Friendzone⚽🤼‍♂️ ( Uni+Zaw )
By winey3020
12.9K 499 78
Uni Lifeလေးပါ။ နည်းပညာတက္ကသိုလ်လေးမှာ ပေါက်ဖွားလာတဲ့ အချစ်အကြောင်းလေး❤️ More
ဇာတ်ကောင်မိတ်ဆက်💛
💜Part 1💜Zawgyi
💜Part2💜Unicode
💜Part2💜Zawgyi
💜Part3💜Unicode
💜Part3💜Zawgyi
💜Part4💜Unicode
💜Part5💜Unicode
💜Part4💜Zawgyi
💜Part5💜Zawgyi
💜Part6💜Unicode
💜Part6💜Zawgyi
💜Part 7💜 Unicode
💜Part 7💜Zawgyi
💜Part 1💜Unicode
1.7K 64 3
By winey3020
ခန့်ပြည့်ပိုင်....
တောင်ကြီးမြို့မှာ ကိုယ်ပိုင်စားသောက်ဆိုင်လေး ဖွင့်ထားတဲ့
ဦးမင်းခန့် နဲ့ ဒေါ်ဇာခြည်တို့ရဲ့ သားငယ်လေး သူ့ရဲ့ တစ်ဦးတည်းသော
အစ်မနာမည်က ခင်ရတနာတဲ့
တစ်မိသားစုလုံးက အငယ်ဆုံးလေးဖြစ်တဲ့ ခန့်ပြည့်ပိုင်ကို သည်းသည်းလှုပ်ချစ်ကြသည်။ မိသားစုတင်မက အိမ်နီးနားချင်းများကပါ ခန့်ပြည့်ပိုင်လေးကို အတော်ချစ်ကြသည်။လူတကာကို ကူညီတတ်တဲ့ စိတ်ထားလေးရှိပြီး သဘောကောင်းတဲ့ ကောင်လေးတစ်ယောက်ပင်။
ခန့်ပြည့်ပိုင်ကို လူတိုင်းက အပြည့်လေး ဟူ၍ခေါ်ဝေါ်ကြသည်။ ခန့်ပြည့်ပိုင်သည် ထိုသို့ခေါ်သည်ကို မိန်းမဆန်လွန်း၍ မကြိုက် သို့သော်လည်း ငယ်ကတည်းက ခေါ်လာသော နာမည်ဖြစ်၍ ထိုနာမည်ကိုသာ ပါးစပ်စွဲနေကြသောကြောင့် သူလည်း အပြည့်လေး ဟူသော နာမည်နဲ့ ရင်းနှီး ကျွမ်းဝင်ခဲ့သည်။
ငယ်ကတည်းက အိမ်ဆောက်ရတာကို ကြိုက်သော ခန့်ပြည့်ပိုင်သည်
ဆယ်တန်းအောင် ပြီးတော့
နည်းပညာCivil major တက်ရန် ဆုံးဖြတ်ခဲ့သည်။ ဦးမင်းခန့်ကရော
ဒေါ်ဇာခြည်ကပါ သူတို့သားဝါသနာကို အလေးထားပြီး ခွင့်ပြုပေးသည်။ အမဖြစ်သူက အဝေးသင်တက်နေပြီး ဆိုင်ကို ဦးစီးဦးဆောင် လုပ်နေသောကြောင့် စီးပွါးရေးမှ အတော်အတန် အဆင်ပြေသည်။
နည်းပညာတက္ကသိုလ် မန္တလေးကို တက်ရောက်ရန် ရွေးချယ်ခဲ့သည်။
ငယ်စဥ်ကတည်းက အိမ်နဲ့တခါမှ မခွဲဖူး၍ တယောက်တည်း ကျောင်းသွားတက်ရမှာ ခန့်ပြည့်ပိုင် စိတ်ထဲ နဲနဲတော့ လန့်နေမိသည်။ သို့ပေမဲ့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတဲ့ မန္တလေးမှာ သူတက်ချင်သည်။ ဒါကြောင့် ဖြစ်အောင်သွားမည်ဟု ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
Time skip...
