ကလဲ့စား FOD- Arc13[မြန်မာဘာသာ...

By Kiley0096

99.6K 9.9K 192

Original Title - Quickly wear the face of the devil (快穿之打脸狂魔) Author - ©® Fengliu Shudai Original translation... More

Chapter - 13.1.1
Chapter - 13.1.2
Chapter - 13.2.1
Chpter - 13.2.2
Chapter - 13.3.1
Chpater - 13.3.2
Chapter - 13.4.1
Chapter - 13.4.2
Chapter - 13.5.1
Chapter - 13.6.1
Chapter - 13.6.2
Chapter - 13.7.1
Chapter - 13.7.2
Chapter - 13.7.3
Chapter - 13.7.4
Chapter - 13.8.1
Chapter - 13.8.2
Chapter - 13.8.3(The End)
FOD ရှင်းတမ်း!!!
Notice📣📣

Chpater - 13.5.2

4.5K 524 6
By Kiley0096

ဖန်းခွန်ဖိန် ခရီးဆောင်လက်ဆွဲသေတ္တာကို သယ်ပြီး အောက်ဆင်းလာတော့ လူတစ်ယောက်ကို ရိပ်ခနဲမြင်လိုက်ရတယ်...သေချာကြည့်လိုက်တော့ ရီကျန့်မှန်းသိသွားတဲ့တခဏ ကြောင်အန်းသွားသည်။ ရီကျန့် မျက်နှာကြီးက လတ်တလောမှာ ဖော်ပြခံရမှု အများဆုံးဖြစ်နေတယ်...တရုတ်ပြည်က လူတော်တော်များဟာလည်း သူနဲ့အတူစီးပွားရေးလုပ်ကိုင်ချင်နေကြသည်။ လွန်ခဲ့သောရက်တွေက သူ့သားတောင်မှ ရီကျန့်နဲ့တွေ့ချင်ကြောင်း ပြောသေးတယ်...ပရောဂျက်တခု အတူလုပ်ကိုင်ရဖို့ မျှော်လင့်မိနေတယ်တဲ့။

"မစ္စတာရီ?" သူ ဟုတ်မဟုတ် အကဲစမ်း ခေါ်ကြည့်တယ်။

ရီကျန့်က စိတ်မပါတပါဖြင့် သူ့ကို တချက်ပဲ လှည့်ကြည့်တယ်။

"ခင်ဗျား ဘာလို့ ဒီမှာ ရှိနေသေးတာလဲ? ကျနော် လုံခြုံရေး ခေါ်ရမလား?" ကျိုးယွင်ရှန့်က မထိတထိ ပျက်ရယ်ပြုတယ်။

ဖန်းခွန်းဖိန် သတိပြန်လည်သွားပြီး ရီကျန့်ကို ခေါင်းညိတ်နှုတ်ဆက်ပြတယ်...အဲ့နောက် တံခါးတွန်းဖွင့်လိုက်တဲ့အခါ ရေပန်းဘေးမှာ ပါကင်ထိုးထားတဲ့ အနက်ရောင်ဇိမ်ခံကားနဲ့ သက်တော်စောင့် အချို့ကို တွေ့လိုက်ရတယ်...ဒါက ရီကျန့်ဖြစ်ကြောင်း ပိုသေချာသွားစေသည်။

# ကျိုးယွင်ရှန့်နဲ့ ရီကျန့်ကြားမှာ ဘယ်လိုဆက်ဆံရေးမျိုးရှိနေလဲ? ရီအုပ်စုက 'ကျိုး'ကို ကူညီပေးမလို့များလား? သူတို့တွေ သူ့သားကို လက်စားချေတော့မှာလား? #

တစ်ခါတွေးပြီးသွားတာနက် ဖန်းခွန်းဖိန်ရဲ့ စိတ်တွေ နောက်တခါ ချာချာလည်သွားပြန်တယ်...ချက်ချင်းပဲ သူ့ဆဲလ်ဖုန်းထုတ်ကာ သူ့သားကို ဖုန်းခေါ်လိုက်သည်။

ကျိုးယွင်ရှန့် ခဏထိုင်နေသေးတယ်...နောက်တော့ သူဒီထက်ပို ကြာကြာအောင့်အည်းမထားနိုင်တော့ဖူး; မီးဖိုးချောင်နား သူ အပြေးလေးသွားပြီးတော့ သူ့မားမားကို လှမ်းပြောတယ် , "မားမား...ကျနော် ရီကျန့်နဲ့ပြောစရာရှိသေးတယ်...ကျနော်တို့ ပြီးရင် အောက်ပြန်ဆင်း လာခဲ့မယ်လေနော်!"

(Kiley - ရှန့်လေး ဘာပြီးရင်လဲဟင် 😑)

"ပြီးရော..သွား သွား. မားမားလည်း ကောင်မလေးတွေကို တချို့ဟာတွေ သွားဝယ်ခိုင်းထားသေးတယ်. မစ္စတာရီ...ဒီနေ့ အန်တီတို့ဆီမှာ ညစာစားသွားနော်!"

"အားနာစရာကြီးရယ်!" ရီကျန့်ရဲ့ရည်မွန်ပုံလေးက  ကျိုးမေမေကို အများကြီးသဘောကျမိသွားစေတယ်...သူမ လက်ဝေ့လိုက်တယ် , "အေးအေးဆေးဆေးသာနေ..ဒီညတွက် အန်တီ သွားချက်တော့မယ်"

