M A Z E
By JustPiece
425K 45.5K 2.7K
You're my MAZE ! I can't escape from you. 『 From 26.7.2020 To 7.11.2020 』 More
01
01 (unicode)
02
02 (unicode)
03
03 (unicode)
04
04 (unicode)
05
05 (unicode)
06
06 (unicode)
07
07 (unicode)
08
08 (unicode)
09
09 (unicode)
10
10 (unicode)
11
11 (unicode)
12
12 (unicode)
13
13 (unicode)
14
14 (unicode)
15
15 (unicode)
16
16 (unicode)
17
17 (unicode)
18
19
19 (unicode)
20
20 (unicode)
21
21 (unicode)
22
22 (unicode)
23
23 (unicode)
24
24 (unicode)
25
25 (unicode)
26
26 (unicode)
27
27 (unicode)
28
28 (unicode)
29
29 (unicode)
30
30 (unicode)
31
31 (unicode)
FINAL
FINAL (unicode)
18 (unicode)
7.8K 989 105
By JustPiece
ဟောင်းနွမ်းနေတဲ့ကင်မရာက ဘယ်လိုမှကိုဖွင့်လို့မရ‌ဘူး။ ဒီထဲမှာ ရိပေါ်အတွက် အရေးကြီးတဲ့တစ်စုံတစ်ရာရှိတယ်လို့ မသိစိတ်ကနေခံစားနေရတယ်။ ကင်မရာကဘယ်လိုအရာတွေကိုများမှတ်တမ်းတင်ထားမလဲဆိုတာကိုတွေးမိတော့ သိချင်စိတ်တွေကတဖွားဖွားပဲ။
ရှောင်းကျန့်ရဲ့ကားပေါ်မှာသာမက အိမ်မှာပါကပ်ထားတဲ့ ဓာတ်ပုံတွေက အာရုံထဲပြန်ရောက်လာတော့ မဟုတ်တာတွေကထပ်တွေးမိပြန်တယ်။ ဒါပေမယ့်လည်း မဟုတ်တဲ့အတွေးသက်သက်သာမို့ အဓိပ္ပါယ်မရှိဘူးလို့တွေးကာ တစ်ယောက်တည်းခေါင်းယမ်းမိပြန်တယ်။
ပြီးတော့ လက်ပတ်။
ဒီဟာကလည်း တကယ်အာရုံနောက်စရာပဲ။
ဦးနှောက်သေးသေးလေးနဲ့ များများစားစားတွေးတောမနေချင်တာကြောင့် ကင်မရာနဲ့လက်ပတ်ကိုလွယ်အိတ်ထဲကောက်ထည့်ပြီး အိမ်ကနေထွက်လိုက်တော့တယ်။ တစ်နေရာကိုသွားမယ်လို့ရည်ရွယ်ထားတာမို့ ဒီနေ့က အရင်နေ့တွေကထက် ပိုပြီးစောစောထွက်လာဖြစ်တယ်။
ဆိုင်ကယ်နဲ့သွားမှာမဟုတ်ပဲ ကားနဲ့သွားမယ်လို့ဆုံးဖြတ်မိတာက ရည်ရွယ်ချက်တစ်ခုတည်းကြောင့်သာ။
“ ဦးလေး ... ကင်မရာပြင်ဆိုင်ကောင်းကောင်းလေးများသိလား ”
