ခွင့် မရှိ
By Ph4549
17.7K 1K 42
" မြင်းအုန်းခွံ ၊ ကျွန်ကုလား ၊ မယားတောသူ ဆိုတဲ့စကား မင်းမကြားဖူးဘူးလား.. " " ဟာ မားရာ.. ရှင်လေးက ဒိတ်အောက်တြာ... More
Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part (10)
Part (11)
Part (12)
Part (13)
Part (14)
Part (15)
Part (16)
Part (17)
Part (18)
Part (19)
Part (20)
Part (21)
Part (23)
Part (24)
Part (25)
Part (26)
Part (27)
Part (28)
Part (29)
Part (30) Final..
Part (22)
557 38 1
By Ph4549
ခွင့်မရှိ
🌸pann
Part (22)
တောက်.. ကွာ ။
ရှင်လေး ထမင်းစားရင်း ကိုယ့်ကိုယ်ကိုယ် မချင့်မရဲဖြစ်မိသည်.. ယဉ်အေးကတော့ မိန်းကလေးဖြစ်ရဲ့သားနဲ့ ခပ်အေးအေး တည်တည်ငြိမ်ငြိမ်သာ..
ရှင်လေးဖြင့် မသိရင် ရှက်နေသလိုလို ရွံ့နေသလိုလိုနဲ့.. ဘာကြီးမှန်းမသိ ဖြစ်ရသည်
ဒါဟိုကောင်တွေရဲ့ စနက်မကင်းဘူး.. တော်ပြီ မသောက်တော့ဘူး ငြင်းလည်းမရဘူး ။
ဆုရတာကြောင့် ဂုဏ်ပြုရမယ်ဆိုပြီး အကြောင်းပြချက်နဲ့သောက်ရတဲ့အပြင်ကို ယဉ်အေးနဲ့လက်ထပ်လိုက်တာ တိုးတိုးကြိတ်ကြိတ်လုပ်ရမလားဆိုပြီး အပြစ်ပေးတဲ့အနေနဲ့ ရှင်လေးသောက်ရမယ် လုပ်လာပြန်တာလေ..
လူကို မိုးပျံအောင်တိုက်လိုက်မှတော့ ဒီကောင်က အသိစိတ်ရှိတော့မလားတဲ့.. ။
အခုအသိစိတ်ဝင်တဲ့ချိန် မျက်နှာပူရပြီ.. မသာတွေ ငါ့အလှည့်တွေ့မယ်
ရှင်လေး ထမင်းလုံးတွေကျေညက်နေလည်း သွားကြီးကြိတ်ကာ ဖိဝါးစားနေမိသည်.. ။
ယဉ်အေး ကိုရှင်လေးအတွက် ထမင်းခူးပေးပြီးတာနဲ့ မီးဖိုချောင်ထဲ လစ်ခနဲ ပြေးဝင်မိသည်..
စကားလည်း မပြောရဲ.. တုန်ရီနေတဲ့အသံကြောင့်မို့ မနည်းစကားထိန်းပြောနေရတာ ကိုယ်သာအသိဆုံး..။
တည်တည်ငြိမ်ငြိမ်လေးဖြစ်အောင် မနည်းထိန်းထားနေရတာ.. ဟန်ကိုယ့်ဖို့အတွက်ပဲ မဟုတ်လား ။
ကိုရှင်လေးမျက်နှာကို တည့်တည့်တောင်မပြောနဲ့.. ဘေးတစောင်းတောင် လှည့်မကြည့်ရဲတာ ယဉ်အေးအသိဆုံး..
ပုံမှန်ဆို လင်မယားကြားမှာ ဒီလိုအရေးကိစ္စက သာမန်လောက်ပဲဖြစ်ပေမယ့် ယဉ်အေးတို့အတွက်ကျ သာမန်မဖြစ်.. ခပ်ခွာခွာ ခပ်ကင်းကင်းနေခဲ့ကြတဲ့သူတွေမို့ မထင်မှတ်ဘဲ ရင်းနှီးမိတော့ စိတ်တွေ ကသိကအောက် ဖြစ်ရသည်..
ဘာမှမဖြစ်ကြသလို နေချင်ပြန်သော်လည်း အံလိုမနေနိုင်ပြန်.. တစ်ယောက်ထဲ ကိုယ့်ကိုယ်ကိုယ်ဘယ်လောက် အားတင်းထားထား ဘယ်လောက်ပဲ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက် ချထားချထား နှစ်ယောက် ဆုံရင် နေမထိထိုင်မသာ ဖြစ်ရသည်.. ။
တကယ်ကို စိတ်ကျဉ်းကြပ်ရပါလား..
.
" ယဉ်.. ယဉ်အေး "
ဘေးမှာထိုင်နေတဲ့ ယဉ်အေးကို ခေါ်တာ ထစ်ငေါ့မိသေးလို့ ကိုယ့်ပါးစပ်ကိုတောင် ပြန်ပိတ်ရိုက်ချင်မိတာက တဖွားဖွား ။
ဘေးမှာသာ ယဉ်အေးမရှိရင် ရှင်လေးကိုယ့်ပါးစပ်ကိုယ် ပြန်ရိုက်လိုက်မိတာ ကြာပြီ..
" ဟင် "
အတွေးနယ်လွင့်နေတုန်း ကိုရှင်လေးခေါ်သံကြောင့် ယဉ်အေးပြန်ထူးလိုက်မိသည်.. ။
" ...... "
ရှင်လေး ဘယ်ကစ ပြောလို့ပြောရမှန်းမသိ.. ဘာကိုပြောလိုက်ရမှန်းလည်း ရှင်လေးမသိပြန်
ကြာရင် ဒီစိတ်နဲ့ ရှင်လေးရူးများရူးတော့မည်လား.. ။
" ဟို.. "
ရှင်လေး ခေါင်းလေးငုံမိထားရင်း လက်နှစ်ဖက်ကလည်း အကြောင်းအရင်းမရှိ ရှင်လေးရဲ့ဒူးခေါင်းတွေကို ပွတ်နေမိသည်..
ရှင်လေးရဲ့အပြုမူက မသိရင် အပြစ်သားတစ်ယောက်လို.. ။
တကယ်လည်း အပြစ်သားတစ်ယောက်ပါပဲလေ..
