Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
--------------------
ဆုယြဲ႕တစ္ေယာက္ ေဖ့က်င္းအိမ္ေတာ္မွ ေမာင္းထုတ္ခံလိုက္ရသည္။
ရန္ရွိနဥ္ကေတာ့ ေဖ့က်င္း၏ အစီအစဥ္ကို ျပန္လည္သံုးသပ္ေနရင္း မ်က္ေမွာင္က်ဳတ္ခဲ့မိေလသည္။ သူ႔အႀကံစည္အတိုင္း သူမ လိုက္နာေဆာင္႐ြက္ခဲ့သည္မွန္ေသာ္လည္း သူ႔လုပ္ရပ္က သူမကို အံ့အားသင့္သြားေစေသးသည္။ အမွန္တကယ္ပင္ ေဖ့က်င္းက ရန္ရွိနဥ္ အတြက္ ေဆး႐ြက္ျပဳတ္ရည္ပို႔ေပးရန္ ဆုယြဲ႕ကို ခိုင္းခဲ့သည္။ အစီအစဥ္အရဆို ေဆး႐ြက္ျပဳတ္ရည္တြင္းမွာ ဘာ အဆိပ္မွ မပါသင့္။ သို႔ေသာ္လည္း ရန္ရွိနဥ္ လက္သည္းခြံေအာက္မွာ အဆိပ္မႈန္႔မ်ား ကပ္ထားသည္။ သူမ စြပ္ျပဳတ္ရည္ဇြန္းကို ကိုင္ၿပီး မႈတ္ေနစဥ္မွာ အဆိပ္ကို ခိုးထည့္ၿပီး ဆုယြဲ႕ကို ေခ်ာက္ခ်မလို႔ပင္။ သူမ ထင္မထားခဲ့သည့္အခ်က္က ထိုအဆိပ္ပုလင္းကို ဆုယြဲ႕ အိပ္ခန္းတြင္ ထပ္မံရွာေတြ႕ခဲ့ျခင္း။
ရန္ရွိနဥ္ လက္ဝယ္ရထားသည့္အဆိပ္မွာ ေဖ့က်င္းေပးထားျခင္းျဖစ္သည္။ ဆုယြဲ႕အခန္းထဲမွ ရွာေတြ႕သည့္အဆိပ္ကို ေပ့သို စစ္ၾကည့္ၿပီးေသာအခါမွာ ေဖ့က်င္း သူမကို ေပးထားသည့္ အဆိပ္နွင့္လအတူတူပင္ျဖစ္ေနသည္ကို သိလိုက္ရသည္။ အစကေတာ့ ဆုယြဲ႕အိပ္ခန္းထဲ အဆိပ္ပုလင္းထည့္ၿပီး ေခ်ာက္ခ်သည္ဟု သူမ ထင္ခဲ့ေသးသည္။ သို႔ေသာ္လည္း ဆုယြဲ႕၏ အျပစ္မကင္းသည့္မ်က္နွာထားကို ေတြ႕ေတာ့မွ ဆုယြဲ႕ တကယ္ပဲ အဆိပ္ကို လက္ဝယ္ပိုင္ဆိုင္သိမ္းထားမွန္း သေဘာေပါက္ရေတာ့၏။ ဆိုလိုတာက တစ္စံုတစ္ေယာက္က ေဖ့က်င္းကို အႏၱရာယ္ျပဳရန္ အစီအစဥ္ရွိေနၿပီး ေဖ့က်င္းက ထိုသူ၏ လက္နက္ျဖင့္ပင္ ျပန္လည္တုန္႔ျပန္လိုက္သည့္သေဘာ။ ေဖ့က်င္း အတြက္အခ်က္ေတာ္သည့္အေပၚကိုေတာ့ သူမ ေလးစားအထင္ႀကီးမိၿပီ။
ဆုယြဲ႕၏ အဆိပ္က ေဖ့က်င္းအတြက္လား၊ သူမ အတြက္လား ဆိုသည္ကိုေတာ့ ရန္ရွိနဥ္ မေသခ်ာပင္။ ၿပီးေတာ့ ဆုယြဲ႕ကိုယ္တိုင္ ဝယ္ထားသည္လား၊ တစ္ပါးသူက ဆုယြဲ႕ကို တိတ္တဆိတ္လာေပးထားသည္ကိုလည္း မသိရ။ ဟြမ္ေကာ္ကုန္းအိမ္ေတာ္က တစ္ဦးဦးနွင့္ ပတ္သက္ေနပံုေတာ့ရသည္။