သူတို့တွေ အိပ်ခန်းတံခါးကို ပိတ်ပြီးပြီးချင်းပဲ...ရီကျန့်ရဲ့ ရည်ရည်မွန်မွန်ပုံလေးက ကြမ်းကြမ်းတမ်းတမ်းကြီး ဖြစ်သွားတယ်...သူက လူငယ်လေးကို တံခါးမှာ ဖိကပ်ထားပြီးတော့ ပြင်းပြင်းပြပြနမ်းလာတယ်... သူတို့လျှာတွေဟာ အချင်းချင်းရုန်းမထွက်နိုင်အောင် ပွတ်တိုက်ရစ်ခွေနေတယ်...ဖိကြိတ်ပွက်ချေမှုကြောင့် သွေးနဲနဲတောင် ထွက်လာသည်။ သွေးအရသာက သူတို့ရင်ထဲက သားရိုင်းလေးတွေကို လှုံ့ဆော်ပေးတယ်...သူတို့တယောက်နဲ့တယောက် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားရင်း ကော်ဇောပေါ်မှာ လူးလိမ့်သွားတယ်။

"မင်း ပန်းသေနေတာဆို? မှုခင်းဆေးဌာနက ဘယ်လိုစမ်းသပ်လိုက်တာပါလိမ့်?" ရီကျန့်ဟာ လူငယ်လေးရဲ့ မာနေအရာကို ဖျစ်ညှစ်လိုက်တယ်။

"စမ်းသပ်ချက်ဆိုတာ အရေးမကြီးပါဖူး. ကျနော်က အခြားသူတွေနဲ့ဆို ပန်းသေတယ်လေ...ခင်ဗျားတစ်ယောက်ထဲကပဲ ကျနော့်ကို မာ,လာစေတာ" ကျိုးယွင်ရှန့် က သူ့(YZ)ပါးစပ်ထောင့်က စီးကျနေတဲ့ငွေရောင်အမျှင်အတန်းတွေကို လျက်လိုက်သည်။

ရီကျန့်က သူ့မျက်နှာကို ရှန့်လေးရဲ့လည်ပင်းမှာ အပ်,ထားရင်း ရယ်လိုက်တယ်...သူ့ရယ်သံမှာ ကျေနပ်အားရဝမ်းသာမှုတွေက အပြည့်ပဲ။ အစကနေအဆုံးထိ ဒီလူလေးဟာ သူ့ကို ဘယ်တော့မှမလှည့်ဖြားခဲ့ဖူးပဲ...သူလေးကို တကယ်ပိုင်ဆိုင်ရပြီပေါ့။

"အခု ကျေနပ်ပြီလား?" ကျိုးယွင်ရှန့်မျက်ခုံး ပင့်တယ်။

"အရမ်း အရမ်းကို ကျေနပ်တယ်"

"ဒါဆို ဆက်ပြီး ကျေနပ်ကြတာပေါ့...ဘယ်သူလဲမသိပါဖူး ကျနော့်ကို ရဲစခန်းမှာ အသေ f**k မယ်လို့ပြောတာ? ဒီနေ့ ကျနော့်ကို အသေ မ f**k ရင် ခင်ဗျား ကျနော့်အိပ်ခန်းကနေ မထွက်ရဖူးမှတ်!" ကျိုးယွင်ရှန့်က အတည်ပေါက်ကြီးနဲ့ နောက်,လာသည်။

ရီကျန့်က စကားတစ်ခွန်းမှ မပြောပဲ သူ့ကိုဆွေ့ကနဲ မ,ကာ အိပ်ယာထဲသို့ ပစ်ချလိုက်တယ်..အဲ့နောက် သူ့ပေါ် ဖိကျလာသည်။ အခန်းက အသံအရမ်းလုံပါတယ်...ဒါကြောင့်မို့ တခါတခါဖြတ်လျှောက်သွားတဲ့ အိမ်စေတွေဟာ ဒီနှစ်ယောက်ရဲ့ အမောတကော အလျင်စလို မာန်ဖီညည်းညူ သံတွေနဲ့ မပီဝိုးတဝါးထွက်လာတဲ့ အသားအချင်းချင်း ရိုက်ခတ်သံတွေကို မကြားနိုင်ပါဖူး။  ပြီးသွားတဲ့အခါ ပျော့ခွေယိုင်နဲ့,နေသောသူလေးကို ရေချိုးကန်ထဲ ချီသွားတယ်...ပြီးတော့ ပြောလာတယ် , "ရေထဲမှာ တကြိမ်လောက်လေး. . ."

"နိုး! ကျနော်တို့ အောက်ဆင်း ရအုံးမယ်လေ...မားမားက ကျနော်တို့ကို ညစာစားဖို့ စောင့်နေရလိမ့်မယ်!" ကျိုးယွင်ရှန့် မြန်မြန်လေး ငြင်းလိုက်ရသည်။ သူ မေ့သွားတယ်...ဒီလူ့မှာ God ကိုတောင် ဖျက်စီးနိုင်တဲ့အစွမ်းရှိနေတာ သူ့ပုံမှန်စွမ်းအားတွေဟာ ဒူပေသာပေခံနိုင်ရည်ရှိမယ်ဆိုတာ ပြောနေစရာကိုမလိုဖူး... ဒါပေါ့ သူက ဒီလိုကိစ္စတွေမှာလည်းပဲ အားအင်အပြည့်ရှိနေမှာပဲလေ။ သူ့ကို အိပ်ယာထဲမှာ ဆွပေးလိုက်မယ်ဆိုရင် ရိုးရိုးရှင်းရှင်းနဲ့ မသေရုံတမယ်လေးပါပဲ။

"ခန္ဓာကိုယ်ဒွါရကိုးပေါက်သန့်စင်ခြင်းနည်းစဉ်" ကို သူဒီထက်ပိုပြီး လေ့ကျင့်ထားရတော့မယ်။ နောက်တော့ ကျိုးယွင်ရှန့်ဟာ ရေချိုးကန်ထဲမှာ ရေကိုမြှုပ်နေအောင်စိမ်ကာ ဇိမ်ယူနေလိုက်တော့သည်။