" ငါ.. ငါတောင်းပန်ပါတယ် "
ရှင်လေး မျက်လုံးတွေ စုံမှိတ်ချပြီး ပြောလိုက်မိသည်.. ။
" ဟင် ဘာကိုလဲ "
အကြောင်းရင်းလည်းမရှိ အစလည်းမရှိအဆုံးလည်းမရှိဘဲ တောင်းပန်စကားပြောခံလိုက်ရတာမို့ ယဉ်အေး နားမလည်နိုင်ဖြစ်ရသည်.. ။
" ...... "
ကျစ်.. ။
အဲ့လို လာမေးတော့ ရှင်လေးက ဘယ်လိုပြောရမလဲတဲ့..
" ည.. ညကကိစ္စအတွက် ငါတောင်းပန်ပါတယ် "
" ဟင် "
ရှင်လေး ထစ်ငေါ့ထစ်ငေါ့လေးနဲ့ ရှေ့မျက်နှာ နောက်ထားပြီး ပြောချလိုက်တယ်.. အမှားတစ်ခုကြောင့် တောင်းပန်စကားပြောသင့်ပါတယ်လေ ။
ယဉ်အေး တခဏအတွင်း မှင်သေမိသည်..
ညကကိစ္စအတွက် တောင်းပန်ပါတယ်တဲ့လေ..။
ဘယ်ကိစ္စကို ကိုရှင်လေး တောင်းပန်တာလဲ..
ခဏလေး သွားမှာပါဆိုပြီး အချိန်မလင့်မှ ပြန်ရောက်လာတာကိုလား.. ။
ညက အရက်တွေအများကြီး သောက်လာတာကိုလား.. ။
ဒါမှမဟုတ် ယဉ်အေးအပေါ်မှာ အချစ်မူးခဲ့တာကို တောင်းပန်တာလား.. ။
ယဉ်အေးက ဘာပြန်ပြောရတော့မလဲ ကိုရှင်လေး..
" ငါ.. ငါ ညက များသွားတာကြောင့် အသိစိတ်လွှတ်သွားလို့ပါ ငါတကယ်မရည်ရွယ်ပါဘူး "
ရှင်လေး ယဉ်အေးဘက်က ဘာမှမပြောဘဲ ငြိမ်ငြိမ်လေး ထိုင်နေတာကြောင့် ထပ်မံ ဆင်ခြင်တစ်ခု ပေးမိပြန်သည်..
အို.. ။
ယဉ်အေး မျက်နှာတွေပူကာ ခေါင်းငုံ့ချမိသည်..
ယဉ်အေးအပေါ်ကို ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်းပန်ပါတယ် တဲ့လား.. ။
လင်မယား ချင်းပါ ရပါတယ် လို့ အရှက်မရှိ ပြောရမလား.. ဒါမှမဟုတ် ခွင့်လွှတ်ပါတယ် လို့ ယဉ်အေး က ခေါင်းညိမ့်ရမှာလား
ဒီကိုရှင်လေးနဲ့တော့ ခက်ပါတယ်.. ။
ယဉ်အေး ဘာပြန်ပြောရမှန်းမသိအောင်ကို စကားတွေ ဆွံ့အသွားမိတာ..
ရှင်လေး ခေါင်းငုံ့နေရင်းကနေ ခိုးကြောင်ခိုးဝှက် နဲ့ ယဉ်အေး မျက်နှာလေး ကြည့်လိုက်ရသည်..။
ဘာမှအရိပ်မပြတဲ့ မျက်နှာလေးကြောင့် ရှေ့တိုးရခက် နောက်ဆုတ်ရခက်.. ရှင်လေးကို စကားမပြောချင်လောက်အောင် အရမ်းများ စိတ်ဆိုးနေတာလား
ရှင်လေး မျက်နှာမဲမှောင်လာရသည်.. ။
" ယဉ်အေး မင်းမကျေနပ်ရင် ငါ့ပါးကို ရိုက်လိုက်ပါ.. အဲ့လိုကြီးမနေပါနဲ့ "
ဟောတော့် .. ဒီကိုရှင်လေးနဲ့တော့ ယဉ်အေး ဘယ်လိုဆက်လုပ်မလဲ
မကျေနပ်ပါဘူးလို့ မာန်တိုင်ဟစ်ပြရအောင်လည်း ကိုရှင်လေးနဲ့ယဉ်အေးက သူစိမ်းလည်းမဟုတ်.. လင်မယားတွေ ။
ကျေနပ်ပါတယ် လို့ပြောပြန်တော့လည်း ယဉ်အေး က ဘယ်လိုမိန်းကလေး ဖြစ်သွားပြီလဲ..
ယဉ်အေး ထ ပြေးချင်စိတ်တောင် တဖွားဖွားပေါက်လာရပြီ.. ။
ယဉ်အေးက ဘာမှမပြောဘဲ နေနေလေ ရှင်လေးက ခေါင်းပိုကြီးလေ..
" ယဉ်အေး ငါက "
" ကိုရှင်လေး တော်ပါတော့.. ယဉ်အေးကို မတောင်းပန်ပါနဲ့တော့ "
ယဉ်အေး ကိုရှင်လေးစကားပြောနေတာကို ဖြတ်ပြောလိုက်မိသည်.. မဟုတ်ရင် ယဉ်အေး ကို တောင်းပန်လို့ဆုံးတော့မည် မဟုတ် ။
" ငါ အပြစ်ရှိတာ သိပါတယ်.. ငါ "
" ဒီအတိုင်းလေးပဲ နေပေးပါလား ကိုရှင်လေး.."
ယဉ်အေး တောင်းဆိုမိလိုက်ရသည်.. ။
" အင် တောင်းပန်ပါတယ်.. "
ယဉ်အေးက တော်တော် စိတ်တိုသွားသည် ထင်ပါရဲ့.. တော်တော် စိတ်ဆိုးနေပုံမို့ ရှင်လေး ငြိမ်လိုက်ရပါသည် ။
ကဲ ကြည့်.. တောင်းပန်လာပြန်ပြီ ခက်တယ်နော် ခက်တယ် ဟင်းဟင်း ။
ဒီအတိုင်း ဘာရယ်ညာရယ် ဆက်ပြောမနေဘဲ ယဉ်အေး တို့စကားဝိုင်း ရပ်လိုက်သည်..
