Unicode
Season - 2
ချစ်မိသူ အရှုံး
အခန်း ( ၁ )
ရှပ်...ရှပ်.....ရှပ်
မိုးသောက်ယံ အိပ်ပျော်နေစဥ် ခြေသံကြား၍ နိုးလာခဲ့သည် ။ တံခါးပိတ်မထားသောကြောင့် ပြတင်းပေါက်မှ တဆင့် လရောင်က အခန်းတွင်းသို့ ဖြာကျနေသည် ။ ထို့ပြင် အေးစိမ့်စိမ့် ညလေက တဖြူးဖြူးနှင့် ပြတင်းမှ တိုးဝင်တိုက်ခတ်လာသည် ။
မိုးသောက်ယံသည် ကုတင်ပေါ်မှ ထပြီး ဘီဒိုပေါ်က နာရီကို ကြည့်လိုက်တော့ ည ဆယ့်နှစ်နာရီ ။ ထိုစဥ် ခြေသံတွေက သူ့အခန်းရှေ့မှ ထပ်ကြားလာရပြန်သည် ။ သူ မျက်မှောင်ကြုတ်၍ ကုတင်ပေါ်မှ ထလိုက်သည် ။ အခန်းတံခါးကို ဖွင့်၍ ကြည့်လိုက်သော် မည်သူမျှ မရှိချေ ။ သူ မျက်မှောင်ကြုတ်၍ အခန်းအပြင်သို့ ထွက်လိုက်သည် ။
တစ်အိမ်လုံးက တိတ်ဆိတ်နေသည် ။ ညသန်းခေါင်ဆိုတော့ အားလုံးလည်း အိပ်စက်အနားယူနေကြ၏ ။ ခြေသံရှင် ဘယ်သူများလဲဟု သူ တွေးရင်း နေရာအနှံ့ မျက်လုံးကစား၍ ကြည့်လိုက်သည် ။
"ဟင် "
ရှပ်...ရှပ်
ခြေသံက သူ့အနောက်မှ ရုတ်ချည်း ပေါ်လာတော့ သူ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည် ။ လှည့်ကြည့်လိုက်သော် ကျောပေးပြီး လမ်းလျှောက်သွားသည့် သူစိမ်း မိန်းကလေး တစ်ယောက်၏ ပုံရိပ်ကို လှမ်းတွေ့လိုက်ရသည် ။ မာမီကလွဲလျှင် သည်အိမ်မှာ ဘယ်မိန်းကလေးက ရှိလို့လဲ ။ မိုးသောက်ယံ မျက်မှောင်ကြုတ်၍ ခြေလှမ်းကျဲကျဲနှင့် အမြန် လိုက်သွားသည် ။ ထိုမိန်းကလေးက လှေကားမှ တဆင့် အောက်ထပ်သို့ ဆင်းသွားတာ တွေ့လိုက်ရသည် ။
မိုးသောက်ယံ လှေကားထိပ်သို့ ရောက်သော် မည်သူမျှ မတွေ့ချေ ။ သူ လှေကားထိပ်မှ တစ်လှမ်းချင်း ဆင်းခဲ့သည် ။
ရှပ်..ရှပ်
ရုတ်တရက် နောက်မှ ခြေသံကြား၍ လှည့်အကြည့် တွေ့လိုက်ရသည်က မဒီ့၏ ကြောက်မက်ဖွယ်ကောင်းသော သွေးပျက်စရာ မျက်နှာ ။ မဒီ့မျက်နှာက သွေးအလိမ်းလိမ်းနှင့် မျက်လုံးတွေ ပြူးကျယ်၍ မျက်ကွင်းတွေက ချိုင့်ဝင်နေသည် ။ မျက်နှာထက် ဒဏ်ရာဒဏ်ချက်များစွာနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး အသက်ရှူရပ်သွားလောက်အောင် ထိတ်လန့်စရာကောင်းလှသည် ။ မျက်ဝန်းတွေက နာကြည်းရိပ်တွေနှင့် ပြည့်နေကာ သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေသည် ။
သူ အလန့်တကြား ဖြစ်ပြီး ထွက်ပြေးချင်သော်ငြား တစ်ကိုယ်လုံး ကြိုးတုပ်ခံထားသလို မလှုပ်ရှားနိုင်ဖြစ်နေသည် ။ ထိုစဥ် မဒီ့ လက်တစ်ဖက်က ရှည်ထွက်လာပြီး သူ့ကို ဆောင့်တွန်းလိုက်သည် ။ မိုးသောက်ယံသည် လှေကားပေါ်မှ ဒလိမ့်ကောက်ကွေး ကျသွားတော့သည် ။
"အား! "
ကြောက်လန့်တကြား အော်ဟစ်၍ နိုးလာတော့မှ အိပ်မက်ဆိုးတစ်ခုမှန်း သူ နားလည်လိုက်သည် ။ သူ့ ရင်ထဲ တဒိုင်းဒိုင်းနှင့် နှလုံးခုန်မြန်နေပြီး မောဟိုက်ကာ ချွေးစေးပြန်နေသည် ။ ဘာရယ်မဟုတ် မျက်လုံးက နာရီဆီသို့ အကြည့်ရောက်သွားချိန် အချိန်က ည၁၂ နာရီ ။ လန့်ဖျပ်ပြီး သူ့ မျက်လုံးတို့ ပြူးကျယ်သွားချိန် ပွင့်နေသော ပြတင်းပေါက်မှ လေက တိုးဝင်လာတော့ ကျောထဲ စိမ့်သွားသည် ။
အူး.....ဝူး.....ဝူး
ရုတ်ချည်းပေါ်လာသော ခွေးအူသံက သူ့ကို ကြက်သီးမွေးညင်းထသွားစေသည် ။ မိုးသောက်ယံ ချက်ချင်း ကုတင်ပေါ်မှ ဆင်း၍ ပြေးထွက်လာခဲ့သည် ။ ရှိုင်း၏ အခန်းရှေ့ရောက်သော် တံခါးကို အမြန်တွန်းဖွင့်လိုက်သည် ။ လော့ချမထား၍ တော်သေးသည် ။
ကုတင်ပေါ်မှာ ရှိုင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည် ။ မိုးသောက်ယံသည် ရှိုင်း၏ ဘေးမှာဝင်လှဲပြီး အတင်း ရင်ခွင်ထဲ တိုးဝင်လိုက်သည် ။