မန္တလေးမြို့သို့ ဦးမင်းခန့် လိုက်ပို့သည်။ အပြည့်လေး မေမေနဲ့ မမက ဆိုင်ကို ကြည့်ရန် နေခဲ့သည်။ ဦးမင်းခန့်သည် လွတ်လပ်မှုကို ကြိုက်တဲ့သူ ဖြစ်တဲ့အတွက် သူ့သားကို အပြင်ဆောင်မှာ နေစေသည်။
"သားရေ အဆောင်က နှစ်ယောက်တစ်ခန်းသုံးရမယ်တဲ့ သားအဆင်ပြေလား "
"ပြေပါတယ် ဖေဖေရ နှစ်ယောက်ဆိုတော့ အဖော်တောင်ရသေး မပျင်းရတော့ဘူးပေါ့😁"
"ဟုတ်ပါပြီ ဖေ့သားလေးရယ် သားအခန်းဖော်က မရောက်သေးဘူးတဲ့ နောက်၂ရက်လောက်နေမှ လာမယ်တဲ့"
"အယ် သူက ဘာလို့လဲ သိဘူးနော် မနက်ဖြန် ကျောင်းဖွင့်ပြီကို "
"သူက ဒီနဲ့ ဝေးလို့နေမှာပေါ့သားရယ် ကဲ ဒါဆို ဖေဖေပြန်တော့မယ်နော် သားလေးဂရုစိုက်နေခဲ့"
"ဟုတ် ဖေဖေ တာ့တာ သားညတိုင်းဖုန်းဆက်မယ်နော် သားကို အမြဲ လွမ်းနေကြနော် မမေ့ရဘူး"
"အမလေး ဟုတ်ပါပြီ ဖေဖေ့သားဟအချွဲလေး ဟဟ ဖေဖေသွားပြီနော်"
"ဟုတ်ကဲ့ ဘိုင့်ဘိုင်"
မနက်ဖြန်မနက် ကျောင်းစတက်ရမဲ့နေ့မို့ ခန့်ပြည့်ပိုင် တစ်ယောက် စိတ်လှုပ်ရှားနေသည်။ အပေါင်းအသင်းကလည်း မရှိသေး၍ ပျင်းနေသည်။
"ဟူး သူငယ်ချင်းလည်း မရှိသေးဘူးကွာ ပျင်းလိုက်တာ "
ထိုစဥ် ဒေါက် ဒေါက် ဒေါက်
"ဘယ်သူလဲ ဝင်ခဲ့ပါဗျ"
ကောင်လေးနှစ်ယောက်ဝင်လာသည်။ ခန့်ပြည့်ပိုင်နှင့် သက်တူရွယ်တူလောက်ပင်ဖြစ်သည်။ ထိုထဲက တစ်ယောက်ကစပြီး
"ငါတို့ ဒီဘက်ကုတင်မှာ ထိုင်လိုက်မယ်နော်"
"အေး ထိုင်ကြ"
"ငါ့နာမည်က ထက်နိုင် , သူ့နာမည်က အောင်ကျော် ငါတို့က မင်းအခန်းရဲ့ ကျောခြင်းကပ် အခန်းက အဆောင်မှူးက မင်းအခန်းဖော် မရောက်သေးဘူး တစ်ယောက်တည်း ဖြစ်နေတယ် ဆိုလို့ ငါတို့လာမိတ်ဆက်တာ"
" ဟုတ်တယ်ကွ ငါအခုတောင် ပျင်းနေတာ အော် ငါ့နာမည်က ခန့်ပြည့်ပိုင်"
"မင်းက ဘယ်Majorလိုချင်တာလဲ"
"ငါက Civil တက်ချင်တာကွ မှီမယ်ထင်တာပဲ တစ်ပတ်လောက်နေမှ မေဂျါခွဲမယ်ပြောတယ်"
" ဟာ ဒါဆို တူတူပဲပေါ့ကွ ငါတို့လည်း အဓိကက Civil major လျှောက်ထားတာ အမှတ်လည်းမဆိုးဘူးဆိုတော့ မဗီနိုင်တယ်"
"မင်းတို့နှစ်ယောက်က ငယ်ငယ်ကတည်းက သူငယ်ချင်းလား"
"ဟား မဟုတ်ပါဘူးကွာ ဒီရောက်မှ ခင်ကြတာကွ ငါတို့က မနေ့ကတည်းက ရောက်ကြတာ"
"ငါလည်း ငါ့အခန်းဖော်နဲ့ မင်းတို့လို အဆင်ပြေပြေ ပေါင်းသင်းချင်တယ်ကွ ဘယ်လိုလာမလဲ မသိသေးဘူး"
"ဘာအရေးလဲကွာ အခု ငါတို့သုံးယောက်က သူငယ်ချင်းဖြစ်သွားပြီ မနက်ဖြန် မနက်ကျ ကျောင်းအတူသွားမယ် စောစောထနော်"
