ကလဲ့စား FOD- Arc13[မြန်မာဘာသာ...

By Kiley0096

100K 9.9K 192

Original Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation... More

Chapter - 13.1.1
Chapter - 13.1.2
Chapter - 13.2.1
Chpter - 13.2.2
Chapter - 13.3.1
Chpater - 13.3.2
Chapter - 13.4.1
Chapter - 13.4.2
Chapter - 13.5.1
Chpater - 13.5.2
Chapter - 13.6.2
Chapter - 13.7.1
Chapter - 13.7.2
Chapter - 13.7.3
Chapter - 13.7.4
Chapter - 13.8.1
Chapter - 13.8.2
Chapter - 13.8.3(The End)
FOD ရှင်းတမ်း!!!
Notice📣📣

Chapter - 13.6.1

4.3K 535 2
By Kiley0096

ဗလတောင့်တောင့် အမျိုးသားကြီးနှစ်ယောက်က ထွက်ပြေး တိမ်းရှောင်နေတာကြောင့် အမှုဟာ စုံစမ်းစစ်ဆေးရေးကာလထဲမှာပဲ ရှိပါသေးသည်။ မုန့်ဝမ်ကိုတော့ ရဲစခန်းမှာ ခေတ္တယာယီ ထိန်းသိမ်းထားလျက်ရှိပြီးတော့ တရားခံပြေးတွေကို ဖမ်းမိပြီဆိုတာနက် သူမရဲ့ ပြစ်မှုဆိုင်ရာအတွက် ချက်ချင်း ခုံရုံးတင်ခံရမှာပဲဖြစ်၏။ သို့သော်ငြား သူတို့တတွေက ထိုတရားခံပြေးနှစ်ယောက်အား ပြစ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းအရ 37 ရက်အတွင်း ဖမ်းမမိခဲ့ဖူးဆိုရင်...သူမက တရားရင်ဆိုင်နေရမြဲ ဖြစ်ပေမယ့်လည်း တရားရုံးကနေ သူမကို စွဲချက်တင်ဖို့ရာအတွက် သက်သေအထောက်အထားကတော့ဖြင့် ပြည့်စုံခြင်း ရှိလာမှာမဟုတ်ပါဖူး။

ဒါပေမယ့် သက်သေအထောက်အထား ပြည့်စုံခြင်းမရှိတာကို အရေးထားနေစရာမလိုတော့ပါဖူး...မုန့်ဝမ်က ပြစ်မှုကျူ းလွန်ကြောင်း ကိုယ်တိုင်ကိုယ်ကျ ဝန်ခံခဲ့ပြီးဖြစ်တာကြောင့်မို့ ပြစ်ဒဏ်ကြီးကျူ းလွန်သူလိုပဲ ရာစုနှစ်တခုစာ (or) ဒီထက်ပိုတဲ့ ထောင်ဒဏ်ကျသင့်မှာတော့ သေချာနေပါပြီ။ မုန့်ဝမ်က ဥပဒေအကြောင်းနားမလည်တဲ့ လူပိန်းတစ်ယောက်တော့ မဟုတ်ခဲ့ပါ...ဒါပေမယ့် သူမဟာ ဖန်းကျစ်ဖေးရဲ့အစီအစဉ်ကို အလွန်အမင်း ယုံကြည်လွန်းပြီးတော့ ကျိုးယွင်ရှန့်ကို အထင်သေးလွန်းအားကြီးတာတဲ့အခါ အဲ့မှာတင် သူမ ငါးပါးမှောက်တော့တာပါပဲ။

သူမ အမြဲတမ်းတွေးမိတာက ကျိုးယွင်ရှန့်ဆိုသည်မှာ ပိုက်ဆံ ဘယ်လိုဖြုန်းရမလဲပဲသိတဲ့ သူဌေးသားငပိန်းလေးရယ်ပေါ့...အစာလေးနဲ့မျှားလိုက်တာနက် အလွယ်တကူ ချိတ်ပါလာမယ့် သူရယ်ပေါ့...နောက်ဆုံး တကယ်ချိတ်ပါမိသူဟာ သူမကိုယ်တိုင် ဖြစ်သွားလိမ့်မယ်လို့တော့ တခါမှမထင်ထားခဲ့မိဖူး။

ဒီရက်အတောအတွင်း ထောင်အထဲရှိ အမျိုးသမီးအကျဉ်းသားတွေကနေပြီး သူမရဲ့အရေပြားနေရာမလပ် ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းကို ခံရသည်။ သူတို့တွေဟာ သူမကို အတောမသတ်နိုင်အောင် ညှင်းဆဲနှိပ်စက်ကြသည့်အပြင် သူမအပေါ် တံတွေးဖြင့်ထွေးကာ ဆဲဆိုကြိမ်းမောင်းကြသေးတယ်...သူမ၏ပုံပန်းသွင်ပြင်ဟာ ယဉ်ကျေးလိမ်မာပြီး အားနည်းတဲ့ပုံပေါက်တာကြောင့် သူမက သူတို့တွေရဲ့ မကျေနပ်နာကြည်းချက်မှုတွေ ဖွင့်ထုတ်ရာ ပစ္စည်းတစ်ခုဖြစ်လို့လာသည်။ ရံဖန်ရံခါတွင် သူတို့ဟာ သူမရဲ့အဝတ်အစားတွေကို ဆွဲချွတ်ကြပြီးတော့ ထောင်အတွင်းမှာ ခွေးတစ်ကောင်လို လေးဖက်ထောက်ကာ သွားခိုင်းသေးတယ်...ကြမ်းပြင်ပေါ်က ရှူ းပေါက်တဲ့နေရာကိုတောင်မှ သူမကို လျှာဖြင့်လျက်ကာ သန့်ရှင်းလုပ်ခိုင်းသေးသည်။

