... ကွန်ပျူ တာမျက်နှာပြင်သည် လက်ကနဲဖြစ်သွား၍ ရုတ်ချည်း အမှောင်ကျသွား၏။
သူ့ရင်ထဲဝယ် အနည်းအကျင်းမျှ တုန်လှုပ်သွားလျက် ... ကွန်ပျူ တာတွင် ပြဿ နာဖြစ်ပေါ်သည်ကို ရှာဖို့ reset ချရန်ပြင်လေသည်၊ ထို့အခိုက် ... ကွန်ပျူ တာမျက်နှာပြင်က သူ့ဘာသာ ပြန်လင်းလာ၏။ ကျိူ းယွင်ရှန့်ရဲ့ မက်မွန်ဝတ်လွှာမျက်ဝန်းများက ယောင်ယောင်မျှ မှေးကျဉ်းသွား၍ သူ့အား အကြည့်ပေးလာ၏။

"ငါးသန်းတဲ့လား ... ငါ့အသက်က ငါးသန်းပဲ တန်တာလား?" အမျိုးသားငယ်ရဲ့ ကြည်လင်ပြတ်သားသည့် ... အေးစက်စက်အသံက ... မမြင်နိုင်သည့် စူးတစ်ချောင်းက ... သူ့နားစည်အတွင်း ဝင်ရောက်ထိုးဖောက်လာသလိုပါပင်။

ဖန်းကျစ်ဖေးသည် သူ့နားကြပ်အား ကမန်းကတန်း တပ်လိုက်ရ၏၊ ဒါမှ စကားသံတွေကို အခြားလူများမကြားနိုင်မှာဖြစ်၏။

"မလှုပ်လေနှင့်! အကျွနု်ပ်ကဆိုရင် တရားစီရင်မှုနတ်သားရဲ့ တမန်တော်ဖြစ်ပေ၏ ... သင့်အား လူသတ်သမားငှါး၍ လူသတ်ရန်ကျူ းလွန်သည့်အတွက် ဖမ်းဆီးရန် ရောက်လတ္တံ!" ကျိူ းယွင်ရှန့်သည် အစိမ်းရောင်ရေသေနတ်အား ထုတ်ယူ၍ ကွန်ပျူ တာမျက်နှာပြင်သို့ ချိန်ကာပစ်သယောင်ပြု၏ ... သူ့၏ လူကြီးအသံအား ကလေးပိစိအသံအဖြစ်သို့လည်း ပြောင်းလိုက်၏။

ဖန်းကျစ်ဖေးသည် သူ့မျက်နှာကို အုပ်ကွယ်မိလိုက်၏၊ သူ့အရေပြားတို့တွင်လည်း ချွေးစေးတို့က ထွက်လာသည် ... မသိရင် သူ့အားရေအေးဖြင့် လောင်းထားသည့်အလားပင်။ တဖက်ကကွန်ပျူ တာမျက်နှာပြင်ထက်ဝယ် ... အရပ်မြင့်မြင့်အမျိုးသားတစ်ယောက်သည် ကျိူ းယွင်ရှန့်ဆီလျှောက်လာပြီး ... အနည်းငယ် ပြုံးလျက် ကျိူ းယွင်ရှန့်အား ဆက်စီအသံဖြင့် 'ဆိုးတယ်ကွာ'ဟု တိုးညှင်းညှင်းဆိုလျက် ... ထိုသူ့လက်က ကျိူ းယွင်ရှန့်ရဲ့ အင်္ကျီအတွင်း လျှိုဝင်သွားပြီး ... ရှန့်ရင်ဘတ်က ပွင့်ချပ်လွှာကို ဖိချေဆုပ်ညှစ်၍ ရှန့်၏ လည်တိုင်ကျော့ကျော့တွင် အမှတ်အသားပြု နမ်းရှုံ့လေသည်။

"ရပ်စမ်း ... ဒီမှာ ဖန်းကျစ်ဖေးကို အရင်ရှင်းပါရစေအုံး" ကျိူ းယွင်ရှန့်သည် ထိုသူ၏ ခေါင်းက ပုတ်ထုတ်၍ ညစ်ကျယ်ကျယ်ပြုံးလေသည်။

