ကံကြမ္မာက ဖန်တီးပေးတဲ့ အချစ်
By AungKhant266
20.7K 583 60
ဒါကျွန်တော် အရမ်းကြိုက်​​တဲ့ idolနှစ်ယောက်ဖြစ်"Min&Jayကို shipပေခြင်းဖြစ်ပါတယ်။ ဖတ်ပြီးအမှားပါခဲ့ရင်လဲနားလည်ပ... More
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-4. (Zawgyi)
Zawgyi. Chapter-5
Chapter-6
Chapter-6 (Zawgyi )
Chapter-7 (Unicode)
Chapter-7. (Zawgyi)
Chapter-8
Chapter-8. (Zawgyi)
Chapter-9. (Unicode)
Chapter-9. (Zawgyi)
Chapter-10. (Unicode)
Chapter-10. (Zawgyi)
Chapter-11. (Unicode)
Chapter-11. (Zawgyi)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
Extra-1. (Uni)
Extra-1. (Zawgyi)
Extra-Final. (Uni)
Extra-Final. (Zawgyi)
Zawgyi. Chapter-1
Chapter-2. (Zawgyi)
Chapter-3. (Zawgyi)
Chapter-4 .(Zawgyi)
Chspter-5 .(Zawgyi)
Chapter-6 .(Zawgyi)
Chapter-8 .(Zawgyi)
Chapter-9 .(Zawgyi)
Chapter-10 .(Zawgyi)
Chapter-11 .(Zawgyi)
ဇာတ်သိမ်းပိုင်း. (Zawgyi)
Extra. 1 .(Zawgyi)
Extra Final. (Zawgyi)
Chapter-7 .(Zawgyi)
71 3 0
By AungKhant266
အမှားလေးများပါရင် ခွင်လွှတ်နားလည်ပေးစေချင်ပါတယ်။ အရေးအသားညံ့နေဆဲမို့ပါ။ ဖျက်ဆီးလိုတဲ့စိတ်နဲ့ရေးသားချင်းမဟုတ်ကြောင်းပြောပါရစေ။
ချစ်သောစိတ်နဲ့ဖတ်ရှု့ပေးတဲ့သူများကိုလဲကျေးဇူးတင်ပါတယ်။
"ဒီနေ့ကစလို့ ကျွန်တော်တို့နှစ်ယောက်လုံးဟာ ထင်မှတ်မထားပဲ အတူနေကျဖို့ဖြစ်လာခဲ့ကြတယ်။ တိုက်ထဲဝင်လိုက်တာနဲ့ သန့်ရှင်းသပ်ရပ်နေသော ကျွန်းပါကေးပြားများဟာ နင်းရက်စရာမရှိအောင် တောက်ပြောင်လွန်းလှသည်။"
Jayဘာတွေရပ်ငေးကြည့်နေတာလဲ အထဲဝင်လေ။ အပြင်မှာပဲ နေတော့မလို့စဉ်းစားနေတာလား။ မင်းကြည့်လိုက်ရင် အူတူတူပုံစံနဲ့ သွက်သွက်လက်လက်နေစမ်းပါ။ မင်းသွေးခန့်ပြောဆိုကာ တိုက်ထဲဝင်သွားလေသည်။
Jayကြည်နေတဲ့စိတ်ကလေးတို့ နောက်ကျိသွားလေသည်။ ဒီလူဟာလေ တစ်ခါတလေလူကို ချိုချိုသာသာဆက်ဆံတက်သော်လည်း တခါတလေကျအမြင်ကပ်ဖွယ်ကောင်းလောက်အောင် ပြောဆိုတက်လေသည်။ အခုလဲပြောသွားတာက ရိုက်သတ်ချင်စရာ ကိုယ့်ထက်အသက်ကြီးနေလို့ ငရဲကကြီးအုံးမယ်။ ပြန်ပြောရင်လဲ ရန်ကဖြစ်အုံးမယ်။ အထုပ်အပိုးတချို့ကိုဆွဲကာ jayလဲသူ့နောက်ကလိုက်ဝင်လာခဲ့လေသည်။
အကိုလေးတို့ရောက်လာပြီလား။ နောက်ထဲမှာ ကိုလေးတို့ရောက်လာရင် စားလို့ရအောင်ချက်ပြုတ်နေလို့မသိလိုက်တာ။ ကြီးကြီးကအပေါ်မှာ ဘုရားပန်းလဲနေတယ်ထင်တယ်။ ပစ္စည်းတွေထားခဲ့လေ ကျွန်အပေါ်ထပ်သယ်ခဲ့ပေးပါ့မယ်။