အိမ်မှာ၅နှစ်ကျော်လောက် ဒရိုင်ဘာလုပ်လာတဲ့ဦးလေးက နှံ့နှံ့စပ်စပ်ရှိလှတယ်လို့ အဖေနဲ့အမေပြောတာကိုရိပေါ်ကြားဖူးတယ်။ သူ့အမေးကိုသေချာစဉ်းစားပေးနေတဲ့ဦးလေးပုံစံကို နောက်ကြည့်မှန်ကနေတဆင့် ရိပေါ်အကဲခတ်မိတယ်။ တကယ်ကိုပဲ သူမေးလိုက်မိတာမှန်သွားတဲ့ပုံ။ ခဏကြာတော့ ဦးလေးက လက်ဖျောက်တစ်ချက်တီးကာ ရိပေါ်ဖက်ကိုလှည့်ကြည့်လာတယ်။
“ မြို့လယ်မှာ ဆိုင်ကောင်းရှိတယ်။ သားရဲ့အဖေနဲ့ ခဏခဏသွားထားဖူးတယ် ”
“ ဟုတ်ပြီ ဒါဆို ကျွန်တော်ဦးလေးကိုပဲအပ်လိုက်တော့မယ်။ ပါးကိုတော့ ပြန်မပြောနဲ့နော် ဦးလေး ”
“ ဒီလောက်တော့ ဦးလေးသိပါတယ်သားရ ”
ရိပေါ်ပြုံးလိုက်ကာ ကင်မရာနဲ့ပိုက်ဆံကို ဦးလေးလက်ထဲထည့်ပေးလိုက်တယ်။ သေချာပြင်နိုင်လိမ့်မယ်လို့ ဘာလို့များယုံကြည်နေရတာလဲမသိဘူး။ လက်ကလက်ပတ်ကိုစမ်းလိုက်မိတော့ သက်ပြင်းကိုအလိုလိုချမိသွားတယ်။ မသိတဲ့ပုစ္ဆာတစ်ပုဒ်ကိုဖြေရှင်းနေရသလိုဆိုပေမယ့် အဲ့ဒီပုစ္ဆာရဲ့အဖြေကို ‌ရှောင်းကျန့်သိနိုင်လောက်တယ်လို့လည်းထင်မိပြန်တယ်။
စာသင်ချိန်ပထမဆုံးအချိန်က ရှောင်းကျန့်ရဲ့အချိန်ပဲ။ ပုံမှန်အတိုင်းပဲ စာသင်ခန်းထဲဝင်ထိုင်နေတဲ့ရိပေါ်က အတန်းထဲဝင်လာတဲ့ရှောင်းကျန့်ကိုလည်း ပုံမှန်အတိုင်းသာကြည့်နေခဲ့တယ်။ ဒါပေမယ့် ခုံပေါ်တင်ထားတဲ့လက်ကတော့ ကျန်လက်တစ်ဖက်ဆီက လက်ပတ်ကိုတို့ထိနေခဲ့လေတယ်။
“ ရိပေါ် ဘာဖြစ်လို့လဲ ”
“ ဟင် ဘာဖြစ်လို့လဲ ? ဘာမှမဖြစ်ပါဘူး ”
အသံအုပ်အုပ်နဲ့မေးလာတဲ့Ryuက ခေါင်းကိုပါငုံ့လို့ ရိပေါ်ဖက်ခပ်သာသာလေးစောင်းကြည့်လေတယ်။ ပြီးနောက် ရှောင်းကျန့်ရှိရာမျက်စပစ်ပြပြီးနောက် ရိပေါ်ကိုကြည့်လေတယ်။ စူးစူးစမ်းစမ်းအကြည့်များဖြင့်။
“ မင်း ဆရာရှောင်းကိုပဲ သေချာလိုက်ကြည့်နေလို့လေ။ အရင်ရက်တွေက အဲ့လိုမဟုတ်ပါဘူး ”
“ အာ အထွေအထူးမဟုတ်ပါဘူး ”
“ သေချာတယ်နော် ရိပေါ် ! ငါကတော့မင်းကို ဆရာရှောင်းနဲ့ သိပ်မပတ်သက်စေချင်ဘူး ”
“ ဘာလို့လဲ ”
“ ဘာလို့လဲဆိုတာ ငါလည်းဒီအချိန်မှာ မပြောပြနိုင်သေးဘူး ”
