Secret Guardian

By KimFany059

49.3K 4.8K 254

There is a woman who love Rosé so much More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Final

Part 10

1.7K 177 15
By KimFany059

Unicode

"ဒါဆို အခု နင်က Lisaနဲ့ အတူနေနေတယ်လို့ ငါ့ကိုပြောတာပေါ့နော် "

Ros ကို စိုက်ကြည့်ပြီး Jennie မေးလိုက်သည်

"ဟုတ်တယ်လို့ ဒါနဲ့ဆို ငါ ဖြေတာ လေးကြိမ်ရှိနေပြီနော် "

"Ok ပြီးတော့ သူက နင့်ရဲ့ Secret Guardian ဟုတ်တယ်ပေါ့ "

"Ash "

Ros တစ်ယောက် Jennieကို တစ်ကယ်စိတ်မရှည်တော့ပေ.... ကျောင်းကိုစရောက်ကတည်းက Lisaနဲ့ အတူနေကြောင်း ပြောနေတာကို အခုထိ အဲ့နှစ်မျိုးကို မေးလို့ မပြီးနိုင်ပေ

"ဟုတ်ပါတယ်ဆိုဟယ် "

"ဒါနဲ့ Lisaနဲ့ အတူနေရတာ ဘယ်လိုလည်း အာ ငါမေးချင်တာက တစ်ခုခုဖြစ်သွားသေးလားလို့ "

Jennieတို့ စကားဝိုင်းထဲ Yeriပါ ရောက်လာပြီး မေးလိုက်သည်

"ဘာကိုလည်း ငါ နားမလည်ဘူး "

Yeri မေးခွန်းကို Ros နားမလည်သောကြောင့် Jennie ရယ်ပြီး

"သွားမေးမနေနဲ့ သူက Innocent လေး ဟဲ့ "

"Awww တစ်ခုခုဖြစ်သွားလားဆိုတော့ ဘာမှမဖြစ်ပါဘူးဟယ် "

"သေချာလို့လား Dramaကားထဲကလိုလေ flirt တာတို့ ဘာတို့ "

Yeri ထပ်မေးတော့ Ros ခေါင်းခါပြသည်

"ကြည့်ရတာ Lisaက အိမ်ဖော်လိုချင်လို့ Ros ကို အကြွေးနဲ့ သိမ်းသွားတာထင်တယ် "

Jennie ပြောင်ချော်ချော်လုပ်ပြီး ပြောလိုက်သည်

"မဟုတ်ပါဘူးဟယ် "

Yeri ခေါင်းခါပြီး ဝင်ပြောလိုက်သည်

"ဘာဖြစ်ဖြစ် ညနေ ကျောင်းဆင်းရင် တစ်ယောက်ယောက်က ငါ့ကို လာကြိုမယ်လို့ Lisaက ပြောတယ် ပြီးရင် သူ့ companyကို လာရမယ်တဲ့ "

"ဘာလို့လည်း "

"သူက တခြားသူတွေနဲ့ အပြင်ထွက်တာ မကြိုက်လို့တဲ့ ...ဒီနေ့တစ်နေ့ကို ငါနဲ့အတူ ရှိချင်တယ်ပြောတာဘဲ "

Ros က အေးဆေးလေးပြောနေပေမယ့် Jenriကတော့ Rosကို စိုက်ကြည့်နေကြသည်

"ကဲ အတန်းချိန်နီးပြီ သွားကြစို့ "

Ros အတန်းနောက်ကျမှာ စိုးလို့ ကန်တင်းက ထွက်လာသည်

Jennieနဲ့ Yeriလည်း အနောက်ကနေ လိုက်လာကြသည်

"Lisaက ဘာလို့ overprotective ဖြစ်နေတာလည်း ငါစဥ်းစားမရဘူး "

Jennie မျက်မှောင်ကြုတ်ကာ ပြောတော့ Yeriမှာ ရယ်ပြီး

"နင် မသိဘူးလား သဘောမပေါက်ဘူးလား Jennie "

Yeriမေးတော့ Jennie ခေါင်းခါပြသည်

"နင်တကယ် ဝေးတာဘဲ.....Lisaက Ros ကို ချစ်မိနေတာလေ "

"Wait what! နင် ဘယ်လိုသိတာလည်း "

Jennie အံ့သြပြီး မေးတော့ Yeri ရယ်ပြီး

"ငါက Lisaရဲ့ သူငယ်ချင်း လေ ပြီးတော့ ကျောင်းမှာဆို Ros ရဲ့ သက်တော်စောင့်ပေါ့ "

"နေပါအုံး ဒါဆို Lisaက Ros ကို စောင့်ကြည့်ဖို့ နင့်ကို ဒီကျောင်း လွှတ်လိုက်တာပေါ့ ငါပြောတာ မှန်တယ်မလား "

"ဟုတ်တယ် သူ Ros ကို မြင်မြင်ချင်း သဘောကျပြီး Stalk ခဲ့တာ stalkလေ ပိုပြီး အချစ်နွံထဲ နစ်သွားလေပေါ့ဟယ် "