ရပါတယ်မနွယ်ကနောက်ထဲမှာချက်ပြုတ်နေတာပဲ။ ဒါတွေကျွန်တော်ဘာသာ အပေါ်ထပ်သယ်သွားလိုက်ပါ့မယ်။ ပစ္စည်းတွေကအများကြီးလဲမဟုတ်တော့လေ။ မနွယ်လုပ်စရာရှိတာသွားလုပ်တော့လေ။
ဟုတ်ကဲ့အကိုလေး လိုအပ်တာရှိရင်မနွယ်ကိုလှမ်းခေါ်လိုက်နော်။
ဟော သားတို့ရောက်လာပြီလား။ ကြီးလေးခင်ကမျှော်နေတာ။ သားတို့ရောက်လာပြီဆို မမကြီးကို ကြီးခင်ဖုန်းဆက်လိုက်အုံမယ်။ သားတို့ရောက်ပြီဆိုတာကို။
ကြီးခင်ဆင်းသွားတာနဲ့ မင်းသွေးခန့်jayနေရမယ့်အခန်းကိုပြလေသည်။ ဒါကjayနေရမယ့်အခန်း ဒီဘက်က ကိုယ်နေရမယ့်အခန်း လိုအပ်တာရှိရင်ပြောနော်။ အခုတော့ ပစ္စည်းတွေနေရာချ ခနနားရေမိုးချိုးပြီးရင်ထမင်းစားဆင်းမယ်။
Jayကိုယ်နေရမယ့်အခန်းတံခါးဖွင့်ကာ ဝင်လိုက်တာနဲ့ အသုံးအဆောင်အချို့ရယ် ပရိဘောဂနဲ့ ကျယ်ဝန်းလှသောအခန်းကိုကြည့်ကာ jayအံသြနေမိလေသည်။ AK Entertainmentကပေးတဲ့တိုက်ခန်းက ကောင်းလိုက်တာ။ အခန်းထဲထည့်ပေးထားတဲ့ ပစ္စည်းတွေကလဲတန်ဖိုးအရမ်းကြီးလောက်မယ်။ jayအိပ်ရမယ့်ကုတင်ကလဲတစ်ယောက်အိပ်သာဆိုတယ် အကြီးကြီးပဲ။ jayလက်ဆွဲအိတ်ကိုချကာ ကုတင်ပေါ်သို့ ခန္ဓာကိုယ်ပစ်လှဲကာ အနားယူလိုက်လေသည်။ မှေးခနဲအိပ်ပျော်သွားကာ တံခါးခေါက်သံကြားမှ jayတစ်ယောက်လန့်နိုးလေသည်။
အကိုလေးjayနိုးရင် ကိုလေးမင်းသွေးခန့်က ထမင်းစားရအောင် အောက်ကိုဆင်းခဲ့ပါတဲ့ ပြောခိုင်းလိုက်တယ်။
ဟုတ်ကဲ့ ခနလောက်နေရင်ဆင်းခဲ့မယ်လို့ ပြောပေးပါ။
Jayရေချိုးခန်းထဲဝင်ကာ သွက်လက်မြန်ဆန်စွာ ရေချိုးအဝတ်စားလဲကာ အောက်ထပ်သို့အမြန်ဆင်းလာခဲ့လေသည်။ မဟုတ်ရင်အပြောခံရပေမည်။
မင်းကလဲနောက်ကျလိုက်တာ ငါဒီမှာမင်းကိုစောင့်နေရတာ ဗိုက်အရမလးဆာနေပြီ။
Jayထင်တဲ့အတိုင်း အပြစ်ကမလွတ်ပြန်။ ထိုင်ခုံဆွဲကာဝင်ထိုင်ရင်း ဘယ်သူကစောင့်ခိုင်းနေလို့လဲ ဆာရင်ဆားနှင့်ပေါ့။ ဝမ်းခြင်းဆုံတာမှတ်လို့။ နောက်ကျစောင့်မနေနဲ့ ကျွန်တော်လဲ ဗိုက်ဆာရင် ကိုယ့်ဘာသာကိုစားနှင့်မယ်။
မင်းကိုစောင့်ချင်လို့စောင့်နေတာမဟုတ်ဘူး။ အလုပ်ကိစ္စရယ် မင်းကိုပြောစရာရှိလို့စောင့်နေတာ။ ငါမင်းကိုထမင်းစားဖို့စောင့်နေတယ်ဆိုပြီး အထင်လွဲမနေနဲ့။
သူပြောသလိုဆို ကိုယ်ကပဲ အထင်လွဲနေသလိုလို ဘာလိုလိုနဲ့ စကားပြောရင်း အနောက်မလွတ်အသွားမလွတ်နဲ့။ ဘယ်သူကကောအထင်လွဲနေလို့လဲ။ဖြစ်ရမယ်။
ကြီးခင်နဲ့မနွယ် သူကjay bass မှတ်ထားအုံး။
Jayဒါက ကြီးခင်နဲ့မနွယ် အိမ်မှု့ကိစ္စတွေနဲ့လိုအပ်တာလေးတွေအတွက်မေမေက ဒီကိုလွှတ်လိုက်တာ။
ဟုတ်ကဲ့ ကျွန်တော့ကိုjayလို့ပဲခေါ်ပါ။
မင်းသွေးခန့်ထမင်းစားရင်း မိတ်ဆက်ပေးကာ စားလက်စထမင်းကိုဆက်စားနေလေသည်။
ထမင်းစားသောက်ကာ ခြံထဲကိုဆင်းကာ jayလမ်းလျှောက်ရင်း ခြံထဲရှိစကားပန်းပင်အောက်မှာ တစ်ယောက်ထဲထိုင်နေမိသည်။ ထိုစဉ် နောက်မှခြေသံအချို့ကိုကြားကာ နောက်သို့လှည့်ကြည့်မိလေသည်။
