ကားေတြလည္း မၾကပ္ေစခ်င္ဘူး။
လုပ္ငန္းခြင္က အထက္လူႀကီးေတြနဲ႔လည္း
မေျပမလည္မရွိေစခ်င္ဘူး။
မင္းခ်စ္ရတဲ့ အဲ့ေကာင္မေလးနဲ႔လည္း
ရန္ေတြမျဖစ္ေစခ်င္ဘူး။
ေကာ္ဖီလည္းေသာက္ပါ။
မနက္စာလည္းစားပါ။
နိုးၿပီ ဆိုတဲ့အေၾကာင္း
ေကာင္မေလးထံလည္းအသိေပးပါ။
တေန႔တာဟာ ေနၾကာလို
လန္းရဆန္းရပါေစ။
ေလာကႀကီးကို ေဘာင္ခတ္ၿပီးၾကည့္တဲ့
ေလးလုံးေလးအတြက္
မ်က္စိစပါးေမႊးစူးစရာေတြမရွိပါေစနဲ႔ေပါ့။
အေဝးကေမတၱာေတြပါ။
မင္းစိတ္ကေလးၾကားနိုင္ပါေစ။
ေန႔သစ္ကေနႀကိဳဆိုပါတယ္။
မ်က္စိဖြင့္တာနဲ႔ ဘယ္သူ႔ကိုဦးဆုံးသတိရပါသလဲ
ငါကေတာ့ မင္းကိုဦးဆုံးသတိရပါတယ္။ ။
#Meldian
ကားတွေလည်း မကြပ်စေချင်ဘူး။
လုပ်ငန်းခွင်က အထက်လူကြီးတွေနဲ့လည်း
မပြေမလည်မရှိစေချင်ဘူး။
မင်းချစ်ရတဲ့ အဲ့ကောင်မလေးနဲ့လည်း
ရန်တွေမဖြစ်စေချင်ဘူး။
ကော်ဖီလည်းသောက်ပါ။
မနက်စာလည်းစားပါ။
နိုးပြီ ဆိုတဲ့အကြောင်း
ကောင်မလေးထံလည်းအသိပေးပါ။
တနေ့တာဟာ နေကြာလို
လန်းရဆန်းရပါစေ။
လောကကြီးကို ဘောင်ခတ်ပြီးကြည့်တဲ့
လေးလုံးလေးအတွက်
မျက်စိစပါးမွှေးစူးစရာတွေမရှိပါစေနဲ့ပေါ့။
အဝေးကမေတ္တာတွေပါ။
မင်းစိတ်ကလေးကြားနိုင်ပါစေ။
နေ့သစ်ကနေကြိုဆိုပါတယ်။
မျက်စိဖွင့်တာနဲ့ ဘယ်သူ့ကိုဦးဆုံးသတိရပါသလဲ
ငါကတော့ မင်းကိုဦးဆုံးသတိရပါတယ်။ ။
#Meldian