ချစ်မိသူ အရှုံး ( Completed)

By thin_zar_moe_oo

217K 16.5K 675

📣( Season 1 + 2 ) Completed. Boy's Love Story . Own Creation . Thin Zar Moe Oo. More

part - 1
part-2
part - 3
part-4
part - 5
part-6
part-7
part-8
part-9
part-10
part-11
part-12
part-13
part-14
part-15
part-16
part-17
part-18
part-18 ( Zawgyi)
part-19
part-20
part-21
part-23
part - 24
part-25
part-26
part-27 (Final)
(Season 2) part - 1
S2 ( part - 2)
s2 ( part - 3)
s2 ( part - 4)
S2 ( part - 5)
S2 ( part - 6 )
S2 ( part - 7)
S2 ( part - 8 )
s2 ( Final )

part-22

5.2K 456 28
By thin_zar_moe_oo

Unicode

ချစ်မိသူ အရှုံး

(အခန်း - ၂၂ )

"ဒါ ဘယ်သွားဦးမလို့လဲ မဒီ "

ဦးမင်းထင် ဧည့်ခန်းမှာ သတင်းစာ ဖတ်နေစဉ် မဒီက အပြင်သွားရန် ပြင်ဆင်ပြီး ထွက်လာတာကြောင့် မျက်မှောင်ကြုတ်၍  မေးလိုက်သည် ။

"သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ ဖေဖေ "

မဒီ ပြန်ဖြေသည့် လေသံ၌ နူးညံ့ညင်သာမှု အနည်းငယ်မျှ မရှိချေ ။

"ဘယ်သူတွေနဲ့ သွားတွေ့ဦးမလို့လဲ မဒီ ။ မိုးလင်းကနေ မိုးချုပ်ထိ သမီး ဘယ်တွေ လျှောက်သွားပြီး ဘာတွေလုပ်နေတာလဲ "

ဦးမင်းထင်က စူးရှသည့် အကြည့်နှင့် စိုက်ကြည့်၍ မဒီ့ကို မေးသည် ။

"လမင်း နဲ့ သွားတွေ့မှာ ။ ဖေဖေ စိုးရိမ်ဖို့ မလိုပါဘူး "

မဒီတို့ မိသားစု မန္တလေး မှ ရန်ကုန်ကို အပြီးပြောင်းလာခဲ့ပြီ ဖြစ်သည် ။ မဒီ ရန်ကုန်မှာ ကျောင်းမတက်ခင်တည်းက ဖေဖေက ရန်ကုန်မှာ အခြေချရန် ပြင်ဆင်ခဲ့သည် ။ ယခု ရန်ကုန်ကို ရောက်လာပြီး မဒီ့ လွတ်လပ်ခွင့်ကို ပိတ်ပင် တားဆီးချင်နေသည် ။

"ဒါဆို ခုရက်ပိုင်း ဘဏ်ထဲက ငွေတွေ ထုတ်နေတာက ဘာအတွက်ကြောင့်လဲ ။ အဲ့ဒီပိုက်ဆံတွေက သမီးကို ဖြုန်းချင်တိုင်း ဖြုန်းဖို့ ထည့်ပေးထားတာ မဟုတ်ဘူး နော် ။ သမီး ကျောင်းပြီးသွားရင် ကိုယ် ဝါသနာပါတဲ့ လမ်းကြောင်းကို ကိုယ့်ဘာသာ ဖန်တီးယူနိုင်အောင်လို့ ဖေဖေက ဒီပိုက်ဆံတွေ ဘဏ်စာအုပ်ထဲ ထည့်ပေးထားတာ ။ သမီး သုံးတာနဲ့ ဖြုန်းတာကို ကွဲကွဲပြားပြား သိဖို့ လိုတယ် မဒီ "

မဒီက မျက်ခုံးတွန့်၍ နှုတ်ခမ်းကို ဖိကိုက်သည် ။

"ဖေဖေ မဒီ့ကို ပေးထားတာ မဟုတ်လား ။ ဒါဆို မဒီ့ ပိုက်ဆံ ဖြစ်သွားပြီလေ ။ ဖေဖေ မသုံးစေချင်ရင် လည်း ပြော ။ မဒီ ယူမသုံးဘူး "

မဒီက အရွဲ့တိုက်သလို ပြောပြီး အိမ်ထဲက ထွက်သွားဖို့ ပြင်သည် ။

"အရင်ကလို အမှားမျိုး ထပ်မကျူးလွန်နဲ့နော် မဒီ ။ ဒီတစ်ခါဆို ဖေဖေ ခွင့်မလွှတ်ဘူး "

ဦးမင်းထင်၏ သတိပေးစကားကြားတော့ မဒီ့ ခြေလှမ်းတို့ ရပ်တန့်သွားသည် ။ ခဏကြာမှ ဂရုမစိုက်ဟန်နှင့် ဆက်လျှောက်သွားသည် ။

ထိုစဉ် ဒေါ်ခတ္တာက အိမ်ခန်းထဲမှ ထွက်လာကာ ဦးမင်းထင်၏ ဘေးတွင် ဝင်ထိုင်သည် ။

"အရင်ကလို အဖြစ်အပျက်မျိုး ထပ်ဖြစ်ဦးမယ်လို့ ကိုယ် ခံစားနေရတယ် ခတ္တာ "

ဦးမင်းထင်က မျက်နှာမကောင်းစွာနှင့် ဒေါ်ခတ္တာကို ပြောသည် ။

"ကို စိတ်ထင်လို့ နေမှာပါ ။ မဒီက ပြောင်းလဲသွားပါပြီ "

ဦးမင်းထင်က ခေါင်းကို ခါရမ်းပြီး သက်ပြင်းရှည်ကြီး ချသည် ။ ဒေါ်ခတ္တာလည်း ဘာကြောင့်မှန်းမသိ စိတ်ထဲ၌ လေးလံနေလေသည် ။

**************

"ငါ ဒီနေ့ ရဲစခန်းကို အကြောင်းကြားပြီးပြီ ။ ဒီနားပတ်ဝန်းကျင်က လူအသွားအလာနည်းတော့ တရားခံကို မိဖို့ နည်းနည်းတော့ ခက်လိမ့်မယ် ။ နောက်ပြီး တရားခံက ခိုးဖို့လာတာတော့ မဖြစ်နိုင်ဘူး ယံယံ ။ ပစ္စည်းတွေလည်း ဘာတစ်ခုမှ မယူသွားဘူးဆိုတော့ ။ ရဲတွေ ခန့်မှန်းတာတော့ တရားခံက ဒီရပ်ကွက်မှာ ပြစ်မှုကျူးလွန်ဖို့ အစီအစဉ်ဆွဲရင်း ရောက်လာတာ ။ ဒါမှမဟုတ် မင်းကို တမင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာလို့ ပြောတယ် "

