လို့ရမလား"
"မေးလေ ကလေး"
ပေးသောက်တာပဲလား"
တားခဲ့တာပေါ့"
တင်လိုက်သည်။ပြီးတာနဲ့ ကျွန်တော့်
မသောက်ပဲနေမလား။အတင်းအကြပ်
ရှည်ဘယ်ကောင်းမလဲ။စကားများမှာစိုး
တာပေါ့"
တတ်တာပဲ။
အဆင်မပြေ ဘူးလား"
"ကျွန်တော် ဆိုးတာပါ"
ပဲကြည့်နေသည်။
…………
စည်းလုံးကြတာ။ကိုကျော်ထွန်းဝယ်လာ
ရင်းမူးချင်နေပြီ။
"cheer"
စားရဖို့အရေးကြီးသည်။ဒီရက်ပိုင်း
တွေက အစုံအလင်။မမြတ်က ကျွန်တော့်
အများကြီးပဲ။
ဘာမှ မကျွေးဘူးလား"
တအံ့တသြနဲ့မေးသည်။
ထိုင်နေကြတာလဲ။သုံးပေလောက်
တော့်ကို လှမ်းစသည်။အစ်မမြတ်က
မသိတော့ပေ။
"ဟုတ်လား။ စစ်ကြောင်း အဲ့တာဆို
ထိန်းထားရတဲ့ပုံနဲ့။ကိုကျော်ထွန်းက
လာသည်။
မော့အကြည့်။
"မသိဘူး ခင်ဗျားသဘောပဲ"
သိုင်းဖက်လာသည်။ကျွန်တော်
မျက်နှာပူလိုက်တာ။ကျွန်တော်တော့
ရှက်လို့သေတော့မှာပဲ။
အထိမ်းအမှတ်ပါတဲ့။သူ့ကိုသောက်ခိုင်း
တို့က အေးဆေးပဲ။မူးဖို့နေနေသာသာ
ချင်လာသည်။
"မရဘူး"
"ခင်ဗျားကလည်း"
"မရဘူး အသက်ပြည့်မှ"
ထွက်လိုက်သည်။သူကျွန်တော့်ကို
လိုက်ကြည့်နေသည်။
ဘာတွေစိုးရိမ်နေတာလဲ။သူ့မျက်လုံး
ထွက်သည်။
"အိပ်ချင်နေပြီလား"
"ဟင်အင်း"
တစ်ဖက်ကိုပုတ်ပြသည်။
တယ်။
လိုက်တော့သည်။
ဆုလာဘ်လဲ။
အသစ်က စမယ်။
သာ…"
လိုက်သည်။
သေချာ သိလိုက်ရတယ်။ခင်ဗျားရယ်။
လာကာ မကိုင်ရဲ။အဖေ့ကိုလှည့်ပတ်ပြီး
ဘယ်လိုပြောရပါ့မလဲ။
ဆွဲယူလိုက်သည်။
ထထွက်သွားသည်။
ဘယ်လိုပြောရဲပါ့မလဲ။
__________________________________
"ဟယ်လို"
"ဟုတ်တယ်"
မတတ်နိုင်။ကိုယ့်မှာလည်းအလျော့
သလားလို့။
ရမလား"
ပြောလို့ရတယ်။
မကြီးပေးနိုင်ဘူး။ကိုယ့်ကောင်လေး
မပေးနိုင်ဘူး။
-----------------
ဝင်လာတာနဲ့။
ကွေးပြီး မှိန်းနေတာ။
ကိုလည်း ကြည့်အုံး"
ပေးသောက်လိုက်တာ"
ဟုတ်လား။ဒီကလေးနဲ့တော့။
ဖြစ်နေတယ်ထင်တယ်။ကိုစစ်ကြောင်း
နိုင်ဖြစ်ရသည်။
"ဝန်း"
ကာ ထထိုင်သည်။
မသောက်ဘူး လုံးဝပဲ"
လိုက်ရတယ်။
ဘာပြောတာလဲ။ဘာကိစ္စလဲ"
အမူးပါးလေး။
တင်းတင်းကြပ်ကြပ်ပဲ။ကလေး လိုမူးနေ
တမ်း ဖက်တွယ်ထားသည်။မသိရင်
"ဘာဖြစ်လို့လဲ"
မဆင်းချင် ဘူးပေါ့လေ။
လာတယ်။
"ဘာပြောချင်လို့လဲ"
"လက်နာနေတယ်"
ကပြုတ်ကျတာ"
လိုပင်။
ပေးလို့နေသည်။ကိုယ့်ရင်ခွင် ထဲမှာ
အမြန်ထုတ်ကြည့်ရသည်။မျက်နှာကို
အားကိုးတကြီးလို။
ဆို့နင့်နေတဲ့အသံလေး။သူ့မျက်လုံးကို
လိုက်ရတယ်။
လာရသည်။
အတော်ကြာမှ။
ကိုယ်သိတယ်။တအားပင်ပန်းနေလို့
ကြောက်နေမှာလဲ။ကိုယ်ကတော့ ဝန်းကို
ယောက်ဖြစ်စေချင်တယ်။ကိုယ်မင်းကို
ဘယ်လို သင်ပေးထားလဲ"
လာတဲ့ မျက်ဝန်းတွေ။
"ဝန်းက တော်ပြီးသားလေ။ဒါကိုလည်း
ကိုယ်ယုံတယ်။ကိုယ့်ကောင်လေးက
တော်ပြီးသား။တစ်ကယ်လို့ တအား
နေသည်။
သိတယ်မလား"
နေတဲ့ ကောင်လေး။
"ကျွန်တော် အားငယ်တယ်။ခင်ဗျားနဲ့
ကိုယ်သိမ်ငယ်တယ်။အဲ့ဒီကိစ္စက
စိုးရိမ်တယ်"
မျက်ဝန်းလေး။အခုတော့ မျက်နှာငယ်
ရမလဲ။
ထားမိသည်။အခုမှပထမနှစ် စတက်နေ
နေတဲ့ကလေး။ရှေ့ဆက်ရမဲ့ဘဝလမ်း
လေးကျမှ ဘာလို့လဲ။
အသံခပ်တိုးတိုး။ကိုယ့်မှာ ရင်ထဲမဆန့်။
"အဲ့လိုမတွေးရဘူးလေ။ဝန်းကကိုယ့်
ရှိတာပဲ"
နဲ့လိုက်ယှဉ်နေတာလဲ။ကိုယ်လိုအပ်
တွေ မတွေးနဲ့တော့နော်။ကိုယ့်ကို
တောင်းဆို ချင်တယ်"
"ဟုတ်"
သနားပါအုံး"
ကြည့်ပြီး ပြောရသည်။
"ကိုကို့"
ကိုယ့် အကျီ င်္စကိုဆွဲပြီး မျက်နှာငယ်လေး
သိမှာမဟုတ်။
အောင်ပဲ။
ထားမသွားပါနဲ့နော်"
လေးကိုပဲ"
ချုပ်ထားပြီးတော့"
သည်။ကလေးက နားမလည်သေးဘူး
ကိုထိသည်။
ခံရခက်အောင်ပဲ။
ထဲမှာ ပိတ်ထားမှာ။ကိုယ်က အဲ့လိုလူပဲ။
အိပ်ပျော်သွားခဲ့ပြီ။ဒီအတိုင်း ဘေးမှာ
ကလေးရယ်။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
Unicode
"ဒီကောင်လေး ဘာတွေတွေးနေတာလဲ"
ထိုင်ခုံပေါ်မှာ ထိုင်ရက်သားနဲ့ငုတ်တုတ်
မေ့နေတဲ့ ကျွန်တော့်ကို ဘေးကနေ
မမြတ်က မေးမှ သတိပြန်ဝင်လာရ