ထောင်သံတိုင်အတွင်းမှာ ရက်အနည်းငယ်လေးပဲ နေရသေးသော်ငြား... မုန့်ဝမ်ရဲ့စိတ်အခြေအနေသည် ချောက်နှုတ်ခမ်းဝနား ရောက်သွားတယ်ဆိုရင်...နှစ်ရှည်လများစွာသာ ထောင်အတွင်းနေရရင်ဖြင့် ဘာဖြစ်မလဲဆိုတာ ပြောစရာကို မလိုအပ်တော့ဖူး။ တကြိမ်တခါတုန်းက သူမမှာ တောက်ပပြီး အလားအလာကောင်းတဲ့အနာဂတ် ရှိခဲ့တယ်ဆိုတာ သတိရမိသည့်အခါတိုင်း သူမခန္ဓာကိုယ်ပေါ်က ညစ်ပတ်ပေရေပြီး အကျည်းတန်သော အကျဉ်းသားဝတ်စုံကို ငုံကြည့်မိပြီးတော့ သူမရင်ထဲမှာ နောင်တတွေ အကြီးအကျယ်ကို ရမိပါတယ်။ သူမ၏အားထုတ်ကြိုးပမ်းမှုတွေ မစွမ်းသာတော့တဲ့အချိန်မှာ ဖန်းကျစ်ဖေးက သူမဆီလာရောက်ခဲ့တယ်...နှစ်သိမ့်လိုသော ချစ်ခြင်းတွေအပြည့်ပါဝင်တဲ့ မျက်လုံးတွေနဲ့အတူ သူမကို ကြည့်လာသည်။

"မင်းကို ပင်ပန်းစေခဲ့မိပြီ" သူက သက်ပြင်းရှည်ကြီးတစ်ခု ချလာခဲ့တယ်။

သူက ဆက်ပြောပေမယ့် မုန့်ဝမ်ကတော့ ဘာတစ်ခွန်းမှ မဆိုလာဖူး , "စိတ်မပူပါနဲ့...မင်းတရားရင်ဆိုင်ရာမှာ အကူအညီဖြစ်စေဖို့ ကို အကောင်းဆုံးရှေ့နေတွေ ငှါးပေးမယ်"

"ကျမက ဘယ်လိုလုပ် တရားရင်ဆိုင်နိုင်မှာလဲ? ရဲတွေမှာ သက်သေတွေအပြည့်အစုံ ရှိနေပြီးတော့ ရှင့်ကို ကာကွယ်ဖို့ ကျမလုပ်တယ်လို့လဲ ဝန်ခံခဲ့ပြီးမှတော့... ... "

ဖန်းကျစ်ဖေးဟာ သူမရဲ့မကျေမနပ်စကားလုံးတွေကြားမှာ ဝင်ရောက်ပြောဆိုလာသည် , "မင်းညီမကို သတိရသေးတယ်မလား? သူ့(မ)ရဲ့ ရိုးတွင်းခြင်ဆီအစားထိုးကုသမှု ပြီးသွားပြီဆိုပေမယ့်...သူ့(မ)ရဲ့ ဓာတ်မှန်ရောင်ခြည်ကုသခက ပြီးပြတ်သွားပြီလို့ ဆိုလို့မရတဲ့အနေအထားမှာ ရှိနေသေးတယ်နော်. ကိုယ့်ကိုယ်ကို ဂရုစိုက်နေပါ...ကို မင့်ညီမကို ကူပြီးစောင့်ရှောက်ပေးထားမယ်. မင်းထွက်လာတာနက် ကိုတို့လက်ထပ်ကြမယ်လေ ... စိတ်ပူမနေပါနဲ့... ကိုယ် မင်းကို စောင့်နေမှာပါ"

သူ့ရဲ့ကြင်ကြင်နာနာ စကားလုံးတွေရဲ့ နောက်ကွယ်က ခြိမ်ခြောက်မှုသက်ရောက်တဲ့ အနက်အဓိပ္ပါယ်ကို နားလည်မိတာကြောင့် မုန့်ဝမ်၏မျက်လုံးတွေ ဝိုင်းစက်သွားတယ်၊ သူ့ကို မိနစ်အနည်းငယ်ကြာကြာ မမှိတ်မသုန် စိုက်ကြည့်မိတယ်... အဲ့ဒီနောက် သူမမျက်နှာကို အုပ်ကိုင်ကာ ကြိတ်ငိုကြွေးတော့သည်။ အခုချိန်ထိ သူ့ရဲ့ဘယ်လိုပင် နက်ရှိုင်းလှသော အကြံအစည်တွေကို သိတာတောင်မှ သူမ အသိတရားမရမိသေးဖူး။ အစထဲက သူဟာ ဒီအဖြစ်အပျက်တွေထဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ခြင်း မရှိသော်ငြားလည်း သူမရဲ့အပြုအမူလုပ်ဆောင်မှုတွေကို သူဟာပါးနပ်စွာ ဘေးကနေသာ အကြံဉာဏ်ပေး, နည်းပေးလမ်းညွှန်လုပ်ခြင်းတွေပဲ ရှိခဲ့သည်။ သူမဟာ အခုချိန်မှ ထွက်ဆိုချက်ကို ပြန်ပြင်မယ်ဆိုရင်တောင်...သက်သေမရှိတာကြောင့် သူ့ကို ဘယ်လိုနည်းနဲ့မှ ထိခိုက်စေခြင်း ရှိလာမှာမဟုတ်ပါဖူး။