သူ လှုပ်ယွနေတာကြောင့်လား မသိ ၊ ရှိုင်းက နိုးလာပြီး အိပ်ချင်မူးတူး ဟန်နှင့် ဆိုသည် ။
"ယံယံ ။ ဒီအချိန်ကြီး ဘာလာလုပ်တာလဲ "
"ငါ တစ်ယောက်တည်း မအိပ်ရဲလို့ "
သူ့စကားအဆုံး ရှိုင်းက ခပ်တင်းတင်း ပွေ့ဖက်လာပြီး မျက်ဝန်းတို့ ပြန်မှိတ်သွားသည် ။ သူ့ဦးခေါင်းက ရှိုင်း၏ ရင်ဘတ်နားသို့ ရောက်နေခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်ချင်း ပူးကပ်နေကြသည် ။ ရှိုင်း၏ နှလုံးခုန်သံကို နားစွင့်ရင်း ကြောက်စိတ်က လျော့ပါးလာသည် ။ ခဏအကြာ၌ သူ လုံခြုံစိတ်ချစွာ အိပ်ပျော်သွားတော့သည် ။
*********
မျက်နှာပေါ်မှ ယားကျိကျိအထိအတွေ့ကြောင့် မိုးသောက်ယံ နိုးလာခဲ့သည် ။ မျက်ဝန်းတို့ ဖွင့်လိုက်ချိန်၌ ရှိုင်း၏ မျက်နှာကို နီးနီးကပ်ကပ် တွေ့လိုက်ရသည် ။ ခုန သူ့ကို ရှိုင်း နမ်းနေတာများလား ။ ရှိုင်းကို အကဲခတ်လိုက်တော့ တည်တည်ငြိမ်ငြိမ်နှင့် သူ့ကို စိုက်ကြည့်နေသည် ။ သူ အိပ်မက်မက်နေတာလည်း ဖြစ်နိုင်တာပဲလေ ။
"နိုးပြီလား "
ရှိုင်းက မနက်ခင်းမှာတောင် ဆွဲဆောင်မှုအပြည့်နှင့် ကြည့်ကောင်းနေသည် ။ သူ ငေးနေရင်း အယောင်ယောင်အမှားမှားနှင့် ခေါင်းညိတ်လိုက်သည် ။
"အင်း "
ရှိုင်း တစ်နှစ်ကျော်လောက် ကိုမာဝင်နေခဲ့တာကြောင့် ပြန်သတိရလာပြီးသည့်အခါ ပြန်လည်ထူထောင်ရေး ကုသမှုတွေ ခံယူသည် ။ ဆယ်ရက်လောက်အကြာ၌ ဆေးရုံက ဆင်းခွင့်ရခဲ့သည် ။ ဒယ်ဒီတို့က အိမ်ကို ပြန်လာနေခိုင်းတာကြောင့် သူတို့မှာ အရင်လို တစ်ယောက် ၊ တစ်ခန်း ပြန်နေရတော့၏ ။ မနေ့ကမှ ရှိုင်း ဆေးရုံက ဆင်းလာခဲ့တာ ဖြစ်သည် ။
"ဘာတွေတွေးနေတာလဲ "
ရှိုင်းက အတွေးလွန်နေသော သူ့ကို ကြည့်ပြီး မေးသည် ။
မိုးသောက်ယံသည် ရှိုင်း၏ မေးခွန်းကို မဖြေသေးဘဲ သူ သိချင်နေသော မေးခွန်းတစ်ခုကို ကောက်မေးလိုက်သည် ။
"မင်း အဲ့ဒီတုန်းက ဘာလို့ ငါ့ကို ကယ်ခဲ့ရတာလဲ ။ ငါ့ကို ကယ်ရင်းနဲ့ မတော်တဆ မင်း သေသွားနိုင်တယ်လေ ။ ဘာလို့လဲ "
ရှိုင်းက သူ့မျက်ဝန်းတွေကို စူးစိုက်ကြည့်ပြီး လေးနက်သော အသံဖြင့် ဖြေလာသည် ။
"မင်း အန္တရယ်ရှိနေတာ မြင်လိုက်တာနဲ့ ကိုယ် သိတာ တစ်ခုပဲရှိတယ် ။ အဲ့ဒါက မင်း ဘာမှမထိခိုက်စေရဘူးဆိုတာပဲ "
ရှိုင်း၏ စကားကြားတော့ သူ့ရင်ထဲ ကြည်နူးသွားရသည် ။
"နောက်တစ်ခါ ဒီလိုမလုပ်ပါနဲ့ ။ မင်း တစ်ခုခု ဖြစ်သွားခဲ့ရင် ငါလည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး "
မိုးသောက်ယံက သူ့ရင်ထဲက ခံစားချက်တွေကို အမှန်တိုင်း ဆိုတော့ ရှိုင်းက နူးညံ့စွာ စိုက်ကြည့်၍ သူ့မျက်နှာကို လက်ဖဝါးဖြင့် ဖွဖွ ပွတ်သတ်လာသည် ။ ရှိုင်း၏ အကြည့်တွေကြောင့် ရင်ခုန်သံမြန်နေတာကို သူ မနည်းထိန်းချုပ်နေရသည် ။
"ဟို ငါ တစ်ခုသိချင်သေးတယ် ။ မင်း ငါ့ကို ဘယ်တုန်းတည်းက ချစ်နေခဲ့တာလဲ "
မိုးသောက်ယံက ရှိုင်းကို အကြည့်ချင်းမဆုံရဲဘဲ အကြည့်တွေကို ဟိုပို့ သည်ပို့ လုပ်ရင်း မေးလိုက်သည် ။ အရင်တစ်ခါက သူတို့နှစ်ယောက် ဆေးရုံမှာ နမ်းပြီး ရင်ခုန်သံမြန်နေတာကြောင့် ဘာမျှ မမေးခဲ့မိ ။ အဲ့သည်နောက်ပိုင်းလည်း ရှိုင်း ပြန်သတိရ၍ သူ အပျော်လွန်နေတာကြောင့် သည်အကြောင်းတွေ စကားမစမိခဲ့ကြ ။
"ဘယ်အချိန်က စခဲ့လဲတော့ မသိဘူး ။ ဒါပေမဲ့ မင်း အိမ်က ထွက်သွားတဲ့နေ့မှာပဲ ကိုယ် သေချာ သိလိုက်တာ ။ မင်းကို ချစ်နေမိပြီဆိုတာ "
ရှိုင်း၏ စကားအဆုံး မိုးသောက်ယံ မျက်နှာထက် ကျေနပ်ပြုံးကြီးက ထိန်းမနိုင်သိမ်းမရ ပေါ်လာသည် ။ ရှိုင်းက သူ့အဖြစ်ကို ကြည့်ပြီး ရယ်သည် ။
မိုးသောက်ယံ အပျော်လွန်ပြီး မျက်လုံးမှိတ်၍ နှုတ်ခမ်းစူကာ ရှိုင်း၏ မျက်နှာနားသို့ တိုးသွားလိုက်သည် ။