သည်။မီးဖိုချောင်မှာ စားစရာတွေပြင်
ဆင်ပေးနေတဲ့မမြတ်ကို ကျွန်တော်က
ဘေးကနေ နည်းနည်းပါပါး ဝိုင်းကူရုံပဲ။
"အစ်မ ကျွန်တော်တစ်ခုလောက်မေး
လို့ရမလား"
"မေးလေ ကလေး"
"အစ်ကိုကျော်ထွန်း ဆေးလိပ်တွေ
သောက်နေတာကိုအစ်မက မတားပဲနဲ့
ပေးသောက်တာပဲလား"
"မတားပဲ နေမလား မောင်လေးရယ်
တားခဲ့တာပေါ့"
"အဲ့တာဆို ဘာဖြစ်လို့ အစ်မခုနက"
မမြတ်က ကျွန်တော့်ကို ကြည့်ကာပြုံးပြီး
ထမင်းစားပွဲခုံပေါ် ပန်းကန်ချပ်တွေကို
တင်လိုက်သည်။ပြီးတာနဲ့ ကျွန်တော့်
ဘေးကခုံမှာဝင်ထိုင်ပြီး။
"မောင်လေးရယ် အစ်မတားတိုင်းသူက
မသောက်ပဲနေမလား။အတင်းအကြပ်
ပြောလို့တော့ရပေမဲ့ လူတိုင်းမှာကိုယ့်
လွတ်လပ်ခွင့်နဲ့ကိုယ်ပဲလေ။ငါ့စကားကို
နားထောင်ရမယ်ဆိုပြီး ချုပ်ခြယ်ရင် ရေ
ရှည်ဘယ်ကောင်းမလဲ။စကားများမှာစိုး
လို့ အစ်မရှေ့မှာမသောက်တော့ရင်
တောင် အစ်မအနောက်မှာတော့ပိုတောင်
သောက်ရင်သောက်အုံးမှာ။အခုကအစ်မ
ရှေ့မှာဆိုတော့ သူလည်းနည်းနည်းပါးပါး
ပဲ ထိန်းပြီးသောက်တော့ အကျင့်ဖြစ်သွား
တာပေါ့"
အစ်မမြတ်မျက်နှာကို ကြည့်ရင်း ကျွန်တော်
ဆွံ့အကာ ဘာမှမပြောနိုင်တော့။အစ်မက
တစ်ကယ်ကို နားလည်မှုရှိပြီး အရမ်းချစ်
တတ်တာပဲ။
"ဘာဖြစ်လို့လဲကလေး ကိုစစ်ကြောင်းနဲ့
အဆင်မပြေ ဘူးလား"
"ကျွန်တော် ဆိုးတာပါ"
ခေါင်းခါပြီး အစ်မမြတ်ကိုအားမပါစွာ
ပြုံးကာ ပြောလိုက်တော့ အစ်မက
ကျွန်တော့်ကို မျက်နှာမကောင်းတော့
ပဲကြည့်နေသည်။
ကျွန်တော် ခေါင်းငုံ့ကာ မျက်နှာလွှဲ
လိုက်တာနဲ့မမြတ်ကလည်း အလိုက်
တသိနဲ့ ဘာမှထပ်မပြောတော့ပါ။
…………
အားလုံးပြင်ဆင်လို့ပြီးတော့ ဧည့်ခန်းမှာ
လူစုရအောင် ဆိုဖာတွေကိုစားပွဲအနား
ရွှေ့လိုက်ကြကာ ဝိုင်းပြီးထိုင်ကြသည်။
ဒါမျိုးဆို သူတို့သူငယ်ချင်းတွေကသိပ်ကို
စည်းလုံးကြတာ။ကိုကျော်ထွန်းဝယ်လာ
တဲ့ဘီယာဘူး တွေအပြင် ဒီအိမ်မှာရှိ
နေတဲ့အပြင်းစား ပုလင်းတွေကလည်း
အဆင်သင့်။ကျွမ်းကျင်အဆင့်ကိုလွန်
နေကြတဲ့သူတွေက ရေခဲခွက်ထဲဘာ
တွေ ဘယ်လိုထည့်ပြီးစပ်နေကြလည်း
တော့ ကျွန်တော်လည်းမသိ။အနံ့ရရုံနဲ့
တင် ကျွန်တော်ကတော့ အလိုလိုနေ
ရင်းမူးချင်နေပြီ။
"cheer"
သူတို့ ခွက်ချင်းတိုက်လိုက်ပြီးတဲ့
နောက် ကျွန်တော်ကတော့ အရှေ့က
ဖက်ထုပ်ကျော်လေးကို ခရင်းနဲ့ထိုးပြီး
အချဉ်ရည်နဲ့တို့ကာ စားလိုက်သည်။
ပြီးတာနဲ့ ငါးကင်ကိုလက်ကရောက်
သည်။သူတို့ဘာသာသူတို့ သောက်
ချင်တာသောက် ကျွန်တော်လည်း
စားရဖို့အရေးကြီးသည်။ဒီရက်ပိုင်း
သိပ်မစားဖြစ်တော့ မျက်စိရှေ့မှာတွေ့
နေတာတွေက ကျွန်တော့်အကြိုက်တွေ
ပဲ။အစ်မမြတ်ပြင်ထားပေးတဲ့ အမြည်း
တွေက အစုံအလင်။မမြတ်က ကျွန်တော့်
ပန်းကန်ထဲကို လှမ်းပြီး ထည့်ထည့်ပေး
နေတယ်။ကျွန်တော်ရှိနေမှန်းသိလို့တဲ့
အစ်မမြတ် ဝယ်လာပေးတာတွေက
အများကြီးပဲ။
ကျွန်တော် သူ့ဘေးမှာ ကပ်ထိုင်ကာ
ဘောလုံးပွဲကို ဖွင့်ထားသည်မို့ စားရင်း
နဲ့ပဲတီဗီကို အကြည့်မပျက်။
"မင်းကိုအိမ်မှာခေါ်ထားပြီး စစ်ကြောင်း
ဘာမှ မကျွေးဘူးလား"
ကျွန်တော် တစ်ချက်လေးမှမနားပဲ
စားနေသည်ကို ဘေးက ကိုဝဏ္ဏက
တအံ့တသြနဲ့မေးသည်။
"ကျွန်တော်တို့ မတည့်ထားဘူး"
"မတည့်ထားဘူးဆိုရင်လည်း ခွာပြီး
နေလေ ဘာလို့အဲ့လောက်ပူးကပ်ပြီး
ထိုင်နေကြတာလဲ။သုံးပေလောက်
ခွာပြီးနေကြ"
အစ်မမြတ်ဘေးက ကိုကျော်ထွန်းက
ကျွန်တော်တို့ထိုင်နေသည်ကို လက်
နှစ်ဖက်ခွာသည့်ပုံစံနဲ့လုပ်ပြပြီး ကျွန်
တော့်ကို လှမ်းစသည်။အစ်မမြတ်က
လည်း ကျွန်တော့်ကိုကြည့်ပြီး ပြုံးစိစိ။
အခုမှပင် ကျွန်တော်သတိထားမိပြီး
ဘေးကသူကို ခိုးကြည့်ရသည်။ဟုတ်
တော့လည်းဟုတ်သည် သူနဲ့ကျွန်တော်
ထိုင်နေတာက ကပ်နေလွန်းလွန်းလို့
ကျွန်တော့်ကိုယ်က သူ့ဘက်ကိုပါ
စောင်းနေသည်။အပြင်မှာ ဆိုင်ထိုင်ရင်
လည်း ဒီလိုပဲထိုင်နေကြမို့ ကျွန်တော်
အကျင့်ဖြစ်နေပြီထင်ပါတယ်။