အစကတည်းက သူအတွက်ဂယ်ပေါက်ကို စီစဉ်ထားပြီးသားပါ - သူမကို ထိုးကျွေးလိုက်ရုံသာ။

မုန့်ဝမ်ရဲ့ ဝမ်းနည်းမှုတွေက တဖြေးဖြေးအရှိန်ပြင်းလာတယ်...သူမဟာ တရှုံ့ရှုံ့ငိုကြွေးနေရာကနေ နာကျင်ကျင်နဲ့ အော်ငိုလာပါတော့သည်။

ဖန်းကျစ်ဖေးက အဆက်မပြတ် ယုယုယယနဲ့ကို နှစ်သိမ့်ပေးတုန်း , "မုန့်မုန့် ... မကြောက်ပါနဲ့... မြန်မြန်ပဲပြီးသွားမှာပါ. အားလုံး အဆင်ပြေသွားလိမ့်မယ်. မငိုပါနဲ့တော့...ကို မင်းကို ကျိန်းသေပေါက် စောင့်နေမှာပါနော်"

"ထွက်သွား! ငါ့အရှေ့က ခုချက်ချင်း ထွက်သွားပေး!" မုန့်ဝမ်ဟာ အသံပြာဝင်မတက် ဟိန်းဟောက်လိုက်သည်။

ဖန်းကျစ်ဖေးက သက်ပြင်းချရင်း လှည့်ထွက်လာခဲ့တယ်...ဒါပေမယ့် မုန့်ဝမ်ဟာ သူမညီမအတွက် ဘာမဆို သည်းခံမှန်းကို သူသိပါတယ်... သူမညီမဟာ သူ့လက်ထဲမှာ ရှိနေသရွေ့ သူမ ရူးရူးမိုက်မိုက် ဘာတစ်ခုမှ လုပ်လိမ့်မှာမဟုတ်။ အပြန်လမ်းပေါ်မှာ 'ကျိုး'နဲ့ပတ်သက်သမျှ သတင်းတွေကို ကြည့်ရှုဖို့ သူ့ဖုန်းကို ဖွင့်လိုက်တယ်...ထင်မှတ်မထားတဲ့ တုန်လှုပ်ဖွယ်ရာ သတင်းတွေထွက်လာသည်။ ပို့စ်တင်သူက ဖန်းခွန်းဖိန်နဲ့ကျိုးမိသားစုကြားက မကျေနပ်ချက်တွေရယ်, မလိုမုန်းထားမှုတွေတို့ကို အလွန့်အလွန် အသေးစိတ်ကျကျ ရေးသားထားပြီးတော့ ပို့စ်အပြင်...ကျိုးယွင်ရှန့်နဲ့သူ၏ မွေးစာရင်းနှစ်ခုစလုံးမှာ ဖန်းခွန်းဖိန်းရဲ့ လက်မှတ်ရေးထိုးထားမှု ကဲ့သို့သော ဖန်းခွန်းဖိန်၏ အိမ်ထောက်ရေးဖောက်ပြန်မှု အကြောင်းအရာတွေကို ဓာတ်ပုံသက်သေ သာဓကနှင့်တကွ ဖော်ပြလာသည်။

ပြည်သူများအကြားမှာ အုံအုံကျွတ်ကျွတ်ညံလျက်... ထိုပို့စ်ကို ထပ်ဆင့်ထပ်ဆင့်ကမ်းကာ share ကျတော့တယ်...သူတို့မြင်ဖူးသမျှ လူတွေထဲမှာ အရှက်မဲ့ဆုံး ပိုင်းလုံးကောင်ဟု ဖန်းခွန်းဖိန်ကို အမည်တပ်ခေါ်လာကြသည်။ တရားမဝင်ကလေးက,တောင် တရားဝင်ကလေးထက် တစ်နှစ်သာပင် ပိုကြီးတယ်တဲ့...သူ့ဇနီးပိုက်ဆံ ယူကာ မယားငယ်ကို ထောက်ပံ့ပေးသေးတယ် ဆိုပဲ။ ဒီ့အပြင် ဖန်းကျစ်ဖေးရဲ့ ကုမ္ပဏီတည်ထောင်ဖို့ ငွေကြေးတွေကို ကျိုးမိသားစုစီကနေ သဲ့,ယူထားသေးတယ်...ဒီသားအဖအတွဲဟာ အရွံစရာအကောင်းဆုံး မိသားစုအဖြစ် ကမ္ဘာ့မှတ်တမ်းဝင်ရအောင် ဖန်တီးလိုက်တာပေါ့လေ။

မုန့်ဝမ်က ဖန်းကျစ်ဖေးရဲ့ကောင်မလေးဖြစ်တယ် ဆိုကတည်းက ကျိုးယွင်ရှန့်ရဲ့ အမှုဆင်ခံရခြင်းဟာ တကယ်တော့ ဖန်းကျစ်ဖေး၏ အစီအစဉ်တစ်ခု ဖြစ်တယ်ဆိုပြီးတော့...အင်တာနက်အသုံးပြုသူတွေဟာ ခွဲခြမ်းစိတ်ဖြာမှုတွေ ပြုလုပ်လာကြသည်။ ကျိုးယွင်ရှန့် ထောင်ကျနေတာနှင့်အမျှ 'ကျိုး'ဟာလည်း ပရမ်းပတာဖြစ်လာလိမ့်မယ်...အဲ့အခါ သူက လုံးလုံးလျားလျားကြီးကို ဖောက်ထွင်းယူလို့ ရနိုင်ပြီလေ။ အမယ်လေး...ဘယ်လိုတောင် ကောက်ကျစ်ယုတ်မာတဲ့ စိတ်ထားမျိုးလဲ!