သူRyuကိုသာသေချာပြန်ကြည့်လိုက်မိတယ်။ ဒီအချိန်မှာ ပဟေဠိလာဖွက်ချင်နေတဲ့Ryuက ရိပေါ်ကိုမကြည့်တော့ပဲ အရှေ့ကိုပြန်လှည့်သွားပြီဖြစ်တယ်။ များများစားစားမတွေးချင်တဲ့ရိပေါ်က Ryuကဒီတိုင်းသူ့ကိုစိတ်ပူနေတာပဲဖြစ်မယ်ဆိုတဲ့ယူဆချက်တစ်ခုနဲ့ ဒီစကားဝိုင်းရဲ့ဖြစ်နိုင်ချေတွေကို ဆက်မစဉ်းစားတော့ပဲ အဆုံးသတ်ပစ်လိုက်တယ်။
သမိုင်းကပျင်းရိစရာဆိုပေမယ့် ရှောင်းကျန့်ကကျောင်းသားတွေစိတ်ဝင်စားလာအောင် သင်ကြားနိုင်စွမ်းရှိတယ်။ စသိတုန်းက ဆရာတစ်ယောက်အသွင်နဲ့မတူပေမယ့် စာသင်နေတဲ့အချိန်ကျတော့ ဆရာတစ်ယောက်ပါပဲလို့ရိပေါ်ကလက်ခံလိုက်ရတယ်။ အတန်းချိန်ပြီးသွားတဲ့နောက် ကျောင်းသားတွေရဲ့နှုတ်ဆက်မှုနဲ့အတူ ရှောင်းကျန့်ကသူ့ကိုအပြုံးပါးပါးလေးတစ်ခုနဲ့ကြည့်လာကာ တံခါးလက်ကိုင်ကိုလှည့်လို့ အခန်းထဲကထွက်ခွာသွားတယ်။ ရိပေါ်လည်း အချိန်ဆွဲမနေတော့ပဲ ရှောင်းကျန့်နောက်ကိုပြေးလိုက်သွားတော့တယ်။
“ ရှောင်းကျန့် ... စကားခဏလောက်ပြောလို့ရမလား ”
ပါးလှပ်လှပ်ကျောပြင် ၊ လှည့်ကြည့်လာတဲ့ ငြိမ်သက်နေတဲ့မျက်နှာထား ၊ စူးရှရှမျက်ဝန်းတစ်စုံက ရိပေါ်မျက်နှာထက်ကျရောက်လာတဲ့နောက် ပြုံးယောင်သမ်းသွားတဲ့နှုတ်ခမ်းပါး။ ဒါတွေကပုံပြင်ဆန်နေတယ်။ လှည့်ကြည့်လာတဲ့ဖြစ်အင်ကိုပဲ ရိပေါ်ကအနှေးပြကွက်နဲ့မြင်လိုက်ရသလိုဖြစ်သွားတယ်။ ဘယ်နတ်ဘုရားတွေကများ သူ့အမြင်ကိုလှည့်စားလိုက်‌လေသလဲ။ ရင်ဘတ်ထဲကနှလုံးသားတစ်စုံက အပြင်ကိုခုန်ထွက်လုမတတ် ပရမ်းပတာနိုင်နေလေတယ်။
“ ပြောလို့ရတာပေါ့ ”
သူ့ကိုအဖြေပေးပြီးနောက် ထပ်ပြုံးလာတဲ့နှုတ်ခမ်းပါးတွေကိုမြင်လိုက်ရတော့ ဝဲဘက်ရင်အုံထက်လက်ဝါးကိုဖိကပ်လိုက်မိတယ်။ တစ်စုံတစ်ရာကတော့ ရိပေါ်ကို ကောင်းကောင်းကြီးကိုအနှောင့်အယှက်ပေးနေလေပြီ။
“ ဒီမှာပဲပြောကြမလား ”
ရှောင်းကျန့် ‌ခြေစုံရပ်လိုက်တဲ့နေရာက အရေးပေါ်အတွက်လုပ်ထားတဲ့ တံခါးထွက်ပေါက်နောက်က လှေကားခြေရင်းမှာ။ လုံခြုံလှတဲ့နေရာတော့မဟုတ်ပေမယ့် ဒီအချိန်မှာစကားပြောဖို့ကသာအရေးကြီးနေတာမို့ ရိပေါ်ကသူ့ကိုကြည့်နေတဲ့ရှောင်းကျန့်ကိုခေါင်းငြိမ့်ပြမိတယ်။