ရှိုင်းက အလုပ်ပိတ်ရက်မှာ ဘယ်သွားမည်ဟု မပြောဆိုဘဲ ထွက်သွားသည် ။ ယခုပြောမှ သူ့အတွက်နှင့် ရဲစခန်းကို သွားခဲ့မှန်း မိုးသောက်ယံ နားလည်လိုက်သည် ။ ဘာကြောင့်မှန်းမသိ စိုးရိမ်စရာ စကားလုံးတွေ ကြားနေရတာတောင် ရင်ထဲ ကြည်နူးသွားရသည် ။

"အင်း ။ မတော်တဆ ရောက်လာတာပဲ ဖြစ်မှာပါ "

မိုးသောက်ယံသည် ထိုညက အဖြစ်အပျက်ကို ပြန်တွေးတိုင်း အနည်းငယ် ထိတ်လန့်နေတုန်းပင် ။

"မင်း စိတ်မပူနဲ့ ။ အခုချိန်ကစပြီး မင်းကို တစ်ယောက်တည်း မထားခဲ့တော့ဘူး "

ရှိုင်းက မိုးသောက်ယံ၏ ဖြူဖျော့ဖျော့ မျက်နှာလေးကို ကြည့်ပြီး အားပေးစကားဆိုသည် ။
မိုးသောက်ယံသည် ရှိုင်းကို ကြည့်၍ နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိသည် ။

ရှိုင်းသာ အနားမှာရှိနေမယ်ဆိုရင် သူက ဘာကို တွေးကြောက်နေစရာလိုဦးမှာလဲ ။

"မင်း ဒီနေ့ ဘယ်သွားချင်လဲ "

ရှိုင်းက မျက်ခုံးကို လက်ညိုးနှင့် ကုတ်ခြစ်ရင်း မျက်နှာခပ်လွှဲလွှဲနှင့် မေးသည် ။

"မင်း လိုက်ပို့ပေးမလို့လား "

သူ မေးတော့ ရှိုင်းက ခေါင်းညိတ်သည် ။

"ငါ အဝတ်အစား နည်းနည်း ဝယ်ချင်တယ် ။ တခြား အသုံးအဆောင်တွေရော "

"အင်း ၊ ဒါဆို ညနေကျရင် သွားဝယ်ကြမယ် "

ရှိုင်းက ပြောပြီး သူ့ရှေ့မှ ထွက်သွားသည် ။ ရှိုင်း၏ နူးညံ့မှုတွေကြောင့် သူ့မှာ ရင်ခုန်သံတွေ မြန်နေရတာ အကြိမ်ကြိမ်အခါခါ ။ မင်းက ငါ့ကို ရူးအောင် ပြုစားနေတာပဲ ရှိုင်း ။

***************

မိုးသောက်ယံ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်၍ ဝယ်တော့ ရှိုင်းက မညည်းမညူနှင့် လိုက်ပေးသည် ။ ထို့ပြင် အထုတ်ပါ ကူဆွဲပေးသည် ။

တစ်နာရီကျော် နှစ်နာရီ နီးပါး အချိန်ဖြုန်းပြီးနောက် လမ်းလျှောက်တာ များသွား၍လား မသိ ၊ ဗိုက်က ဆာလာသည် ။ မိုးသောက်ယံသည် ရှိုင်း၏ လက်ကို ဆွဲရင်း စားသောက်ဆိုင်ထဲ ဝင်လိုက်သည် ။ ထို့​နောက် ​မြေအိုးမြှီးရှည် နှစ်ပွဲမှာလိုက်သည် ။

သူတို့ မှာ၍ စားနေတုန်းမှာ ဆိုင်ထဲသို့ အတွဲတစ်တွဲ ဝင်လာသည် ။ ထိုအတွဲမှ မိန်းကလေးနှင့် အကြည့်ချင်းဆုံသော် မိုးသောက်ယံ အံ့အားသင့်သွားရသည် ။ ထိုမိန်းကလေးက လမင်း ဖြစ်သည် ။ သူတို့အနားက စားပွဲမှာ ဝင်ထိုင်ပြီးနောက် လမင်းက သူ့ကို ပြုံးပြသည် ။ လမင်း၏ အပြုံးက အရင်ကလို ဟန်ဆောင်မှုမျိုးမရှိဘဲ စိတ်ပါလက်ပါရှိသည် ဟု သူ ခံစားရသည် ။ ထို့​ကြောင့် လမင်းကို ပြန်၍ ပြုံးပြလိုက်သည် ။

ခဏအကြာ ရှိုင်းက သူ့အတွက် ဖျော်ရည်သွားဝယ်ချိန် လမင်းက သူ့ဆီ ရောက်လာသည် ။

"ထိုင်မယ်နော် "

သူ ခေါင်းညိတ်တော့ လမင်းက ဝင်ထိုင်သည် ။ ထို့နောက် သူ့ခေါင်းက ပတ်တီးကို ကြည့်ပြီး မေးလာသည် ။

"ခေါင်းက ဘာဖြစ်တာလဲ မိုးသောက်ယံ "

" အရိုက်ခံလိုက်ရတာ "

မိုးသောက်ယံက ပေါ့ပေါ့ပါးပါး ပဲ ပြန်ဖြေသည် ။

"အင်း ဂရုစိုက်နော် ။ ခုခေတ်ကြီးမှာ ကိုယ် မမြင်နိုင်တဲ့ အန္တရယ်တွေက အများကြီး ။ ဘယ်အချိန် ဘယ်လိုကြုံလာမလဲ ကြိုမသိနိုင်ဘူးလေ ။ အဲ့ဒါကြောင့် သတိထားနော် "

လမင်း၏ စကားသံမှ စေတနာကို မိုးသောက်ယံ ခံစားမိသော်လည်း ဘာကြောင့်မှန်းမသိ သတိပေးနေသည်ဟု စိတ်ထဲ ခံစားရ​ပြန်သည် ။ သို့သော် ခေါင်းညိတ်လိုက်သည် ။

"အင်း "

"ဒါဆို လမင်း သွားတော့မယ် ။ ရှိုင်းကိုလည်း နှုတ်ဆက်တယ် ပြောပေးဦး "