နှစ်ယောက်သား အဆင်ပြေသွားတယ်ရယ်လို့လည်း မဟုတ်ဘူး.. အဆင်မပြေပြန်ဘူး ဆိုပြန်ရယ်လည်း ပြောမရ ။
ဒီအတိုင်း လေးပဲ .. ဒီအတိုင်း လေးပဲ နေလိုက်ကြတာပါ..
ထုံးစံအတိုင်း နေမြဲတိုင်း နေမြဲပဲ.. ။
ညတစ်ညကြောင့် ယဉ်အေးတို့ကြား ပြောင်းလဲမှုကြီးရယ်လို့ မရှိ.. အရာအားလုံး သူ့နေရာနှင့်သူသာ
.
" မား.. "
" ဟော သမီး လာ.. သမီးတို့လည်းနော် အိမ်ဘက်ကိုတောင် မလာဘူး "
" ယဉ်အေး တောင်းပန်ပါတယ်နော် မား.. "
" ရပါတယ်.. အခုရောက်လာနေပြီပဲ ရှင်လေးရော "
" ကိုရှင်လေး ယဉ်အေးပို့ခဲ့ပြီး သွားပြီ..သူ အလုပ်နောက်ကျနေလို့တဲ့ "
" ဟင်း.. သူ့မားတောင် ဝင်မကြည့်နိုင်အောင် သူကအလုပ်များနေတယ်ပေါ့ "
" ကိုရှင်လေး သီချင်းဗီဒီယို ရိုက်ဖို့ လုပ်နေလို့ပါတဲ့ မား.. "
တကယ်လည်း ကိုရှင်လေး သီချင်းဗီဒီယို ရိုက်ဖို့ ပြင်ဆင်နေတာမို့ မအားပါ.. သီချင်းရေးရတာနဲ့ အသံသွင်းရတာနဲ့ သီချင်းဗီဒီယို ထွက်အောင် လုပ်နေရတာနဲ့ ။
အခုလည်း မားက ယဉ်အေးတို့ကို ဖုန်းဆက်ပြီး မားတို့ကို မေ့နေကြတာလား မေးလို့ ယဉ်အေးရောက်လာရခြင်းသာ.. ကိုရှင်လေးကလည်း ယဉ်အေးကို လိုက်ပို့ရုံသာလိုက်ပို့ပေးနိုင်သည်လေ..
" ညနေ ယဉ်အေးကို ဝင်ခေါ်မှပဲ အေးအေးလူလူ မားတို့နဲ့စကားပြောမယ်လို့လည်း ယဉ်အေး ကိုမှာလိုက်ပါတယ်.. "
" ရှင်လေး ဆိုတာကလေ သူ့ရင်ထဲ မိဘတွေတောင် ရှိသေးရဲ့လားတောင် မသိဘူး.. "
" အဟင်း.. လာပါ မားရယ် ယဉ်အေး ရှိသားပဲ "
" အဟွန်း.. အင်းပါ လာ အိမ်ထဲဝင်ကြရအောင် "
" ဟုတ်ကဲ့ "
" ဟယ်.. မမလေး လာတယ် ဝမ်းသာလိုက်တာ ပြုံးပြုံး ပျင်းနေတာနဲ့အတော်ပဲ "
အိမ်ထဲဝင်တာနဲ့ ကြက်မွှေးတုတ်လေးကိုင်ရင်း ယဉ်အေးကို ဝမ်းသာအားရ ကြိုဆိုနေတာကြည့်ပြီး ယဉ်အေး ပြုံးမိပါသည်.. ။
" ပြုံးပြုံး သမီးက ညည်းနဲ့အပျင်းပြေဆော့ဖို့ လာတာမဟုတ်ဘူးနော်.. "
" သိပါတယ် မေကြီးရဲ့.. လာထိုင်လေ မမလေး ဟိဟိ "
ထိုင်ခုံကို ကြက်မွှေးတုတ်နဲ့ နှစ်ချက်သုံးချက်လောက် တိုက်ပြီး ယဉ်အေးကိုထိုင်ခိုင်းနေတဲ့ ပြုံးပြုံးကြောင့် ယဉ်အေးနဲ့မား ပြုံးရယ်မိသေးတယ်..။
ပြီး ယဉ်အေးနဲ့မား ခုံမှာ ဝင်ထိုင်လိုက်သည်.
" မမလေး.. မတွေ့ရတဲ့ကြားထဲ ချောလာလိုက်တာ "
" ယဉ်အေးကို မြှောက်နေတာက ဘာစားချင်လို့လဲ ပြုံးပြုံး.. "
" ဟယ်.. မဟုတ်ပါဘူး မမလေးရဲ့ တကယ် တကယ်လှလာတာ ဟိုတစ်ခါက မမလေးနဲ့ကိုလေးတို့ ပွဲတက်တာကိုတွေ့လိုက်ရပါ့.. မမလေး က တကယ့်မင်းသမီးအတိုင်းပဲ "
" ပိုပြီ "
" မပိုပါဘူး.. ပြုံးပြုံးတင် မဟုတ်ဘူး မေကြီးကပါ ပြောနေတာပါနော် ဟုတ်တယ်နော် မေကြီး "
" အဟင်း.. ဟုတ်တယ် သမီးရဲ့ သမီးလေးက အရင်နဲ့မတူဘဲ လှလာလိုက်တာ လူတောင်လွဲတယ် "
" အဟင်း.. "
မားနဲ့ပြုံးပြုံးက အဲ့လိုလေးပြောနေကြတော့ ယဉ်အေးမှာမနေတတ် မထိုင်တတ်.. ။
ဒါပေမယ့် စိတ်ထဲတော့ သဘောတွေကျနေမိသည်.. တကယ်ပဲ ယဉ်အေး ချောလာ လှလာသည်တဲ့လား
အခုထိ ယဉ်အေးရုပ်ရည်ကို ယုံကြည်ချက်မရှိသေးပေမယ့် ချောတယ် လှတယ် ပြောခံရတော့လည်း ရင်ထဲကြည်နူးမိသား.. ။
ယဉ်အေးတို့ မားအိမ်မှာ ချက်လိုက်ပြုတ်လိုက် စကားပြောလိုက်နဲ့ ကိုရှင်လေး လာအခေါ်ကိုစောင့်နေလိုက်သည်..