"ဒီကောင် ထက်နိုင်ကတော့ အသေအိပ်တာဟေ့ ခန့်ပြည့်ပိုင်ရ ဒီနေ့မနက်က ငါဗိုက်ဆာလို့ ဒီကောင့်ကို အတော်နှိုးယူလိုက်ရတယ် ကာလနဂါးဝင်စားလား အောက်မေ့ရတယ်"
"မင်းကလည်းကွာ အဲ့လောက်လည်း မဟုတ်ပါဘူး အေး ခန့်ပြည့်ပိုင် မနက်ကျ canteenသွားရမာနဲ့ စားရမာနဲ့ဆိုတော့ ငါတို့ ၈နာရီလောက်တော့ ကျောင်းရောက်မှ ဖြစ်မယ်"
"ငါတို့က အပြင်ဆောင်ဆိုတော့ ကျောင်းနဲ့ ဝေးတယ်လေ လမ်းလျှောက်သွားရမာလား ferry လေး ဘာလေး မရှိဘူးလားဟ"
"ဟ မင်း ဆိုင်ကယ်မယူခဲ့ဘူးလား"
"ငါမှ ဆိုင်ကယ်မစီးတတ်တာ"
"ဘာမှ မဖြစ်ဘူး စိတ်မပူနဲ့ ငါနဲ့ အောင်ကျော် တစ်ယောက်တစ်စီးပါတယ် မင်းငါ့နောက်ကလိုက်လည်းရတယ် သူ့နောက်ကလိုက်လည်းရတယ်"
"အဲ့လိုဆို အဆင်ပြေတာပေါ့ကွာ ကျေးဇူးတင်ပါတယ်ကွာ မင်းတို့ကို"
"ဟာမလိုဘူး သူငယ်ချင်းတွေကြားမှာ ကျေးဇူးဆိုတာ မလိုဘူး"
"အဲ့တာဆို မနက်လာခေါ်မယ်နော်
ထက်နိုင် ငါတို့လည်း အခန်းပြန်စို့"
"အေးအေး သွားပြီ ခန့်ပြည့်ပိုင်ရေ တံခါးလာပိတ်လှည့်ဦး ညကြီး လော့ပိတ်အိပ်"
"အေးအေး လစ်ကြ"
ထက်နိုင်နဲ့ အောင်ကျော်တို့ သွားပြီးနောက် ခန့်ပြည့်ပိုင်တစ်ယောက် အိမ်ကို ဖုန်းဆက်ပြီး သူငယ်ချင်းအသစ်နှစ်ယောက်ရကြောင်း သူ့အပေါ်ကောင်းကြောင်း အရမ်းခင်ဖို့ကောင်းကြောင်းတွေ အကုန်ပြောလေသည်။ ဖုန်းချ ပြီးတော့
"ဟူး ၈နာရီပဲရှိသေးတယ် အိပ်ဖို့က စောသေးတယ် လိုင်းခဏသုံးလိုက်ဦးမယ်" ဆိုပြီး လိုင်းဖွင့်ကာ Facebook သုံးရင်း ည၉နာရီလောက်ရောက်တော့ အိပ်လိုက်တော့သည်။
မနက်၇နာရီ ......
အောင်ကျော်တစ်ယောက် ထက်နိုင်ကို နှိုးမရ၍ ခန့်ပြည့်ပိုင် အခန်းဘက် ထွက်လာခဲ့သည်။
" ခန့်ပြည့်ပိုင် ၊ ဟေ့ကောင် ထတော့ကွ"
"ဟင် အေးအေး ငါထပြီဆိုပြီး အိပ်ယာပေါ်ကနေကုန်းရုန်းထပြီး တံခါးဖွင့်လိုက်တော့ အောင်ကျော်က
"ဟိုကောင် ထက်နိုင်က ခုထိနှိုးမရသေးဘူးဟေ့ အဲ့တာကြောင့် မင်းကို အရင်လာနှိုးတာ"
"သွားမယ် မင်းတို့အခန်း အဲ့ကောင်ကို ငါတို့နှစ်ယောက်ဝိုင်းနှိုးရမယ်"ဆိုပြီး ထက်နိုင်တို့ အခန်းဘက် ထွက်ခဲ့ကြသည်။ အခန်းထဲရောက်တော့ နာမည်ခေါ်နှိုးသည် မထ လှုပ်ပြီး နှိုးသည်မထ ဒါနဲ့ နှစ်ယောက်သားတိုင်ပင်ပြီး
"ဟေ့ကောင် ထက်နိုင် မီးလောင်နေပြီကွ ထထ ပစ္စည်းတေအမြန်သိမ်း"
ဟု အော်နှိုးလိုက်တော့မှ
"ဟာ ဘယ်မှာလဲကွ မီးမီး"