ရီကျန့်က သူ့အတွင်းအပြင်တစ်ခုလုံးကို သန့်စင်ပေးတယ်...ထို့နောက် အမွေးပွပွနူးညံ့တဲ့တဘက်တစ်ထည်နဲ့ သူ့တစ်ကိုယ်လုံး ပတ်ပေးပြီးတော့ အိပ်ယာပေါ်သို့ ချီမလာသည်။ သူ(YZ)က သူလေးရဲ့ဆံပင်လေးကို dryer နဲ့မှုတ်ပေးတယ်...ပြီးတော့ သူလေးအတွက် ဝတ်စုံအသစ်ကိုလည်း ရွေးပေးထားသည်။ လူငယ်လေးရှေ့ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဖိနပ်လည်း ဝတ်ပေးနေရင်း ရုတ်တရက်ပဲ ဒီအပြုအမှုတွေနဲ့ သူ(YZ)အရမ်း ရင်းနှီးနေတယ်လို့ ခံစားလိုက်ရတယ်...မသိရင် သူ(YZ) ဒီလိုပုံစံမျိုး အကြိမ်ထောင်သောင်းမက လုပ်လာခဲ့သလိုပဲ။

"ရော်...ရုပ်ကြီးက ဘယ်လိုတွေ ဖြစ်ရပြန်တာလဲ?" ကျိုးယွင်ရှန့်က သူ့ချစ်သူရဲ့ အတုမရှိပြိုင်ဘက်ကင်း ချောမောခန့်ညားသော မျက်နှာကြီးကို ဖြူ ဖွေးဖွေးသူ့ခြေလေးနဲ့ ပင့်မကာကြည့်သည်။

"ဘာမှမဖြစ်ပါဖူး...မင်းကို ဒီလို ဂရုတစိုက်လုပ်ပေးရတာ ,ကို တကယ်သဘောကျတယ် ခံစားမိလို့" ရီကျန့်က အားပါးတရကို ပြုံးပြလာတယ်...သူ့ရင်ထဲမှာ အပျော်တွေနဲ့ပြည့်နေရုံသာမက ပျောက်ဆုံးနေတဲ့တစ်စုံတစ်ခုကို ပြန်ရလိုက်သလိုမျိုး ပြောမပြနိုင်တဲ့ စိတ်ကျေနပ်မှု ပီတိတွေလည်း ဖြစ်ပေါ်နေသေးသည်။

ဒါကိုလည်း ကြားရော...ကျိုးယွင်ရှန့်ဟာ အိပ်ယာပေါ်က ချက်ချင်း ခုန်ဆင်းလာကာ သူ့ချစ်သူရဲ့ ဝတ်စုံနဲ့ နက်ကတိုင်တို့ကို ဝတ်ဆင်ရာမှာ ကူညီပေးတယ်...ပြီးတော့ ရီကျန့်၏ဖြောင်းစင်းတဲ့ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း သန္နိဋ္ဌာန်ချဆိုလာတယ် , "အခုကစပြီးတော့ ကျနော် ခင်ဗျားကို ဂရုစိုက်ပေးမယ်နော်...အိုကေ?"

"အပြန်အလှန် ဂရုစိုက်ကြတာပေါ့" ရီကျန့် အလွန်အမင်းပျော်ရွှင်နေတာကြောင့် သူ့ရင်ဘက်တစ်ခုလုံး ပေါက်ထွက်မတက် ဖြစ်နေတယ်လို့ ထင်မိသည်။ သူတို့အချင်းချင်း တွေ့ကြတာ ဘယ်လောက်မှမကြာသေးဖူးဆိုတာ အသိသာကြီးရယ်ပါ...ဒါပေမယ့် ခံစားချက်တွေက အရမ်းကို မြန်မြန်ဆန်ဆန်နဲ့ မဟားတရားကြီးကို နက်ရှိုင်းလာကြတယ်...သူ့(YZ)ခမျာ တစ်ခါလေးတောင် ခုခံချိန်မရပါပဲ လုံးလုံးလျားလျားကြီးကို ကြွေဆင်းသွားရသည်။

ဒါဟာ ကံကြမ္မာ ရဲ့ အစီအမံတစ်ခုပဲ နေမှာပါလေ။

ကျိုးယွင်ရှန့် ခေါင်းညိတ်ပြလိုက်ပြီး သူတို့ရဲ့နှုတ်ခမ်းတွေကို ချိပ်ပိတ်လိုက်တယ်...အဲ့နောက် သေချာယုံကြည်သော အသံအနေထားနဲ့ပြောတယ် , "ဘယ်တစ်ယောက်မှ ကျနော့်အတွင်းရေးကို မဖော်ပြကြဖူး...အာ့ ခင်ဗျားကြီး ဖြေရှင်းလိုက်တာမလား?"

ရီကျန့် ခေါင်းညိတ်တယ် , "အပြင်လူတွေ မင်းရဲ့ ကာမခံစားမှုအပေါ် ခန့်မှန်းပြောဆိုကြမှာကို သဘောမကျဖူး...အာ့ဆို အရမ်းစိတ်တိုမိမယ်. မင်း လုပ်နိုင်,မနိုင်ဆိုတာ...ကို တစ်ယောက်ထဲသိရင် လုံလောက်ပြီ"

ကျိုးယွင်ရှန့်ရဲ့ မက်မွန်ဝတ်လွှာမျက်လုံးတွေက တဖျက်ဖျက်ခတ်ရင်း သူ့ကို မော့ကြည့်လာတယ်...ပြီးတော့ တောက်ပတဲ့ အပြုံးတပွင့် ပေးလိုက်သည်။

