"ဗျာ!!!!!"
"ဟွိုက်ခွမ်းကော ကောဒါကနောက်ရာမဟုပ်ဘူးနော်"
"ကော ကျနော်ကယောက်ျားလေးလေ ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
လန့်ဖျတ်ပြီး အတင်းတရစပ်ဆက်မေးနေတဲ့ ရိပေါ်နဲ့ဟောက်ရွှမ်းကြောင့် ဆရာဝန်ဖြစ်တဲ့ဟွိုက်ခွမ်းတယောက် ခေါင်းခြောက်လာသည်။သူလည်း ထပ်တူအံ့ဩရသည်ပါပဲ။
"ငါလည်း တကယ်အံ့ဩသွားတာ ဒါပေမာ့်ဒါကတကယ်ပဲ ရိပေါ် မင်းမှာကိုယ်ဝန်နှစ်ပါတ်လောက် ရှိပြီ "
ဘယ်ကနေစပြီး ဘယ်လိုမှားယွင်းသွားခဲ့တာလဲ။ သဘာဝတရားကြီးကို ဆန့်ကြင်ပြီး ကျန့်ကောကိုပဲ ကြည့်နေခဲ့လို့ ကျနော်ကိုအပြစ်ပေးလိုက်တာလား။
ဟွိုက်ခွမ်းကသေချာရှင်းပြမှ နားလည်းလက်ခံလာတဲ့ ရိပေါ်ကတဖြည်းဖြည်း ငြိမ်ကျသွားသည်။ ဆော်တော်ကြာအောင်တနေရာထဲကိုစိုက်ကြည့်ပြီးမှ နောက်ဆုံးစကားတခွန်းထွက်လာခဲ့သည်။
"ဖျက်ချလို့ရလား"
"ရိပေါ်ရူးနေလား!!!"ဘေးကဟောက်ရွမ်းက အော်လိုက်ခြင်းဖြစ်သည်။
"မင်းကယောက်ျားလေးဆိုတော့လွယ်လွယ်နဲ့ပျက်ကျမှာမဟုပ်ဘူး"တိုးလှတဲ့အသံလေးနဲ့ ဟွိုက်ခွမ်းအဖြေပေးမိသည်။
သူ့အဖြေအဆုံး ရိပေါ်တယောက် မျက်နှာကိုလက်နှစ်ဖက်နင့်အုပ်ပြီး အသံတိတ်ငိုနေမိသည်။ မျက်ရည်တွေက အဆက်မပျက်ကျနေပြီး ကိုယ်လေးကလဲတုန်နေသည်။ ဘေးနားကနေကြည့်နေတဲ့နှစ်ယောက်ကလည်း ရိပေါ်ကိုကြည့်ကာ ဝမ်းနည်းစွာဖြင့်သက်ပျင်းချမိသည်။
ကျန့်ကောနဲ့နောက်ဆုံးစကားပြောခဲ့တာတော်တော်ကြာခဲ့ပြီ။တလလောက်နေရင်စမေးပွဲလဲဖြေရတော့မယ်။ အခုရိပေါ်လုပ်နိုင်တာက ကျောင်းပိတ်သည်အထိ တောင့်ခံထားဖို့ပဲ။
အကိုဟွိုက်ခွမ်းနဲ့ ဟောက်ရွှမ်းကိုလဲ မသိချင်ယောင်ဆောင်ပေးဖို့ တောင်ပန်တာကြောင့်လျှိုဝက်ပေးခဲ့သည်။
ကျနော်ကိုမချစ်ဘဲနဲ့ ကျနော်ရဲ့ကိုယ်ဝန်ကြောင့် ကျန့်ကောတသက်လုံး စိတ်စဉ်းရဲမှာမလိုချင်ဘူး။ကျနော်ကြောင့် ကျန့်ကောသဘောကျတဲ့သူနဲ့ဝေးရမှာကောပဲ။ ကျနော်ကယောက်ျားလေးတယောက်လေ။ နောက်ပြီးကျနော်မာနကလုံးဝခွင့်မပြုဘူး ။ နောက်ပြီးကိုယ်ဝန်ကြောင့် ကျန့်ကောကိုပိုင်ဆိုင်ရတာမျိုးမလိုခဖင်ဘူး။
