Unicode
သုံးရက်ရှိပြီ။ သူ့မီးစိမ်းလေးကို စောင့်ကြည့်နေခဲ့တာ။ သူလည်း စာမလုပ်ဘဲ လိုင်းပေါ်မှာပဲနဲ့ တူပါတယ်။ ကျောင်းသင်္ကြန်ပြီးတော့ တစ်ရက်ကျောင်းသွားရသေးတယ်။ သူ့ကိုတော့မတွေ့ဘူး။ သူရော အဲ့နေ့က ဘယ်လိုကျန်ခဲ့လဲမသိဘူး။ Messenger မှာ စကားသွားပြောဖို့လည်း မရဲဘူး။ ဘာမှမပြောဘဲ ဒီတိုင်းထွက်ပြေးခဲ့တာ အားနာလိုက်တာ။ သူငယ်ချင်းတွေကို ပြောပြတော့ နင့်ကိုစိတ်ပျက်သွားလောက်တယ်တဲ့။ တကယ်ဆိုရင်တော့ ဒုက္ခပါပဲ။ ခေါင်းညိတ်ခေါင်းခါလေးတော့လုပ်ခဲ့ရမှာ။ ဘယ်သူ့ကိုမှမချစ်မိလောက်ဘူးလို့ ထင်ထားခဲ့တာ သူနဲ့တွေ့မှ သူကမကြိုက်တော့လည်းပူ သူကကြိုက်တယ်ဆိုတော့လည်းပူ။ အာ့ကြောင့် အချစ်က ပူတယ်လို့ပြောကြတာဖြစ်မယ်။
တစ်နေကုန်ဖုန်းကိုထိုင်ကြည့်နေတုန်းက ဘာစာမှရောက်မလာဘူး။ အခုညစာစားပြီး အခန်းထဲပြန်လာတော့မှ A new message တဲ့။ ကြည့်လိုက်တော့ သူ့ဆီက။ "သင်္ကြန်နေ့က စိတ်ဆိုးသွားတာလား" တဲ့။ အမေရေ ကယ်ပါ။ စိတ်ဆိုးတယ်ပြောလို့လည်းမဖြစ်ဘူး။ မဆိုးပါဘူးဆိုရင်လည်း ကြည်ဖြူတယ်ထင်သွားဦးမယ်။ ဘယ်လောက်ကြိုက်ကြိုက်နည်းနည်းတော့မူချင်သေးတာ။စကားတော့ကောင်းကောင်း ပြန်ပြောမှနဲ့တူပါတယ်။
"စိတ်တော့မဆိုးပါဘူး ရုတ်တရက်မို့ လန့်သွားလို့ပါ"
"လန့်သွားရင် sorry ပါ ဗြုန်းစားကြီးဆိုတော့ လန့်သွားမှာပေါ့"
"ဟုတ်"
အင်း... သူ့ဘက်ကတော့ စာရိုက်နေတယ်။ ပြောစရာလည်းမရှိတော့သလိုပဲကို။ နေရခက်လိုက်တာ။ အဖြေပြန်တောင်းနေရင် ဘယ်လိုလုပ်ရပါ့။
"စားပြီးပြီလား"
ဒါပဲမေးစရာရှိလားဟ။ ဘာပဲပြောပြော အဖြေတောင်းတာထက်တော့ တော်ပါသေးတယ်။
"ဟုတ်"
"စာမေးပွဲနီးပြီနော် စာတွေရပြီလား"
"ဟုတ်ကဲ့ အစ်ကိုရော?"