ဒီလိုသတင်းမျိုးတွေ ထွက်လာတဲ့အခါမှာတော့ ပြည်သူတွေက ဖွင့်ဟလာသော လျို့ဝှက်ချက်တစ်ခုအဖြစ် မှတ်ယူလာကြသည်။

ဖန်းကျစ်ဖေးတစ်ယောက် ဒေါသအမျက်ခြောင်းခြောင်း ထွက်လျက် ရှေ့နေတစ်ယောက်ကို ခေါ်ယူ၍ ပို့စ်တွေအကုန်လုံးကို ဖျက်ပစ်ပြီးတော့ သူဟာ အသေဖျက်မှုဖြင့် တရားစွဲဆိုမယ့် ဥပဒေစာရွက်စာတမ်းကို ချက်ချင်းရေးဆွဲစေကာ ထုတ်ပြန်ကြေညာလာတယ်...ဒါမို့ အတင်းအဖျင်းသတင်းတွေလည်း ငြိမ်ကျသွားတော့သည်။ ဒါပေမယ့် သူ့ကိုယ်ပိုင်ပုံရိပ်ကတော့ ပျက်စီးသွားခဲ့ပြီ...အလားအလားရှိ ပါရမီပါတဲ့ လူငယ်လေးတစ်ယောက်မှ အကြံသမားတရားမဝင်ကလေး တစ်ယောက်အဖြစ်သို့ ရောက်ရှိသွားသည်။

ကံကောင်းစွာနဲ့...ဂိမ်းသမားတွေကတော့ game က,ကောင်းနေသရွေ့ ထုတ်လုပ်သူတွေရဲ့ ကျင့်ဝတ်တွေ ဘာတွေဆိုတာတွေကို ဂရုမစိုက်ပါဖူး...ဒီတော့ သုံးစွဲသူတွေဟာ မလျော့ရုံတင်မကပဲ နေ့စဉ်တိုးပွားလို့ လာပါသည်။

ဖန်းကျစ်ဖေး စိတ်ဒုန်းဒုန်းမချရသေးခင်မှာ ဖန်းခွန်းဖိန်က စိတ်ဓာတ်ကျ သွေးဆုတ်ဖြူ လျော်နေတဲ့ မျက်နှာနဲ့ အိမ်ကိုပြန်ရောက်လာသည်။ သူဟာ တက္ကသိုလ်၌ ဂန္တဝင်ရသစာပေကို သင်ကြားပေးပြီးတော့ စာပေတွေရဲ့ အခြေခံသဘေားတရားဖြစ်တဲ့ ကိုယ်ကျင့်တရားနှင့် လူမှုရေးရာသဘော သဘာဝတွေကို အမြဲတမ်းလိုလို လက်ကိုင်ထားကာ ထောက်ခံလေသည်။ ထို့အပြင်...သူဟာ "ပညာရှင်တွေရဲ့ ကိုယ်ကျင့်တရားနှင့် စည်းကမ်းဥပဒေသတို့ကို အဓိကအနေနဲ့ဘယ်လို ထိန်းသိမ်းမလဲ" ဆိုတဲ့ တုံ့ပြန်မှုကောင်းတဲ့ essay တစ်ခုကိုလည်း ထုတ်ဝေခဲ့သေးတော့။

သူဟာ သိက္ခာသမာဓိရှိ၍ အထုံပါသော စာရေးဆရာတစ်ယောက်အဖြစ် အသိအမှတ်ပြု ခြင်းခံရပြီး သူ့လုပ်ဖောက်ကိုင်ဖက်တွေနဲ့ ကျောင်းသားတွေ၏ ရိုသေလေးစားမှုကိုလည်း အထူးခံရသူတစ်ယောက်ရယ်ပါ။ သည်တုန်လှုပ်ဖွယ်ရာသတင်းတွေ ပေါ်ထွက်လာတဲ့အခါ သူဂရုတစိုက်ထိန်းသိမ်း ထားရသော ပုံရိပ်ဟာ ဝုန်းခနဲပြုတ်ကျသွားတော့တယ်...ဘယ်နေရာသွားသွား လက်ညိုးထိုးကဲ့ရဲ့ခြင်းကို အဆက်မပြတ် ခံရတော့သည်။ စည်းကမ်းထိန်းသိမ်းရေးမှူ း ကနေပြီး ဤကိစ္စကို သေချာအတည်ပြု ပြီးနောက်မှာတော့ သူ့ကို တာဝန်ကနေ ယာယီဆိုင်းငံ့ထားလိုက်တယ်...ထို့နောက် သူ့ကို ထုတ်ပစ်,မပစ်ရေးတို့ကို ဆွေးနွေးရန် တက္ကသိုလ်ကဌာနမှူ းများနှင့် စည်းဝေးမှု ပြုလုပ်ကြတော့သည်။