"ဟုတ်ကဲ့ "

လမင်းက သူ့ကို နှုတ်ဆက်ပြီး စားပွဲဝိုင်းဆီ ပြန်သွားသည် ။

လမင်းပြောခဲ့သော စကားများသည် အိမ်အပြန်လမ်းတစ်လျှောက်၌ မိုးသောက်ယံ၏ အတွေးအာရုံ၌ ကပ်ညိပါလာလေသည် ။

လမင်းက သည်တိုင်း ပြောလို​က်တာလည်း ဖြစ်နိုင်တာပဲဟု သူ တွေးရင်း ခေါင်းထဲက ထုတ်လိုက်သည် ။

****************

"ကံဆိုးချင်တော့ မင်း ခေါင်းရိုက်ခံလိုက်ရတယ် ။ ကံကောင်းချင်တော့ မင်းနဲ့ ရှိုင်း ပြန်အဆင်ပြေသွားတယ်ပေါ့ ဟုတ်လား "

မိုးသောက်ယံ ပြောပြသည်ကို နားထောင်ပြီးတော့ ဝေယံက ခေါင်းတဆတ်ဆတ် ညိတ်ပြီးပြန်မေးသည် ။

"အင်း ။ အဆိုးထဲက အကောင်းပေါ့ "

မိုးသောက်ယံက ပြောပြီး သွားလေးတွေ ပေါ်အောင် ရယ်သည် ။

"ဒါနဲ့ နေပါဦး ။ ငါတို့ တွေ့ဖို့ ချိန်းတာ တခြား နေရာ မခေါ်ဘဲ ဘာလို့ ဒီဘားကိုပဲ လာခိုင်းရတာလဲ "

ဝေယံ့ကို မိုးသောက်ယံ သေချာစိုက်ကြည့်၍ မေးလိုက်သည် ။ ဝေယံက အရင်တွေ့နေကျ ပုံစံမျိုးထက် ပို၍ ကြည့်ကောင်းနေသလိုပင် ။

"အဟက် ၊ ကိစ္စလေးတွေ ရှိတယ်ကွ "

ဝေယံက ရယ်ကျဲကျဲ နှင့် ပြောလာသည် ။ ဝေယံ အသစ်တစ်ယောက် တွေ့နေပြီမှန်း မိုးသောက်ယံ နားလည်လိုက်သည် ။

"ဒါဆို အရင်တစ်ယောက်ရော "

ဟိုတစ်ခါက ဘားမှာ ဝေယံ တွေ့ခဲ့သော သူကို သတိရ၍ မိုးသောက်ယံ မေးလိုက်သည် ။

"ပြတ်သွားတာ ကြာပြီကွ ။ ငါက ဒီတိုင်းသာ ကောက်တွဲလိုက်တာပါကွာ ။ အပျော်ပါပဲ ။ ခုကမှ အတည် "

ဝေယံက လေးလေးနက်နက် ပြောလာတော့ မိုးသောက်ယံ အံ့သြသွားရသည် ။

"ဘယ်သူလဲ ။ မင်း စိတ်ဝင်စားနေတာ "

မိုးသောက်ယံ၏ မေးခွန်းကို ဝေယံ မဖြေခင်မှာဘဲ သူတို့နားသို့ လူတစ်ယောက်ရောက်လာသည် ။

"မိုးသောက် ဘယ်တုန်းက ရောက်နေတာလဲ "

"ဪ ကိုအဂ္ဂ ။ မတွေ့တာတောင် ကြာပြီ "

အဂ္ဂမင်းက မိုးသောက်ယံ၏ ဘေးမှာ ဝင်ထိုင်ပြီးနောက် ဝေယံ့ကို တွေ့သွားသည် ။ ထို့​နောက် မျက်မှောင်ကြုတ်၍ ချက်ချင်း ပြန်ထရပ်သည် ။

"ဪ ကိုယ် မေ့နေတာ ။ သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားလို့ ။ သွားလိုက်ဦးမယ် "

အဂ္ဂမင်းက ပြောပြီး ထထွက်သွားဖို့ ပြင်သော် ဝေယံက ချက်ချင်းပင် ဘေးကို ရောက်လာပြီး လက်ကို ဆွဲကာ သူထိုင်ခုံဘေး၌ အတင်း ထိုင်ခိုင်းသည် ။

"ကိုအဂ္ဂကလည်းဗျာ ။ ခုပဲ တွေ့တာကို ။ ဘယ်ကို သွားမလို့လဲ "

"ကိုယ် ကိစ္စလေးရှိလို့ပါ ဝေယံရဲ့ "

"မယုံပါဘူး ။ ကျွန်တော့်ကို တွေ့လို့ တမင် ရှောင်ထွက်တာမဟုတ်လား "

ဝေယံက နှုတ်ခမ်းဆူပြီး မေးသည် ။ သူ့လက်နှစ်ဖက်ကလည်း အဂ္ဂမင်း၏ လက်နှစ်ဖက်လုံးကို အတင်းကို ဆွဲထားသည် ။

"မဟုတ်ပါဘူးကွာ "

အဂ္ဂမင်းက မျက်နှာလွှဲပြီး သက်ပြင်းရှိုက်သည် ။ ထို့​နောက် သူ့ မျက်နှာထက် အပြုံးမမည်သော မအီမလည် အပြုံးတွေက ဖြစ်တည်လျှက် ။

မိုးသောက်ယံ မှာတော့ မိမိကို လျစ်လျူရှု၍ ဖက်လှဲတကင်း ဖြစ်နေသော လူနှစ်ယောက်ကို နားမလည်နိုင်သလို မျက်လုံးလေး ဝိုင်း၍ ကြည့်နေမိလေသည် ။ ဝေယံ နှင့် ကိုအဂ္ဂ တို့ တစ်ခုခုတော့ တစ်ခုခုပင် ။

***************
"ဝေါ...ဝရော "

မိုးသောက်ယံ ခြံထဲ ဝင်လိုက်စဥ် မိုးက အသံပေး၍ ချက်ချင်းဆိုသလို ဝုန်းဝုန်းဒိုင်းဒိုင်း ရွာချသည် ။ သူ အထဲကို အမြန်ပြေးဝင်လိုက်သည် ။ နီးနီးလေးဆိုပေမယ့် အိမ်ထဲသို့ ရောက်သော် လူက ကြွက်စုတ်လိုပင် စိုကပ်နေသည် ။