"မရသေးပါဘူး one subject one night ပဲ"
သွားဖြီးနေတဲ့emojiလေးနဲ့တောင် ပို့လိုက်သေး။
"အာ့မကောင်းဘူး"
"ညီမကမကောင်းဘူးဆိုတော့ စာကြိုလုပ်ရတော့မှာပေါ့"
"ဪ... ဟုတ်"
"ညီမလည်း စာတွေအရမ်းလုပ်မနေနဲ့ဦးနော် ကျန်းမာရေးဂရုစိုက် စောစောအိပ်"
"ဟုတ်"
"ဂိမ်းတွေတအားမဆော့ဖို့တော့ နောက်မှပဲမှာတော့မယ်"
"ဘာလို့လဲ"
"မျက်စိထိမှာစိုးလို့လေ"
"မဟုတ်ဘူးလေ ဘာလို့နောက်မှလဲလို့မေးတာ"
"အခုတည်းကမှာလိုက်ရင် နောက်နေ့ပြောစရာမရှိတော့မှာစိုးလို့"
"ဪ"
အခုပြောလိုက်တော့ ငါကမသိတော့မှာကျနေတာပဲ။ ဆိုတော့ နောက်နေ့တွေလည်း စကားလာပြောမှာပေါ့။ အစက်ကလေးသုံးစက်က တော်တော်ကြာအောင်ခုန်နေပြီးမှ စာထပ်ရောက်လာတယ်။
"တကယ်စိတ်မဆိုးပါဘူးနော်"
"ဟုတ်ကဲ့"
"ကျေးဇူးပဲနော်"
"ဘာလို့လဲ"
"စိတ်မဆိုးဘူးဆိုလို့လေ"
"ဪ ဟုတ်"
"အခုတော့ ပြောစကားနားထောင်ပြီး စာလုပ်လိုက်ဦးမယ် အမရာလည်း နောက်ကျတဲ့ထိမနေနဲ့နော်"
အမယ်... အခုတည်းက အပိုးကျိုးနေတဲ့ပုံစံနဲ့။ တွဲမှအချိုးတွေပြောင်းရင်တော့လား။ ခဏလေး။ ငါသူနဲ့တွဲမယ်လို့ စဥ်းစားလိုက်တာလား။ ရူးနေပြီအမရာရေ။
"ဟုတ်"
"Good night. Sweet dreams."
"Good night pr"
ရင်တွေခုန်လွန်းလို့ နှလုံးရောဂါရပြီထင်တယ်။ ကိုယ့်ခရက်ရှ်ကြီးက ကိုယ့်ကိုကြိုက်နေတဲ့ ခံစားချက်ကြီးက ဝမ်းသာပီတိ ဂွမ်းဆီထိသလိုပဲ။ ဟိဟိ။ ဟိုဟာလေးတွေကို သွားကြွားဦးမှ။ ဝိုင်းအားပေးကြပါတယ်။ နင်ကြိုက်နေမှန်းသိလို့ လာကစားတာဖြစ်နေဦးမယ်တဲ့။ သူတို့ပြောမှ ပျော်နေတာလေးတောင် ပျောက်သွားတယ်။ ဒါပေမယ့် မဖြစ်လောက်ပါဘူး။ သူ့နားမှာ ကောင်မလေးတွေရှိသားပဲဟာ။ ငြိမ်ငြိမ်လေးနေတဲ့ ငါ့ကိုမျက်စိကျရုံလောက်မဖြစ်နိုင်ပါဘူး။ သူလည်းငါ့ကိုကြိုက်လို့ပဲလို့ထင်တာပဲ။ သေချာအောင်တော့ စောင့်ကြည့်ဦးမှပါ။ သူပြောတဲ့အတိုင်း စာခဏလုပ်ပြီး စောစောအိပ်လိုက်တော့တယ်။ ဂိမ်းလည်းမဆော့တော့ဘူး။ ဒီညတော့ အိပ်မက်လှလှလေးမက်မယ်ထင်ပါတယ်ကိုကြီးရေ...။