ကိုရှင်လေး တော်တော်မိုးချုပ်မှ ယဉ်အေးကိုလာခေါ်သည်.. ။
" ပါး မား.. "
" မင်းလည်း အခုမှပဲ ပေါ်လာတော့တယ်.. "
" ရှင်လေး အလုပ်လေးရှုပ်လို့ပါ.. "
" မင်းပဲ အလုပ်ရှိတဲ့အတိုင်း.. စီးပွားရေး လုပ်နေတဲ့ ငါက အလုပ်လုပ်နေတာ မဟုတ်တဲ့အတိုင်း "
" ရှင်လေး အဲ့သဘောပြောတာ မဟုတ်မှန်း ပါးလည်း သိရဲ့သားနဲ့.. "
" သိပါတယ် သိပါတယ်.. "
ပါးက ခနဲ့ပြန်ပြီ.. ။
" ယဉ်အေး ငါတို့ပြန်ရအောင်.. "
" ဟုတ်ကဲ့ "
" ဟ စကားတောင်အေးဆေးမပြောရသေးဘူး..ပြန်တော့မလို့လား "
ပါးရဲ့စကားကြောင့် ယဉ်အေးမှာ ထိုင်ရာက ထရတော့မလို.. ကိုရှင်လေးက ပြန်ဖို့တာဆူနေတာမို့ ထပဲပြန်ရတော့မလိုနဲ့ ။
" မိုးချုပ်နေလို့ပါ ပါးရဲ့.. နောက်နေ့လည်း လာမှာပဲကို "
" မင်းကယုံရတာကို.. မင်းက မှိုလိုကောင် တစ်နှစ်တစ်ခါပဲ ပေါ်ပေါ်လာတယ် "
" ပျစ်ပျစ်နှစ်နှစ်ကြီးဗျာ.. "
" သမီးက ရှင်လေးနဲ့အတူ ထမင်းစားဖို့ စောင့်နေတာ.. အခုထိမစားရသေးဘူး စားပြီးမှပြန် "
မားက ဝင်ပြောတာမို့ ရှင်လေး ယဉ်အေးဘက်ကို ငဲ့စောင်းကြည့်လိုက်ရသည်.. ။
" မင်းမစားရသေးဘူးလား.. "
" ဟော ကဲ.. မစားရသေးဘူးလို့ ဒီမားကပြောနေတာတောင် မယားကိုပြန်မေးနေရသေးလား "
ယဉ်အေးက မဖြေဘဲ ခေါင်းပဲငုံ့နေတာမို့ မားကကြားထဲက ဖြေပေးသည်..
" မင်းကတော့.. ဗိုက်မဆာဘူးလား မိုးတောင်ချုပ်နေပြီ ဆာရင်စားနှင့်တော့ပေါ့ "
"မင်းမစားရသေးတော့ မင်းကိုလည်း စောင့်နေတာပေါ့.. စောစောပြန်လာမယ် ထင်တာလေ "
" ကဲ သိပါပြီ မားရယ်.. ယဉ်အေး မေးတာ အကုန် မားပဲဖြေနေတာ လာ ယဉ်အေး "
ကိုရှင်လေးက ယဉ်အေးရဲ့လက်ကို ဆွဲကာခေါ်တော့ ယဉ်အေး အသာလိုက်ရပြန်သည်..
" ဟဲ့ ရှင်လေး.. ဒါက ဘယ်သွားမလို့လဲ "
" ထမင်းစားမလို့ဗျို့.. "
ကိုရှင်လေးရဲ့အဖြေကြောင့် ပါးနဲ့မား ပြီးတော့ ပြုံးပြုံးတို့ နောက်ကနေ ပြုံးပြုံးလေးဖြစ်သွားကြတာတော့ ဘယ်သူမှမမြင်လိုက်.. ။
တကယ်ကို အဟုတ်ပဲ ယဉ်အေးနဲ့အတူ ထမင်းစားဖို့ ထမင်းစားပွဲဝိုင်းကို ခေါ်လာတာပါ..။
" လာ.. ထမင်းစားမယ် "
" ဟုတ် "
ယဉ်အေး ကိုရှင်လေးအတွက် ထမင်းကိုယ်တိုင်ပဲခူးပေးကာ ယဉ်အေးအတွက်ပါ ခူးထည့်လိုက်သည်.. ။
" ကိုရှင်လေး.. "
ယဉ်အေး ကိုရှင်လေးပန်းကန်ထဲ ဟင်းထည့်ဦးချလိုက်သည်.. ။
ပြီးမှ ယဉ်အေးအတွက် ဟင်းတွေ ဆယ်ထည့်လိုက်သည်.. ဒါပထမဦးဆုံးပါ ကိုရှင်လေးနဲ့ယဉ်အေး တို့အတွက်​ အနွေးထွေးဆုံး ထမင်းဝိုင်း
အရင်က နှစ်ယောက်အတူ ထမင်းဝိုင်းမှာ စားဖူးပေမယ့် အေးတိအေးစက်ကြီးသာ..။
တွေးရင်း ကြည်နူးမိကာ ပါးစပ်ထဲ ဇွန်းနဲ့ထမင်းလုတ်ထည့်ရင်း ပြုံးမိတာ ယဉ်အေးပါ..
ကိုယ့်ကိုယ်ကိုယ်သာ ကြည်နူးနေတာမို့ ကိုရှင်လေးကို သတိမထားကြည့်မိပါ.. ။
ဘယ်သူထင်မှာလဲ.. ကိုရှင်လေး က ယဉ်အေးကို ကြည့်နေမယ်လို့
ရှင်လေး ထမင်းစားရင်း ယဉ်အေးကိုကြည့်တော့ ခေါင်းလေးငုံ့ကာ ပြုံးလိုက်တာကို တွေ့ဖြစ်အောင်တွေ့မိလိုက်ပါသေးတယ်.. ။
တော်တော်လှတဲ့ အပြုံးလေးပါ..