ရှိုင်းက ယခုထိ ပြန်မရောက်​သေး ။ သူ ရေမြန်မြန်ချိုးပြီး ရှိုင်းကို ထွက်ကြိုရန် တွေးလိုက်သည် ။

အဝတ်အစားတွေကို ချွတ်ရင်း သဘတ်နှင့် အဝတ်တစ်စုံ မြန်မြန်ယူလိုက်သည် ။ ထို့​နောက် ရေချိုးခန်းထဲ ဝင်လိုက်သည် ။

မြန်မြန်ဆန်ဆန် ချိုးပြီး အဝတ်လဲတော့မှ ဘောင်းဘီရှည်က ကျန်ခဲ့သည် ။ ရှိုင်းလည်း မရောက်သေးတာမို့ တီရှပ်အပွကို ဝတ်လိုက်သည် ။ ထို့နောက် ခေါင်းကို သဘတ်ဖြင့် သုတ်ရင်း ရေချိုးခန်းထဲက ထွက်ခဲ့သည် ။

ထိုစဉ် စူးရှသော အကြည့်တစ်စုံနှင့် တိုးသည် ။

"မင်း ဘယ်တုန်းက ရောက်နေတာလဲ "

ရှိုင်းက ပြန်မဖြေဘဲ မျက်လုံးပြူး၍ ကြည့်နေလေသည် ။ မိုးသောက်ယံ မျက်မှောင်ကြုတ်၍ ရှိုင်း၏ အနားသို့ လျှောက်သွားသည် ။ ရှိုင်း၏ မျက်နှာကို သေချာစိုက်ကြည့်ကာ မေးလိုက်သည် ။

"မင်း နေမကောင်းဘူးလား ။ မျက်နှာလည်း နီနေတယ် ။ မိုးလည်း မိလာတယ် ။ မြန်မြန်အဝတ်လဲလိုက် ။ ပြီးရင် ဆေးသောက်မှဖြစ်မယ် "

မိုးသောက်ယံကသာ စကားတွေ အဆက်မပြတ် ပြောနေသော်လည်း ရှိုင်းက ငြိမ်သက်၍ သူ့ကို စိုက်ကြည့်နေသည် ။

"မင်း ဘာလို့ ဘောင်းဘီမဝတ်ထားတာလဲ "

"ဟမ် "

ရှိုင်းက ပြောလာတော့လည်း သူ မေးနေသည်နှင့် မသက်ဆိုင်သော အကြောင်းအရာ ။

"ဪ...ဒါလား "

မိုးသောက်ယံက တီရှပ်ကို ဆွဲတင်ရန် ပြင်လိုက်သည် ။ ရှိုင်းက ရုတ်တရက် သူ့လက်ကို ဆုပ်ကိုင်ပြီး.... ။

"မင်း ဘာလုပ်မလို့လဲ ယံယံ "

"ဘာလုပ်ရမှာလဲ ။ ငါ..."

မိုးသောက်ယံက ပြောပြီး ရှိုင်း၏ လက်ကို တွန်းကာ တီရှပ်ကို ဆွဲတင်သည် ။

"မင်း ၊ မင်းတော်တော့ ယံယံ ။ ငါ....ငါ ရေဆာလို့ ။ သွား..သောက်လိုက်ဦးမယ် "

ရှိုင်းက စကားအထစ်ထစ် အငေါ့ငေါ့နှင့် ပြောပြီး အခန်းထဲက ထွက်သွားသည် ။ မိုးသောက်ယံ မျက်မှောင်ကြုတ်၍ ကျန်ခဲ့​တော့သည် ။ ထို့နောက် သူ တီရှပ်ကို ဆွဲလှန်လိုက်သော် ချည်သား ဘောင်းဘီတိုလေးက ပေါ်လာသည် ။

"ငါက ဘောင်းဘီတို ဝတ်ထားတယ်ဆိုတာ ပြမလို့ကို "

မိုးသောက်ယံ တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်သည် ။

ထိုစဉ် ရှိုင်းက အခန်းထဲ ပြန်ဝင်လာသည် ။ သူ့ကို လုံးဝမကြည့်ဘဲ မျက်နှာခပ်လွှဲလွှဲနှင့် ဘီဒိုထဲမှ အဝတ်အစားထုတ်ပြီး ရေချိုးခန်းထဲ ဝင်သွားသည် ။ သို့သော် တံခါးမပိတ်ခင် မျက်နှာကို တစ်ဖက်စောင်းပြီး စကားတစ်ခွန်း ပြောသွားလေသည် ။

"မင်း ဘောင်းဘီ မြန်မြန်သွားဝတ်စမ်း ယံယံ ။ ဒီလောက် အေးနေတာကို မင်း ဘယ်လိုနေနေတာလဲ "

*******************

ဆက်ရန်...

Thin Zar Moe Oo

ဖတ်ပေးတာ ကျေးဇူးတင်ပါတယ် ❤

Zawgyi

ခ်စ္မိသူ အရႈံး

(အခန္း - ၂၂ )

"ဒါ ဘယ္သြားဦးမလို႔လဲ မဒီ "

ဦးမင္းထင္ ဧည့္ခန္းမွာ သတင္းစာ ဖတ္ေနစဥ္ မဒီက အျပင္သြားရန္ ျပင္ဆင္ၿပီး ထြက္လာတာေၾကာင့္ မ်က္ေမွာင္ၾကဳတ္၍ ေမးလိုက္သည္ ။

"သူငယ္ခ်င္းေတြနဲ႕ ခ်ိန္းထားလို႔ ေဖေဖ "

မဒီ ျပန္ေျဖသည့္ ေလသံ၌ ႏူးညံ့ညင္သာမႈ အနည္းငယ္မွ် မရွိေခ် ။

"ဘယ္သူေတြနဲ႕ သြားေတြ႕ဦးမလို႔လဲ မဒီ ။ မိုးလင္းကေန မိုးခ်ဳပ္ထိ သမီး ဘယ္ေတြ ေလွ်ာက္သြားၿပီး ဘာေတြလုပ္ေနတာလဲ "

ဦးမင္းထင္က စူးရွသည့္ အၾကည့္ႏွင့္ စိုက္ၾကည့္၍ မဒီ့ကို ေမးသည္ ။

"လမင္း နဲ႕ သြားေတြ႕မွာ ။ ေဖေဖ စိုးရိမ္ဖို႔ မလိုပါဘူး "

