Stay with me(season-2)[Chaeli...

By lae0327

54.2K 4.3K 898

တစ်အားရိုမှာပါနော် 😁😁😁 More

Ep(1)💛
Ep(3)
Ep(4)💛
Ep(5)💛
Ep(6)💛
Ep(7)
Ep(8)💛
Ep(9)
Ep(10)💛
Ep(11)
Ep(12)
Ep(13)💛
Ep(14)💛
Ep(15)
Ep(16)💛
Ep(17)💛
Ep(18)💛
Ep(19)💛
Final❤

Ep(2)💛

3.3K 244 64
By lae0327

လီလီဂျင်းစားဖို့လုပ်နေတုန်းမှာပဲ ဂျင်းအသံစူးစူးလေးကြောင့် ချက်ချင်းအပေါ်ပြေးတက်လာခဲ့မိသည် အခန်းထဲအမြန်ဝင်ပြီး ဂျင်းဘေးနားအပြေးသွားကာ

L''ဘေဘီ ဘာဖြစ်လို့လဲဟင်

J''ဗိုက်နာလို့ လီလီ

L''အရမ်းနာနေတာလားဟင်

J''ဟုတ်

မျက်နှာလေးငိုမဲ့မဲ့ဖြစ်နေသော ဂျင်းပုံကိုကြည့်ပြီး လီလီဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားရသည်

L''အရမ်းနာနေတာလား

J''အင်း မွေးချင်ပြီထင်တယ် နာတယ်

L''လာလာ ဆေးရုံသွားရအောင်နော်

လီလီဂျင်းကိုပွေ့ပြီးကားဆီခေါ်လာခဲ့လိုက်သည် ကားထဲဝင်ကာကားလေးကို ဆေးရုံသို့ ဦးတည်မောင်းနှင်နေတုန်းမှာပဲ လီလီ့ဆံပင်ကိုလာဆွဲသောဂျင်း

L''ဘေဘီဆံပင်မဆွဲနဲ့လေ ကိုယ်ကားမောင်းနေတာလေ

J''အား ဗိုက်နာတယ်လီလီရဲ့ နာတယ်အရမ်း

L''ကိုယ့်လက်ကိုကိုင်ထား

လီလီ့လက်လေးပေးလိုက်တော့ ဂျင်းကသူ့လက်လေးတွေနှင့် တင်းတင်းဆုပ်ကိုင်လာသည်

L''အား ဂျင်းရေ ဖြည်းဖြည်းကိုက်ပါ

J''လီလီကလည်း အရမ်းနာတယ်လို့

L''ကိုက်ကိုက် စိတ်ကြိုက်ကိုက်နော်

ကားကိုအမြန်မမောင်းပဲ လက်တစ်ဖက်ထဲနှင့် ဂရုတစိုက်မောင်းနေသော လီလီ့အဖို့မလွယ်ကူလှ ဂျင်းကဗိုက်နာနေတာမို့ လက်ကိုတင်းတင်းဆုပ်ထားသည့်အပြင် တစ်ချက်တစ်ချက်ထထကိုက်သည်မို့ ပို၍သတိထားနေရသည်

ခဏအကြာဆေးရုံရောက်ပြီမို့ ဂျင်းကိုပွေ့ချီပြီး ဆေးရုံဝန်းထဲခေါ်ခဲ့လိုက်သည် လီလီတို့ကိုမြင်တော့ ဆရာဝန်အချို့အပြေးရောက်လာတော့သည် တွန်းလှည်းပေါ်ဂျင်းကိုတင်ပေးလိုက်ပြီး မွေးခန်းထဲပို့ဖို့ ပြင်လိုက်သည်