ရှင်လေးအတွက်တော့ ဒီနေ့ထမင်းဝိုင်းက အရမ်းချို မြိန်နေသလိုပါ.. ရှင်လေးလည်း ခေါင်းလေးအသာငုံ့ရင်း ခိုးခိုးပြုံးနေမိတာက အကြိမ်ကြိမ် ။
ဒီနေ့တော့ မထင်မှတ်ဘဲ ထမင်းစားပြီးချိန်က တော်တော် ကြာနေသလိုပါ..
ထမင်းစားပြီးတော့ ယဉ်အေးပန်းကန်တွေ ဆေးနေတုန်း ကိုရှင်လေးက ပါးနဲ့မားနဲ့ စကားဖောင်ဖွဲ့နေသည်လေ.. ။
အားလုံးပြီးစီးမှပဲ ယဉ်အေးနဲ့ကိုရှင်လေး ယဉ်အေးတို့နှစ်ယောက်အိမ်ကိုသာ ပြန်လာခဲ့ကြသည်..
.
" ကိုရှင်လေး.. ဘာအခက်ခဲ ရှိနေလို့လဲ "
ယဉ်အေး ကိုရှင်လေးနား သွားထိုင်​ကာ မေးလိုက်သည်.. ။
အခုတလော ယဉ်အေး သတိထားမိနေတယ်.. မျက်နှာလည်းမကောင်းတာက တစ်ရက်နှစ်ရက်မဟုတ်တော့ ။
ထမင်းလည်းအချိန်မှန်မစား.. တက်တက်ကြွကြွ လန်းလန်းဆန်းဆန်းလည်း မရှိတာမို့ ယဉ်အေးဒဲ့မေးချလိုက်ရသည်..
" ဘာမှမရှိပါဘူး.. "
" ကိုရှင်လေး.. ယဉ်အေးကို မလိမ်နေပါနဲ့ မဖုံးကွယ်နေပါနဲ့ ယဉ်အေးကို ပွင့်ပွင့်လင်းလင်းပဲပြောပါ.. ယဉ်အေးတတ်နိုင်သလောက် ကူညီမှာပါ ယဉ်အေးမတတ်နိုင်တာဆိုလည်း အနည်းဆုံးတော့ ယဉ်အေးကို ဖွင့်ပြောလိုက်ရလို့ ကိုရှင်လေးစိတ်သက်သာရာ ရသွားမှာပေါ့ "
" ငါ.. "
" ယဉ်အေး နားထောင်ပေးနေပါတယ်.. "
" ငါ့သီချင်းတွေ ငါ့သံစဉ်တွေက ခိုးချတယ်လို့ စွပ်စွဲနေတာ.. ဘယ်ကောင် သွားပုတ်လေလွှင့်လိုက်လဲ မသိဘူး အားလုံးကငါ့ကို သို့လောသို့လောနဲ့ ကြည့်နေကြတာ.. အနည်းဆုံးတော့ ငါ့ကို ထုတ်မေးတာ မဟုတ်ဘဲ အဲ့လိုကြီး မယုံသလို လုပ်နေတော့ ငါနေရခက်တယ် "
အော် လတ်စသတ်တော့ ဒီလိုကြောင့်ကိုး.. ။
" ကိုရှင်လေး ခိုးချလို့လား.. "
" ယဉ်အေး မင်းကပါ ငါ့ကို မယုံကြည်နေတာလား..ငါဆိုတဲ့ကောင်က သူများနှာခေါင်းဝနဲ့ အသက်မရှူ တတ်ဘူးကွ "
" ကိုရှင်လေး ရေးတာမှန်ရင် သူများတွေပြောတာ ဘာလို့ဂရုစိုက်နေသေးလဲ ကိုရှင်လေး.. သူများ ပြောတာကို ဘာလို့နားယောင်နေသေးလဲ ကိုယ်မှန်တာ လုပ်တဲ့အတွက် ဘယ်သူ့ကို ကြောက်နေရမှာလဲ.. တစ်ခါတလေ ပတ်ဝန်းကျင် ကို မေ့ထားတတ်ရတယ် အမြဲတမ်း ကြီး ကိုယ့်ရဲ့အိတ်ကပ်ထဲ ထည့်သယ်သွားလို့မှ မဖြစ်တာ.. ကိုရှင်လေး ထည့်သယ်သွားနေရင် လေးနေရုံပဲ အဖတ်တင်မှာပေါ့ အလေးခံပြီးသယ်သွားမနေပါနဲ့ ကိုရှင်လေး.. "
" ..... "
" ပတ်ဝန်းကျင်က ကိုယ့်ကို အကောင်းချည်းမမြင်နိုင်ဘူး.. ပုတ်ခတ်မယ် နိမ့်ချမယ် သွေးထိုးမယ် ချောက်တွန်းမယ် ဒါကလည်းလောကနိယာမ တရားလိုဖြစ်နေတော့ လိုက်ပြီးအပြစ်တင်ပြောလို့မရဘူး.. ဒီတော့ ကိုယ့်ကိုယ်သည်သာ အားကိုးအားထားရာ ယုံကြည်ရာလို့ပဲ သဘောထားပြီး နှလုံးသွင်းထားပါ..  "
" ငါလည်း အဲ့လိုနေချင်ပါတယ် ယဉ်အေး..ဒါပေမယ့် လူတွေက "
ယဉ်အေး ကိုရှင်လေးစကားကို ကြားထဲကဖြတ်ပြောလိုက်ပြန်သည်.. ။