မတရားအမှုဆင်ခံရမှုကြောင့် အခုဆို ကျိုးမိသားစုဟာ Y မြို့တော်က လူအများအကြား ပြောစရာခေါင်းစဉ်တစ်ခုရယ် ဖြစ်လို့လာပြီး လူအများရဲ့သနားဂရုဏာကိုလည်း ရရှိခဲ့သေးသည်။ ကျိုးယွင်ရှန့်ကို မိန်းမလိုက်စားသူ, အပျော်အပါး၌သာ မွေ့လျော်သူဟု အရင်က ခေါ်ခဲ့ကြသူတို့ဟာ ယခုတွင်တော့ လေသံပြောင်းသွားကြပြီ၊ သူ့စိတ်ရင်းအမှန်က တည်ကြည်ရိုးသား ပြီးတော့ သဘောမနောကောင်းသူ တစ်ယောက်ရယ်ပါတဲ့...မျက်လုံးစုံပစ် ယုံကြည်ပေးခဲ့ပေမယ့် ကံမကောင်းစွာပဲ အဆိပ်ပြင်းတဲ့ပင့်ကူနက်လို(Black widow) မိန်းမမျိုး မုန့်ဝမ်နဲ့ သူဟာ တွေ့ဆုံခဲ့ရာက အစရှိသဖြင့်တို့ကို ပြောဆိုလာကြသည်။

သည်လိုတုံ့ပြန်လွယ်နေတဲ့ အချိန်မှာ ကျိုးမေမေနဲ့ဖန်းခွန်းဖိန်၏ ကွာရှင်းပြတ်ဆဲမှုက ပြင်းထန်တဲ့သက်ရောက်ဖြစ်အောင် ဆွဲဆောင်လာတယ်...ဒီနောက်ပိုင်းတွင် ဇာတ်လမ်းညစ်ပတ်တစ်ခု ရုတ်တရက်ပေါ်ပေါက်လာတော့ သူ့ကို အရိုင်းအစိုင်းကောင်လို့ ခေါ်ဖို့တောင် ဘယ်သူမှမသတီကြတော့ဖူး။ ဟမ့် ဒီလိုလူမျိုးက တက္ကသိုလ်ဆရာတဲ့လား...Y တက္ကသိုလ်ရယ် နာမည်ကောင်းမလိုချင်တော့ဖူးလား?

ထို့ကြောင့် တက္ကသိုလ်မဟာဌာနမှူ းဟာ အထွေအထူးစဉ်းစားမနေတော့ဘဲ...ထိုနေ့မှာတင် ဖန်းခွန်းဖိန်ကို တာဝန်ကရပ်နားခိုင်း လိုက်တော့သည်။ ဖန်းခွန်းဖိန် ဝင်ပေါက်ရှေ့ ရောက်ရုံပဲရှိသေး...ကျောင်းက သူ့ထံဖုန်းဆက်လာသည်။ သင်ကြားရေးနဲ့ဝန်ထမ်းရေးရာ ကော်မတီမှ သူ့ကို ဖြုတ်ပစ်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတဲ့အတွက် မနက်ဖြန်မှာ သူ့ရုံးခန်းက ပစ္စည်းပစ္စယာတွေကို လာရောက်သိမ်းဆည်းပါတဲ့လေ။

ဖန်းခွန်းဖိန်ဟာ သူ့စာသင်တဲ့အလုပ်ကို တကယ့်ကိုချစ်မြတ်နိုးပါတယ်။ သူက ဧည့်ခန်းထဲမှာ မျက်ရည်စက်လက်နဲ့ ထိုင်နေခဲ့ပြီးတော့ ဖန်းမေမေကတော့ သူ့ကိုသိုင်းယှက်ကာ နှစ်သိမ့်ပေးနေသည်။

အိမ်ရဲ့မသာမယာ အခြေအနေကို ကြည့်ကာ ဖန်းကျစ်ဖေးလည်း စိတ်အရမ်းပဲနောက်လာတာမို့ နှုတ်မဆက်တော့ပဲ သူ့အခန်းထဲ တန်းဝင်သွားတော့သည်။ အွန်လိုင်းပေါ်တက်ကာ 'ကျိုး' ရဲ့သတင်းအချက်အလက်တို့ကို ရှာနေလိုက်တော့သည်။ ဒီနေ့မှာ 'ကျိုး' ဟာ ဒေဝါလီဖြစ်သွားကြောင်း တရားဝင်ကြေငြာမလားမသိနိုင်တဲ့ အဆုံးအဖြတ် ဆွေးနွေးပွဲတစ်ခုကို ရှယ်ယာတွေလာရောက်ဖို့ ဖိတ်ကြားထားတယ်...၎င်းဟာ Yမြို့တော်ရဲ့ထိပ်တန်းစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်တာကြောင့်မို့ မီဒီယာတွေကလည်း ၎င်းတို့ရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီး အရမ်းကိုမှပဲ စိတ်ဝင်စားနေကြသည်။

'ကျိုး' စတော့တွေအားလုံးကို စတော့ကုန်သည်တွေဆီ စုပုံပြီးရောင်းချမှုမပြုပဲ သူတို့ကို ကယ်တင်ဖို့ရာဆိုပြီး အခြားကုမ္ပဏီမှ ငွေကြေးအမြောက်အမြားလာရောက် ရင်းနှီးမြှုပ်နှံတယ်ဆိုတာကလွဲလို့ အံ့သြဖွယ်ရာမရှိတော့ပါဖူး။