___________________________

ကျိုးသခင်လေး ထောင်မှ လွတ်သွားပြီဆိုတဲ့ သတင်းတွေက နာမည်ကြီးမီဒီယာတော်တော်များရဲ့ အာရုံကို ဆွဲငင်လိုက်သည်။ လူအချို့ဟာဆိုရင် ဒီဖြစ်ရပ်ကို နောက်ကွယ်မှာကလိန်ဉာဏ်ဆင်ကာ အပေးအယူပြုလုပ်ခဲ့ကြတယ်လို့ ယတိပြတ်ပြောဆိုလာကြပြီး ရဲတွေမှ ဒီကိစ္စကို သေချာရှင်းပြဖို့ တောင်းဆိုလာကြသည်။ ရဲတွေက ပါဝင်ပတ်သက်သူတွေရဲ့ အတွင်းရေးတွေကို လှစ်ဟပြလို့မရဖူးလေ...ဒါကြောင့်မို့ သူတို့ဟာ စကပ်နီနီအမျိုးသမီးရဲ့ ဖမ်းဆီးခံရမှုနဲ့ တက်သစ်စထူးချွန်ဒီဇိုင်းရေးဆွဲသူ မုန့်ဝမ်တို့ရဲ့ အငြင်းပွားမှုများ...ပြီးတော့ သူတို့တွေ အတူပူးပေါင်းကာ ကျူ းလွန်ခဲ့တဲ့ လိမ်လည်မှုနဲ့ မှားယွင်းစွပ်စွဲမှုတွေကို တရားဝင်ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ကြေငြာခဲ့ကြသည်။ ဒီအမှုအခင်းပြီးသွားတဲ့နောက်မှာတော့ အမှုရဲ့နောက်ကွယ်က ဖုန်းကွယ်ထားတဲ့အမှန်တရားကို ပြည်သူတွေ သိရှိလာစေရန်အတွက် မီဒီယာတွေကနေပြီး သံသယရှိသူနှစ်ယောက်ကို အင်တာဗျူ းဖို့ စီစဉ်လာခဲ့သည်။

မီဒီယာတွေက အချိန်မဆိုင်းပဲ ရဲဌာနအားလုံးကို သီးသန့်အင်တာဗျူ းရန် ဖိတ်ခေါ်ခဲ့ကြတယ်...CCTV ရုပ်မြင်သံကြားဌာနကပါ ထိပ်ဆုံးက ပါဝင်လာခဲ့သည်။ ဒီမှုခင်းတစ်ခုလုံးရဲ့ စီစစ်တွေ့ရှိချက်အားလုံးကို သူတို့တွေဟာ အထူးခေါင်းစီးဖြင့် သိပ်မကြာခင်မှာပင် ထုတ်လွှင့်လာကြသည်။

ဒီအမှုအခင်းဟာ CCTV ရဲ့ တရားဝင်ဥပဒေရေးရာဆိုင်ရာပရိုဂရမ်သို့ ရောက်သွားတဲ့အခါမှာတော့ နောက်ကွယ်က ကလိမ်ကကျစ်အပေးအယူအကြောင်း ပွက်ပွက်ညံဟစ်အော်နေတဲ့ အင်တာနက်အသုံးပြုနေတဲ့သူအားလုံး အသံတွေပိတ်ကာ ငြိမ်ကျသွားတော့သည်။ မကြာသေးခင်ကမှ နိုင်ငံတော်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေနဲ့ ဆန့်ကျင်ဘက်တိုက်ခိုက်သူတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတိုက်ပွဲလှိုင်းတွေကလည်း တစ်ခုပြီးတစ်ခုပြီး နိုင်ငံအနှံ့ပျံ့နေသည်။ 'ကျိုး'ဟာ Y မြို့တော်တစ်ခုထဲမှာသာ လွှမ်းမိုးမှုရှိပါတယ်...နိုင်ငံတစ်ခုလုံးနဲ့ချီရင်တော့ သူဟာ ထိပ်တန်းအဆင့်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဖူး... ဒါကြောင့် Y မြို့တော်ရဲစခန်းကို စီစစ်စစ်ဆေးရာမှာ ရဲဌာနက CCTV ကလွဲလို့ တခြားကျန်ဘယ်မီဒီယာကို ဝင်ရောက်စွက်ဖက်ဖို့ ခွင့်မပြုခဲ့ဖူး။

တကယ်လို့ မသမာအပေးအယူတွေ ရှိခဲ့တယ်ဆိုရင်...ကိုယ့်ဖြစ်ရပ်ကိုယ် တာဝန်ယူရမှာပါ။ အဲ့နောက်မှာတော့ လူတွေဟာ မုန့်ဝမ်ဆိုတဲ့အမျိုးသမီး တစ်ယောက် အဖမ်းခံရတာကို သတိပြုမိလိုက်တယ် - မုန့်ဝမ်ဆိုတာ မကြာခင်ကမှ ဒီဇိုင်းနယ်ပယ်ရဲ့ အနာဂတ်ကြယ်ပွင့်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူလေ - လူမှားတာ,မလား? သူမနဲ့ကျိုးသခင်လေးကြားမှာ ဘယ်လိုတောင် နက်ရှိုင်းတဲ့အမုန်းရန်ငြိုးတွေ ရှိနေလို့လဲ?

ရှာတွေခဲ့တဲ့ ဒီအရာကို လူထုကြီး,တင် မတွေးတတ်အောင်ဖြစ်နေရုံသာမကပဲ ကျိုးယွင်ရှန့်တောင်မှ အံ့သြသွားရတယ်။ မုန့်ဝမ်က ဒီအကျည်းတန်ဖွယ်ရာ ကိစ္စတွေမှာ မပါဝင်ခဲ့ဖူးလို့ သူ အမြဲထင်ခဲ့တာ...ဒါပေမယ့် အခုတော့ တခြားစီရယ်ပါ...သူမက သူ ထင်တာထက်တောင် ပိုပြီး 'စွမ်းဆောင်နိုင်' သေးတယ်။