"ကျ ကျွန်တော်ဒီမှာအရင်ထိုင်နေတာ
ကိုသူကျွန်တော့်ဘေးမှာ လာထိုင်တာ။
ကျွန်တော်က ဘာလို့ရွှေ့ရမှာလဲ သူ
လာထိုင်တာ သူပဲရွှေ့ရမှာ"
ကျွန်တော့်ကိုပြုံးစိစိနဲ့ ကြည့်နေကြတဲ့
သူတွေကို ယောင်လည်လည်နဲ့ ကျွန်
တော်ဘာပြောလိုက် မိမှန်းကို
မသိတော့ပေ။
"ဟုတ်လား။ စစ်ကြောင်း အဲ့တာဆို
လည်း မင်းရွှေ့ပေးလိုက်လေ။ဟိုမှာ
ငိုတော့မယ် ကလေးကို အနိုင်ကျင့်
စရာလား မင်းဖယ်ပေးလိုက်"
ကြောင်အနေတဲ့မျက်နှာနဲ့ ကျွန်တော့်
ကိုစနေတဲ့သူတွေက ရယ်ချင်စိတ်ကို
ထိန်းထားရတဲ့ပုံနဲ့။ကိုကျော်ထွန်းက
အတည်ပေါက်နဲ့ပြောနေတော့ ကျွန်တော်
ဘယ်လိုနေရမှန်း မသိတော့ပါ။ကျွန်တော့်
ကို တစ်မင် ဆေးထိုးပြီးစနေကြတာ။
ဝိုင်းစနေကြတဲ့သူတွေကြားမှာ ရှက်လာ
တာကြောင့် မျက်နှာငယ်စွာ ကျွန်တော်
အနည်းငယ် ဆူပုတ်မလိုဖြစ်နေတုန်း
ဘေးကသူက ကျွန်တော့်ကို ငုံ့ကြည့်
လာသည်။
ကျွန်တော်လည်း သူ့ကိုမျက်နှာငယ်နဲ့
မော့အကြည့်။
"ကိုယ်တစ်ကယ်နေရာ ရွှေ့လိုက်ရမှာလား"
"မသိဘူး ခင်ဗျားသဘောပဲ"
ဆူပုတ်ကာ သူ့ကိုမျက်နှာလွှဲလိုက်မိသည်။
ကိုစစ်ကြောင်းက ကျွန်တော့် ခေါင်းက
ဆံပင်တွေကိုဆွဲဖွလိုက်ပြီး ကျွန်တော့်
ပုခုံးပေါ် သူ့လက်တစ်ဖက်တင်ကာ
သိုင်းဖက်လာသည်။ကျွန်တော်
ရုန်းဖယ်ပေမဲ့ သူမလွှတ်ပေး။
ပြုံးမိသွားသည်ကို ကျွန်တော်အလျင်
အမြန် ခေါင်းငုံ့ကာ ဖုံးကွယ်လိုက်ရချိန်
အားလုံးရဲ့ အားပေးသံတွေ ကျွန်တော့်
ကို စသံတွေ ဆူညံသွားသည်။အရမ်း
ရင်းနှီးနေကြတဲ့ သူတွေမို့သာပင်။
မျက်နှာပူလိုက်တာ။ကျွန်တော်တော့
ရှက်လို့သေတော့မှာပဲ။
ကျွန်တော်တို့ ရန်ဖြစ်ပြီး ပြန်တည့်သည့်
အထိမ်းအမှတ်ပါတဲ့။သူ့ကိုသောက်ခိုင်း
ကြတာ သူလည်းမကြိုက်ရှာဘူးဆိုတော့
ဘယ်နှစ်ခွက်တွေမှန်းတောင် ကျွန်တော်
မသိတော့ဘူး။ဒါလည်း ကိုမင်းစစ်ကြောင်း
တို့က အေးဆေးပဲ။မူးဖို့နေနေသာသာ
ကျွန်တော့်ကိုဖက်ထားတဲ့လက်က
အားမလျှော့ စတိုင်တောင်မပျက်။
သူတို့ကသောက် ကျွန်တော်နဲ့
မမြတ်က စားနဲ့ ဟုတ်တော့ဟုတ်နေ
တာပဲ။ဒါပေမဲ့ ကျွန်တော်လည်း
အသက်မပြည့်သေးပေမဲ့ ယောကျာ်း
လေးပေမို့ နည်းနည်းပါးပါးစမ်းကြည့်
ချင်လာသည်။
အခြေအနေကြည့်ပြီး စားပွဲပေါ်က
ဘီယာဘူးကို ကျွန်တော် လက်လှမ်း
တော့ သူကအလျင်အမြန်ပင် ကျွန်တော့်
လက်ကို ဆွဲကိုင်လာပြီးတားသည်။
"ဘယ်ကို လိုက်ကိုင်နေတာလဲ"
"ကျွန်တော်လည်း သောက်ကြည့်ချင်လို့"
"မရဘူး"
ကျွန်တော် မျက်နှာငယ်နဲ့ကြည့်လိုက်
သော်လည်း သူက သဘောတူမည့်ပုံမပေါ်။
"ခင်ဗျားကလည်း"
"မရဘူး အသက်ပြည့်မှ"
ကျွန်တော့်ကို ငုံ့မိုးပြီးပြောလာသူကို
အလိုမကျစိတ်ကြောင့် မျက်နှာလွှဲပြီး
သူဖက်ထားတဲ့လက်တွေထဲက ရုန်း
ထွက်လိုက်သည်။သူကျွန်တော့်ကို
ပြန်မဖက်တော့ပေမဲ့ မျက်နှာကိုတော့
လိုက်ကြည့်နေသည်။
ကျွန်တော့်ထက် ငယ်တဲ့သူတွေတောင်
သောက်နေကြတာပဲဟာကို သူက
ဘာတွေစိုးရိမ်နေတာလဲ။သူ့မျက်လုံး
ထဲမှာ ကျွန်တော်ကကလေးပဲ ထင်ပါတယ်။
ကိစ္စမရှိ။ကျွန်တော့်ကို သူဘီယာပေး
မသောက်လည်း အစ်မမြတ်ဝယ်လာတာ
ကျွန်တော် တွေ့ထားတာရှိတယ်။
ညက တစ်ဖြည်းဖြည်းနက်လာပါသည်။
အနေအေးတဲ့ ကိုရန်နိုင်က အရက်
သောက်ပြီးတာနဲ့ စကားအလွန်များမှန်း
ကျွန်တော် သိလိုက်ရသည်။မရှိတဲ့
ရည်းစားကိုလွမ်းနေပြီး ဒီအကြောင်း
အရာကိုပဲ ထပ်ခါတလဲလဲပြောနေတဲ့
ကိုရန်နိုင်ကို အစ်ကိုကျော်ထွန်းက
ဟေ့ရောင် မင်း ဘာညာနဲ့ အမူးသမား
အချင်းချင်းထပ်ရစ်သည်။အစ်မမြတ်က
တော့ ဘေးကနေဖုန်းနဲ့မှတ်တမ်းတင်
ထားပြီး ဆေးထိုးဖို့ပြင်နေသည်။အဲ့ဒီမှာ
ဂီတာကိုပိုက်ပြီး တစ်ယောက်ထဲ
လက်စွမ်းပြနေတာက ကိုဝဏ္ဏ။အခု
လေးတင်ဖုန်းပြောထားတဲ့ ရည်မွန့်ကို
လွမ်းနေတာလား ဘာလားတော့မသိ။
ကိုရန်နိုင်နဲ့ ကိုကျော်ထွန်း မပြီးမစီးနိုင်
ရစ်နေကြတာကိုကြည့်ပြီး ကျွန်တော့်မှာ
ရယ်လိုက်ရတာ မျက်ရည်တွေတောင်
