ချစ်မိသူ အရှုံး ( Completed)

Af thin_zar_moe_oo

217K 16.5K 675

📣( Season 1 + 2 ) Completed. Boy's Love Story . Own Creation . Thin Zar Moe Oo. Mere

part - 1
part-2
part - 3
part-4
part - 5
part-6
part-7
part-8
part-9
part-10
part-11
part-12
part-13
part-14
part-15
part-16
part-17
part-18
part-19
part-20
part-21
part-22
part-23
part - 24
part-25
part-26
part-27 (Final)
(Season 2) part - 1
S2 ( part - 2)
s2 ( part - 3)
s2 ( part - 4)
S2 ( part - 5)
S2 ( part - 6 )
S2 ( part - 7)
S2 ( part - 8 )
s2 ( Final )

part-18 ( Zawgyi)

2.9K 83 5
Af thin_zar_moe_oo

Zawgyi Only

ခ်စ္မိသူ အရႈံး

(အခန်း - ၁၈ )

ရှိုင်း ထွက်သွားပြီးနောက် မိုးသောက်ယံသည် အင်္ကျီလက်နှစ်ဖက်ကို လက်မောင်းရင်းထိ ဆွဲတင်၍ အိမ်သန့်ရှင်းရေးလုပ်ရန် ပြင်တော့သည် ။ တံမြက်စည်းကို ယူ၍ တစ်အိမ်လုံးကို လှည်းကျင်းလိုက်သည် ။ ပြီးနောက် ကြမ်းခင်းကို ပြန်ကြည့်​သော် ဖုန်က ဟိုတစ်ကွက် ၊ သည်တစ်ကွက်နှင့် ကွက်ကျန်နေခဲ့ပြီး မပြောင်ချေ ။ မိုးသောက်ယံ မျက်နှာလေးမဲ့သွားပြီး နောက်တစ်ကြိမ် ထပ်လှည်းရတော့သည် ။ နဂိုတည်းက ဘာအလုပ်မှမလုပ်ခဲ့သည့်အပြင် လက်ကြောမတင်းသူရယ်မို့ တံမြက်စည်းလှည်းရုံလေးကိုပင် သေသပ်ကောင်းမွန်စွာ အဆုံးမသတ်နိုင်ချေ ။

သုံးကြိမ်မြောက်မှာတော့ တော်တော်လေး သန့်ရှင်းသွားသည် ။ ပြီး​နောက် အဝတ်စုတ်ကို ရေစွတ်၍ တစ်အိမ်လုံးကို လိုက်သုတ်သည် ။ တစ်ခုတည်းသော အခန်းလေးထဲအရောက် နှစ်ယောက်အိပ်ကုတင်လေးက သူ့ကို မျက်နှာပြောင်၍ ကြိုဆိုနေသလိုပင် ။ အရှက်ပိုသွားစေသည် ။ မိုးသောက်ယံ ပြုံးရင်း အခန်းလေးကို သန့်ရှင်းရေးလုပ်၍ အိပ်ရာခင်း နှင့် ခေါင်းအုံးစွပ်တို့ကို ရှာ၍ လဲလှယ်လိုက်သည် ။ အားလုံးပြီးသွားချိန်မှာတော့ လူက တစ်ကိုယ်လုံး ညောင်းညာပြီး ပင်ပန်းနုံးချိနေသည် ။

အိမ်ရှေ့က ခုံမှာ ထိုင်ရင်း ရှိုင်း ပြန်အလာကို မျှော်နေမိသည် ။ သူအလုပ်တွေ ပြီးသွားပြီ ဖြစ်သော်လည်း ရှိုင်းက ပြန်မလာသေးပေ ။ ရှိုင်းကို စောင့်ရင်း ပျင်းလာတာကြောင့် နှစ်ယောက်ထိုင် ကျွန်းခုံပေါ်မှာပဲ လှဲချလိုက်သည် ။ မာကြောပြီး ကြမ်းတမ်းသော အထိအတွေ့ကို သူ ဂရုမစိုက်နိုင် ၊ ပင်ပန်းနေတာကြောင့် တဖြည်းဖြည်း နှင့် မျက်စိတို့ လေးလံလာတော့သည် ။

