Unicode
အချိန်တွေ ကုန်လွန်သွားခဲ့ပြီ။
မင်းသားငယ်လေးဟာလည်း လေကိုအံတုနေတဲ့ ကျောက်စိမ်းသစ်ပင်တစ်ပင်လိုမျိုး ချောမောတဲ့ကောင်လေးတစ်ယောက် ဖြစ်လာခဲ့ပြီ။ ဘုရင်အိုကြီးဟာလည်း နတ်ရွာစံသွားပြီး မင်းသားလေးနန်းတက်လာခဲ့လေတယ်။ မင်းသားလေးက ဘုရင်အသစ်ဖြစ်လာပြီး တိုင်းပြည်တစ်ခုလုံးကို စည်းလုံးစေခဲ့တယ်။
မြေခွေးလေးဟာလည်း တောက်ပချောမွေ့နေတဲ့ မြေခွေးကြီးတစ်ကောင်အဖြစ် ကြီးပြင်းလာခဲ့ပြီး ကြက်တွေ၊ ဘဲတွေ၊ ကြောင်တွေ၊ ခွေးတွေအကုန်လုံးကို စည်းလုံးစေခဲ့တယ်။
တစ်ညမှာတော့ ဒဏ်ရာတွေပျောက်ကင်းသွားပြီဖြစ်တဲ့ မြေခွေးမိစ္ဆာမဟာ တောင်ပေါ်ကနေ ဆင်းလာခဲ့တယ်။ ယာတဲတစ်ခုကိုရောက်တဲ့အခါမှာတော့ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်က မွေးထားခဲ့တဲ့ သူမရဲ့သားကို ကြက်ခြံတစ်ခုအတွင်းမှာ ရှာတွေ့ခဲ့တယ်။ သူမက သူမရဲ့ကိုယ်ပိုင်သားရဲအမြုတေကို စတေးပြီး နှစ်ခြမ်းပိုင်းကာ သူမသားကို စားဖို့ပေးလိုက်တယ်။
မြေခွေးလေးက သားရဲအမြုတေကို စားလိုက်တဲ့အခါ ကြက်ခိုးနေတဲ့မြေခွေးလေးကနေ ကြက်ခိုးနေတဲ့ ကိုယ်တုံးလုံး အောက်ပုဂ္ဂိုလ်လေးအဖြစ် ပြောင်းလဲသွားတော့တယ်။
မြေခွေးလေးရဲ့လူပုံစံက မြေခွေးမိစ္ဆာမရဲ့လူပုံစံနဲ့ လုံးဝတစ်ပုံစံတည်းပဲ။ ကွာခြားတဲ့အချက်ဆိုလို့ တစ်ယောက်ကအထီး၊ တစ်ယောက်ကအမဖြစ်ပြီး တစ်ယောက်ကအသက်ကြီးကာ တစ်ယောက်ကအသက်ငယ်နေတာပဲရှိတယ်။
မျက်ခုံးမွေးအကြောင်း ပြောရရင်တော့ ဘုရင်ကြီးရဲ့မျက်ခုံးမွေးနဲ့ မတူလေဘူး။
မြေခွေးမိစ္ဆာမက ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း အပြစ်မြင်နေတော့တယ်။
"ကြည့်ပါဦး ငါ့ဒဏ်ရာတွေကိုကုဖို့ တောင်ပေါ်မှာ နှစ်တွေအများကြီး သွားနေနေခဲ့တာ မင်းကိုတကယ်မေ့သွားခဲ့တာပဲ"
လှပတဲ့ကောင်လေးက သူ့လက်ထဲကကြက်ရဲ့နှုတ်သီးကို ကြောက်လန့်တကြား ဆွဲဖိထားပြီး ဘာအသံမှပေးမထွက်လေဘူး။
မြေခွေးမိစ္ဆာမက အဝတ်အစားတစ်စုံကို ထုတ်ယူလိုက်ပြီး မြေခွေးလေးကို ပစ်ပေးလိုက်တယ်။
"အခုအချိန်ကစပြီး ကျင့်ကြံမယ်ဆိုရင်လည်း သိပ်နောက်မကျသေးပါဘူး လာ... မှော်အတတ်ဘယ်လိုသုံးရလဲ အမေသင်ပေးမယ်"
ဒီလိုနဲ့ ဘုရင်လေး သဝဏ်လွှာတွေကို ဘယ်လိုပြန်လည်ဆန်းစစ်ရမလဲ စတင်သင်ယူနေတဲ့အချိန်မှာ မြေခွေးလေးဟာ ဖြားယောင်းသွေးဆောင်ခြင်းအတတ်တွေ၊ ပုံရိပ်ယောင်ဖန်တီးခြင်းအတတ်တွေကို သင်ယူနေတော့တယ်။
ကုန်းကုန်းကြီး အသည်းကွဲသွားလေတယ်။
"......."