ထွက်သည်။
ကျွန်တော့်ဘေးက သူကတော့ သောက်နေဆဲ။
"အိပ်ချင်နေပြီလား"
သူကျွန်တော့်ကို ကြည့်ပြီးမေးလာတော့
ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။
တစ်ကယ်လည်း အိပ်တော့အိပ်ချင်နေပြီ။
"အပေါ်မှာ အရင်သွားတက်အိပ်မလား"
"ဟင်အင်း"
အိပ်ချင်နေတဲ့မျက်နှာနဲ့ ဖြစ်နေတဲ့
ကျွန်တော့်ကိုသူကြည့်နေပြီး သူ့ပုခုံး
တစ်ဖက်ကိုပုတ်ပြသည်။
"ကိုယ့်ကို မှီပြီး အရင်အိပ်လိုက်"
သူ့ကို မှီခိုင်းတော့ ကျွန်တော်သူမမြင်
အောင် ပြုံးလိုက်ပြီး ဆိုဖာပေါ်
ခြေထာက်တင်ကာ အနောက်ဆုတ်
ထိုင်ပြီး သူ့ကျောပြင်ကို မသိမသာ
တစ်ကိုယ်လုံး မှီလိုက်တယ်။
တစ်ခြားသူတွေလည်း သူတို့ဘာသာ
မူးနေကြတာဆိုတော့ ကျွန်တော်တို့ကို
လိုက်မစနိုင်တော့ဘူးလေ။
"ကျွန်တော့်ကို ဂီတာတီးပြ သီချင်းဆိုပြပါလား"
သူ့ကျောပြင်ကို ကျွန်တော်မျက်နှာအပ်
ထားပြီး သူ့ကိုယ်ကိုမှီထားကာ
အနောက်ကနေ ခပ်တိုးတိုးပြောလိုက်
တယ်။
သူကြားရဲ့လား ကျွန်တော်သေချာမသိ။
ဒီအတိုင်းငြိမ်နေမိတုန်း သူကိုဝဏ္ဏဆီက
နေဂီတာကို လှမ်းတောင်းလိုက်တာကို
မြင်လိုက်တော့ ကျွန်တော်ပြုံးလိုက်မိပြီး
သူ့ကျောပြင်မှာ မျက်နှာအပ်ကာ ငြိမ်နေ
လိုက်တော့သည်။
ဂီတာကြိုးကိုညှိနေတဲ့ ကိုစစ်ကြောင်းကို
ကျွန်တော် လုံးဝမကြည့်ရဲ။အခုချိန်မှာ
ကျွန်တော် ရင်တွေတုန် နေလွန်းလို့ပါ။
"ငါ ဘာ့ကြောင့် ဘာကြောင့် မတွေးမိခဲ့
ဘယ်အရာက ငါ့ဘဝမှာ အကောင်းဆုံး
ဆုလာဘ်လဲ။
ငိုချင်လာတာ သတိထားမိချိန် နင်ထွက်
မသွားဖို့ တောင်းပန်ချိန် ငါတစ်ကယ်
နားလည်ပြီး ငါနားလည်ပြီး။
ငါမငိုတော့ဘူး မင်းလည်းမသွားနဲ့
ဆုလာဘ် ကလေးရယ် တစ်ခါပြန်
အသစ်က စမယ်။
ငါရှင်သန်နေသမျှ တစ်သက်မှာ တစ်ခေါက်
သာ…"
သူက ဆိုနေရင်းနဲ့ ဂီတာသံကို
နောက်ဆုံးတစ်ချက်တီးပြီး အဆုံးသတ်
လိုက်သည်။
ကျွန်တော့် ရင်ထဲမှာ နေရခက်စွာ
ဘယ်လို ဖြစ်နေသည်မသိတော့ပေ။
နောက်ဆုံးစာကြောင်းကို သူဆက်
မဆိုသွားတာ တစ်ခြားသူတွေ သတိ
မထားမိလိုက်ပေမဲ့ ကျွန်တော်ကတော့
သေချာ သိလိုက်ရတယ်။ခင်ဗျားရယ်။
သူ့ကိုမှီထားရာကနေ ကျွန်တော်ပြန်ခွာ
လိုက်မိပြီး စိတ်ထဲမကောင်းဖြစ်နေချိန်
ကျွန်တော့် ဖုန်းသံကမြည်လာသည်။
ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကို
ထုတ်ပြီး ကျွန်တော်ကြည့်လိုက်တော့
ဖုန်းဆက်လာတဲ့ သူက ကိုဇော်။
ရုတ်တရက် ကျွန်တော် ရင်တွေတုန်
လာကာ မကိုင်ရဲ။အဖေ့ကိုလှည့်ပတ်ပြီး
ပြောထားပေမဲ့ ကိုဇော်ကတော့ ကျွန်
တော်ဘယ်မှာ နေနေလဲသိမှာပဲ။
ကျွန်တော့်အစ်ကိုကို ကျွန်တော်
ဘယ်လိုပြောရပါ့မလဲ။
ဖုန်းကိုကိုင်ကာ ငိုင်နေမိတုန်း
ကိုစစ်ကြောင်းက ကျွန်တော့်ကိုကြည့်
လာပြီး ကျွန်တော့်လက်ထဲကနေ ဖုန်းကို
ဆွဲယူလိုက်သည်။
"ခင်ဗျား ဘာလုပ်မလို့လဲ"
"ကိုယ်ပြောပေးမယ် ဘာမှမဖြစ်စေရဘူး စိတ်ချ"
ကျွန်တော့်ဆံပင်တွေကို ဆွဲဖွသွားကာ
သူကဖုန်းကိုကိုင်ပြီး ဧည့်ခန်းထဲကနေ
ထထွက်သွားသည်။
ကျွန်တော် စိတ်ပူပေမဲ့ မလိုက်သွား
ဖြစ်တော့။ကိုဇော့်ကို ကျွန်တော်ကိုယ်
တိုင်မပြောရဲတာ လည်းပါသည်။
ကိုစစ်ကြောင်းအိမ်မှာ နှစ်ရက်တောင်
လာနေနေတဲ့ကိစ္စ ကျွန်တော်တို့
အကြောင်းကိုသိနေတဲ့ ကျွန်တော့်
အစ်ကိုကို ကြောက်လို့ မျက်နှာပူလို့
ဘယ်လိုပြောရဲပါ့မလဲ။
ကိုစစ်ကြောင်း သေချာပြောပေးမှာပါ
ကျွန်တော် သူ့ကို ယုံတယ်။
_________________________________
_
"ဟယ်လို"
ဖုန်းကိုင်လိုက်ချင်းပင် ခက်ထန်နေသောအသံ။
" ဆုလာဘ် မင်းအိမ်မှာမလား"
"ဟုတ်တယ်"
"ဆုလာဘ် ကဘာဖြစ်လို့ ဖုန်းမကိုင်
တာလဲ ဆုလာဘ်ကိုပြောစရာကိစ္စရှိ
တယ်ငါ့ညီကို အခုဖုန်းပေးလိုက် "
" ၀န်းက သူငယ်ချင်းတွေရောက်နေလို့ စကားပြောနေတယ်ဖုန်းပြောဖို့မအား
သေးဘူး။ ပြောစရာရှိရင်ငါ့ကိုပြော
ထားလို့ရတယ် ၀န်းကိုပြန်ပြောပေးမယ်"