" ယဉ်အေး ဖတ်ဖူးတဲ့စာအကြောင်း ပြောပြမယ်နော်.. မြို့ပြတစ်မြို့မှာ အရမ်းတော်တဲ့ ဆရာဝန် တစ်ယောက် ရှိတယ်တဲ့ သူကုလိုက်တိုင်း ပျောက်ကင်းသွားတဲ့သူချည်းပဲ မသက်သာဘူးဆိုတာကို မရှိတာ..တနေ့ အသက်ခြောက်ဆယ်ကျော် အဘွားတစ်ယောက်က ဒူးမကောင်းလို့ အဲ့ဆရာဝန်ကို ဆေးလာပြတယ် ထုံးစံအတိုင်း ဆရာဝန်က ပျောက်အောင်ကုနိုင်တယ်.. နောက်သိပ်မကြာဘူး အဲ့အဘွားက ဆေးခန်းလာပြပြန်ရောတဲ့ နေမကောင်း ဖြစ်တာပါတဲ့လေ.. ဆရာဝန် ကုပေးလိုက်လို့ပျောက်သွားပြန်တယ်.. ဒီလိုပဲ ရက်တောင် သိပ်မခြားသေးဘူး ရောက်လာပြန်တယ် သွေးတိုးတာပါတဲ့..ဆရာဝန်က ကုပေးလိုက်ရပြန်တယ် "
" ....... "
ယဉ်အေးက ဘာပြောပြချင်နေမှန်း ရှင်လေးမသိသေးပေမယ့် ငြိမ်သက်စွာ ထိုင်နားထောင်နေမိသည်.. ။
" ခဏခဏ လာနေတဲ့ အဘွားကြောင့် ဆရာဝန်က မေးပြီ.. အဘွားစိတ်မချမ်းမသာစရာ ဘာရှိနေလဲပေါ့ အိမ်ကမြေးတွေကြောင့်လား သားသမီးတွေကြောင့်လား ချွေးမသားမက်တွေကြောင့်လား မေးတော့ မဟုတ်ပါဘူး တဲ့.. ခေါင်းရင်းအိမ်က လင်မယားရန်ဖြစ်တာ စိတ်မချမ်းသာတဲ့အကြောင်း.. ဘေးအိမ်က ကလေးတွေဆူသံဆဲသံ ရိုက်သံတွေကြောင့် စိတ်ပင်ပန်းရကြောင်း ပြောတယ်တဲ့ အဘွားပြောတဲ့စကားတိုင်းက ပတ်ဝန်းကျင်က ကိစ္စ အရေးချည်းပဲ..ဒီတော့ ဆရာဝန် စဉ်းစားပြီ ဒီအဘွားကို သက်သာအောင် ဘယ်လိုကုသရမလဲပေါ့.. "
" ..... "
ရှင်လေး ကိုယ့်အပူထက် ယဉ်အေးပြောပြနေတာကိုသာ စိတ်ဝင်တစားနားထောင်မိသည်..။
" နောက်ဆုံး ဆရာဝန်က အဲ့အဘွားအတွက် ဆေးကုသနည်း တွေ့သွားတယ်တဲ့.. အဘွား အဘွားအခုခံစားနေရတာကို အပြီးပျောက်သွားချင်လားပေါ့ အဘွားကလည်း ဝမ်းသာအားရနဲ့ ပျောက်ချင်တာပေါ့ ဆရာရယ်.. ခံစားရတာ သက်သာသွားချင်ပြီပြောတယ် ဒါဆို ကျွန်တော့်ထက် တော်တဲ့တတ်တဲ့ဆရာဆီ အဘွားသွားပြမှရမယ် သွားနိုင်မလားလို့ ဆရာဝန်ကမေးတယ်..အဘွားကလည်း သက်သာမယ်ဆိုရင် သွားနိုင်ပါတယ်ပြောတယ်လေ .. သွားရမယ့်ခရီးက နည်းနည်း အလှမ်းထောက်တော့ ကျွန်တော်ကားစီစဉ်ပေးမယ် ပြောပြီး ကားစီစဉ်ပေးတယ်.. အဘွားကလည်း လက်ခံတယ် "
" ..... "
" အစ ကားထွက်ထွက်ချင်းတော့ အဘွားမှာ ပုတီးလေးတကိုင်ကိုင်ပေါ့.. နောက်လမ်းခရီးတစ်ခုကြောင့် ခရီးသည် တစ်ယောက် တက်လာတယ် သူလည်း ဝေဒနာခံစားရလို့ ဆေးသွားပြရမှာကို.. အဲ့လူနာသည်က ကိုက်တယ်ခဲတယ်နဲ့ အော်ဟစ် ညီးညူ နေတော့ အဘွားမှာ နားကညီး ကိုယ့်အပူကတစ်မျိုးပါဆို..ဘေးကနေသူ့အပူသံကြားရတော့ စိတ်တွေညစ် ကားပေါ်ကဆင်းချင်တဲ့ထိ.. နောက်လမ်းတထောက်ကျ နောက်လူနာ တက်လာပြန်ပြီ သူကလည်း ကားပေါ်ရောက်ကတည်းက သူ့ဝေဒနာကြောင့် တညီးညီးတညူ ညူ နဲ့ ဆိုတော့ အဘွား စိတ်တွေ ပျက်ရပြီ.. တစ်ပူပေါ်တစ်ပူဆင့် သွေးတွေတိုးတာ.. ဒီလိုပဲ ဆေးကုရမယ့်ဆရာဝန်ဆီ မရောက်မချင်း လူနာတစ်မျိုးစီ တက်လာလေ အဘွားမှာ မူးမေ့လဲရပြီး ပုတီးတောင် မစိပ်နိုင်တော့ဘူး..သူပါဝေဒနာတိုးလာသေးတယ် ဒီလိုနဲ့ ဆရာဝန်ဆီ မရောက်ခင်မှာ လူနာတစ်မျိုးတစ်ယောက်စီက ကိုယ့်မှတ်တိုင်ကိုယ့်ပန်းတိုင် ကိုယ်စီဆင်းသွားတော့ အဘွားမှာ စိတ်တွေ ချမ်းသာလို့.. ဆရာဝန်ဆီလည်းရောက်ရော ဆေးကုပြီးပြန်လာတာ အပြန်လမ်းကျအလာတုန်းကလို ဘယ်ခရီးသည်မှ မပါတော့ စိတ်ချမ်းသာသာနဲ့ နေရပ်ဋ္ဌာနေကို ပြန်လာတာပေါ့.. "