မဒီတို႔ မိသားစု မႏၲေလး မွ ရန္ကုန္ကို အၿပီးေျပာင္းလာခဲ့ၿပီ ျဖစ္သည္ ။ မဒီ ရန္ကုန္မွာ ေက်ာင္းမတက္ခင္တည္းက ေဖေဖက ရန္ကုန္မွာ အေျခခ်ရန္ ျပင္ဆင္ခဲ့သည္ ။ ယခု ရန္ကုန္ကို ေရာက္လာၿပီး မဒီ့ လြတ္လပ္ခြင့္ကို ပိတ္ပင္ တားဆီးခ်င္ေနသည္ ။

"ဒါဆို ခုရက္ပိုင္း ဘဏ္ထဲက ေငြေတြ ထုတ္ေနတာက ဘာအတြက္ေၾကာင့္လဲ ။ အဲ့ဒီပိုက္ဆံေတြက သမီးကို ျဖဳန္းခ်င္တိုင္း ျဖဳန္းဖို႔ ထည့္ေပးထားတာ မဟုတ္ဘူး ေနာ္ ။ သမီး ေက်ာင္းၿပီးသြားရင္ ကိုယ္ ဝါသနာပါတဲ့ လမ္းေၾကာင္းကို ကိုယ့္ဘာသာ ဖန္တီးယူနိုင္ေအာင္လို႔ ေဖေဖက ဒီပိုက္ဆံေတြ ဘဏ္စာအုပ္ထဲ ထည့္ေပးထားတာ ။ သမီး သုံးတာနဲ႕ ျဖဳန္းတာကို ကြဲကြဲျပားျပား သိဖို႔ လိုတယ္ မဒီ "

မဒီက မ်က္ခုံးတြန့္၍ ႏႈတ္ခမ္းကို ဖိကိုက္သည္ ။

"ေဖေဖ မဒီ့ကို ေပးထားတာ မဟုတ္လား ။ ဒါဆို မဒီ့ ပိုက္ဆံ ျဖစ္သြားၿပီေလ ။ ေဖေဖ မသုံးေစခ်င္ရင္ လည္း ေျပာ ။ မဒီ ယူမသုံးဘူး "

မဒီက အ႐ြဲ႕တိုက္သလို ေျပာၿပီး အိမ္ထဲက ထြက္သြားဖို႔ ျပင္သည္ ။

"အရင္ကလို အမွားမ်ိဳး ထပ္မက်ဴးလြန္နဲ႕ေနာ္ မဒီ ။ ဒီတစ္ခါဆို ေဖေဖ ခြင့္မလႊတ္ဘူး "

ဦးမင္းထင္၏ သတိေပးစကားၾကားေတာ့ မဒီ့ ေျခလွမ္းတို႔ ရပ္တန့္သြားသည္ ။ ခဏၾကာမွ ဂ႐ုမစိုက္ဟန္ႏွင့္ ဆက္ေလွ်ာက္သြားသည္ ။

ထိုစဥ္ ေဒၚခတၱာက အိမ္ခန္းထဲမွ ထြက္လာကာ ဦးမင္းထင္၏ ေဘးတြင္ ဝင္ထိုင္သည္ ။

"အရင္ကလို အျဖစ္အပ်က္မ်ိဳး ထပ္ျဖစ္ဦးမယ္လို႔ ကိုယ္ ခံစားေနရတယ္ ခတၱာ "

ဦးမင္းထင္က မ်က္ႏွာမေကာင္းစြာႏွင့္ ေဒၚခတၱာကို ေျပာသည္ ။

"ကို စိတ္ထင္လို႔ ေနမွာပါ ။ မဒီက ေျပာင္းလဲသြားပါၿပီ "

ဦးမင္းထင္က ေခါင္းကို ခါရမ္းၿပီး သက္ျပင္းရွည္ႀကီး ခ်သည္ ။ ေဒၚခတၱာလည္း ဘာေၾကာင့္မွန္းမသိ စိတ္ထဲ၌ ေလးလံေနေလသည္ ။

**************

"ငါ ဒီေန႕ ရဲစခန္းကို အေၾကာင္းၾကားၿပီးၿပီ ။ ဒီနားပတ္ဝန္းက်င္က လူအသြားအလာနည္းေတာ့ တရားခံကို မိဖို႔ နည္းနည္းေတာ့ ခက္လိမ့္မယ္ ။ ေနာက္ၿပီး တရားခံက ခိုးဖို႔လာတာေတာ့ မျဖစ္နိုင္ဘူး ယံယံ ။ ပစၥည္းေတြလည္း ဘာတစ္ခုမွ မယူသြားဘူးဆိုေတာ့ ။ ရဲေတြ ခန့္မွန္းတာေတာ့ တရားခံက ဒီရပ္ကြက္မွာ ျပစ္မႈက်ဴးလြန္ဖို႔ အစီအစဥ္ဆြဲရင္း ေရာက္လာတာ ။ ဒါမွမဟုတ္ မင္းကို တမင္ ရည္႐ြယ္ခ်က္ရွိရွိနဲ႕ လုပ္တာလို႔ ေျပာတယ္ "

ရွိုင္းက အလုပ္ပိတ္ရက္မွာ ဘယ္သြားမည္ဟု မေျပာဆိုဘဲ ထြက္သြားသည္ ။ ယခုေျပာမွ သူ႕အတြက္ႏွင့္ ရဲစခန္းကို သြားခဲ့မွန္း မိုးေသာက္ယံ နားလည္လိုက္သည္ ။ ဘာေၾကာင့္မွန္းမသိ စိုးရိမ္စရာ စကားလုံးေတြ ၾကားေနရတာေတာင္ ရင္ထဲ ၾကည္ႏူးသြားရသည္ ။

"အင္း ။ မေတာ္တဆ ေရာက္လာတာပဲ ျဖစ္မွာပါ "

မိုးေသာက္ယံသည္ ထိုညက အျဖစ္အပ်က္ကို ျပန္ေတြးတိုင္း အနည္းငယ္ ထိတ္လန့္ေနတုန္းပင္ ။

"မင္း စိတ္မပူနဲ႕ ။ အခုခ်ိန္ကစၿပီး မင္းကို တစ္ေယာက္တည္း မထားခဲ့ေတာ့ဘူး "

ရွိုင္းက မိုးေသာက္ယံ၏ ျဖဴေဖ်ာ့ေဖ်ာ့ မ်က္ႏွာေလးကို ၾကည့္ၿပီး အားေပးစကားဆိုသည္ ။
မိုးေသာက္ယံသည္ ရွိုင္းကို ၾကည့္၍ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံးမိသည္ ။