ကျိုးမေမေနဲ့ကျိုးယွင်ရှန့်တို့ဟာ အစည်းအဝေးခန်းမထဲကို ဖြေးဖြေးချင်း လျှောက်လှမ်းလာတယ်...လက်ချင်းချိတ်ကာ အဖြူ ရောင်ဝတ်စုံဆင်တူ ဝတ်ဆင်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ တည်ငြိမ်တဲ့အမူအရာက ရှယ်ယာရှင်တွေ၏ငေါင်စင်းစင်း ပုံစံနဲ့ယှဉ်ရင် သိသိသာသာကြီးကို ကွဲထွက်နေပါသည်။

"ကျနော်နဲ့အဆုံးထိ အတူရှိနေပေးကြတဲ့အတွက် ခင်ဗျားတို့အားလုံးကို ကျေးဇူးတင်ပါတယ်" ကျိုးယွင်ရှန့်က စားပွဲထိပ်ဆုံးမှာ ထိုင်ကာ ခပ်ပေါ့ပေါ့သာ ပြုံးပြလိုက်သည်။ ဒီလူတွေဟာ သူပြောသလောက် ကျေးဇူးတင်စရာမကောင်းပါဖူး၊ သူတို့လည်း စတော့တွေကို ရောင်းချင်တဲ့သဘောမှာ ရှိပါတယ်... ဒါမဲ့ဘယ်သူမှ ဒါကို မယူချင်ကြဖူးလေ။ 'ကျိုး'က ပြိုလဲကျသွားမယ်လို့ ဘယ်သူမှ ထင်မထားဖူးလေ...'ကျိုး' စတော့ဆိုတာ ယခုခါမှာ စက္ကူ စုတ်သာသာပါပဲ။

"5နှစ်အတွင်းမှာပင် ဒီနေ့ရဲ့ခင်ဗျားတို့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ခင်ဗျားတို့ဝမ်းသာကြမယ်လို့ ကျနော် အာမခံပါတယ်. ကျနော် ဒီနေ့လာတာ ခင်ဗျားတို့နဲ့ ဒေဝါလီအကြောင်း မဆွေးနွေးပါဖူး...Game အသစ်နှစ်ခု ထုတ်လုပ်ဖို့တော့ ဆွေးနွေးပါရစေ"

ရှယ်ယာရှင်တွေဟာ မှင်တက်သွားကြပြီး မျက်လုံးတွေ ပြူ းကျယ်ကုန်ကာ သူ့ကို ဝိုင်းကြည့်လာကြသည်။ 'ကျိုး'ကဖြင့် ဒီလိုဖြစ်နေပြီ...Game အသစ် ထုတ်ဖို့ မိုးပေါ်က ပိုက်ဆံကျလာမှာ မို့လား? ဥက္ကဌကျိုးခင်ဗျား ... အိပ်မက်ယောင်နေတာများလား?

ကျိုးယွင်ရှန့်က သူ့လက်တဖက် မြှောက်ကာ ရှယ်ယာရှင်တို့၏ သံသယမေးခွန်းများကို တန့်စေခဲ့တယ်...သူ ပြုံးလိုက်ရင်း , "သည့်မတိုင်ခင်...ခင်ဗျားတို့ကို ရှယ်ယာရှင်အသစ်နဲ့ မိတ်ဆက်ပေးပါရစေ. မစ္စတာရီ...ကျေးဇူးပြု၍ ဝင်လာပေးပါ"

ရီကျန့်ဟာ မျက်နှာထား တည်တည်နဲ့ လျှောက်လာပြီး ရှန့်၏ညာဘက်မှာ ဝင်ထိုင်လိုက်ပြီးတော့ အားလုံးကို အသာအယာ ခေါင်းညိတ်ပြသည်။

"မစ္စတာရီဟာ ဆိုရင် 'ကျိုး'ရှယ်ယာ 36% လက်ဝယ်ရှိတဲ့ ကျနော်တို့ကုမ္ပဏီရဲ့ ဒုတိယအကြီးဆုံး ရှယ်ယာရှင်တစ်ယောက်ပါ. 'ကျိုး'ဘေးသင့်ကာလမှာ မစ္စတာရီ ရောက်ရှိလာမှုအပေါ် အရမ်းဝမ်းသာမိတယ်. ကျေးဇူးတင်ပါတယ်နော်" သူ မတ်တပ်ထရပ်ကာ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

ရီကျန့်ရဲ့ ရေခဲတုံးအမူအရာက တခဏအတွင်း အရည်ပျော်သွားတော့တယ်၊ သူ ချက်ချင်းပဲ ထရပ်လိုက်ပြီးတော့ သူ့ချစ်သူလေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်တယ်...သူ့နှုတ်ခမ်းလွှာက ရှန့်နားဖျားလေးကို ခပ်ဖွဖွလေး ပွတ်တိုက်သွားလေ၏။