"ကိုယ် မျက်နှာသစ်လိုက်ဦးမယ် "
ရှိုင်းက ပြောပြီး အိပ်ရာမှ ထကာ ရေချိုးခန်းထဲ ဝင်သွားသည် ။ မိုးသောက်ယံမှာတော့ မျက်လုံးပြူးပြီး နှုတ်ခမ်းစူလျက်သားနှင့် ကျန်ခဲ့တော့သည် ။ မိုးသောက်ယံ မကျေမနပ်နှင့် ဟွန့်ခနဲ နှာမှုတ်လိုက်သည် ။
"လူဆိုးကြီး ၊ ဆေးရုံမှာကျ လူကို အတင်းနမ်းပြီး ခုမှ လာမူနေသေးတယ် ။ တွေ့ဦးမယ် "
မိုးသောက်ယံ စိတ်တိုတိုနှင့် ကြိမ်းဝါးလိုက်သည် ။
****************
"မင်းတို့နှစ်ယောက် ကျောင်းပြန်တက်ဖို့လုပ်ကြဦး "
ဦးမိုးမြင့်က မနက်စာစားနေရင်း ရှိုင်းနှင့် မိုးသောက်ယံကို ကြည့်၍ ဆိုသည် ။
ရှိုင်း မေ့မျောနေချိန်၌ မိုးသောက်ယံပါ အနားမှာ အတူရှိနေခဲ့သည့်အတွက် သူတို့နှစ်ယောက်လုံး ကျောင်းတော့ တစ်နှစ်အောက်သွားသည် ။
"ဟုတ်ကဲ့ ဦး "
ရှိုင်းက ဖြေပြီး မုန့်ကို ဆက်စားသည် ။
"ခုတော့ ကျောင်းမတက်ရသေးခင် အပြင်လေး ဘာလေး ထွက်လည်ကြပေါ့ ။ နှစ်ယောက်သား လျှောက်မလည်ဖြစ်တာ ကြာပြီမဟုတ်လား "
ဒေါ်ခင်နွယ်က ပြောတော့ မိုးသောက်ယံ၏ မျက်လုံးတို့ အရောင်တောက်ပသည် ။
"ဟုတ်တယ် မာမီ ။ သား ဘယ်မှ မသွားဖြစ်တာ တော်တော် ကြာပြီ ။ နောက်နေ့ လျှောက်လည်ရမယ် "
မိုးသောက်ယံ တက်ကြွစွာ ပြောတော့ ရှိုင်းက နူးနူးညံ့ညံ့ စိုက်ကြည့်၍ ပြုံးသည် ။ နှစ်ယောက်သား အကြည့်ချင်းဆုံသွားတော့ ရှိုးတိုးရှန်းတန်း နှင့် အကြည့်လွှဲသွားကြသည် ။
ဒါ ဘယ်လိုအခြေအနေကြီးလဲ ။ သူတို့နှစ်ယောက် ရည်းစားတွေ ဖြစ်သွားကာမှ ဘာလို့ အရင်ကထက် အရှက်ပိုနေရတာလဲ ။
မိုးသောက်ယံ မျက်မှောင်ကြုတ်၍ စိတ်ထဲ မကျေမနပ် တွေးနေမိသည် ။
*************
"ဒေါက်...ဒေါက် "
တံခါးကို လက်ဖြင့် နှစ်ချက်ဆင့်ခေါက်ပြီးနောက် ရှိုင်း၏ အခန်းထဲသို့ မိုးသောက်ယံ ဝင်လိုက်သည် ။ ရှိုင်းကို မတွေ့ရသော်လည်း ရေချိုးခန်းထဲမှ အသံကြားနေရသည် ။
သူ ကုတင်ပေါ်မှာ လှဲပြီး စောင့်နေလိုက်သည် ။ ခဏအကြာ ရှိုင်းက ရေချိုးခန်းထဲမှ ထွက်လာသည် ။ ပုဆိုးပဲ ဝတ်ထားတာကြောင့် အပေါ်ပိုင်းမှ ကျစ်လစ်တောင့်တင်းသော ဝမ်းဗိုက်မှ ကြွက်သားထုထည်ကို ရှင်းလင်းစွာ မြင်နေရပြီး ထိုအရာက သူ့ကို ဆွဲဆောင်နေသည် ။ မိုးသောက်ယံ မျက်တောင်မခတ်ဘဲ ငေးကြည့်နေမိသည် ။
"ဘာတွေ ကြည့်နေတာလဲ "
ရှိုင်းက သူ့ကို ပြုံး၍ မေးတော့ မိုးသောက်ယံ ရှက်ကိုးရှက်ကန်းနှင့် မျက်နှာလွှဲလိုက်သည် ။ ထို့နောက် ဗြောင်ငြင်းလိုက်သည် ။
"မကြည့်ပါဘူး "
ရှိုင်းက သူ့ရှေ့မှာပဲ အဝတ်အစားလဲပြီး ကုတင်ပေါ်သို့ ဝင်လှဲသည် ။ ထို့နောက် သူ့ဘက်သို့ မျက်နှာမူပြီး မေးသည် ။
"မင်း မအိပ်သေးဘူးလား "
"ငါ မင်းနဲ့ အတူ အိပ်မလို့ "
မိုးသောက်ယံက ပြောပြီး ရှိုင်း၏ လက်မောင်းပေါ် ခေါင်းအုံးလိုက်သည် ။
"လူကြီးတွေ သိသွားရင် မကောင်းဘူး ယံယံ ။ အနေအထိုင် ဆင်ခြင်သင့်တယ် "
ရှိုင်းက ပြောတော့ မိုးသောက်ယံ မျက်နှာမဲ့သွားသည် ။
"ဒယ်ဒီရော ၊ မာမီရော ဘာမှ မပြောဘူး ။ မင်းပဲ ဖြစ်နေတာ ။ ဘာလဲ မင်း ငါ့ကို မချစ်တော့ဘူးလား ပြော "
"မဆိုင်တာတွေ မပြောစမ်းနဲ့ကွာ "
ရှိုင်းက ပြောပြီး တစ်ဖက်လှည့်ကာ ကျောခိုင်းသွားတော့ မိုးသောက်ယံ၏ စိတ်ထဲ ဝမ်းနည်းစိတ်က လှိုက်ခနဲ တက်လာသည် ။ ရှိုင်း သူ့ကို ချစ်တယ်ဆိုတာ တကယ်ရော ဟုတ်ရဲ့လား ။ ဘာကြောင့် သူစိမ်းဆန်နေရတာလဲ ။ သူ တွေးရင်း မျက်ရည်ဝဲလာရသည် ။
နှုတ်ခမ်းကို ဖိကိုက်လျက် မွေ့ယာပေါ်မှ ဆင်းလိုက်သည် ။
"ငါ သွားတော့မယ် "