သူမက စကပ်နီနီအမျိုးသမီးကို ငှါးခဲ့တဲ့တစ်ယောက်သော သူဖြစ်ရုံမက ထိုသူမကို မုဒိမ်းကျင့်ဖို့ ယောကျ်ားကြီးနှစ်ယောက်ကိုပါ ခိုင်းစေခဲ့တဲ့သူလည်း ဖြစ်သည်။ သူမ ဒီကိစ္စတွေကို ပြုလုပ်ခဲ့တုန်းက သူမခေါင်းထဲမှာ ကျိုးမိသားစုအပေါ် ဖန်းကျစ်ဖေးရဲ့ဆန့်ကျင်ပြီး လက်တုံ့ပြန်ရာမှာ ကူညီပေးရမယ်ဆိုတဲ့ အသိတစ်ခုသာလျှင်ရှိခဲ့ပြီး...ကျန်တာဘာကိုမှ သူမ တွေးတောဂရုစိုက်မနေခဲ့ဖူး။ စကပ်နီနီအမျိုးသမီးကတော့ သစ္စာမဖောက်ခင်...ဦးနှောက်မပျက်စီးခင်ကတည်းက နှစ်ရက်တာ ထိန်းသိမ်းခြင်းခံထားရသည်။ ရဲတွေက မုန့်ဝမ်အိမ်ကို တံခါးလာခေါက်တဲ့အခါမှာ သူမဟာ အရမ်းကိုတည်ငြိမ်နေခဲ့ပါသည်။ ရဲတွေက ကိစ္စတွေထဲ ဒီထက်ပိုပြီးတူးဆွခြင်းမှ ဟန့်တားနိုင်ဖို့ရန်အရ သူမက တွေဝေနေခြင်းမရှိပဲ တရားစွဲဆိုချက်အားလုံးကို လက်ခံခဲ့သည်။ သူမပေးခဲ့တဲ့ တခုတည်းသော အကြောင်းပြချက်က ကျိုးယွင်ရှန့်ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ သူမကို *နှောင့်ယှက်ခဲ့တဲ့အတွက် သူမက ဒီလိုလက်စားချေဖို့ စီစဉ်ရခြင်းဖြစ်ပါတယ်တဲ့လေ။

(Kiley -ကိုယ်ထင်တာပေါ့လေ...ဒီနေရာမှာ *နှောင့်ယှက်တယ်ဆိုတာ လိင်ပိုင်းဆိုင်ရာမထိတထိ နှောင့်ယှက်ပြောဆိုပြုမူတာကို သူပြောချင်တာလို့ထင်တယ်...အကြံဉာဏ်လေးများပေးချင်ရင်လဲရပါတယ်နော်😁)

CCTV ကနေပြီးတော့ သူမရဲ့အမှောင်ဖုံးနေတဲ့စိတ်သဘော ခရီးစဉ်အထိ နက်နက်ရှိုင်းရှိုင်း တူးဆွပြီးတော့ သူမကို မေးမြန်းလာခဲ့တယ်။ သူမက ကျိုးယွင်ရှန့်ဟာ အထိန်းအကွပ်မဲ့သော လူဆိုးတစ်ယောက်ဖြစ်ကြောင်းနဲ့ သူ့ပိုက်ဆံနဲ့အာဏာကို အကြောင်းပြပြီးတော့ သူမကိုလည်း အတင်းအကြပ်ဖိအားပေးစေခိုင်းတဲ့ ခွေးတိရစ္ဆာန်ကောင်တစ်ကောင် ဖြစ်ကြောင်းကို သူမဟာ ဘွင်းဘွင်းရှင်းရှင်း ဖော်ပြခဲ့သည်။ သူမ ညီမရဲ့ရောဂါကို ရင်ဆိုင်ခဲ့ရတဲ့အခါမှာ ဖြစ်ခဲ့ရတဲ့ အခက်အခဲကို ပြောပြမှုကလည်း တော်တော်ကိုတာ,သွားစေခဲ့သည်။

ဒီသတင်းအရာကို ထုတ်လွှင့်,လွှင့်ပြီးချင်းမှာပဲ လူထုများအကြားမှာ သူမအပေါ် သနားဂရုဏာတွေက နက်နက်ရှိုင်းရှိုင်းတိုးပွားလာသည်။ အများစုက သူမအပေါ်တရားရုံးက ပေါ့လျော့စီမံပေးမည်ဟုလားပင် မေးလာကြသည်။ မုန့်ဝမ်လည်းပဲ ခံရသူ တစ်ယောက်ဖြစ်ကြောင်း သူမက အခြေအနေတွေကြောင့် ဖိအားပေးတွန်းပို့ခံရတာပါတဲ့။

"မတတ်သာတဲ့အဆုံးလား? ဒါဘယ်လို လော့ဂျစ်ကြီးလဲ? ကျနော့်ဘဝကို ဖျက်ဆီးရမယ်ဆိုတဲ့အထိ သူ့(မ)မှာ ရွေးချယ်စရာ မရှိခဲ့ဖူးတဲ့လား? ဒါကြောင့်ပဲ အမျိုးသမီးတစ်ယောက်ကို ယောကျ်ားနှစ်ယောက်နဲ့ မုဒိမ်းကျင့်စေခဲ့တဲ့ တရားခံတဲ့လား? ကမ္ဘာပေါ်မှာ ကံဆိုးတဲ့သူတွေဆိုတာ တပုံတပင်ကြီးပါပဲ...အဲ့လိုကြောင့်ဆိုပီး သူတို့အားလုံး လူတိုင်းကို လိုက်သတ်နေရမှာပဲလား? ဒါဆိုလည်း လူ့အဖွဲ့အစည်းမှာ ဥပဒေဆိုတာကြီးက ဘာလို့များ လိုအပ်နေသေးလဲ? ကျနော် ဘယ်လိုစိတ်မျိုးနဲ့ပဲ တွေးကြည့်,တွေးကြည့် သူ့(မ)ကို ဝမ်းနည်းဖို့ရာ ရှာမရဖူး. ကျနော်တို့ တစ်ယောက်နဲ့တစ်ယောက်သိခဲ့တဲ့ နှစ်အတောအတွင်းမှာ သူ့(မ)ကို ဖိအားပေးစေခိုင်းဖို့ မပြောနဲ့...သူ့(မ)ခေါင်းက ဆံတမျှင်တောင် ကျနော် မ,တို့...မထိခဲ့ဖူးဘူး"