**************

ရှိုင်း ပြန်ရောက်ချိန်၌ မိုးသောက်ယံသည် ခုံပေါ်၌ ကွေးကွေးလေး အိပ်နေလေသည် ။ ရှိုင်း မျက်မှောင်ကြုတ်သွားပြီး လက်ထဲမှ ဝယ်လာသည့် အစားအသောက်နှင့် ပစ္စည်းအိတ်တွေကို စားပွဲပေါ်သို့ အသာချလိုက်သည် ။

မိုးချုပ်နေပြီမို့ အနီးအနားမှာ ရှိသော ဆိုင်တွေက ပိတ်ကုန်သည် ။ ထို့ကြောင့် လမ်းမကြီးဘက်သို့ သွားပြီး city mart ၌ ဝင်ဝယ်လိုက်သည် ။ အပြန်၌ ဆိုင်ကယ်ပါ ဆီဖြည့်လိုက်တာကြောင့် အချိန်က ပိုကြာသွားခဲ့တာ ဖြစ်သည် ။ သူ ပြန်ရောက်လာသော် အချိန်ကြာသွား၍လားမသိ ၊ မိုးသောက်ယံကတော့ အိပ်ပျော်နေလေပြီ ။ ရှိုင်းသည် မိုးသောက်ယံကို နှိုးရန် ခုံရှေ့၌ ထိုင်ချလိုက်သည် ။

အိပ်ပျော်နေသော ကောင်ဆိုးလေးသည် သူ့ဒေါသတွေကို ခဏတော့ မေ့ပျောက်သွားစေသည် ။ မျက်တောင်ထူထူလေးက ကော့ညွတ်နေပြီး နှုတ်ခမ်းလေးက နီရဲရဲလေး ၊ ပါးပြင်လေးက ပန်းသွေးရောင် လွှမ်းနေသည် ။ မိုးသောက်ယံ ချစ်ဖို့ကောင်းသည်ကိုတော့ ရှိုင်း ဝန်ခံရမည် ။ မိုးသောက်ယံ၏ လုပ်ရပ်တွေကို ပြန်တွေးမိတော့ စိတ်ထဲ ဒေါသက အုံကြွလာသည်။ ထို့ကြောင့် သူ လေသံမာမာနှင့် နှိုးလိုက်သည် ။

"ဟေ့ ထတော့ ။ ဟေ့ "

တစ်ခါခေါ်လည်း မကြား ၊ နှစ်ခါခေါ်လည်း မနိုးချေ ။ စိတ်တိုတိုနှင့် မျက်နှာကို လက်ဖြင့် ခပ်ဆတ်ဆတ်ရိုက်လိုက်သည် ။

"ထတော့ ။ စားစရာရှိတာ စားပြီးမှ ပြန်အိပ် ။ ဟေ့ ထလေကွာ "

"အ ! နာတယ် အဟင့် "

ရှိုင်းက မိုးသောက်ယံ၏ မျက်နှာကို လက်ဖဝါးနှင့် ရိုက်လိုက်ချိန် အိပ်နေရင်းမှ မျက်နှာလေး ရှုံ့မဲ့ကာ ထအော်သည် ။ ထို့နောက် သူ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး ငြိမ်သွားသည် ။ ရှိုင်း မျက်မှောင်ကြုတ်သွားရသည် ။ နှိုးလို့ ရမည့်ပုံမပေါ်တာကြောင့် ခါးအောက်သို့ လက်တစ်ဖက် လျိုထည့်ပြီး ပွေ့ချီလိုက်သည် ။ ယောကျာ်းလေးပေမယ့် ပေါ့ပါးသော ခန္ဓာကိုယ်လေးက စွေ့ခနဲ ပါလာသည် ။ အိပ်ပုတ်လေးကတော့ နိုးမလာခဲ့ပေ ။