အရမ်းတွေမွန်းကျပ်လွန်းလို့သေတော့မလိုဘဲ။ထိုင်နေတဲ့ လှေကာထစ်ပေါ်ကနေဆင်းလိုက်ပြီး ရှေ့ကကွင်းထဲမှာပတ်ပေးနေမိတယ်။ ရှေ့က လမ်းကြောင်ကိုပဲ စိုက်ကြည့်ပြီး အရှိန်ပြင်းပြင်းနဲ့ ပြေးနေမိသည်။ပတ်ဝန်းကျင်ကော သူရဲ့ဖြစ်တည်မှုကိုပါ မော့လျော့နေရလောက်အောင် အတွေးတွေထဲမှာပိတ်မိနေတယ်။
"ဟိုတနေ့က ဆေးခန်းသွားတယ်ဆို ဘယ်နားနေမကောင်းလို့တုန်း"
ချိသာလွန်းတဲ့ အသံတသံကြောင့်ပြေးနေတဲ့လူကတုန့်ကနဲရပ်သွားသည်။လှည့်မကြည့်ဘဲ အဲ့နေရာကနေထွက်သွားဖို့ပြင်လိုက်သည်။
"ရိပေါ် ငါ့ကိုရှောင်နေမြှဖစ်မှာလား"
ရိပေါ်ချက်ချင်းနောက်ပြန်လှည့်လိုက်ပြီး ရှောင်ကျန့်နဲ့ မျက်နှာခြင်းဆိုင်လိုက်သည်။
"ကျန်းချန်ကပြောတယ် ဟိုနေ့က ဆေးခန်သွားတယ်ဆို တော်တော်အခြေမကောင်းတဲ့ပုံပဲတဲ့ အခုတော့ပြေးတောင်နေသားပဲ
ဒါနဲ့ ငါကတအိမ်ထဲနေပြီး ဘာလို့မသိရတာလဲ နေမကောင်းရင်လဲပြောမှပေါ့"
"ကျန့်ကော ခင်များကဘယ်တုန်းကစကားများတတ်သွားတာတုန်း ပြောလိုပြီးပြီလားကျနော်သွားတော့မယ်"
ရိပေါ်ထွက်သွားဖို့လှည့်လိုက်ပေမယ့် လက်တစုံက ဆွဲယူခြင်းခံလိုက်ရတယ်။
"ရိပေါ် မင်းအခုဘာလုပ်နေတာတုန်း"
ဘယ်အချိန်က ရောက်လာမှန်းမသိတဲ့ ဟောက်ရွှမ်းက စောင့်ဆွဲပြီးအော်လိုက်တော့ ရှောင်ကျန့်တယောက် ရိပေါ်ကိုတားဖို့လုပ်နေတဲ့ လက်တွေလေထဲမှာပဲ ရပ်တန့်သွားသည်။
"ဘယ်လောက်တောင်ကြာနေပြီလဲ ပတ်ပြေနေတာ အဲ့နေ့မင်းအဲ့စကား ပြောကတည်းက ငါလွှတိမထား သင့်တာ"
ဟုပ်သာဘဲ ငါဘာလို့ ခုံပေါက်ပြီးပတ်ပြေနေမိတာလဲ။ငါက အရင်လို ပေါ့ပေါ့ပါးပါးကောင်လေးတယောက်မှမဟုတ်တာ။အထဲ အထဲကတခုခုတော့မဖြစ်လောက်ပါဘူးနော်။
ဟောက်ရွှမ်းအော်လိုက်မှ အသိဝင်လာပြီး စိုးရိမ်မူတြွေပည့်နေတဲ့ ရိပေါ်မျက်နှာကိုကြည့်ပြီး ဟောက်ရွှမ်းတောက်တချက်ခေါက်လိုက်သည်။
"တောက်!!ရှောင်ကျန့် ခင်များကလည်းမြင်နေတာကိုမတားဘူးလား"
"ငါ...ငါ......."