“ ဒီလက်ပတ် ... ”
“ ပြန်ရောက်တော့ အိမ်ကဆူသေးလား ”
ရိပေါ်ရဲ့ခပ်တိုတိုနှုတ်ထွက်စကားက ရှောင်းကျန့်ရဲ့စိုးရိမ်စကားအောက်မှာ ပျောက်ရှသွားရတယ်။ ဘောင်းဘီအိတ်ကပ်ထဲထည့်ထားတဲ့လက်က လက်ပတ်ကိုထုတ်ယူပစ်ဖို့အတွက်တောင် တို့လို့တန်းလန်း။ ခေါင်းငုံ့ထားရာကနေမော့ကြည့်လိုက်တော့ ရင်ဆိုင်လိုက်ရတာက ရှောင်းကျန့်ရဲ့စိတ်ပူရိပ်သမ်းနေတဲ့မျက်ဝန်းညိုညို။ မျက်တောင်တစ်ချက်ခတ်လိုက်သော်ငြားလည်း ဒီမျက်ဝန်းရဲ့အကြည့်က ရိပေါ်ဆီသာအခြေပြန်တည်လေတယ်။
ကွယ်ဝှက်မထားပဲထုတ်ပြလို့လာတဲ့ ဒီလူ့ရဲ့စိတ်ပူရိပ်တွေက ရိပေါ်ရဲ့ဖွင့်ပြောရခက်နေတဲ့အမေးစကားတွေကို တိခနဲပိတ်ပင်နိုင်စွမ်းရှိတယ်။ မျက်ဝန်းတစ်စုံရဲ့အကြည့်အောက်မှာ ရိပေါ်စိတ်အစဉ်က ဟိုရောက်ဒီရောက်။
“ ဆူပေမယ့် နည်းနည်းပါ။ အကြောင်းမကြားပဲ တစ်ညတောင်ပြန်မအိပ်တာလေ ”
“ အဲ့လိုအဆူခံရမှာဆိုးလို့ ဖုန်းဆက်ခိုင်းခဲ့တာ။ ဝမ်ရိပေါ်က ဆက်မှမဆက်ပဲ ”
“ ခင်ဗျားကပါ ကျွန်တော့်ကိုအပြစ်တင်ပြန်တာလား ”
“ ငါကအမြဲတမ်း ဝမ်ရိပေါ်ဖက်ကပဲဖြစ်ချင်တာ။ ခုနကစကားကို အပြစ်တင်တာမဟုတ်ပဲ အကြံပေးတယ်လို့ပဲ သဘောထားလိုက်ပေါ့ ”
ပြေပြစ်စွာစကားပြောနိုင်စွမ်းတွေက ရှောင်းကျန့်ရဲ့စွမ်းရည်တွေထဲက တစ်ခုပဲဖြစ်ပါလိမ့်မယ်။ လိုသလိုဆွဲယူပြောနိုင်တဲ့စကားတွေထဲ တစ်ခါတရံပါလာတတ်တဲ့ နူးနူးညံ့ညံ့စကားတွေက ရိပေါ်ကာရံထားတဲ့တံတိုင်းကို တတိတိဖြိုချနေသလို။ ဒီလူ့ရဲ့အထိအတွေ့ကို လက်ခံလိုက်တဲ့ညတည်းက အဲ့ဒီတံတိုင်းက ဝုန်းခနဲပြိုကျသွားတာကိုတော့ ယောက်ျားတစ်ယောက်ရဲ့ဖြစ်တည်မှုကြောင့်ရှက်ရွံ့စွာနဲ့ပဲ မသိချင်ယောင်ဆောင်ထားမိတယ်။
“ ခုနက မေးမယ်ဆိုတာကဘာလဲ ဝမ်ရိပေါ် ”
ဘောင်းဘီအိတ်ထဲထည့်ထားတာကြာလို့ ချွေးစေးတွေထွက်ချင်လာတဲ့လက်ဖဝါးကို ဘောင်းဘီနဲ့အရင်ဖိသုတ်လိုက်ပြီးမှ လက်ပတ်ကိုထုတ်လိုက်တယ်။ ဒီလိုအရာတွေကို အရေးတယူနဲ့မမေးချင်ပေမယ့် သံသယဆိုတာက ထားကောင်းတဲ့အရာမဟုတ်တာကြောင့် မေးကြည့်ဖို့ပဲဆုံးဖြတ်လိုက်တော့တယ်။