"သူ့(မ)ညီမ ရောဂါဖြစ်နေတယ်ဆိုတုန်းကလဲ ကျနော် တုံ့ဆိုင်းခြင်းမရှိပဲ သူ့(မ)ကို 3မီလီယံ ထုတ်ချေးပေးခဲ့တယ်. ဒီချေးငွေစာချုပ်က သူ(မ)ရေးခဲ့တာပါ...သေချာကြည့်,ကြည့်ပါ. ဒါမဲ့ အဲ့နေ့ကစပြီး သူ(မ)က ပိုက်ဆံပြန်ပေးဖို့ အကြောင်းပြောရင်ကို ရှောင်ဖယ်နေခဲ့တာ. နောက်တော့ သူ(မ)က 'ကျိုး'အခက်အခဲကာလမှာ အခွင့်ကောင်းယူပြီး ကျနော့်ထုတ်လုပ်ရေးအဖွဲ့ကို ဖြတ်လုသွားတယ်လေ..အာ့ကပဲ ကျနော့်ကုမ္ပဏီ ဒေဝါလီခံရဖို့ အခြေအနေကို ရောက်သွားစေတာလေ. ကျနော့် 3မီလီယံသာမရှိရင် သူ့(မ)ညီမ သေသွားလောက်ပြီကို. ကျနော် သူ့(မ)ကို အလေးပေးပြီး ကြင်ကြင်နာနာနဲ့ ဆက်ဆံတာကိုဗျာ...သူ(မ)မို့ သွေးအေးအေးနဲ့ ကျနော့်နောက်ကျောကို ဓားနဲ့ထိုးရက်တယ်. ဒါကဘယ်လို ခံရသူလဲ? ကျနော်တော့ဖြင့် သူ့လောက် ရက်စက်တဲ့မိန်းမမျိုး မတွေ့ဖူးပေါင်. ဒီအကြွေးလေးကြောင့် သူ(မ)က ကျနော့်ကို အမှုဆင်လိမ့်မယ်လို့ မထင်ထားမိဖူး" ကျိုးယွင်ရှန့်ကလည်းပဲ CCTV ရဲ့မေးမြန်းမှုကို လက်ခံခဲ့ပြီးတော့ ကင်မရာတွေရှေ့မှာ ချေးငွေစာချုပ်ကို ဖွင့်ပြခဲ့သည်။

ဒီနေရာမှာ ပရိုဂရမ်ကနေပြီးတော့ ကျော့ကွင်းတစ်ခုဆင်ခဲ့တယ်။ သူတို့တွေက ပထမအပိုင်းမှာ မုန့်ဝမ်ရဲ့ထွက်ဆိုချက်ကိုသာ ထုတ်လွှင့်ပြသခဲ့တယ်...ဒီတော့ ကြည့်ရှုသူလူအပေါင်းက သူမအပေါ် စာနာသနားဖြစ်မိသွားခဲ့ကြတယ်... အဲ့ဒီနောက် ကျိုးယွင်ရှန့်နဲ့ စကပ်နီနီအမျိုးသမီးတို့ရဲ့ ဖွင့်ဟပြောဆိုချက်တွေကို ဒုတိယအပိုင်းအတွက် ချန်လှပ်ခဲ့ကြသည်။

ကျိုးယွင်ရှန့်ရဲ့ ဆင်ခြေတုံတရားနဲ့ယှဉ်ရင် စကပ်နီနီအမျိုးသမီးက သူရူးတစ်ယောက်လိုပါပဲ။ သူမက နာနာကျည်းကျည်းနဲ့ ငိုကြွေးရင်း မုန့်ဝမ်ကိုလည်း ကြိမ်းမောင်းဆဲဆိုတယ်...မုန့်ဝမ်ကို 'ခွေးမ'ဟုလည်း ခေါ်သေးတယ်...မုန့်ဝမ်က သူမကို ဒါဟန်ဆောင်ရုံသက်သက်သာဟု အကျအနပြောပြခဲ့ပေမယ့် တကယ့်တကယ် ကျိုးယွင်ရှန့် ဆေးမိပြီး သတိလစ်သွားတော့ သူမက ယောကျ်ားကြီးနှစ်ယောက်ကို မုဒိမ်းပြုကျင့်ဖို့ စေလွှတ်လာခဲ့တယ်တဲ့...လူမဆန်တဲ့တိရစ္ဆာန်သာသာပါတဲ့လေ။

သတင်းထောက်တွေကလည်း မုန့်ဝမ်ရဲ့ဇာတိမြို့အထိသွားရောက်ကာ သိကျွမ်းရင်းနှီးသူများနှင့်လည်း အင်တာဗျူ းခဲ့ကြသည်။ မုန့်ဝမ်ညီမက ရိုးတွင်းခြင်ဆီအစားထိုးကုသမှု ပြီးသွားပြီဖြစ်ပြီးတော့ သူမဟာ လောလောဆယ်မှာ နာလန်ထူခါစပဲရှိပါသေးတယ်။ ဖန်းကျစ်ဖေးဟာ သူကိုယ်တိုင် လာရောက်စောင့်ရှောက်ဖို့ အဆင်မပြေတာကြောင့် သူမကို ပြုစုစောင့်ရှောက်ဖို့ သူနာပြုအချို့ ငှါးရမ်းပေးထားသည်။ အုပ်ထိန်းသူမရှိတဲ့အတွက် သူမကို သတင်းထောက်တွေ အင်တာဗျူ းဖို့က မဖြစ်နိုင်ဖူး...ဒါကြောင့် ဘေးအနီးအနား ဝန်းကျင်ကိုသာ အင်တာဗျူ းခဲ့ကြသည်။

"မုန့်ဝမ်က ဒီလိုအရာမျိုးလုပ်လိမ့်မယ်လ့ို ကျမ မထင်ထားဖူး. သူ(မ)က အရမ်းယဉ်ကျေးလိမ္မာပြီးတော့ စကားပြောရာမှာလည်း ချိုသာတယ်လေ"

"ကျိုးယွင်ရှန့်က သူ့(မ)နောက် တကောက်ကောက်လိုက်တယ်တဲ့လား? ဒီမှာတော့ မဟုတ်လောက်ဖူး...သူလာတာကို ကျနော် တခါမှ မမြင်မိပါဖူး. သူ့ကောင်လေးပဲ နေ့တိုင်းလာတာ...သူတို့က အမြဲတပူးပူးတတွဲတွဲနဲ့လေ"