ေဖ့က်င္း သူမ နားအနား ကပ္တိုးေျပာခဲ့သည္ကို ရန္ရွိနဥ္ သတိရမိေတာ့ ရင္ေတြ လႈိက္ဖိုသြားမိျပန္သည္။
အေစခံမိန္းကေလးမ်ား အိပ္ေဆာင္ထဲကထြက္သြားေတာ့ ေဖ့က်င္းက သူမ လက္ေကာက္ဝတ္မ်ားကို ဖမ္းခ်ဳပ္ကိုင္ထားေတာ့၏။
"အစ္ကိုႀကီး၊ ဒါ ဘာလုပ္ေနတာလဲ" ရန္ရွိနဥ္ေမးလည္း ေမး၊ လက္ေကာက္ဝတ္မ်ားကိုလည္း အလြတ္ရုန္းေနလိုက္သည္။
ေဖ့က်င္းကေတာ့ ရန္ရွိနဥ္ မ်က္နွာေရွ႕ကို ကတ္ေၾကးအေသးေလးတစ္ခု ေဝွ႔ရမ္းျပရင္း၊ "မင္း လက္သည္းေတြ ညႇပ္ေပးမလို႔ေလ... လက္သည္းၾကားမွာ အဆိပ္ေတြ အၾကာႀကီး ထားထားတာ မေကာင္းဘူး..." ဟု ဆိုခဲ့၏။
အရင္တုန္းကေတာ့ ရန္ရွိနဥ္ လက္သည္းအရွည္ထားရတာ မုန္းသည္။ သူမ လက္သည္းမ်ားကို အၿမဲတေစ တိုေအာင္ညႇပ္ထားခဲ့သည္။ သို႔ေသာ္လည္း ရန္အိမ္ေတာ္ ေရာက္လာခ်ိန္မွာေတာ့ သူမ လက္သည္းကို အက်ည္းတန္သည္ဟု ရန္ရွိထင္ မၾကာခဏ ေဝဖန္ျပစ္တင္ေသာေၾကာင့္ အရွည္ထားျဖစ္ခဲ့ျခင္း။
ေဖ့က်င္း သူမ လက္သည္းမ်ားကို ညႇပ္သြားသည့္အတြက္ေတာ့ ရန္ရွိနဥ္ စိတ္မေကာင္းမျဖစ္။ သို႔ေသာ္လည္း ေဖ့က်င္းက သူမ လက္ကို ကိုင္ၿပီး လက္သည္းကို အက်အနညႇပ္ေပးသည့္အေပၚကိုေတာ့ ရင္ခုန္သြားမိသည္။
ေဖ့က်င္းကေတာ့ သူမ လက္သည္းကို ညႇပ္ရရံုနွင့္ မေက်နပ္နိုင္သည့္အလား ေရေႏြးဇလံုယူၿပီး သူမ လက္နွစ္ဖက္ကို စိမ္ေဆးေပးေနခဲ့သည္။
"အစ္ကိုႀကီး၊ ကြၽန္မ လက္သည္းၾကားမွာ အဆိပ္နည္းနည္းေလးပဲ ရွိေနတာေနာ္" ရန္ရွိနဥ္ ဆိုသည္။ "အစ္ကိုႀကီး လက္သည္းလည္း ညႇပ္ၿပီးၿပီပဲ၊ လက္ေဆးေပးရေလာက္တဲ့ အထိေတာ့ မလိုပါဘူး..."
"သတိဆိုတာ ပိုတယ္မရွိဘူး..." ေဖ့က်င္း ျပန္ေျပာခဲ့သည္။ "မင္း ေယာင္ၿပီး ပါးစပ္ထဲ လက္ထည့္မိရင္ ဘယ္လို လုပ္မလဲ... ျခေသၤ့ေလးကို ဆံုးရွံဳးလိုက္ရရင္ ကိုယ္ ဘယ္လိုလုပ္ရပါ့...?"