ကိုမင်းသွေးခန့် ဘာများပြောစရာရှိလို့လဲ မသိဘူးနော်။
ကိုယ့်မှာပြောစရာမရှိပါဘူး။ ဒီအတိုင်းလမ်းဆင်းလျှောက်ရုံပါ။
ဒါနဲ့လေကိုမင်းသွေးခန့် ကုမ္ပဏီကျ အခုဘယ်သူဦးစီးနေလဲဟင်။ ကျွန်တော်ကြောင့် ပိုပင်ပန်းနေမယ်ထင်တယ်။ အားနာစရာတွေဖြစ်ကုန်ပြီ။
ဘာမှအားနာစရာမလိုပါဘူး။ နောက်ပိုင်းကျ သူ့အစီစဉ်နဲ့သူဖြစ်သွားမှာပါ။ အခုကတော့ မင်းမမနဒီရှိနေလို့အဆင်ပြေနေတယ်။ မင်းသွေးခန့်စကားပြောရင်း jayနားထိုင်ကာပြောလေသည်။
ခြံကအတော်ကျယ်တာပဲနော်။ တိုက်ကလဲအကြီးကြီးဘဲ။ အထဲမှာထည့်ထားတဲ့ ပစ္စည်းတွေကလဲတန်ဖိုးနည်းမှာမဟုတ်ဘူး။ ဒါပေမယ့်လေ AK Entertainmentရဲ့ပိုင်ရှင်ကိုလဲမတွေ့သေးဘူးနော်။ ကိုမင်းသွေးခန့်နဲ့ကောသိလားဟင်။
Jayအမေးကြောင့် ဖြေရန်အခက်တွေ့နေကာ အလျှင်အမြန်ဦးနှောက်ကိုအလုပ်ပေးရလေသည်။ အွန်း သိတယ်လေ။ ကိုယ်နဲ့ကသိပ်စကားမပြောဖြစ်ပေမယ့်။ မင်းမမထက်နဒီနဲ့က ပိုရင်းနှီးတယ်လို့ဆိုရမလား။ သူကအရမ်းအလုပ်များတာ တော်ရုံလူနဲ့တွေ့လေ့မရှိဘူး။ ဘာလို့jayကမေးတာလဲ။
Jayကိုယုံကြည်စွာနဲ့ ကမ်းလှမ်းခဲ့လို့ ကျေးဇူးတင်ချင်တာပါ။ jayအရည်အချင်းနဲ့ဆို တော်ရုံတန်ရုံ ဘယ်Entertainmentကခေါ်ပြီးအခွေထုတ်ပေးရဲမလဲ။ အခုကအောင်မြင်နေတဲ့အဆိုတော်တွေ အများကြီးရှိနေတာကိုမှ jayကိုအခွေထုတ်ပေးဖို့ဖြစ်လာတာဆိုတော့ အံသြမိလို့ပါ။
ဘာမှအံသြစရာမရှိသလို ဘာမှလဲကျေးဇူးတင်စရာမလိုအပ်ဘူးလို့တော့ကိုယ်ထင်တယ်။ ဒီအတွက်ကြောင့် jayကဘာမှစိတ်အားငယ်စရာမလိုဘူး။ ဘာလို့ဆို jayအသံစစ်တုန်းက ကိုယ်အပြင်တေးရေးဆရာ studioရှိလူအားလုံးက ချီးကျူးခဲ့တာပဲမလား။ AK Entertainmentကို တည်ထောင်တဲ့သူဌေးက jayကို အခွေထုတ်ပေးကာ အဆိုတော်အဖြစ်တင်မြှောက်ပေးရတာကို နောင်တရမှာမဟုတ်လောက်ပါဘူး။ ဒါ့ကြောင့် jayကဒီထက်ပိုကောင်းအောင်ကြိုးစားပေးရင်ရတယ်။ ကျန်တာတွေကို ခေါင်းထဲထည့်မထားနဲ့ ဟုတ်ပြီးလား။
ကိုမင်းသွေးခန့် စကားကြောင့် jayအားရှိသွားပြီ။ အခုလို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကိုမင်းသွေးခန့်။
ဒါနဲ့jayကျောင်းပြီးပြီဆိုတော့ ဘွဲ့ယူရန်ပဲကျန်တော့တာပေါ့ဟုတ်လား။
ဟုတ်ကဲ့အကို။
Jayကနယ်ကလို့တစ်ခါပြောဖူးတယ်နော်။ ဟုတ်လား။
ဟုတ်တယ် jayကနယ်ကပါ။ ဒါနဲ့ဘာဖြစ်လို့လဲဟင်။
Jayမိသားစုက အခုနယ်မှာလား။ ဒါနဲ့ဘယ်နယ်လဲဟင်။ ကိုယ်သိလို့ရမလား။
"ကိုလေးမင်းသွေးခန့် ဖုန်းလာနေတယ်။ ကြီးကြီးမြတ်ဆီက။"
"Jayခနနော် ကိုယ်ဖုန်းပြောပြီး ပြန်လာခဲ့မယ်။"
"Jayအဖြေကိုပင် မပြောရသေးခင်
မင်းသွေးခန့် ဖုန်းရှိရာသို့ အလျှင်အမြန်ထွက်သွားလေသည်။ "
