အချစ်ဆိုတဲ့လမ်းကိုလျှောက်မိတဲ့လူသားတိုင်းရဲ့လမ်းဟာ ဘယ်သောအခါမှ မဖြောင့်ဖြူးတက်ကြပါဘူး။ အဲ့ဒီထဲမှာမှ ယောက်ျားနှစ်ဦးရဲ့ချစ်ခြင်းဟာ ပို၍လက်မခံနိုင်သောနိုင်ငံဖြစ်သော သွင်တို့မြန်မာနိုင်ငံကြီးတစ်ခု အပါဝင်ဖြစ်သည်။ ဒီလိုပဲ သွင်နဲ့မောင်ရဲ့ အချစ်လမ်းကလေးဟာလဲ တစ်ဝက်သာယာဖြောင့်ဖြူးပေမယ့် မောင့်မိသားစုဘက်က လမ်းဟာတော့ကြမ်းတမ်းခက်ခဲစွာလျှောက်လှမ်းနေရဆဲပါ။ သွင်တို့ကျောင်းသားခရီးစဉ်ဖြစ်တဲ့ ချောင်းသာကနေပြန်လာပြီး နောက်တပတ်အထိ သွင့်နဲ့မောင့်ရဲ့အကြောင်းဟာ ကျောင်းသားရေးရာgropမှာ တော်တော်လေးပြန့်နှံ့နေခဲ့သည်။ သွင်အဲ့ဒီအချိန်ကဆိုလျှင် အတော်လေးစိတ်ညစ်ခဲ့ဖူးသည်။ သွင်ပါသနာပါရာ စာသင်တဲ့အလုပ်ကိုစွန့်လွှတ်ရမှာကိုပင်။ သို့ပေမယ့်အချို့ကျောင်းသားများက လက်ခံကျသော်လည်း အချို့ကျောင်းသားများကတော့ လက်မခံကြပေ။ ထို့အချိန်ကဆိုလျှင် မသက်နဲ့မဇင်က သွင့်အနားမှာ အမြဲအားပေးလျှက်ရှိသည်။ အချိန်တွေကသိပ်မကြာလိုက်ပါ အခုဆိုကျောင်းမှာ နေသားတကျပုံမှန်ပြန်ဖြစ်နေသည်။
မောင့်companyမှာလုပ်တဲ့ သွင့်သူငယ်ချင်းနှစ်ယောက်ဆို မယုံကြည်နိုင်ဖြစ်ကာ ဖုန်းဆက်မေးကြသည်။
သွင့်လိုပင်မောင်အတွက်လဲ ဒီလိုပါပဲ။ မောင့်Companyဟာ မြန်မာနိုင်ငံမှာတင်မက အခြားနိုင်ငံအထိပါအောင်မြင်နေသောကြောင့် သွင်နဲ့မောင့်အကြောင်းကို အချို့မီဒီယာသမားများကဖော်ပြကြသည်။ မောင်ကငွေအင်အားသုံး၊ အာဏာသုံးတာကြောင့် သိပ်သတင်းမပေါက်လိုက်တာဖြစ်မယ်။ ဒီနေ့မေမေက မောင့်ကိုအိမ်မှာညစာဖိတ်ကျွေးရန် ဖုန်းဆက်ခေါ်ထားသည်။ သွင်ကတော့ မောင်အလာကို အိမ်ပေါက်ဝအထိ
ထွက်ကြိုနေခြင်းသာဖြစ်သည်။ သိပ်မကြာ သွင်ရပ်နေရာသို့ မောင့်ကားလေးထိုးရပ်လာသည်။
"မောင်ရောက်လာပြီလား..."