L''ဘေဘီအားတင်းထားနော်

J''နာတယ်လီလီ

L''အင်းပါ ခဏပဲသည်းခံလိုက်နော် အဆင်ပြေသွားမှာ

Dr''ဒေါက်တာလီဆာ အပြင်မှာပဲနေခဲ့ပေးပါ

ဆရာဝန်ကအပြင်မှာနေခဲ့ဖို့ပြောတာမို့ တင်းတင်းဆုပ်ကိုင်ထားတဲ့ဂျင်းလက်လေးကို ဖြုတ်ဖို့လုပ်တော့

J''လီလီလိုက်ခဲ့ပေး

L''ခဏလေးပါ ကိုယ်အပြင်မှာစောင့်နေမယ်နော် ကိုယ်ရှိတယ်ဘေဘီလုပ်နိုင်မှာပါ ဟုတ်ပြီလား ကိုယ်စောင့်နေမယ်နော် ​ဘေဘီ့ကိုရော ကိုယ်တို့ရင်သွေးလေးကိုရော

ဂျင်းကခေါင်းကိုအသာငြိမ့်ပြလာသည်မို့ လက်လေးကိုဖြုတ်လိုက်ချိန် ဆရာဝန်များက မွေးခန်းထဲကို ဂျင်းအားခေါ်သွားခဲ့ကြသည် လီလီနောက်ပြန်လှည့်ချိန်မှာပဲ အနားကိုအပြေးတပိုင်းရောက်လာတဲ့ ဂျီဆူး

Ji''လီလီ ဂျင်းရောက်လာတယ်ဆို

L''ဟုတ်တယ်ဂျီဂျီ မွေးရက်မရောက်သေးတာကို ဘာဖြစ်လို့လဲ တစ်ခုခုများ..

စိုးရိမ်နေပုံရသောလီလီ့ကြောင့်

Ji''မဟုတ်တာလီလီရယ် ဂျင်းကိုယ်ဝန်အခြေအနေကောင်းတာ လီလီသိတာပဲ လီလီလည်းဆရာဝန်တစ်ယောက်ပဲလေ စောမွေးတာမျိုးကဖြစ်တတ်တာပဲမလား

ဖြစ်တတ်သည် ဒါပေမယ့်ခုကကိုယ်ချစ်ရသူမလား ဒါကြောင့်စိုးရိမ်မိသည်

L''သိပါတယ် ဒါပေမယ့်စိုးရိမ်တယ်

Ji''မိဘတွေကို အကြောင်းကြားလိုက်အုံးမယ်နော်

လီလီခေါင်းညိမ့်ပြလိုက်တော့ ဂျီဆူးကမိဘတွေဆီဖုန်းဆက်သည် လီလီတတ်သမျှဘုရားစာတွေကို ရွတ်ဆိုနေမိသည် ကလေးရောဂျင်းရောဘာမှမဖြစ်စေဖို့...

Ji''လီလီရယ် စိတ်အေးအေးထားပါ

L''ဂျီဂျီမှမဟုတ်တာ လီလီ့နေရာမှာဂျီဂျီဆိုလည်း ဖြစ်ပါမယ် စကားလာမပြောနဲ့တော့ ဆုတောင်းနေမလို့

အခန်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ပြီး နှုတ်မှတစ်တွတ်တွတ်ရွတ်ဆိုနေသောလီလီ့ကိုကြည်ံ့ပြီး ဂျီဆူးပြုံးမိသည် မကြာခင်မှာပဲ နှစ်ဖက်မိဘတွေရှေ့ဆင့်နောက်ဆင့်ရောက်လာကြပြီး အားလုံးမျှော်လင့်တကြီးစောင့်စားနေခဲ့ကြတော့သည်

.
.
.