ရွိုင္းသာ အနားမွာရွိေနမယ္ဆိုရင္ သူက ဘာကို ေတြးေၾကာက္ေနစရာလိုဦးမွာလဲ ။

"မင္း ဒီေန႕ ဘယ္သြားခ်င္လဲ "

ရွိုင္းက မ်က္ခုံးကို လက္ညိုးႏွင့္ ကုတ္ျခစ္ရင္း မ်က္ႏွာခပ္လႊဲလႊဲႏွင့္ ေမးသည္ ။

"မင္း လိုက္ပို႔ေပးမလို႔လား "

သူ ေမးေတာ့ ရွိုင္းက ေခါင္းညိတ္သည္ ။

"ငါ အဝတ္အစား နည္းနည္း ဝယ္ခ်င္တယ္ ။ တျခား အသုံးအေဆာင္ေတြေရာ "

"အင္း ၊ ဒါဆို ညေနက်ရင္ သြားဝယ္ၾကမယ္ "

ရွိုင္းက ေျပာၿပီး သူ႕ေရွ႕မွ ထြက္သြားသည္ ။ ရွိုင္း၏ ႏူးညံ့မႈေတြေၾကာင့္ သူ႕မွာ ရင္ခုန္သံေတြ ျမန္ေနရတာ အႀကိမ္ႀကိမ္အခါခါ ။ မင္းက ငါ့ကို ႐ူးေအာင္ ျပဳစားေနတာပဲ ရွိုင္း ။

***************

မိုးေသာက္ယံ တစ္ဆိုင္ဝင္ တစ္ဆိုင္ထြက္၍ ဝယ္ေတာ့ ရွိုင္းက မညည္းမၫူႏွင့္ လိုက္ေပးသည္ ။ ထို႔ျပင္ အထုတ္ပါ ကူဆြဲေပးသည္ ။

တစ္နာရီေက်ာ္ ႏွစ္နာရီ နီးပါး အခ်ိန္ျဖဳန္းၿပီးေနာက္ လမ္းေလွ်ာက္တာ မ်ားသြား၍လား မသိ ၊ ဗိုက္က ဆာလာသည္ ။ မိုးေသာက္ယံသည္ ရွိုင္း၏ လက္ကို ဆြဲရင္း စားေသာက္ဆိုင္ထဲ ဝင္လိုက္သည္ ။ ထို႔​ေနာက္ ​ေျမအိုးျမႇီးရွည္ ႏွစ္ပြဲမွာလိုက္သည္ ။

သူတို႔ မွာ၍ စားေနတုန္းမွာ ဆိုင္ထဲသို႔ အတြဲတစ္တြဲ ဝင္လာသည္ ။ ထိုအတြဲမွ မိန္းကေလးႏွင့္ အၾကည့္ခ်င္းဆုံေသာ္ မိုးေသာက္ယံ အံ့အားသင့္သြားရသည္ ။ ထိုမိန္းကေလးက လမင္း ျဖစ္သည္ ။ သူတို႔အနားက စားပြဲမွာ ဝင္ထိုင္ၿပီးေနာက္ လမင္းက သူ႕ကို ၿပဳံးျပသည္ ။ လမင္း၏ အၿပဳံးက အရင္ကလို ဟန္ေဆာင္မႈမ်ိဳးမရွိဘဲ စိတ္ပါလက္ပါရွိသည္ ဟု သူ ခံစားရသည္ ။ ထို႔​ေၾကာင့္ လမင္းကို ျပန္၍ ၿပဳံးျပလိုက္သည္ ။

ခဏအၾကာ ရွိုင္းက သူ႕အတြက္ ေဖ်ာ္ရည္သြားဝယ္ခ်ိန္ လမင္းက သူ႕ဆီ ေရာက္လာသည္ ။

"ထိုင္မယ္ေနာ္ "

သူ ေခါင္းညိတ္ေတာ့ လမင္းက ဝင္ထိုင္သည္ ။ ထို႔ေနာက္ သူ႕ေခါင္းက ပတ္တီးကို ၾကည့္ၿပီး ေမးလာသည္ ။

"ေခါင္းက ဘာျဖစ္တာလဲ မိုးေသာက္ယံ "

" အရိုက္ခံလိုက္ရတာ "

မိုးေသာက္ယံက ေပါ့ေပါ့ပါးပါး ပဲ ျပန္ေျဖသည္ ။

"အင္း ဂ႐ုစိုက္ေနာ္ ။ ခုေခတ္ႀကီးမွာ ကိုယ္ မျမင္နိုင္တဲ့ အႏၲရယ္ေတြက အမ်ားႀကီး ။ ဘယ္အခ်ိန္ ဘယ္လိုႀကဳံလာမလဲ ႀကိဳမသိနိုင္ဘူးေလ ။ အဲ့ဒါေၾကာင့္ သတိထားေနာ္ "

လမင္း၏ စကားသံမွ ေစတနာကို မိုးေသာက္ယံ ခံစားမိေသာ္လည္း ဘာေၾကာင့္မွန္းမသိ သတိေပးေနသည္ဟု စိတ္ထဲ ခံစားရ​ျပန္သည္ ။ သို႔ေသာ္ ေခါင္းညိတ္လိုက္သည္ ။

"အင္း "

"ဒါဆို လမင္း သြားေတာ့မယ္ ။ ရွိုင္းကိုလည္း ႏႈတ္ဆက္တယ္ ေျပာေပးဦး "

"ဟုတ္ကဲ့ "

လမင္းက သူ႕ကို ႏႈတ္ဆက္ၿပီး စားပြဲဝိုင္းဆီ ျပန္သြားသည္ ။

လမင္းေျပာခဲ့ေသာ စကားမ်ားသည္ အိမ္အျပန္လမ္းတစ္ေလွ်ာက္၌ မိုးေသာက္ယံ၏ အေတြးအာ႐ုံ၌ ကပ္ညိပါလာေလသည္ ။

လမင္းက သည္တိုင္း ေျပာလို​က္တာလည္း ျဖစ္နိုင္တာပဲဟု သူ ေတြးရင္း ေခါင္းထဲက ထုတ္လိုက္သည္ ။

****************

"ကံဆိုးခ်င္ေတာ့ မင္း ေခါင္းရိုက္ခံလိုက္ရတယ္ ။ ကံေကာင္းခ်င္ေတာ့ မင္းနဲ႕ ရွိုင္း ျပန္အဆင္ေျပသြားတယ္ေပါ့ ဟုတ္လား "