Jayလဲအပင်အောက်မှထကာ အိမ်အပေါ်ထပ်သို့တက်ကာ မိမိအခန်းရှိရာသို့ ပြန်လာခဲ့လေသည်။
ဟယ်လိုမေမေ မင်းသွေးခန့် ဖုန်းကိုင်ကာ တစ်ဖက်ကမိခင်ဖြစ်သူကို မေးလိုက်လေသည်။
သားလေးအခန်းပြင်ဆင်ထားတာကြိုက်ရဲ့လား။ အခြားလိုအပ်တာတွေရှိရင်လဲပြောနော်။ jayနဲ့အိမ်ကိုလဲ အလည်လာခဲ့အုံးလို့ပြောလိုက်နော်သား။
သားပြောလိုက်ပါ့မယ် မေမေနော် jayကို အမြဲအိမ်လာခိုင်းနေတာ။ ကြာရင်သားစိတ်မကောင်းဖြစ်မိလိမ့်မယ်။
Jayအောက်ထပ်ပြန်ဆင်းလာရင်း ဖုန်းပြောသံကြားလို့ လှေကားပေါ်ခနရပ်ကာ မင်းသွေးခန့်ကိုကြည့်နေမိလေသည်။ အန်တီမြတ်ဆိုသော သူရဲ့မေမေနဲ့ဖုန်းပြောနေသော မင်းသွေးခန့်ဟာ jayသိသောမင်းသွေးခန့်မှဟုတ်ပါရဲ့လားလို့တောင်ထင်မိလေသည်။ ဘာကြောင့်လဲဆိုတော့ jayသိသောမင်းသွေးခန့်ဆိုသော ထိုလူဟာအမြဲ ခပ်တည်တည် ခပ်ချေချေသာ ပြောဆိုဆက်ဆံတက်သောသူဖြစ်လေသည်။ jayအမြင်များလွဲနေသလားလို့ပင်ထင်ရလောက်အောင်
ဖုန်းပြောရင်း ချွဲနေတက်သောမင်းသွေးခန့်ကို တွေ့မြင်နေရသောကြောင့်ဖြစ်သည်။ သူကဒီလိုလဲ ချွဲတက်ပါပဲလား။
Jayခြံထဲတွင် ဂစ်တားတီးရင်း သံစဉ်အချို့ဖန်တီးနေမိလေသည်။ အခွေထုတ်လျှင် jayကိုယ်တိုင်ရေးထားသော သီချင်းတစ်ပုဒ်လောက်တော့ ပါဝင်ချင်မိလေသည်။
ဟယ် jayလေးက ဂစ်တာတီးပြီး
သီချင်းတွေရေးနေတာလား။
မမနဒီ jayတို့ဆီကိုပဲလာတာလား။ ကိုမင်းသွေးခန့်က အပြင်မှာလိုအပ်တာတွေသွားဝယ်နေတာထင်တယ်။ တစ်ခုခုသောက်မလား jayသွားယူပေးမယ်လေ။
မမအပြင်ကနေလာတာဆိုတော့ မလိုတော့ပါဘူး jayရယ်။ အခုက အသွေးကခေါ်လို့ မမရောက်လာခဲ့တာ။ ဒါနဲ့jayကော အဆင်ပြေရဲ့လား။
ဘာကိုမေးတာလဲ မမနဒီ။
အသွေးနဲ့အဆင်ပြေလားသိချင်တာ။ jayနဲ့သူက သိပ်မတည့်ကျလို့လေ။ အနိုင်ကျင့်လားသိချင်တာ။ မနက်ဖန် jayတို့ တေးရေးဆရာနဲ့သွားတွေ့ရမယ်နော်။
Kaiဆိုတဲ့ တေးရေးဆရာလား။ Jayအသံစစ်တဲ့နေ့က မိတ်ဆက်ပေးတဲ့သူလားဟင်။
ဟုတ်တယ်လေ။ Kaiက အခုလက်ရှိမှာအောင်မြင်နေတဲ့ တေးရေးဆရာဆိုလဲဟုတ်တယ်။ အဆိုတော်တစ်ယောက်ဆိုလဲမမှားဘူး jayရဲ့။ အခုနောက်ပိုင်းအဆိုတော် တော်တော်များများရဲ့ သီချင်းတွေကိုKaiရေးပေးထားတာများတယ်။ ဒါကြောင့် jayကိုမမက Kaiနဲ့မိတ်ဆက်ပေးတာ။
Jayထုတ်မယ့် အခွေထဲမှာ Kaiရေးပေးတဲ့သီချင်းတော်တော်များများလဲပါမယ်။
ခြံထဲကိုကားဝင်လာသံကြောင့် jayတို့စကားစပျက်သွားလေသည်။
Sorryနဒီငါနည်းနည်းနောက်ကျသွားတယ်။ မနက်ဖန်ငါတို့ jayအသံစသွင်းရမယ့်နေ့ဆိုတော့ နင်ပဲကုပ္မဏ္ဍီကို တာဝန်ယူရမယ်။ သီးချင်းရွေးတာ jayနဲ့လိုက်မယ့်သီချင်းကအစပေါ့ ငါသေချာစီစဉ်ပေးရမယ်။ ဒီရက်ပိုင်းတွေမှာ ငါအားမှာမဟုတ်လို့။ပြီးတော့ jayကဒီနယ်ပယ်မှာ သိပ်လဲမကျွမ်းသေးတော့ တစ်ယောက်ထဲလွှတ်ထားလို့မရသေးတာ နင်လဲအသိမဟုတ်လား။