ရှိုင်းသည် မိုးသောက်ယံကို အခန်းလေးထဲက ကုတင်ပေါ်သို့ အသာချပေးလိုက်သည် ။ ထို့နောက် စောင်ပါးလေး ခြုံပေးလိုက်ပြီး မီးပိတ်၍ အခန်းထဲက ပြန်ထွက်ဖို့ ပြင်သည် ။

"သား တောင်းပန်ပါတယ် ဒယ်ဒီ ။ မာမီ သားကို စိတ်မဆိုးပါနဲ့... အဟင့်...ဟင့် "

ကယောင်ကတမ်း ရေရွတ်သံလေးနှင့်အတူ ရှိုက်သံတိုးတိုးက ထွက်ပေါ်လာသည် ။ ရှိုင်း၏ ခြေလှမ်းတို့ ရပ်တန့်သွားပြီး ပြန်လှည့်ကြည့်မိသည် ။ ခဏအကြာ တိတ်ဆိတ်ငြိမ်သက်သွားပြန်သည် ။ ရှိုင်း သက်ပြင်းရှိုက်ရင်း အခန်းထဲက ထွက်ခဲ့တော့သည် ။

***************
မနက်ခင်း၌ ကျေးငှက်လေးတွေ၏ တေးသီသံ တကျီကျီနှင့်အတူ နေမင်း၏ အလင်းရောင်က ပြတင်းမှ တဆင့်တိုးဝင်လာသည် ။ အေးစိမ့်စိမ့် လေပြေညင်းက အခန်းတွင်းရှိ လူသားနှစ်ဦးကို ထိတွေ့ကျီစယ်သွားသည် ။

မိုးသောက်ယံသည် မျက်ဝန်းတို့ ဖွင့်လိုက်သည်နှင့် မြင်တွေ့လိုက်ရသည့် မျက်နှာချောချောကြောင့် အံ့သြမှင်သက်သွားရသည် ။ ရှိုင်းက သူနှင့် နီးကပ်စွာ ရှိနေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည် ။

ညက သူ ရှိုင်းကို စောင့်နေရင်း ဧည့်ခန်းမှာ လှဲနေခဲ့သည်လေ ။ သည်ကုတင်ပေါ်မှာ ရှိုင်းနှင့်အတူ ဘာကြောင့် အိပ်ပျော်နေရတာလဲ ။ မိုးသောက်ယံ တွေးတောရင်း ရှိုင်းက သူ့ကို ခေါ်လာခြင်းဖြစ်မည်ဟု တွေးမိပြီး နှစ်ခြိုက်စွာ ပြုံးမိသည် ။

ထိုစဉ် ဗိုက်ထဲမှ ဆန္ဒပြသံက တဂွီဂွီနှင့် အသံ ထွက်လာသည် ။ မိုးသောက်ယံ မျက်နှာလေးမဲ့သွားပြီး ဗိုက်လေးကို ပွတ်လိုက်သည် ။ ထို့နောက် ခြေသံဖွဖွနင်းပြီး အခန်းအတွင်းမှ ထွက်ခဲ့သည် ။

မျက်နှာသစ်ပြီး မီးဖိုချောင်ကို လာတော့ ပေါင်မုန့်ထုတ်တွေနှင့် နွားနို့ဘူးတွေကို ထမင်းစားပွဲပေါ်၌ အစီအရီ တွေ့လိုက်ရသည် ။ ဗိုက်ဆာနေသည်မို့ ပေါင်မုန့်ထုတ်ကို ဖောက်၍ ပလုတ်ပလောင်းနှင့် စားပြီး နွားနို့ဘူးကို မော့ချလိုက်သည် ။

ထိုစဉ် ရှိုင်းက ရောက်လာသည် ။ အဝတ်အစားသစ်တို့ လဲလှယ်ပြီး၍ တစ်နေရာသွားမည့် ပုံစံပင် ။ မိုးသောက်ယံ အကဲခတ်နေတုန်း စားပွဲမှာ ဝင်ထိုင်ကာ မုန့်ယူစားသည် ။

