Zawgyi
ဝိညာဥ္စုစည္းေဆးလုံးမ်ား၏အစြမ္း
ေျမာက္ျမားစြာေသာ အမုန္း ဝိညာဥ္မ်ားေၾကာင့္ ပိုင္ေရွာင္ခ်န္းမွာ အနည္းငယ္ တုန္လႈပ္သြားသည္။ သူသည္ ဝိညာဥ္မ်ားကိုၾကည့္ကာ ေဖာ္ျပ၍မရႏိုင္ေလာက္ေအာင္ ေၾကာက္႐ြံ႕ေနေသာ္လည္း ယခုအခါ သူ႔မွာ ရင္ဆိုင္႐ုံမွတစ္ပါး အျခားေ႐ြးခ်ယ္စရာ မရွိေတာ့ေပ။
" ပါးစပ္ပိတ္စမ္း။ "
သူက က်ယ္ေလာင္စြာေအာ္ဟစ္ေနသည့္ ဝိညာဥ္မ်ားကဲ့သို႔ ေဒါသတႀကီး ဟိန္းေဟာက္လိုက္သည္။ လက္ရွိအေျခအေနအရ အခ်ိန္က အေရးႀကီးေနၿပီး သူ၏ အေတြးထဲရွိတစ္ခုထဲေသာအရာမွာ ခရမ္းေရာင္ နတ္မီးလွ်ံစမ္းသပ္ပြဲသို႔ ေရာက္ရွိရန္ အခ်ိန္ ဆယ့္ႏွစ္နာရီ မွ်သာရသည့္ အခ်က္ျဖစ္သည္။
ဖက္တီးက်န္းႀကီး၏ အသက္သည္ ေသေရးရွင္ေရး အေျခအေနသို႔ ေရာက္ေနၿပီ မဟုတ္ပါေလာ။
ပိုင္ေရွာင္ခ်န္းက ဝိညာဥ္မ်ားကို ေအာ္ဟစ္လိုက္ေသာအခါ သူတို႔က ပိုင္ေရွာင္ခ်န္းဆီသို႔ ပ်ံဝဲလာၾကေတာ့သည္။ ပိုင္ေရွာင္ခ်န္း ကမူ ေနာက္မဆုတ္ပဲ အရွိန္လည္းမေလွ်ာ့ေပ။ သူက ဝိညာဥ္မ်ားဆီသို႔ တည့္မတ္စြာ ေျပးသြားေတာ့သည္။
အျပင္ဘက္တြင္မူ ရွင္းကုံက်စ္တာအိုဂိုဏ္းသားမ်ားက သူတို႔ေရွ႕မွ ျမင္ကြင္းႀကီးကို မ်က္စိမခြာတမ္း ၾကည့္ေနၾကသည္။ စိမ္းျပာေရာင္ စမ္းသပ္ပြဲအား ပိုင္ေရွာင္ခ်န္း မည္သို႔ ကိုင္တြယ္မည္ကို သူတို႔ အလြန္အမင္း သိခ်င္ေနၾကသည္။
" ၾကည့္ရတာ ဒီပိုင္ေရွာင္ခ်န္းဆိုတဲ့ေကာင္က နတ္ဘုရားစြမ္းရည္ တစ္မ်ိဳးမ်ိဳးကို သုံးမယ့္ပုံပဲ.... "
" ဒီစမ္းသပ္ပြဲက ဝိညာဥ္ေတြရဲ႕ စုေပါင္းတိုက္ခိုက္မႈကို ဘယ္ေလာက္ၾကာၾကာ ခံႏိုင္လည္းဆိုတာနဲ႔ ဝိညာဥ္ဘယ္ႏွစ္ေကာင္ကို ႏွိမ္နင္းႏိုင္လည္းဆိုတာကို စစ္ေဆးတာ။ အခ်ိန္ၾကာၾကာ ခံႏိုင္ဖို႔ဆိုရင္ ကိုယ့္ရဲ႕ စိတ္စြမ္းအင္ကို အတတ္ႏိုင္ဆုံး ေခြၽတာရမယ္။ နည္းနည္းေလးေတာင္ အလကားျဖစ္ေစလို႔ မရဘူး။ ထိန္းခ်ဳပ္မႈ အမ်ားႀကီး လိုအပ္တာ။ "
" ကုန္းစြန္းဝမ္အာကေတာ့ အံ့မခန္း လုပ္ျပသြားတာပဲ။ ဝိညာဥ္ေတြက သူ႔ကိုခ်ေတာင္ မခ်ရဲၾကဘူး။ ဒါေပမဲ့ ဝိညာဥ္ ဧရာဇ္ႀကီးကေတာ့ အဲ့လိုေတာ့ မဟုတ္ဘူး။ အဲ့တာေတာင္မွ အဲ့လိုမ်ိဳးျဖစ္ရပ္မ်ိဳးက အတိတ္မွာ တစ္ခါမွ မျဖစ္ဖူးဘူး။ "
" ဒီပိုင္ေရွာင္ခ်န္းဆိုတဲ့ေကာင္ ဝိညာဥ္ဘယ္ႏွစ္ေကာင္ကိုမ်ား အႏိုင္ယူမလဲ သိခ်င္မိတယ္။ "
လူအုပ္ထဲတြင္ ေဆြးေႏြးျငင္းခုံသံမ်ား ေပၚထြက္ေနစဥ္ စိမ္းျပာေရာင္ စမ္းသပ္ပြဲထဲရွိ ပိုင္ေရွာင္ခ်န္းမွာ သူ႔ဆီေျပးလာေနသည့္ ဝိညာဥ္မ်ားဆီသို႔ ျပန္းထန္ျမန္ဆန္ေသာ အရွိန္ျဖင့္ ေျပးသြားေနသည္။
ခပ္လွမ္းလွမ္းမွၾကည့္လွ်င္ ဝိညာဥ္ပင္လယ္ႀကီးတစ္ခုက ေအာ္ျမည္သံေပးကာ ေကာင္းကင္ႏွင့္ ကမာၻေျမႀကီးကို လႈပ္ယမ္းေနသည့္အလား ျဖစ္ေနသည္။
သို႔ေသာ္ ထိုပင္လယ္ႀကီးက ပိုင္ေရွာင္ခ်န္းကို ဝင္မတိုက္ခင္မွာပင္ သူက ထည့္စရာအိတ္ကို ပုတ္လိုက္ၿပီး ေဆးလုံးတစ္လုံးကို ထုတ္ယူလိုက္သည္။
ထိုေဆးလုံးသည္ အျဖဴေရာင္ရွိၿပီး ေဆးရနံ႔လုံးဝ မရွိေပ။ တမူထူးျခားသည့္ ေဆးလုံးဟူ၍ပင္ မထင္ရေခ်။ လူအုပ္ႀကီးကမူ ေၾကာင္အမ္းအမ္းျဖစ္ေနၿပီး ဤသို႔ အေရးႀကီးလွေသာအခ်ိန္မ်ိဳးတြင္ ပိုင္ေရွာင္ခ်န္းက မည္သည့္အတြက္ေၾကာင့္ ေဆးလုံးတစ္လုံးအား ထုတ္ယူလိုက္သည္ကို မသိႏိုင္ေလာက္ေအာင္ ျဖစ္ေနသည္။
သို႔ေသာ္လည္း ပိုင္ေရွာင္ခ်န္းက ေဆးလုံးကို ေျမျပင္ေပၚသို႔ ပစ္ေပါက္လိုက္ၿပီး တစ္ဆက္ထဲ ေအာ္ဟစ္လိုက္သည္။
" ဒါကို ျမည္းၾကည့္စမ္း။ "