"သူ့ညီမရဲ့ ကုသစရိတ်နဲ့ခွဲစိတ်တဲ့အခ 800,000 လောက် သူ(မ)ကုန်သွားတယ်လို့ ကျမကြားတုန်းက...အော် သူတော်တော်နဲ့ အာ့ပိုက်ဆံပြန်စု မိမှာမဟုတ်ဖူးလို့တောင် တွေးမိလိုက်သေးတယ်. ဒါမဲ့လေ သူ့ညီမတောင် ဆေးရုံက မဆင်းရသေးဖူး... သူ(မ) ဘာလုပ်လာတယ်ထင်လဲ? BMW X5 လေး... အာ့တာကြီးနဲ့ သူ့ညီမကို ဂုဏ်ပြုတာတဲ့တော်! ဘယ်လိုတောင် ဖြုန်းတီးပစ်တာ!"

"အမလေး ဟုတ်ပ ဟုတ်ပ. သူ့ကောင်လေးရဲ့ မြို့တော်က လုပ်ငန်းအတွက် သူ(မ)က ထောက်ပံ့ပေးတယ်လို့လဲ ကျမကြားမိသေးတယ်. အော်...သူတို့ရဲ့ သံယောဇဉ်တွေက အရမ်းနက်ရှိုင်းလာတော့လဲ..သူတို့အချင်းချင်း မကြင်နာရရင် မနေနိုင်ဖူးထင်ပါရဲ့! သူတို့ကို လူတွေကြည့်နေရင်တောင် ဂရုမစိုက်တော့ဖူးလေ! အာ့ အဲ့တုန်းက ကျမတွေးမိသေးတယ်...သူ(မ)လို မိဘမဲ့တယောက်က အလုပ်ကို အရိုးကြေကြေ အရေခန်းခန်းကြိုးစားနေရမှာ မဟုတ်ဖူးလား? သူ(မ)ဘယ်ကများ ဒီလောက်ပိုက်ဆံတွေအများကြီး ရနေတာလဲပေါ့? လက်စသတ်တော့ လူတစ်ယောက်ဆီက ချေးလာတာကိုး. အဲ့လူကလဲလေ...3 မီလီယံကို အလွယ်လေးထုတ်ပေးရတယ်လို့. သနားစရာ နွားလေး!"

အိမ်နီးနားချင်းတွေရဲ့ စကားတွေမှ မင်းဟာ ပိုးပန်းနေသူတစ်ယောက်ဆီမှ ငွေများကို ဘက်ကီးရိုက်ကာ မိသားစုနဲ့ ချစ်သူကောင်လေးကို အမ,တော်ကြေးဆက်သတဲ့ အဆိပ်ပြင်းသော အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်သွင်ကို တဖြေးဖြေးပုံဖော်နိုင်ပါတယ်...အဲ့နောက် ပိုးပန်းနေသူက ကြာကြာအရူး အလုပ်မခံရော ... သူမဟာ သူ့ကို အမှုဆင်ဖို့ လှည့်ကွက်ရေးဆွဲတော့သည်ပေါ့။

သတင်းထောက်တွေက အိမိနီးနားချင်းတွေကို နှုတ်ဆက်လာခဲ့, အပြီးမှာတော့ မုန့်ဝမ်ရဲ့လုပ်ဖော်ကိုင်ဖက် အချို့ကို အင်တာဗျူ းလာခဲ့ကြသည်။

"ဥက္ကဌကျိုးက သူ့(မ)ကို ခက်ခက်ခဲခဲလုပ်ခိုင်းတာမျိုးတွေ ကျမတခါမှ မမြင်ဖူးဘူး...အများဆုံးမှ R & D ဌာနရဲ့ မှတ်တမ်းမှတ်ရာတွေကို တပတ်လုံး သူ့ဆီ ပို့ခိုင်းတာလောက်ပဲရှိတာ. ဒါမဲ့ သူ 4 ခါလောက်ခေါ်ရင် သူ(မ)က တခါပဲထလုပ်တတ်တယ်. မသိရင်သူ(မ)က သူဌေးဖြစ်ပြီးတော့ ဥက္ကဌကျိုးက သူ့(မ)အလုပ်သမားလေးကျနေတာပဲ"

"ဟုတ်ပ...ဒါမဲ့ သူ(မ)သွားတိုင်း တစ်မိနစ်,နှစ်မိနစ်လောက်ပါပဲ ပြီးတာနက် ပြန်ထွက်လာတယ်...ထွက်လာတိုင်းလည်း သူ(မ)က တံခါးကို ဒုန်းကနဲ အသံမြည်အောင် ဆောင့်ပိတ်ချတတ်သေး...အဆောက်အဦးကြီးတောင် လှုပ်ယမ်းသွားလောက်တယ်. ကျမတောင်တွေးမိသွားသေးတယ်...ဥက္ကဌကျိုးက သူ့(မ)အပေါ် အကြွေးများတင်နေလို့လားပေါ့.... တကယ်က သူ(မ)ကပဲ ဥက္ကဌကျိုးဆီမှာ မီလီယံအနည်းအကျင်း အကြွေးရှိနေတာကိုး. အာ...ယနေ့ခေတ်ရဲ့ အကြွေးရှင်တွေကလည်း ညံ့ချက်...!"