"ကျွီ

မွေးခန်းတံခါးပွင့်သွားပြီး ဆရာဝန်တစ်ယောက်ထွက်လာကာ

Dr''ကလေးမွေးပြီးပါပြီ မိန်းကလေးပါ

L''ဒေါက်တာ မိခင်ရော

Dr''ဟုတ်ကဲ့ အားလုံးကောင်းပါတယ်

ထိုအခါမှသက်ပြင်းချသွားသော လီလီ့ကိုကြည့်ပြီး ဂျီဆူးပြုံးမိသည် အကောင်းဆုံးဆရာဝန်တွေနဲ့ သေချာဂရုစိုက်ထားတာကို စိတ်မအေးနိုင်ဖြစ်နေတာတွေ့ရတော့ ဂျင်းလေးအတွက်ပျော်မိသည် အစကလီလီကဂျင်းကို သိပ်မချစ်ဘူးထင်ခဲ့မိတာ ခုနောက်မှတဖြည်းဖြည်းသိလာခဲ့သည် လီလီသိပ်ချစ်တယ်ဆိုတာကို....

Dr''ဝင်ကြည့်လို့ရပါပြီနော်

Ji''တာဝန်ကျေပါတယ်

ဆရာဝန်များနှုတ်ဆက်ပြီးထွက်သွားကြတော့ လီလီတို့မွေးခန်းထဲဝင်လာခဲ့ကြသည်
ကုတင်ပေါ်မှာ အားအင်မရှိတော့ပုံပေါ်သောဂျင်း ဂျင်းရဲ့ဘေးကခြင်းလေးထဲမှာတော့ ကလေးလေးတစ်ယောက် ..

လီလီကလေးလေးဆီသွားကာကြည့်လိုက်တော့ ဖြူဖွေးပြီးချစ်စရာကောင်းလွန်းလှသည့် သမီးလေး လီလီသမီးလေးကိုအသာလေးပွေ့ချီလိုက်ပြီး

L''ဘေဘီသမီးလေးကိုကြည့်ပါအုံး ချစ်စရာလေး

J''ဘေဘီ့ကိုပေးပါအုံးလီလီ

လီလီလက်ထဲက ကလေးပိစိလေးကို ဂျင်းလက်ထဲထည့်ပေးလိုက်တော့ ဂျင်းကသမီးလေးကိုချီကာ

J''ချစ်စရာလေး လီလီ့အတိုင်းပဲ ခြေတံရှည်ရှည်လေးတွေနဲ့

L''ကိုယ့်လိုချောတော့မှာပဲ သမီးလေးက

ဂျင်းရယ်မိသည် ချစ်ဖို့ကောင်းလိုက်သည့်ဒီသမီးလေးကိုမွေးထုတ်ပေးနိုင်ခဲ့ပြီ ဂျင်းသမီးလေးကို ချစ်မြတ်နိုးစွာဖြင့် ကြည့်နေတုန်းမှာပဲ

"အူဝဲ..အူဝဲ....

L''ဟာ ကလေးငိုနေပြီ

Ji''နို့ဆာလို့ထင်တယ်

L''တိုက်လိုက်လေ သမီးလေးကို

J''အပြင်ထွက်ကြလေ

ဂျင်းက အခန်းထဲကလူတွေကိုကြည့်ပြီး ပြောလာသည်မို့

L'm''ကဲပါ ပြန်ကြရအောင်

မိဘတွေအပြင်ထွက်သွားတော့ အခန်းထဲမှာကျန်ခဲ့သည့် လီလီနှင့်ဂျီဆူးကိုကြည့်ပြီး

J''လိုက်သွားကြလေ

L''ဟမ် ကိုယ်ရောလား

Ji''အေးလေ ငါကရောဘာလို့သွားရမှာလဲ

J''နှစ်ယောက်နော် ရန်တွေ့ဖို့အားမရှိဘူး

L''မရှိရင်မတွေ့နဲ့လေ ကိုယ်ကတော့မထွက်နိုင်ပါဘူး ကိုယ့်သမီးလေးကိုနို့တိုက်တာ ကြည့်ချင်လို့