"မောင်နည်းနည်းနောက်ကျသွားတယ်။ အရေးပေါ်အစည်းအဝေးပေါ်လာလို့ အစည်းအဝေးပြီးပြီးချင်း အပြေးလာခဲ့ရတာ။ မောင့်ကိုအမောပြေလေး အနမ်းတစ်ချက်လောက်ပေးပါ့လား။"
သွင်မျက်နာရှေ့သို့ Sheinမျက်နာလေးထိုးပေးကာ အမောပြေအနမ်းတစ်ခု သွင့်ဆီကတောင်းခံလိုက်သည်။
"မောင်အိမ်ရှေ့ကြီးမှာ အိမ်ထဲမှာဖေဖေနဲ့မေမေရယ် ညီမလေးလဲရှိနေတာကို တော်ကြာမြင်သွားရင် မကောင်းဘူး။"
"ယောက္ခမကြီးနှစ်ယောက်နဲ့ ခယ်မလေးက အိမ်ထဲမှာလေ။ မောင်တို့က အိမ်အပြင်မှာ ဘယ်လိုလုပ်မြင်မှာလဲကွာ။ အမောပြေ အနမ်းတစ်ချက်ထဲကို သွင်ကနှမျောတွန့်တိုနေပြန်ပြီ။"
Sheinနှုတ်ခမ်းလွှာပေါ်သို့ ကျရောက်လာသော နှုတ်ခမ်းတစ်စုံနွေးနွေးကြောင့် သူအံ့သြမိသည်။ Sheinထင်ထားတာက သူ့ပါးပြင်ပေါ်ကိုပဲ နမ်းမည်သာထင်ထားသည်။ သို့သော် သွင်ကထင်ထားတဲ့အတိုင်းမဟုတ်ဘဲ Sheinနှုတ်ခမ်းကိုနမ်းလိုက်ခြင်းဖြစ်သည်။
ရုတ်တရက်နှုတ်ခမ်းကို အနမ်းခံလိုက်ရသောကြောင့် Sheinလဲ အနည်းငယ်ရှက်သွေးလေးများ မျက်နာပေါ်သို့ ဖြတ်သန်းသွားသည်။
"ဒီလောက်ဆိုအမောပြေပြီလား..."
သွင်အမေးကြောင့် Sheinပြုံးကာ ခေါင်းညိတ်မိလိုက်သည်။ သွင့်ရဲ့ အပြုအမူတစ်ခုချင်းဆီတိုင်းဟာ Sheinအတွက်တော့အချိန်တိုင်း ရင်ခုန်စိတ်လှုပ်ရှားစရာများဖြစ်သည်။
"ကိုကိုအိမ်ရှေ့ကြီးမှာ ဘာလုပ်နေတာလဲ။ မေမေက အိမ်ထဲမြန်မြန်ဝင်လာခဲ့ပါတဲ့။"
နှင်းမိုးစက် အကိုဖြစ်သူရဲ့ လန့်သွားတာကို သဘောကျကာ အိမ်ထဲသို့ပြန်ဝင်လာခဲ့သည်။
ညီမလေးရဲ့အသံကြောင့် သွင်နဲ့အတူမောင်ပါအနည်းငယ်လန့်သွားမိသည်။
"အဲ့တာမောင့်ကြောင့် ညီမလေးမြင်သွားလားမသိဘူး။ ဘယ်လိုမျက်နာနဲ့ ညီမလေးရှေ့မှာ ဘယ်လိုနေရမလဲမသိဘူး။"
မောင်နဲ့အတူသွင်ပါ ထမင်းစားခန်းထဲသို့ဝင်လာခဲ့ပြီး မေမေတို့ရှေ့မှခုံကိုဆွဲကာ ဝင်ထိုင်လိုက်သည်။
အန်တီနဲ့ဦးတို့စောင့်နေရတာကြာသွားလို့ တောင်းပန်ပါတယ်။
Shein မတော်ရသေးသော ယောက္ခထီးနဲ့ယောက္ခမဖြစ်သူကို အခုထဲကရိုကျိုးစွာနဲ့ တောင်းပန်လိုက်သည်။
"ရပါတယ်ကွယ်။ ဦးတို့ကလဲ သားနဲ့အတူ တစ်ခါမှထမင်းလက်ဆုံမစားရသေးတာကြောင့် အခုလိုညစာဖိတ်ကျွေးလိုက်ရတာပါ။ အခြားအကြောင်းတွေမရှိပေမယ့် ဦးတို့မိသားစုနဲ့သား ဒီထက်ပိုရင်နှီးသွားရင်လကောင်းမယ်ထင်လို့ပါ။"