ရန္ရွိနဥ္ေတာ့ ေသခ်င္ေယာင္သာ ေဆာင္လိုက္ေတာ့သည္။
ေတာ္ေတာ္ၾကာေတာ့မွ ရန္ရွိနဥ္ ယပ္ေတာင္တစ္ခု ေကာက္ကိုင္ရင္း စားပြဲမွာ ဝင္ထိုင္သည္။
"မင္း ဘယ္အခ်ိန္ကစလို႔ သြားေလရာကို ယပ္ေတာင္ ယူသြားတတ္တာလဲ..." ေဖ့က်င္းက ေမးသည္။ "အခုဆို ရာသီဥတုကလည္း ေအးလာၿပီကို..."
ယပ္ေတာင္မွာ အလြန္အသံုးဝင္သည္။ ယပ္ေတူင္ ကိုင္ထားလ်င္ ၾကည့္ေကာင္းသည္။ ရန္ရွိနဥ္ အစာစစားလ်င္၊ သမ္းေဝလ်င္ ယပ္ေတာင္နွင့္ ကာ၍ ျပဳနိုင္သည္။ သူမက ငယ္႐ြယ္တက္ႂကြဟန္ေဆာင္လ်က္ ျမဴးတူးဟန္ျပမည္ဆိုလ်င္လည္း လိပ္ျပာေလးမ်ားကို ယပ္ေတာင္ျဖင့္ လွမ္းခတ္ရင္း ေဆာ့ကစားနိုင္သည္။ ရာသီဥတု ပူလ်င္ ယပ္ခတ္နိုင္သည္။ ေနပူလ်င္ မ်က္နွာကို ကာလို႔ရသည္။ မိုး႐ြာလ်င္ ေခါင္းေပၚ အုပ္ထားလို႔ရေသး၏။ ရန္ရွိထင္းပင္လ်င္ အက်ႌဂါဝန္မွာ ေသြးစြန္းေပသြားတုန္းက သူမ၏ ယပ္ေတာင္ကို ငွားၿပီး ကာသြားခဲ့ဖူးသည္။
ၿမိဳ႕ေတာ္ကို ေရာက္ကတည္းက ရန္ရွိနဥ္ သြားေလရာကို ယပ္ေတာင္ေလး ကိုင္သြားရသည့္ အဓိကအေၾကာင္းရင္းကေတာ့ ဂုဏ္သေရရွိ အမ်ိဳးသမီး အသြင္ေပၚေပါက္ေစရန္ျဖစ္၏။ သို႔ေသာ္လည္း ဤအေၾကာင္းရင္းမွန္ကို သူမ ေဖ့က်င္းအား သိေစမည္ မဟုတ္ေပ။
"နဝမမင္းသား ကြၽန္မကို ရွင္းျပစရာေလး ဘာေလး မရွိေတာ့ဘူးလား" ရန္ရွိနဥ္ ေဖ့က်င္း ေမးခြန္းကို မေျဖဘဲ ျပန္ေမးခြန္းထုတ္လိုက္သည္။
ေဖ့က်င္းလည္း ရန္ရွိနဥ္နံေဘး ဝင္ထိုင္ကာ လက္ဖက္ရည္တစ္ခြက္ ယူသည္။ "ရွင္မက ဘာကို သိခ်င္လို႔လဲ"
"ဆုယြဲ႕အခန္းထဲမွာ အဆိပ္ရွိေနမွန္း နဝမမင္းသား ဘယ္လိုလုပ္ သိတာလဲ..." ရန္ရွိနဥ္က ေမးလိုက္သည္။
ေဖ့က်င္းကေတာ့ လက္ဖက္ရည္ၾကမ္းကို ေသာက္ရင္း သက္ျပင္းသာခ်လိုက္၏။ "ၾကည့္ရတာ တခ်ိဳ႕ကိစၥေတြမွာ ရွင္မကို ဖံုးကြယ္ထားလို႔ မရနိုင္ဘူးပဲ"
ေဖ့က်င္း ရွင္းျပလာမည္ကို ေစာင့္ရင္း ရန္ရွိနဥ္ စိတ္မရွည္စြာ စားပြဲခံုကို ေခါက္ေနလိုက္သည္။
ေဖ့က်င္းက ခြက္ကို ျပန္ခ်လိုက္သည္။ "မင့္ခ်စ္လင္သာ သူမ်ားေတြ အိပ္ခန္းထဲ ဘာေတြ ဝွက္ထားမွန္း သိမေနရင္ ေနာက္ဘဝကူးသြားတာ ၾကာလွရွိၿပီ..."