ထိုေဆးလုံးက ေျမျပင္ႏွင့္ ႐ိုက္ခတ္မိသြားေသာအခါ မျမင္ႏိုင္ေသာ တုန္ခါမႈႏွင့္ အေငြ႕အသက္မ်ားက အရပ္မ်က္ႏွာအႏွံ႔သို႔ ပ်ံ႕လြင့္သြားသည္။ တခ်ိန္ထဲမွာပင္ သူ႔ဆီေျပးလာေနသည့္ ဝိညာဥ္မ်ား၏ မ်က္ႏွာမ်ားမွာ အေရာင္လက္သြားၾကၿပီး ဦးတည္ရာေျပာင္းသြားကာ ေၾကမြေနသည့္ ေဆးလုံးဆီသို႔ ပ်ံသန္းသြားၾကေတာ့သည္။ သူတို႔၏ ဝိညာဥ္ခႏၶာကိုယ္မ်ားမွာ သူတို႔၏ ထိန္းခ်ဳပ္မႈေအာက္တြင္ မရွိေတာ့သည့္အလား ျဖစ္ေနသည္။
ေဖာ္ျပ၍မရႏိုင္ေလာက္ေအာင္ အားေကာင္းသည့္ ဆြဲငင္အားႀကီးတစ္ခု ေပၚထြက္လာၿပီး ထိုဝိညာဥ္မ်ားကို တစ္ေနရာထဲသို႔ စုပ္ယူကာ ဖ်က္စီးပစ္ေနေတာ့သည္။ ပထမဆုံးတြင္ ဝိညာဥ္ဆယ္ေကာင္၊ မၾကာမီ အေကာင္တစ္ရာ၊ ထို႔ေနာက္ တစ္ေထာင္မွ တစ္ေသာင္းအထိ ျဖစ္သြားေတာ့သည္။
ခ်က္ခ်င္းပင္ ပိုင္ေရွာင္ခ်န္းေရွ႕တည့္တည့္ရွိ ဝိညာဥ္ပင္လယ္ထဲတြင္ အေပါက္တစ္ေပါက္ ေပၚထြက္လာသည္။ တခ်ိန္ထဲမွာပင္ ဝိညာဥ္ေပါင္း အေကာင္ တစ္ေသာင္းေက်ာ္မွာ ေျမႀကီးထဲသို႔ စုပ္ယူခံလိုက္ရကာ တခ်ိန္လုံး ေအာ္ဟစ္ေနၾကေတာ့သည္။ မ်က္စိတစ္မွိတ္အတြင္း လက္သီးဆုပ္အ႐ြယ္ အနက္ေရာင္ စက္လုံးေလးတစ္လုံး ေပၚထြက္လာသည္။
ထိုတလက္လက္ ေတာက္ပေနသည့္ စက္လုံးထဲတြင္ ဝိညာဥ္ေပါင္း အေကာင္တစ္ေသာင္း ေက်ာ္ရွိေနသည္။
လူအုပ္ႀကီးမွာ ေယာက္ယက္ခတ္ေနၾကၿပီး မရပ္မနား ေျပးလႊားေနသည့္ ပိုင္ေရွာင္ခ်န္းကို မ်က္လုံးျပဴးႀကီးမ်ားျဖင့္ ၾကည့္ေနၾကသည္။ သူက ေျပးလႊားေနရင္း ဝိညာဥ္စုစည္း ေဆးလုံးတစ္လုံးကို ထပ္ထုတ္လိုက္သည္။
ထိုေဆးလုံးမ်ားကို သူ ပစ္လႊတ္လိုက္တိုင္း ထိုေနရာတစ္ဝိုက္ရွိ ဝိညာဥ္မ်ားမွာ ေတာက္ပေနသည့္ အနက္ေရာင္စက္လုံးတစ္လုံးထဲသို႔ စုပ္ယူခံလိုက္ရသည္သာ ျဖစ္သည္။ ဝိညာဥ္မ်ားမွာ တျဖည္းျဖည္း နည္းပါးလာၿပီး အနက္ေရာင္စက္လုံးမ်ား ပိုမိုမ်ားျပားလာေတာ့သည္။ ထိုစက္လုံးမ်ားထဲတြင္မူ ထြက္မေျပးႏိုင္ပဲ ပိတ္မိေနၾကေသာ ဝိညာဥ္မ်ားရွိေလသည္။
အဆုံးတြင္ စိမ္းျပာေရာင္ စမ္းသပ္ပြဲ၏ အလယ္တြင္ ဝိညာဥ္ဧကရာဇ္ႀကီးကို ပိုင္ေရွာင္ခ်န္း ေတြ႕လိုက္ရသည္။ ထိုဝိညာဥ္ႀကီးက က်င့္ႀကံျခင္းအေျခခံ စြမ္းအားမ်ားကို ထုတ္ကာ ပိုင္ေရွာင္ခ်န္းဆီသို႔ ေျပးလာၿပီး ေအာ္ဟစ္လိုက္သည္။
“ ဒီေနရာကေန ေပ်ာက္ကြယ္သြားစမ္း။ "
ဝိညာဥ္ ဧကရာဇ္ႀကီးဆီမွ စြမ္းအားမ်ား ေပၚထြက္လာၿပီး ေကာင္းကင္ႀကီးမွာ ေမွးမွိန္သြားေသာ္လည္း ပိုင္ေရွာင္ခ်န္းသည္ ညာလက္ကို ေဝွ႔ယမ္းကာ ဝိညာဥ္စုစည္း ေဆးလုံးဒါဇင္မ်ားစြာကို တစ္ခါထဲ ပစ္လႊတ္လိုက္သည္။
" ဒါကို ျမည္းၾကည့္စမ္း။ "
သူက ေအာ္လိုက္သည္။ ထိုေဆးလုံးမ်ား ေပါက္ကြဲသြားေသာအခါ ႐ုတ္တရက္ ေအာ္ဟစ္ဟိန္းေဟာက္ေနသည့္ ဝိညာဥ္ဧကရာဇ္ႀကီး၏ မ်က္ႏွာတြင္ မယုံၾကည္ႏိုင္မႈမ်ား၊ အံ့အားသင့္မႈမ်ား ျပည့္ႏွက္သြားသည္။
အသံတစ္သံပင္ မထြက္လိုက္ရပဲ သူ၏ ခႏၶာကိုယ္သည္ ႐ုတ္ခ်ည္း အပိုင္းပိုင္း ကြဲထြက္သြားၿပီး ေဆးလုံးမ်ား၏ စုပ္ယူ ခ်ဳပ္ေႏွာင္ျခင္းကို ခံလိုက္ရေတာ့သည္။
ပိုင္ေရွာင္ခ်န္းက ရလဒ္ကို ဂ႐ုပင္မစိုက္ဘဲ ဆက္၍ေျပးလႊားကာ ေဆးလုံးမ်ားကို ဆက္တိုက္ထုတ္ေနေတာ့သည္။ အေမႊးတိုင္တစ္တိုင္ ေလာင္ကြၽမ္းစာအခ်ိန္ ကုန္သြားေသာအခါ အရင္က က်င့္ႀကံသူေပါင္း ေျမာက္ျမားစြာကို ဒုကၡပင္လယ္ေဝေစခဲ့သည့္ စိမ္းျပာေရာင္ စမ္းသပ္ပြဲထဲတြင္ ဝိညာဥ္တစ္ေကာင္တစ္ေလပင္ မရွိေတာ့ေခ်။
ပိုင္ေရွာင္ခ်န္းက မေရမတြက္ႏိုင္ေသာ ကမၺည္းတိုင္မ်ားကို ေက်ာ္ျဖတ္ကာ စမ္းသပ္ပြဲ၏ အဆုံးသို႔ေရာက္သြားၿပီး ထြက္ေပါက္ထဲသို႔ ဝင္ေရာက္ေပ်ာက္ကြယ္သြားသည္။
အျပင္ဘက္ရွိ ထိုျမင္ကြင္းကို ၾကည့္ေနၾကသူမ်ားမွာ အံ့အားသင့္ကာ တုန္ရီေနၾကေတ့သည္။ သူတို႔သည္ ျဖစ္ပ်က္ႏိုင္မည့္ ျဖစ္ႏိုင္ေျခမ်ားကို ခန႔္မွန္းထားၾကေသာ္လည္း ပိုင္ေရွာင္ခ်န္းမွာ ဤကဲ့သို႔ တုန္လႈပ္ဖြယ္ေကာင္းသည့္ နည္းလမ္းႀကီးကိုသုံးကာ ဤစမ္းသပ္ပြဲကို ေက်ာ္ျဖတ္လိမ့္မည္ဟု မည္သူမွ မထင္ထားမိေခ်။
