Atelier (Completed)

By Lex_Morte

66.4K 7.6K 142

Love's at your disposal! We danced through greyish curtains until dawn awakes~ Non-RPF (Burmese : zawgyi + un... More

1_
2_
3_
4_
5_
You: the Person
You: the Artist
6_
You-PHORIA! (7)
A strayed cat or The Wizard? (8)
In my Atelier! (Final)
Lov-e-gration: in warm blood! (Extra)
Ri-Er (Extra)
Ardor (Extra)
Charm Enhanced (Extra)
Giggles and Tangled ~
Eerie 'I do' Phrase โ™ฅ (A)

Georgian Cheeseboat (Memo)

2.1K 257 22
By Lex_Morte

Apron အေရာင္, ဟာ ရိေပၚ, သတိလက္လြတ္ခ်စ္စဖြယ္
စိမ္းဖန္ ့ဖန္ ့ေလး...။

႐ွပ္လက္႐ွည္, နံ ့သာေရာင္ေလး, ရဲ႕ sleeves ကိုလည္း
တံေတာင္ဆစ္, မေရာက္တေရာက္အထိ
ေခါက္တင္ထားသည္မို ့, လက္ေကာက္ဝတ္႐ွိ
ၾကာခ်ည္လက္ေကာက္ေလး, က အထင္းသား။

ခါးသြယ္သြယ္, မွာ စည္းခ်ည္ထားတဲ့ Apron ႀကိဳးေလးက,
lovers' knot သ႑ာန္အထံုးငယ္ေလး,...။

ေျခတံ႐ွည္ေလးေတြက, နံ ့သာေရာင္ ဂ်င္းပန္ ့တ္
ေပ်ာ့ေပ်ာ့ေလးေအာက္မွာ, အခ်ိဳးက်စြာ တည္ေန၏။

Baton ကိုင္ထားတဲ့ ဂီတမႉးတစ္ဦးရဲ႕
လက္ေတြလို, ကိုကို ့လက္ေတြဟာ,
ညင္သာမႈ, အျပည့္ လႈပ္႐ွားေနတယ္...။

"မ်က္စိစားပြဲ, ထိုင္ရတာ ေပ်ာ္ရဲ႕လား ကေလး"

သိမ္ေမြ ့ေသာ္လည္း, သေရာ္သံေႏွာေသာ
ခ်စ္သူ ့စကားသံေၾကာင့္, ရိေပၚ, မ်က္ဆန္နက္ေလးေတြ
ကဏွာမၿငိမ္, ျဖစ္သြားရသည္။

အေတြးေတြ, ကို ႐ုပ္သိမ္းလိုက္ေတာ့
ကိုကို, က kitchen island ကို ခါးမွီၿပီး
လက္ပိုက္ရင္း, သူ ့ကို စူးစူးရဲရဲ, စိုက္ၾကည့္ေနသည္။

ေဆာင္းဦးမနက္ခင္း ေလႏုႏု, ဟာ ခ်စ္ေငြ ့လ်ွံေနတဲ့
အိမ္ကေလး, ထဲကို အလိုက္တသိ, တိုးဝင္လာတယ္ ~

"ကိုကို ၿပီးသြားၿပီလားဟင္ ရိေပၚ ဘာလုပ္ေပးရဦးမလဲ
ေကာ္ဖီေဖ်ာ္တာ? ဒါမွမဟုတ္......"

"ရၿပီ ကေလး ကိုယ္ ျပင္ထားၿပီးၿပီ
ဒါေပမဲ့ မနက္စာ, ကို ခဏ, ေနာက္က်ခိုင္းရေတာ့မယ္"

ရိေပၚ, က မနက္စာ, ကို ေနာက္က်ခိုင္းေနေသာ,
သူ ့ကို မ်က္ဝန္းအဝိုင္းသား, ၾကည့္ေနမိသည္။

ကိုကို, ဟာ မေတြ ့ရတာ ၾကာေလ၊ အေတြးခက္ေလပဲ~

ထိုင္ရာ, က ထၿပီး သူ, ရပ္ေနရာဆီ
ျဖည္းျဖည္းေလ်ွာက္သြားလိုက္၏။

"အလုပ္...႐ွိလို႔လား ကိုကို"

မေတြးရက္ေသာ, ကာလေတြမွာ သူ, ဒီလိုလုပ္ခဲ့ဖူးသည္
မဟုတ္ပါလား ~

"ေပါက္တတ္ကရေတြ ဟဟ"