"ဘယ်သွားမလို့လဲ ရှိုင်း "

"အလုပ်သွားရှာမလို့ "

မနူးညံ့သော လေသံက ထွက်ပေါ်လာသည် ။

"ငါလည်း အလုပ်ရှာမယ် ။ မင်းနဲ့အတူ အလုပ်လုပ်မယ် "

မိုးသောက်ယံက စိတ်အားတက်ကြွစွာ ပြောသော်လည်း ရှိုင်းက မျက်မှောင်ကြုတ်သွားသည် ။

"မလိုဘူး ။ မင်း အိမ်မှာပဲနေ ။ ငါ့ကို အနှောင့်အယှက် မပေးစမ်းနဲ့ "

မိုးသောက်ယံ မျက်နှာလေး ညိုသွားသည် ။

"ဒါဆို ငါ မင်းကို အနှောင့်အယှက် မပေးဘူး ။ ငါ့ဘာသာ အလုပ်သွားရှာမယ် "

"မင်း ဘာဖြစ်ချင်နေတာလဲ မိုးသောက်ယံ ။ ဘာလို့ ကလန်ကဆန် လုပ်နေရတာလဲ ။ ကျေးဇူးပြုပြီး အိမ်ထဲမှာသာ အေးအေးဆေးဆေး နေစမ်းပါကွာ "

ရှိုင်းက ဒေါသတကြီး ပြောပြီး ထွက်သွားသည် ။ မိုးသောက်ယံ နှုတ်ခမ်းကို ဖိကိုက်ရင်း ကျန်ခဲ့တော့သည် ။ သူ့ကြောင့်နှင့် ရှိုင်းကို မပင်ပန်းစေချင်ပါ ။ ရှိုင်းကို အကူအညီ ပေးချင်သည် ။ သို့သော် ရှိုင်းအတွက်တော့ သူက အနှောင့်အယှက်တစ်ခုသာ ဖြစ်နေခဲ့တော့သည် ။

*****************

ဖုန်းမြည်သံကြောင့် မိုးသောက်ယံသည် ပျင်းရိစွာ လဲလျောင်းနေရာမှ လှမ်းကြည့်လိုက်သည် ။ နာမည်ကိုမြင်တော့ မျက်ဝန်းတို့ အရောင်တောက်သွားသည် ။

"ဟဲလို ကိုအဂ္ဂ "

"မဒီ နဲ့ ရှိုင်း စေ့စပ်ပွဲ ပျက်သွားတယ်လို့ ကိုယ် ကြားတယ် "

"အင်း ဟုတ်တယ် ကိုအဂ္ဂ "

"မင်း အခုဘယ်မှာလဲ မိုးသောက် "

"ကျွန်တော် ----- မှာ ။ ညနေကျရင် ကျွန်တော်တို့ တွေ့ရအောင် ။ လူချင်း တွေ့တော့မှပဲ ကျွန်တော် ရှင်းပြတော့မယ် "

"အိုခေ ။ ဆီးယူ မိုးသောက် "

ကိုအဂ္ဂ ဖုန်းချသွားပြီးနောက် ဖုန်းထပ်ဝင်လာလေသည် ။ သည်တစ်ခါက ဝေယံ ဖြစ်နေသည် ။

"ဟေ့ရောင် မင်း အခု ဘယ်မှာလဲ ။ မင်း အိမ်ပေါ်က ဆင်းသွားရတာတောင် ငါ့ကို ဖုန်းတစ်ချက် မဆက်ဘူး "

ဖုန်းကိုင်ကိုင်ချင်းပင် ဝေယံက စကားတွေ တရစပ် ပြောလေသည် ။

"မင်း ခရီးသွားနေတာ အနှောင့်အယှက် မပေးချင်လို့ပါကွာ "

"ဘာအနှောင့်အယှက်လဲ ။ ငါက ပြန်ရောက်ရောက်ချင်း စပရိုက်တိုက်ဖို့ လက်ဆောင်တွေနဲ့ မင်းအိမ်ကို အပြေးသွားတာ ။ မင်းက အိမ်မှာမရှိတော့ ဂွမ်းရော "