"အကိုရေစကားလေးလဲလျော့ပြော ကလေးတွေလဲဗိုက်ဆာနေကုန်ရောပေါ့။ သားထည့်စားနော် ဘာမှအားမနားနဲ့။ အားနာရမယ့်သူတွေမဟုတ်ဘူး။"
ဖေဖေရဲ့စကားကို ဝင်ဖြတ်တားဆီးရင်း sheinဖက်သို့လှည့်ကာ မေမေဟင်းများထည့်ပေးရင်း အားမနာစွာနဲ့ ညစာစားသုံးရန်ပြောလေသည်။
"အခုလိုညစာဖိတ်ကျွေးလို့ ကျေးဇူးတင်ပါတယ်အန်တီ။"
"အေးပါကွယ် အခုလိုသားကို အလုပ်တွေမအားတဲ့ကြားထဲကနေ လာရောက်ပေးလို့ အန်တီတို့ကပိုကျေးဇူးတင်ရမှာပါ။"
"ဒါဆိုဦးနဲ့အန်တီ ကျွန်တော်ကိုပြန်ခွင့်ပြုပါအုံး။"
Sheinနှုတ်ဆက်ကာ ကားရှိရာအိမ်ရှေ့သို့ထွက်လာခဲ့သည်။ သူ့နောက်မှ သွင်ပါ ထပ်ကြပ်မကွာလိုက်လာ
လေသည်။
"မောင်မျက်နာလဲမကောင်းဘူး။ ဘာစိတ်ညစ်စရာတွေများရှိနေလို့လဲ။ သွင့်ကိုပြောလို့မရတာကြောင့်လား။"
သွင်ရှိရာဖက်သို့ မျက်နာလှည့်ကာ sheinစကားဆိုလိုက်သည်။
"မောင်နောက်တပတ်ထဲလောက် ပြည်ပခရီးစဉ်ထွက်ဖို့ရှိတယ်သွင်။"
ကားပေါ်မတက်ခင်ပြောလိုက်သောမောင့်စကားကြောင့် သွင့်ခြေလှမ်းတို့တုံခနဲရပ်ဆိုင်းသွားခဲ့သည်။
"ဘယ်လောက်ကြာမှာလဲမောင်"
"ဆယ့်ငါးရက်တပတ်လောက်တော့ကြာမယ်ထင်တယ်သွင်။ မောင်တို့ရဲ့companyရဲ့ brandတစ်ခုအတွက်ပြင်သစ်မှာ ပြဿနာအချို့ရှိနေတာကြောင့် မောင်မသွားလို့မရဘူး။ ဒါ့ကြောင့်မောင်က companyရဲ့အကြီးအကဲတစ်ယောက်အနေနဲ့ သွားရမယ်။"
အလုပ်ကိစ္စနဲ့ ဆိုတော့ သွင့်မှာတားပိုင်ခွင်မရှိတာ အသေအချာမဟုတ်လား။ အခုချိန်မှာသာ သွင်မသွားဖို့ တားလိုက်မယ်ဆိုရင် မောင့်မေမေရဲ့ သဘောမတူညီမှု့ဟာ ပိုဆိုးရွားသွားမယ်ထင်တယ်။
"ဟိုကိုရောက်နေတဲ့ အချိန်အတွင်း သွင့်ဆီကို အချိန်မှန်ဖုန်းခေါ်မှာလား။"
"ဒါပေါ့မောင့်မှာ အချိန်ပေးပြီးဖုန်းပြောရမယ့်သူက မောင်သိပ်ချစ်ရတဲ့သွင်တစ်ယောက်ပဲရှိနေတာကို။"
"မောင်အိမ်ပြန်တာနောက်ကျနေလို့ မောင့်မေမေက စိတ်ဆိုးနေအုံးမယ်။ မောင့်မေမေသဘောတူညီမှု့ရအောင် အလုပ်တွေကြိုးစားလိုက်ပါအုံးဗျာ။"
သွင်အပြောတွေကြောင့် sheinအသည်းယားလာကာ သွင့်ပါးနှစ်ဖက်ဖောင်းဖောင်းလေးကို လက်နှစ်ဖက်နဲ့ အားရပါးရဆွဲညစ်မိလိုက်သည်။