ေရွးယခင္မွ ယခုအခ်ိန္ထိ မည္သူမွ ထိုသို႔မလုပ္ဖူးေခ်။ ဤစမ္းသပ္ပြဲမွာ ဝိညာဥ္မ်ားကို တတ္ႏိုင္သေလာက္သာ သတ္ျဖတ္ရန္ျဖစ္ေသာ္လည္း ယခုအခါ စမ္းသပ္ပြဲႀကီးမွာ ေျပာင္သလင္းခါေနၿပီ ျဖစ္သည္။
" ဒါ.... ဒါ.... "
" ကုန္းစြန္းဝမ္အာရဲ႕ စြမ္းေဆာင္မႈက ရင္သပ္ရႈေမာဖြယ္ အေကာင္းဆုံးလို႔ ငါကထင္ေနတာ။ ဒီပိုင္ေရွာင္ခ်န္းဆိုတဲ့ေကာင္က သူ႔ကို ေက်ာ္တက္လိမ့္မယ္လို႔ ငါ မထင္မိပါလား။ "
" ဝိညာဥ္ေတြက ကုန္းစြန္းဝမ္အာကို မတိုက္ခိုက္ရဲၾကဘူး။ သူမက ဝိညာဥ္ဧကရာဇ္နဲ႔ တိုက္ေတာ့ သေရက်သြားတယ္။ ဒါေပမဲ့ ပိုင္ေရွာင္ခ်န္းက..... ဝိညာဥ္ဧကရာဇ္ႀကီးကို စုပ္ယူပစ္လိုက္တာပါလား။ "
မၾကာမီ လူအုပ္ႀကီးမွာ သုႆာန္တစျပင္အလား တိတ္ဆိတ္ၿငိမ္သက္သြားေတာ့သည္။ ပိုင္ေရွာင္ခ်န္း၏ စမ္းသပ္ပြဲမ်ားကို ေက်ာ္ျဖတ္မႈမ်ားသည္ ကုန္းစြန္းဝမ္အာကဲ့သို႔ ျဖစ္ေနေလၿပီ။ တစ္ဂိုဏ္းလုံးမွာ အံ့အားသင့္ေနၾကၿပီး သတင္းမ်ားလည္း ပ်ံ႕ေနသျဖင့္ စမ္းသပ္ပြဲမ်ားကို ၾကည့္ရႈေနၾကသူ မ်ားျပားလာေတာ့သည္။
ကုံ သက္တံ့ေဒသေပၚရွိ မိစာၦႏွိမ္နင္းေရးခန္းမ၏ ပင္မဘုံေက်ာင္းထဲတြင္ ဖက္တီးက်န္းႀကီးမွာ ယခင္က ကဲ့သို႔ တင္ပ်ဥ္ေခြထိုင္ေနဆဲပင္။ ထိုစဥ္ သူသည္ လုံးဝ သတိေမ့ေနၿပီျဖစ္ၿပီး သူ၏သက္ေစာင့္အား မီးေတာက္မွာလည္း ကုန္ခမ္းလုနီးပါး ျဖစ္ေနၿပီ ျဖစ္သည္။ ဖုန္းယြမ္ဒဲ့သာ သူ႔ကိုယ္ထဲသို႔ အားမ်ား မသြင္းေပးထားပါက ထိုမီးေတာက္ ၿငိမ္းေနသည္မွာ ၾကာလွေနၿပီျဖစ္သည္။
ဘုံေက်ာင္းအျပင္တြင္ ႐ႊီေပါက္ခ်ိဳင္ႏွင့္ နတ္ဆရာတို႔မွာ ခ်င္းေမ့ယြမ္ႏွင့္အတူ ရွင္းကုံက်စ္တာအိုဂိုဏ္းထိပ္တန္းၾကယ္ပြင့္ စမ္းသပ္ပြဲမ်ားကို ၾကည့္ရႈေနၾကသည္။ သူတို႔အားလုံးမွာ ပိုင္ေရွာင္ခ်န္း၏ လုပ္ရပ္မ်ားေၾကာင့္ အံ့အားသင့္ေနရသည္။
အျခားဂိုဏ္းသားမ်ားက ပိုင္ေရွာင္ခ်န္းအေၾကာင္းကို မသိၾကေသာ္လည္း သူတို႔က သိေနသည္။ သူ၏ အက်င့္အရ ဤသို႔ေသာ စြန႔္စားမႈမ်ားကို ပုံမွန္ဆိုလွ်င္ လုပ္မည္မဟုတ္ေၾကာင္း သူတို႔ သိထားသည္။ ယခု သူလုပ္ေနသမွ်အရာအားလုံးမွာ ဖက္တီးက်န္းႀကီးအတြက္သာ ျဖစ္ေလသည္။
ပိုင္ေရွာင္ခ်န္းအေၾကာင္း သတင္းမ်ားပ်ံ႕သြားၿပီး တစ္ဂိုဏ္းလုံး အံ့ၾသေနၾကစဥ္ သူက အျပာေရာင္ စမ္းသပ္ပြဲထဲသို႔ ေရာက္ေနၿပီျဖစ္သည္။ သူသည္ စုစုေပါင္း တစ္နာရီထက္အနည္းငယ္ပိုေသာ အခ်ိန္အတြင္း ပထမ စမ္းသပ္ပြဲ ငါးခုကို ေအာင္ျမင္ခဲ့ေသာ္လည္း အနားမယူႏိုင္ေသးေပ။ယခု သူက ေနာက္ဆုံးအဆင့္သို႔ ေရာက္ရွိေနၿပီျဖစ္ၿပီး ဤအဆင့္ၿပီးလွ်င္ ခရမ္းေရာင္အဆင့္သို႔ တက္လွမ္းႏိုင္မည္ ျဖစ္သည္။
သူသည္ သူရမည့္ အဆင့္ကို ဂ႐ုမစိုက္သလို စိတ္ထဲမွာပင္ မထားေခ်။ သို႔ေသာ္လည္း ဤအဆင့္မွာ အခက္အခဲဆုံးျဖစ္မည္ကို သူက သိထားသည္။
သူ၏ ၿပိဳင္ဘက္သည္... ကုန္းစြန္းဝမ္အာ မဟုတ္ပါေလာ။
ပို၍တိတိက်က်ဆိုရပါလွ်င္ ကုန္းစြန္းဝမ္အာ၏ ႐ုပ္တုတစ္ခု ျဖစ္သည္။
အျပာေရာင္ စမ္းသပ္ပြဲအတြက္ ေနရာမွာ အက်ယ္ႀကီးမဟုတ္ပဲ မီတာသုံးေသာင္းခန႔္သာ ရွိသည္။ နယ္နိမိတ္အေက်ာ္တြင္ အရာအားလုံး မႈန္ဝါးေန၏။။ ထို မီတာသုံးေသာင္းအက်ယ္ေနရာႀကီး၏ အလယ္ဗဟိုတြင္ အမ်ိဳးသမီးတစ္ေယာက္၏ ႐ုပ္တုတစ္ခုမွာ အထီးက်န္ဆန္စြာ ရပ္တည္ေနသည္။ သူမသည္ ေခ်ာေမာလွပေသာ္လည္း အနည္းငယ္ ထူးဆန္းေနသည္။ သူမ၏ ေဘးပတ္လည္ရွိ ေအးစိမ့္ေသာ အခိုးအေငြ႕တစ္ခုေၾကာင့္ ထိုပတ္လည္ရွိ အရာအားလုံး အျပာႏုေရာင္အသြင္ ေျပာင္းလဲေနသည္။
ပိုင္ေရွာင္ခ်န္း ေပၚလာသည့္ အခ်ိန္တြင္ ထို႐ုပ္တု၏ မ်က္လုံးမ်ား ပြင့္လာၿပီး ပိုင္ေရွာင္ခ်န္းကို ေအးစက္စက္ စိုက္ၾကည့္ေနေတာ့သည္။