ရှယ်ယာရှင်တွေ၏ ခေါင်းပေါ် ကာဆီးနေတဲ့ တိမ်စိုင်မဲတွေလည်း ခဏချင်းအတွင်းကို ကွယ်ပျောက်သွားပြီးတော့...နေသာသော ကောင်းကင်ပြာကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ မြန်မြန်ဆန်ဆန် ကြီးထွားတဲ့ လုပ်ငန်းတွေထဲမှာ လောင်းကစားလုပ်ငန်းကလည်း တစ်ခုအပါအဝင်ပဲဆိုတာကို မသိတဲ့သူမရှိပါဖူး...ရီအုပ်စုဟာ ဓနဥစ္စာကြွယ်ဝရုံသာမက သူ့နောက်ကွယ်က ထိပ်တန်းအင်အားနှင့်အတူပါ ပေါင်းလိုက်ရင် 'ကျိုး' ဒေဝါလီခံသွားဖို့ ခဲယဉ်းသွားပါမည်။ ဒါကြောင့် လွန်ခဲ့တဲ့နှစ်ရက်လောက်က ကုမ္ပဏီ၏ရာနှင့်ချီသော နှုတ်ထွက်စာတွေကို တွေဝေတုန်လှုပ်ခြင်း အလျင်းမရှိပဲ ဥက္ကဌကျိုး လက်ခံခဲ့တာကို ထူးဆန်းမနေတော့ပါဖူး...သူက ဒီလိုပြင်ဆင်ထားတာ ကြာပြီကိုး။ 

ရှယ်ယာရှင်တွေဟာ ရီကျန့်ကို ကသိုင်းကနင်း ကျေးဇူးတင်စကား ဆိုလာကြတယ်...နောက်ဆုံးပိတ်မတွင်တော့ အစည်းအဝေးခန်းထဲမှာ ကံကောင်းခြင်းတွေ ရှိလို့သွားတော့သည်။

ကျိုးယွင်ရှန့်က လက်မြှောက်၍ လူတိုင်းရဲ့ကြိုဆိုရေးကို ဟန့်တားလိုက်တယ်...သူ့နောက်က LED မျက်နှာပြင်ကြီးကို ဖွင့်လိုက်ပြီး အဓိကအရာကို ဦးတည်လိုက်သည် , "<Magic World Mastery>ကို R & D ဌာနကနေ ပြုလုပ်နေတုန်းက game ရဲ့ တိုးတက်မှုတွေကို ကျနော်ကိုယ်တိုင် စမ်းသပ်ကြည့်တော့. အရိုးသားဆုံး ပြောရရင်...<Magic World Mastery>၏ တင်ဆက်မှုတွေကို ကျနော် အမြဲလိုလို အားမရဖြစ်မိတယ်. ကျနော်မျက်လုံးထဲမှာတော့ အပေါစားဆန်တယ်လို့ပဲ ဖော်ပြရလိမ့်မယ်"

ရှယ်ယာရှင်တွေဟာ ဥက္ကဌကျိုးကို ထူးဆန်းသောမျက်လုံးတွေနဲ့ ကြည့်လာကြသည်။ တခါတည်းသာလျှင် ဖြန့်ဖြူ းရသေးသည့် <Magic World Mastery>က နိုင်ငံအတွင်း အကောင်းဆုံးထုတ်လုပ်နိုင်စွမ်းရှိတဲ့ game တစ်ခုအဖြစ် သိမ်းပိုက်ထားသည်။ တစ်နေ့တည်းတင် ကစားသမားနှုန်းက သန်းနှင့်ချီ၍ ပွားများလာပေတည့်...အသင်းဝင်းကြေး တခါလောက် စတင်လိုက်တာနက် သူတို့တွေ တစ်နှစ်အတွင်းပင် မီလီယံပေါင်းများစွာကို ရရှိလာလိမ့်မည်။ ဒီလို game တစ်ခု ပြုတ်ကျသွားမယ်ဆိုတော့ကား...ဥက္ကဌကျိုးဟာ အဲ့ဖန်းသားအဖနှစ်ယောက် အတော်မုန်းတီးလွန်ပြီး ဒီလို မဟုတ်ကဟုတ်ကတွေ ထွက်လာတယ်ထင်ပါ့။

အဲ့ဒါနဲ့ကွဲလွဲစွာပဲ ရီကျန့်ကတော့ သူ့ချစ်သူလေး၏ မာနခွဲမင်းသားလေး အပြုအမူကိုကြည့်ကာ ချစ်ခင်မြတ်နိုးနေလေရဲ့...သူ့ပါးပြင်အား လက်တဖက်ဖြင့် ထောက်ကာ သူလေးကို စိတ်ဝင်တစားကြည့်လေသည်။

ကျိုးယွင်ရှန့်က အချိန်မဆိုင်းပဲ DISC ကို တန်းထည့်လိုက်ပြီး သူ့တင်ပြချက်ကို စတင်လေ၏။ ကြီးကျယ်ခမ်းနားသော အလွန်အမင်းပြင်းထန်တဲ့ ဂီတတေးသွားနဲ့ ကမ္ဘာတုန်လှုပ်လောက်သော နောက်ခံရှုခင်းဇာတ်လမ်းတွေဟာ ဗုံးတစ်လုံးကဲ့သို့ ပွင့်ထွက်လာကြတယ်...ရှယ်ယာရှင်တွေဟာ လက်တွေ့ဘဝမှကင်းကွာကာ အချိန်အတော်အကြာကြီး အံ့သြမှင်တက်ဖြစ်သွားကြသည်။ ကျိုးယွင်ရှန့်၏ ရှင်းပြချက် ပြီးဆုံးသွားတာတောင်မှ သူတို့တွေသည် game ထဲမှာ နစ်မျောလျက် ရှိနေကြတုန်း...ဒီကနေပြီး သူတို့တွေ ရုန်းထွက်လွန်မြောက်နိုင်ဖို့ ခဲယဉ်းလွန်းလှပေသည်။