Zawgyi
သုံးရက္႐ွိၿပီ။ သူ႕မီးစိမ္းေလးကို ေစာင့္ၾကည့္ေနခဲ့တာ။ သူလည္း စာမလုပ္ဘဲ လိုင္းေပၚမွာပဲနဲ႔ တူပါတယ္။ ေက်ာင္းသႀကၤန္ၿပီးေတာ့ တစ္ရက္ေက်ာင္းသြားရေသးတယ္။ သူ႕ကိုေတာ့မေတြ႕ဘူး။ သူေရာ အဲ့ေန႔က ဘယ္လိုက်န္ခဲ့လဲမသိဘူး။ Messenger မွာ စကားသြားေျပာဖို႔လည္း မရဲဘူး။ ဘာမွမေျပာဘဲ ဒီတိုင္းထြက္ေျပးခဲ့တာ အားနာလိုက္တာ။ သူငယ္ခ်င္းေတြကို ေျပာျပေတာ့ နင့္ကိုစိတ္ပ်က္သြားေလာက္တယ္တဲ့ တကယ္ဆိုရင္ေတာ့ ဒုကၡပါပဲ။ ေခါင္းညိတ္ေခါင္းခါေလးေတာ့လုပ္ခဲ့ရမွာ။ ဘယ္သူ႕ကိုမွမခ်စ္မိေလာက္ဘူးလို႔ ထင္ထားခဲ့တာ သူနဲ႔ေတြ႕မွ သူကမႀကိဳက္ေတာ့လည္းပူ သူကႀကိဳက္တယ္ဆိုေတာ့လည္းပူ။ အာ့ေၾကာင့္ အခ်စ္က ပူတယ္လို႔ေျပာၾကတာျဖစ္မယ္။
တစ္ေနကုန္ဖုန္းကိုထိုင္ၾကည့္ေနတုန္းက ဘာစာမွေရာက္မလာဘူး။ အခုညစာစားၿပီး အခန္းထဲျပန္လာေတာ့မွ A new message တဲ့။ ၾကည့္လိုက္ေတာ့ သူ႕ဆီက။ "သႀကၤန္ေန႔က စိတ္ဆိုးသြားတာလား" တဲ့။ အေမေရ ကယ္ပါ။ စိတ္ဆိုးတယ္ေျပာလို႔လည္းမျဖစ္ဘူး။ မဆိုးပါဘူးဆိုရင္လည္း ၾကည္ျဖဴတယ္ထင္သြားဦးမယ္။ ဘယ္ေလာက္ႀကိဳက္ႀကိဳက္နည္းနည္းေတာ့မူခ်င္ေသးတာ။စကားေတာ့ေကာင္းေကာင္း ျပန္ေျပာမွနဲ႔တူပါတယ္။
"စိတ္ေတာ့မဆိုးပါဘူး ႐ုတ္တရက္မို႔ လန္႔သြားလို႔ပါ"
"လန္႔သြားရင္ sorry ပါ ျဗဳန္းစားႀကီးဆိုေတာ့ လန္႔သြားမွာေပါ့"
"ဟုတ္"
အင္း... သူ႕ဘက္ကေတာ့ စာ႐ိုက္ေနတယ္။ ေျပာစရာလည္းမ႐ွိေတာ့သလိုပဲကို။ ေနရခက္လိုက္တာ။ အေျဖျပန္ေတာင္းေနရင္ ဘယ္လိုလုပ္ရပါ့။
"စားၿပီးၿပီလား"
ဒါပဲေမးစရာ႐ွိလားဟ။ ဘာပဲေျပာေျပာ အေျဖေတာင္းတာထက္ေတာ့ ေတာ္ပါေသးတယ္။
"ဟုတ္"
"စာေမးပြဲနီးၿပီေနာ္ စာေတြရၿပီလား"
"ဟုတ္ကဲ့ အစ္ကိုေရာ?"