ပထမဆုံးအနေနဲ့ပြောရရင်တော့ မင်းသားငယ်လေး(မြေခွေးလေး)ဟာ လမ်းမှားသွားခဲ့ပြီ။
ဒုတိယအချက်အနေနဲ့ကတော့ မင်းသားလေးရဲ့မျက်ခုံးတွေက ဘုရင်ကြီးရဲ့မျက်ခုံးတွေနဲ့ လုံးဝကိုမတူတာပဲ။
~~~~~~~~~~
နှစ်အနည်းငယ် ထပ်မံကုန်ဆုံးသွားပြန်တယ်။
ဘုရင်ငယ်လေးဟာလည်း ဘုရင်ကြီးဖြစ်လာခဲ့ပြီး မှူးကြီးမတ်ရာတွေဟာလည်း ဘုရင်ကြီးအတွက် တော်ဝင်ကိုယ်လုပ်တော်ရွေးချယ်ဖို့ ပြင်ဆင်နေတာနဲ့တင် အလုပ်ရှုပ်နေကြလေတယ်။ မောင်းမဆောင်ဆိုတာက သုံးထောင်သောမိန်းမလှလေးတွေနဲ့ ပြည့်နေရမယ်လေ။
မြေခွေးလေးဟာလည်း မြေခွေးမိစ္ဆာမနောက်ကိုလိုက်ပြီး နှစ်အနည်းငယ်လောက် သင်ယူခဲ့တယ်။ မြေခွေးလေးဟာ ထွက်ပြေးဖို့အတွက် မှော်အတတ်ကို ဘယ်လိုသုံးရမလဲဆိုတာနဲ့ စားလို့ကောင်းတဲ့ကြက်ကင်ကို ဘယ်လိုလုပ်ရမလဲဆိုတာကလွဲရင် တခြားဘာမှမသိလေဘူး။
မြေခွေးမိစ္ဆာမကတော့ မြေခွေးလေးကို စိတ်ပါလက်ပါ သင်ပေးလေတယ်။
"ဒီနန်းပလ္လင်က မင်းဟာဖြစ်သင့်တာ၊ မောင်းမဆောင်ထဲက သုံးထောင်သောအလှလေးတွေကလည်း မင်းအပိုင်ဖြစ်သင့်တာ၊ ဒီဘုရင်ကလည်း မင်းရဲ့လက်အောက်ငယ်သားပဲ ဖြစ်သင့်ပြီး မင်းခြေထောက်အောက်မှာ ဝပ်တွားခယနေရမှာ၊ အဲဒီနှစ်က အဲ့ချီးထုပ်အဖိုးကြီးအုပ်စုသာ မိုးနတ်မင်းဆီ ငါ့အကြောင်းတိုင်ကြားဖို့ ချင်းချီတစ်စောင် မရေးခဲ့ဘူးဆိုရင် မင်းလည်းအခုဆို ဘုရင်ကြီးဖြစ်ပြီး ဒီအဖွားကြီးလည်း ဘုရင့်မယ်တော်ကြီးဖြစ်နေပြီ၊ ငါတို့တွေ နေ့တိုင်း စားကောင်းသောက်ဖွယ်တွေစားပြီး သေရည်ကောင်းတွေ သောက်နေရမှာ၊ အဲဒါ ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်မလဲ"
မြေခွေးလေးက သဘောပေါက်သွားပုံရပြီး ခေါင်းငြိမ့်လိုက်တယ်။
"အင်း"
မြေခွေးမိစ္ဆာမ - "တကယ်တော့ မိစ္ဆာတစ်ကောင်နဲ့ လူတစ်ယောက်ပေါင်းဖက်ခြင်းက ကလေးမမွေးဖွားနိုင်ဘူး၊ မင်းကငါ့ရဲ့ ကိုယ်ပိုင်အသွေးအသားတွေကနေ မွေးဖွားလာခဲ့တာပဲ၊ မင်းနဲ့မင်းအဖေဘုရင်ကြီးက ဘာသွေးသားမှ မတော်စပ်ဘူး၊ ဒါပေမဲ့ မင်းဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အဲဒီမှာ အထောက်အထားတွေ ရှိနေသေးတာပဲ"