တစ်ဖက်က တစ်ခဏအသံတိတ်သွားသည်။
မတတ်နိုင်။ကိုယ့်မှာလည်းအလျော့
ပေးဖို့လုံး၀စိတ်ကူးမရှိဘူး။
အစ်ကိုဆိုတာကိုသိပေမဲ့ ဒီလူလုပ်ရပ်
တွေကနည်းနည်းစည်းကျော်လာ
သလားလို့။
" ငါ့ညီနဲ့စကားပြောစရာရှိတယ်
အခုဖုန်းလွှဲပေးလိုက်"
"မင်းမဖြစ်မနေပြောစရာရှိရင် ငါ့ကို
ပြောခဲ့လို့ရတယ် ၀န်းကိုအတိအကျ
ပြန်ပြောပေးမယ် ငါ့ကတစ်ဆင့်
ပြောမလား ဒါမှမဟုတ်ဖုန်းချလိုက်
ရမလား"
ညစ်တယ်လို့ပြောချင်ရင်လည်း
ပြောလို့ရတယ်။
ငယ်ငယ်ထဲက ရင်းနှီးလာကြတဲ့သူတွေ
မှန်း ၀န်းကအစ်ကိုတစ်ယောက်
လိုခင်မင်ပြီးအားကိုးမှန်းသိလို့ ကိုယ်
က မသိချင်ယောင်ဆောင်ပြီးအ
ကြိမ်ကြိမ်အလျော့ပေးထားတာ။
အခူတစ်လော ကိုယ်နဲ့တွေ့ဖို့ချိန်း
လိုက်တိုင်း၀န်းက ဟန်ဇော်ဦးကြောင့်
မအားမလပ်ဖြစ်နေတာကြီးပဲ။
ကိုယ် အဲ့ဒီလောက်ထိသဘောထား
မကြီးပေးနိုင်ဘူး။ကိုယ့်ကောင်လေး
ကိုကိုယ့်အိမ်မှာခေါ်ထားတာ ဘာ
စကားကိုဒီလောက်ပြောချင်နေတာလဲ။
ဒီတစ်ခါတော့ ဘယ်လိုနည်းနဲ့မှအလျှော့
မပေးနိုင်ဘူး။
-----------
သူ့အစ်ကိုနဲ့ဖုန်းပြောပြီး ကိုယ်အိမ်ထဲ
ပြန်ဝင်လာတော့ ဝန်းကို ဆိုဖာပေါ်မှာ
မှောက်ရက်သားနဲ့ မြင်လိုက်ရတယ်။
ဘေးကကောင်တွေကလည်း ကိုယ်
ဝင်လာတာနဲ့။
"စစ်ကြောင်း ဟေ့ရောင် မြန်မြန်လာ"
အနားရောက်မှ ဒီကောင်လေးလှဲနေ
တာကအိပ်နေတာမဟုတ်မှန်း သိသိချင်း
စိုးရိမ်စိတ်တွေက ထိန်းမရ။မျက်လုံးတွေ
တောင် သိပ်မဖွင့်နိုင်တော့ပဲ ဆိုဖာပေါ်မှာ
ကွေးပြီး မှိန်းနေတာ။
"မင်းတို့ကောင်တွေ ဘာတိုက်လိုက်တာလဲ"
"အဖြစ်သည်းမနေနဲ့ ဟေ့ရောင်
မင်းဟာလေး သောက်လိုက်တာ
ကိုလည်း ကြည့်အုံး"
"မြတ်ဆီကနေ ယူသောက်တာ မြတ်
စိတ်ထင် အဲ့လောက်ဖြစ်သွားမယ်
မထင်ဘူး သူသောက်တတ်မယ်ထင်လို့
ပေးသောက်လိုက်တာ"
ကျော်ထွန်းကောင်မလေး ပြတာကို
ကိုယ့်ကြည့်လိုက်တော့ ဒီကောင်လေး
သောက်လိုက်တာက spyအနီ ပုလင်း။
ကိုယ်သွားတာမှ အချိန်ခဏလေး
ဘယ်နှစ်ပုလင်းတောင် သောက်လိုက်
တာလဲ။စိုးရိမ်စိတ်တွေ လျော့သွားပေမဲ့
ကိုယ့်မှာ ရယ်ရမလို သနားရမလိုနဲ့။
spy သောက်ပြီး ရီဝေဝေဖြစ်နေတယ်
ဟုတ်လား။ဒီကလေးနဲ့တော့။
"ကလေးက သူ့စိတ်ထဲမှာ တစ်ခုခု
ဖြစ်နေတယ်ထင်တယ်။ကိုစစ်ကြောင်း
သေချာ မေးကြည့်လိုက်ပါအုံး"
ကျော်ထွန်းကောင်မလေးက မပြန်ခင်
ဘေးကနေ ကိုယ့်ကိုတိတ်တဆိတ်
ပြောတော့ မျက်လုံးတွေမဖွင့်နိုင်ရှာတဲ့
ကောင်လေးကို ကိုယ့်မှာအကြည့်မလွှဲ
နိုင်ဖြစ်ရသည်။
"ငါတို့ပြန်ပြီ သားကြီး။သမိုင်းပေးတာဝန်
အရ ကလေးထိန်းလိုက်ပါအုံး"
ကိုယ့်ပုခုံးကိုပုတ်ပြီး အလိုက်တသိ
ပြန်သွားတဲ့ကောင်တွေကို ဘာမှပြန်
မပြောနိုင်။မျက်နှာတွေရဲတက်နေသည့်
ကောင်လေးကို သေချာကြည့်ရသည်။
တစ်ခါထဲ နှစ်ပုလင်းတောင်သောက်
လိုက်တာ ဒါမျိုးတွေတစ်ခါမှ မသောက်
ဖူးတော့ ရီဝေဝေတော့ဖြစ်နေမှာပဲ။
"ဝန်း"
ရဲတက်နေတဲ့ ပါးပြင်လေးတွေကို
ထိကိုင်ပြီးကိုယ်ခေါ်နေတော့ သူ့ခေါင်း
ကိုဖိနှိပ်နေပြီး တစ်ခဏအကြာမှကုန်းရုံး
ကာ ထထိုင်သည်။
မျက်လုံးတွေကတော့ မပွင့်လာ။
"ကျွန်တော့်ကိုမဆူနဲ့နော် ခင်ဗျားဘီယာ
ပေးမသောက်လို့ ကျွန်တော် လုံးဝ
မသောက်ဘူး လုံးဝပဲ"
"ကိုယ့်ကိုကြည့် အခု ဘာဖြစ်နေလဲ"
"ကျွန်တော့် ကမ္ဘာကြီး ချာချာလည်နေသလိုပဲ"
မျက်နှာလေးကို ငိုမဲ့မဲ့နဲ့ သူ့ခေါင်းကို
လက်သီးဆုပ်နဲ့ ထုရိုက်နေတော့ လက်
တွေကိုကိုယ်အမြန်ဆွဲပြီး ချုပ်ကိုင်ထား
လိုက်ရတယ်။
"ကျွန်တော့်အစ်ကို ဖုန်းဆက်ပြီး
ဘာပြောတာလဲ။ဘာကိစ္စလဲ"
"ဘာမှမဟုတ်ဘူး အရေးမကြီးဘူး။
ကျောင်းဖွင့်ရင် မင်းကိုပြန်ပို့ပေးမယ်လို့
ကိုယ်သေချာ ပြောလိုက်တယ်။စိတ်မပူနဲ့"
"ခင်ဗျား သေချာပြောထားပေးမယ်
ဆိုတာ ကျွန်တော်ယုံလိုက်ပြီနော်။
ကျွန်တော် အိပ်ငိုက်နေပြီ လမ်းမ
လျှောက်နိုင်တော့ဘူး ထင်တယ်"
"အပေါ်ထပ်ကို ကိုယ်ချီသွားရမှာလား"
မျက်လုံးတွေမပွင့်လာပဲ နှုတ်ခမ်းတွေက
နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြီး ခေါင်းညိတ်ပြသည်။
အမူးပါးလေး။
ဆိုဖာပေါ်မှာထိုင်နေတဲ့ ကိုယ်လေးကို
ချီမလိုက်တော့ အလိုက်သင့်ပါလာပြီး
ကိုယ့်လည်ပင်းကို ပြန်လည်တွယ်ဖက်
လာလျက် ပုခုံးပေါ်မေးလေးပါတင်လာ
သည်။ပုံမှန်အချိန် ကိုယ်ချီရင်မကြိုက်
သလိုနဲ့ အခုတော့ ငြိမ်လို့။
လှေကားပေါ်တက်လာတဲ့တစ်လျှောက်
လည်း ကိုယ့်ကိုဖက်ထားလိုက်တာမှ
တင်းတင်းကြပ်ကြပ်ပဲ။ကလေး လိုမူးနေ
တော့လည်း တစ်မျိုးချစ်ဖို့ကောင်းနေပြန်ရော။
အခန်းထဲရောက်တာနဲ့ ကုတင်ပေါ်
ကိုယ်ချပေးမယ် လုပ်တော့မဆင်းပဲနဲ့
အတင်းပဲ ကုပ်ကပ်ပြီးကိုယ့်ကိုမလွှတ်
တမ်း ဖက်တွယ်ထားသည်။မသိရင်
ကြောင်လေးတွေ တွဲလဲခိုနေသလိုပင်။
"ဘာဖြစ်လို့လဲ"
"ကျွန်တော် မအိပ်ချင်သေးဘူး"
အမူးသမားလေးကတော့ စရစ်ပြီ။
မအိပ်ချင်သေးဘူး ဆိုတော့လည်း
ဒီကောင်လေးကို ချီထားရက်သားနဲ့
ကုတင်ပေါ် ကိုယ်ထိုင်လိုက်ရတော့
သည်။ဝန်းကတော့ ကိုယ့်အပေါ်မှာ
ခွထိုင်လျက်သားနဲ့ အောက်မဆင်းပဲ
ပုခုံးပေါ်ခေါင်းလေး တင်ထားလျက်ပင်။
ကလေးပေါက်စ ဆီကဝင်သက် ထွက်
သက် နွေးနွေးကိုပါ ခံစားနေရတယ်။
ပုံမှန်အချိန်ဆို ဖက်ထားချင်လို့ကိုယ့်
အပေါ်မှာထိုင်ခိုင်းရင် သိပ်မနေချင်ပဲ
ရှက်နေတတ်တဲ့ကောင်လေးက အခု
လုံးဝကို မလှုပ်မယှက်နဲ့ နေနေတာ။
ဒီအမူးသမားလေးက လူပေါ်က
မဆင်းချင် ဘူးပေါ့လေ။
သဘောတကျနဲ့ ကိုယ်သေးသေးလေး
ကို ဖက်ထားရင်းပင် ဆံပင်တွေကို
ပွတ်သပ်ပေးတော့ ရင်ခွင်ထဲကနေ
ကိုယ့်ကို မျက်နှာငယ်နဲ့ မော့ကြည့်လို့
လာတယ်။
"ဘာပြောချင်လို့လဲ"
"လက်နာနေတယ်"
"ဘယ်နားမှာလဲ ကိုယ့်ကိုပြ"
"ဒီနားမှာ ညနေတုန်းက လှေကားပေါ်
ကပြုတ်ကျတာ"
သူ့လက်လေးကို ထုတ်ပြလာပြီး
မျက်နှာလေးက ငိုမဲ့မဲ့။
"ကိုယ်မေးတုန်းက ဘာမှမဖြစ်ဘူးဆို"
မျက်နှာလေးကိုငုံ့သွားပြီး ကိုယ့်ရင်ဘတ်
ကိုသူ့ခေါင်းလေးနဲ့တွန်းတိုက်ကာ
ပွတ်သပ်လာတာက ကြောင်လေးတွေ
လိုပင်။
ဘယ်လိုတွေ ချွဲနေတာလည်းကွာ။
ကိုယ်တော့ သေတော့မှာပဲ။
ရင်ခွင်ထဲမှာ ဂျီကျနေတဲ့ ကောင်လေးကို
အသည်းယားလွန်းစွာနဲ့ မလွှတ်စတမ်း
ပင်ကိုယ်ဖက်ထားလိုက်တော့ ငြိမ်သက်
ပေးလို့နေသည်။ကိုယ့်ရင်ခွင် ထဲမှာ
ငြိမ်သက်စွာနေနေပြီး ဒီကောင်လေး
မအိပ်ချင်သေးလို့ ဂျီကျနေတယ် ထင်
လိုက်သော်လည်း တစ်ခဏအကြာ
ကြားလိုက်ရတဲ့ ရှိုက်သံခပ်သံတိုးတိုး။
ဝန်းကို ဖက်ထားရာကနေ ရင်ခွင်ထဲက
အမြန်ထုတ်ကြည့်ရသည်။မျက်နှာကို
အတင်းငုံ့ထားပြီး ကိုယ်မမြင်အောင်
မျက်ရည်တွေကို အလျင်အမြန်ဖိသုတ်
နေတဲ့ကောင်လေးက ရုတ်တရက်ကြီးမို့
ကိုယ့်မှာ စိုးရိမ်စိတ်တွေနဲ့။
"ဘာဖြစ်လဲ ဘာလို့ငိုတာလဲကိုယ့်ကိုပြော"
အတင်းမေးတော့မှ ရှိုက်သံမပြယ်သေးပဲ
ကိုယ့်ကိုကြည့်လာတာက သူ့အတွက်
အားကိုးတကြီးလို။
"ကျွန်တော် ဝမ်းနည်းတယ်"
ဆို့နင့်နေတဲ့အသံလေး။သူ့မျက်လုံးကို
လက်နှစ်ဖက်နဲ့အတင်း ဖိပွတ်ပြီး
မျက်ရည်တွကို ခပ်ကြမ်းကြမ်းသုတ်ပစ်
တော့ကိုယ် အလျင်အမြန်ပင်ဆွဲယူ
လိုက်ရတယ်။
"ဘာဖြစ်လို့လဲ ကိုယ့်ကိုပြော"
ပါးပြင်နှစ်ဖက်ကို ထိကိုင်ပြီး မေးရင်း
ကိုယ့်မှာစိုးရိမ်စိတ်တွေ အဆမတန်ဖြစ်
လာရသည်။
ကိုယ့်ကိုမျက်ရည်တွေဝဲပြီး ကြည့်နေတဲ့
ကောင်လေးကစကားသံတွေ ထွက်လာဖို့
အတော်ကြာမှ။
"ကျောင်းသွားရတာ ကျွန်တော်
ပင်ပန်းတယ် ကျွန်တော့်ကို ကြည့်ကြတယ်"
မျက်ရည်တွေနဲ့ ခေါင်း ပြန်ငုံ့သွားတဲ့
ကောင်လေးကို ကိုယ်လိုက်မတားဖြစ်တော့။
ကိုယ်ကိုတိုင်လည်း ငြိမ်ကျသွားရသည်။
ဒီလောက်ဆို ကိုယ်သိလိုက်ပြီ။ကျောင်း
ပြန်ဖွင့်တဲ့အချိန်ထဲက ဒီကောင်လေး
အတွက် စိုးရိမ်ခဲ့ပေမဲ့တစ်ကယ်တမ်း
ကိုယ့်ရှေ့မှာ အဆင်ပြေသလိုပဲနေပြခဲ့
တော့ ကိုယ်လည်းအစကနေပြန်မပြော
ချင်တာမလို့ ထုတ်မမေးခဲ့ဘူး။
ဒီကောင်လေးက ပြောပြဖို့ခက်ခဲခဲ့မှာပဲ။