ဖန်းကျစ်ဖေး ထိုအမျိုးသားကို မှတ်မိလိုက်တာမို့ သူ့မျက်လုံးတို့ အဆမတန်ပြူ းကျယ်သွားသည်။ ထိုသူက အခြားမဟုတ် ရီကျန့်ပင်၊ ဆိုတော့ ထိုသူနှင့်ကျိူ းယွင်ရှန့်က တကယ့်မှာ တွဲနေခဲ့တာပေါ့ ... အေးပေါ့လေ အာ့မို့ ထိုသူက 'ကျိုး'မှာ သန်းပေါင်းများစွာ လာပြီးရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိတာကို မအံ့သြတော့ပါဘူး။ 'ကျိုး'ရဲ့ အရေးပေါ်ဖြစ်ရပ် ဖြစ်ပြီးနောက် ... သူတို့ရှယ်ယာတွေကို ဈေးပေါပေါနဲ့ လာဝယ်ခဲ့တာလည်း သူပဲကို၊ သူတို့နှစ်ယောက်က သိနေတာကြာပြီးပေါ့ ... ပြီးတော့ သူတို့ရဲ့ဆက်ဆံရေးကလည်း ပေါ့သေးသေးမဟုတ်တဲ့ပုံပင်။ သူမှာတော့ 'ကျိုး'နည်းပညာရဲ့ လူကြီးတော်တော်များများဝယ်ရသေး၏ ... ပြီးတော့ သူ့ကောင်မလေးကိုတောင် ကျိုးယွင်ရှန့်အနားပို့ထားခဲ့တာတောင်မှ ... အဲ့ဒီဆက်ဆံရေးအကြောင်းကို ဘာတစ်စွန်းတစ်စမှ မသိရှိခဲ့ဘူး။ ကျိန်းသေပါပီ ... ကျိူ းယွင်ရှန့်က သူ့အနားကလူတွေကို ဆန့်ကျင်ဖို့ အရင်ထဲက အကွက်တွေချထားခဲ့တာပဲ။ သူသည် ငနုံတစ်ယောက်မဟုတ်ခဲ့ပေ ... ၎င်းနဲ့ဆန့်ကျင်စွာ ... သူသည်က အရမ်းကိုကြောက်စရာကောင်းတဲ့ ထက်မြက်တဲ့သူတစ်ယောက်ပင်။

ဂိမ်းနှစ်ခုရဲ့ ဖန်တီးမှုလက်ရာက 3D လေးဘက်ထောက်ကလေးလေးနဲ့ တပုံစံတည်းပါပေ့၊ အခုတော့ ကျိူ းယွင်ရှန့်က သူ့ရဲ့ data လမ်းကြောင်း ဖြတ်ဝင်ရုံမက ... ရင်းနှီးနေပါသော ပစ်စတိုသေနတ်နဲ့ ကလေးအသံကိုပါ ထုတ်ပြလာ၏၊ ရှန့်ရဲ့ ID အစစ်ကို သက်သေပြနေစရာ မလိုတော့ပေ။

ဖန်းကျစ်ဖေးသည် သူ့ဘဝက ၎င်းအပေါ်မူတည်လိမ့်မယ်လို့ တကြိမ်သောမျှမတွေးထင်ထားခဲ့ပေ၊ ကျိုးယွင်ရှန့်က ဟက်ကာတစ်ယောက်ဖြစ်နေပြီး ... သူ့အရည်အချင်းကလည်း သူ့ထက်အဆမတန် ဝေးကွာလွန်းလှ၏၊ ဟိုးမိုးကုတ်စက်ဝိုင်းမက ကွာဝေးလှပါသည်။ 'ကောင်းကင်မန်ခွင်းကျူ းရှန့်' နဲ့ 'ကြယ်တာရာတိုက်ပွဲ' ဖန်တီးခဲ့သူတွေကို သူဖွက်ထားနိုင်ခဲ့တာ အံ့သြစရာမရှိတော့ပါဘူး ... ပြီးတော့လည်း
သူနဲ့မုန့်ဝမ်ရဲ့ အသံဖိုင်အတုကို သဲလွန်ရှာမရအောင် ပြုလုပ်နိုင်ခဲ့တာကို အံ့သြမနေတော့ပါဘူး။

# ငါ ရှုံးသွားပြီ ... လုံးလုံးကြီးကို ရှုံးသွားတာ! #
ဖန်းကျစ်ဖေးသည်က လက်သီးကိုခပ်တင်းတင်းဆုပ်ထားလျက် ရင်ထဲတွင် အော်ဟစ်မြည်တမ်းနေလေသည်။

ကျိူ းယွင်ရှန့်သည် ကွန်ပျူ တာမျက်နှာပြင်ကို နှစ်ခါမျှ သေနတ်ပစ်သွင်းလိုက်ပြီး သတိပေးစကားဆိုကြား၏၊ "ဖန်း.ကျစ်.ဖေး ... တရားစီရင်မှုတမန်တော် အကျွန်ုပ်က သင့်အားအမြဲ စောင့်ကြည့်လတ္တံ ... ဥပဒေနဲ့မလွတ်ကင်းသည်များ မပြုလုပ်လေနှင့်!"