ထိုအၾကည့္မွာ ပိုင္ေရွာင္ခ်န္း၏ မ်က္လုံးမ်ားကို ဓားပါးေလးမ်ား ထိုးေနသည့္အလား ျဖစ္ေနၿပီး သူ၏အတြင္းစိတ္ထဲသို႔ ထြင္းေဖာက္ၾကည့္ေနသည့္ပမာ ခံစားလိုက္ရသည္။ သူ တုန္လႈပ္သြားၿပီး အသက္ေဘးအႏၲရာယ္ႀကီးတစ္ခုကိုပင္ ခံစားလိုက္ရေတာ့သည္။
သူသည္ ေရွးယခင္က ကုန္းစြန္ဝမ္အာႏွင့္ တစ္ခါ တိုက္ခိုက္ဖူးသည္။ သို႔ေသာ္ ေသြးစြမ္းအင္နတ္ေရစင္ဂိုဏ္းမွ ျပန္လာခဲ့ၿပီးေနာက္ပိုင္း သူမသည္ တစ္ခုခု ထူးဆန္းေနသည္ဟု သူ အၿမဲခံစားခဲ့ရေသာ္လည္း အေၾကာင္းအရင္း ရွာမေတြ႕ခဲ့ေခ်။ ထို႔ေၾကာင့္လည္း သူသည္ သူမအား အၿမဲေရွာင္က်ဥ္ခဲ့သည္။
အဆုံးတြင္မူ ဤ အျပာေရာင္စမ္းသပ္ပြဲထဲတြင္ သူမႏွင့္ ေနာက္တစ္ေခါက္ ျပန္လည္တိုက္ခိုက္ရေတာ့မည္ ျဖစ္သည္။ ဤအရာသည္ သူမကို ကိုယ္စားျပဳသည့္ ႐ုပ္တုတစ္ခုမွ်သာ ျဖစ္ေသာ္လည္း ထို႐ုပ္တုသည္ ရွင္းကုံက်စ္တာအိုဂိုဏ္း၏ စူပါစတား စမ္းသပ္ပြဲမ်ားကို စိန္ေခၚစဥ္က ကုန္းစြန္ဝမ္အာအသုံးျပဳခဲ့သည့္ စြမ္းအားအျပည့္အဝအား အသုံးခ်ကာ သူ႔အား တိုက္ခိုက္လိမ့္မည္ကို သိထားသည္။
ထို႔အျပင္ စိန္ေခၚတိုက္ခိုက္ခဲ့စဥ္က ကုန္းစြန္းဝမ္အာသာ အေလ်ာ့မေပးခဲ့လွ်င္ ဤ႐ုပ္တုသည္ အစစ္အမွန္ကမာၻထဲရွိ သူမနည္းတူ စြမ္းအားႀကီးေနမည္ျဖစ္ေၾကာင္းကိုလည္း သူက သိသည္။ သူမကဲ့သို႔ ဉာဏ္ေကာင္းမည္ မဟုတ္ေသာ္လည္း ဤ႐ုပ္တုသည္ကား သက္ရွိမဟုတ္သျဖင့္ နာက်င္မႈမ်ားကို ခံစားႏိုင္မည္မဟုတ္ေခ်။ အဆုံးတြင္မူ ဤ႐ုပ္တုႀကီး၏ အားနည္းခ်က္ႏွင့္ အားသာခ်က္မ်ားမွာ သူမသာ ကိုယ္မသာပင္ ျဖစ္သည္။
ပိုင္ေရွာင္ခ်န္း၏ အၾကည့္ႏွင့္ ကုန္းစြန္းဝမ္အာ၏ အၾကည့္တို႔ ဆုံသြားေသာအခါ သူမ၏ ခႏၶာကိုယ္မွာ မႈန္ဝါးသြားၿပီး ကိုယ္ပြားမ်ားကဲ့သို႔ သူမႏွင့္ ပုံစံတူ အရိပ္ေလးခု ထြက္ေပၚလာသည္။ သူတို႔ေလးေယာက္စလုံးက မႏၲန္လက္ကြက္မ်ားေဖာ္ကာ ပိုင္ေရွာင္ခ်န္းဘက္သို႔ လက္ညႇိဳးထိုးလိုက္သည္။
ခ်က္ခ်င္းပင္ အေရာင္မတူသည့္ အလင္းတန္းေလးတန္းက သူ႔ဆီသို႔ ေျပးသြားေတာ့သည္။ ထိုအလင္းတန္းမ်ားက ေလထုထဲတြင္ တစ္တန္းႏွင့္တစ္တန္း ေရာယွက္သြားၿပီး အေရာင္မတူညီေသာ ပြင့္ဖတ္ေလးခုပါရွိသည့္ ေရခဲပန္းပြင့္တစ္ပြင့္ အျဖစ္ ေျပာင္းလဲသြားသည္။ ထို႔ေနာက္ ထိုပန္းပြင့္မွာ လ်င္ျမန္စြာ လည္ပတ္ကာ ပိုင္ေရွာင္ခ်န္းဆီသို႔ ေျပးသြားေတာ့သည္။
ထိုပန္းပြင့္ ေျပးသြားသည့္ လမ္းတစ္ေလွ်ာက္ ေအာက္ဘက္ရွိ ေျမႀကီးမွာ ေအးခဲသြားၿပီး အပူခ်ိန္မ်ားမွာ လ်င္ျမန္စြာက်ဆင္းသြားကာ အက္ကြဲသံမ်ား ေပၚထြက္လာေတာ့သည္။
ပြင့္ဖတ္ေလးခု၏ တစ္ခုစီေပၚတြင္ ကုန္းစြန္းဝမ္အာ၏ မ်က္ႏွာမ်ားမွာ ပေဟဋိဆန္ကာ ထူးဆန္းလွစြာ ၿပဳံးေနသည္။ ပိုင္ေရွာင္ခ်န္းမွာ ရက္စက္မႈ အေပါင္းလႊမ္းၿခဳံထားသည့္ ရယ္ေမာသံႀကီးကိုပင္ ၾကားေနရသည္။
ၾကက္သီးေမြးညင္း ထစရာေကာင္းေလာက္ေအာင္ ေၾကာက္စရာေကာင္းသည့္ အၿပဳံးမ်ားႏွင့္ ရင္ဆိုင္ေနရပါေသာ္လည္း ဤအေျခအေနႀကီးကို စဥ္းစားေတြးေတာေနရန္ အခ်ိန္မရွိေၾကာင္း ပိုင္ေရွာင္ခ်န္း သိသည္။ သို႔ျဖစ္၍ သူသည္ ဟန္ေဇာင္ေက်ာင္းေတာ္ စိတ္ဆႏၵ မႏၲန္ေတာ္ကို ထုတ္သုံးကာ ညာလက္ျဖင့္ မႏၲန္လက္ကြက္တစ္ခု ေဖာ္လိုက္ၿပီး သူ၏ေရွ႕တည့္တည့္သို႔ ဆန႔္ထုတ္လိုက္ေတာ့သည္။
Unicode
ဝိညာဉ်စုစည်းဆေးလုံးများ၏အစွမ်း
မြောက်မြားစွာသော အမုန်း ဝိညာဉ်များကြောင့် ပိုင်ရှောင်ချန်းမှာ အနည်းငယ် တုန်လှုပ်သွားသည်။ သူသည် ဝိညာဉ်များကိုကြည့်ကာ ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်ရွံ့နေသော်လည်း ယခုအခါ သူ့မှာ ရင်ဆိုင်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