Ji''ငါရောပဲ

J''မမနော် သွားတော့ အလုပ်တွေရှိတယ်မလား နောက်မှလာတော့

Ji''ငါ့ကျနှင်ထုတ်တယ်ပေါ့လေ လီလီကျတော့

J''တူမလား သူကဂျင်းယောက်ျားလေ

Ji''အေးပါ သွားမယ် အမြင်ကတ်တယ် ယောက်ျားတဲ့ ငါလည်းအာ့လိုခေါ်အုံးမယ် နင့်လီလီကို

J''ဟာ မမနော်

Ji''အမလေး စတာပါဟယ် သွားမယ် ကောင်းကောင်းနေခဲ့ကြ

မမအပြင်ထွက်သွားတော့ ရယ်နေသည့်လီလီ့ကို မျက်စောင်းထိုးလိုက်ပြီး

J''လီလီပါ လိုက်သွားချင်လို့လား

L''သွားချင်ပါဘူး ကိုယ်ကဒီမှာပဲနေမှာ

အဲ့လိုနဲ့ပဲ သာယာအေးချမ်းသော ဂျင်းနဲ့လီလီတို့ရဲ့ဘဝထဲကို ချစ်စရာကောင်းသော 'lily'ဆိုသည့် သမီးလေးဝင်ရောက်လာခဲ့တော့သည် အားလုံး၏သည်းသည်းလှုပ်ချစ်ခြင်းကိုခံရသော ဒီသမီးလေးက ပျော်ရွှင်စရာကောင်းသော မိသားစုလေးတစ်ခုကို ဖြစ်ထွန်းစေခဲ့ပြီ.....

.
.
.
.

သာယာအေးချမ်းသော နယ်မြို့လေးတစ်မြို့
၏ လှပသောပန်းခင်းကြီးထဲ လူအချို့ပန်းများခူးနေကြသည်

"သမီး ချယ်ရေ ချယ်

C''သမီးဒီမှာ ဖေဖေ

အသံသာကြားရပြီး လူကိုမတွေ့ရသောသမီးဖြစ်သူကြောင့် minhoပြူံးလိုက်ပြီး

"ဘယ်မှာလဲ

C''ဒီမှာ ဒီမှာ

အသံစာစာလေးနှင့်အတူ လှပသောပန်းခင်းကြားမှ ထွက်ပေါ်လာသော မိန်းကလေးတစ်ဦး ဖြူဖွေးသောအသားအရည်နှင့်လိုက်ဖက်စွာပဲ လှပလွန်းသောမျက်နှာပိုင်ရှင်မိန်းကလေး ပါးဖောင်းဖောင်းလေးတွေက မြင်တွေ့သူကို အသည်းယားစေလောက်အောင် ချစ်ဖို့ကောင်းလွန်းလှသည်

M''ပန်းတွေကိုယ်တိုင်ခူးနေပြန်ပြီပေါ့

C''ဖေဖေကလည်း သမီးပျော်လို့ဟာကို

M''အေးပါ သမီးအမေက ဘယ်ရောက်နေလဲမေးနေလို့

C''သိသားနဲ့ ဒီပဲလာမှာကို

M''ကဲပါ ပြန်လိုက်အုံးဟိုမှာဘာလုပ်စားမလို့ဆိုလဲပဲ

C''ဟုတ် ဖေဖေနေခဲ့မှာလား

M''အဖေပါပြန်လိုက်မယ်

C''ဟုတ် လာပြန်ကြမယ်လေ

ချယ်အဖေဖြစ်သူလက်မောင်းကိုတွဲပြီး ပန်းခင်းကြီးရဲ့အလယ် လျှောက်လမ်းလေးအတိုင်း လျှောက်လာခဲ့သည်