ေဖ့က်င္းက စသလို ေနာက္သလို ေလသံေပါ့ျဖင့္ေျပာသြားေသာ္လည္း ရန္ရွိနဥ္ နားလည္သည္။ သူမ ေဖ့က်င္းကို လက္မထပ္ခင္ကတည္းက ဘုရင့္သားေတာ္နွစ္ပါး အၿပိဳင္ နဂါးပုလႅင္ေပၚ ထိုင္ခ်င္ေနသည္မွန္း သိခဲ့သည္။ ေဖ့က်င္းကေတာ့ ဘုရင္ မျဖစ္လို။ သို႔ေသာ္လည္း နန္းလုပြဲ၏ ရိုက္ခတ္ဒဏ္ကို မထိခိုက္ မနစ္နာရပဲ လြတ္မည္ မဟုတ္ေပ။ ေဖ့က်င္း အိမ္ေတာ္တြင္း လႊတ္ထားေသာ သူလ်ိဳမ်ား ရွိေနနိုင္သည္။ ထို႔ေၾကာင့္လည္း သူမမွာ ေဖ့က်င္းနွင့္ နွစ္ဦးတည္းရွိခ်ိန္မွာသာ နဂိုအက်င့္အတိုင္း ေနၿပီး သူမ်ားေတြ ေရွ႕မွာ ဣေျႏၵအျပည့္နွင့္ မင္းကေတာ္တစ္ပါးလို ေနရျခင္းျဖစ္ေလသည္။
ေဖ့က်င္း၏ အိမ္ေတာ္မွာ ၿငိမ္းခ်မ္းေအးေဆးပံုရေသာ္လည္း အမွန္စင္စစ္ ေၾကာက္ခမန္းလိလိေသာ စစ္ေျမျပင္ျဖစ္ေန၏။ ေနာက္ဆိုလ်င္ ပိုၿပီး သတိႀကီးႀကီးထားရဖို႔သာ ရွိသည္ကို ရန္ရွိနဥ္ ရိပ္မိလာေတာ့သည္။
___
___
[Unicode]
Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
--------------------
ဆုယွဲ့တစ်ယောက် ဖေ့ကျင်းအိမ်တော်မှ မောင်းထုတ်ခံလိုက်ရသည်။
ရန်ရှိနဉ်ကတော့ ဖေ့ကျင်း၏ အစီအစဉ်ကို ပြန်လည်သုံးသပ်နေရင်း မျက်မှောင်ကျုတ်ခဲ့မိလေသည်။ သူ့အကြံစည်အတိုင်း သူမ လိုက်နာဆောင်ရွက်ခဲ့သည်မှန်သော်လည်း သူ့လုပ်ရပ်က သူမကို အံ့အားသင့်သွားစေသေးသည်။ အမှန်တကယ်ပင် ဖေ့ကျင်းက ရန်ရှိနဉ် အတွက် ဆေးရွက်ပြုတ်ရည်ပို့ပေးရန် ဆုယွဲ့ကို ခိုင်းခဲ့သည်။ အစီအစဉ်အရဆို ဆေးရွက်ပြုတ်ရည်တွင်းမှာ ဘာ အဆိပ်မှ မပါသင့်။ သို့သော်လည်း ရန်ရှိနဉ် လက်သည်းခွံအောက်မှာ အဆိပ်မှုန့်များ ကပ်ထားသည်။ သူမ စွပ်ပြုတ်ရည်ဇွန်းကို ကိုင်ပြီး မှုတ်နေစဉ်မှာ အဆိပ်ကို ခိုးထည့်ပြီး ဆုယွဲ့ကို ချောက်ချမလို့ပင်။ သူမ ထင်မထားခဲ့သည့်အချက်က ထိုအဆိပ်ပုလင်းကို ဆုယွဲ့ အိပ်ခန်းတွင် ထပ်မံရှာတွေ့ခဲ့ခြင်း။