မိုးေသာက္ယံ ေျပာျပသည္ကို နားေထာင္ၿပီးေတာ့ ေဝယံက ေခါင္းတဆတ္ဆတ္ ညိတ္ၿပီးျပန္ေမးသည္ ။

"အင္း ။ အဆိုးထဲက အေကာင္းေပါ့ "

မိုးေသာက္ယံက ေျပာၿပီး သြားေလးေတြ ေပၚေအာင္ ရယ္သည္ ။

"ဒါနဲ႕ ေနပါဦး ။ ငါတို႔ ေတြ႕ဖို႔ ခ်ိန္းတာ တျခား ေနရာ မေခၚဘဲ ဘာလို႔ ဒီဘားကိုပဲ လာခိုင္းရတာလဲ "

ေဝယံ့ကို မိုးေသာက္ယံ ေသခ်ာစိုက္ၾကည့္၍ ေမးလိုက္သည္ ။ ေဝယံက အရင္ေတြ႕ေနက် ပုံစံမ်ိဳးထက္ ပို၍ ၾကည့္ေကာင္းေနသလိုပင္ ။

"အဟက္ ၊ ကိစၥေလးေတြ ရွိတယ္ကြ "

ေဝယံက ရယ္က်ဲက်ဲ ႏွင့္ ေျပာလာသည္ ။ ေဝယံ အသစ္တစ္ေယာက္ ေတြ႕ေနၿပီမွန္း မိုးေသာက္ယံ နားလည္လိုက္သည္ ။

"ဒါဆို အရင္တစ္ေယာက္ေရာ "

ဟိုတစ္ခါက ဘားမွာ ေဝယံ ေတြ႕ခဲ့ေသာ သူကို သတိရ၍ မိုးေသာက္ယံ ေမးလိုက္သည္ ။

"ျပတ္သြားတာ ၾကာၿပီကြ ။ ငါက ဒီတိုင္းသာ ေကာက္တြဲလိုက္တာပါကြာ ။ အေပ်ာ္ပါပဲ ။ ခုကမွ အတည္ "

ေဝယံက ေလးေလးနက္နက္ ေျပာလာေတာ့ မိုးေသာက္ယံ အံ့ၾသသြားရသည္ ။

"ဘယ္သူလဲ ။ မင္း စိတ္ဝင္စားေနတာ "

မိုးေသာက္ယံ၏ ေမးခြန္းကို ေဝယံ မေျဖခင္မွာဘဲ သူတို႔နားသို႔ လူတစ္ေယာက္ေရာက္လာသည္ ။

"မိုးေသာက္ ဘယ္တုန္းက ေရာက္ေနတာလဲ "

"ဪ ကိုအဂၢ ။ မေတြ႕တာေတာင္ ၾကာၿပီ "

အဂၢမင္းက မိုးေသာက္ယံ၏ ေဘးမွာ ဝင္ထိုင္ၿပီးေနာက္ ေဝယံ့ကို ေတြ႕သြားသည္ ။ ထို႔​ေနာက္ မ်က္ေမွာင္ၾကဳတ္၍ ခ်က္ခ်င္း ျပန္ထရပ္သည္ ။

"ဪ ကိုယ္ ေမ့ေနတာ ။ သူငယ္ခ်င္းတစ္ေယာက္နဲ႕ ခ်ိန္းထားလို႔ ။ သြားလိုက္ဦးမယ္ "

အဂၢမင္းက ေျပာၿပီး ထထြက္သြားဖို႔ ျပင္ေသာ္ ေဝယံက ခ်က္ခ်င္းပင္ ေဘးကို ေရာက္လာၿပီး လက္ကို ဆြဲကာ သူထိုင္ခုံေဘး၌ အတင္း ထိုင္ခိုင္းသည္ ။

"ကိုအဂၢကလည္းဗ်ာ ။ ခုပဲ ေတြ႕တာကို ။ ဘယ္ကို သြားမလို႔လဲ "

"ကိုယ္ ကိစၥေလးရွိလို႔ပါ ေဝယံရဲ႕ "

"မယုံပါဘူး ။ ကြၽန္ေတာ့္ကို ေတြ႕လို႔ တမင္ ေရွာင္ထြက္တာမဟုတ္လား "

ေဝယံက ႏႈတ္ခမ္းဆူၿပီး ေမးသည္ ။ သူ႕လက္ႏွစ္ဖက္ကလည္း အဂၢမင္း၏ လက္ႏွစ္ဖက္လုံးကို အတင္းကို ဆြဲထားသည္ ။

"မဟုတ္ပါဘူးကြာ "

အဂၢမင္းက မ်က္ႏွာလႊဲၿပီး သက္ျပင္းရွိုက္သည္ ။ ထို႔​ေနာက္ သူ႕ မ်က္ႏွာထက္ အၿပဳံးမမည္ေသာ မအီမလည္ အၿပဳံးေတြက ျဖစ္တည္လွ်က္ ။

မိုးေသာက္ယံ မွာေတာ့ မိမိကို လ်စ္လ်ဴရႈ၍ ဖက္လွဲတကင္း ျဖစ္ေနေသာ လူႏွစ္ေယာက္ကို နားမလည္နိုင္သလို မ်က္လုံးေလး ဝိုင္း၍ ၾကည့္ေနမိေလသည္ ။ ေဝယံ ႏွင့္ ကိုအဂၢ တို႔ တစ္ခုခုေတာ့ တစ္ခုခုပင္ ။

***************
"ေဝါ...ဝေရာ "

မိုးေသာက္ယံ ၿခံထဲ ဝင္လိုက္စဥ္ မိုးက အသံေပး၍ ခ်က္ခ်င္းဆိုသလို ဝုန္းဝုန္းဒိုင္းဒိုင္း ႐ြာခ်သည္ ။ သူ အထဲကို အျမန္ေျပးဝင္လိုက္သည္ ။ နီးနီးေလးဆိုေပမယ့္ အိမ္ထဲသို႔ ေရာက္ေသာ္ လူက ႂကြက္စုတ္လိုပင္ စိုကပ္ေနသည္ ။

ရွိုင္းက ယခုထိ ျပန္မေရာက္​ေသး ။ သူ ေရျမန္ျမန္ခ်ိဳးၿပီး ရွိုင္းကို ထြက္ႀကိဳရန္ ေတြးလိုက္သည္ ။