“ ဒီလက်ပတ်လေးကို ကျွန်တော့်အိမ်ရဲ့စတိုခန်းထဲကတွေ့တာ။ မားပြောတာတော့ ကျွန်တော်ငယ်ငယ်ကအရမ်းကြိုက်ခဲ့တယ်တဲ့။ ခင်ဗျားသိလား ဒီလက်ပတ်နဲ့ ကျွန်တော့်ကို ခင်ဗျားပေးတဲ့လက်ပတ်က အတော်ကိုတူနေတယ် ”
မျက်မှန်အောက်ကမျက်ဝန်းတစ်စုံက ဘယ်လိုများပြောင်းလဲသွားမလဲလို့ ရိပေါ်ကအသေအချာကိုကြည့်မိတယ်။ ပြောနေတဲ့တစ်လျှောက်မှာလည်း သူ့အကြည့်အလုံးစုံက ရှောင်းကျန့်ရဲ့မျက်နှာထက်မှာသာ။ ခဏအကြာမှာပဲ ရိပေါ်ကကိုယ့်ကိုကိုယ်စိတ်ပျက်သွားရတယ်။ မလိုအပ်တဲ့သံသယတွေ ရှောင်းကျန့်အပေါ်မှာ သူထားနေမိတာပဲ။
“ အရမ်းကြိုက်ခဲ့တာကို ဝမ်ရိပေါ်ကမသိတော့တာလား။ မင်းအမေ ပြောပြမှ သိတာလား ”
လက်ပတ်ကိုပဲကြည့်နေခဲ့တဲ့ရှောင်းကျန့်ရဲ့အကြည့်က ရိပေါ်မျက်နှာဆီရောက်လာလေတယ်။ ရှောင်းကျန့်ရဲ့မျက်ဝန်းကအကြည့်တွေကို အမြဲဘာသာပြန်ဖို့ကြိုးစားလေ့ရှိတဲ့ရိပေါ်က ဒီတခါတော့ အဲ့ဒီမျက်ဝန်းကအကြည့်ကို သေချာနားမလည်လေဘူး။ အငြင်းစကားထွက်လာလိမ့်မယ်လို့ကျိန်းသေတွက်ထားပြီးမှ တခြားစကားထွက်လာလို့ သူ့စိတ်ကဗလာကျင်းသွားတာမျိုးဖြစ်ပါလိမ့်မယ်။
“ ကျွန်တော် ငယ်ငယ်ကတချို့ကိစ္စတွေကို သေချာမမှတ်မိဘူး ”
“ အင်း ... ငါမေးကြည့်တာက မင်းပြောလိုက်တဲ့စကားတွေကို သေချာနားမလည်လို့ပြန်မေးကြည့်ရုံပါ။ ပြီးတော့ မင်းတောင်မမှတ်မိတဲ့ပစ္စည်းတစ်ခုနဲ့ ငါ့ဆီကဘာများသိရမယ်ထင်လို့မေးကြည့်ရတာလဲ ”
ဒီလိုထပ်အမေးခံလိုက်ရတော့ ရိပေါ်ကဘာပြန်ဖြေရမလဲသေချာမသိတော့ဘူး။ လက်ပတ်ပတ်ပေးတုန်းက ရှောင်းကျန့်ရဲ့တမူထူးခြားနေတဲ့ပုံစံရယ်၊ ဘူးထဲကတွေ့လိုက်ရတဲ့လက်ပတ်က ရှောင်းကျန့်ရဲ့လက်ပတ်နဲ့တူနေတာရယ် ဒီလိုကိစ္စတွေကြောင့်ပဲ ရိပေါ်ကမေးကြည့်ဖို့ဆုံးဖြတ်လိုက်တာ။ မလိုအပ်ပဲသံသယဝင်မိသွားတာမှန်ပေမယ့် ရှောင်းကျန့်ဆီကတခုခုသိလာရလိမ့်မယ်လို့လည်း မျှော်လင့်ထားမိတာဖြစ်တယ်။
အခုတော့ အခြေအနေကတစ်မျိုးပြောင်းသွားတယ်။ သူနဲ့နီးကပ်နေတဲ့ရှောင်းကျန့်ရဲ့ပုံရိပ်က အနည်းငယ်စိတ်ဆိုးနေသယောင်။