ကွန်ပျူ တာမျက်နှာပြင် ရုတ်တရက် ကျယ်လောင်စွာ တကျစ်ကျစ် ထမြည်လျက် ... လျှပ်စစ်တို့ စီးထွက်လာသည်။ အကယ်၍ ကွန်ပျူ တာကီးဘုတ်တွင် လှုပ်ရှားနေသော ဖန်းကျစ်ဖေးကို ထောင်စောင့်များက သူတို့၏နံဘတ်တုတ်များဖြင့် ချက်ချင်းလာရောက် မရိုက်နှက်ခဲ့ဖူးဆိုရင် ... ဖန်းကျစ်ဖေးတစ်ယောက် ဓာတ်လိုက်သေဆုံးသွားလိမ့်မည်။ အဲ့ဒီနောက် ... ထောင်စောင့်တွေက ကွန်ပျူ တာကို စစ်ဆေးကြည့်ပေမယ့် ... မသင်္ကာစရာရယ်လို ထူးထူးခြားခြားတွေ့ရခြင်းမျိုး မရှိခဲ့ပေ။

ဟက်ကာတစ်ယောက်က ကွန်ပျူ တာကို သုံးပြီးပျက်စီးဖို့ ထိန်းချုက်လို့ရတယ် ... ပြီးတော့ သေစေတောင်ရတယ်ဆိုတော့ ... ကျိူ းယွင်ရှန့်ရဲ့ အင်အားက ဖန်းကျစ်ဖေး ထင်ထားသည်ထက် သာလွန်နေပါပြီ။ သူကတော့ အင်တာနက်ပေါ်မှာဆို သူဟာ တန်ခိုးရှင်တစ်ယောက်လို့ တွေးထင်နေချိန်မှာ ... တစ်စုံတစ်ယောက်ကတော့ အေးအေးသက်သာပင် ဒေတာနတ်ဘုရားဖြစ်နေခဲ့ပြီ၊ လူတစ်ယောက်၏ သေခြင်းရှင်ခြင်းကို မောက်စ်လေးတစ်ချက်နှိပ်ကာဖြင့် ဆုံးဖြတ်နိုင်၏။

ဖန်းကျစ်ဖေးတစ်ယောက် ယခုအချိန်တွင်တော့ ကျိုးယွင်ရှန့်အား သူ့ရန်သူတော်အဖြစ် သတ်မှတ်ခဲ့သည်ကို. ဆိုးဆိုးရွားရွားကြီးနောင်တရနေပါပြီ။ ကျိုးယွင်ရှန့်ကသာ သူ့ကို တကယ်သေစေချင်တယ်ဆို ... သူသေနေခဲ့တာ အကြိမ်ထောင်သောင်းကတော့မည်မဟုတ်။ သို့သော် ... ရှန့်က သူ့ကို မသတ်ခဲ့ပေ၊ သူက အမှောင်ထဲမှာ ပုန်းအောင်းနေခဲ့ပြီး ... မဖြစ်စလောက်သော စစ်သားရုပ်ကလေးတစ်ရုပ်ပမာ သူ့ကို ကစားနေခဲ့သည်၊ သူ့သေတွင်း သူ့ဘာသာတူးနေခဲ့တာကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့၏။

ရှန့်ဟာ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးပြမှုကို သူ့နောက်ကွယ်ကနေပြီး မရေမတွက်နိုင်အောင် ဟားတိုက်လှောင်ရယ်နေလိမ့်မည် ... ရှန့်ဘက်ကနေကြည့်ရင် ... သူဟာ အရူးတစ်ယောက်သက်သက်သာ ဖြစ်နေလိမ့်မည်။

