365 days with Demon Lords

By HazerPrive

35.4K 564 31

ပထမဆုံး စရေးတယ့် fic လေးမလို့ အမှားပါခဲ့ရင် လိုအပ်ချက်တေေွရှိခဲ့ရင် ကြိုပြီးတောင်းပန်ပါရစေခင်ဗျ Typing က အဆ... More

Intro Uni code ver
Intro Zawgyi ver
Episode 1: The Beginning

Episode 1:The Beginning

3.5K 124 7
By HazerPrive

Unicode ver
လြန္ခဲ့သော  နှစ်ပေါင်း ၂၀ ခန့် ၌
နတ်မျိုးနွယ်  များနှင့် မိစ္ဆာ မျိးနွယ် ကြားတွင် ပဋိပက္ခများကြောင့် မရဏ စစ်ပွဲ ကြီးဖြစ်ပွား
ခဲ့လရော ဆေးကုခြင်း နတ်သမီး maria သည် အသက်လုရင်း
စစ်ပွဲတွင်းမှ လွတ်မြောက်လာ၍  လူသားများနေထိုင္သော လောက ထဲသို့ ရောက္ရှိလာခဲ့သည္

Maria:ငါရောက်နေတာ ဘယ်နေရာကြီးလည်း လူလောကရဲ့ လယ်ကွင်းပြင် တစ်ခုထဲမှာပဲကိုး

ဒဏ်ရာတွေအပြင်းထန်ရ၍ နတ်သမီး အတောင်ပံများ ပျက်စီးကုန်ပြီပဲ

ဘာပဲဖစ်ဖြစ်အသက်ရှင်နေတာပဲ ဒဏ်ရာတွေ မပျောက်ခင် ဒီနေရာမှ ခနလောက် ပုန်းခိုနေတာ အန္တရာယ်အကင်းဆုံးပဲ နောက်မှ နတ်မျိုးနွယ် စုထဲကိုပြန်ရမယ်

အခုတော့ ငါနေဖို့ထိုင်ဖို့အတွက် နေရာတစ်ခုရှာမှာပဲ

လမ်းလျောက်လာရင်း တစ်နေရာ အရောက်တွင် မီးမှိန်ပျပျလင်းနေသော အိမ်တစ်လုံးကို တွေ့၍ ဝမ်းသာအားရလျောက်သွားပြီး အိမ်တံခါးကို ခေါက်၍

အိမ်ပိုင်ရှင်တို့ အိမ်ပိုင်ရှင်တို့ အိမ်ပိုင်ရှင်တို့.......ဟူ၍ တံခါးစတင်ခေါက်လိုက်လေရာ

ခနအကြာတွင် အိမ်ထဲမှ ဓာတ်မီးကိုင်၍ အဖွားအိုတစ်ဦးနှင့် အိမ်ဖော်ကောင်မလေးနှစ်ယောက်ထွက်လာကာ

အဘွားအို:ဒီအချိန်ကြီးမှ ဘယ်သူလာတာပါလိမ့် ငါ့သားကလည်း အလုပ်ကိစ္စ နဲ့ ခရီးသွားတာ မနက်မှပြန်ရောက်မှာ ဧည့်သည်များလား

ဟဲ့ မိန်းကလေးတစ်ယောက်ပဲ သူ့ကြည်ရတာလည်း ဒဏ်ရာတွေ နဲ့ ဒုက္ခရောက်လာတာထင်တယ်

ဆေးရုံဆေးခန်းကလည်း လှမ်းတော့ ဒီညကို ဒီမှာပဲ နေခိုင်းလိုက်ပါ့မယ်လေ

ဟဲ့.. သမီးလေး အဆင်ရောပြေရဲ့လား သမီးကြည့်ရတာ ဒဏ်ရာတွေ နဲ့ ဘယ်က နေဘယ်လို ဒီကိုရောက်လာတာလည်း

သမီးနာမည်လေးက ဘယ်လိုခေါ်လည်း ကွယ့်

ငါဘယ်ကလာတယ် ဘယ်သူဆိုတာ အမှန်တိုင်း ပြောပြလို့ မဖြစ်ဘူး ငါလေ့လာဖူးတယ့် လူသားလောက ဝတ္ထုထဲက အတိုင်း လိမ်ထားတာ ပိုကောင်းမယ်