မျက်နှာတစ်ခုလုံး လျစ်လျူရှုခြင်းတွေနဲ့သာ ပြည့်နှက်နေတဲ့ မြေခွေးလေးက ခေါင်းထပ်ငြိမ့်လိုက်တယ်။
"အင်း"
မြေခွေးမိစ္ဆာမ - "ဒါဖြင့်ရင် မင်းနန်းတော်ထဲကို ပြန်သွားပြီးတော့ နန်းပလ္လင်ကို ပြန်ယူနိုင်မယ့်နည်းကို စဉ်းစားချည်၊ အမေမင်းကို မှော်အတတ်တွေ အများကြီးသင်ပေးထားတာပဲ၊ အဆင်ပြေတဲ့နေရာမှာ သင့်သလိုသာသုံး၊ ပြီးတော့ နည်းနည်း ထက်ထက်မြက်မြက်ရှိပါစေနော်"
မြေခွေးလေးက ကြက်တစ်ကောင်လုံးကို မာန်အပြည့်နဲ့စားလိုက်ပြီး ပလုပ်ပလောင်းနဲ့ ပြောလိုက်တယ်။
"ကောင်းပြီ"
***************
Zawgyi
အခ်ိန္ေတြ ကုန္လြန္သြားခဲ့ၿပီ။
မင္းသားငယ္ေလးဟာလည္း ေလကိုအံတုေနတဲ့ ေက်ာက္စိမ္းသစ္ပင္တစ္ပင္လိုမ်ိဳး ေခ်ာေမာတဲ့ေကာင္ေလးတစ္ေယာက္ ျဖစ္လာခဲ့ၿပီ။ ဘုရင္အိုႀကီးဟာလည္း နတ္႐ြာစံသြားၿပီး မင္းသားေလးနန္းတက္လာခဲ့ေလတယ္။ မင္းသားေလးက ဘုရင္အသစ္ျဖစ္လာၿပီး တိုင္းျပည္တစ္ခုလုံးကို စည္းလုံးေစခဲ့တယ္။
ေျမေခြးေလးဟာလည္း ေတာက္ပေခ်ာေမြ႕ေနတဲ့ ေျမေခြးႀကီးတစ္ေကာင္အျဖစ္ ႀကီးျပင္းလာခဲ့ၿပီး ၾကက္ေတြ၊ ဘဲေတြ၊ ေၾကာင္ေတြ၊ ေခြးေတြအကုန္လုံးကို စည္းလုံးေစခဲ့တယ္။
တစ္ညမွာေတာ့ ဒဏ္ရာေတြေပ်ာက္ကင္းသြားၿပီျဖစ္တဲ့ ေျမေခြးမိစၧာမဟာ ေတာင္ေပၚကေန ဆင္းလာခဲ့တယ္။ ယာတဲတစ္ခုကိုေရာက္တဲ့အခါမွာေတာ့ လြန္ခဲ့တဲ့ဆယ္ႏွစ္ေက်ာ္ေလာက္က ေမြးထားခဲ့တဲ့ သူမရဲ႕သားကို ၾကက္ျခံတစ္ခုအတြင္းမွာ ႐ွာေတြ႕ခဲ့တယ္။ သူမက သူမရဲ႕ကိုယ္ပိုင္သားရဲအျမဳေတကို စေတးၿပီး ႏွစ္ျခမ္းပိုင္းကာ သူမသားကို စားဖို႔ေပးလိုက္တယ္။
ေျမေခြးေလးက သားရဲအျမဳေတကို စားလိုက္တဲ့အခါ ၾကက္ခိုးေနတဲ့ေျမေခြးေလးကေန ၾကက္ခိုးေနတဲ့ ကိုယ္တုံးလုံး ေအာက္ပုဂၢိဳလ္ေလးအျဖစ္ ေျပာင္းလဲသြားေတာ့တယ္။