ဖန်းကျစ်ဖေးတွေးလေတွေးလေ ... အကြီးအကျယ်ကို ရှက်ရွံ့ပြီး ခံပြင်းလာလေလေသည်။ နောက်တစ်နေ့ သူ ကွန်ပျူ တာကိုကိုင်ချိန်မှာတော့ ... သူ့လက်တွေသည် အထိန်းအချုပ်မဲ့စွာ တုန်ယင်နေကြောင်း တွေ့ရလေသည် ... သူ မောက်စ်ကိုတောင် ဖြောင့်ဖြောင့်မကိုင်နိုင်တော့ပေ။

သူ့ကိုယ်သူ ယုံကြည်မှုတို့သည်လည်း နောက်ဆုံးတွင် ပြိုလဲသွားရတော့သည်၊ သူ အပြတ်အသတ်ကို ရှုံးနိမ့်သွားခဲ့၏ ... ပြီးတော့ သူသည် ကျိူ းယွင်ရှန့်ကို မကျေမနပ်ဖြစ်ရာကနေ ... နက်နက်နဲနဲကြောက်ရွံ့မိသွားသည်။

ဤအချိန်၌ ... ကျိူ းယွင်ရှန့်ကတော့ အကျေနပ်ကြီးကျေနပ်နေလေ၏။ သူထောင်ကလွှတ်လာစဉ် အစောတည်းက ... သူချောက်တွန်းခံရသည့် ဗီဒီယိုနဲ့အသံဖိုင်အတုပြုလုပ်ပြီး အင်တာနက်မှာ ဖြန့်လိုက်ရင်ရနေတာကိုသိပေမယ့် ... သူ အဲ့လိုမလုပ်ပေ။ သူက တခြားသေယ ခပ်ပြင်းပြင်း အကျိုးသက်ရောက်မှုရှိစေရမယ့် နည်းလမ်းကို စောင့်နေခဲ့သည်၊ ယခုလိုနေ့အတွက် ၎င်းအရာအားလုံး အကွက်ချနေခဲ့သည်။

ဒါပေါ့ ... မင်းရဲ့ပြိုင်ဘက်ကို ပထမအချီနဲ့တင် KO(ပွဲသိမ်း)တာက အရမ်းကိုသစ်လွင်တာပေါ့ ... ဒါပေမယ့် အဲ့တာက ကျိူ းယွင်ရှန့်ရဲ့ အနုပညာလက်ရာမြောက်လှတဲ့ လက်စားချေခြင်းနဲ့တော့ မအပ်စက်ဖူးလေ။ ရှန့်က ထိုသူတို့ ဆန္ဒတွေပြည့်ဝအောင်မြင်ဆုံး အချိန်ရောက်ခါမှ ထိုသူတို့ကို မျှော်လင့်ချက်မဲ့ချောက်ထဲကန်ချရသည်ကို နှစ်သက်သည်လေ ... ပြီးတော့လည်း သူတို့ကို ရှန့်က သူ့ရဲ့စွမ်းအင်ပါဝင်ပြည့်သော စကေးတွေနဲ့ မညှာမတာတိုက်ခိုက်ပေးအုံးမည်၊ ထိုသူတို့ရဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးသွားသည်အထိ ... နောက်ထပ်တကြိမ် ဦးမော့မလာနိုင်အောင်ကို တိုက်ခိုက်အုံးမည်။

သူက သူတို့ကို ရှုံးနိမ်းခြင်းရဲ့အနှစ်သာရ ခံစားစေမည်၊ ကြီးကျယ်မြင့်မြတ်မှုတွေမှ ကျဆုံးစေမည်၊ လူတွေကို ပုန်ကန်စေမည် ... မိတ်ဆွေသဟာတို့ ဖယ်ကြဉ်စေလျက် ... ရှင်လျက်ဖြင့် သေဆုံးစေမည်၊ ရှင်သန်နေရတဲ့ နေ့ရက်တိုင်း နေ့ရက်တိုင်းတွင် ... အဆုံးအစမရှိသော မျှော်လင့်ချက်ကင်းမဲ့မှုတို့ ... နောင်တတရားတို့ဖြင့် ရင်ဝယ်ပိုက်ထားစေမည်။

သူတို့ရဲ့ စိတ်ကို အပြည့်အဝပြိုလဲစေသည်က မာစတာကျိူ းရဲ့ လက်တုန့်ပြန်ဥပဒေနည်းနိဿ ယ ၏ အခြေခံပင်ဖြစ်သည်။