" ....... "
" ဆရာဝန်က အဘွားကိုလာကြိုပေးတယ်..ပြီး ဘယ်လိုလဲ အဘွား သက်သာပါရဲ့လား မေးတော့.. သက်သာပါတယ် အသွားလမ်းတော့ အဘွားဖြင့်သေပြီတောင်မှတ်တယ် ပြောတော့ ဆရာဝန်က ဘယ်လိုကြောင့်များပါလိမ့်မေးတော့ အဘွားက ဖြစ်ကြောင်းကုန်စင်အကုန်ပြောပြတယ်.. အဲ့တော့ ဆရာဝန်က မေးတယ် အပြန်ကျအဘွား မသက်သာသွားဘူးလား မေးတော့ သက်သာတာပေါ့ သူတို့လည်း မပါတော့ အပြန်တစ်ခရီးလုံး စိတ်ချမ်းသာလိုက်တာ ခေါင်းကိုက်မူးဝေတောင်မရှိဘူး လို့ဖြေတယ်တဲ့.. ဒီတော့ ဆရာဝန်က ပြောလိုက်တယ် အဘွား မလိုအပ်တဲ့ခရီးသည်က ကိုယ့်ခရီးတိုလမ်းလေးမှာ မပါတော့ အခုလို စိတ်သက်သာရာ ရသွားရင် ဘာလို့များအဘွားဘဝခရီးလမ်းမှာ သူများအပူတွေကို အလေးခံပြီး သယ်သွားနေဦးမှာလဲလို့ ပြောလိုက်တော့ အဘွားက တဖြေးဖြေးလေး ပြုံးလာတယ်..ကျေးဇူး စကားပြောပြီး ပြန်သွားတယ်တဲ့ နောက်အဲ့အဘွား ပေါ်မလာတော့ဘူးတဲ့ .. "
" ...... "
ရှင်လေး ရင်အေးမိသွားတာတော့အမှန်.. ။
ကျုံ့ထားမိတဲ့ မျက်ခုံးတွေတောင်ပြေကျသွားရပြီး  နားလည်သွားသည့်အပြုံးမျိုးလေး ပြုံးမိသည်..
ဟုတ်သည်.. ရှင်လေးအတွက် အရေးမပါတဲ့ ကိစ္စ ရေးရာကို ဘာအတွက်ကြောင့်များ ဆွဲယူမထားပြီး အလေးခံနေရမှာလဲ ။
သယ်သင့်သလောက်ပဲသယ်တော့မည်..
အလေးခံနိုင်သင့်သလောက်ပဲ အလေးခံတော့မည်..
ရှင်လေး တတ်နိုင်သမျှ တတ်နိုင်သလောက် ဥပေက္ခာ ပြုထားနိုင်သလောက် ပြုလိုက်မည်..
မဟုတ်မမှန်လောက်တဲ့အရာလေးနဲ့ ရှင်လေးရှုံးနိမ့်နေနေလို့ မဖြစ်ပါ.. ။
" ကျေးဇူးပါ ယဉ်အေး.. "
ရှင်လေး အပြုံးတွေနှင့် ယဉ်အေးကို ကျေးဇူး စကားဆိုမိသည်.. ။
တကယ် ယဉ်အေးကို ရှင်လေး မလေးစားဘဲမနေနိုင်ပါ.. ရှင်လေး အခက်ကြုံတိုင်း အခုလိုပဲ မီးမောင်းထိုးပြကာ ဉာဏ် ပွင့်သွားအောင် လုပ်ပေးတဲ့သူက ယဉ်အေးတစ်ယောက်သာ..
အခေါက်တိုင်း အခါတိုင်း ယဉ်အေးက အေးဆေးတည်ငြိမ်စွာ ဖြေရှင်းပြခဲ့ ဖြေရှင်းပေးခဲ့တာချည်းပဲ.. ။
ဒီတစ်ကြိမ်မှာတော့ ရှင်လေး မားကိုကျေးဇူးတင်မိသည်..
ယဉ်အေးက ရှင်လေးဇနီး မို့ ရှင်လေး ဂုဏ်တက်တာ တကယ်အမှန်ပါပဲ.. ။
ရှင်လေး ဒီအပူမီးကို သယ်ပိုးနေခဲ့ရတာ ဘယ်နှရက်တောင် ကြာနေခဲ့ပြီလဲ.. ဘယ်လောက်တောင် စိတ်ဓာတ်တွေကျပြီး စိတ်ညစ်ခဲ့ရလဲ
အခုတော့ တခဏအတွင်း အားလုံး ပြေကျသွားသည်တဲ့.. ထူးဆန်းလိုက်တဲ့ ဖြစ်အင် ။
" ယဉ်အေးကို ကျေးဇူးတင်ဖို့မလိုပါဘူး ကိုရှင်လေး.. ကိုရှင်လေးရဲ့စိတ်ကိုသာ ကျေးဇူးတင်ပါ "
" ဟင် "
" ကိုရှင်လေးရဲ့ စိတ်အသိဉာဏ်သာ စောစောမပွင့်ခဲ့ရင် ယဉ်အေးအာပေါက်မတတ်ပြောနေပါစေ အပြုံးတွေပွင့်လာမှာ မဟုတ်ဘူးလေ.."
" ယဉ်အေး မင်းသိလား.. မင်းက အမြဲတမ်း ငါ့စိတ်ကို လမ်းပြပေးခဲ့တာ မင်းကိုကျေးဇူးမတင်ဖို့ ငါ့ကို မတားပါနဲ့.. ကျေးဇူး တင်ထိုက်လို့တင်တာကို မင်းလက်ခံပေးပါ "
" ယဉ်အေးက ကိုရှင်လေး ဇနီးတစ်ယောက် ဆို ကိုရှင်လေးရဲ့ပြဿ      နာတွေကို ယဉ်အေးလည်း အတူအေးအတူ ပူအမျှ ဖြေရှင်းကြရမှာပါ.."