ပုခံုး, ႏွစ္ဖက္ဆီ လွမ္းလာတဲ့ လက္အစံု, ဟာ
ပူေႏြးခိုင္ခံ့ေနတယ္ ~

႐ုတ္တရက္ ရိေပၚ, ကို သူ ့ရင္ခြင္ဆီ,
အားသံုးၿပီး, ဆြဲလိုက္ေလရဲ႕~

ခါး, တဝိုက္မွာ သက္ေတာင့္သက္သာ, မ႐ွိတဲ့
ခံစားခ်က္တစ္ခု, ကို သတိထားမိခ်ိန္, ရိေပၚ ထံက,
အသံမ်ွင္းေလး, ထြက္လာတယ္ ~

"ေဆာရီးရ္ ကေလး ကိုယ္ အမွတ္မဲ့သြားတာပါ
ကိုယ္ ေတာင္းပန္ပါတယ္ ကုန္ခဲ့တဲ့ညအတြက္ေရာ,
အခုအတြက္ေရာ"

လြန္လြန္ကဲကဲ, သိမ္ေမြ ့ေနတဲ့ ကိုကို ့အသံ, ဟာ
ရိေပၚ, ကို အေနရခက္ေစတယ္ ~ တကယ္ဆို........

"အက, ၿပိဳင္ပြဲေၾကာင့္လည္း ပါ, ပါတယ္ ကိုကို
ၿပီးေတာ့...."

သတိမမူမိခင္, ကိုကို, ဟာ ရိေပၚ, ကို စားပြဲေပၚ,
ဖြဖြေလး, ေပြ ့ရင္း ထိုင္ေစတယ္ ~

သြယ္လ်လြန္းတဲ့, ကိုယ္ခႏၶာေၾကာင့္
ကိုယ္က်ပ္, ဝတ္စံုေတြကိုပင္ ဝတ္ေလ့မ႐ွိတဲ့ ကိုကို, က
အခုေတာ့, ရိေပၚကိုယ္လံုးကိုပင္ ညႇင္းညႇင္းသာသာ,
ေပြ ့ခ်ီႏိုင္ေနေလရဲ႕ ~

"ၿပီးေတာ့..? ၿပီးေတာ့.... ကေလး ဘာေျပာခ်င္သလဲဟင္
ကိုယ္ကေရာ ဘယ္လိုစကားမ်ိဳးကို ၾကားရမွာလဲ ဟင္
ေျပာပါ ခ်စ္သူ"

မ်က္ဝန္းႏွစ္စံု, ဝင္တိုက္မိသြားတယ္ ~

ကိုကို, ဟာ ရယ္လို႔ေမာလို႔ ~

"ကုန္ခဲ့တဲ့ည,... အဲဒါက, ျမတ္ႏိုးခ်ိန္မို႔ အျပစ္မျဖစ္သင့္ဘူး
ေျပာတာပါ ကိုကို"

နားရြက္ေလး, ကို သတိလက္လြတ္, ဖမ္းကိုက္မိမွ
ကိုကို ့အေတြးေလး, ရိေပၚလက္ထဲ ျပန္ေရာက္တယ္ ~

"ကိုယ္ ဘာျပန္ေျပာသင့္သလဲ မ,သိတာပါ ကေလး
ကိုယ္ အျမဲတမ္း သတိထားပါရက္နဲ႔ အျမဲတမ္းလည္း
သတိ, ကို လႊတ္ခ်မိတယ္ နာရီခဏ, ၾကာၿပီးတဲ့အခါ
ကေလး, ေခြၽးစက္ေတြျမင္ရင္ ကိုယ္ သတိဝင္လာတယ္
ၿပီးေတာ့ ငိုခ်င္သြားတယ္"

သူ ့နားရြက္ေလးေတြေနာက္ကို, ပြတ္သပ္ရင္း
ေမး႐ိုးေလးတေလ်ွာက္, ရိေပၚ လိုက္နမ္းမိတယ္ ~

ကိုကို, ဟာ သူ ့စကားစ, ကို မျဖတ္ ~

ေနာက္က်ေနတဲ့ မနက္စာ, ကေတာ့ ခ်စ္ပံုျပင္တစ္ပုဒ္ကို
ငိုက္မ်ဥ္းစြာ နားေယာင္ေနေလရဲ႕ ~

"ကိုယ့္ကိုေလ ျမတ္ႏိုးရင္း မ, နမ္းပါနဲ႔လား ကေလးရယ္
မင္း,..., ကေလး...ကေလး..., က အမွတ္တမဲ့, ေပမဲ့
ကိုယ္ သတိေခ်ာ္သြားတတ္လြန္းလို႔ပါ"