လှောင်ရယ် ရယ်လျက် ... သူသည် 'ဟုန်းဟုန်းတောက်စေမဲ့အာရှမြင်း' ID က ဖန်းကျစ်ဖေးဖြစ်ကြောင်းကို သက်သေနှင့်တကွ ရဲစခန်းသို့ပေးပို့လိုက်သည်။ နောက်ဆုံးမှာတော့ 'ကျိုး'ကုမ္ပဏီရဲ့ လျို့ဝှက်ဖိုင် ပေါက်ကြားမှုနဲ့ပတ်သတ်ပြီး စုံးစမ်းဖြေရှင်းလို့မရတဲ့ အမည်မသိကြိုးကိုင်သူကို ရှာတွေ့သွားကြတော့ ... ရဲတွေမှာ ဖန်းကျစ်ဖေးအား မဆိုင်းမတွပင် ခေါ်ယူစစ်ဆေးလာ၏။

တစ်လကြာပြီးနောက် ... သူ့ထောင်ဒဏ်က နောင်ထပ် 5နှစ်တိုးသွားခဲ့လေပြီး ... ကျွန်းစွန်ကျွန်းဖျားက အလယ်အလတ်ထောင်တစ်ခုဆီသို့ လွှဲပြောင်းလိုက်၏။ ထိုပတ်ဝန်းကျင်က အရမ်းကိုပင် ဆိုးရွားကာ ... ထိုနေရာတွင် အင်တာနက်မရှိ ... အလုပ်ကြမ်းသာလျှင်ရှိ၏။

ဖန်းကျစ်ဖေးသည် နှစ်လသာ ဆင်းရဲပင်ပန်းကြီးစွာနေရပါသေးတယ် ... သူသေဖို့သာ ဆုတောင်းမိတော့သည်၊ အတိတ်ကိုပြန်ပြောင်းစဉ်းစားမိတိုင်း ... သူမျက်ရည်ကျမိသည်။ ကျိူ းမိသားစုရဲ့ ဥစ္စာဓနတို့က သူနှင့်ဘာမှမဆိုင်ပါပေ၊ သူ့အဖေနဲ့ ကျိူ းဖန်ဖန်တို့ရဲ့ လက်ထပ်မှုကလည်း သဘာဝအတိုင်းသာ၊ ကျိူ းမိသားစုအပေါ် သူ့ရဲ့မကျေနပ်မှုတွေက အခြေအမြစ်မရှိပါပေ့။ တကယ်လို့များ သူသာ ကျိူ းမိသားစုကို လက်လွှတ်ခဲ့ရင် ... သူ မပိုင်ဆိုင်တဲ့အရာတွေ အပေါ်မှာ လောဘတတ်မှုကို ရပ်တန့်လိုက်ရင် ... သူဘဝကြီးက အခုချိန်မှာ အဆင်ပြေချောမွေ့နေမယ်လို့ ထင်ပါတယ်။

ဒါပေမယ့် ကမ္ဘာကြီးမှာ 'တကယ်လို့' ဆိုသည်က မရှိပေ၊ သူ ဒီအနေအထားရောက်မှတော့ ... နောက်ပြန်လှည့်လိုလည်း မဖြစ်နိုင်ပေ။

_______________________

သူ့အမုန်းအခန်းတွေ တခန်းရပ်သွားပြီးနောက် ... ကျိူ းယွင်ရှန့်သည် သူ့ချစ်သူအား သူတို့ပထမဆုံးစတွေ့သည့် ဟိုတယ်သို့ တန်းခေါ်လေသည်၊ အမဲသားပြားနဲ့ ဝိုင်နီကို မှာထား၏။

တခဏလောက် ... သူကုတ်အင်္ကျီအိတ်ထဲက ဘူးသေးသေးလေးအား လှည့်နေခဲ့၏၊ အဲ့နောက် စားပွဲတဖက်တွင် အရေအတွက်မခန့်မှန်းနိုင်သော ပန်းစည်းကြီးကိုလည်း ပြင်ဆင်ထား၏။ ရင်းနှီးနေတဲ့ ခြေသံကို ကြားလိုက်ရသည်တွင် ... သူသည် လက်ထဲတွင် ပန်းစည်းကြီးကိုကိုင်ကာ ကမန်းကတန်းပင် ထရပ်လိုက်၏။

ရီကျန့်လက်ထဲတွင်လည်း အနီရောင်ပန်းစည်းကို ကိုင်ထား၏။ သူတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး ... သူ့တို့မျက်နှာပေါ်ဝယ် အနည်းငယ်သော ရှက်ရိပ်တို့ဖြတ်ပြေးသွားကြသည်။