ဒီ game ဘယ်ဂြိုလ်က ရောက်လာသလဲ...ဒါက တကယ့် အပြင်လောကလိုပဲ! ဒီ game နှစ်ခုနဲ့ <Magic World Mastery> ကို အတူယှဉ်ကြည့်မယ်ဆိုရင်...သူတို့လည်းပဲ ၎င်း(MWM)ဟာ တကယ့်အပေါစားလို့ သာလျှင် ဖော်ပြခိုင်းနှိုင်းရလိမ့်မယ်။

"ဒီ game နှစ်ခုရဲ့ မူပိုင်ခွင့်နဲ့ ကော်ပီတွေ ကျနော့်လက်ထဲမှာပဲ ရှိတာမို့...ဥပဒေဆိုင်ရာ ငြိစွန်းဖွယ်ရာတွေ ဖြစ်မလာနိုင်ပါဖူး. ကဲ အခု...သူတို့တွေ ဖြန့်ချိဖို့်ရာအတွက် ဆွေးနွေးမှုလေးတွေ စတင်ကြရအောင်" ကျိုးယွင်ရှန့်အသံ ပျောက်သွားရုံသာရှိသေး ရှယ်ယာရှင်တွေက လက်သီးလက်မောင်းတန်းကာ တက်တက်ကြွကြွနဲ့ ရာနှုန်းပြည့် ဒိုင်ဗင်ပစ်ဝင်လာကြသည်။

သတင်းထောက်တွေဟာ 'ကျိုး' အဆောက်အဦးရှေ့မှာ လေးနာရီထက်မနည်း ဆောင့်ကြောင့်ထိုင်တဖုံ, တဲထိုးကာတမည် ရှိနေကြတယ်...တဖြေးဖြေး အမှောင်ယံက ချဉ်းကပ်လာတော့ သူတို့လည်း အိမ်သို့ပြန်ကြဖို့ အသင့်ပြင်နေကြပေ၏၊ ထိုအခိုက် 'ကျိုး'ပြည်သူ့ဆက်ဆံရေးဌာနမှ ဖုန်းဝင်ရောက်လာကာ သူတို့အား ဥက္ကဌကျိုးမှ အရေးတကြီးကြေငြာစရာရှိသည်ဟု ပြောကြားလာလေတယ်။

အယ်...သူ ဒေဝါလီခံကြောင်း ကြေငြာတော့မှာ မလား? သတင်းထောက်တွေဟာ ဆေးထိုးခံထားရသော ကြက်တွေလို တက်ကြွလာကြလျက် နှောင့်နှေးခြင်းမရှိ သူတို့၏ တရားဝင် ဝက်ဘ်ဆိုက်တွေနဲ့ ဘလော့တို့မှာ လူအများအား နောက်ဆုံးရသတင်းအခြေအနေတို့ကို တင်လာကြပြီးနောက် သူတို့ဟာ ဆက်လက်စောင့်ဆိုင်းနေကြသည်။

ဖန်းကျစ်ဖေးဟာ ထိုင်ခုံမှာ မှီလျောထိုင်ချ ပြီး ၎င်းသတင်းထောက်တွေရဲ့ ဘလော့တွေကို ပြုံးလျက်သား ကြည့်ရှုလျက်ရှိတယ်...သို့ပေမယ့် သိပ်မကြာခင်မှာပင် အမည်မသိသတင်းသမားတစ်ဦးက သူ့ဘလော့မှာ ဗီဒီယိုတစ်ပုဒ် တင်လာပေ၏၊ ထိုဟာက မိနစ်အနည်းငယ်တွင်းမှာပဲ ကြည့်ရှုသူအပေါင်း ထောင်ချီကာရှိလာသည်။

ကျိုးယွင်ရှန့်ရဲ့ ချောမောသော yokai မျက်နှာလေးဟာ မိုက်ခွက်တန်းတွေ၏ နောက်မှာ ပေါ်လာတယ်...သူ့လက်လေးက ဘေးနားက အရပ်ရှည်ရှည်အမျိုးသားရဲ့ ခါးကိုထွေးပတ်၍ ပါးစပ်နားရွက်ချိတ်မတက် ပြုံးလျက်ရှိ၏ , "ခင်ဗျားတို့် 'ကျိုး'ဒေဝါလီကြေငြာချက်အတွက် စောင့်မျှော်နေကြတာဆိုရင်တော့...စိတ်ပျက်သွားကြမှာမို့ ကျနော်ဘက်က တောင်းပန်ပါရစေ. 'ကျိုး'ဟာ ရီအုပ်စု၏ အပြည့်အဝဖေးမမှုကို လက်ခံလိုက်တာကြောင့် ခက်ခဲတဲ့အချိန်ကာလတွေဟာ အောင်အောင်မြင်မြင် ဖြတ်သန်းသွားနိုင်ခဲ့ပါပြီ. နောက် 3 ရက်နေ့လည်တွင် ကျနော်တို့ကနေပြီး Game အသစ် နှစ်ခုကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်"

_______________^_^_________________

Burmese translation of Quickly wear the face of the devil (快穿之打脸狂魔) Arc-13

translator by Kiley0096

Continue Reading

You'll Also Like

80.6K 8.9K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
150K 10K 22
Original Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation - ©® keztranslations Genre - Adventure...
1.8K 189 2
This is just a fan translation.I don't own this novel.All credit to original author and Eng Translator. Title - My wife is straight Original Autho...
161K 14.5K 12
Quickly wear the face of the devil Author: ©®Fengliu Shudai Original translation: ©® keztranslations ကျိုးယွင်​ရှန့်​ဆိုတာသိပ္ပံ​ခေတ်​ကhackerတစ်​​ယေ...