သက္ျပင္းတခ်က္, ၿငိမ့္ၿငိမ့္ေလး ခ်လိုက္မိသည္ထင္ပါ့

ကိုကို, ဟာ ရိေပၚကို သမင္ငယ္, ရဲ႕ ထိတ္လန္ ့ျခင္းမ်ိဳးနဲ႔,
ၾကည့္လာတယ္ ~

"ကိုကို, ပဲ လို႔ ထင္ေနတာလားဟင္
ကိုယ့္ခ်စ္ႏွင့္သူ, ကို တတိတိ, ကိုက္ေနခ်င္မိမတတ္
ၿမိဳခ်မိမတတ္ ရင္ခုန္ရင္း၊ သူ ့အခ်စ္ေတြ, ကို ႐ွဴ႐ိူက္ရင္း
အသက္႐ွင္ေနရသလို ယံုၾကည္ေနမိတာ၊
ရိေပၚကေရာ..., ဟင္..., ကိုကို ့ခ်စ္သူ ရိေပၚကေရာ...,
သိပ္, အသိျမဲေနမယ္လို႔ ထင္ေနတာလား"

"ကေလးရယ္...."

"မ, နမ္းပါနဲ႔တဲ့လား..., ကိုကိုရယ္
ရိေပၚ, ရင္ဘတ္ေတြေအာင့္ရလိမ့္မယ္၊ ၿပိဳင္ပြဲတေလ်ွာက္လံုး
Inhaler သံုးၿပီး, အေမာခံလာခဲ့ရတာ ကိုကို သိပါတယ္၊
ဒါေပမဲ့ ကိုကို, ဟာ အဲဒီ Inhaler ထက္, ပိုၿပီး
ထိေရာက္တဲ့ breathing helper ~
မ, နမ္းရရင္ ကေလး...,"

"Enough! စိတ္ေလ်ွာ့ခ်လိုက္ေတာ့ ကေလး
ဒုတိယအႀကိမ္အျဖစ္, ကိုယ္ ေတာင္းပန္ပါတယ္"

"ေနာက္က်ေနၿပီးသားမနက္စာ, ကို ခဏဆက္ၿပီး
ေစာင့္ခိုင္းလိုက္ပါ ကိုကိုရယ္၊ ကေလး ေျပာခ်င္ေသးတယ္
ရိေပၚ, ထိ႐ွနာက်င္ရမွာ, ကိုကို သိပ္, ေၾကာက္မွန္း၊
မ, လိုလားမွန္း ရိေပၚ သိပါတယ္၊ ဒါေပမဲ့
ခ်စ္သူ, နဲ႔ အနီးကပ္ဆံုးထိ တြယ္တာခ်င္တဲ့ ကေလး, ကို၊
အခ်စ္ဆံုးတစ္ေယာက္ရဲ႕ ကိုယ္ေႏြးေငြ ့ေလး, ကို အတားအဆီးမဲ့ မ်ွယူခ်င္မိတဲ့ ကေလး, ကို၊
အစြန္းတဖက္အထိ, ေထြးေပြ ့ခ်င္မိလို႔ လုပ္ခဲ့တဲ့
ကိုကို ့အျပဳအမူေတြ, မွာ ရစ္မူးေခြယိုင္ေနၿပီးသား
ကေလး, ကိုလည္း ကိုကို နားလည္ေပးပါ"

ရိေပၚ, ဆံပင္ေလးေတြကို ပြတ္သပ္သိမ္း႐ွင္းေပးရင္း
ကိုကို, ဟာ ျပံဳးေနေလရဲ႕ ~

"ဟုတ္ပါၿပီ ကိုယ္ ကေလး, ကို နားလည္ပါတယ္"

ေလသံ, ဟာ ခပ္ေအးေအး ~ ႂကြရြတယ္၊ ေခ်ာ့ျမဴေနတယ္~

"သက္ေတာင့္သက္သာ, မျဖစ္ေနတာ, က
ရိေပၚ, ေျပာခဲ့သလို အက, ေလ့က်င့္ရင္း ပင္ပန္းတာလည္း၊
ပါ, ပါတယ္ ကိုကို, က အရမ္း သတိထားၿပီး သိမ္ေမြ ့တာပါ
ကေလး မ, ထင္ထားေလာက္တဲ့အထိေပါ့"