သူ ငိုသံမပေါက်အောင် ထိန်းပြီး ပြော၍ လှည့်ထွက်လိုက်တော့ ရှိုင်းက ဆတ်ခနဲ လှမ်းဆွဲလိုက်တာကြောင့် အိပ်ရာပေါ်သို့ ပြန်ကျသွားသည် ။
ရှိုင်း၏ ခန္ဓာကိုယ်က သူ့အပေါ်သို့ အုပ်မိုးလာသည် ။
"ငိုနေတာလား "
ရှိုင်းက သူ့မျက်ဝန်းမှ မျက်ရည်စတွေကို လက်ဖဝါးဖြင့် သုတ်ရင်း မေးသည် ။
"မင်း ငါ့ကို မချစ်ဘူး "
"ဘယ်သူပြောလဲ ငါ မင်းကို မချစ်ဘူးလို့ "
"သိသာနေတာပဲလေ ။ ငါ မင်းအနားကပ်ရင် မကြိုက်တဲ့ပုံစံနဲ့ "
မိုးသောက်ယံက နှုတ်ခမ်းလေး စူပြီး စိတ်ကောက်သလို ပြောလာတော့ ရှိုင်းက ရယ်မိပြန်သည် ။ သည် ကောင်ဆိုးလေးက သူ့ကို အထင်လွဲနေသည် ။ သူ့မှာ ကိုယ့်စိတ်ကိုယ် လွတ်မသွားအောင် ထိန်းချုပ်နေရတာ ခက်ခက်ခဲခဲ ။ ဒါကိုတော့ မသိဘူး ။
"မင်း သိရဲ့လား ။ ငါ မင်းကို ချစ်လွန်းလို့ ထိတွေ့ချင်နေတာကို ဘယ်လောက်တောင် ထိန်းချုပ်နေရလဲ ဆိုတာ "
ရှိုင်း၏ စကားဆုံးသော် မိုးသောက်ယံ၏ မျက်နှာက အနီရောင်ပြောင်းသွားသည် ။
"မင်းကို ဘယ်သူက ထိန်းချုပ်ခိုင်းလို့လဲ "
မိုးသောက်ယံက မျက်နှာနီရဲရဲနှင့် ခပ်တိုးတိုး ပြောလာတော့ ရှိုင်း စိတ်ထဲ မတည်မငြိမ်ဖြစ်လာသည် ။
"ဒါဆို ကိုယ့် အဆိုးမဆိုနဲ့ "
ရှိုင်းက ပြောပြီးသည်နှင့် မိုးသောက်ယံ၏ မျက်နှာထက်သို့ ဖြည်းညင်းစွာ တိုးကပ်လာလေသည် ။
မိုးသောက်ယံသည် သူ့ရင်ထဲ၌ မီးရှူးမီးပန်းတွေ ဖောက်သလို နှလုံးခုန်သံ မြန်ပြီး စိတ်လှုပ်ရှားနေသည် ။ ထိုစဥ် သူ့မျက်နှာအနှံ့သို့ ရှိုင်း၏ အနမ်းပွင့်များက နူးညံ့ညင်သာစွာ ရောက်ရှိလာသည် ။ ထို့နောက် ရှိုင်း၏ နွေးထွေးချိုမြန်သော နှုတ်ခမ်းပါးက သူ့နှုတ်ခမ်းပေါ်သို့ နားခိုလာခဲ့သည် ။
ရှိုင်းဘက်က စတင်လာခဲ့သော နူးညံ့နွေးထွေး၍ စွဲမက်ဖွယ်ကောင်းသော အနမ်းတွေကို သူ တုံ့ပြန်ရင်း မျက်ဝန်းတို့ မှိတ်ထားလိုက်သည် ။ အချိန်အတော်ကြာသည်အထိ အနမ်းတွေက အဆုံးမသတ်နိုင်သေး ။ မိုးသောက်ယံ တုန်ရီလှိုက်မော၍ အားမရှိတော့သလို ပင်ပန်းလာသည် ။
မျက်ဝန်းတွေ မှေးမှိတ်ပြီး အနမ်းပင်လယ်ထဲ နှစ်ကိုယ်တူ ကူးခတ်နေရင်းမှ မိုးသောက်ယံ၏ မသိစိတ်မှ တစ်စုံတစ်ယောက်က မိမိကို စိုက်ကြည့်နေသလို ခံစားလိုက်ရသည် ။ သူ့ မျက်ဝန်းတို့ ဖွင့်၍ လိုက်ရှာကြည့်လိုက်သော် ထိတ်လန့်စရာ မြင်ကွင်းက စီးကြိုနေသည် ။
ရှိုင်း၏ ကုတင်ခြေရင်း၌ သူတို့ကို ရပ်ကြည့်နေသော သူ ။ သူကတော့ မဒီပဲဖြစ်သည် ။ ဟိုတစ်ခါအိပ်မက်ထဲကလို ကြောက်စရာ မျက်နှာနှင့် သူ့ကို သတ်ဖြတ်တော့မလို စူးစူးရဲရဲ စိုက်ကြည့်နေသည် ။
"အား! "
မိုးသောက်ယံသည် ရှိုင်းကို တွန်းပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်၍ ထထိုင်လိုက်သည် ။
"ဘာဖြစ်တာလဲ ယံယံ "
ရှိုင်းက အမြန် ထထိုင်ပြီး စိုးရိမ်ထိတ်လန့်စွာနှင့် မေးသည် ။ မိုးသောက်ယံသည် မဒီ့၏ သွေးတွေနှင့် ပြည့်လျံလာသော မျက်ဝန်းတွေကို စိုက်ကြည့်ရင်း တစ်ကိုယ်လုံး တုန်ယင်လာသည် ။ ရှိုင်းကိုလည်း တင်းကျပ်စွာ ဖက်တွယ်ထားရင်းမှ.....။
"ဟို..ဟိုမှာ မဒီ "
မဒီရှိရာသို့ လက်ညိုးညွှန်ပြလိုက်သည် ။ ကြောက်လန့်စိတ်ကြောင့် သူ့လက်ညိုးကလည်း တဆတ်ဆတ် တုန်ယင်နေသည် ။
သည်တစ်ခါ အဖြစ်အပျက်က အိပ်မက်မဟုတ်ခဲ့တာ သေချာသည် ။
***************
ဆက်ရန်....
Thin Zar Moe Oo
Season 2 ဆိုပြီး စလိုက်ပေမယ့် အပိုင်းက နည်းမလား ၊ များမလား မပြောတတ်သေးပါဘူး ။ ဇာတ်လမ်းကိုတော့ စဉ်းစားပြီးပါပြီ ။ ဒီအပိုင်းက စပြီး plot က နည်းနည်း ချိန်းသွားပါပြီနော် ။
နေ့တိုင်းတော့ up ဖြစ်မယ်မထင်ပါဘူး ။ အမြန်ရေးပြီး တင်လိုက်လို့ ဇာတ်အိမ်ပျက်သွားမှာ စိုးရိမ်လို့ပါ ။