"မောင်လွှတ်တော့ကွာ သွင့်ပါးတွေနာနေပြီ။"
"အတော်နာသွားလားသွင်။ အသည်းယားလာလို့ မောင်စိတ်မထိန်းနိုင်ပဲ သွင့်ပါးကိုဆွဲညစ်မိလိုက်တာ။ ဟုတ်သားပဲ မောင်အားအတော်ပါသွားတယ်ထင် သွင့်ပါးလေးတွေအတော်နီရဲသွားတာပဲ။"
အခုလိုကျတော့လဲ မောင်ကသနားစရာမျက်နာလေးနဲ့ သူ့ကိုတောင်းပန်ကာ နီးရဲသွားသော ပါးနှစ်ဖက်ကို သူလက်ကို အာငွေ့ပေးကာ သွင့်ပါးပြင်လေးကို အနာသက်သာစေရန်လုပ်ပေးနေပြန်သည်။
"ဒါနဲ့ဓနနဲ့ကောတွေ့ဖြစ်သေးလားသွင်။"
"အခုနောက်ပိုင်းတော့ သိပ်မတွေ့ဖြစ်ဘူးမောင်။ သူလဲစာတွေနဲ့နပမ်းလုံးနေရလို့နဲ့တူတယ်။ သွင့်ဆီကိုဖုန်းတောင်သိမ်မဆက်ဘူး။ သွင်ကသာ သူ့အဆင်ပြေရဲ့လားဆိုတာကိုသိချင်လို့ သွင်ကဖုန်းဆက်မေးရတာ။"
"အေးလေ သူကတစ်နှစ်လောက် နောက်ကျမှတက်တာဆိုတော့ သူ့အတွက်ခက်ခဲမယ်ထင်တယ်လေ။ သူဝါသနာပါရာဆိုတော့လည်း ပိုအဆင်ပြေတာပေါ့။ တစ်ရက်လောက်ကျမှ ဓနကိုဖိတ်ပြီးညစာကျွေးကျရအောင်။"
"ဟုတ်ပါပြီ။ မောင်အဆင်ပြေမယ့်ရက်ကိုသာပြော သွင်ကဖုန်းဆက်ပြီးခေါ်လိုက်ပါ့မယ်။ အခုတော့ပြန်လိုက်အုံး။ တော်ကြာမတော်ရသေးတဲ့ ယောက္ခမကြီးရဲ့ ငြိုငြင်မှု့ကိုခံနေရအုံးမယ်။"
သွင့်သတိပေးစကားကြောင့်သာမဟုတ်ရင် သူသွင့်အနားကမခွာချင်သေး။
"မောင်မပြန်ချင်သေးဘူး။ ဒီညဒီမှာအိပ်လို့မရဘူးလား။"
"ဘယ်လိုလုပ်ရမှာလဲ။ အိမ်ကိုပဲပြန်လိုက်ပါနော်မောင်။"
ကလေးတစ်ယောက်လို အိမ်မပြန်ချင်သော နေရှိန်မင်းကြောင့် သွင်အခက်တွေ့နေပြန်သည်။ ကလေးလဲမဟုတ်ပဲ ဂျီကျနေသော ချစ်ရသူကြောင့် သွင်ရယ်ချင်မိသည်။
"သွင်ကမောင့်ကိုခွဲနိုင်ပေမယ့် မောင်ကတော့သွင်နဲ့ အဝေးကြီးမှာနေရတာ အဆင်မပြေတော့ဘူး။ သွင်နဲ့အတူတူ နိုးထလာမယ့် မောင့်ရဲ့မနက်တိုင်းမှာ သွင့်မျက်နာလေးကို အရင်ဆုံးမြင်တွေ့ရပြီး နိုးထချင်တာ။"
သိပ်ကိုစကားတက်လွန်းတဲ့ မောင်မဟုတ်ပါလား။ ဒီလိုအပြောတွေကြောင့် မောင့်အပေါ်ကို သွင်ပိုပြီးကြွေဆင်းလာတာဖြစ်မယ်။
"မောင်ပြန်တော့မယ်သွင်။"
"အွန်း ကားကိုကရုစိုက်ပြီးမောင်းနော်။"
"မောင်အတည်ပြန်ပြီနော်သွင်။"
"ဟုတ်ပါပြီဗျာ..."
"မောင်အတည်ပြန်တော့မယ်နော်..."