အေးပါဟယ်။ နင်နဲ့ငါကပြောရမယ့်သူတွေမှမဟုတ်တာ။ ဒါကြောင့် နင်ကjayအတွက်အစွမ်းကုန် ကူညီပေး။ ကုပ္မဏ္ဍီအတွက်တော့ မပူနဲ့။ လိုအပ်တာတွေကို ငါကမေးလ်ပို့ပေးထားမယ်။ နင်ကပြန်စစ်လိုက်ပေါ့။
Jayကတော့ ကိုမင်းသွေးခန့်တို့သူငယ်ချင်းနှစ်ယောက်စကားပြောတာကို အသာလေးနားထောင်နေမိလေသည်။
Jayလေး မမပြောထားတာကိုမမေ့ရဘူးနော်။ ကြိုးစားထားသိလား။ jayကရုပ်ကလေးလဲ ချောသလိုအသံလေးကလဲကောင်းနေတော့ ပထမဆုံးတစ်ခွေနဲ့တင်အောင်မြင်မှာ။
မမနဒီကိုကျေးဇူးတင်ပါတယ်။ jayမမေ့ဘူးသိလား။ အခွေထွက်လာရင်မမနဒီကို အရင်ဆုံးလက်မှတ်ထိုးပေးမယ်။
"ဟီး..ဟီး" jayသဘောတကျရယ်မိလေသည်။
ဒါဆိုမမပြန်တော့မယ် jayလေး။ နောက်နေ့တွေကျမှ မမကအပြင်မှာ မုန့်လိုက်ကျွေးမယ်။ jayအခွေအတွက် ဂုဏ်ပြုချင်းအစပေါ့မဟုတ်ဘူးလား။
နဒီနင့်ကိုငါပြန်လိုက်ပို့ပေးမယ်။
နင်လိုက်မပို့ပါနဲ့ jayလေးတစ်ယောက်ထဲဖြစ်နေလိမ့်မယ်။ ငါ့ဘာသာ Taxiငှားပြီးပြန်လိုက်ပါ့မယ်။
မမနဒီတစ်ယောက်ထဲပြန်ရတာ jayလဲစိတ်မချပါဘူး။ ကိုမင်းသွေးခန့်လိုက်ပို့တော့စိတ်ချရတာပေါ့မဟုတ်ဘူးလား။
Jayလေးသဘောပါတဲ့ရှင်။ အ့ဆိုမမပြန်ပြီနော်။
နဒီနင်ဒီနေ့ပြန်ဖြစ်အုံးမှာလား။ ကားပေါ်မှ မင်းသွေးခန့်တစ်ယောက် စိတ်အချဉ်ပေါက်စွာပြောမိလေသည်။ ဟိုတစ်ယောက်ကလဲ မမကိုစိတ်မချဘူးလေးဘာလေးနဲ့။ ဟိုဟာမကလဲမပြီးနိုင်မစီးနိုင် jayလေး jayလေးနဲ့ အမြင်တွေအတော်ကပ်လို့နေပြီ။ သူတို့နှစ်ယောက်ကို မသိရင် အခြားသူတွေကသမီးရည်းစားလို့တောင်ထင်နိုင်သည်။ ချစ်သူနှစ်ယောက်အိမ်အပြန်လမ်းကို ခွဲခွာရမည်အလားတစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်လို့မပြီးနိုင်သည့် မြန်မာကားထဲက အချစ်ဇာတ်တွေလို့တောင် မြင်မိလေသည်။
အသွေးနင်ကလဲဟယ် နည်းနည်းလောက်တော့စိတ်ရှည်စမ်းပါ။
နင့်မလို့ဒီလောက်စိတ်ရှည်နေတာ။ ဘယ်နဲ့တကယ်တည်း နဘေးကကြည့်တာငါတောင်အမြင်အတော်ကပ်လာတယ်။ အဲ့လောက်ဖြစ်နေရင်လဲ ငါ့နေရာနင်အစားယူလိုက်ပါ့လား။
နင်ကသဝန်တိုနေတာလားအသွေး။
ငါကဘာဆိုင်လို့သဝန်တိုရမှာလဲ။ နင်ဖြစ်နေတဲ့ပုံကိုငါကအမြင်လို့ပြောတာ။ နဒီစကားကြောင့် မင်းသွေးခန့်ရှက်ကာ ငြင်းမိလေသည်။
ဒါနဲ့အသွေး နင်နဲ့jayကတော်တော်လေးအဆင်ပြေနေပြီလား။
ငါကဘာကိုအဆင်ပြေရမှာလဲ။ နင်မေးတာလဲကည့်အုံး။
ဟဲ့အကောင် ငါဘာမေးလဲဆိုတာနင်သိတယ်။ ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့။ နင်jayကိုကြိုက်နေပြီလား။ ရင်ခုန်နေပြီလားမေးတာ။
ငါ့ဘက်ကတော့ပုံမှန်ပဲ။ ဘာမှမထူးခြားဘူး။
ဒါဆိုjayဘက်ကကော
သူ့ဘက်ကတော့ငါဘယ်လိုသိမလဲ။ သိချင်နင့်ဘာသာမေးကြည့်ပေါ့။ ဘာလို့ငါ့လာမေးနေတာလဲ။