" မင်းက ငါ့ဇနီးတစ်ယောက်ပါ ယဉ်အေး.. မင်းက ငါ့ဇနီးဖြစ်တဲ့အတွက် ငါနဲ့ပတ်သက်တာ ဘာမဆို မင်းမှာ ခွင့်ဆိုတာရှိတယ် ယဉ်အေး "
" အဟင်း.. "
ယဉ်အေး ခပ်ဖွဖွလေး ပဲ ပြုံးသလို ကိုရှင်လေးလည်း သဘောတွေကျကာ ပြုံးနေသည်လေ..။
ဒါ အိမ်ထောင်ရေးပဲ.. ဘယ်အရေး ကိစ္စ မဆို တစ်ယောက်အခက်ခဲ တစ်ယောက်က ကူဖြေရှင်းပေးရတာပဲ ။
လင်မယား ဆိုတာ အေးအတူ ပူအမျှ တစ်ယောက်နဲ့တစ်ယောက် ဖေးဖေးမမရှိရမယ် ဆိုတဲ့ သင်ခန်းစာ ကို ယဉ်အေးတို့နှစ်ယောက် တတ်မြောက်ခဲ့ပါပြီ..
.
ကိုရှင်လေးလည်း အလုပ်ကို တက်တက်ကြွကြွနဲ့ ပြန်အလုပ်လုပ်နေပါပြီ.. ။
သီချင်းတွေ လည်း အောင်မြင်နေပါတယ်တဲ့.. သီချင်းထွက်ပြီးတာ တစ်လကျော်တောင် ကြာနေပေမယ့်လည်း အခုထိ တော့တန်း ( Top 10 ) စာရင်းဝင်နေသေးတာပါလေ..
ကိုရှင်လေး လည်း အလုပ်တွေ မနားမနေ လုပ်နေရသလို ယဉ်အေးလည်း ပါးနဲ့မားအိမ်မှာရောက်နေရသည်.. ။
ယဉ်အေး ငါးဟင်းချက်တုန်း..
" ဝေါ့.. ဝေါ့.. အု အု "
ယဉ်အေး ဘေစင်ပြေးကာ အန်နေရသည်.. ဒီမနက် ဘာဖြစ်နေမှန်း မသိဘူး ။
ရင်ခံနေတာလေ.. ဘာအစားမှ များများစားစား မစားပါဘဲ
" ဟယ်.. သမီး "
မားကလည်း ယဉ်အေးကျောကို ဖိနှိပ်ပေးပါသည်..
" ရပြီ.. ရပါပြီ မား "
" သမီး ရရဲ့လား "
" ဟုတ်ကဲ့.. ရင်ခံနေတာကို ငါးနံ့ရသွားတော့ ပျို့တက်ပြီးအန်ချင်သွားတာ "
" သမီး.. ဟိုဒင်းများလားနော် "
" ရှင် "
" လစဉ်လာပြီးသွားပြီလား.. "
" ဟင်.. "
မားပြောမှ သတိရမိတော့သည်.. ယဉ်အေး အရင်လကလည်း မလာဘူး အခုလလည်း ရက်လွန်နေပြီပဲ ။
" အယ် မားထင်သလို ဖြစ်နေပြီထင်တယ်.. ဆေးခန်းသွားပြရအောင် ပြုံးပြုံးရေ ပြုံးပြုံး "
မားကတော့ အော်ခေါ်နေပေမယ့် ယဉ်အေးတော့ အခုထိ အသိစိတ်လေး လွှင့်တုန်း..။
" အို အရေးထဲ ပြုံးပြုံးမက ဘယ်ရောက်နေလဲ မသိဘူး ခေါ်မကြားအော်မကြားနဲ့.. ပြုံးပြုံးရေ "
" ရှင်.. လာပါပြီ မေကြီး "
ပြုံးပြုံး အပြေးလေးရောက်လာသည်.. ။
" ဘာခိုင်းမလို့လဲ မေကြီး.. "
" ဆေးခန်းသွားပြမလို့ ကားထုတ်ထားခိုင်းလိုက်.. "
" ဟင် ဘယ်သူနေမကောင်းလို့လဲ မေကြီး.."
" အို ရှည်ဆိုပြန်အေ.. ငါပြောသလို သွားလုပ်စမ်းပါ "
" ဟုတ် မေကြီး "
ဒီလိုနဲ့ ယဉ်အေးတို့ နီးရာဆေးခန်းကို သွားပြဖြစ်ပါသည်.. ။
ဆရာဝန်မလေး ပြောလိုက်သည်က..
ဂုဏ်ယူပါတယ်.. ကိုယ်ဝန်က ငါးပတ်ကျော်နေပါပြီတဲ့လေ ။
အို.. ယဉ်အေးဗိုက်ထဲမှာ ကလေးရှိနေပြီတဲ့
ယဉ်အေး စိတ်ထဲ နွေးသလို အေးသလို ချမ်းသလိုကြီးပါ.. ။
ကိုရှင်လေးရော ဘယ်လိုနေမည်လဲ..
🌸pann
.............................................................
pann စာပြန်မစစ်မိလို့ အမှားပါရင် နားလည်မှုနဲ့ ပြင်ဖတ်ပေးကြပါနော် ။
အရေးသားလိုအပ်ချက်တွေ အများကြီးရှိနေတာကို မျက်စိနောက်စေမိအောင် လုပ်မိတဲ့အတွက် အားနာရပါတယ်..
အားနာရပေမယ့် pann ရဲ့ဉာဉ်ဆိုးလေးကြောင့် ဆက်တင်ခွင့်ပြုပါနော် ။
ကျန်းမာရေး ဂရုစိုက်ကြပါနော်..
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြရင်း မိသားစုကို ကာကွယ်ကြရအောင် ။
အချိန်ပေးဖတ်ပေးကြတဲ့ တစ်ဦးတစ်ယောက် ချင်းစီတိုင်းကိုလည်း ကျေးဇူး အများကြီးတင်ပါတယ် နော် 🙏
pann ကြိုးစားရေးသားသွားပါမည် 💪💪💪
Continue Reading
You'll Also Like
411K 9K 36
1.1M 60K 49
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
9.2K 930 38
━━━━━━♡♤♡━━━━━━ "ကျွန်တော့်ရဲ့ စိတ်တွေကို အကြိမ်ကြိမ် ထိန်းသိမ်းနေပေမဲ့....ခင်ဗျား ကိုပဲ တွေးနေမိအောင် ဘာတွေ နဲ့ ပြုစားလိုက်တာလဲ...ကျေးဇူးပြုပြီး လွတ...