M''ဖေဖေ့ကားနဲ့ပဲလိုက်ခဲ့လေ

C''ဟင့်အင်းသမီး ဆိုင်ကယ်ပဲစီးမှာ

M''အာ့ဆို ဖေဖေမောင်းမယ် ဆိုင်ကယ်နဲ့ပဲ ပြန်ကြတာပေါ့

C''ဟုတ်

ဖေဖေက ချယ့်ဆိုင်ကယ်ပေါ်တက်ပြီးစက်နှိုးလိုက်တော့ ချယ်အဖေ့နောက်မှတက်လိုက်ပြီး ခါးကိုဖက်လိုက်တော့သည် ချယ်ကဆိုင်ကယ်စီးရတာအရမ်းသဘောကျသည် ဘာလို့မှန်းမသိ ကားတွေကိုမစီးချင် ဆိုင်ကယ်ကိုသာ ငယ်ငယ်ထဲကစွဲစွဲလန်းလန်းစီးခဲ့တဲ့အကျင့်က ခုထိပျောက်မသွားခဲ့...


အနည်းငယ်ကားလမ်းမထက် ဆိုင်ကယ်လေးမောင်းနှင်ပြီးချိန်မှာတော့ ပန်းပင်လေးတွေနှင့်စိမ်းလန်းနေသည့် ခြံကျယ်လေးထဲမှ တစ်ထပ်တိုက်လေးရှေ့ ဆိုင်ကယ်လေးကရပ်တန့်သွားခဲ့ရသည်

M''မိန်းမရေ ဒီမှာမင်းသမီး ပါလာပြီ

C''မေမေ ဘာတွေလုပ်နေတာလဲ

C'm''မုန့်လုပ်မလို့လေ ပြောပါအုံးမနက်ထဲက ပြန်မလာပဲ

C''ဟီး

C'm''နေလည်စာရော စားပြီးပြီလား

C''ဟုတ် ခြံထဲကသူတွေနဲ့စားလိုက်တယ်လေ

C'm''အေးပါ အမေနဲ့ကူလုပ်ပေးအုံး

သားအမိသုံးယောက် လုပ်စရာရှိတာတွေလုပ်နေကြတာ အတော်ကြာတော့ပြီးသွားခဲ့ပြီလေ

C''မေမေ အိမ်နားတွေလိုက်ပို့ရတော့မလား

C'm''အင်း မေမေပြင်ပေးမယ်နော်

ချယ်စားပွဲမှာဝင်ထိုင်လိုက်ပြီး

C''သမီးအရင်စားအုံးမယ်

C'm''အင်း အင်း

ချယ်မုန့်တွေနဲ့ ဟင်းရည်တွေပန်းကန်ထဲထည့်ပြီး စားဖို့ပြင်လိုက်သည် ခုံမှာအဖေလုပ်သူက ဝင်ထိုင်ပြီး

M''အဖေလည်းစားမယ်လေ

C''ဟုတ် သမီးထည့်ပေးမယ်

အဖေ့ဖို့ပါပြင်ပြီး သားအဖနှစ်ယောက်မုန့်တွေစားနေကြရင်း

M''သမီးချယ် အိမ်မက်တွေမက်သေးလား

C''သိပ်မမက်တော့ပါဘူး ဖေဖေရဲ့

M''အင်း

C''ဘာဖြစ်လို့လဲ

M''ခုတလောမျက်နှာလေး ပိုရွှင်လာလို့လေ သမီးအိပ်မက်တွေမက်ရင် မျက်နှာလေးကိုညှိုးနေတာပဲမလား

C''ခုနောက်ပိုင်းတော့ သိပ်မမက်တော့ပါဘူး ဖေဖေရဲ့

ဝိုးတဝါးအိပ်မက်တွေ ထပ်မမက်တော့ ထိုအိပ်မက်တွေအစား မိန်းကလေးတစ်ယောက်ရဲ့ရှင်းလင်းပြတ်သားသော ပုံရိပ်ကိုပဲ မြင်မြင်နေကြောင်းကိုတော့ ချယ်ပြောမပြနေတော့.....