"ကိုယ့္အတြက္ ေၾကာင္ေမြးေလးေတြ, ကြၽတ္မွာစိုးမိလို႔ပါ
ကိုယ့္ေၾကာင္ကေလး, ရာ"

စားပြဲေပၚက, ျပန္ခ်ေပးၿပီး ထိုင္ခံုေလး, ကို
ေနာက္ဆြဲေပးလာပါေသာ, ကိုကို...။

"ဒါဆိုရင္ ကိုယ္တို႔ မနက္စာ,
စားၾကမလား ကေလး"

Cheeseboat ထဲက, Mozzarella နဲ႔ Feta
ႏွစ္မ်ိဳးေရာထားတဲ့ ခ်ိစ္အႏွစ္ေတြကို, ခက္ရင္းနဲ႔
ကစားေနရင္း ရိေပၚ တစ္ခု, သတိရသြားသည္။

"ဒါနဲ႔ ကိုကို ေစာေစာက မနက္စာ, ကို ဘာေၾကာင့္
ေနာက္က်ခိုင္းရတာလဲ"

Espresso အရသာ, အေတာ္ျပင္းသည္ထင္ပါရဲ႕၊
ကိုကို ့နဖူးေၾကာေလးေတြ, လိႈင္းထသြားသည္ေလ ~

"အဟမ္း ဒါက..., ကိုယ္ ကေလး, ကို
ခဏေလးၾကင္နာခ်င္လို႔..."

ကိုကို ့ရဲ႕ လူဆိုးေလးအၾကည့္ေၾကာင့္ ရိေပၚ
စိတ္ဝင္စားသြားသည္။

ခက္ရင္းေလးနဲ႔ ေခြၿပီး ႏႈတ္ခမ္းဆီ, တင္ေတာ့
ခ်ိစ္ေလးေတြ, က မုန္ ့ႏွင့္ ခြာခ်င္ေသးဟန္မတူ...။

အမ်ွင္ေလး, ကို ျဖတ္မပစ္ပဲ ရိေပၚ, ဟာ
ကိုကို ့ကို အရိပ္အျခည္ျပတယ္ ~

"ကိုယ့္, ကို နမ္းခြင့္ျပဳပါေနာ္"

ရိေပၚခ်စ္သူ, ဟာ အကဲစမ္းတာ သိပ္, ကြၽမ္းက်င္ေနရဲ႕ ~

တဖက္ထိုင္ခံုကေန ထ, လာၿပီး ရိေပၚေဘးမွာ,
ဝင္ထိုင္ရင္း ကိုကို, က ခ်ိစ္ေလး, ကို အလယ္မွာ
ကိုက္ထားလိုက္ေတာ့ အစြန္းတဖက္, ဟာ သူ ့ႏႈတ္ခမ္းမွာ
တည္သြားတယ္ ~

ႏႈတ္ခမ္းႏွစ္စံု, ပူးကပ္မိသြားသည္အထိ ခ်ိစ္အရသာက,
စြဲထင္ေနေလရဲ႕ ~

ဒီတစ္ေန ့လည္း ကြၽမ္းဝင္ခဲ့သည္ပါပဲ ~

ရိေပၚ, ကိုယ္လံုးေလးကို ထိန္းထားရင္း
သူ ့အနမ္း, ေတြ ႐ွည္လြန္းခဲ့တယ္ ~

ေအးစက္သြားတဲ့ Espresso ေတြကို ေဘစင္မွာ
သြန္ပစ္ခဲ့ၿပီးေနာက္ ရိေပၚ, အကေလ့က်င့္ခန္းေလးထဲကို
ဝင္လိုက္တယ္ ~

သူ ့အိမ္မွာ အက, ေလ့က်င့္ေစခ်င္ပါေသာ

ခ်စ္သူ ့လက္ေဆာင္အခန္းေလး ျဖစ္သည္ပဲ ~

မွန္ထဲမွာ, ကိုယ့္ကိုယ္ကိုသာ အာရံုစိုက္ထားမိသည္။

လက္ေလးေတြ လႈပ္႐ွားတာ၊
ေျခေထာက္ေတြကို ေကြးၫႊတ္တာ၊
အခုန္၊ အလွဲ၊ အားလံုး သတိထားၿပီး
ၾကည့္ေနသည္။