အဝတ္အစားေတြကို ခြၽတ္ရင္း သဘတ္ႏွင့္ အဝတ္တစ္စုံ ျမန္ျမန္ယူလိုက္သည္ ။ ထို႔​ေနာက္ ေရခ်ိဳးခန္းထဲ ဝင္လိုက္သည္ ။

ျမန္ျမန္ဆန္ဆန္ ခ်ိဳးၿပီး အဝတ္လဲေတာ့မွ ေဘာင္းဘီရွည္က က်န္ခဲ့သည္ ။ ရွိုင္းလည္း မေရာက္ေသးတာမို႔ တီရွပ္အပြကို ဝတ္လိုက္သည္ ။ ထို႔ေနာက္ ေခါင္းကို သဘတ္ျဖင့္ သုတ္ရင္း ေရခ်ိဳးခန္းထဲက ထြက္ခဲ့သည္ ။

ထိုစဥ္ စူးရွေသာ အၾကည့္တစ္စုံႏွင့္ တိုးသည္ ။

"မင္း ဘယ္တုန္းက ေရာက္ေနတာလဲ "

ရွိုင္းက ျပန္မေျဖဘဲ မ်က္လုံးျပဴး၍ ၾကည့္ေနေလသည္ ။ မိုးေသာက္ယံ မ်က္ေမွာင္ၾကဳတ္၍ ရွိုင္း၏ အနားသို႔ ေလွ်ာက္သြားသည္ ။ ရွိုင္း၏ မ်က္ႏွာကို ေသခ်ာစိုက္ၾကည့္ကာ ေမးလိုက္သည္ ။

"မင္း ေနမေကာင္းဘူးလား ။ မ်က္ႏွာလည္း နီေနတယ္ ။ မိုးလည္း မိလာတယ္ ။ ျမန္ျမန္အဝတ္လဲလိုက္ ။ ၿပီးရင္ ေဆးေသာက္မွျဖစ္မယ္ "

မိုးေသာက္ယံကသာ စကားေတြ အဆက္မျပတ္ ေျပာေနေသာ္လည္း ရွိုင္းက ၿငိမ္သက္၍ သူ႕ကို စိုက္ၾကည့္ေနသည္ ။

"မင္း ဘာလို႔ ေဘာင္းဘီမဝတ္ထားတာလဲ "

"ဟမ္ "

ရွိုင္းက ေျပာလာေတာ့လည္း သူ ေမးေနသည္ႏွင့္ မသက္ဆိုင္ေသာ အေၾကာင္းအရာ ။

"ဪ...ဒါလား "

မိုးေသာက္ယံက တီရွပ္ကို ဆြဲတင္ရန္ ျပင္လိုက္သည္ ။ ရွိုင္းက ႐ုတ္တရက္ သူ႕လက္ကို ဆုပ္ကိုင္ၿပီး.... ။

"မင္း ဘာလုပ္မလို႔လဲ ယံယံ "

"ဘာလုပ္ရမွာလဲ ။ ငါ..."

မိုးေသာက္ယံက ေျပာၿပီး ရွိုင္း၏ လက္ကို တြန္းကာ တီရွပ္ကို ဆြဲတင္သည္ ။

"မင္း ၊ မင္းေတာ္ေတာ့ ယံယံ ။ ငါ....ငါ ေရဆာလို႔ ။ သြား..ေသာက္လိုက္ဦးမယ္ "

ရွိုင္းက စကားအထစ္ထစ္ အေငါ့ေငါ့ႏွင့္ ေျပာၿပီး အခန္းထဲက ထြက္သြားသည္ ။ မိုးေသာက္ယံ မ်က္ေမွာင္ၾကဳတ္၍ က်န္ခဲ့​ေတာ့သည္ ။ ထို႔ေနာက္ သူ တီရွပ္ကို ဆြဲလွန္လိုက္ေသာ္ ခ်ည္သား ေဘာင္းဘီတိုေလးက ေပၚလာသည္ ။

"ငါက ေဘာင္းဘီတို ဝတ္ထားတယ္ဆိုတာ ျပမလို႔ကို "

မိုးေသာက္ယံ တစ္ေယာက္တည္း ခပ္တိုးတိုး ေရ႐ြတ္သည္ ။

ထိုစဥ္ ရွိုင္းက အခန္းထဲ ျပန္ဝင္လာသည္ ။ သူ႕ကို လုံးဝမၾကည့္ဘဲ မ်က္ႏွာခပ္လႊဲလႊဲႏွင့္ ဘီဒိုထဲမွ အဝတ္အစားထုတ္ၿပီး ေရခ်ိဳးခန္းထဲ ဝင္သြားသည္ ။ သို႔ေသာ္ တံခါးမပိတ္ခင္ မ်က္ႏွာကို တစ္ဖက္ေစာင္းၿပီး စကားတစ္ခြန္း ေျပာသြားေလသည္ ။

"မင္း ေဘာင္းဘီ ျမန္ျမန္သြားဝတ္စမ္း ယံယံ ။ ဒီေလာက္ ေအးေနတာကို မင္း ဘယ္လိုေနေနတာလဲ "

*******************

ဆက္ရန္...

Thin Zar Moe Oo

ဖတ္ေပးတာ ေက်းဇူးတင္ပါတယ္ ❤

Continue Reading

You'll Also Like

244K 6.1K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.2M 79.2K 114
Cover- edited from google Start Date -22.4.22 End Date- 22.3.23 အနံ့သင်းတဲ့ သဇင်မင်းကမှ ပန်းထင်သလား မထင်ပါနဲ့ အဲလိုမထင်ပါနဲ့ အနံ့မဖက်တဲ့ သပြေခက်ကလဲ...
323K 27K 40
မချစ်ဖူးလို့ပြောရင် အဲတာညာနေတာပဲ ဦးဝေ! ဘဝမှာ တစ်ခါလောက်တော့ ကျွန်​တော့် အတွက် သတ္တိရှိပေးပါ
36.4K 3K 45
မိေက်ာင္းတစ္ေကာင္ဟာ....ဘယ္ေတာ့မွ မ်က္ရည္မက်ဘူး...။ တကယ္လို႔ သူကမ်က္ရည္က်တယ္ ဆိုရင္ေတာ့.. အဲ့တာဟာ..ဟန္ေဆာင္မ်က္ရည္ပဲ ျဖစ္လိမ့္မယ္...။ မိကျောင်းတစ်ကောင...