ငါမေးပါရစေအုံး နဒီနင်ဘာလို့ ဒီကောင်လေးကို ကူညီနေရတာလဲ။ ငါမသိလို့မေးပါရစေ။ ငါ့ကိုလဲ မိန်းကလေးတစ်ယောက်နဲ့မဟုတ်ပဲ ယောက်ျားလေးတစ်ယောက်နဲ့ အောင်သွယ်ပေးနေတာကကော ဘာသဘောလဲ။ နင့်လုပ်ရပ်တွေကို ငါနားမလည်တော့ဘူးနဒီ။
ငါကဘာလို့jayကို အခုလိုကူညီရသလဲဆိုရင် jayကငါ့အပေါ်မှာ ကျေးဇူးကျွေးရှိနေတာကြောင့် နင်မှတ်မိသေးလားတော့မသိဘူး။ ငါကား အက်ဆီဒန့်ဖြစ်တုန်းကလေ။ ငါ့ကို ဆေးရုံပို့ပေးတဲ့သူရယ်၊ လိုအပ်တဲ့သွေးကိုလှူခဲ့တဲ့သူဟာ jayဖြစ်နေခဲ့တယ်။
ဒါ့ကြောင့်jayဖြစ်ချင်နေတဲ့ အဆိုတော်ဖြသ်အောင်ငါကပြန်ကူညီပေးချင်ရုံပါ။
ဒါဆိုနင်နဲ့jayက သိနေခဲ့တာကြာပြီပေါ့ ဟုတ်လား။
ငါကjayကို ငါ့မောင်လေးအဖြစ်တောင်မွေးစားချင်ခဲ့တာ။ သူလက်မခံမှာဆိုးလို့သာ ဒါ့ကြောင့်ငါက အခုjayဖြစ်ချင်တာလေးကိုဖြည့်ဆည်းပေးတာ။
"ဒါဆိုငါနဲ့သူ့ကိုအောင်သွယ်ပေးတာကကော ဘာသဘောလဲ။"
ဒါကတော့ဟာ ဒါကဒီလိုရှိတယ်။ မင်းသွေးခန့်အမေးကြောင့် နဒီတစ်ယောက်ဖြေရန်ခက်နေလေသည်။ ဘာလဲနင်က jayကိုမကြိုက်လို့လား။
ငါကကြိုက်စရာလား။ တစ်ချိန်ငါကမိန်းမယူမှာလို့နင့်ကိုပြောထားတယ်နော်။ ဒါကိုတော့နင်မမေ့လောက်ပါဘူး။ နင်ဘက်ကအဖြေမလာဘူးဆိုရင်တော့ရတယ်။
"နင့်အိမ်ရှေ့ရောက်ပြီ။"
အခုလိုလိုက်ပို့ပေးတာကျေးဇူးပဲသူငယ်ချင်းလေး။ အော် ဒါနဲ့နင်jayအခွေထွက်တဲ့အထိ ကူညီပေးရမှာနော်။ အခုချိန်မှာ jayဘက်က အချစ်ကိုနင်လက်ဦးမှု့ ယူထားရမယ့်အချိန်နော်။ နောက်မှဆိုရင် နင့်နောက်ကျနေမှာဆိုးလို့ ငါကကြိုသတိပေးထားတာ။
မင်းသွေးခန့် ထက်နဒီစကားများကို မကြားချင်ယောင်ဆောင်ကာ ကားကိုမောင်းထွက်လာခဲ့လေသည်။ သူပြောသလို ငါကကော ယောက်ျားလေးတစ်ယောက်ကိုကြိုက်နေချင်းလား။ တစ်ခါတစ်လေ jayနှင့်ထိတွေ့မိလျှင် နှလုံးခုန်သံတို့က ပရမ်းပတာခုန်နေလေသည်။ မင်းသွေးခန့်ကိုယ့်စိတ်ကို ပြန်မေးခွန်းထုတ်မိလေသည်။
"ဟောတော့ သားရေက်လာတယ်။ သားjayကောပါမလာဘူးလား။ "
နဒီကိုလိုက်ပို့တာ။ ဒါ့ကြောင့်လိုက်မလာခဲ့ဘူးမေမေ။ ဘာကြောင့်မေမေက jayမှjayဖြစ်နေတာလဲ။ ကြာတော့ သားjayကိုတောင်အမြင်ကပ်လာပြီ။
အော်သားရယ် jayကသားကို အားကိုးနေရတာလေ။ ဒီမှာကသူ့ဒေါ်လေးနဲ့နေရတာဆိုတော့ မိသားစုရဲ့နွေးထွေးမှု့ကိုလိုအပ်နေမှာပဲလေ။ ဒါကိုသားကနားလည်ပေးပြီး ကူညီစောင့်ရှောက်ပေးလိုက်ပါကွယ်။ သားလဲကုသိုလ်ရတာပေါ့ မဟုတ်ဘူးလား။
"သားကအဲ့ဒီသဘောမျိုးနဲ့ပြောတာမဟုတ်ပါဘူး။ "
သားပြန်တာနောက်ကျနေအုံးမယ်။သားပြန်ရတာလဲ မိုးချုပ်နေအုံးမယ်။
ကားကိုသေချာမောင်းနော်သား။
ဒါဆိုသာပြန်ပြီနော်မေမေ။ နောက်မှjayကို သားခေါ်လာတော့မယ်။ အခုက အသံသွင့်ရမယ့် ကိစ္စတွေရယ်နဲ့ရှုပ်နေတာ။