"အမ် ... ခင်ဗျားလည်း ပန်းတွေ ဝယ်လာတာလား ... လာလာ လဲယူရအောင်!" ရှန့်သည် သူ့ချစ်သူလက်ထဲမှ ပန်းစည်းကိုယူလိုက်ပြီး ... သူ့လက်ထဲမှ ဟာကိုတော့ ရီကျန့်လက်ထဲ ထည့်ပေးလိုက်၏။

အနီးဝန်းကျင်က သုံးဆောင်သူဝိုင်းများမှ ကြိတ်ရယ်သံတို့ ထွက်လာလေသည်။

"နှစ်ကိုယ့်တစ်စိတ်ပဲ" ကျိူ းယွင်ရှန့်သည် အလျင်အမြန်ပဲ တည်ငြိမ်သွားအောင်လုပ်လိုက်ရသည်၊ ထို့နောက် သူ့ခေါင်းကိုငုံ့၍ ပန်းရနံ့ကို မွှေးကြူ လိုက်လေသည်။ စားသောက်ခန်း၏အလယ်၌ စန္ဒယားခုံတစ်ခုရှိလေရာ ... ထိုသည်တွင် စန္ဒယားဆရာမတစ်ယောက်က အသင့်ထိုင်နေလေသည် ... အကြီးအကဲကျိူ းရဲ့ လက်သင်္ကေတကို မြင်လိုက်ရပြီးနောက်တွင်တော့ ... သူမက 'Dream Wedding' ကို စတင်တီးခတ်လေသည်။

ရီကျန့်သည် ဘာတွေဖြစ်နေသည်ဆိုတာကို ခန့်မှန်းမိလိုက်တာမို့ ... သူ့ရင်ဘတ်နားက အိတ်ကပ်ဆီသို့ မသိလိုက်ဘာသာပဲ လက်လှမ်းမိသွား၏ ... သူ့ဘက်က အရင်စ,သင့်သည်ဟု တွေးမိသည်။

"ကို မင်းကို ပေးစရာရှိတယ်(ကျနော် ခင်ဗျားကိုပေးစရာရှိတယ်)" ဒါပေမယ့်လည်း နောက်ဆုံးတော့ ... သူတို့နှစ်ယောက် ပြိုင်တူပင် ပြောမိကြသည်။

ကျိူ းယွင်ရှန့် မျက်နှာ လငပုတ်ဖမ်းသွား၏၊ သူ့အမူအရာက မကျေမချမ်းဖြင့်ပေ။ သူက အလွန်တရာမှ ရိုမန့်တစ်ဆန်စွာဖြင့် လက်ထပ်ခွင့်တောင်းမည်ပေါ့ ... နောက် ချစ်ရည်ရွှန်းလက်စွာဖြင့် တောင်းဆိုမှုပြုမည်: "ကျနော့်ကို လက်ထပ်ပါ!" လို့ပေါ့ အဲ့လို သူတွေးထားခဲ့တာ။ အကယ်၍ သူသာ အဲ့ပုံစံမျိုးနဲ့ ဒီသံမဏိလူသား ရီကျန့်ကို ပြောခဲ့မယ်ဆိုရင် ... ထိုလူသားရဲ့ အရည်ပျော်ကျဝမ်းသာပီတိဂွမ်းဆီထိပုံကို ... မြင်ရဖို့ခက်လို့ပါဆိုမှ။

သို့သော် ရီကျန့်ဟာ အလွန်အမင်းကို ဉာဏ်များပါဘိ ... သူ့ကို အခွင့်အရေးတစ်ကြိမ်တောင် မပေးခဲ့ပေ။

"စိတ်မပျက်ပါနဲ့ကွာ ... ပရိုပိုစ့်လုပ်ရမှာ ဒီယောက်ျား(ဆယ်မဲ)ရဲ့ သမိုင်းပေးတာဝန်ပါ" ရီကျန့်သည် ပြောပြောဆိုဆို ဒူးတစ်ဖက်ထောက်ချကာ ... သူ့ချစ်သူလေးရဲ့လက်ကို သူ့နဖူးနားထိဆွဲယူလိုက်ပြီး ... သူ့အင်္ကျီအိတ်ထဲက အနက်ရောင်ကတ္တီပါဗူးလေးကို ထုတ်၍ ... ပြုံးလိုက်ကာ၊ "ဘေဘီ ... ကိုယ့်ကို လက်ထပ်ပါ!"