"ဥက္ကဌကျိုးက သူ့(မ)ကို ညစာအတူစားဖို့ အမြဲတမ်းလိုလို ဖိတ်လေ့ရှိတယ်...11 ခါမှာ 10 ခါလောက် သူ(မ) ငြင်းတယ်လေ...အာ့အခါများဆို ဥက္ကကျိုးက ခေါင်းလေးတယမ်းယမ်းနဲ့ပဲ ထွက်သွားလေ့ရှိတယ်...ပီးရင် နောက်တခါ ထပ်ပြီး သူ(မ)ခေါ်တာပဲ. ကျနော်တော့ဖြင့် ဥက္ကဌကျိုးက သူ့(မ)ကို အနေကြပ်အောင်လုပ်တာမျိုး မတွေ့မိရပါ...ကျနော် တွေ့တာတော့ အာ့နဲ့ပြောင်းပြန်ပဲ. သူ(မ)က ဘွဲ့ရခါစလူဖြစ်တာတောင်မှ ဥက္ကဌကျိုးက ဒီဇိုင်းဖန်တီးရာမှာ စီမံဆိုပြီး R & D ဌာနကြီးတစ်ခုလုံးကို သူ့(မ)လက်ထဲ အပ်လိုက်ပြီးတော့ တစ်နှစ်လစာ 300,000 တောင်ပေးလိုက်သေး. ဥက္ကဌကျိုးက သူ့(မ)ကို ဂရုစိုက်တာ အသိသာကြီးရယ်ပါ...အဲ့လိုလူကို သူ(မ)က ဘာလို့ထိခိုက်စေချင်မှန်း ကျနော်တော့ဖြင့် နားကိုမလည်တော့ဖူးရယ်"

လုပ်ဖော်ကိုင်ဖက်တွေဟာ နုတ်ထွက်ခဲ့ပြီးပြီဖြစ်တာကြောင့် သူဌေးကျေနပ်စေရန် ဖားယားပြီး လိမ်ညာပြောဆိုပေးဖို့ မလိုအပ်ဖူးလေ။ ပြီးတော့လည်း ဒီအကြောင်းအရာတွေအားလုံးက ကုမ္ပဏီမှာ အများအားဖြင့် ပြောကြတဲ့ အတင်းအဖျင်းစကားတွေလည်း ဖြစ်တော့ ဘယ်သူ့မဆိုမေးကြည့်ရင် သူတို့အားလုံးက ဒီအတိုင်းပဲပြောကြမှာပါ။

အစပထမ စွဲချက်တင်ခံရတဲ့ မုန့်ဝမ်ကို အင်တာဗျူ းစဉ်ခါတုန်းကတော့ သတင်းထောက်ဟာ သူမကို အရမ်းပဲစာနာသနားမိပါတယ်...ဒါပေမယ့် ဒုတိယအပိုင်း အဆုံးလဲရောက်ရော သူမကို သူတို့တွေ မုန်းသွားကြတော့သည်။

ဒီအပိုင်း ထုတ်လွှင့်ပြသ ပြီးတဲ့နောက်မှတော့ ကျိုးယွင်ရှန့်ကို ဆဲရေးတိုင်းထွာနေကြတဲ့ အသံတွေဟာ လုံးဝပျောက်သွားကြပြီးတော့...မုန့်ဝမ်ဟာ ပြည်သူလုထုရဲ့ရင်ထဲမှာ အမည်နာမအသစ်တစ်ခုကို ရရှိသွားတော့တယ် - *Black widow တဲ့။ ပိုက်ဆံကိုချေးတုန်းချေးပြီး ပြန်ပေးဖို့ရာကျ ငြင်းဆန်ခြင်း, သာယာအလုပ်ကိုခုန်ကူးသွားခြင်း, ပြီးတော့ အလုပ်ရှင်အဟောင်းကို ပြိုလဲအောင် ပြုလုပ်ခြင်းများနဲ့..... နောက်ဆုံးမှာတော့ သူမရဲ့ ကစားပွဲ အသက်သွင်းရန်အတွက် အမျိုးသမီးတစ်ယောက်၏ ဘဝကိုဖျက်စီးပစ်လိုက်တော့သည်။ ဒီလိုမျိုးတွေ ဖန်တီးတဲ့သူကို လူလို့ခေါ်ရအုံးမလား? ခွေးတစ်ကောင်တောင် ကျေးဇူးကြွေးကို သိတတ်ပါသေးတယ်။ သူမက ခွေးတစ်ကောင်ထက်တောင် နိမ့်ကျပါသေးသည်။

မုန့်ဝမ်ရဲ့ဦးခေါင်းထက်မှ နတ်သမီးရောင်လျှံစက်ဝန်းလေးက တစ်ချက်ထဲနက် အပိုင်းပိုင်းအစအစဖြစ် ပျက်စီးကြေမွသွားပါတော့သည်။

_________________^_^_______________

အခန်း (၅) ပြီး၏

Translator by Kiley0096




(Kiley note-
*Black widow ဆိုတာ အဆိပ်အရမ်းပြင်းတဲ့ ပင့်ကူအမျိုးအစားပါ...တချက်ကိုက်တာနက် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်တဲ့...
နောက်တမျိုးကတော့ ချစ်သူ or ယောကျ်ားတွေကို သတ်တဲ့ အမျိုးသမီးလို့လဲ အဓိပ္ပါယ်ရပါတယ်)

Continue Reading

You'll Also Like

807K 114K 107
I Saved The Disabled Villain by Pretending to Be Pitiful Chapter 97 ချီဟန်ဟာ ညှင်းပန်း နှိပ်စက်ပြီး ​ခွေး​သွေးဆန်တဲ့ ဝတ္ထုကို တစ်ညလုံး ဖတ်ခဲ့သည်။ နာ...
7.6K 509 11
Associated Name- 纸飞机, Paper Plane Author- 潭石 Total Chapter- 119chapters + 2extras
13.9K 930 59
(ဂျင်ဝမ်သည် သူရဲ့ချစ်လှစွာသော ငါးဟာ ချောမောလှပတဲ့ လူငယ်လေးတစ်ယောက် ဖြစ်နေခဲ့တယ်ဆိုတာ Part-32 မှာသိခဲ့ရပါတယ်။) တစ်နေ့တွင် လီယုသည် ငါးအဖြစ်သို့ က...
88.4K 8K 8
[Both Zawgyi and Unicode] ဒုတိယကြိမ် အခွင့်အရေးဆိုတာကိုသာ ရရင်...