အဖြေကိုပင်မစောင့်ဘဲ ရိပေါ်ကိုဆွဲခေါ်ကာထွက်သွားသည်။ရှောင်ကျနိ့ တယောက်သာအဲ့နေရာမှာကြောင်တောင်တောင်သာ ကျန်ခဲ့တော့သည်။
"ဟူး...အခုထိနေမကောင်းသေးဘူးထင်တယ်"
........
"ဘာလုပ်နေတာတုန်း"
လှေကားထပ်ကနေရပ်ပြီး လှေကားတွေကိုရပ်ကြည့်နေပြီး အတွေးများနေတဲ့ရိပေါ်တယောက် နောက်ကအသံကြောင့် လူတကိုယ်လုံးတုန်တက်သွားသည်။
"ဘာလဲဟ ဘာမဟုပ်တာတွေကြံစဉ်နေလို့လန့်သွားရတာတုန်း"
"မရယ်ရဘူး သိလား သွားစရာရှိတာသာသွားပါ "ပြောပြီး ဟိုဘက်ကိုသာလှည့်နေလိုက်သည်။
"ခုန်ချမလို့လား ခုန်ချလဲအနဲဆုံးဒူးပွန်းရုံပေါ့ ငါးဆင့်လောက်ပဲကို"
စကားတွေကို ထပ်နားထောင်ချင်စိတ်မရှိတာကြောင့် ဆင်းဖို့ခြေထောက်ကိုလှမ်းလိုက်သည်။ မထင်မှတ်ထားတာက လက်တစုံကတွန်းလိုက်လိမ့်မယ်လို့။ အရှိန်ပြင်းပြင်းနဲ့ လှေကားကနေကျသွားသည်။ လှေကားဆစ်ငါးဆင့်လုံး ကျသွားတဲ့ ဒဏ်က အဲ့လောက်မနာ ပေမယ့် တနေရာရာကတော့ တခုခုဖြစ်နေပြီ။ နောဆုံးမြေပြင်ပေါ်မှာ ရပ်သွားသည်။
သေလောက်အောင်နာကျင်တဲ့ ခံစားချက်က ချက်ချင်းစူးတက်လာသည်။ ရှေ့ကတဖြည်းဖြည်းဆင်းလာတဲ့ ခြေထောက်တစုံက ရိပေါ်ရှေ့ကိုရောက်လာခဲ့သည်။
"ထစမ်းပါ ဒီလောက်လေးနဲ့ မင်းမဟုတ်တဲ့အတိုင်း မင်းတုန်းက ငါ့ကိုတွန်းချတုံးကဆို အထစ်နှစ်ဆယ်လောက်ရှိတယ်နော် အဲ့တုန်းကလက်ကျီုးနေတာတောင် ငါဘာသူကထသွားတာ"
ရိပေါ်ရဲ့ဒူးကို ခြေထောက်နဲ့ထိပြီး ပြောနေတဲ့ကျန့်ကောကောင့် နာကျင်မှုက နှစ်ဆတိုးလာသည်။ နဲနဲတောင်ဂရုမစိုက်ဘဲ ကျောက်ပြီးထွက်သွားတဲ့ ကျန့်ကောကိုကြည့်ပြီး အကူအညီတောင်းနေမိသည်။
"ကျန့်ကော....ကော..ကျနော်ကိုကယ်ပါ"
ကြားမှကြားရဲ့လားတောင်မသိဘူး ပတ်ဝန်းကျင်တခုလုံးက လုံးဝအမှောင်ကျသွားသည်။
4050words
7.9.2020