သည္ၾကားထဲက, သူ ့ကို ခိုးၾကည့္မိေတာ့ ရိေပၚ
အခ်စ္, တို႔ တိုးရျပန္သည္။

မွန္ထဲက, ကိုယ့္ကို ေထာင့္ေလးမွာ သူက ေငးလို႔၊ ျပံဳးလို႔...။

မေနႏိုင္သည္မို႔ အေျပးသြားၿပီး ကိုယ္ေပၚခုန္တက္ရင္း
ႏႈတ္ခမ္းမွီရာ, နမ္းေတာ့ 'ကိုယ့္ခ်စ္သူ သိပ္, ဆိုးတယ္'
တဲ့ေလ...။

တတ္ႏိုင္မည္မဟုတ္ ~ သူကလည္း ေပြ ့ထားရင္း
ၾကင္နာေနျပန္သည္။

ကိုယ္တို႔ႏွစ္ေယာက္, ဟာ အဆံုးအစမွ မ႐ွိပါပဲ
ခ်စ္သူရယ္ ~ ❤💚

Sorry for possible typing errors!

Ltns! xD (It's like a month from the last update!)

Unicode

Apron အရောင်, ဟာ ရိပေါ်, သတိလက်လွတ်ချစ်စဖွယ်
စိမ်းဖန် ့ဖန် ့လေး...။

ရှပ်လက်ရှည်, နံ ့သာရောင်လေး, ရဲ့ sleeves ကိုလည်း
တံတောင်ဆစ်, မရောက်တရောက်အထိ
ခေါက်တင်ထားသည်မို ့, လက်ကောက်ဝတ်ရှိ
ကြာချည်လက်ကောက်လေး, က အထင်းသား။

ခါးသွယ်သွယ်, မှာ စည်းချည်ထားတဲ့ Apron ကြိုးလေးက,
lovers' knot သဏ္႑ာန်အထုံးငယ်လေး,...။

ခြေတံရှည်လေးတွေက, နံ ့သာရောင် ဂျင်းပန် ့တ်
ပျော့ပျော့လေးအောက်မှာ, အချိုးကျစွာ တည်နေ၏။

Baton ကိုင်ထားတဲ့ ဂီတမှူးတစ်ဦးရဲ့
လက်တွေလို, ကိုကို ့လက်တွေဟာ,
ညင်သာမှု, အပြည့် လှုပ်ရှားနေတယ်...။

"မျက်စိစားပွဲ, ထိုင်ရတာ ပျော်ရဲ့လား ကလေး"

သိမ်မွေ ့သော်လည်း, သရော်သံနှောသော
ချစ်သူ ့စကားသံကြောင့်, ရိပေါ်, မျက်ဆန်နက်လေးတွေ
ကဏှာမငြိမ်, ဖြစ်သွားရသည်။

အတွေးတွေ, ကို ရုပ်သိမ်းလိုက်တော့
ကိုကို, က kitchen island ကို ခါးမှီပြီး
လက်ပိုက်ရင်း, သူ ့ကို စူးစူးရဲရဲ, စိုက်ကြည့်နေသည်။

ဆောင်းဦးမနက်ခင်း လေနုနု, ဟာ ချစ်ငွေ ့လျှံနေတဲ့
အိမ်ကလေး, ထဲကို အလိုက်တသိ, တိုးဝင်လာတယ် ~

"ကိုကို ပြီးသွားပြီလားဟင် ရိပေါ် ဘာလုပ်ပေးရဦးမလဲ
ကော်ဖီဖျော်တာ? ဒါမှမဟုတ်......"

"ရပြီ ကလေး ကိုယ် ပြင်ထားပြီးပြီ
ဒါပေမဲ့ မနက်စာ, ကို ခဏ, နောက်ကျခိုင်းရတော့မယ်"

ရိပေါ်, က မနက်စာ, ကို နောက်ကျခိုင်းနေသော,
သူ ့ကို မျက်ဝန်းအဝိုင်းသား, ကြည့်နေမိသည်။

ကိုကို, ဟာ မတွေ ့ရတာ ကြာလေ၊ အတွေးခက်လေပဲ~

ထိုင်ရာ, က ထပြီး သူ, ရပ်နေရာဆီ
ဖြည်းဖြည်းလျှောက်သွားလိုက်၏။

"အလုပ်...ရှိလို့လား ကိုကို"

မတွေးရက်သော, ကာလတွေမှာ သူ, ဒီလိုလုပ်ခဲ့ဖူးသည်
မဟုတ်ပါလား ~

"ပေါက်တတ်ကရတွေ ဟဟ"