ေျမေခြးေလးရဲ႕လူပုံစံက ေျမေခြးမိစၧာမရဲ႕လူပုံစံနဲ႔ လုံးဝတစ္ပုံစံတည္းပဲ။ ကြာျခားတဲ့အခ်က္ဆိုလို႔ တစ္ေယာက္ကအထီး၊ တစ္ေယာက္ကအမျဖစ္ၿပီး တစ္ေယာက္ကအသက္ႀကီးကာ တစ္ေယာက္ကအသက္ငယ္ေနတာပဲ႐ွိတယ္။
မ်က္ခုံးေမြးအေၾကာင္း ေျပာရရင္ေတာ့ ဘုရင္ႀကီးရဲ႕မ်က္ခုံးေမြးနဲ႔ မတူေလဘူး။
ေျမေခြးမိစၧာမက ကိုယ့္ကိုယ္ကိုယ္ အလြန္အမင္း အျပစ္ျမင္ေနေတာ့တယ္။
"ၾကည့္ပါဦး ငါ့ဒဏ္ရာေတြကိုကုဖို႔ ေတာင္ေပၚမွာ ႏွစ္ေတြအမ်ားႀကီး သြားေနေနခဲ့တာ မင္းကိုတကယ္ေမ့သြားခဲ့တာပဲ"
လွပတဲ့ေကာင္ေလးက သူ႕လက္ထဲကၾကက္ရဲ႕ႏႈတ္သီးကို ေၾကာက္လန္႔တၾကား ဆြဲဖိထားၿပီး ဘာအသံမွေပးမထြက္ေလဘူး။
ေျမေခြးမိစၧာမက အဝတ္အစားတစ္စုံကို ထုတ္ယူလိုက္ၿပီး ေျမေခြးေလးကို ပစ္ေပးလိုက္တယ္။
"အခုအခ်ိန္ကစၿပီး က်င့္ၾကံမယ္ဆိုရင္လည္း သိပ္ေနာက္မက်ေသးပါဘူး လာ... ေမွာ္အတတ္ဘယ္လိုသုံးရလဲ အေမသင္ေပးမယ္"
ဒီလိုနဲ႔ ဘုရင္ေလး သဝဏ္လႊာေတြကို ဘယ္လိုျပန္လည္ဆန္းစစ္ရမလဲ စတင္သင္ယူေနတဲ့အခ်ိန္မွာ ေျမေခြးေလးဟာ ျဖားေယာင္းေသြးေဆာင္ျခင္းအတတ္ေတြ၊ ပုံရိပ္ေယာင္ဖန္တီးျခင္းအတတ္ေတြကို သင္ယူေနေတာ့တယ္။
ကုန္းကုန္းႀကီး အသည္းကြဲသြားေလတယ္။
"......."
ပထမဆုံးအေနနဲ႔ေျပာရရင္ေတာ့ မင္းသားငယ္ေလး(ေျမေခြးေလး)ဟာ လမ္းမွားသြားခဲ့ၿပီ။
ဒုတိယအခ်က္အေနနဲ႔ကေတာ့ မင္းသားေလးရဲ႕မ်က္ခုံးေတြက ဘုရင္ႀကီးရဲ႕မ်က္ခုံးေတြနဲ႔ လုံးဝကိုမတူတာပဲ။
~~~~~~~~~~
ႏွစ္အနည္းငယ္ ထပ္မံကုန္ဆုံးသြားျပန္တယ္။
ဘုရင္ငယ္ေလးဟာလည္း ဘုရင္ႀကီးျဖစ္လာခဲ့ၿပီး မႉးႀကီးမတ္ရာေတြဟာလည္း ဘုရင္ႀကီးအတြက္ ေတာ္ဝင္ကိုယ္လုပ္ေတာ္ေ႐ြးခ်ယ္ဖို႔ ျပင္ဆင္ေနတာနဲ႔တင္ အလုပ္႐ႈပ္ေနၾကေလတယ္။ ေမာင္းမေဆာင္ဆိုတာက သုံးေထာင္ေသာမိန္းမလွေလးေတြနဲ႔ ျပည့္ေနရမယ္ေလ။