M''စားလို့ကောင်းသားပဲ

C''ဟုတ်တယ် မေမေမိုက်တယ်

C'm''စားလို့ပြီးပြီလား

C''ဟုတ် သမီးသွားပို့ပေးမယ်

ချိုင့်ယူပြီး အိမ်ထဲကထွက်သွားသော သမီးဖြစ်သူကိုမျက်စိတစ်ဆုံးကြည့်လိုက်ပြီးမှ

C'm''ဘာလို့လိုက်မေးနေတာလဲ

M''သိချင်လို့ပေါ့ကွာ

C'm''ဒီတိုင်းထားလိုက်ပါ လိုက်မေးနေတော့ပိုသတိရတာပေါ့

M''သမီးလေးအတွက်စိတ်မအေးဘူး

C'm''နောက်တော့ မေ့ပျောက်သွားမှာပါ

M''အင်း အဲ့လိုပဲမျှော်လင့်ရတာပေါ့

ချိုင့်ကိုယူပြီးထွက်လာခဲ့ကာ ဘေးအိမ်ကိုလျှောက်လာရင်းအတွေးတို့က အဖေ့မေးခွန်းဆီ ရောက်ရှိသွားခဲ့ရသည်

ချယ်သိချင်သည် ချယ်အမြဲမက်နေတဲ့အိပ်မက်တွေအကြောင်း ပြီးတော့ထိုမိန်းကလေးအကြောင်း ထိုမိန်းကလေးနဲ့ချယ်ကအရင်ဘဝက ဘယ်လိုများပတ်သက်ခဲ့ပါလိမ့်

အရင်ကချယ့်နာမည်က မင်ချယ်ယောင်းမဟုတ်ခဲ့ အခြားနာမည်ပေးထားခဲ့ပေမယ့် မိဘတွေက သမီးနာမည်ဘယ်သူလဲမေးရင် ချယ်ယောင်းလို့ပဲ အမြဲဖြေတတ်လို့ မင်ချယ်ယောင်းဆိုပြီး နာမည်ပြောင်းပေးခဲ့တာတဲ့လေ..

ငယ်ငယ်ကအမြဲအိပ်မက်ဆိုးတွေမက်သည် မက်ပြီးတိုင်းချယ့်တစ်ကိုယ်လုံးချွေးတွေစိုရွှဲနေခဲ့သည် နောက်တဖြည်းဖြည်း အသက်ကြီးလာတာနဲ့အမျှ အိပ်မက်တွေလျော့နည်းသွားခဲ့သည် ဒါပေမယ့်ချယ့်အသက် (17)ပြည့်ပြီးတဲ့နောက်ပိုင်း ချယ်အိပ်မက်တွေမမြင်မက်တော့ပဲ အဲ့အစားမိန်းကလေးတစ်ယောက်ပုံကိုပဲ မြင်မြင်နေမိသည်

မြင်မိနေသော ချောမောသည့်မိန်းကလေးက ချယ်နှင့်ဘယ်လိုများပတ်သက်လို့ပါလိမ့် ထိုမိန်းကလေးကိုမြင်နေမိတာထက် အရင်ကအိပ်မက်ဆိုးတွေကိုပဲ မက်စေချင်တော့သည်
အိပ်မက်ဆိုးတွေထက် ထိုမိန်းကလေးပုံရိပ်မြင်ပြီးတိုင်း နာကျင်ရသည်မို့ ရင်ဘတ်ထဲကနင့်နင့်သည်းသည်း နာကျင်ရသည်မို့ ထိုထက်ခံစားရသက်သာသည့် အိပ်မက်ဆိုးများကိုသာ မက်စေချင်မိတော့သည်...