"ဟား... ဟား "

မိုးသောက်ယံသည် သူ့အိမ်သို့ ရောက်သော် ဝေယံ ဖြစ်ပျက်နေမည့် မျက်နှာကို စိတ်ကူးထဲ ပုံဖော်၍ ရယ်မိသည် ။

"ရယ်မနေနဲ့ ။ မင်း ဘယ်မှာလဲ ။ ငါ လာခဲ့မယ် "

"ခုမလာနဲ့တော့ ။ ညနေမှ ဘားမှာ တွေ့ကြမယ် "

"အေး ၊ ပြီးရော "

ဝေယံ ဖုန်းချပြီးနောက် မိုးသောက်ယံသည် သက်ပြင်းရှိုက်မိသည် ။

***********

"ပြောပါဦး ။ မင်း ဘာပြသနာဖြစ်လို့ အိမ်ပေါ်က ဆင်းတဲ့ထိ ဖြစ်သွားရတာလဲ ။ အန်တီ မျက်နှာမကောင်းတာနဲ့ ငါလည်း ဘာမှ ထပ်မမေးရဲဘူး "

ဝေယံက တွေ့တွေ့ချင်းပင် အလောတကြီး မေးသည် ။ မိုးသောက်ယံက ပြုံးလိုက်ပြီး မှာထားသော အရက်ပုလင်းကို မော့သောက်လိုက်သည် ။

"ဟေ့ရောင် ၊ ဘယ်လိုတောင် သောက်နေတာလဲ "

ဝေယံက ပြောပြောဆိုဆိုနှင့် မိုးသောက်ယံ လက်ထဲမှ အရက်ပုလင်းကို ဆွဲလုသည် ။

"ဘာတွေဖြစ်နေတာလဲ ။ ငါ့ကို ပြောဦး "

မိုးသောက်ယံက သက်ပြင်းရှိုက်ရင်း ဝေယံ့ကို စိုက်ကြည့်သည် ။

"ရှိုင်း နဲ့ မဒီတို့ စေ့စပ်ပွဲ ပျက်သွားတာ ငါ့ကြောင့်ပဲ "

"ဟမ် ။ မင်း ဘာလုပ်လိုက်လို့လဲ "

"ငါ ရည်ရွယ်ပြီး လုပ်တာတော့ မဟုတ်ပါဘူး ။ မတော်တဆပါကွာ ။ ဒါပေမဲ့ ဒယ်ဒီတို့က စိတ်ဆိုးပြီး ငါနဲ့ ရှိုင်းကို အိမ်ပေါ်က မောင်းချတယ် "

ဝေယံသည် မိုးသောက်ယံ၏ မျက်နှာကို အကဲခတ်၍ မေးသည် ။

"မင်း ကိုရှိုင်းကို ကြိုက်နေတာမဟုတ်လား "

ဝေယံ့မေးခွန်းကြားတော့ မိုးသောက်ယံ၏ မျက်လုံးလေး ဝိုင်းသွားသည် ။ ထို့​နောက် မဲ့ပြုံးလေးနှင့် ဆိုသည် ။

"ကြိုက်တာ မဟုတ်ဘူး ။ ငါ ရှိုင်းကို ချစ်နေတာ "

မိုးသောက်ယံက လေးလေးနက်နက် ဆိုသည် ။

"ကိုရှိုင်းရော ခုဘယ်လိုလဲ "

ဝေယံ့ မေးတော့ မိုးသောက်ယံ၏ မျက်နှာလေး ညှိုးသွားသည် ။

"သူကတော့ ငါ့ကို မုန်းနေမှာပေါ့ "

မိုးသောက်ယံက ဝမ်းနည်းစွာ ပြောပြီး ဝေယံယူထားသော အရက်ပုလင်းကို ပြန်လု၍ မော့သောက်သည် ။ ဝေယံက မနိုင်ဘူးဆိုသည့် ပုံဖြင့် ခေါင်းခါသည် ။