Yeri ပြောပြတော့ Jennie သဘောပေါက်သွားလေသည်

ကျောင်းဆင်းတော့ Ros တစ်ယောက် Lisaရဲ့ companyကို သွားလေသည်

ဘာလို့ ဒီနေ့ Lisaက သူမနဲ့ အတူရှိချင်နေမှန်း Ros နားမလည်ပေ

ပြီးကျ Lisaက ဘာလို့ သူမကို လိုချင်နေမှန်းလည်း Ros သဘောမပေါက်သေးပေ

"ရောက်ပါပြီ သခင်မလေး "

ဒါရိုင်ဘာရဲ့ စကားကြောင့် Ros သတိပြန်ဝင်လာသည်

"အာ Ros လို့ဘဲခေါ်ပါ ဦးလေး "

"ဟုတ် "

Ros လည်း ဒါရိုင်ဘာကို ကျေးဇူးတင်စကားပြောပြီး ကားပေါ်က ဆင်းလိုက်တော့ အရမ်းအရမ်းကြီးမားကျယ်ပြန်တဲ့ companyကြီးကို မြင်ပြီး ပါးစပ်အဟာင်းသား ဖြစ်သွားတယ်

Ros companyထဲ ဝင်သွားတော့ Jisooနဲ့ တွေ့လေသည်

"Hey Ros "

"Jisoo "

"နင့်မျက်နှာက အံ့သြနေတဲ့ ပုံဘဲ "

"ဟုတ်တယ် Companyက တော်တော်ကြီးပြီး ကျယ်လိုက်တာနော် အတွင်းပိုင်းက ပြင်ဆင်ထားတာတွေလည်း တော်တော်မိုက်တယ် "

"နင်သိလား ဘယ်သူ့အကူအညီမှ မပါဘဲ ဒီ companyကို ဒီလို ဖြစ်လာအောင် Lisa တစ်ယောက်တည်း ကြိုးစားစီမံခန့်ခွဲလာတာ "

"ဟုတ်လား "

"ကဲ ဒီဓာတ်လှေကားကနေ တတိယအထပ်ကို တက်သွား Lisaရုံးခန်းရှိတယ် "

Jisoo လမ်းညွှန်တဲ့အတိုင်း Ros သွားလိုက်သည်

Lisa ရုံးခန်းရှေ့ရောက်တော့ Ros အသက်ဝဝ ရှူပြီး တံခါးခေါက်လိုက်သည်

"Come in "

Ros အထဲက Lisa ခွင့်ပြုချက်ရလို့ တံခါးဖွင့်ဝင်သွားလေသည်

"Lisa "

Ros အသံကြောင့် စာချူပ်တွေကို မျက်မှောင်ကြုတ်ကာ ဖတ်နေတဲ့ Lisa တစ်ယောက် ချက်ချင်း ပြုံးသွားလေသည်

"Princess လာ ဟိုမှာ ထိုင်လိုက် "

Lisa စာချူပ်တွေ ပစ်ချပြီး Ros ဆီ သွားလိုက်သည်

"မင်းကို ကိုယ် ဒီလာခိုင်းရတာက အတူရှိချင်လို့တင် မဟုတ်ဘူး မင်းကို ပြစရာရှိလို့ "

"ဘာများလည်း "

Lisa စားပွဲပေါ်က fileကို ယူပြီး Rosကို ပေးလိုက်သည်

Ros လည်း Fileကို ဖွင့်ကြည့်တော့ သူမ အကြောင်းတွေကို တွေ့ရလေသည်

"Chawအကြောင်းတွေဘဲ "

"ဟုတ်တယ် မင်းနဲ့ကိုယ် မတော်တဆ ဝင်တိုက်မိတဲ့နေ့ မှတ်မိလား "

"မှတ်မိတယ် "

"အဲ့ဒီနေ့ကစပြီး မင်းအကြောင်း မတွေးဘဲ မနေနိုင်တော့တာဘဲ "

Ros မျက်နှာနားကပ်ပြီး Lisa ပြောလိုက်သည်

Ros မှာ ဘာပြောရမှန်းမသိ ဖြစ်နေသည် အခု သူမ ဘာခံစားနေရမှန်းလည်း မသိ ........

Lisa ကျောက်ရုပ်ဖြစ်နေတဲ့ Rosကို ကြည့်ပြီး သဘောကျလို့ ရယ်လိုက်သည်

"မင်းကြည့်ရတာ shockရသွားတဲ့ပုံဘဲ "

"Chaw နားမလည်သေးလို့ပါ "

"မင်း တစ်ကယ် ရိုးသားတာဘဲ Mr. Kim ဆီက မင်းကို ဘာလို့အကြွေးနဲ့ သိမ်းလာရတယ်ဆိုတာ မတွေးကြည့်ဖူးဘူးလား ....ဟုတ်တယ် ကိုယ် မင်းကို ချစ်တယ် Ros မင်းကို စွဲလမ်းနေတယ်....."