"အေး သားလိုအပ်တာရှိရင်​ပြောနော်။"
ကိုကိုလေးပြန်လာပြီ ထမင်းစားတော့မလား။
"မနွယ် jayကောထမင်းစားပြီးပြီလား။"
ကိုကိုလေးပြန်လာမှအတူစားမယ်လို့ပြောပြီးအခန်းထဲဝင်သွားတယ်။
ဒါဆိုကျွန်တော် jayကိုသွားခေါ်လိုက်အုံးမယ်။ ကြီးခင်ကော ဘာလုပ်နေလဲ မနွယ်။
ကြီးခင်အစောနက ဘုရားရှီခိုးနေတယ်။ အခုတော့ ကြီးခင်ကြိုက်တဲ့ကိုးရီးယားကားကြည့်နေတယ်ထင်တယ်။
မင်းသွေးခန့်အပေါ်ထပ်သို့တက်လာကာ jayအခန်းတံခါးရှေရပ်ကာ တံခါးခေါက်ရမလား ၊ မခေါက်ရင်ကောင်းမလား တွေးကာရပ်နေမိလေသည်။
"ဒေါက် ဒေါက် jayထမင်းစားမယ်။"
တံခါးခေါက်သံနှင့်အတူ မင်းသွေးခန့်
ခေါ်သံပါထွက်ပေါ်လာသောကြောင့် jayအိပ်ယာပေါ်မှ ခေါင်းထောင်ကာ အသာနားစွင့်နေမိလေသည်။
"Jayအိပ်ပျော်နေတာလား။ ကိုယ်ဝင်ခဲ့လိုက်လို့မလား။"
ဝင်မလာနဲ့ အခုလာပြီ
အိပ်ယာထက်မှထကာ အခန်းတံခါးရှိရာသို့ jayအလျှင်အမြန်ရောက်လာကာ အခန်းတံခါးဖွင့်ပေးမိလေသည်။
ထမင်းစားရအောင်လာခေါ်တာ မနွယ်က jayထမင်းမစားရသေးဘူးဆိုလို့။
"ထမင်းစားချင်စိတ်မရှိဘူး။"
ဟင် ဒါဆိုjayကဘာစားချင်လို့လဲ။ ဒါမဟုအပြင်မှာ တစ်ခုခုထွက်စားမလား ကိုယ်လိုက်ကျွေးမယ်လေ။
ဟာ အတည်ပြောတာလားကိုမင်းသွေးခန့်။ ဘယ်ဆိုးလို့လဲ ဒီလိုကျသူကသဘောကောင်းသားပဲ။ နှစ်ယောက်ထဲရှိချိန်ဆို စကားပြောတာကအစ နူးညံနေတက်လေသည်။ လူအများရှေ့ကျရင်တော့ သူမဟုတ်သလို လူကိုမတူသလိုမတန်သလိုဆက်ဆံတက်သော သူ့စိတ်ကိုjayမဖတ်တက်ပေ။
"ဒီအတိုင်းပဲလိုက်ခဲ့တော့ အဝတ်အစားလဲမနေနဲ့တော့လေ။"
ညအိပ်ဝတ်စုံဝတ်ထားသော jayကိုယ့်ဘာသာတစ်ချက်ငုံ့ကြည့်ကာ ဒီအတိုင်းလိုက်လို့ရလား။
ဟင် ဘာလို့မေးတာလဲ jay။ jayအမေးကို မင်းသွေးခန့်နားမလည်စွာ မေးခွန်းပြန်ထုတ်မိလေသည်။
ဒီအတိုင်းလဲ အဆင်ပြေနေတာကို ဘာလဲjayက လမ်းမှာတွေ့တဲ့ကောင်မလေးတွေ အကြည့်ခံချင်တာလား။
ယောက်ျားလေးပဲဗျာ မိန်းကလေးတွေရဲ့အကြည့်တော့ခံချင်တာပေါ့။ ကိုမင်းသွေးခန့်ကော အကြည့်မခံချင်ဘူးလား။ ဒါပေမယ့် မိန်းကလေးတိုင်းက နှစ်ခါပြန်ငေးရမယ့် ရုပ်ရည်ကို ကိုမင်းသွေးခန့်ကပိုင်ဆိုင်ထားတာပဲလေ။
"ဟား ဟား jayပြောမှပဲကိုယ်တောင် ဘဝင်မြင့်ချင်လာသလိုပဲ။ jayက လူတစ်ဖက်သား စိတ်ချမ်းသာအောင် ဒီလိုလဲ မြှောက်ပြောတက်တာပဲလား။"
Jayကအရှိကိုအရှိတိုင်းပြောတာပါ။ လူတစ်ဖက်သားကိုမြှောက်မပြောတက်ဘူး။ ဟုတ်ပါပြီ ဒီညjayလိုချင်တာအကုန်ဝယ် ကိုယ်ဝယ်ပေးမယ်။