ထိုစဉ် သူတို့ဝိုင်းသို့ လူတစ်ဦး ရောက်လာသည် ။

"ဘာလို့ စောစောစီးစီး သောက်နေရတာလဲ မိုးသောက် "

ကြည်လင်သော အသံနှင့်အတူ မိုးသောက်ယံ၏ ဘေးတွင် ဝင်ထိုင်သော သူကို ဝေယံ စိုက်ကြည့်မိသည်။ ထိုလူက ဒီဇိုင်းက ခပ်မိုက်မိုက်နှင့် အထာကျပြီး ကြည့်ကောင်းသည် ။

"စိတ်ညစ်လို့ "

မိုးသောက်ယံက ခပ်တိုးတိုး ဆိုသည် ။ အဂ္ဂမင်းကတော့ မိုးသောက်ယံကို ကြည့်နေရာမှ အမှတ်မထင် အရှေ့ကို အကြည့်ရောက်သွားသည် ။ ထိုအခါ သူ့ကို စူးစိုက်ကြည့်နေသော မျက်ဝန်းတစ်စုံနှင့် တိုးသည် ။

"ကျွန်တော်က မိုးသောက်ယံရဲ့ သူငယ်ချင်း ဝေယံ "

ထိုကောင်လေးက သွက်သွက်လက်လက်ပင် စတင်၍ မိတ်ဆက်သည် ။ သူ ခေါင်းညိတ်၍ ပြုံးပြလိုက်သည် ။

"ကိုယ့်နာမည်က အဂ္ဂမင်း "

အဂ္ဂမင်းက ဝေယံ့ကို ပြောပြီးသည်နှင့် မိုးသောက်ယံကို ပြန်ကြည့်၍ ဂရုတစိုက်နှင့် မေးလိုက်သည် ။

"မင်း အဆင်ပြေရဲ့လား မိုးသောက် "

"ဟင့်အင်း ၊ ကျွန်တော် အဆင်မပြေဘူး ကိုအဂ္ဂ ။ ရှိုင်းက ကျွန်တော့်ကို ပိုမုန်းသွားပြီဗျာ "

မိုးသောက်ယံက အရက်အရှိန်ကြောင့်လားမသိ ၊ မျက်နှာက နီမြန်းပြီး စကားသံက ခပ်လေးလေးနှင့် ။ သူ နှင့် ရှိုင်း အိမ်ပေါ်က ဆင်းခဲ့ရသည့် အကြောင်းအပြည့်အစုံကို ပြန်ရှင်းပြသည် ။

"မင်း စိတ်မညစ်နဲ့ ။ နောက်ကျရင် ကိုရှိုင်းက မင်းကို နားလည်လာမှာပါကွာ "

ဝေယံက မိုးသောက်ယံကို အားပေးစကားဆိုသည် ။

"ဟုတ်တယ် မိုးသောက် ။ မင်း စိတ်ညစ်နေတဲ့အချိန်ဆို ခေါ်လိုက် ။ ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ် အရောက်လာခဲ့မယ် ။ ဟုတ်ပြီလား "

အဂ္ဂမင်းက ပြောတော့ မိုးသောက်ယံက ပြုံးသည် ။

"ကျေးဇူးပါ ကိုအဂ္ဂ နဲ့ ဝေယံ ။ ကျွန်တော် စိတ်ညစ်နေတာတောင် ပျောက်သွားသလိုပဲ ဟား..."

