Russian Roulette(ရပ္နား)

Por k11541157kk

17.1K 1.2K 127

🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤 starting date 21.8.2020 Más

Chapter 1🖤 [Z]
Chapter 1🖤[U]
Chapter 2🖤[Z]
Chapter 2🖤[U]
Chapter 3🖤[Z]
Chapter 3 🖤 [U]
Chapter 4🖤[Z]
Chapter 4 🖤[U]
Chapter 5 🖤[Z]
Chapter 5 🖤[U]
Chapter 6 🖤[Z]
Chapter 7 🖤[Z]
Chapter 7 🖤[U]
Chapter 8 🖤[Z]
Chapter 8 🖤[U]
Chapter 9 🖤[Z]
Chapter 9 🖤[U]
Chapter 10🖤[Z]
Chapter 10🖤[U]
Chapter 11🖤[Z]
Chapter 11 🖤[U]
Chapter 12 🖤[Z]
Chapter 12 🖤 [U]
chapter 13🖤 [Z]
Chapter 13🖤[U]
Chapter 14🖤[Z]
Chapter 14🖤[U]

Chapter 6 🖤[U]

501 47 4
Por k11541157kk

"ကျန့်ကော....ကော..ကျနော်ကိုကယ်ပါ"

ကြားလိုက်ရတဲ့ အသံတိုးတိုးလေးကြောင့် လှမ်းနေတဲ့ခြေလှမ်းတွေ ရပ်တန့်သွားသည်။ ရင်ထဲမှာ ချက်ချင်းဆိုသလိုအပူလုံးကြီးတက်လာသည်။

နောက်ကိုလှည့်ကြည့်လိုက်တော့ တဖြည်းဖြည်းများလာတဲ့သွေအိုင်နဲ့ မေ့နေတဲ့ရိပေါ်ကိုတွေရသည်။ ခေါင်တခုလုံးပူထူသွားပြီး စိုးရိမ်ခြင်းသာ အစိုးရနေသည်။

"ရိပေါ်...ရိပေါ် နောက်မနေနဲ့....ရိပေါ် သတိထားအုံးလို့..ရိပေါ်!!"

မေ့မြောနေတဲ့ကောင်လေးကိုပြေးပွေ့ပြီးခေါ်နေမိသည်။ ဘာတုန့်ပြန်မှုမှမရှိ။ နောက်နေတာဆိုလည်းတော်ပါတော့ စိတ်ပူလွန်းလို့ ရူးသွားမလားဘဲ။ဒီတိုင်း အရင်ကလိုစခဲ့ချင်ယုံပဲလေ။

........

"ဗျာ!!!!!!!!!!!"

"ကောနောက်နေတာလား ရိပေါ်ကယောက်ျားလေးလေ"

"ဟေ့ကောင် ကောကမင်းကိုညာပြောနေမယ်ထင်လား ရိပေါ်ကမပြောခိုင်လို့သာ ငါတို့မပြောခဲ့တာ ဒါကိုမင်းက ကိုယ့်ကလေးကိုကိုယ်ပြန်ပြီး ဒုက္ခရောက်အောင်လုပ်နေတာလား"

"ဟောက်ရွှမ်း တော်တော့ ရှောင်ကျန့် မင်းအံ့ဩနေမှန်ကောလည်းသိတယ် ဒါပေမယ့် ရိပေါ်မှာကိုယ်ဝန်ရှိတာအမှန်ပဲ"

"ဘာလို့ .... ဘာလို့ကျနော်ကိုမပြောခဲ့တာလဲ နောက်ပြီး ကျနော်က ကျနော်လက်နဲ့......."

ဘာလို့မပြောခဲ့ရတာလဲ။ ငါ့ကိုနဲနဲလေးတောင်မယုံကြည်ဘူးလား။ နှစ်တွေဒီလောက်ကြာအောင် အတူတူ‌နေလာခဲ့တာတောင် ငါ့အကြောင်းကိုမသိတာလား။ နောက်ပြီး ဟိုနေ့ကကွင်းထဲကကိစ၊ အခုလှေကားထိပ်မှာလည်း သေချာပေါက်ခုန်ချဖို့လုပ်နေတာ။ ငါပြောလို့ လှမ်းနေတဲ့ခြေလှမ်းကို ရုပ်လိုက်တာ။
ငါ့ကိုအဲ့လောက်တောင်မုန်းတာလား။

"ရိပေါ်သတိရလာပြီလား"

"ကော...." ခေါ်ပြီးစိတ်ပူပြီးဗြာများနေတဲ့ကောင်လေးက ပြောစရာစကားရှမရဖြစ်နေလေရဲ့။ အကြောင်းသိတဲ့ ဟွိုက်ခွမ်းကပဲ မေးမယ့်ဟာတွေကိုအလိုက်တသိပြေရတော့သည်။

"ဘာမှမဖြစ်ဘူး နောက်တော့သေချာဂရုစိုက် အချိန်မှီမရောက်ရင် တကယ်ပျက်ကျမှာ "

"ကျေးဇူးပါကော"

"ငါ့ကိုအဲ့လောက်တောင်မုန်းလား?"