Lisa သူမ အခုလိုဖွင့်ပြောတာ အရမ်းမြန်နေမှန်းသိပေမယ့် သူမ ခံစားချက်ကို မထိန်းချုပ်နိုင်တော့ပေ ဒါကြောင့်မို့ Ros ကို ဖွင့်ပြောခဲ့ခြင်း ဖြစ်သည်

"ကိုယ် မင်းကို စတွေ့ကတည်းက သဘောကျတာ.....နေ့တိုင်း မင်းအကြောင်းဘဲ တွေးနေပြီး မင်းကို စောင့်ရှောက်ချင်စိတ်တွေ အမြဲထွက်ပေါ်လာတယ် "

"ဒါဆို Lisaက နတ်သမီးပေါ့ "

Ros ရဲ့ စကားကြောင့် ခံစားချက်အပြည့်နဲ့ ဖွင့်ပြောနေတဲ့ Lisa တစ်ယောက် အူကြောင်ကြောင်နဲ့ ဖြစ်သွားသည်

"ဟင် "

"Omma က chaw ငယ်ငယ်တုံးက ပြောဖူးတယ် chaw ဘေးမှာ နတ်သမီးရှိတယ်တဲ့ သူက chawကို သဘောကျပြီး စောင့်ရှောက်ပေးနေတာမို့ လိမ်လိမ်မာမာနေရမယ်တဲ့ ဒါဆို Lisa က chawကို သဘောကျပြီး စောင့်ရှောက်ချင်စိတ်တွေဖြစ်လာတယ် ဆိုတော့..... "

Ros ရဲ့ အတွေးအခေါ်စကားဆန်းတွေကြောင့် Lisa တစ်ယောက် ဘာပြောရမှန်းတောင် မသိဖြစ်နေသည်

"Chaw ဘေးမှာ အမြဲရှိနေပြီး စောင့်ရှောက်ပေးမယ်လို့ ကတိပေးပါ နတ်သမီးလေး "

Ros လက်သန်းထောင်ပြတော့ Lisa ဟက်ခနဲ ရယ်ပြီး Ros ရဲ့ လက်သန်းကို ချိတ်လိုက်သည်

"ဟုတ်ပါပြီ ဟုတ်ပါပြီ ကတိပေးပါတယ် "

Lisa သူမ အချစ်တွေ ဖွင့်ပြောဖို့ အခွင့်အရေးမရလိုက်ပေမယ့် Ros နဲ့ အတူရှိခွင့်ရလို့ ပျော်နေသည်

အိမ်ပြန်လမ်းတွင် Lisaက ကားမောင်းရင်း ပျော်ပြီး သီချင်းဆိုနေပေမယ့် Ros ကတော့ တိတ်ဆိတ်နေသည်

Ros companyမှာကတည်းက သူမ ခေါင်းကိုက်နေပြီး အမြင်တွေလည်း တစ်ခါတစ်ခါ ဝေဝါးနေသလို ခံစားနေရသည်

ခေါင်းအရမ်းကိုက်လွန်းလို့ Ros ပါးစပ်ကနေ ညည်းညူမိလိုက်သည်

"အား "

Ros အသံကြောင့် Lisa စိတ်ပူပြီး သီချင်းဆိုရာက ရပ်လိုက်သည်

"Ros ဘာဖြစ်လို့လည်း "

"ဟို ဘာမှမဖြစ်ပါဘူး ဗိုက်ဆာလို့ "

Ros မှာ Lisa ကို စိတ်မပူစေချင်လို့ ညာပြောလိုက်သည်

"Aww ခဏနေ အိမ်ရောက်တော့မှာပါ Sira ကို မင်းအတွက် မုန့်ပြင်ခိုင်းထားလိုက်မယ် "

"ဟုတ် "

Ros ခေါင်းညိတ်ပြီး တစ်ဖက်ကို လှည့်လိုက်သည် ......ပြတင်းပေါက်ကိုမှီရင်း နှုတ်ခမ်းကို ဖိကိုက်ကာ ခေါင်းကိုက်ဒဏ်ကို Ros ကြိတ်မှိတ်ခံနေသည်

#TBC

#zawgyi

Unicode





"Ash "


"ဟုတ်ပါတယ်ဆိုဟယ် "











"မဟုတ်ပါဘူးဟယ် "



"ဘာလို့လည်း "




















"ရောက်ပါပြီ သခင်မလေး "



"ဟုတ် "



"Hey Ros "

"Jisoo "




"ဟုတ်လား "




"Come in "


"Lisa "





"ဘာများလည်း "



"Chawအကြောင်းတွေဘဲ "


"မှတ်မိတယ် "












"ဟင် "










"အား "


"Ros ဘာဖြစ်လို့လည်း "




"ဟုတ် "


#TBC

Continue Reading

You'll Also Like

575K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
4.2M 119K 52
"The whole idea was a mess, in fact it was stupid. To get married with someone who's practically a stranger to me was already an absurd concept. But...
26.7K 4.1K 31
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
189K 9.7K 34
L & M Company ရဲ့ဥက္ကဌကြီးနှင့် Park Group ရဲ့ဒုဆေးရုံအုပ်တို့ တွေ့ဆုံကြသောအခါ