" ပါးစပ်ပိတ်စမ်း။ "
သူက ကျယ်လောင်စွာအော်ဟစ်နေသည့် ဝိညာဉ်များကဲ့သို့ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ လက်ရှိအခြေအနေအရ အချိန်က အရေးကြီးနေပြီး သူ၏ အတွေးထဲရှိတစ်ခုထဲသောအရာမှာ ခရမ်းရောင် နတ်မီးလျှံစမ်းသပ်ပွဲသို့ ရောက်ရှိရန် အချိန် ဆယ့်နှစ်နာရီ မျှသာရသည့် အချက်ဖြစ်သည်။
ဖက်တီးကျန်းကြီး၏ အသက်သည် သေရေးရှင်ရေး အခြေအနေသို့ ရောက်နေပြီ မဟုတ်ပါလော။
ပိုင်ရှောင်ချန်းက ဝိညာဉ်များကို အော်ဟစ်လိုက်သောအခါ သူတို့က ပိုင်ရှောင်ချန်းဆီသို့ ပျံဝဲလာကြတော့သည်။ ပိုင်ရှောင်ချန်း ကမူ နောက်မဆုတ်ပဲ အရှိန်လည်းမလျှော့ပေ။ သူက ဝိညာဉ်များဆီသို့ တည့်မတ်စွာ ပြေးသွားတော့သည်။
အပြင်ဘက်တွင်မူ ရှင်းကုံကျစ်တာအိုဂိုဏ်းသားများက သူတို့ရှေ့မှ မြင်ကွင်းကြီးကို မျက်စိမခွာတမ်း ကြည့်နေကြသည်။ စိမ်းပြာရောင် စမ်းသပ်ပွဲအား ပိုင်ရှောင်ချန်း မည်သို့ ကိုင်တွယ်မည်ကို သူတို့ အလွန်အမင်း သိချင်နေကြသည်။
" ကြည့်ရတာ ဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင်က နတ်ဘုရားစွမ်းရည် တစ်မျိုးမျိုးကို သုံးမယ့်ပုံပဲ.... "
" ဒီစမ်းသပ်ပွဲက ဝိညာဉ်တွေရဲ့ စုပေါင်းတိုက်ခိုက်မှုကို ဘယ်လောက်ကြာကြာ ခံနိုင်လည်းဆိုတာနဲ့ ဝိညာဉ်ဘယ်နှစ်ကောင်ကို နှိမ်နင်းနိုင်လည်းဆိုတာကို စစ်ဆေးတာ။ အချိန်ကြာကြာ ခံနိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ စိတ်စွမ်းအင်ကို အတတ်နိုင်ဆုံး ချွေတာရမယ်။ နည်းနည်းလေးတောင် အလကားဖြစ်စေလို့ မရဘူး။ ထိန်းချုပ်မှု အများကြီး လိုအပ်တာ။ "
" ကုန်းစွန်းဝမ်အာကတော့ အံ့မခန်း လုပ်ပြသွားတာပဲ။ ဝိညာဉ်တွေက သူ့ကိုချတောင် မချရဲကြဘူး။ ဒါပေမဲ့ ဝိညာဉ် ဧရာဇ်ကြီးကတော့ အဲ့လိုတော့ မဟုတ်ဘူး။ အဲ့တာတောင်မှ အဲ့လိုမျိုးဖြစ်ရပ်မျိုးက အတိတ်မှာ တစ်ခါမှ မဖြစ်ဖူးဘူး။ "
" ဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင် ဝိညာဉ်ဘယ်နှစ်ကောင်ကိုများ အနိုင်ယူမလဲ သိချင်မိတယ်။ "
လူအုပ်ထဲတွင် ဆွေးနွေးငြင်းခုံသံများ ပေါ်ထွက်နေစဉ် စိမ်းပြာရောင် စမ်းသပ်ပွဲထဲရှိ ပိုင်ရှောင်ချန်းမှာ သူ့ဆီပြေးလာနေသည့် ဝိညာဉ်များဆီသို့ ပြန်းထန်မြန်ဆန်သော အရှိန်ဖြင့် ပြေးသွားနေသည်။
ခပ်လှမ်းလှမ်းမှကြည့်လျှင် ဝိညာဉ်ပင်လယ်ကြီးတစ်ခုက အော်မြည်သံပေးကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို လှုပ်ယမ်းနေသည့်အလား ဖြစ်နေသည်။
သို့သော် ထိုပင်လယ်ကြီးက ပိုင်ရှောင်ချန်းကို ဝင်မတိုက်ခင်မှာပင် သူက ထည့်စရာအိတ်ကို ပုတ်လိုက်ပြီး ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။
ထိုဆေးလုံးသည် အဖြူရောင်ရှိပြီး ဆေးရနံ့လုံးဝ မရှိပေ။ တမူထူးခြားသည့် ဆေးလုံးဟူ၍ပင် မထင်ရချေ။ လူအုပ်ကြီးကမူ ကြောင်အမ်းအမ်းဖြစ်နေပြီး ဤသို့ အရေးကြီးလှသောအချိန်မျိုးတွင် ပိုင်ရှောင်ချန်းက မည်သည့်အတွက်ကြောင့် ဆေးလုံးတစ်လုံးအား ထုတ်ယူလိုက်သည်ကို မသိနိုင်လောက်အောင် ဖြစ်နေသည်။
သို့သော်လည်း ပိုင်ရှောင်ချန်းက ဆေးလုံးကို မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်ပြီး တစ်ဆက်ထဲ အော်ဟစ်လိုက်သည်။
" ဒါကို မြည်းကြည့်စမ်း။ "
ထိုဆေးလုံးက မြေပြင်နှင့် ရိုက်ခတ်မိသွားသောအခါ မမြင်နိုင်သော တုန်ခါမှုနှင့် အငွေ့အသက်များက အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားသည်။ တချိန်ထဲမှာပင် သူ့ဆီပြေးလာနေသည့် ဝိညာဉ်များ၏ မျက်နှာများမှာ အရောင်လက်သွားကြပြီး ဦးတည်ရာပြောင်းသွားကာ ကြေမွနေသည့် ဆေးလုံးဆီသို့ ပျံသန်းသွားကြတော့သည်။ သူတို့၏ ဝိညာဉ်ခန္ဓာကိုယ်များမှာ သူတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့သည့်အလား ဖြစ်နေသည်။
