ချီရုန်က လန်းယင်ကို ဝိုင်းရိုက်ခိုင်းလိုက်တာကို ရှဲ့လျန့်က ကြည့်မနေနိုင်တော့ဘူး
(လန်းယင်ကလဲရိုက်ချင်စရာပဲ)
ပီးတော့ လန်းယင်ကို အချုပ်ချဖို့ပြောလိုက်တော့ ရှဲ့လျန့်က အဲ့ဒီလိုမဖြစ်စေချင်ဘူး
ကိုယ်ရောင်ပြလို့လည်းမရဆိုတော့ သူ့ရဲ့ရွှေစင်ရုပ်ထုကို လှဲချလိုက်တယ် (သူကိုယ်တိုင် လုပ်ခဲ့တာနော်)
ဒီလိုဖြစ်တာ နိမိတ်မကောင်းဘူးဆိုတာ သူသိသိရဲ့နဲ့
ဖုန်းရှင့်နဲ့မုချင်ကိုပါ ဆက်တွန်းချခိုင်းလိုက်သေးတယ်
(ကိုယ်သာဆို မလုပ်ဘူး)
ချီရုန်ရဲ့ အာရုံက လန်းယင်ဆီရှိမနေတော့ဘဲ ရှဲ့လျန့်ရုပ်ထုပြိုမကျစေရန်အတွက် အားစိုက်လိုက်တယ်
(သူအရမ်းချစ်ရှာတာ)
သူ့အခြွေအရံတွေကိုပါ ဝိုင်းကူပီး ပြန်မတ်တာပေါ့
အဲ့ဒီအချိန် လန်းယင်ထွက်ပြေးသွားတယ် ရှဲ့လျန့်လည်းနောက်ကလိုက်သွားတယ်
တောအုပ်လေးထဲရောက်တော့ လန်းယင်က မြေကိုလက်နဲ့ယက်တူးပြီး သူ့သားလေးကို မြုပ်လိုက်တယ်လေ
ရှဲ့လျန့်က သူ့ကိုယ်သူတောက်ဓမ္မပညာရှင်လေးတစ်ယောက်အသွင် ယူထားတာ
ရှဲ့လျန့်က လန်းယင်ကို ရေတိုက်ပီး စကားနည်းနည်းလေးပြောလိုက်သေးတယ် ပီးတော့ ပျောက်သွားတဲ့နားကပ်တစ်ဖက်ကိုလည်း ပေးလိုက်တယ်
နားကပ်လေးမြင်တော့ မုချင်က မျက်နှာနည်းနည်းပျက်သွားသေးတယ်
ရှဲ့လျန့်က သူတို့နှစ်ယောက်ကိုမေးတာပေါ့
ယုန်အန်းမှာ မိုးခေါင်ပြီး ဒုက္ခရောက်နေတာမသိဘူးလားပေါ့
တစ်ကယ်တော့ ယုန်အန်းကနတ်ဘုရားကျောင်းက လှူဖွယ်ပစ္စည်းမပါရင် ဝတ်ပြုခွင့်မပေးဘူး
ဒါ့ကြောင့် ဆုတောင်းစာထဲမှာ သူတို့ရဲ့အကြောင်းကိုမသိရတာပါတဲ့
ဖုန်းရှင့်နဲ့ မုချင်ကို ယုန်အန်းအခြေအနေစောင့်ကြည့်ခိုင်းပြီး ရှဲ့လျန့်ကတော့ ပရောဟိတ်အမတ်ကြီးနဲ့တွေ့ဖို့သွားလေတယ်