"ကိုယ့်ကိုကြည့် ပင်ပန်းနေမယ်ဆိုတာ
ကိုယ်သိတယ်။တအားပင်ပန်းနေလို့
ဒီမှာမတက်ချင်တော့ဘူး ဆိုရင်လည်း
ကိုယ်လုပ်ပေးလို့ရတယ်။ဒါပေမဲ့ ဒီကိစ္စ
ကအမှန်တွေမှ မဟုတ်တာ ဝန်းကဘာ
အပြစ်မှမလုပ်ထားဘူးလေ ဘာကို
ကြောက်နေမှာလဲ။ကိုယ်ကတော့ ဝန်းကို
စိတ်ဓာတ်ကြံ့ခိုင်တဲ့ ကောင်လေးတစ်
ယောက်ဖြစ်စေချင်တယ်။ကိုယ်မင်းကို
ဘယ်လို သင်ပေးထားလဲ"
စကားအဆုံး ကိုယ့်ကိုမော့ကြည့်လို့
လာတဲ့ မျက်ဝန်းတွေ။
"ယောကျာ်းလေးဆိုတာ ပြဿနာတစ်ခု
ကိုမျက်နှာချင်းဆိုင် ဖြေရှင်းရဲရတယ်"
မျက်ရည်တွေနဲ့ ပြန်ဖြေပေးတဲ့
ကောင်လေးကို ကြည့်ရင်း ကိုယ့်မှာ
သူနဲ့ထပ်တူ ခံစားနေရသည်။
ဒီကောင်လေးကို ကိုယ် ဘယ်လိုလုပ်ပေးရပါ့မလဲ။
"ဝန်းက တော်ပြီးသားလေ။ဒါကိုလည်း
သတ္တိရှိရှိနဲ့ ဖြတ်ကျော် နိုင်လိမ့်မယ်လို့
ကိုယ်ယုံတယ်။ကိုယ့်ကောင်လေးက
တော်ပြီးသား။တစ်ကယ်လို့ တအား
ပင်ပန်းနေရင် ဘာကိုမှမတွေးနဲ့ အခုလိုပဲ
အချိန်မရွေး ကိုယ့်ဆီကိုတည့်တည့်မတ်
မတ်သာ လာခဲ့။ကိုယ်ပြောတာ နားလည်လား"
ငြိမ်သက်လို့ နေတဲ့ကောင်လေးရဲ့
ပါးပြင်ပေါ်ကမျက်ရည်တွေကို တစ်ဖွဖွ
သုတ်ပေးတော့ ကိုယ့်ကို ငေးလို့သာ
နေသည်။
"ကျွန်တော် ခင်ဗျားကိုတွဲခဲ့တာ ခင်ဗျား
ပိုင်ဆိုင်မှုတွေကို မက်လို့ လုံးဝမဟုတ်
ပါဘူး။အဲ့တာကို ခင်ဗျား သိတယ်ဟုတ်
သိတယ်မလား"
ကိုယ့်ကို မျက်နှာငယ်လေးနဲ့ တိုင်တည်
နေတဲ့ ကောင်လေး။
"ဘယ်သူတွေက ဘာပြောလို့လဲ"
"ပြီးတော့ကျွန်တော်တို့ ပတ်သက်မှုကို
လူကြားထဲ မထုတ်ပြရဲတာ ကျွန်တော်
ကြောက်နေလို့ သတ္တိမရှိလို့လည်းပါ
ပေမဲ့ ခင်ဗျားကျွန်တော့်ကြောင့်သိက္ခာ
ကျမှာလည်း စိုးရိမ်လို့ပါ။ကျွန်တော့်နမယ်
ကရာနှုန်းပြည့် မဖြူစင်တော့ဘူးလေ"
သူ့ပါးပြင်ပေါ်က မျက်ရည်တွေကို
သုတ်ပေးနေတဲ့ ကိုယ့်ရဲ့လက်တွေ
ချက်ချင်း ရပ်တန့်သွားရသည်။
အကြည့်ချင်းဆုံနေရင်း ဒီကောင်လေးကို
သနားလွန်းစွာ အခုချိန် ကိုယ့်မှာဘာမှ
မပြောနိုင်တော့အောင်ပဲ။
"ကျွန်တော် အားငယ်တယ်။ခင်ဗျားနဲ့
အတူတူရှိချိန်တွေဆို တစ်ခါတစ်လေ
ကျွန်တော်အလိုလိုနေရင်း ကိုယ့်ကို
ကိုယ်သိမ်ငယ်တယ်။အဲ့ဒီကိစ္စက
ဘယ်လောက်ပဲ ကျွန်တော့်ဘက်က
မှန်နေပေမဲ့ လူကြားထဲရောက်ရင်
အလိုလိုနေရင်း ကျွန်တော့်ကိုဘယ်လို
ထင်နေကြမလဲဆိုပြီး ကိုယ့်ကိုကိုယ်
လိပ်ပြာမလုံတော့သလိုပဲ။ကျွန်တော်တို့
အကြောင်းကို တစ်ခြားသူတွေသိသွားရင်
ခင်ဗျားကချမ်းသာလို့ ကပ်လိုက်ပြန်ပြီ
လားလို့ လူတွေကျွန်တော့်ကို ထင်ကြ
မှာကျွန်တော်ကြောက်တယ်။ခင်ဗျား
ကျွန်တော့်ကြောင့် သိက္ခာကျမှာလည်း
စိုးရိမ်တယ်"
နဂိုထဲက သူပိုင်ဆိုင်တဲ့ သနားစရာ
မျက်ဝန်းလေး။အခုတော့ မျက်နှာငယ်
လေးက ပို၍ပင် မကြည့်ရက်စရာ။
ဒီအားငယ် မှေးမှိန်နေတဲ့မျက်ဝန်းတွေ
တောက်ပစေဖို့ ကိုယ်ဘယ်လိုတတ်စွမ်း
ရမလဲ။
"ကိုယ် တောင်းပန်တယ်နော်"
ခံရခက်လွန်းစွာ ကိုယ်သေးသေးလေး
ကိုရင်ခွင်ထဲထည့်ပြီး သိမ်းကြုံးဖက်
ထားမိသည်။အခုမှပထမနှစ် စတက်နေ
တဲ့ကလေး သူ့ဘဝကိုသူကြိုးစားပြီးနေ
နေတဲ့ကလေး။ရှေ့ဆက်ရမဲ့ဘဝလမ်း
ကအရှည်ကြီးကျန်သေးတယ် ဒီကောင်
လေးကျမှ ဘာလို့လဲ။
"မဟုတ်ဘူး ကျွန်တော်တောင်းပန်ရမှာ
ကျွန်တော်က ခင်ဗျားဘေးမှာနေဖို့
လိုအပ်ချက်တွေ အများကြီးရှိတဲ့အပြင်
ကျွန်တော့်မှာရှိတဲ့ သိက္ခာတရားလေး
ကတောင် မပြည့်စုံခဲ့ဘူး"
ရင်ခွင်ထဲမှာ ငြိမ်သက်ပေးနေပြီး
တစ်ခဏအကြာမှ မျက်နှာလေးပဲ
ဖော်လာလျက် နှစ်ကိုယ်ထဲကြားရုံ
အသံခပ်တိုးတိုး။ကိုယ့်မှာ ရင်ထဲမဆန့်။
ကိုယ် ဘယ်လိုလုပ်ပေးရပါ့မလဲ။
ဒီကောင်လေးက ဒါကိုသူ့စိတ်ထဲမှာ
ထုတ်လို့မရအောင် ဖြစ်နေခဲ့ပြီ။
"အဲ့လိုမတွေးရဘူးလေ။ဝန်းကကိုယ့်
အတွက် ဘယ်လောက်တောင်အဖိုးတန်
လိုက်လဲ။ကိုယ့်မှာလည်း လိုအပ်ချက်တွေ
ရှိတာပဲ"
"ခင်ဗျားတွဲခဲ့တဲ့ ကောင်မလေးတွေက
အလန်းလေးတွေ ချည်းပဲလေ။အစ်မ