ဖော်ပြ၍မရနိုင်လောက်အောင် အားကောင်းသည့် ဆွဲငင်အားကြီးတစ်ခု ပေါ်ထွက်လာပြီး ထိုဝိညာဉ်များကို တစ်နေရာထဲသို့ စုပ်ယူကာ ဖျက်စီးပစ်နေတော့သည်။ ပထမဆုံးတွင် ဝိညာဉ်ဆယ်ကောင်၊ မကြာမီ အကောင်တစ်ရာ၊ ထို့နောက် တစ်ထောင်မှ တစ်သောင်းအထိ ဖြစ်သွားတော့သည်။
ချက်ချင်းပင် ပိုင်ရှောင်ချန်းရှေ့တည့်တည့်ရှိ ဝိညာဉ်ပင်လယ်ထဲတွင် အပေါက်တစ်ပေါက် ပေါ်ထွက်လာသည်။ တချိန်ထဲမှာပင် ဝိညာဉ်ပေါင်း အကောင် တစ်သောင်းကျော်မှာ မြေကြီးထဲသို့ စုပ်ယူခံလိုက်ရကာ တချိန်လုံး အော်ဟစ်နေကြတော့သည်။ မျက်စိတစ်မှိတ်အတွင်း လက်သီးဆုပ်အရွယ် အနက်ရောင် စက်လုံးလေးတစ်လုံး ပေါ်ထွက်လာသည်။
ထိုတလက်လက် တောက်ပနေသည့် စက်လုံးထဲတွင် ဝိညာဉ်ပေါင်း အကောင်တစ်သောင်း ကျော်ရှိနေသည်။
လူအုပ်ကြီးမှာ ယောက်ယက်ခတ်နေကြပြီး မရပ်မနား ပြေးလွှားနေသည့် ပိုင်ရှောင်ချန်းကို မျက်လုံးပြူးကြီးများဖြင့် ကြည့်နေကြသည်။ သူက ပြေးလွှားနေရင်း ဝိညာဉ်စုစည်း ဆေးလုံးတစ်လုံးကို ထပ်ထုတ်လိုက်သည်။
ထိုဆေးလုံးများကို သူ ပစ်လွှတ်လိုက်တိုင်း ထိုနေရာတစ်ဝိုက်ရှိ ဝိညာဉ်များမှာ တောက်ပနေသည့် အနက်ရောင်စက်လုံးတစ်လုံးထဲသို့ စုပ်ယူခံလိုက်ရသည်သာ ဖြစ်သည်။ ဝိညာဉ်များမှာ တဖြည်းဖြည်း နည်းပါးလာပြီး အနက်ရောင်စက်လုံးများ ပိုမိုများပြားလာတော့သည်။ ထိုစက်လုံးများထဲတွင်မူ ထွက်မပြေးနိုင်ပဲ ပိတ်မိနေကြသော ဝိညာဉ်များရှိလေသည်။
အဆုံးတွင် စိမ်းပြာရောင် စမ်းသပ်ပွဲ၏ အလယ်တွင် ဝိညာဉ်ဧကရာဇ်ကြီးကို ပိုင်ရှောင်ချန်း တွေ့လိုက်ရသည်။ ထိုဝိညာဉ်ကြီးက ကျင့်ကြံခြင်းအခြေခံ စွမ်းအားများကို ထုတ်ကာ ပိုင်ရှောင်ချန်းဆီသို့ ပြေးလာပြီး အော်ဟစ်လိုက်သည်။
“ ဒီနေရာကနေ ပျောက်ကွယ်သွားစမ်း။ "
ဝိညာဉ် ဧကရာဇ်ကြီးဆီမှ စွမ်းအားများ ပေါ်ထွက်လာပြီး ကောင်းကင်ကြီးမှာ မှေးမှိန်သွားသော်လည်း ပိုင်ရှောင်ချန်းသည် ညာလက်ကို ဝှေ့ယမ်းကာ ဝိညာဉ်စုစည်း ဆေးလုံးဒါဇင်များစွာကို တစ်ခါထဲ ပစ်လွှတ်လိုက်သည်။
" ဒါကို မြည်းကြည့်စမ်း။ "
သူက အော်လိုက်သည်။ ထိုဆေးလုံးများ ပေါက်ကွဲသွားသောအခါ ရုတ်တရက် အော်ဟစ်ဟိန်းဟောက်နေသည့် ဝိညာဉ်ဧကရာဇ်ကြီး၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ၊ အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။
အသံတစ်သံပင် မထွက်လိုက်ရပဲ သူ၏ ခန္ဓာကိုယ်သည် ရုတ်ချည်း အပိုင်းပိုင်း ကွဲထွက်သွားပြီး ဆေးလုံးများ၏ စုပ်ယူ ချုပ်နှောင်ခြင်းကို ခံလိုက်ရတော့သည်။
ပိုင်ရှောင်ချန်းက ရလဒ်ကို ဂရုပင်မစိုက်ဘဲ ဆက်၍ပြေးလွှားကာ ဆေးလုံးများကို ဆက်တိုက်ထုတ်နေတော့သည်။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကုန်သွားသောအခါ အရင်က ကျင့်ကြံသူပေါင်း မြောက်မြားစွာကို ဒုက္ခပင်လယ်ဝေစေခဲ့သည့် စိမ်းပြာရောင် စမ်းသပ်ပွဲထဲတွင် ဝိညာဉ်တစ်ကောင်တစ်လေပင် မရှိတော့ချေ။
ပိုင်ရှောင်ချန်းက မရေမတွက်နိုင်သော ကမ္ဗည်းတိုင်များကို ကျော်ဖြတ်ကာ စမ်းသပ်ပွဲ၏ အဆုံးသို့ရောက်သွားပြီး ထွက်ပေါက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
အပြင်ဘက်ရှိ ထိုမြင်ကွင်းကို ကြည့်နေကြသူများမှာ အံ့အားသင့်ကာ တုန်ရီနေကြတေ့သည်။ သူတို့သည် ဖြစ်ပျက်နိုင်မည့် ဖြစ်နိုင်ခြေများကို ခန့်မှန်းထားကြသော်လည်း ပိုင်ရှောင်ချန်းမှာ ဤကဲ့သို့ တုန်လှုပ်ဖွယ်ကောင်းသည့် နည်းလမ်းကြီးကိုသုံးကာ ဤစမ်းသပ်ပွဲကို ကျော်ဖြတ်လိမ့်မည်ဟု မည်သူမှ မထင်ထားမိချေ။