"မရေသးပါဘူး one subject one night ပဲ"
သြားၿဖီးေနတဲ့emojiေလးနဲ႔ေတာင္ ပို႔လိုက္ေသး။
"အာ့မေကာင္းဘူး"
"ညီမကမေကာင္းဘူးဆိုေတာ့ စာႀကိဳလုပ္ရေတာ့မွာေပါ့"
"ဪ... ဟုတ္"
"ညီမလည္း စာေတြအရမ္းလုပ္မေနနဲ႔ဦးေနာ္ က်န္းမာေရးဂ႐ုစိုက္ ေစာေစာအိပ္"
"ဟုတ္"
"ဂိမ္းေတြတအားမေဆာ့ဖို႔ေတာ့ ေနာက္မွပဲမွာေတာ့မယ္"
"ဘာလို႔လဲ"
"မ်က္စိထိမွာစိုးလို႔ေလ"
"မဟုတ္ဘူးေလ ဘာလို႔ေနာက္မွလဲလို႔ေမးတာ"
"အခုတည္းကမွာလိုက္ရင္ ေနာက္ေန႔ေျပာစရာမ႐ွိေတာ့မွာစိုးလို႔"
"ဪ"
အခုေျပာလိုက္ေတာ့ ငါကမသိေတာ့မွာက်ေနတာပဲ။ ဆိုေတာ့ ေနာက္ေန႔ေတြလည္း စကားလာေျပာမွာေပါ့။ အစက္ကေလးသုံးစက္က ေတာ္ေတာ္ၾကာေအာင္ခုန္ေနၿပီးမွ စာထပ္ေရာက္လာတယ္။
"တကယ္စိတ္မဆိုးပါဘူးေနာ္"
"ဟုတ္ကဲ့"
"ေက်းဇူးပဲေနာ္"
"ဘာလို႔လဲ"
"စိတ္မဆိုးဘူးဆိုလို႔ေလ"
"ဪ ဟုတ္"
"အခုေတာ့ ေျပာစကားနားေထာင္ၿပီး စာလုပ္လိုက္ဦးမယ္ အမရာလည္း ေနာက္က်တဲ့ထိမေနနဲ႔ေနာ္"
အမယ္... အခုတည္းက အပိုးက်ိဳးေနတဲ့ပုံစံနဲ႔။ တြဲမွအခ်ိဳးေတြေျပာင္းရင္ေတာ့လား။ ခဏေလး။ ငါသူနဲ႔တြဲမယ္လို႔ စဥ္းစားလိုက္တာလား။ ႐ူးေနၿပီအမရာေရ။
"ဟုတ္"
"Good night. Sweet dreams."
"Good night pr"
ရင္ေတြခုန္လြန္းလို႔ ႏွလုံးေရာဂါရၿပီထင္တယ္။ ကိုယ့္ခရက္႐ွ္ႀကီးက ကိုယ့္ကိုႀကိဳက္ေနတဲ့ ခံစားခ်က္ႀကီးက ဝမ္းသာပီတိ ဂြမ္းဆီထိသလိုပဲ။ ဟိဟိ။ ဟိုဟာေလးေတြကို သြားႂကြားဦးမွ။ ဝိုင္းအားေပးၾကပါတယ္။ နင္ႀကိဳက္ေနမွန္းသိလို႔ လာကစားတာျဖစ္ေနဦးမယ္တဲ့။ သူတို႔ေျပာမွ ေပ်ာ္ေနတာေလးေတာင္ ေပ်ာက္သြားတယ္။ ဒါေပမယ့္ မျဖစ္ေလာက္ပါဘူး။ သူ႕နားမွာ ေကာင္မေလးေတြ႐ွိသားပဲဟာ။ ၿငိမ္ၿငိမ္ေလးေနတဲ့ ငါ့ကိုမ်က္စိက်႐ုံေလာက္မျဖစ္ႏိုင္ပါဘူး။ သူလည္းငါ့ကိုႀကိဳက္လို႔ပဲလို႔ထင္တာပဲ။ ေသခ်ာေအာင္ေတာ့ ေစာင့္ၾကည့္ဦးမွပါ။ သူေျပာတဲ့အတိုင္း စာခဏလုပ္ၿပီး ေစာေစာအိပ္လိုက္ေတာ့တယ္။ ဂိမ္းလည္းမေဆာ့ေတာ့ဘူး။ ဒီညေတာ့ အိပ္မက္လွလွေလးမက္မယ္ထင္ပါတယ္ကိုႀကီးေရ...။