ပုခုံး, နှစ်ဖက်ဆီ လှမ်းလာတဲ့ လက်အစုံ, ဟာ
ပူနွေးခိုင်ခံ့နေတယ် ~

ရုတ်တရက် ရိပေါ်, ကို သူ ့ရင်ခွင်ဆီ,
အားသုံးပြီး, ဆွဲလိုက်လေရဲ့~

ခါး, တဝိုက်မှာ သက်တောင့်သက်သာ, မရှိတဲ့
ခံစားချက်တစ်ခု, ကို သတိထားမိချိန်, ရိပေါ် ထံက,
အသံမျှင်းလေး, ထွက်လာတယ် ~

"ဆောရီးရ် ကလေး ကိုယ် အမှတ်မဲ့သွားတာပါ
ကိုယ် တောင်းပန်ပါတယ် ကုန်ခဲ့တဲ့ညအတွက်ရော,
အခုအတွက်ရော"

လွန်လွန်ကဲကဲ, သိမ်မွေ ့နေတဲ့ ကိုကို ့အသံ, ဟာ
ရိပေါ်, ကို အနေရခက်စေတယ် ~ တကယ်ဆို........

"အက, ပြိုင်ပွဲကြောင့်လည်း ပါ, ပါတယ် ကိုကို
ပြီးတော့...."

သတိမမူမိခင်, ကိုကို, ဟာ ရိပေါ်, ကို စားပွဲပေါ်,
ဖွဖွလေး, ပွေ ့ရင်း ထိုင်စေတယ် ~

သွယ်လျလွန်းတဲ့, ကိုယ်ခန္ဓာကြောင့်
ကိုယ်ကျပ်, ဝတ်စုံတွေကိုပင် ဝတ်လေ့မရှိတဲ့ ကိုကို, က
အခုတော့, ရိပေါ်ကိုယ်လုံးကိုပင် ညှင်းညှင်းသာသာ,
ပွေ ့ချီနိုင်နေလေရဲ့ ~

"ပြီးတော့..? ပြီးတော့.... ကလေး ဘာပြောချင်သလဲဟင်
ကိုယ်ကရော ဘယ်လိုစကားမျိုးကို ကြားရမှာလဲ ဟင်
ပြောပါ ချစ်သူ"

မျက်ဝန်းနှစ်စုံ, ဝင်တိုက်မိသွားတယ် ~

ကိုကို, ဟာ ရယ်လို့မောလို့ ~

"ကုန်ခဲ့တဲ့ည,... အဲဒါက, မြတ်နိုးချိန်မို့ အပြစ်မဖြစ်သင့်ဘူး
ပြောတာပါ ကိုကို"

နားရွက်လေး, ကို သတိလက်လွတ်, ဖမ်းကိုက်မိမှ
ကိုကို ့အတွေးလေး, ရိပေါ်လက်ထဲ ပြန်ရောက်တယ် ~

"ကိုယ် ဘာပြန်ပြောသင့်သလဲ မ,သိတာပါ ကလေး
ကိုယ် အမြဲတမ်း သတိထားပါရက်နဲ့ အမြဲတမ်းလည်း
သတိ, ကို လွှတ်ချမိတယ် နာရီခဏ, ကြာပြီးတဲ့အခါ
ကလေး, ချွေးစက်တွေမြင်ရင် ကိုယ် သတိဝင်လာတယ်
ပြီးတော့ ငိုချင်သွားတယ်"

သူ ့နားရွက်လေးတွေနောက်ကို, ပွတ်သပ်ရင်း
မေးရိုးလေးတလျှောက်, ရိပေါ် လိုက်နမ်းမိတယ် ~

ကိုကို, ဟာ သူ ့စကားစ, ကို မဖြတ် ~

နောက်ကျနေတဲ့ မနက်စာ, ကတော့ ချစ်ပုံပြင်တစ်ပုဒ်ကို
ငိုက်မျဉ်းစွာ နားယောင်နေလေရဲ့ ~

"ကိုယ့်ကိုလေ မြတ်နိုးရင်း မ, နမ်းပါနဲ့လား ကလေးရယ်
မင်း,..., ကလေး...ကလေး..., က အမှတ်တမဲ့, ပေမဲ့
ကိုယ် သတိချော်သွားတတ်လွန်းလို့ပါ"

သက်ပြင်းတချက်, ငြိမ့်ငြိမ့်လေး ချလိုက်မိသည်ထင်ပါ့

ကိုကို, ဟာ ရိပေါ်ကို သမင်ငယ်, ရဲ့ ထိတ်လန် ့ခြင်းမျိုးနဲ့,
ကြည့်လာတယ် ~

"ကိုကို, ပဲ လို့ ထင်နေတာလားဟင်
ကိုယ့်ချစ်နှင့်သူ, ကို တတိတိ, ကိုက်နေချင်မိမတတ်
မြိုချမိမတတ် ရင်ခုန်ရင်း၊ သူ ့အချစ်တွေ, ကို ရှူရိူက်ရင်း
အသက်ရှင်နေရသလို ယုံကြည်နေမိတာ၊
ရိပေါ်ကရော..., ဟင်..., ကိုကို ့ချစ်သူ ရိပေါ်ကရော...,
သိပ်, အသိမြဲနေမယ်လို့ ထင်နေတာလား"

"ကလေးရယ်...."