ပြန်မယ်၊ အတည်ပြန်တော့မယ်နဲ့ ပြောနေတာ ဘယ်နှစ်ခေါက်မြောက်မှန်းတောင် သွင်မရေတွက်ထားမိလိုက်။
"ကဲ မောင်ဘယ်လိုဖြစ်နေတာလဲ။ ပြန်မယ်ပြောတာ ဘယ်နှစ်ခါမြှောက်မှန်းမသိတော့ဘူး။ ဒါပေမယ့် အခုထိမောင် ကားပေါ်တောင်မတက်ရသေးဘူးနော်။"
"အခုတည်ပြန်ပြီ။"
ကားတံခါးကို စောင့်ပိတ်ကာ ကားကိုမောင်းထွက်သွားလေရဲ့။ ဒါဟာ သွင့်ကိုစိတ်ဆိုးသွားတယ်ဆို့တဲ့ သဘောမဟုတ်လား။ ဒီမောင်တစ်ယောက်နဲ့ အတော်ခက်ရပါသည်။ ဘယ်လောက်စိတ်ဆိုးဆိုး စိတ်ကောက်ကောက်။ မောင်ကသိပ်အချိန်မယူလိုက် ပြီးရင်မောင်ကပဲ စိတ်ဆိုးပြေကာ သွင့်ကိုစကားစပြောလေသည်။ ဒါကလဲ သွင်တို့ရည်းစားသက်တမ်း တစ်နှစ်ကျော်အတွင်း အမြဲဖြစ်လေ့ရှိသော အရာတစ်ခုဖြစ်သောကြောင့် သွင်ကမောင့်အကြောင်းကောင်းကောင်းသိနေခဲ့တာ မဟုတ်လား။ မောင်အိမ်ပြန်ရောက်ရင် သွင်ဆီကို ဖုန်းခေါ်မည်ကို အတပ်သိလေသည်။ သွင်ခြံတံခါးပိတ်ကာ သွင့်အခန်းရှိရာသို့ တက်လာခဲ့သည်။
----------------------–------
ဓနစာကျက်နေရင်းမှ ဖုန်းwallပေါ်တင်ထားသော တစ်ယောက်သောသူ အိပ်ပျော်နေသော ပုံကိုကြည့်ကာ ဓနအလိုလိုနှုတ်ခမ်းတို့ ပြုံးယောင်သမ်းလာသည်။ ဒီလူသားဟာ သူ့အတွက်အရာရာပင်။ ကိုသွင်ဟာ သူ့အတွက်
နေ့ဖက်မှာ အမည်းရောင်တိမ်တိုက်များကြောင့် မှောင်မဲနေသောတိမ်စိုင်တွေကို ကင်းစင်အောင် အမြဲအလင်းရောင်ပေးစွမ်းခဲ့တဲ့ နေမင်းတစ်ပါးဖြစ်သလို၊ ညဖက်တွေမှာ လမသာနိုင်အောင် ဖုံးကွယ်ထားသောတိမ်ရောင်တွေကြားမှာ ထွက်ပေါ်လာသောလမင်းတစ်ပါမဟုတ်လား။ သူ့အတွက်အလင်းရောင် အလုံအလောက်ပေးနိုင်တာ ကိုလရောင်သွင်ဆိုသော ဤလူသားပင်ဖြစ်သည်။
"ကျွန်တော်သိပ်လွမ်းတယ်ကိုသွင်။ အရမ်းလဲတွေ့ချင်နေမိတယ်။ ကျွန်တော် ကိုသွင်ကိုတွေ့ချင်တဲ့ စိတ်တွေကို ချိုးနှိမ်ထားပြီး ကိုသွင်ပြောခဲ့သလို စာကိုသာအာရုံစိတ်ပြီးကြည့်နေခဲ့တယ်။ ဒါပေမယ့် ဘယ်လိုလုပ်ပေးရမလဲ ကျွန်တော်ကိုသွင့်ကို လွမ်းတဲ့စိတ်၊ သတိရတဲ့စိတ်တွေက တားဆီးလို့မရဘူး။ ကျွန်တော်စာတွေကို သေချာလုပ်နေတယ်။ ကိုသွင်နဲ့တွေ့ရင် အရင်ကလို စိတ်ပျက်စရာကောင်းတဲ့ လူတစ်ယောက်မဖြစ်အောင် ကျွန်တော်ကြိုးစားနေတာကို ကိုသွင်သိရဲ့လား။"
ဓနတစ်ယောက်ထဲ ဖုန်းထဲကပုံကိုကြည့်ကာ စကားပြောနေခြင်းဖြစ်သည်။
ကိုသွင်က အိပ်ပျော်နေတာတောင် ချစ်ဖို့ကောင်းလွန်းနေပြန်သည်။ အဲ့ဒီနေ့က ဓနတို့ချောင်းသာ သွားတဲ့နေ့က