"လက်ခံလိုက်!" ၎င်းက အလွန်အမင်းကို စိတ်လှုပ်ရှားနေတဲ့ fujoshi ဝိုင်းမှအော်ဟစ်သံပေ့၊ ကျန်သော ဝိုင်းတွေကတော့ အသိအမှတ်ပြုသည့်အနေဖြင့် ပြုံးရုံသာပြုံးနေကြသည်။

ကျိူ းယွင်ရှန့်သည် သူ့လက်ကိုရုတ်၍ ယဉ်ယဉ်ကျေးကျေးပင် ပယ်ချလေ၏။ "တော်ပြီ ... ကျနော် ဗိုက်မဆာတော့ဘူး. အိမ်ပြန်ပြီးပဲ ... ကျနော့်မားမားကို မေးကြည့်တာပေါ့၊ သူသဘောမတူဖူးဆိုရင် ... အန်ကယ်ကတော့ နိုးပါလို့" သူ့ချစ်သူက အကျအနကို ဂုဏ်ဆာပြနေမှာတော့ ... သူလဲ လက်ဆောင်ပြန်ပေးသင့်တာပေါ့လို့နော့။

ရီကျန့်တစ်ယောက် အပြုံးတို့ ထိန်းချုပ်မရတော့ပေ၊ သူ့သည် ပုတ်သင်ညိုလို အခေါက်ခေါက်အခါခါ ခေါင်းငြိတ်မိ၏။ သူတို့အိမ်ရောက်တဲ့အခါမှာတော့ ... ကျိူ းယွင်ရှန့်က ဘာမှမပြောရသေးမှာပဲ ... ကျိူ းမားမားက ရီကျန့်ဘက်လှည့်ကာ မေးလေသည်၊ "ပရိုပိုစ့်က ဘယ်လိုလဲ ... အိုကေလား?"

ကျိူ းယွင်ရှန့်တစ်ယောက် သူ့စီစဉ်မှုတို့် အောင်မြင်လွန်းနေတာကိုပဲ ယိုးမယ်ဖွဲ့ရတော့မည်၊ ကျိူ းမားမားသည် သူမသားလေး ပန်းသေသည်ကို အတော်ကလေးတွေးပူမိပြီးတယ် ... မိန်းမတွေရဲ့ ရွံစရာအကောက်ကြံမှုကလည်း လောလောလတ်လတ်ဖြစ်သွားသည်ဆိုတော့ ... ကလေးတွေနဲ့အနာဂတ်ရဲ့ လက်ထပ်ပွဲဆိုသည်ကို သူမ ပြန်ပြောင်းစဉ်းစားမိသည်။ ခြောက်လလောက်ကြာအောင် ရီကျန့်ရဲ့ တိတ်တဆိတ်သော ဦးနှောက်ဆေးမှု(brainwash)ကြောင့်လည်း ... သူမ ထိုလူသားနှစ်ယောက်လက်ထပ်မဲ့ကိစ္စကို မည်သည်လိုမှ မနေဘဲ အပြည့်အဝကို လက်သင့်ခံလာပေ၏။

ဖော်ပြနေစရာကိုမလိုသော ... 'ကျိုး'ကယ်တင်ပေးသည့် ရီကျန့်ရဲ့ကြင်နာမှုအကြောင်းရယ် ... ပြီးတော့ သူ့သားကို ပြုမူဆက်ဆံသည့်ပုံတွေကလည်း ... သူမငြင်းနိုင်စရာ တစ်ကွက်မှမရှိပါဘူး။ ကျိူ းမားမား ဒီလို အဆင့်အတန်းမြင့်တဲ့ အလိမ္မာအိမ်ပါချွေးမမျိုးရဖို့ ခက်တယ်လိုတောင် တွေးမိပါသေး၏။

(Kiley - အော် သကြားဒယ်ဒယ်ရဲ့ brainwash မှုကြီး 😌)