"မ, နမ်းပါနဲ့တဲ့လား..., ကိုကိုရယ်
ရိပေါ်, ရင်ဘတ်တွေအောင့်ရလိမ့်မယ်၊ ပြိုင်ပွဲတလျှောက်လုံး
Inhaler သုံးပြီး, အမောခံလာခဲ့ရတာ ကိုကို သိပါတယ်၊
ဒါပေမဲ့ ကိုကို, ဟာ အဲဒီ Inhaler ထက်, ပိုပြီး
ထိရောက်တဲ့ breathing helper ~
မ, နမ်းရရင် ကလေး...,"

"Enough! စိတ်လျှော့ချလိုက်တော့ ကလေး
ဒုတိယအကြိမ်အဖြစ်, ကိုယ် တောင်းပန်ပါတယ်"

"နောက်ကျနေပြီးသားမနက်စာ, ကို ခဏဆက်ပြီး
စောင့်ခိုင်းလိုက်ပါ ကိုကိုရယ်၊ ကလေး ပြောချင်သေးတယ်
ရိပေါ်, ထိရှနာကျင်ရမှာ, ကိုကို သိပ်, ကြောက်မှန်း၊
မ, လိုလားမှန်း ရိပေါ် သိပါတယ်၊ ဒါပေမဲ့
ချစ်သူ, နဲ့ အနီးကပ်ဆုံးထိ တွယ်တာချင်တဲ့ ကလေး, ကို၊
အချစ်ဆုံးတစ်ယောက်ရဲ့ ကိုယ်နွေးငွေ ့လေး, ကို အတားအဆီးမဲ့ မျှယူချင်မိတဲ့ ကလေး, ကို၊
အစွန်းတဖက်အထိ, ထွေးပွေ ့ချင်မိလို့ လုပ်ခဲ့တဲ့
ကိုကို ့အပြုအမူတွေ, မှာ ရစ်မူးခွေယိုင်နေပြီးသား
ကလေး, ကိုလည်း ကိုကို နားလည်ပေးပါ"

ရိပေါ်, ဆံပင်လေးတွေကို ပွတ်သပ်သိမ်းရှင်းပေးရင်း
ကိုကို, ဟာ ပြုံးနေလေရဲ့ ~

"ဟုတ်ပါပြီ ကိုယ် ကလေး, ကို နားလည်ပါတယ်"

လေသံ, ဟာ ခပ်အေးအေး ~ ကြွရွတယ်၊ ချော့မြူနေတယ်~

"သက်တောင့်သက်သာ, မဖြစ်နေတာ, က
ရိပေါ်, ပြောခဲ့သလို အက, လေ့ကျင့်ရင်း ပင်ပန်းတာလည်း၊
ပါ, ပါတယ် ကိုကို, က အရမ်း သတိထားပြီး သိမ်မွေ ့တာပါ
ကလေး မ, ထင်ထားလောက်တဲ့အထိပေါ့"

"ကိုယ့်အတွက် ကြောင်မွေးလေးတွေ, ကျွတ်မှာစိုးမိလို့ပါ
ကိုယ့်ကြောင်ကလေး, ရာ"

စားပွဲပေါ်က, ပြန်ချပေးပြီး ထိုင်ခုံလေး, ကို
နောက်ဆွဲပေးလာပါသော, ကိုကို...။

"ဒါဆိုရင် ကိုယ်တို့ မနက်စာ,
စားကြမလား ကလေး"

Cheeseboat ထဲက, Mozzarella နဲ့ Feta
နှစ်မျိုးရောထားတဲ့ ချိစ်အနှစ်တွေကို, ခက်ရင်းနဲ့
ကစားနေရင်း ရိပေါ် တစ်ခု, သတိရသွားသည်။

"ဒါနဲ့ ကိုကို စောစောက မနက်စာ, ကို ဘာကြောင့်
နောက်ကျခိုင်းရတာလဲ"

Espresso အရသာ, အတော်ပြင်းသည်ထင်ပါရဲ့၊
ကိုကို ့နဖူးကြောလေးတွေ, လှိုင်းထသွားသည်လေ ~

"အဟမ်း ဒါက..., ကိုယ် ကလေး, ကို
ခဏလေးကြင်နာချင်လို့..."