အခုနောက်ပိုင်း ချယ်လမ်းသွားတိုင်း လမ်းမှမိန်းကလေးတွေရဲ့မျက်နှာကို လိုက်ကြည့်နေတတ်သည် ထိုမိန်းကလေးများဖြစ်နေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ ပုံရိပ်လေးမြင်နေတာတောင် နာကျင်နေမိတာကို ထိုမိန်းကလေးကို မြင်တွေ့ချင်နေမိသည့် ချယ့်ကိုယ်ချယ်လည်း အပစ်တင်မိသည်

ပုံရိပ်လေးနဲ့တောင် နာကျင်မှုတွေပေးစွမ်းနိုင်သောသူမက အပြင်မှာသာတွေ့ဆုံခဲ့ရင် ဘယ်လောက်တောင်မှပြင်းထန်တဲ့ နာကျင်မှုမျိုးကို ပေးစွမ်းနိုင်လိမ့်မှာပါလိမ့်....

ချယ်သိချင်သည် ထိုမိန်းကလေးအကြောင်းကို ချယ်သိချင်သည် ချယ်နှင့်ထိုမိန်းကလေးပတ်သက်မှုကို ချယ်တွေ့ချင်သည် ထိုမိန်းကလေးကို...

ချယ်တွေ့ချင်နေသည့် ထိုမိန်းကလေးကို ချယ်တစ်ကယ်ပဲ မြင်တွေ့နိုင်လာပါ့မလား
ထိုမိန်းကလေးက တစ်ကယ်ရောသက်ရှိထင်ရှားရှိနေပါရဲ့လား........

လူတွေမှာ ဖြစ်ချင်တဲ့အိပ်မက်တွေ ကိုယ်စီရှိကြသည်တဲ့ ငယ်ငယ်ကတော့ မက်နေတဲ့အိပ်မက်ဆိုးတွေကို ပျောက်သွားစေချင်တဲ့ဆန်ဒသာ ရှိခဲ့သည် အခုတော့ဘာဖြစ်လဲဆို ချယ်သူမကိုတွေ့ဖူးချင်သည် ချယ့်မှတ်ဉာဏ်ထဲ အမြဲရှိနေသည့်သူမကို......




















Zawgyi



J''ဗိုက်နာလို့ လီလီ

L''အရမ်းနာနေတာလားဟင်

J''ဟုတ်


L''အရမ်းနာနေတာလား













L''ဘေဘီအားတင်းထားနော်

J''နာတယ်လီလီ




J''လီလီလိုက်ခဲ့ပေး














.
.
.

"ကျွီ



L''ဒေါက်တာ မိခင်ရော




Ji''တာဝန်ကျေပါတယ်









"အူဝဲ..အူဝဲ....

L''ဟာ ကလေးငိုနေပြီ

Ji''နို့ဆာလို့ထင်တယ်


J''အပြင်ထွက်ကြလေ


L'm''ကဲပါ ပြန်ကြရအောင်


J''လိုက်သွားကြလေ

L''ဟမ် ကိုယ်ရောလား




Ji''ငါရောပဲ





J''ဟာ မမနော်






.
.
.
.


"သမီး ချယ်ရေ ချယ်

C''သမီးဒီမှာ ဖေဖေ


"ဘယ်မှာလဲ

C''ဒီမှာ ဒီမှာ








M''အဖေပါပြန်လိုက်မယ်

C''ဟုတ် လာပြန်ကြမယ်လေ





C''ဟုတ်







C''ဟီး








C''သမီးအရင်စားအုံးမယ်

C'm''အင်း အင်း


M''အဖေလည်းစားမယ်လေ

C''ဟုတ် သမီးထည့်ပေးမယ်




M''အင်း

C''ဘာဖြစ်လို့လဲ




M''စားလို့ကောင်းသားပဲ


C'm''စားလို့ပြီးပြီလား




M''သိချင်လို့ပေါ့ကွာ


































Continue Reading

You'll Also Like

357K 15.5K 39
જ⁀➴ᡣ𐭩 hidden, various hazbin hotel characters x female reader જ⁀➴ᡣ𐭩 𝑰𝒏 𝒘𝒉𝒊𝒄𝒉 we follow an angel named y/n, who had her bes...
393K 6.3K 79
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
550K 17.1K 74
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...
365K 21.8K 78
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...