ရန်ရှိနဉ် လက်ဝယ်ရထားသည့်အဆိပ်မှာ ဖေ့ကျင်းပေးထားခြင်းဖြစ်သည်။ ဆုယွဲ့အခန်းထဲမှ ရှာတွေ့သည့်အဆိပ်ကို ပေ့သို စစ်ကြည့်ပြီးသောအခါမှာ ဖေ့ကျင်း သူမကို ပေးထားသည့် အဆိပ်နှင့်လအတူတူပင်ဖြစ်နေသည်ကို သိလိုက်ရသည်။ အစကတော့ ဆုယွဲ့အိပ်ခန်းထဲ အဆိပ်ပုလင်းထည့်ပြီး ချောက်ချသည်ဟု သူမ ထင်ခဲ့သေးသည်။ သို့သော်လည်း ဆုယွဲ့၏ အပြစ်မကင်းသည့်မျက်နှာထားကို တွေ့တော့မှ ဆုယွဲ့ တကယ်ပဲ အဆိပ်ကို လက်ဝယ်ပိုင်ဆိုင်သိမ်းထားမှန်း သဘောပေါက်ရတော့၏။ ဆိုလိုတာက တစ်စုံတစ်ယောက်က ဖေ့ကျင်းကို အန္တရာယ်ပြုရန် အစီအစဉ်ရှိနေပြီး ဖေ့ကျင်းက ထိုသူ၏ လက်နက်ဖြင့်ပင် ပြန်လည်တုန့်ပြန်လိုက်သည့်သဘော။ ဖေ့ကျင်း အတွက်အချက်တော်သည့်အပေါ်ကိုတော့ သူမ လေးစားအထင်ကြီးမိပြီ။
ဆုယွဲ့၏ အဆိပ်က ဖေ့ကျင်းအတွက်လား၊ သူမ အတွက်လား ဆိုသည်ကိုတော့ ရန်ရှိနဉ် မသေချာပင်။ ပြီးတော့ ဆုယွဲ့ကိုယ်တိုင် ဝယ်ထားသည်လား၊ တစ်ပါးသူက ဆုယွဲ့ကို တိတ်တဆိတ်လာပေးထားသည်ကိုလည်း မသိရ။ ဟွမ်ကော်ကုန်းအိမ်တော်က တစ်ဦးဦးနှင့် ပတ်သက်နေပုံတော့ရသည်။
ဖေ့ကျင်း သူမ နားအနား ကပ်တိုးပြောခဲ့သည်ကို ရန်ရှိနဉ် သတိရမိတော့ ရင်တွေ လှိုက်ဖိုသွားမိပြန်သည်။
အစေခံမိန်းကလေးများ အိပ်ဆောင်ထဲကထွက်သွားတော့ ဖေ့ကျင်းက သူမ လက်ကောက်ဝတ်များကို ဖမ်းချုပ်ကိုင်ထားတော့၏။
"အစ်ကိုကြီး၊ ဒါ ဘာလုပ်နေတာလဲ" ရန်ရှိနဉ်မေးလည်း မေး၊ လက်ကောက်ဝတ်များကိုလည်း အလွတ်ရုန်းနေလိုက်သည်။
ဖေ့ကျင်းကတော့ ရန်ရှိနဉ် မျက်နှာရှေ့ကို ကတ်ကြေးအသေးလေးတစ်ခု ဝှေ့ရမ်းပြရင်း၊ "မင်း လက်သည်းတွေ ညှပ်ပေးမလို့လေ... လက်သည်းကြားမှာ အဆိပ်တွေ အကြာကြီး ထားထားတာ မကောင်းဘူး..." ဟု ဆိုခဲ့၏။
အရင်တုန်းကတော့ ရန်ရှိနဉ် လက်သည်းအရှည်ထားရတာ မုန်းသည်။ သူမ လက်သည်းများကို အမြဲတစေ တိုအောင်ညှပ်ထားခဲ့သည်။ သို့သော်လည်း ရန်အိမ်တော် ရောက်လာချိန်မှာတော့ သူမ လက်သည်းကို အကျည်းတန်သည်ဟု ရန်ရှိထင် မကြာခဏ ဝေဖန်ပြစ်တင်သောကြောင့် အရှည်ထားဖြစ်ခဲ့ခြင်း။