မင်းသွေးခန့်ဒီကောင်လေးနဲ့ တွေ့ဆုံချိန်များလာတာနှင့်အမျှ မိမိစိတ်တို့တဖြည်းဖြည်းပြောင်းလဲလာခဲ့လေသည်။ အရင်ကတွေ့ရင် ရန်ဖြစ်နေကြသော်လည်း အခုလိုအချိန်တွေဆိုရင် jayကို နူးညံစွာပြောဆိုဆက်ဆံမိလေသည်။ ဘာကြောင့်အခုလိုပြောင်းလဲသွားလဲဆိုသော အဖြေကရှာမရ။ အခုလဲjayစကားတခွန်းကြောင့် မိမိစိတ်တို့သည် jayအတွက်အသင့်ဖြစ်နေပြန်သည်။ နဒီတစ်ယောက် မိမိဒီလိုဖြစ်နေတာကိုသိရင် ဟားတိုက်လို့ရယ်နေမလား။ ဒါမှမဟုတ်ပျော်နေမလားမတွေးတက်။
"Jayသွားရအောင်လေ ကားပေါ်တက်။ ဘယ်သွားမလဲ။"
"နီးနီးနားနား ဗန္ဒူလပန်းခြံနားမှာပဲသွားစားရအောင်။"
မင်းသွေးခန့်ကားကိုမောင်းထွက်လာခဲ့လေသည်။ ခနအကြာ ပန်းခြံရှေ့ရှိတစ်ဖက်ကားတွေရပ်ထားသော နေရာလွတ်တစ်ခုတွင်ကားရပ်ကာ ဆိုင်းတန်းများရှိရာသို့ နှစ်ယောက်သားလမ်းလျှောက်လာခဲ့လေသည်။
"ဘာစားမလဲjay"
မင်းသွေးခန့်အမေးကိုပင်ပြန်မဖြေနိုင်အား ဆိုင်တန်းများကို တစ်ဆိုင်ပြီးတစ်ဆိုင်ဝင်ကြည့်ကာ ရှာဖွေနေလေသည်။
"ကြေးအိုးဆိုင်ရှေ့ရပ်ကာ ကြေးအိုးစားမလား ကိုမင်းသွေးခန့်။ "
Jayစားချင်တာမလား စားလေ ကိုယ်ကဘာဖြစ်ဖြစ်ရတယ်။ ဒီကောင်လေးက ဒါစားချင်ဆိုတာနဲ့ အလိုလိုခေါင်းငြိမ့်မိလေသည်။ ဒီလိုခံစားချက်က တစ်ခါတစ်ခါဖြစ်ပေါ်လာတက်လေသည်။
အမရေငရုပ်သီးမှုန့်လေးထပ်ထည့်ပေးလို့ရမလား။
Jayအစပ်တွေအ့လောက်မစားနဲ့လေ။ မနက်ကျအသံသွင်းရအုံးမှာ။ ဒီလောက်အစပ်တွေစားနေရင်တော့မဖြစ်ဘူး။
"ဒါအစပ်ကြီးမဟုတ်သေးပါဘူး။ "
ဘာ ဒါတောင်အစပ်ကြီးမဟုတ်သေးဘူးဆိုပါလား။ ယောက်ျားတစ်ယောက်က ဒီလောက်တောင်အစပ်စားရတာလဲ။ ဒီတခါနောက်ဆုံးနော်။နောက်မစားရတော့ဘူး။
အမရေခဲရေတစ်ဗူးလောက်ပေးပါ။
ရေခဲရေကဘာလုပ်မလို့မှာရပြန်တာလဲ။
အစပ်ပြေရေသောက်ရမယ်လေ မသိတာလဲမဟုတ်ဘဲမေးနေပြန်ပြီ။
ရိုးရိုးရေပဲသောက် ရေခဲရေတော့မရဘူး။ အမရေခဲစိမ်ထားတာမပေးနဲ့ ရိုးရိုးရေပဲပေးပါ။
ဆိုင်ရှင်အမက jayနဲ့သူကြားဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် ရပ်ကာငေးကြည့်နေမိလေသည်။
မောင်လေးတို့နှစ်ယောက်အရင်အဆင်ပြေအောင် ညှိကြလိုက်ပါ။ လိုချင်တာရှိရင်ခေါ်လိုက်နော်မောင်လေး။
ဆိုင်ရှင်အမတောင်ပြုံးစိစိနဲ့ထွက်သွားလေသည်။
ရိုးရိုးရေပဲပေးပါအမ။
အပူအစပ်စားပြီးရင် ရေခဲရေလေးသောက်လိုက်ရတဲ့အရသာလေးက ဘယ်လောက်မိုက်လဲ။
ကိုယ်မှာထားတာကို မကြိုက်ရင်အိမ်ရောက်မှသောက်တော့။ ဒီကောင်လေးဟာ အလျှော့ပေးမှန်းသိ ရောင့်တက်တာလား။
ဟာ ဘာမှန်းလဲမသိဘူး။ စားချင်တာလဲမစားရ သောက်ချင်တာလဲမသောက်ရတဲ့ဘဝဆိုးလိုက်တာ။ jayမျက်နာစူပုတ်ကာ တစ်ယောက်ထဲ တတွတ်တွတ်ရေရွတ်နေလေသည်။
Continue Reading
You'll Also Like
52.1K 3.2K 53
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
17.4K 1.4K 20
43K 7.8K 42
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
220K 5.6K 20
Arthit♥Kongpob Sunny Kit ♥ Kimmy