ဖတ်ပေးတဲ့သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ❤
Zawgyi
Season - 2
ခ်စ္မိသူ အရႈံး
အခန္း ( ၁ )
ရွပ္...ရွပ္.....ရွပ္
မိုးေသာက္ယံ အိပ္ေပ်ာ္ေနစဥ္ ေျခသံၾကား၍ နိုးလာခဲ့သည္ ။ တံခါးပိတ္မထားေသာေၾကာင့္ ျပတင္းေပါက္မွ တဆင့္ လေရာင္က အခန္းတြင္းသို႔ ျဖာက်ေနသည္ ။ ထို႔ျပင္ ေအးစိမ့္စိမ့္ ညေလက တျဖဴးျဖဴးႏွင့္ ျပတင္းမွ တိုးဝင္တိုက္ခတ္လာသည္ ။
မိုးေသာက္ယံသည္ ကုတင္ေပၚမွ ထၿပီး ဘီဒိုေပၚက နာရီကို ၾကည့္လိုက္ေတာ့ ည ဆယ့္ႏွစ္နာရီ ။ ထိုစဥ္ ေျခသံေတြက သူ႕အခန္းေရွ႕မွ ထပ္ၾကားလာရျပန္သည္ ။ သူ မ်က္ေမွာင္ၾကဳတ္၍ ကုတင္ေပၚမွ ထလိုက္သည္ ။ အခန္းတံခါးကို ဖြင့္၍ ၾကည့္လိုက္ေသာ္ မည္သူမွ် မရွိေခ် ။ သူ မ်က္ေမွာင္ၾကဳတ္၍ အခန္းအျပင္သို႔ ထြက္လိုက္သည္ ။
တစ္အိမ္လုံးက တိတ္ဆိတ္ေနသည္ ။ ညသန္းေခါင္ဆိုေတာ့ အားလုံးလည္း အိပ္စက္အနားယူေနၾက၏ ။ ေျခသံရွင္ ဘယ္သူမ်ားလဲဟု သူ ေတြးရင္း ေနရာအႏွံ႕ မ်က္လုံးကစား၍ ၾကည့္လိုက္သည္ ။
"ဟင္ "
ရွပ္...ရွပ္
ေျခသံက သူ႕အေနာက္မွ ႐ုတ္ခ်ည္း ေပၚလာေတာ့ သူ႕ရင္ထဲ ထိတ္ခနဲ ျဖစ္သြားသည္ ။ လွည့္ၾကည့္လိုက္ေသာ္ ေက်ာေပးၿပီး လမ္းေလွ်ာက္သြားသည့္ သူစိမ္း မိန္းကေလး တစ္ေယာက္၏ ပုံရိပ္ကို လွမ္းေတြ႕လိုက္ရသည္ ။ မာမီကလြဲလွ်င္ သည္အိမ္မွာ ဘယ္မိန္းကေလးက ရွိလို႔လဲ ။ မိုးေသာက္ယံ မ်က္ေမွာင္ၾကဳတ္၍ ေျခလွမ္းက်ဲက်ဲႏွင့္ အျမန္ လိုက္သြားသည္ ။ ထိုမိန္းကေလးက ေလွကားမွ တဆင့္ ေအာက္ထပ္သို႔ ဆင္းသြားတာ ေတြ႕လိုက္ရသည္ ။
မိုးေသာက္ယံ ေလွကားထိပ္သို႔ ေရာက္ေသာ္ မည္သူမွ် မေတြ႕ေခ် ။ သူ ေလွကားထိပ္မွ တစ္လွမ္းခ်င္း ဆင္းခဲ့သည္ ။
ရွပ္..ရွပ္
႐ုတ္တရက္ ေနာက္မွ ေျခသံၾကား၍ လွည့္အၾကည့္ ေတြ႕လိုက္ရသည္က မဒီ့၏ ေၾကာက္မက္ဖြယ္ေကာင္းေသာ ေသြးပ်က္စရာ မ်က္ႏွာ ။ မဒီ့မ်က္ႏွာက ေသြးအလိမ္းလိမ္းႏွင့္ မ်က္လုံးေတြ ျပဴးက်ယ္၍ မ်က္ကြင္းေတြက ခ်ိဳင့္ဝင္ေနသည္ ။ မ်က္ႏွာထက္ ဒဏ္ရာဒဏ္ခ်က္မ်ားစြာႏွင့္ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနၿပီး အသက္ရႉရပ္သြားေလာက္ေအာင္ ထိတ္လန့္စရာေကာင္းလွသည္ ။ မ်က္ဝန္းေတြက နာၾကည္းရိပ္ေတြႏွင့္ ျပည့္ေနကာ သူ႕ကို စူးစူးရဲရဲ စိုက္ၾကည့္ေနသည္ ။
သူ အလန့္တၾကား ျဖစ္ၿပီး ထြက္ေျပးခ်င္ေသာ္ျငား တစ္ကိုယ္လုံး ႀကိဳးတုပ္ခံထားသလို မလႈပ္ရွားနိုင္ျဖစ္ေနသည္ ။ ထိုစဥ္ မဒီ့ လက္တစ္ဖက္က ရွည္ထြက္လာၿပီး သူ႕ကို ေဆာင့္တြန္းလိုက္သည္ ။ မိုးေသာက္ယံသည္ ေလွကားေပၚမွ ဒလိမ့္ေကာက္ေကြး က်သြားေတာ့သည္ ။
"အား! "
ေၾကာက္လန့္တၾကား ေအာ္ဟစ္၍ နိုးလာေတာ့မွ အိပ္မက္ဆိုးတစ္ခုမွန္း သူ နားလည္လိုက္သည္ ။ သူ႕ ရင္ထဲ တဒိုင္းဒိုင္းႏွင့္ ႏွလုံးခုန္ျမန္ေနၿပီး ေမာဟိုက္ကာ ေခြၽးေစးျပန္ေနသည္ ။ ဘာရယ္မဟုတ္ မ်က္လုံးက နာရီဆီသို႔ အၾကည့္ေရာက္သြားခ်ိန္ အခ်ိန္က ည၁၂ နာရီ ။ လန့္ဖ်ပ္ၿပီး သူ႕ မ်က္လုံးတို႔ ျပဴးက်ယ္သြားခ်ိန္ ပြင့္ေနေသာ ျပတင္းေပါက္မွ ေလက တိုးဝင္လာေတာ့ ေက်ာထဲ စိမ့္သြားသည္ ။
အူး.....ဝူး.....ဝူး
႐ုတ္ခ်ည္းေပၚလာေသာ ေခြးအူသံက သူ႕ကို ၾကက္သီးေမြးညင္းထသြားေစသည္ ။ မိုးေသာက္ယံ ခ်က္ခ်င္း ကုတင္ေပၚမွ ဆင္း၍ ေျပးထြက္လာခဲ့သည္ ။ ရွိုင္း၏ အခန္းေရွ႕ေရာက္ေသာ္ တံခါးကို အျမန္တြန္းဖြင့္လိုက္သည္ ။ ေလာ့ခ်မထား၍ ေတာ္ေသးသည္ ။
ကုတင္ေပၚမွာ ရွိုင္းက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနသည္ ။ မိုးေသာက္ယံသည္ ရွိုင္း၏ ေဘးမွာဝင္လွဲၿပီး အတင္း ရင္ခြင္ထဲ တိုးဝင္လိုက္သည္ ။