ကိုသွင်ကားမူးကာ သူ့ပခုံးပေါ်မှီကာ အိပ်ပျော်နေသော ကိုသွင်ရဲ့ပုံကို ကာယကံရှင်ကိုယ်တိုင်မသိသလို ကားပေါ်ပါလာသော အုခါးသူများပါ မသိအောင် ဓနခိုးပြီး ကိုသွင့်ပုံကို ဓာတ်ပုံခိုးရိုက်ခဲ့လေသည်။
"သားစာကျက်ရတာ ခေါင်းနောက်နေပြီလား။ ဒါဆိုခေါင်းနောက်ပြေလေ ကြီးကြီး သံပုရာရည်ကောင်းကောင်းလေးတစ်ခွက်ဖျော်လာတယ်။"
ဓနအတွေးလွန်ကာ သူ့အနားကိုကြီးကြီးရောက်နေတာကို သတိမထားမိလိုက်ပေ။ စာကြည့်ခုံပေါ်သို့ ဖုန်းကိုမှောက်ကာချထားလိုက်သည်။
"ကျေးဇူးပါကြီးကြီး။ တနေကုန်ပင်ပန်းထားတာဆိုတော့ သွားနားလိုက်တော့လေကြီးကြီး။"
"သားလဲအရမ်းနောက်ကျမနေနဲ့အုံး။ ကျန်းမာရေးထိခိုက်နေအုံးမယ်။ သားတစ်ခုခုလိုအပ်ရင် ကြီးကြီးကို အချိန်မရွေးလှမ်းခေါ်လိုက်နော်။"
ဓနအတွေးများနဲ့ သတိရစိတ်တို့က ထိန်းချုပ်မရနိုင်အောင် တွေ့ချင်နေသဖြင့် ကားကိုထုတ်ကာ ကိုသွင်အိမ်ရှိရာသို့ ကားမောင်ထွက်လာခဲ့သည်။
နာရီကိုကြည့်လိုက်တော့ ညဆယ့်တစ်နာရီပင်ထိုးလို့နေပြီ။ တစ်ဖက်သတ်အချစ်ဆိုသောအရာကို ဓနကြည်ဖြူစွာလက်ခံပြီူတဲ့နောက်ပိုင်း သူနဲ့ပတ်သက်လာတဲ့ သတိရတဲ့စိတ်၊ လွမ်းတဲ့စိတ်၊ သူချစ်ရတဲ့လူရဲ့မျက်နာကိုခိုးကြည့်နေရတာမျိုးအပြင် ကိုယ်ချစ်နေရတဲ့သူက သူချစ်ရတဲ့သူနဲ့ပျော်ပျော်ရွှင်ရွှင်ဖြစ်နေရင်တောင် သူ့အတွက်တော့ ချစ်ရတဲ့သူမျက်နာလေးကို မြင်ရရုံနဲ့ ကျေနပ်နေရခြင်းမျိုးဖြစ်သည်။ ဒါဟာတစ်ဖက်သတ် အချစ်အတွက်ဖြစ်ပေါ်လာသော အရာများမဟုတ်လား။ ချစ်ရတဲ့သူ အိမ်ရှေ့မရောက်ခင် ဓနကားမီးကိုမှိတ်ကာ ကားကိုအသာမောင်းလာခဲ့သည်။ အခုချိန်ထိ မအိပ်သေးဘူးထင်သည်။ သူ့ရှိရာအခန်းလေးထဲတွင် မီးထွန်းထားသည်ကို ဓနခြံအပြင်ကနေ လှမ်းကြည့်နေသောကြောင့် မြင်တွေ့ရလေသည်။အပြင်ကနေ အခန်းထဲရှိမီးရောင်ကြောင့် ဘာလုပ်နေသလဲဆိုတာကို သဲကွဲစွာမမြင်ရသော်လည်း ကိုယ်ချစ်ရသောသူက သူချစ်ရသောသူနဲ့ ဖုန်းပြောနေတာကိုတော့ ဓနမြင်ရသည်။ ဒီလောက်ဆို သူ့အတွက်လုံလောက်တဲ့အခြေအနေတစ်ခုမဟုတ်လား။ သူဒီလောက်နဲ့လဲ နှစ်သိမ့်ကျေနပ်နိုင်ပါသည်။ ကျွန်တော်ချစ်ရတဲ့သူလေး သူချစ်ရသောသူနဲ့ အဆင်ပြေနေတာကို မြင်ရတာကလဲ သူ့အတွက်ပျော်စရာတစ်ခုပင်။ ကျွန်တော်ချစ်ရသော ထိုလူသားကို ဘယ်လိုအကြောင်းကြောင့်နဲ့မှ စိတ်မညစ်စေချင်။ ဝမ်းနည်းကြေကွဲစွာနဲ့ ငိုကြွေးမနေလျှင် လုံလောက်ပါသည်။ ဓနကားကို အသာပြန်ကွေ့ကာ လာရာလမ်းအတိုင်း ကားကိုပြန်မောင်းထွက်လာခဲ့သည်။ အခုညအတွက် သူကောင်းကောင်းအိပ်ပျော်နိုင်ပြီမဟုတ်ပါလား။