မိုးသောက်ယံက ပြောပြီး အရက်ကို မော့သောက်ပြန်သည် ။ ဝေယံ နှင့် အဂ္ဂမင်းက မတိုင်ပင်ဘဲနှင့် ခေါင်းခါမိသွားကြသည် ။

***************

ရှိုင်း ပြန်ရောက်ချိန်၌ အလင်းရောင် လျော့နည်းနေပြီဖြစ်သည် ။ အိမ်ကလည်း မှောင်မိုက်နေပြီး မိုးသောက်ယံလည်း အိမ်ထဲ၌ မရှိချေ ။ ရှိုင်း ရင်ထဲ စိုးရိမ်စိတ်တို့ ကြီးစိုးသွားသည် ။ လမ်းလျှောက်ထွက်သွားလားဆိုသည့် အတွေးနှင့် စောင့်နေသော်လည်း အချိန်ကြာသည်ထိ ပေါ်မလာချေ ။

စိတ်တိုတိုနှင့် ဖုန်းဆက်သော်လည်း စက်ပိတ်ထားသည်နှင့် တိုးသည် ။ ရှိုင်းတစ်ယောက်တည်း စိုးရိမ်စိတ်နှင့် ဆောက်တည်ရာမရ ဖြစ်နေသည် ။ မနက်က သူ ပြောတာ လွန်သွားလို့ များ မိုးသောက်ယံ အိမ်က ထွက်သွားတာလား ။ အတွေးမျိုးစုံနှင့် သူ စိတ်ပူနေမိသည် ။

အချိန်လည်း အတော်လင့်နေပြီမို့ ထိုင်မနေနိုင်တော့သည့်အဆုံး ထွက်ရှာရန် ဆုံးဖြတ်လိုက်သည် ။ သူ ခြံထဲသို့ ရောက်ချိန် ခြံရှေ့၌ ကားတစ်စီးက ထိုးရပ်သည် ။

ကားပေါ်မှ လူတစ်ယောက်ဆင်းလာပြီးနောက် ကားနောက်ခန်းတံခါးကို ပွင့်ကာ နောက်တစ်ယောက်ကို တွဲ၍ ခြံရှေ့သို့ လျှောက်လာသည် ။

ထိုလူနှစ်ယောက်ကို ရှင်းလင်းပြတ်သားစွာ မြင်လိုက်ချိန် အလိုမကျမှုကြောင့် ရှိုင်း၏ မျက်ခုံးတို့ တွန့်ချိုးသွားသည် ။

ချက်ချင်းပင် ခြံတံခါးဖွင့်ကာ ထိုလူ့လက်ထဲမှ မိုးသောက်ယံကို ဆွဲယူလိုက်သည် ။

"မိုးသောက် အမူးလွန်နေတာနဲ့ ကျွန်တော် လိုက်ပို့ပေးတာ "

ရှိုင်း မကျေနပ်သော်လည်း ခေါင်းတစ်ချက်ညိတ်လိုက်သည် ။ ထို့နောက် မိုးသောက်ယံကို လက်တစ်ဖက်ဖြင့် ခါးမှ ပွေ့ပြီး ခြံထဲဝင်လိုက်သည် ။ မြန်မြန် ခြံတံခါးသော့ခတ်ကာ ယခုထိ ထွက်မသွားသေးသည့် သူကို သတိပေးသလို တစ်ချက် ကြည့်လိုက်သည် ။ ထိုအခါမှ ကားပေါ်တက်၍ မောင်းထွက်သွားသည် ။

အမူးသမားလေးကို အိမ်ပေါ်သို့ တွဲခေါ်လာခဲ့သည် ။ ခုံမှာ အသာချပေးတော့ ရီဝေဝေနှင့် ကြည့်လာသည် ။

"မင်းကို ငါက စိတ်ပူလိုက်ရတာ ။ မင်းက ဟိုကောင်နဲ့ ပျော်ပါးပြီး ပြန်လာတာပေါ့လေ ။ ဟုတ်လား ယံယံ ။ ငါ မင်းကို တကယ် စိတ်ကုန်လာပြီ "

ရှိုင်း၏ စကားဆုံးသော် မိုးသောက်ယံက ထိုင်ခုံမှ ဝုန်းခနဲ ထရပ်သည် ။ သို့သော် ယိုင်၍ လဲကျမလိုဖြစ်သွားတာကြောင့် ရှိုင်းက သူ့ ပခုံးနှစ်ဖက်ကို ကိုင်၍ ထိန်းပေးလိုက်သည် ။ ထိုစဉ် မိုးသောက်ယံထံမှ ခြောက်ကပ်ကပ်ရယ်သံထွက်လာသည် ။