နန်းမူယာဆိုလည်း အရမ်းချောပြီး
ကျွန်တော့်ထက် အများကြီးသာတယ်"
"ကိုယ့်ကိုကိုယ်ဘာလို့ တစ်ခြားသူတွေ
နဲ့လိုက်ယှဉ်နေတာလဲ။ကိုယ်လိုအပ်
တာ ပြီးပြည့်စုံနေတဲ့သူမဟုတ်ဘူး
ကိုယ်က မင်းကိုပဲလိုအပ်တာ။အဲ့တာ
တွေ မတွေးနဲ့တော့နော်။ကိုယ့်ကို
တစ်ကယ်စိုးရိမ်တယ်ဆိုရင် ကိုယ်တို့
နှစ်ယောက်ကြားမှာ အဲ့ဒီမပြည့်စုံဘူး
ဆိုတဲ့အတွေးတွေကို ဖျောက်ထားပေး။
ဝန်းက ကိုယ့်ကိုကိုယ်အဲ့လိုမျိုး ကိုယ့်
ဘေးမှာနေဖို့ လိုအပ်ချက်တွေရှိတယ်လို့
တွေးလေ ကိုယ်တို့တစ်ဖြည်းဖြည်းဝေး
လေပဲ။ကိုယ့်အတွက် ဝန်းက ဘယ်သူနဲ့
မှယှဉ်စရာ မလိုဘူး။ကိုယ့်ကို စိုးရိမ်တယ်
ဆိုရင် ဒီအတိုင်းလေးပဲ ကိုယ့်အနားမှာ
ရှိနေပေး။ကိုယ်အများကြီး မတောင်းဆို
ပါဘူး။တစ်ခုခုလုပ်တော့မယ် ဆိုရင်
ကိုယ်ကမင်းရဲ့သက်ဆိုင်သူ ဆိုတာ
မမေ့နဲ့။အဲ့တာလေးပဲ ကိုယ်မင်းကို
တောင်းဆို ချင်တယ်"
ပြောသမျှကို ငြိမ်ငြိမ်သက်သက်
နားထောင်ပေးနေပြီးမှ မဆိုင်းမတွပင်
ခေါင်းလေးကို ငြိမ့်ပြသည်။
"ဟုတ်"
"ပြောလိုက်ရင် တစ်ဟုတ်ဟုတ်နဲ့ ပြီးရင်
လုပ်ချင်ရာကို လုပ်တာပဲ။မင်းမျက်နှာကို
ကြည့်ပြီးနေနေရတဲ့ ကိုယ့်ကိုလည်း
သနားပါအုံး"
အားမရစိတ်နဲ့ မျက်နှာငယ်လေးကို
ကြည့်ပြီး ပြောရသည်။
တစ်ဖြည်းဖြည်း အငိုတိတ်သွားတဲ့
ကလေးက သူ့ဆံပင်လေးတွေကို
ထိကိုင်တော့ မျက်နှာလေးက ပိုငယ်
သွားပြီး ကိုယ့်ကိုလိုက်ကြည့်နေလေရဲ့။
"ကိုကို့"
ခြွေပါအုံး။ဒီကောင်ကို ဘယ်လောက်တောင်များ။
"ကိုယ့်ကို အဲ့လိုမကြည့်နဲ့"
"ဘာလို့လဲ ကျွန်တော်ဘာလုပ်မိလို့လဲ ကိုကို"
ကိုယ့် အကျီ ၤစကိုဆွဲပြီး မျက်နှာငယ်လေး
ကို လုပ်ပြနေတဲ့ပုံကိုက။စိတ်ကို ထိန်း
ထားရတယ်ဆိုတာ ဒီအမူးသမားလေး
သိမှာမဟုတ်။
ချစ်ဖို့ကောင်းအောင် ရစ်တတ်လွန်းလို့
ဒီကောင်လေးကို နောက်တစ်ခါတွေဆို
ကိုယ်မပါပဲ ရီဝေဝေဖြစ်စေဖို့ ခွင့်မပြုနိုင်
အောင်ပဲ။
"ကိုကို မကြိုက်တာ ကျွန်တော် မလုပ်
တော့ပါဘူး။ကျွန်တော့်ကို စိတ်ပျက်ပြီး
ထားမသွားပါနဲ့နော်"
"အဲ့ဒီစကား ဘယ်သူကပြောရမှာလဲ။
ကိုယ့်ဘက်ကတော့ သေရင်တောင်
မဖြစ်လာနိုင်ပေမဲ့ ဒီစိတ်မမှန်တဲ့ လူဆိုး
လေးကိုပဲ"
ချွဲတတ်နေတဲ့ကလေးကို အသည်းယား
လွန်းစွာနဲ့ သူ့ပါးလေးတစ်ဖက်ကိုဖြစ်ညှစ်
လိုက်တော့ မျက်နှာလေးက ဆူပုတ်ပုတ်။
"ကျွန်တော်က ထွက်သွားချင်ရင်တောင်
ကိုကို ခင်ဗျားကပေးသွားမှာ မို့လို့လား။
အခုတောင် ကျွန်တော့်ကို အိမ်ထဲမှာ
ချုပ်ထားပြီးတော့"
မျက်နှာငယ်လေးကို ကြည့်ပြီး ကိုယ်
တစ်ခဏ ဘာမှ မပြောနိုင် ဖြစ်သွားရ
သည်။ကလေးက နားမလည်သေးဘူး
ဆိုတာ သိပေမဲ့ ကိုယ့်ဘက်မှာအရှိုက်
ကိုထိသည်။
ရင်ဘတ်ထဲမှာ ဝင်ရောက်လာတဲ့
ဆိုးရွားလှသည့် ဝေဒနာက ကိုယ့်ကို
ခံရခက်အောင်ပဲ။
"ဟုတ်တယ် ကိုယ်မင်းကိုဘယ်တော့မှ
ကိုယ့်ဘဝထဲက ထွက်သွားခွင့်ပြုမှာ
မဟုတ်ဘူး။မင်းကို သော့ခတ်ပြီး အိမ်
ထဲမှာ ပိတ်ထားမှာ။ကိုယ်က အဲ့လိုလူပဲ။
ကိုယ့်ကိုကြောက်ရင် လိမ်လိမ်မာမာနေ"
ကိုယ့်ရင်ဘတ်ကို သူ့ခေါင်းလေးနဲ့
တွန်းတိုက်ကာ ချွဲတော့သည်။
ကလေးပေါက်စ ရစ်သမျှကိုခံလိုက်ရပြီး
ညနက်မှအိပ်ပျော်သွားတဲ့ ကောင်လေး
ကိုစောင်ခြုံပေးရင်း စောင့်နေပေးရသည်။
အမူးသမားလေးကတော့ အေးချမ်းစွာ
အိပ်ပျော်သွားခဲ့ပြီ။ဒီအတိုင်း ဘေးမှာ
ထိုင်ကြည့်နေပြီး နဖူးလေးကို ကိုယ်နမ်း
လိုက်ရင်း မျက်နှာလေးကို ကြည့်မဝ။
ကိုယ်က မင်းအမြင်မှာ အတင်းအကြပ်
လုပ်ယူတတ်တဲ့ သူဖြစ်နေပြီလား။
မင်းမသိပါဘူး မင်းကိုယ့်ကိုသနားစရာ
ကောင်းအောင် တစ်ချက်လေးပဲကြည့်
လိုက်ရုံနဲ့တင် အဲ့ဒီမျက်ဝန်းတွေကို
ကိုယ်မလွန်ဆန်နိုင်မှန်း မင်းမသိပါဘူး။
ကိုယ့်ဘဝမှာ မပိုင်ဆိုင်တဲ့ အရာတစ်ခု
ကိုတစ်ဖတ်သတ်ဆန်ပြီး ချည်နှောင်
ထားချင်ခဲ့တာ မင်းတစ်ယောက်ထဲပါ
ကလေးရယ်။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••