သူ လႈပ္ယြေနတာေၾကာင့္လား မသိ ၊ ရွိုင္းက နိုးလာၿပီး အိပ္ခ်င္မူးတူး ဟန္ႏွင့္ ဆိုသည္ ။
"ယံယံ ။ ဒီအခ်ိန္ႀကီး ဘာလာလုပ္တာလဲ "
"ငါ တစ္ေယာက္တည္း မအိပ္ရဲလို႔ "
သူ႕စကားအဆုံး ရွိုင္းက ခပ္တင္းတင္း ေပြ႕ဖက္လာၿပီး မ်က္ဝန္းတို႔ ျပန္မွိတ္သြားသည္ ။ သူ႕ဦးေခါင္းက ရွိုင္း၏ ရင္ဘတ္နားသို႔ ေရာက္ေနခဲ့ၿပီး သူတို႔၏ ခႏၶာကိုယ္ခ်င္း ပူးကပ္ေနၾကသည္ ။ ရွိုင္း၏ ႏွလုံးခုန္သံကို နားစြင့္ရင္း ေၾကာက္စိတ္က ေလ်ာ့ပါးလာသည္ ။ ခဏအၾကာ၌ သူ လုံၿခဳံစိတ္ခ်စြာ အိပ္ေပ်ာ္သြားေတာ့သည္ ။
*********
မ်က္ႏွာေပၚမွ ယားက်ိက်ိအထိအေတြ႕ေၾကာင့္ မိုးေသာက္ယံ နိုးလာခဲ့သည္ ။ မ်က္ဝန္းတို႔ ဖြင့္လိုက္ခ်ိန္၌ ရွိုင္း၏ မ်က္ႏွာကို နီးနီးကပ္ကပ္ ေတြ႕လိုက္ရသည္ ။ ခုန သူ႕ကို ရွိုင္း နမ္းေနတာမ်ားလား ။ ရွိုင္းကို အကဲခတ္လိုက္ေတာ့ တည္တည္ၿငိမ္ၿငိမ္ႏွင့္ သူ႕ကို စိုက္ၾကည့္ေနသည္ ။ သူ အိပ္မက္မက္ေနတာလည္း ျဖစ္နိုင္တာပဲေလ ။
"နိုးၿပီလား "
ရွိုင္းက မနက္ခင္းမွာေတာင္ ဆြဲေဆာင္မႈအျပည့္ႏွင့္ ၾကည့္ေကာင္းေနသည္ ။ သူ ေငးေနရင္း အေယာင္ေယာင္အမွားမွားႏွင့္ ေခါင္းညိတ္လိုက္သည္ ။
"အင္း "
ရွိုင္း တစ္ႏွစ္ေက်ာ္ေလာက္ ကိုမာဝင္ေနခဲ့တာေၾကာင့္ ျပန္သတိရလာၿပီးသည့္အခါ ျပန္လည္ထူေထာင္ေရး ကုသမႈေတြ ခံယူသည္ ။ ဆယ္ရက္ေလာက္အၾကာ၌ ေဆး႐ုံက ဆင္းခြင့္ရခဲ့သည္ ။ ဒယ္ဒီတို႔က အိမ္ကို ျပန္လာေနခိုင္းတာေၾကာင့္ သူတို႔မွာ အရင္လို တစ္ေယာက္ ၊ တစ္ခန္း ျပန္ေနရေတာ့၏ ။ မေန႕ကမွ ရွိုင္း ေဆး႐ုံက ဆင္းလာခဲ့တာ ျဖစ္သည္ ။
"ဘာေတြေတြးေနတာလဲ "
ရွိုင္းက အေတြးလြန္ေနေသာ သူ႕ကို ၾကည့္ၿပီး ေမးသည္ ။
မိုးေသာက္ယံသည္ ရွိုင္း၏ ေမးခြန္းကို မေျဖေသးဘဲ သူ သိခ်င္ေနေသာ ေမးခြန္းတစ္ခုကို ေကာက္ေမးလိုက္သည္ ။
"မင္း အဲ့ဒီတုန္းက ဘာလို႔ ငါ့ကို ကယ္ခဲ့ရတာလဲ ။ ငါ့ကို ကယ္ရင္းနဲ႕ မေတာ္တဆ မင္း ေသသြားနိုင္တယ္ေလ ။ ဘာလို႔လဲ "
ရွိုင္းက သူ႕မ်က္ဝန္းေတြကို စူးစိုက္ၾကည့္ၿပီး ေလးနက္ေသာ အသံျဖင့္ ေျဖလာသည္ ။
"မင္း အႏၲရယ္ရွိေနတာ ျမင္လိုက္တာနဲ႕ ကိုယ္ သိတာ တစ္ခုပဲရွိတယ္ ။ အဲ့ဒါက မင္း ဘာမွမထိခိုက္ေစရဘူးဆိုတာပဲ "
ရွိုင္း၏ စကားၾကားေတာ့ သူ႕ရင္ထဲ ၾကည္ႏူးသြားရသည္ ။
"ေနာက္တစ္ခါ ဒီလိုမလုပ္ပါနဲ႕ ။ မင္း တစ္ခုခု ျဖစ္သြားခဲ့ရင္ ငါလည္း အသက္ရွင္နိုင္မွာ မဟုတ္ဘူး "
မိုးေသာက္ယံက သူ႕ရင္ထဲက ခံစားခ်က္ေတြကို အမွန္တိုင္း ဆိုေတာ့ ရွိုင္းက ႏူးညံ့စြာ စိုက္ၾကည့္၍ သူ႕မ်က္ႏွာကို လက္ဖဝါးျဖင့္ ဖြဖြ ပြတ္သတ္လာသည္ ။ ရွိုင္း၏ အၾကည့္ေတြေၾကာင့္ ရင္ခုန္သံျမန္ေနတာကို သူ မနည္းထိန္းခ်ဳပ္ေနရသည္ ။
"ဟို ငါ တစ္ခုသိခ်င္ေသးတယ္ ။ မင္း ငါ့ကို ဘယ္တုန္းတည္းက ခ်စ္ေနခဲ့တာလဲ "
မိုးေသာက္ယံက ရွိုင္းကို အၾကည့္ခ်င္းမဆုံရဲဘဲ အၾကည့္ေတြကို ဟိုပို႔ သည္ပို႔ လုပ္ရင္း ေမးလိုက္သည္ ။ အရင္တစ္ခါက သူတို႔ႏွစ္ေယာက္ ေဆး႐ုံမွာ နမ္းၿပီး ရင္ခုန္သံျမန္ေနတာေၾကာင့္ ဘာမွ် မေမးခဲ့မိ ။ အဲ့သည္ေနာက္ပိုင္းလည္း ရွိုင္း ျပန္သတိရ၍ သူ အေပ်ာ္လြန္ေနတာေၾကာင့္ သည္အေၾကာင္းေတြ စကားမစမိခဲ့ၾက ။
"ဘယ္အခ်ိန္က စခဲ့လဲေတာ့ မသိဘူး ။ ဒါေပမဲ့ မင္း အိမ္က ထြက္သြားတဲ့ေန႕မွာပဲ ကိုယ္ ေသခ်ာ သိလိုက္တာ ။ မင္းကို ခ်စ္ေနမိၿပီဆိုတာ "
ရွိုင္း၏ စကားအဆုံး မိုးေသာက္ယံ မ်က္ႏွာထက္ ေက်နပ္ၿပဳံးႀကီးက ထိန္းမနိုင္သိမ္းမရ ေပၚလာသည္ ။ ရွိုင္းက သူ႕အျဖစ္ကို ၾကည့္ၿပီး ရယ္သည္ ။
မိုးေသာက္ယံ အေပ်ာ္လြန္ၿပီး မ်က္လုံးမွိတ္၍ ႏႈတ္ခမ္းစူကာ ရွိုင္း၏ မ်က္ႏွာနားသို႔ တိုးသြားလိုက္သည္ ။