"ဟမ်?"ရုတ်တရပ် တိုးတိုးလေးမေးလိုက်တဲ့ ရှောင်ကျန့်ရဲ့စကားကြောင့် ရိပေါ်မျက်လုံးပြူလေးနဲ့သာပြန်ကြည့်နေမိသည်။

"ငါ့ကိုအဲ့လောက်တောင်မုန်းနေတာလားလို့"
ငုံထားတဲ့ခေါင်းကို မော့ပြီးသူ့ကိုပြူ းကြောင်ကြောင်စိုက်ကြည့်နေတဲ့ရိပေါ်ကိုအံကြိတ်ပြီး မေးမိသည်။ အဖြေမပေးဘဲဘေးတဘက်ကိုသာ လှည့်သွားတဲ့ ရိပေါ်ကြောင့် ဒေါသထွက်လာမိသည်။

"ငါ့နဲ့ပက်သက်တဲ့ အရာကိုပါ ဖျက်ဆီးပြစ်ချင်လောက်အောင်ကို ငါ့ကိုတအားမုန်းနေတာလား ငါ့ကိုပြောပြလို့ရတာပဲ ငါကအကုန်လုပ်ပေးမှာ ရိပေါ် မင်းလိုချင်တာ မင်းဖြစ်ချင်တာ မင်းလုပ်ချင်သမျှအကုန်လုပ်ပေးမှာ ဘာလို့ငါ့ကိုမပြောခဲ့တာလဲ အဲ့နေတုန်းကလဲ ဘာလို့ငါကိုပေါ့ပျက်ပျက်စကားတခွန်းနဲထားခဲ့ရတာလဲ
ဘာလို့ငါ့မျက်နှာကို မတွေ့ချင်မမြင်ချင်သလိုမျိုးရှောင်နေခဲ့တာလဲ ကိုယ်ဝန်ရှိတာကိုလည်း ဘာလို့ပြောမပြခဲ့တာလဲ
ငါ .... ငါ့လက်နဲ့ ကိုယ့်ကလေးကိုကိုယ်ပြန်သတ်မိတော့မလို့မဟုပ်လား
နောက်ပြီး ဘာတွေကြံနေတာလဲ
အမြဲဖျက်ချဖို့ပဲ ခေါင်ထဲရောက်နေခဲ့တာမို့လား
ပြောစမ်းပါဟိုနေ့ကကော ဒီနေ့ကော
မင်းဘာလုပ်ဖို့လုပ်နေခဲ့တယ်ဆိုတာ?"

"ဟေ့ကောင် ရှောင်ကျန့် တွန်းချလိုက်တာမင်းလေ အခုဘာတွေလာပြောနေတာတုန်း" ဟောက်ရွှမ်း ရိပေါ်ပုခုံးကိုတင်းတင်းကျပ်ကျပ်ကိုင်ထားတဲ ရှောင်ကျန့်ရဲ့လက်တွေကို ဆွဲယူပြီး တွန်းကာမေးလိုက်သည်။

"တောင်းပန်ပါတယ်"

"............."

ရှောင်ကျန့်ကမ္ဘာကြီးတခုလုံး ပြိုကျသွားသလိုခံစားလိုက်ရသည်။ ဘာစကားမှဆက်မပြောခဲ့တော့ဘူး ။ ဒီတိုင်း အမူအရာကင်းတဲ့ မျက်နထားနဲ့ပဲထွက်လာခဲ့သည်။

တောင်းပန်ပါတယ်

ရှင်းနေပြီပဲ။အကုန်ဝန်ခံသွားခဲ့တာ။
ရိပေါ် မင်းသိလား ငါအရမ်းဝမ်းနည်းမိတယ်။
ငါအရမ်းသဘောကျတဲ့ မင်းကငါ့ကိုမုန်းနေရင်တောင် ငါ့နဲ့ရတဲ့ကလေးကိုဖျက်ချဖို့ကြံနေလောက်အောင်ထိတော့ မဖြစ်သင့်ဘူးမို့လား။

ရိပေါ်
မင်းငါ့ကို့ အမြဲမုန်းနေခဲ့တာ စိတ်ရင်းလား

"အားးးးးးးး!!!!!!!!!"

ရင်ထဲပေါ့သွားအောင် အော်လိုက်မိသည်။အော်သံအဆုံး ဒူးနှစ်ဘက်ကခွေကာ ဒူး‌ထောက်လျက်ကျသွားသည်။ တားမရတဲ့မျက်ရည်တွေက ပါးပေါ်ကနေလမ်းမပေါ်ကိုကျလာခဲ့သည်။လမ်းမလယ်ခေါင်မှာ ဒူထောက်ကာငိုနေ‌ တဲ့ကောင်လေးကို ကွက်ကြားကွက်ကြားကြည့်သွားကြသည်။ ဆေးရုံအခန်းတခုရဲ့ ပြတင်းပေါက်ကနေလှမ်းကြည့်နေတဲ့ကောင်လေးတယောက်အပါအဝင်ပေါ့။

3079 words
8.9.2020

ရေးဖို့သတိလေးဘာလေးပေးကြအုံးသိလားမဟုပ်ရင်မေ့နေတာ ဦး‌နှောက်ကအဲ့လို😑 ရေးတော့လို့လာပြောမှသတိရတာ🥴

Seguir leyendo

También te gustarán

17.7K 3.6K 53
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
8.8K 1.1K 24
Jungkook Atlas Francis - Taehyung Rowan Elliot
66.3K 9K 35
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
33.6K 3.2K 25
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...