"မီးက မီးဖိုထဲမှာပေါ့ကွ ဟားဟား"
"သူတောင်းစားတွေ ငါ့ကို ဒီနည်းနဲ့ နှိုးကြတယ်ပေါ့"
"မနေ့က အောင်ကျော်ပြောတော့ ဟာသပြောတယ်ထင်နေတာ မင်းက တကယ့် ကာလနဂါးပဲ ထတော့ ရေချိုးပြီး ကျောင်းသွားကြစို့"
"နေဦး ငါအခုမှ သေချာကြည့်မိတယ် ဟျောင့် အောင်ကျော် ကြည့်စမ်း
ခန့်ပြည့်ပိုင်ကို အရပ်ပုပု အသားကဖြူဖြူ လူကောင်က ပေါက်စလေးနဲ့
မူလတန်းကလေး သာသာပဲရှိတယ်😂"
(ပြောရက်တာဟယ် ငါ့ကလေးကို)
"သေလိုက်လေ မူလတန်းကလေးသာသာဖြစ်ရအောင် "
"ဟုတ်တယ်ကွ ခန့်ပြည့်ပိုင်ရ😆မင်းကတကယ် ပေါက်စလေး မနေ့က သတိမထားမိဘူး "
"တော်တော့ မင်းတို့ကောင်တွေ ငါ့ပဲ လိုက်စမနေနဲ့ ဟိုကာလနဂါးလည်းဟအိပ်ယာပေါ်က ဆင်းတော့ ကျောင်းနောက်ကျနေမယ်"
သူတို့၃ယောက် ရေမိုးချိုး ပြင်ဆင်ကြပြီး ခန့်ပြည့်ပိုင်က ထက်နိုင်နောက်က လိုက်ပြီး ကျောင်းကို လာခဲ့ကြသည်။
ကျောင်းရောက်တော့ Canteenမှာ လူပင်အတော်များနေသည်။ ပထမဆုံးနေ့ဆိုတော့ ကျောင်းနောက်ကျမယ်ဆိုးပြီး စောစောလာကာ Canteenထိုင်ကြခြင်း ဖြစ်မည်။ ဝိုင်းအလွတ်ပင်မရှိလောက်အောင် လူများနေသည်။
" ဟာ ဟေ့ကောင်တွေ ဟိုထောင့်မှာ ဝိုင်းလွတ်ပြီ လာ မြန်မြန်သွားကြမယ်" ဆိုပြီး အစားမက်တဲ့ အောင်ကျော်တစ်ယောက် ဝိုင်းဆီကို တရှိန်ထိုးပြေးသွားသည်။
ထက်နိုင်နဲ့ ခန့်ပြည့်ပိုင်က နောက်မှ လိုက်လာပြီး
"ဖြေးဖြေးသွားလည်း ရတာကိုကွာ အမောတကောနဲ့ "
"ဝိုင်းလွတ်သွားမှာ စိုးလို့ကွ ကဲမှာကြမယ် စားပွဲထိုးကလည်း မလာသေးဘူး ခေါ်လိုက်ဦး"
စားပွဲထိုးစောင့်နေစဥ် ကောင်မလေးနှစ်ယောက်လာပြီး
"ဒီမှာ ဒီမှာ ငါတို့ ဒီဝိုင်းမှာ ထိုင်လို့ရလား ဝိုင်းတွေ အကုန်ပြညိ့နေလို့"
ကူညီတတ်ပြီး သဘောကောင်းတဲ့
ခန့်ပြည့်ပိုင်က
"ထိုင်လေ ရပါတယ်"
"ကျေးဇူးပဲနော်"
အောင်ကျော်က စပြီး
"ကဲ တစ်ဝိုင်းထဲ ထိုင်ပြီဆိုတော့ သူငယ်ချင်းပဲပေါ့ ငါ့နာမည်က အောင်ကျော် သူက ထက်နိုင် သူက ခနိ့ပြည့်ပိုင်တဲ့"
"အေး ဟုတ်ပြီ မှတ်ထားမယ် ငါ့နာမည်က ခက်ဖူးသစ် သူငယ်ချင်းတွေက ခက်ခက် လို့ပဲခေါ်တယ် နင်တို့လည်း အဲ့လိုပဲခေါ် သူ့နာမည်ကတော့ ဝင်းလဲ့ တဲ့"
"အေးအေး ဟိုမှာ စားပွဲထိုးလာနေပြီ ဗိုက်ဖြည့်ဖို့ မှာကြစို့"
စားချင်တာမှာကြပြီး ရယ်ကြ မောကြ စကားပြောကြရင်းနဲ့ စားသောက်နေကြသည်။
ခက်ခက်- "ဟဲ့ ဒါနဲ့ ငါတို့က ခု ဘယ်အခန်းမှာ စာသင်ရမှာလဲ မေဂျါက တစ်ပတ်နေမှ ခွဲမှာဆို"