ေျမေခြးေလးဟာလည္း ေျမေခြးမိစၧာမေနာက္ကိုလိုက္ၿပီး ႏွစ္အနည္းငယ္ေလာက္ သင္ယူခဲ့တယ္။ ေျမေခြးေလးဟာ ထြက္ေျပးဖို႔အတြက္ ေမွာ္အတတ္ကို ဘယ္လိုသုံးရမလဲဆိုတာနဲ႔ စားလို႔ေကာင္းတဲ့ၾကက္ကင္ကို ဘယ္လိုလုပ္ရမလဲဆိုတာကလြဲရင္ တျခားဘာမွမသိေလဘူး။
ေျမေခြးမိစၧာမကေတာ့ ေျမေခြးေလးကို စိတ္ပါလက္ပါ သင္ေပးေလတယ္။
"ဒီနန္းပလႅင္က မင္းဟာျဖစ္သင့္တာ၊ ေမာင္းမေဆာင္ထဲက သုံးေထာင္ေသာအလွေလးေတြကလည္း မင္းအပိုင္ျဖစ္သင့္တာ၊ ဒီဘုရင္ကလည္း မင္းရဲ႕လက္ေအာက္ငယ္သားပဲ ျဖစ္သင့္ၿပီး မင္းေျခေထာက္ေအာက္မွာ ဝပ္တြားခယေနရမွာ၊ အဲဒီႏွစ္က အဲ့ခ်ီးထုပ္အဖိုးႀကီးအုပ္စုသာ မိုးနတ္မင္းဆီ ငါ့အေၾကာင္းတိုင္ၾကားဖို႔ ခ်င္းခ်ီတစ္ေစာင္ မေရးခဲ့ဘူးဆိုရင္ မင္းလည္းအခုဆို ဘုရင္ႀကီးျဖစ္ၿပီး ဒီအဖြားႀကီးလည္း ဘုရင့္မယ္ေတာ္ႀကီးျဖစ္ေနၿပီ၊ ငါတို႔ေတြ ေန႔တိုင္း စားေကာင္းေသာက္ဖြယ္ေတြစားၿပီး ေသရည္ေကာင္းေတြ ေသာက္ေနရမွာ၊ အဲဒါ ဘယ္ေလာက္ေတာင္ ေပ်ာ္စရာေကာင္းလိုက္မလဲ"
ေျမေခြးေလးက သေဘာေပါက္သြားပုံရၿပီး ေခါင္းၿငိမ့္လိုက္တယ္။
"အင္း"
ေျမေခြးမိစၧာမ - "တကယ္ေတာ့ မိစၧာတစ္ေကာင္နဲ႔ လူတစ္ေယာက္ေပါင္းဖက္ျခင္းက ကေလးမေမြးဖြားႏိုင္ဘူး၊ မင္းကငါ့ရဲ႕ ကိုယ္ပိုင္အေသြးအသားေတြကေန ေမြးဖြားလာခဲ့တာပဲ၊ မင္းနဲ႔မင္းအေဖဘုရင္ႀကီးက ဘာေသြးသားမွ မေတာ္စပ္ဘူး၊ ဒါေပမဲ့ မင္းဘယ္သူဘယ္ဝါျဖစ္တယ္ဆိုတာ အဲဒီမွာ အေထာက္အထားေတြ ႐ွိေနေသးတာပဲ"
မ်က္ႏွာတစ္ခုလုံး လ်စ္လ်ဴ႐ႈျခင္းေတြနဲ႔သာ ျပည့္ႏွက္ေနတဲ့ ေျမေခြးေလးက ေခါင္းထပ္ၿငိမ့္လိုက္တယ္။
"အင္း"
ေျမေခြးမိစၧာမ - "ဒါျဖင့္ရင္ မင္းနန္းေတာ္ထဲကို ျပန္သြားၿပီးေတာ့ နန္းပလႅင္ကို ျပန္ယူႏိုင္မယ့္နည္းကို စဥ္းစားခ်ည္၊ အေမမင္းကို ေမွာ္အတတ္ေတြ အမ်ားႀကီးသင္ေပးထားတာပဲ၊ အဆင္ေျပတဲ့ေနရာမွာ သင့္သလိုသာသုံး၊ ၿပီးေတာ့ နည္းနည္း ထက္ထက္ျမက္ျမက္႐ွိပါေစေနာ္"
ေျမေခြးေလးက ၾကက္တစ္ေကာင္လုံးကို မာန္အျပည့္နဲ႔စားလိုက္ၿပီး ပလုပ္ပေလာင္းနဲ႔ ေျပာလိုက္တယ္။
"ေကာင္းၿပီ"
***************