“ ခင်ဗျားကိုယ်တိုင်ကျစ်ထားတာလို့ ကျွန်တော့်ကိုပြောခဲ့‌တော့လေ ဆင်တူလက်ပတ်တစ်ခုကိုတွေ့လိုက်ရတော့ မလိုအပ်ပဲတခြားအတွေးတွေတွေးမိသွားတာ။ ခင်ဗျားကိုစိတ်ရှုပ်စေမိရင် တောင်းပန်ပါတယ် ”
“ တောင်းပန်စရာကမလိုပါဘူး ဝမ်ရိပေါ်။ ရပါတယ် ”
“ ခင်ဗျား စိတ်ဆိုးသွားတာလား ”
“ စိတ်မဆိုးပါဘူး ”
အဲ့လိုသာပြောပေမယ့် ရှောင်းကျန့်ကသူ့ကိုတော့ဖြင့် ကြည့်မလာပါ။ ဒါပေမယ့် ထွက်လည်းမသွားသေးပါပဲ မျက်မှန်ကိုလက်ညှိုးနဲ့ပင့်တင်ကာ ခပ်မတ်မတ်ရပ်နေလျက်ရှိလေတယ်။ တင်းတင်းစေ့တပ်ထားတဲ့ ကြယ်သီးအကြည်လေးတွေကိုကြည့်နေရင်းဖြင့်ပဲ ‘ရှောင်းကျန့်တကယ်ပဲစိတ်ဆိုးနေတာလား’လို့တွေးလိုက်မိပြီး ဆောက်တည်ရာမရဖြစ်သွားမိတယ်။ ထို့နောက်မှာတော့ ရိပေါ်ကဆုံးဖြတ်ချက်တစ်ခုကို ခက်ခက်ခဲခဲချပစ်လိုက်ကာ ရှောင်းကျန့်ရင်ခွင်ထဲတိုးဝင်လိုက်တော့တယ်။
စကားအရာမှာမကျွမ်းကျင်လှတဲ့ရိပေါ်က စိတ်ဆိုးသယောင်ဖြစ်နေတဲ့ရှောင်းကျန့်ကို ဘယ်လိုချော့မော့ရမယ်မှန်း တကယ်ကိုပင်မသိပါ။ ဒီလိုဖက်ပေးလိုက်ခြင်းကိုပဲ ရိပေါ်ကကိုယ်ပိုင်ချော့နည်းတစ်မျိုးလို့ ယူဆပစ်လိုက်တာဖြစ်တယ်။ တချိန်ကမဖက်တတ်ဘူးလို့ ခပ်တည်တည်နဲ့ဖြေထားဖူးတဲ့ရိပေါ်က အခုတော့ဖြင့် လက်နှစ်ဖက်ကိုရှောင်းကျန့်ခါးတဝိုက် ရစ်ပတ်နှောင်ဖွဲ့စေလေတယ်။
“ ဒါကဘာလဲ။ ဝမ်ရိပေါ်ကငါ့ကိုချော့နေတာလား ”
“ ကျွန်တော်တတ်နိုင်သလောက်လေးချော့နေတာ။ ရှက်အောင် မစပါနဲ့လား ”
လက်ကျန်ခွန်အားလေးကိုစုပြီး အရှက်ကြီးစွာနဲ့ပဲ တောင်းပန်တိုးလျှိုးမိတယ်။ ဘယ်လောက်ပဲရန်ဖြစ်ဖြစ်,ဖြစ်နိုင်ပေမယ့် အခုလိုရှက်ဖွယ်အမှုတွေကိုပြုရတာက ရိပေါ်အတွက်အရမ်းကိုခက်ခဲလွန်းတယ်။ အတွေ့အကြုံမရှိတာကတစ်ကြောင်း၊ ‌ယောက်ျားအချင်းချင်းမို့ရှက်တာကတစ်ကြောင်းနဲ့ပဲ ရှောင်းကျန့်အရှေ့မှာဆိုရိပေါ်က ပိုလို့ပင်ရှက်ရွံမိတယ်။
ဒါပေမယ့် ရှောင်းကျန့်ကဆိုးမြဲဆိုးဆဲ။ မစပါနဲ့လို့ပြောထားလို့ ပိုလို့စသလားမှတ်ရတယ်။ နားရွက်ဖျားကို သွားနဲ့ခပ်စစကိုက်နေလေတယ်။