ရှေးယခင်မှ ယခုအချိန်ထိ မည်သူမှ ထိုသို့မလုပ်ဖူးချေ။ ဤစမ်းသပ်ပွဲမှာ ဝိညာဉ်များကို တတ်နိုင်သလောက်သာ သတ်ဖြတ်ရန်ဖြစ်သော်လည်း ယခုအခါ စမ်းသပ်ပွဲကြီးမှာ ပြောင်သလင်းခါနေပြီ ဖြစ်သည်။
" ဒါ.... ဒါ.... "
" ကုန်းစွန်းဝမ်အာရဲ့ စွမ်းဆောင်မှုက ရင်သပ်ရှုမောဖွယ် အကောင်းဆုံးလို့ ငါကထင်နေတာ။ ဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင်က သူ့ကို ကျော်တက်လိမ့်မယ်လို့ ငါ မထင်မိပါလား။ "
" ဝိညာဉ်တွေက ကုန်းစွန်းဝမ်အာကို မတိုက်ခိုက်ရဲကြဘူး။ သူမက ဝိညာဉ်ဧကရာဇ်နဲ့ တိုက်တော့ သရေကျသွားတယ်။ ဒါပေမဲ့ ပိုင်ရှောင်ချန်းက..... ဝိညာဉ်ဧကရာဇ်ကြီးကို စုပ်ယူပစ်လိုက်တာပါလား။ "
မကြာမီ လူအုပ်ကြီးမှာ သုဿာန်တစပြင်အလား တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ ပိုင်ရှောင်ချန်း၏ စမ်းသပ်ပွဲများကို ကျော်ဖြတ်မှုများသည် ကုန်းစွန်းဝမ်အာကဲ့သို့ ဖြစ်နေလေပြီ။ တစ်ဂိုဏ်းလုံးမှာ အံ့အားသင့်နေကြပြီး သတင်းများလည်း ပျံ့နေသဖြင့် စမ်းသပ်ပွဲများကို ကြည့်ရှုနေကြသူ များပြားလာတော့သည်။
ကုံ သက်တံ့ဒေသပေါ်ရှိ မိစ္ဆာနှိမ်နင်းရေးခန်းမ၏ ပင်မဘုံကျောင်းထဲတွင် ဖက်တီးကျန်းကြီးမှာ ယခင်က ကဲ့သို့ တင်ပျဉ်ခွေထိုင်နေဆဲပင်။ ထိုစဉ် သူသည် လုံးဝ သတိမေ့နေပြီဖြစ်ပြီး သူ၏သက်စောင့်အား မီးတောက်မှာလည်း ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ဖုန်းယွမ်ဒဲ့သာ သူ့ကိုယ်ထဲသို့ အားများ မသွင်းပေးထားပါက ထိုမီးတောက် ငြိမ်းနေသည်မှာ ကြာလှနေပြီဖြစ်သည်။
ဘုံကျောင်းအပြင်တွင် ရွှီပေါက်ချိုင်နှင့် နတ်ဆရာတို့မှာ ချင်းမေ့ယွမ်နှင့်အတူ ရှင်းကုံကျစ်တာအိုဂိုဏ်းထိပ်တန်းကြယ်ပွင့် စမ်းသပ်ပွဲများကို ကြည့်ရှုနေကြသည်။ သူတို့အားလုံးမှာ ပိုင်ရှောင်ချန်း၏ လုပ်ရပ်များကြောင့် အံ့အားသင့်နေရသည်။
အခြားဂိုဏ်းသားများက ပိုင်ရှောင်ချန်းအကြောင်းကို မသိကြသော်လည်း သူတို့က သိနေသည်။ သူ၏ အကျင့်အရ ဤသို့သော စွန့်စားမှုများကို ပုံမှန်ဆိုလျှင် လုပ်မည်မဟုတ်ကြောင်း သူတို့ သိထားသည်။ ယခု သူလုပ်နေသမျှအရာအားလုံးမှာ ဖက်တီးကျန်းကြီးအတွက်သာ ဖြစ်လေသည်။
ပိုင်ရှောင်ချန်းအကြောင်း သတင်းများပျံ့သွားပြီး တစ်ဂိုဏ်းလုံး အံ့သြနေကြစဉ် သူက အပြာရောင် စမ်းသပ်ပွဲထဲသို့ ရောက်နေပြီဖြစ်သည်။ သူသည် စုစုပေါင်း တစ်နာရီထက်အနည်းငယ်ပိုသော အချိန်အတွင်း ပထမ စမ်းသပ်ပွဲ ငါးခုကို အောင်မြင်ခဲ့သော်လည်း အနားမယူနိုင်သေးပေ။ယခု သူက နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဤအဆင့်ပြီးလျှင် ခရမ်းရောင်အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
သူသည် သူရမည့် အဆင့်ကို ဂရုမစိုက်သလို စိတ်ထဲမှာပင် မထားချေ။ သို့သော်လည်း ဤအဆင့်မှာ အခက်အခဲဆုံးဖြစ်မည်ကို သူက သိထားသည်။
သူ၏ ပြိုင်ဘက်သည်... ကုန်းစွန်းဝမ်အာ မဟုတ်ပါလော။
ပို၍တိတိကျကျဆိုရပါလျှင် ကုန်းစွန်းဝမ်အာ၏ ရုပ်တုတစ်ခု ဖြစ်သည်။
အပြာရောင် စမ်းသပ်ပွဲအတွက် နေရာမှာ အကျယ်ကြီးမဟုတ်ပဲ မီတာသုံးသောင်းခန့်သာ ရှိသည်။ နယ်နိမိတ်အကျော်တွင် အရာအားလုံး မှုန်ဝါးနေ၏။။ ထို မီတာသုံးသောင်းအကျယ်နေရာကြီး၏ အလယ်ဗဟိုတွင် အမျိုးသမီးတစ်ယောက်၏ ရုပ်တုတစ်ခုမှာ အထီးကျန်ဆန်စွာ ရပ်တည်နေသည်။ သူမသည် ချောမောလှပသော်လည်း အနည်းငယ် ထူးဆန်းနေသည်။ သူမ၏ ဘေးပတ်လည်ရှိ အေးစိမ့်သော အခိုးအငွေ့တစ်ခုကြောင့် ထိုပတ်လည်ရှိ အရာအားလုံး အပြာနုရောင်အသွင် ပြောင်းလဲနေသည်။