ခန့်ပြည့်ပိုင်- အေး ဆယ်တန်းတုန်းက Roll no အလိုက် တစ်ခန်းကို အယောက် ၅၀ထိုင်ထားတဲ့ လောလောဆယ် ငါတို့၃ယောက်လုံးကတော့ အခန်း ၁ မှာ ထိုင်ရမှာ
ဝင်းလဲ့- ငါတို့လည်း အခန်း ၁ပဲ ဒါဆို
ထက်နိုင်- ဟ ဒါဆို ပျော်စရာကြီးပေါ့ကွ ၅ယောက်စလုံး တခန်းထဲ
အောင်ကျော်- မေဂျါခွဲရင်လည်း ၅ယောက်လုံး civil ရရင် ကောင်းမှာကွ
ခက်ခက်- Civil က ဘယ်နှစ်ယောက်ထားမလဲ မသိသေးဘူး ဘာပဲဖြစ်ဖြစ်လောလောဆယ် ငါတို့၅ယောက်က squad ဖြစ်သွားပီ ( အဖွဲ့ကို ပြောတာပါ)
ဝင်းလဲ့- ခန့်ပြညိ့ပိုင် ဆိုတဲ့ နာမည်ကြီးက စိမ်းကားလိုက်တာဟာ နင့်မှာ အိမ်နာမည် ရှိကိုရှိရမယ် အိမ်နာမည်ပြော
"ငါ့အိမ်နာမည်ပြောရင် မရီနဲ့နော် နငိတို့"
"အေးပါဟာ ပြောမှာသာပြော"
"ငါ့ကို တစ်မြို့လုံးနီးပါးက အပြည့်လေး လို့ခေါ်ကြတာ"
ခက်ခက်- "ဟယ် ချစ်စရာလေးဟဲ့ နာမည်က လူနဲ့လိုက်တယ် ဖြူဖြူနုနုလေးနင်က ငါတို့ထက်တောင်နုတယ်
ငါတို့လည်း အပြည့်လေးလို့ပဲ ခေါ်မယ်"
ထက်နိုင်- နင်တို့ကို ကြည့်တာနဲ့ ကြမ်းမှန်းသိတယ်😂ဘယ့်နှယ် တခြားကောင်မလေးတွေလို ယောက်ျားလေးတွေရှေ့ ပဲများဖို့နေနေသာသာ နင်တို့က ငါတို့ရှေ့တင် အပြီအပြင် စားကွဲစားပြဲ နေကြတာ
ဝင်းလဲ့- နင်တို့လို ရုပ်ဆိုးတွေရှေ့ ပဲများနေစရာလားဟဲ့🤣
အောင်ကျော်- အောင်မာ စွာစိလန်မတွေကတော့ အာကျယ်အာကျယ်နဲ့😂
ခန့်ပြည့်ပိုင်- စကားနိုင်လုတာတွေ တော်လိုက်ကြတော့ စာသင်ခန်းဆီသွားကြစို့
ခက်ခက်- ငါတို့ အပြည့်လေး ပြောတာမှန်တယ် သွားကြမယ်
ငါးယောက်သား စားတာတွေ ရှင်းပြီး တက်ညီလက်ညီ စာသင်ခန်းဆီကို ဦးတည်သွားကြတော့သည်။
➡️➡️➡️➡️➡️➡️➡️➡️➡️➡️➡️➡️
Ficလေးက အခုမှ စတာမို့ လိုတာလေးတွေရှိရင် တောင်းပန်ပါတယ်နော်။
ဒီFicလေးကိုတော့ တစ်ပတ်မှ တစ်ပိုင်းပဲ Update လုပ်ပါမယ်နော်❤️
Semeက မလာသေးဘူးနော် ဟိဟိ😚
Part 2မှာ Semeလာမယ်💜
Love you all🧡
Continue Reading
You'll Also Like
872K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
4M 269K 81
Married Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အ...
458K 52.9K 122
Unicode သည်းထိတ်ရင်ဖိုဇာတ်လမ်း​တွေကိုနှစ်သက်တဲ့ စာ​ရေးဆရာမရှီရှန်းဟာ ​ရေးလက်စ စာအုပ်များစွာကို ရပ်တန့်ခဲ့တယ် ​မြောက်များစွာ​သော အဓိကဇာတ်​ဆောင်​တွေကိ...
946K 81.1K 89