“ ရှောင်း ကျန့် ”
ပုခုံးကိုနဖူးနဲ့တိုက်လို့တားမြစ်လေတော့ ရှောင်းကျန့်ရဲ့ခပ်ဖွဖွရယ်သံကိုကြားလိုက်ရလေတယ်။ ပြီးနောက် ရှောင်းကျန့်ရဲ့လက်တစ်ဖက်က သူ့ကျောပြင်ကိုသိုင်းဖက်လာကာ တခြားလက်တစ်ဖက်ကတော့ ဆံပင်ကိုဖွလျက်ရှိတယ်။
“ ဝမ်ရိပေါ်က သွေးမစွန်းပဲလူသတ်ချင်ပုံရတယ်။ ငါ့ကိုသေသွားစေချင်လို့ ဖက်လိုက်သလားလို့တောင်ထင်ရတယ် ”
“ ချော့တာ ချော့တာ ရှောင်းကျန့်ရဲ့။ အပိုတွေမပြောနဲ့ ”
“ ဒီလိုသာချော့မယ်ဆို ငါတော့ ခဏခဏကိုအထင်လွဲခံချင်နေပြီ ”
နောက်ဆိုအထင်မလွဲတော့ပါဘူးလို့ ရိပေါ်ကဆုံးဖြတ်လိုက်မိတယ်။ ချော့ချင်လို့သာဖက်လိုက်ရပေမယ့် ဒီကိစ္စကိုရှောင်းကျန့်က ခဏခဏစနောက်နေတော့မယ့်ပုံပဲ။ ဒီလိုပုံစံနဲ့သာအဆုံးသတ်သွားမယ်မှန်းသိခဲ့ရင် ရိပေါ်ကလက်ပတ်ကိစ္စကို အမေးထုတ်ခဲ့မိလိမ့်မယ်မထင်ပါ။ အခုတော့ဖြင့် ဒီရင်ခွင်ရဲ့နွေးထွေးမှုကို ရိပေါ်ကလောဘတက်စွာနဲ့ပဲ ပြန်ပြီးမဖယ်ခွာနိုင်တော့ချေ။ ခါးထက်ကလက်တို့ကို ပိုလို့တောင်တင်းကြပ်လိုက်မိပါသေးတယ်။
ရူးရူးမိုက်မိုက်နဲ့ညွှတ်ကျချင်နေတဲ့သူ့စိတ်တွေက ရှောင်းကျန့်ဆိုတဲ့ချောက်နက်ကြီးထဲက ဘယ်လိုမှကုတ်ကပ်တွယ်တက်လို့မရနိုင်တော့သလို။ ။
...............။..............
JP : အထင်လွဲမယ်ကိုကြီးရေ။ အားရပါးရ အထင်လွဲပစ်လိုက်ချင်ပါတယ်။
WYB : ငါလွဲတာနဲ့တင်လုံလောက်ပြီတဲ့။ ဟုတ်တယ်မလား ရှောင်းကျန့်။
XZ : ငါကအမြဲတမ်း ဝမ်ရိပေါ်ဖက်ကပါပဲ။
(လက်ပတ်ကတကယ်ပဲရှောင်းကျန့်နဲ့မဆိုင်တာလား ? ဒီမေးခွန်းရဲ့အဖြေကိုတော့ ရှောင်းကျန့်ပဲသေချာသိပါလိမ့်မယ်)
Continue Reading
You'll Also Like
522K 55.5K 30
305K 38.8K 25
178K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
236K 21.6K 34
ခက်ထန်လွန်းရင်လည်း သူ... နူးညံ့ပြန်ရင်လည်း သူ... ဘယ်ဆီယိမ်းလို့ ဘယ်အရပ်သို့ဦးတည်လေမလဲ မှန်းရခက်ပါသော သူ... မောင်နဲ့လေပြည် ဘယ်သူက ပိုနားလည်ရလွယ်မလဲလေ...