ကျိူ းယွင်ရှန့်တစ်ယောက် နင်,သွားလေ၏၊ သူ့ရဲ့မက်မွန်ဝတ်လွှာ မျက်ဝန်းများက သူ့ချစ်သူကို မီးဝင်းဝင်းတောက်ကြည့်လျက် ... သူ ခေါင်းညိတ်လာသည်၊ "ဟုတ်ကဲ့ အရမ်းကိုအိုကေပါတယ်. မားမား ... မြန်မြန်ထည့်စရာရှိတာတွေ ထည့်တော့နော်၊ ကျနော်တို့ မနက်ဖြန်မှာပဲ လက်ထပ်မှတ်ပုံတင်မလို့ U.S သွားရမယ်" ဒီအချိန်ရောက်မှတော့ ... ဘာကိုမှလည်း ငြင်းခုံမနေချင်တော့ပါဘူး။

"ကျမက အဆင်သင့်ဖြစ်ပါပြီတော် ... ရှင်လေးပဲ ပြင်ဆင်တော့. မား ညစာ သွားချက်လိုက်မယ်" ကျိုးမားမားသည် အေးအေးသက်သာပါပင် မီးဖိုခန်းထဲ ဝင်သွား၏။

ကျိူ းယွင်ရှန့်သည် ရုတ်ချည်းဆို သူ့ချစ်သူထံ ခုန်ဝင်လိုက်ကာ ... သူ့ရဲ့ နှာခေါင်းချွန်ချွန်အား ကိုက်လိုက်သည်။ ရီကျန့်က ရှန့်၏ တောင့်တင်းတင်းတင်ပါးဆိုင်ကို ဆုပ်ချေ၍ ကိုင်ဆောင်ပေးထား၏ ... သူ့(YZ)မျက်ဝန်းတို့က သောက်ရှုးကြယ်အလား တောက်ပလင်းလက်နေပါတော့သည်။

ဤသည်က သူ့(YZ)ဘဝတစ်သက်တာတွင် အပျော်ရွှင်ရဆုံးသော နေ့တစ်နေ့ဖြစ်လာမည်မှာ မလွဲဧကန်ပါပင်။

_____________________

ဆယ်နှစ်ကြာပြီးနောက် ဖန်းကျစ်ဖေးသည် ထောင်ထဲတွင်ပင် အသတ်ခံလိုက်ရ၏၊ ထိုသတင်းကျိူ းယွင်ရှန့်ဆီ ရောက်လာတဲ့အခါမှာတော့ ... သူဘာမှမတုန့်ပြန်နိုင်ခင်မှာပဲ ... မူလကမ္ဘာသို့ နှင်ထုတ်ခြင်းခံလိုက်ရ၏။ ပြင်းထန်သောစွမ်းအင်အစုအဝေးက သူ့စိတ်ဝိဉာည်ထဲ ဝင်ရောက်လာပြီး ... သူ့မူလခန္ဓာကိုယ်ဆီ ပြန်ရောက်တဲ့အခါမှာတော့ ... ၎င်းအား သူသည် 008 ထဲ သိုလှောင်လိုက်၏။

________________^_^________________

Burmese translation of Quickly wear the face of the devil (快穿之打脸狂魔) Arc-13

translator by Kiley0096

Kiley Note:
Arc13(ကလဲ့စား)ပြီးပါပြီ။

အား ... အခုမှပြီးတော့တယ်ရယ် ... ဟီးဟီး အကြာကြီး စောင့်ဖတ်ပေးတာ ကျေးဇူးပါနော် ... FOD ပြီးပြီးဆိုတော့ နောက်ထပ် BL တစ်ပုဒ်ဖြစ်တဲ့ HDS Arc5 ကို ရေးပါတော့မယ် ... မသိတဲ့သူတွေလည်း ဘာဖတ်ကြည့်ပါ ကောင်းပါတယ်နော် ... ချစ်သောမှိုလေးတဲ့ ... btw ... HH_CB_shipper ဆိုတဲ့ Acc မှာလေ FOD ရဲ့ side story လို့ရမလား အဲ့တာလေး မြန်မာပြန်ထားပါတယ်နော် ... အဲ့တာ Arc14 အကြောင်းပါ ... Side story ဆိုတဲ့အတွက် main story နဲနဲကွဲပါတယ်နော် အာ့လေးဖတ်ကြည့်ပါ

FOD Arc14 - ကြယ်ပွင့်များရှင် ကျိူ းယွင်ရှန့်ရဲ့ ကိုရီးယားဒရမ်မာ

Continue Reading

You'll Also Like

30.9K 3K 44
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
686K 69.1K 58
This is for FOD arc 11 myanmar translation. I don't own the story !! i'm just translate for myself and other who interested in reading mm translatio...
831K 122K 139
Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190...