ကိုကို ့ရဲ့ လူဆိုးလေးအကြည့်ကြောင့် ရိပေါ်
စိတ်ဝင်စားသွားသည်။

ခက်ရင်းလေးနဲ့ ခွေပြီး နှုတ်ခမ်းဆီ, တင်တော့
ချိစ်လေးတွေ, က မုန် ့နှင့် ခွာချင်သေးဟန်မတူ...။

အမျှင်လေး, ကို ဖြတ်မပစ်ပဲ ရိပေါ်, ဟာ
ကိုကို ့ကို အရိပ်အခြည်ပြတယ် ~

"ကိုယ့်, ကို နမ်းခွင့်ပြုပါနော်"

ရိပေါ်ချစ်သူ, ဟာ အကဲစမ်းတာ သိပ်, ကျွမ်းကျင်နေရဲ့ ~

တဖက်ထိုင်ခုံကနေ ထ, လာပြီး ရိပေါ်ဘေးမှာ,
ဝင်ထိုင်ရင်း ကိုကို, က ချိစ်လေး, ကို အလယ်မှာ
ကိုက်ထားလိုက်တော့ အစွန်းတဖက်, ဟာ သူ ့နှုတ်ခမ်းမှာ
တည်သွားတယ် ~

နှုတ်ခမ်းနှစ်စုံ, ပူးကပ်မိသွားသည်အထိ ချိစ်အရသာက,
စွဲထင်နေလေရဲ့ ~

ဒီတစ်နေ ့လည်း ကျွမ်းဝင်ခဲ့သည်ပါပဲ ~

ရိပေါ်, ကိုယ်လုံးလေးကို ထိန်းထားရင်း
သူ ့အနမ်း, တွေ ရှည်လွန်းခဲ့တယ် ~

အေးစက်သွားတဲ့ Espresso တွေကို ဘေစင်မှာ
သွန်ပစ်ခဲ့ပြီးနောက် ရိပေါ်, အကလေ့ကျင့်ခန်းလေးထဲကို
ဝင်လိုက်တယ် ~

သူ ့အိမ်မှာ အက, လေ့ကျင့်စေချင်ပါသော

ချစ်သူ ့လက်ဆောင်အခန်းလေး ဖြစ်သည်ပဲ ~

မှန်ထဲမှာ, ကိုယ့်ကိုယ်ကိုသာ အာရုံစိုက်ထားမိသည်။

လက်လေးတွေ လှုပ်ရှားတာ၊
ခြေထောက်တွေကို ကွေးညွှတ်တာ၊
အခုန်၊ အလှဲ၊ အားလုံး သတိထားပြီး
ကြည့်နေသည်။

သည်ကြားထဲက, သူ ့ကို ခိုးကြည့်မိတော့ ရိပေါ်
အချစ်, တို့ တိုးရပြန်သည်။

မှန်ထဲက, ကိုယ့်ကို ထောင့်လေးမှာ သူက ငေးလို့၊ ပြုံးလို့...။

မနေနိုင်သည်မို့ အပြေးသွားပြီး ကိုယ်ပေါ်ခုန်တက်ရင်း
နှုတ်ခမ်းမှီရာ, နမ်းတော့ 'ကိုယ့်ချစ်သူ သိပ်, ဆိုးတယ်'
တဲ့လေ...။

တတ်နိုင်မည်မဟုတ် ~ သူကလည်း ပွေ ့ထားရင်း
ကြင်နာနေပြန်သည်။

ကိုယ်တို့နှစ်ယောက်, ဟာ အဆုံးအစမှ မရှိပါပဲ
ချစ်သူရယ် ~ ❤💚

Sorry for possible typing errors!

Ltns! xD (It's like a month from the last update!)














Continue Reading

You'll Also Like

36K 595 17
"Why are you like this?" "Don't know, Maybe its you.." !!!!!!!NO SMUT, RANBOO IS A MINOR!!!!!!! This book will be about: A 16 year old human (you) ju...
1.1M 19.2K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
45K 1.7K 23
แ€›แ€ฑแ€ธแ€žแ€ฐ โ™ฅโ™ฅ Moe Nge.. แ€กแ€ญแ€™แ€บแ€ทแ€‚แ€ปแ€ฐแ€ธ