ဖေ့ကျင်း သူမ လက်သည်းများကို ညှပ်သွားသည့်အတွက်တော့ ရန်ရှိနဉ် စိတ်မကောင်းမဖြစ်။ သို့သော်လည်း ဖေ့ကျင်းက သူမ လက်ကို ကိုင်ပြီး လက်သည်းကို အကျအနညှပ်ပေးသည့်အပေါ်ကိုတော့ ရင်ခုန်သွားမိသည်။
ဖေ့ကျင်းကတော့ သူမ လက်သည်းကို ညှပ်ရရုံနှင့် မကျေနပ်နိုင်သည့်အလား ရေနွေးဇလုံယူပြီး သူမ လက်နှစ်ဖက်ကို စိမ်ဆေးပေးနေခဲ့သည်။
"အစ်ကိုကြီး၊ ကျွန်မ လက်သည်းကြားမှာ အဆိပ်နည်းနည်းလေးပဲ ရှိနေတာနော်" ရန်ရှိနဉ် ဆိုသည်။ "အစ်ကိုကြီး လက်သည်းလည်း ညှပ်ပြီးပြီပဲ၊ လက်ဆေးပေးရလောက်တဲ့ အထိတော့ မလိုပါဘူး..."
"သတိဆိုတာ ပိုတယ်မရှိဘူး..." ဖေ့ကျင်း ပြန်ပြောခဲ့သည်။ "မင်း ယောင်ပြီး ပါးစပ်ထဲ လက်ထည့်မိရင် ဘယ်လို လုပ်မလဲ... ခင်္သြေ့လေးကို ဆုံးရှုံးလိုက်ရရင် ကိုယ် ဘယ်လိုလုပ်ရပါ့...?"
ရန်ရှိနဉ်တော့ သေချင်ယောင်သာ ဆောင်လိုက်တော့သည်။
တော်တော်ကြာတော့မှ ရန်ရှိနဉ် ယပ်တောင်တစ်ခု ကောက်ကိုင်ရင်း စားပွဲမှာ ဝင်ထိုင်သည်။
"မင်း ဘယ်အချိန်ကစလို့ သွားလေရာကို ယပ်တောင် ယူသွားတတ်တာလဲ..." ဖေ့ကျင်းက မေးသည်။ "အခုဆို ရာသီဥတုကလည်း အေးလာပြီကို..."
ယပ်တောင်မှာ အလွန်အသုံးဝင်သည်။ ယပ်တေူင် ကိုင်ထားလျင် ကြည့်ကောင်းသည်။ ရန်ရှိနဉ် အစာစစားလျင်၊ သမ်းဝေလျင် ယပ်တောင်နှင့် ကာ၍ ပြုနိုင်သည်။ သူမက ငယ်ရွယ်တက်ကြွဟန်ဆောင်လျက် မြူးတူးဟန်ပြမည်ဆိုလျင်လည်း လိပ်ပြာလေးများကို ယပ်တောင်ဖြင့် လှမ်းခတ်ရင်း ဆော့ကစားနိုင်သည်။ ရာသီဥတု ပူလျင် ယပ်ခတ်နိုင်သည်။ နေပူလျင် မျက်နှာကို ကာလို့ရသည်။ မိုးရွာလျင် ခေါင်းပေါ် အုပ်ထားလို့ရသေး၏။ ရန်ရှိထင်းပင်လျင် အကျႌဂါဝန်မှာ သွေးစွန်းပေသွားတုန်းက သူမ၏ ယပ်တောင်ကို ငှားပြီး ကာသွားခဲ့ဖူးသည်။