"ငါလည်း မင်းကို စိတ်ကုန်တယ် ရှိုင်း ။ မင်းပဲ စိတ်ကုန်တာ မဟုတ်ဘူး ။ ငါလည်း မင်းကို စိတ်ကုန်တယ်လို့ "

မိုးသောက်ယံက ပြောပြီး ရှိုင်း၏ ရင်ဘတ်ကို လက်သီးဆုပ်လေးနှင့် ထုရိုက်သည် ။

"ငါ့ကို ဒယ်ဒီ့ရော ၊ မာမီကပါ မုန်းနေကြပြီ ။ မင်းကပါ ဘာလို့ ငါ့ကို မုန်းနေရတာလဲ ။ စိတ်ကုန်နေရတာလဲ ။ ငါ့ကို နည်းနည်းလေးတောင် ချစ်ပေးလို့မရဘူးလား.... အဟင့်..ဟင့်.အီး...ဟီး..."

မိုးသောက်ယံက အော်ပြောပြီး ကလေးတစ်ယောက်လိုပင် ဝမ်းနည်းပက်လက် ရှိုက်ငိုလေသည် ။

မိုးသောက်ယံ ငိုနေတာမြင်ရတော့ ဘာကြောင့်မှန်းမသိ ရှိုင်း၏ ရင်ထဲ ဆစ်ခနဲ နာကျင်သွားသည် ။ မျက်နှာလေးကို လက်ဖဝါးဖြင့် မော့စေပြီး မျက်ရည်တွေကို ညင်သာစွာ သုတ်ပေးလိုက်သည် ။

"ငါ မှားသွားတယ် ။ မငိုနဲ့တော့ "

ရှိုင်း ပြောမှ မျက်ရည်က တာကျိုးသလို စီးကျလာတော့သည် ။ ထို့နောက် ရှိုက်ငိုပြီး သူ့ရင်ခွင်ထဲကို ကောင်ဆိုးလေးက အတင်းတိုးဝင်သည် ။

ရှိုင်းသည် သက်ပြင်းရှိုက်ရင်း မိုးသောက်ယံကို ပြန်ဖက်လိုက်ပြီး လက်ဖဝါးတစ်ဖက်ဖြင့် ကျောပြင်ကို ဖွဖွလေး ပုတ်ပေးရင်း နှစ်သိမ့်နေမိသည် ။

မိုးသောက်ယံကို သူ မုန်းနေသည်ဟု ထင်နေခဲ့သော်လည်း ယခုအချိန်မှာတော့ မတင်မကျ ခံစားချက်တွေနှင့် ဒွိဟဖြစ်နေတော့သည် ။

***************

ဆက်ရန်

Thin Zar Moe Oo

အပိုင်း ၁၈ မှာ ဇော်ဂျီ နဲ့ ဖတ်မရဘူးဆိုလို့ ပြန်တင်ပေးလိုက်ပါတယ်နော် ။ အခြားအပိုင်းတွေ မရရင်လည်း ပြောနော် ။ ပြန်တင်ပေးပါ့မယ် ။

Fortsæt med at læse

You'll Also Like

1.2M 79K 114
Cover- edited from google Start Date -22.4.22 End Date- 22.3.23 အနံ့သင်းတဲ့ သဇင်မင်းကမှ ပန်းထင်သလား မထင်ပါနဲ့ အဲလိုမထင်ပါနဲ့ အနံ့မဖက်တဲ့ သပြေခက်ကလဲ...
1.3M 44.2K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
89.3K 3.9K 40
ဟုတ်ကဲ့ဗျ။ seme(လွန်းမင်းအိမ်) ချွဲပိုကြီးပါနော်။uke (ခါးသွေးလင်္ကာ)နဲ့မတွေ့ခင်ထိလူရိုးအေးကြီးပါ။မြင်မြင်ခြင်းချစ်သွားတဲ့ ပုံစံလေးပါဗျ။ side couple အ...
606K 58.8K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...