ပိုင်ရှောင်ချန်း ပေါ်လာသည့် အချိန်တွင် ထိုရုပ်တု၏ မျက်လုံးများ ပွင့်လာပြီး ပိုင်ရှောင်ချန်းကို အေးစက်စက် စိုက်ကြည့်နေတော့သည်။
ထိုအကြည့်မှာ ပိုင်ရှောင်ချန်း၏ မျက်လုံးများကို ဓားပါးလေးများ ထိုးနေသည့်အလား ဖြစ်နေပြီး သူ၏အတွင်းစိတ်ထဲသို့ ထွင်းဖောက်ကြည့်နေသည့်ပမာ ခံစားလိုက်ရသည်။ သူ တုန်လှုပ်သွားပြီး အသက်ဘေးအန္တရာယ်ကြီးတစ်ခုကိုပင် ခံစားလိုက်ရတော့သည်။
သူသည် ရှေးယခင်က ကုန်းစွန်ဝမ်အာနှင့် တစ်ခါ တိုက်ခိုက်ဖူးသည်။ သို့သော် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ပြန်လာခဲ့ပြီးနောက်ပိုင်း သူမသည် တစ်ခုခု ထူးဆန်းနေသည်ဟု သူ အမြဲခံစားခဲ့ရသော်လည်း အကြောင်းအရင်း ရှာမတွေ့ခဲ့ချေ။ ထို့ကြောင့်လည်း သူသည် သူမအား အမြဲရှောင်ကျဉ်ခဲ့သည်။
အဆုံးတွင်မူ ဤ အပြာရောင်စမ်းသပ်ပွဲထဲတွင် သူမနှင့် နောက်တစ်ခေါက် ပြန်လည်တိုက်ခိုက်ရတော့မည် ဖြစ်သည်။ ဤအရာသည် သူမကို ကိုယ်စားပြုသည့် ရုပ်တုတစ်ခုမျှသာ ဖြစ်သော်လည်း ထိုရုပ်တုသည် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ စူပါစတား စမ်းသပ်ပွဲများကို စိန်ခေါ်စဉ်က ကုန်းစွန်ဝမ်အာအသုံးပြုခဲ့သည့် စွမ်းအားအပြည့်အဝအား အသုံးချကာ သူ့အား တိုက်ခိုက်လိမ့်မည်ကို သိထားသည်။
ထို့အပြင် စိန်ခေါ်တိုက်ခိုက်ခဲ့စဉ်က ကုန်းစွန်းဝမ်အာသာ အလျော့မပေးခဲ့လျှင် ဤရုပ်တုသည် အစစ်အမှန်ကမ္ဘာထဲရှိ သူမနည်းတူ စွမ်းအားကြီးနေမည်ဖြစ်ကြောင်းကိုလည်း သူက သိသည်။ သူမကဲ့သို့ ဉာဏ်ကောင်းမည် မဟုတ်သော်လည်း ဤရုပ်တုသည်ကား သက်ရှိမဟုတ်သဖြင့် နာကျင်မှုများကို ခံစားနိုင်မည်မဟုတ်ချေ။ အဆုံးတွင်မူ ဤရုပ်တုကြီး၏ အားနည်းချက်နှင့် အားသာချက်များမှာ သူမသာ ကိုယ်မသာပင် ဖြစ်သည်။
ပိုင်ရှောင်ချန်း၏ အကြည့်နှင့် ကုန်းစွန်းဝမ်အာ၏ အကြည့်တို့ ဆုံသွားသောအခါ သူမ၏ ခန္ဓာကိုယ်မှာ မှုန်ဝါးသွားပြီး ကိုယ်ပွားများကဲ့သို့ သူမနှင့် ပုံစံတူ အရိပ်လေးခု ထွက်ပေါ်လာသည်။ သူတို့လေးယောက်စလုံးက မန္တန်လက်ကွက်များဖော်ကာ ပိုင်ရှောင်ချန်းဘက်သို့ လက်ညှိုးထိုးလိုက်သည်။
ချက်ချင်းပင် အရောင်မတူသည့် အလင်းတန်းလေးတန်းက သူ့ဆီသို့ ပြေးသွားတော့သည်။ ထိုအလင်းတန်းများက လေထုထဲတွင် တစ်တန်းနှင့်တစ်တန်း ရောယှက်သွားပြီး အရောင်မတူညီသော ပွင့်ဖတ်လေးခုပါရှိသည့် ရေခဲပန်းပွင့်တစ်ပွင့် အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ထိုပန်းပွင့်မှာ လျင်မြန်စွာ လည်ပတ်ကာ ပိုင်ရှောင်ချန်းဆီသို့ ပြေးသွားတော့သည်။
ထိုပန်းပွင့် ပြေးသွားသည့် လမ်းတစ်လျှောက် အောက်ဘက်ရှိ မြေကြီးမှာ အေးခဲသွားပြီး အပူချိန်များမှာ လျင်မြန်စွာကျဆင်းသွားကာ အက်ကွဲသံများ ပေါ်ထွက်လာတော့သည်။
ပွင့်ဖတ်လေးခု၏ တစ်ခုစီပေါ်တွင် ကုန်းစွန်းဝမ်အာ၏ မျက်နှာများမှာ ပဟေဋိဆန်ကာ ထူးဆန်းလှစွာ ပြုံးနေသည်။ ပိုင်ရှောင်ချန်းမှာ ရက်စက်မှု အပေါင်းလွှမ်းခြုံထားသည့် ရယ်မောသံကြီးကိုပင် ကြားနေရသည်။
ကြက်သီးမွေးညင်း ထစရာကောင်းလောက်အောင် ကြောက်စရာကောင်းသည့် အပြုံးများနှင့် ရင်ဆိုင်နေရပါသော်လည်း ဤအခြေအနေကြီးကို စဉ်းစားတွေးတောနေရန် အချိန်မရှိကြောင်း ပိုင်ရှောင်ချန်း သိသည်။ သို့ဖြစ်၍ သူသည် ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒ မန္တန်တော်ကို ထုတ်သုံးကာ ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး သူ၏ရှေ့တည့်တည့်သို့ ဆန့်ထုတ်လိုက်တော့သည်။