မြို့တော်ကို ရောက်ကတည်းက ရန်ရှိနဉ် သွားလေရာကို ယပ်တောင်လေး ကိုင်သွားရသည့် အဓိကအကြောင်းရင်းကတော့ ဂုဏ်သရေရှိ အမျိုးသမီး အသွင်ပေါ်ပေါက်စေရန်ဖြစ်၏။ သို့သော်လည်း ဤအကြောင်းရင်းမှန်ကို သူမ ဖေ့ကျင်းအား သိစေမည် မဟုတ်ပေ။
"နဝမမင်းသား ကျွန်မကို ရှင်းပြစရာလေး ဘာလေး မရှိတော့ဘူးလား" ရန်ရှိနဉ် ဖေ့ကျင်း မေးခွန်းကို မဖြေဘဲ ပြန်မေးခွန်းထုတ်လိုက်သည်။
ဖေ့ကျင်းလည်း ရန်ရှိနဉ်နံဘေး ဝင်ထိုင်ကာ လက်ဖက်ရည်တစ်ခွက် ယူသည်။ "ရှင်မက ဘာကို သိချင်လို့လဲ"
"ဆုယွဲ့အခန်းထဲမှာ အဆိပ်ရှိနေမှန်း နဝမမင်းသား ဘယ်လိုလုပ် သိတာလဲ..." ရန်ရှိနဉ်က မေးလိုက်သည်။
ဖေ့ကျင်းကတော့ လက်ဖက်ရည်ကြမ်းကို သောက်ရင်း သက်ပြင်းသာချလိုက်၏။ "ကြည့်ရတာ တချို့ကိစ္စတွေမှာ ရှင်မကို ဖုံးကွယ်ထားလို့ မရနိုင်ဘူးပဲ"
ဖေ့ကျင်း ရှင်းပြလာမည်ကို စောင့်ရင်း ရန်ရှိနဉ် စိတ်မရှည်စွာ စားပွဲခုံကို ခေါက်နေလိုက်သည်။
ဖေ့ကျင်းက ခွက်ကို ပြန်ချလိုက်သည်။ "မင့်ချစ်လင်သာ သူများတွေ အိပ်ခန်းထဲ ဘာတွေ ဝှက်ထားမှန်း သိမနေရင် နောက်ဘဝကူးသွားတာ ကြာလှရှိပြီ..."
ဖေ့ကျင်းက စသလို နောက်သလို လေသံပေါ့ဖြင့်ပြောသွားသော်လည်း ရန်ရှိနဉ် နားလည်သည်။ သူမ ဖေ့ကျင်းကို လက်မထပ်ခင်ကတည်းက ဘုရင့်သားတော်နှစ်ပါး အပြိုင် နဂါးပုလ္လင်ပေါ် ထိုင်ချင်နေသည်မှန်း သိခဲ့သည်။ ဖေ့ကျင်းကတော့ ဘုရင် မဖြစ်လို။ သို့သော်လည်း နန်းလုပွဲ၏ ရိုက်ခတ်ဒဏ်ကို မထိခိုက် မနစ်နာရပဲ လွတ်မည် မဟုတ်ပေ။ ဖေ့ကျင်း အိမ်တော်တွင်း လွှတ်ထားသော သူလျိုများ ရှိနေနိုင်သည်။ ထို့ကြောင့်လည်း သူမမှာ ဖေ့ကျင်းနှင့် နှစ်ဦးတည်းရှိချိန်မှာသာ နဂိုအကျင့်အတိုင်း နေပြီး သူများတွေ ရှေ့မှာ ဣနြေ္ဒအပြည့်နှင့် မင်းကတော်တစ်ပါးလို နေရခြင်းဖြစ်လေသည်။
ဖေ့ကျင်း၏ အိမ်တော်မှာ ငြိမ်းချမ်းအေးဆေးပုံရသော်လည်း အမှန်စင်စစ် ကြောက်ခမန်းလိလိသော စစ်မြေပြင်ဖြစ်နေ၏။ နောက်ဆိုလျင် ပိုပြီး သတိကြီးကြီးထားရဖို့သာ ရှိသည်ကို ရန်ရှိနဉ် ရိပ်မိလာတော့သည်။