"ကိုယ္ မ်က္ႏွာသစ္လိုက္ဦးမယ္ "
ရွိုင္းက ေျပာၿပီး အိပ္ရာမွ ထကာ ေရခ်ိဳးခန္းထဲ ဝင္သြားသည္ ။ မိုးေသာက္ယံမွာေတာ့ မ်က္လုံးျပဴးၿပီး ႏႈတ္ခမ္းစူလ်က္သားႏွင့္ က်န္ခဲ့ေတာ့သည္ ။ မိုးေသာက္ယံ မေက်မနပ္ႏွင့္ ဟြန့္ခနဲ ႏွာမႈတ္လိုက္သည္ ။
"လူဆိုးႀကီး ၊ ေဆး႐ုံမွာက် လူကို အတင္းနမ္းၿပီး ခုမွ လာမူေနေသးတယ္ ။ ေတြ႕ဦးမယ္ "
မိုးေသာက္ယံ စိတ္တိုတိုႏွင့္ ႀကိမ္းဝါးလိုက္သည္ ။
****************
"မင္းတို႔ႏွစ္ေယာက္ ေက်ာင္းျပန္တက္ဖို႔လုပ္ၾကဦး "
ဦးမိုးျမင့္က မနက္စာစားေနရင္း ရွိုင္းႏွင့္ မိုးေသာက္ယံကို ၾကည့္၍ ဆိုသည္ ။
ရွိုင္း ေမ့ေမ်ာေနခ်ိန္၌ မိုးေသာက္ယံပါ အနားမွာ အတူရွိေနခဲ့သည့္အတြက္ သူတို႔ႏွစ္ေယာက္လုံး ေက်ာင္းေတာ့ တစ္ႏွစ္ေအာက္သြားသည္ ။
"ဟုတ္ကဲ့ ဦး "
ရွိုင္းက ေျဖၿပီး မုန့္ကို ဆက္စားသည္ ။
"ခုေတာ့ ေက်ာင္းမတက္ရေသးခင္ အျပင္ေလး ဘာေလး ထြက္လည္ၾကေပါ့ ။ ႏွစ္ေယာက္သား ေလွ်ာက္မလည္ျဖစ္တာ ၾကာၿပီမဟုတ္လား "
ေဒၚခင္ႏြယ္က ေျပာေတာ့ မိုးေသာက္ယံ၏ မ်က္လုံးတို႔ အေရာင္ေတာက္ပသည္ ။
"ဟုတ္တယ္ မာမီ ။ သား ဘယ္မွ မသြားျဖစ္တာ ေတာ္ေတာ္ ၾကာၿပီ ။ ေနာက္ေန႕ ေလွ်ာက္လည္ရမယ္ "
မိုးေသာက္ယံ တက္ႂကြစြာ ေျပာေတာ့ ရွိုင္းက ႏူးႏူးညံ့ညံ့ စိုက္ၾကည့္၍ ၿပဳံးသည္ ။ ႏွစ္ေယာက္သား အၾကည့္ခ်င္းဆုံသြားေတာ့ ရွိုးတိုးရွန္းတန္း ႏွင့္ အၾကည့္လႊဲသြားၾကသည္ ။
ဒါ ဘယ္လိုအေျခအေနႀကီးလဲ ။ သူတို႔ႏွစ္ေယာက္ ရည္းစားေတြ ျဖစ္သြားကာမွ ဘာလို႔ အရင္ကထက္ အရွက္ပိုေနရတာလဲ ။
မိုးေသာက္ယံ မ်က္ေမွာင္ၾကဳတ္၍ စိတ္ထဲ မေက်မနပ္ ေတြးေနမိသည္ ။
*************
"ေဒါက္...ေဒါက္ "
တံခါးကို လက္ျဖင့္ ႏွစ္ခ်က္ဆင့္ေခါက္ၿပီးေနာက္ ရွိုင္း၏ အခန္းထဲသို႔ မိုးေသာက္ယံ ဝင္လိုက္သည္ ။ ရွိုင္းကို မေတြ႕ရေသာ္လည္း ေရခ်ိဳးခန္းထဲမွ အသံၾကားေနရသည္ ။
သူ ကုတင္ေပၚမွာ လွဲၿပီး ေစာင့္ေနလိုက္သည္ ။ ခဏအၾကာ ရွိုင္းက ေရခ်ိဳးခန္းထဲမွ ထြက္လာသည္ ။ ပုဆိုးပဲ ဝတ္ထားတာေၾကာင့္ အေပၚပိုင္းမွ က်စ္လစ္ေတာင့္တင္းေသာ ဝမ္းဗိုက္မွ ႂကြက္သားထုထည္ကို ရွင္းလင္းစြာ ျမင္ေနရၿပီး ထိုအရာက သူ႕ကို ဆြဲေဆာင္ေနသည္ ။ မိုးေသာက္ယံ မ်က္ေတာင္မခတ္ဘဲ ေငးၾကည့္ေနမိသည္ ။
"ဘာေတြ ၾကည့္ေနတာလဲ "
ရွိုင္းက သူ႕ကို ၿပဳံး၍ ေမးေတာ့ မိုးေသာက္ယံ ရွက္ကိုးရွက္ကန္းႏွင့္ မ်က္ႏွာလႊဲလိုက္သည္ ။ ထို႔ေနာက္ ေျဗာင္ျငင္းလိုက္သည္ ။
"မၾကည့္ပါဘူး "
ရွိုင္းက သူ႕ေရွ႕မွာပဲ အဝတ္အစားလဲၿပီး ကုတင္ေပၚသို႔ ဝင္လွဲသည္ ။ ထို႔ေနာက္ သူ႕ဘက္သို႔ မ်က္ႏွာမူၿပီး ေမးသည္ ။
"မင္း မအိပ္ေသးဘူးလား "
"ငါ မင္းနဲ႕ အတူ အိပ္မလို႔ "
မိုးေသာက္ယံက ေျပာၿပီး ရွိုင္း၏ လက္ေမာင္းေပၚ ေခါင္းအုံးလိုက္သည္ ။
"လူႀကီးေတြ သိသြားရင္ မေကာင္းဘူး ယံယံ ။ အေနအထိုင္ ဆင္ျခင္သင့္တယ္ "
ရွိုင္းက ေျပာေတာ့ မိုးေသာက္ယံ မ်က္ႏွာမဲ့သြားသည္ ။
"ဒယ္ဒီေရာ ၊ မာမီေရာ ဘာမွ မေျပာဘူး ။ မင္းပဲ ျဖစ္ေနတာ ။ ဘာလဲ မင္း ငါ့ကို မခ်စ္ေတာ့ဘူးလား ေျပာ "
"မဆိုင္တာေတြ မေျပာစမ္းနဲ႕ကြာ "
ရွိုင္းက ေျပာၿပီး တစ္ဖက္လွည့္ကာ ေက်ာခိုင္းသြားေတာ့ မိုးေသာက္ယံ၏ စိတ္ထဲ ဝမ္းနည္းစိတ္က လွိုက္ခနဲ တက္လာသည္ ။ ရွိုင္း သူ႕ကို ခ်စ္တယ္ဆိုတာ တကယ္ေရာ ဟုတ္ရဲ႕လား ။ ဘာေၾကာင့္ သူစိမ္းဆန္ေနရတာလဲ ။ သူ ေတြးရင္း မ်က္ရည္ဝဲလာရသည္ ။
ႏႈတ္ခမ္းကို ဖိကိုက္လ်က္ ေမြ႕ယာေပၚမွ ဆင္းလိုက္သည္ ။
"ငါ သြားေတာ့မယ္ "
သူ ငိုသံမေပါက္ေအာင္ ထိန္းၿပီး ေျပာ၍ လွည့္ထြက္လိုက္ေတာ့ ရွိုင္းက ဆတ္ခနဲ လွမ္းဆြဲလိုက္တာေၾကာင့္ အိပ္ရာေပၚသို႔ ျပန္က်သြားသည္ ။
ရွိုင္း၏ ခႏၶာကိုယ္က သူ႕အေပၚသို႔ အုပ္မိုးလာသည္ ။
"ငိုေနတာလား "
ရွိုင္းက သူ႕မ်က္ဝန္းမွ မ်က္ရည္စေတြကို လက္ဖဝါးျဖင့္ သုတ္ရင္း ေမးသည္ ။
"မင္း ငါ့ကို မခ်စ္ဘူး "
"ဘယ္သူေျပာလဲ ငါ မင္းကို မခ်စ္ဘူးလို႔ "
"သိသာေနတာပဲေလ ။ ငါ မင္းအနားကပ္ရင္ မႀကိဳက္တဲ့ပုံစံနဲ႕ "
မိုးေသာက္ယံက ႏႈတ္ခမ္းေလး စူၿပီး စိတ္ေကာက္သလို ေျပာလာေတာ့ ရွိုင္းက ရယ္မိျပန္သည္ ။ သည္ ေကာင္ဆိုးေလးက သူ႕ကို အထင္လြဲေနသည္ ။ သူ႕မွာ ကိုယ့္စိတ္ကိုယ္ လြတ္မသြားေအာင္ ထိန္းခ်ဳပ္ေနရတာ ခက္ခက္ခဲခဲ ။ ဒါကိုေတာ့ မသိဘူး ။
"မင္း သိရဲ႕လား ။ ငါ မင္းကို ခ်စ္လြန္းလို႔ ထိေတြ႕ခ်င္ေနတာကို ဘယ္ေလာက္ေတာင္ ထိန္းခ်ဳပ္ေနရလဲ ဆိုတာ "
ရွိုင္း၏ စကားဆုံးေသာ္ မိုးေသာက္ယံ၏ မ်က္ႏွာက အနီေရာင္ေျပာင္းသြားသည္ ။
"မင္းကို ဘယ္သူက ထိန္းခ်ဳပ္ခိုင္းလို႔လဲ "
မိုးေသာက္ယံက မ်က္ႏွာနီရဲရဲႏွင့္ ခပ္တိုးတိုး ေျပာလာေတာ့ ရွိုင္း စိတ္ထဲ မတည္မၿငိမ္ျဖစ္လာသည္ ။
"ဒါဆို ကိုယ့္ အဆိုးမဆိုနဲ႕ "
ရွိုင္းက ေျပာၿပီးသည္ႏွင့္ မိုးေသာက္ယံ၏ မ်က္ႏွာထက္သို႔ ျဖည္းညင္းစြာ တိုးကပ္လာေလသည္ ။
မိုးေသာက္ယံသည္ သူ႕ရင္ထဲ၌ မီးရႉးမီးပန္းေတြ ေဖာက္သလို ႏွလုံးခုန္သံ ျမန္ၿပီး စိတ္လႈပ္ရွားေနသည္ ။ ထိုစဥ္ သူ႕မ်က္ႏွာအႏွံ႕သို႔ ရွိုင္း၏ အနမ္းပြင့္မ်ားက ႏူးညံ့ညင္သာစြာ ေရာက္ရွိလာသည္ ။ ထို႔ေနာက္ ရွိုင္း၏ ေႏြးေထြးခ်ိဳျမန္ေသာ ႏႈတ္ခမ္းပါးက သူ႕ႏႈတ္ခမ္းေပၚသို႔ နားခိုလာခဲ့သည္ ။
ရွိုင္းဘက္က စတင္လာခဲ့ေသာ ႏူးညံ့ေႏြးေထြး၍ စြဲမက္ဖြယ္ေကာင္းေသာ အနမ္းေတြကို သူ တုံ႕ျပန္ရင္း မ်က္ဝန္းတို႔ မွိတ္ထားလိုက္သည္ ။ အခ်ိန္အေတာ္ၾကာသည္အထိ အနမ္းေတြက အဆုံးမသတ္နိုင္ေသး ။ မိုးေသာက္ယံ တုန္ရီလွိုက္ေမာ၍ အားမရွိေတာ့သလို ပင္ပန္းလာသည္ ။
မ်က္ဝန္းေတြ ေမွးမွိတ္ၿပီး အနမ္းပင္လယ္ထဲ ႏွစ္ကိုယ္တူ ကူးခတ္ေနရင္းမွ မိုးေသာက္ယံ၏ မသိစိတ္မွ တစ္စုံတစ္ေယာက္က မိမိကို စိုက္ၾကည့္ေနသလို ခံစားလိုက္ရသည္ ။ သူ႕ မ်က္ဝန္းတို႔ ဖြင့္၍ လိုက္ရွာၾကည့္လိုက္ေသာ္ ထိတ္လန့္စရာ ျမင္ကြင္းက စီးႀကိဳေနသည္ ။
ရွိုင္း၏ ကုတင္ေျခရင္း၌ သူတို႔ကို ရပ္ၾကည့္ေနေသာ သူ ။ သူကေတာ့ မဒီပဲျဖစ္သည္ ။ ဟိုတစ္ခါအိပ္မက္ထဲကလို ေၾကာက္စရာ မ်က္ႏွာႏွင့္ သူ႕ကို သတ္ျဖတ္ေတာ့မလို စူးစူးရဲရဲ စိုက္ၾကည့္ေနသည္ ။
"အား! "
မိုးေသာက္ယံသည္ ရွိုင္းကို တြန္းၿပီး ေၾကာက္လန့္တၾကား ေအာ္ဟစ္လိုက္၍ ထထိုင္လိုက္သည္ ။
"ဘာျဖစ္တာလဲ ယံယံ "
ရွိုင္းက အျမန္ ထထိုင္ၿပီး စိုးရိမ္ထိတ္လန့္စြာႏွင့္ ေမးသည္ ။ မိုးေသာက္ယံသည္ မဒီ့၏ ေသြးေတြႏွင့္ ျပည့္လ်ံလာေသာ မ်က္ဝန္းေတြကို စိုက္ၾကည့္ရင္း တစ္ကိုယ္လုံး တုန္ယင္လာသည္ ။ ရွိုင္းကိုလည္း တင္းက်ပ္စြာ ဖက္တြယ္ထားရင္းမွ.....။
"ဟို..ဟိုမွာ မဒီ "
မဒီရွိရာသို႔ လက္ညိုးၫႊန္ျပလိုက္သည္ ။ ေၾကာက္လန့္စိတ္ေၾကာင့္ သူ႕လက္ညိုးကလည္း တဆတ္ဆတ္ တုန္ယင္ေနသည္ ။
သည္တစ္ခါ အျဖစ္အပ်က္က အိပ္မက္မဟုတ္ခဲ့တာ ေသခ်ာသည္ ။
***************
ဆက္ရန္....
Thin Zar Moe Oo
Season 2 ဆိုၿပီး စလိုက္ေပမယ့္ အပိုင္းက နည္းမလား ၊ မ်ားမလား မေျပာတတ္ေသးပါဘူး ။ ဇာတ္လမ္းကိုေတာ့ စဥ္းစားၿပီးပါၿပီ ။ ဒီအပိုင္းက စၿပီး plot က နည္းနည္း ခ်ိန္းသြားပါၿပီေနာ္ ။
ေန႕တိုင္းေတာ့ up ျဖစ္မယ္မထင္ပါဘူး ။ အျမန္ေရးၿပီး တင္လိုက္လို႔ ဇာတ္အိမ္ပ်က္သြားမွာ စိုးရိမ္လို႔ပါ ။
ဖတ္ေပးတဲ့သူအားလုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင့္ ❤