Maria:  အဖွား ကျမနာမည်က
မာလာ ပါ

ကျမကို လူဆိုးတွေလိုက်ဖမ်းနေလို့ ထွက်ပြေးရင်း ဒီကိုရောက်လာတာပါ

ကျမရဲ့မိထွေးက ဥစ္စာပစ္စည်းတွေ လောဘတတ်ပြီး  ကျမအဖေကိုလုပ်ကြံပြီး လူဆိုးတွေငှါးပြီး သတ်ခိုင်းတာ ကျမလည်း ထွက်ပြေးရင်း မျက်စိလည် လမ်းမှားပြီး ဒီကိုရောက်လာတာပါ  ကျမကိုကူညီပါဦး ရှင် ကျမဒီမှာ အလုပ်လုပ်ပြီး ခနလောက် နေလို့ရမလား ဟင်

အဖွားအို: ရပါတယ် သမီးရယ် ဒုက္ခရောက်နေတာ့်လူကို ကူညီပေးတာ ကုသိုလ်တောင် ရပါတယ်  ကွယ်

ဟဲ့ မိတုတ် ဒီက သမီးလေးကို အခန်းတစ်ခန်းပေးပြီး လိုအပ်တာတွေ လုပ်ပေးလိုက်ပါဦးကွယ်

မိတုတ်:
ဟုတ်ကဲ့ပါ အရီး မိတုတ် လုပ်ပေးလိုက်ပါမယ် စိတ်ချပါအရီး

ညဥ့်နက်နေပြီ ဆိုတော့ အရီးလည်း နားတော့လေ နော်

မမ လာ မိတုတ်တွဲပေးမယ် မမ နေရမယ့်အခန်းကို ပြမယ် မိတုတ် ကိုတွဲပြီး ထနော်

Maria: ကျေးဇူးပါပဲ ညီမလေး

မိတုတ်:ဒါ မမနေရမယ့်အခန်းပဲ ရေချိုးခန်းပါပါတယ် မမ

ဒါက ဆေးအိတ် မမရေချိုးပြီးရင် ဆေးထည့်လိုက်နော်

မိတုတ်က မမ ရဲ့ဘေးက အခန်းမှာနေတာ တစ်ခုခုလိုအပ်တာရှိရင် မိတုတ်ကို ခေါ်လိုက်နော်

အကိုလေးက မနက်မှ ခရီးကပြန်ရောက်မှာ မနက်အကိုလေးကို ကြိုဖို့အတွက် ပြင်ဆင်ရမှာမလို့ မိတုတ် အိပ်တော့မယ်နော်

Maria: အခုလို ပြည့်ပြည့်စုံစုံနေစရာပေးတာနဲ့တင် အားနာနေပါပြီ မိတုတ်ရယ် ကျေးဇူးလည်းတင်ပါတယ်

ဒါနဲ့ မိတုတ် အကိုလေးဆိုတယ့်တစ်ယောက်ရဲ့ နာမည်က ဘယ်လိုခေါ်လည်း

မိတုတ်:Ko Thiha တယ့် မမ

Maria: ကိုသီဟတယ့်လား ဟုတ်ပါပြီ မိတုတ်လည်း ပင်ပန်းနေမှာပေါ့ နားလေ

မိတုတ်: ဟုတ်

နောက်တစ်နေ့မနက်ခင်းသို့ရောက်သော အခါ

Thiha: အမေရေ အမေရေ သားပြန်ရောက်ပြီ ဗိုက်ဆာတယ် ဘာရှိလည်း အမေ

အဘွားအို: ငါသားလေးကြိုက်တတ်တယ့် နန်းကြီးသုပ်ပြင်ထားပါတယ် ရှင်

ကဲ လာသား ပင်ပန်းလာပြီလား

Thiha: သိပ်မပင်ပန်းပါဘူး အမေရဲ့ သား က ဒီတခါ အလုပ်စောစောပြီးလို့
ပြန်ရောက်တာမြန်တာ အမေရ

ထိုစဉ်
ဆံပင်ရွှေဝါရောင် လေးများဝဲကာ လှေကားပေါ်မှ တစ်လှမ်းချင်း ဆင်းလာတယ့် ကောင်မလေးကို သီဟ မြင်သွားသည်

ခနတာ သူမဧ။် အလှကိုကြည့်ရင်း တွေဝေနေရင်းမှ ရုတ်တရက်

ဒါနဲ့အမေ လှေကားပေါ်ကဆင်းလာတယ့် ကောင်မလေးက ဘယ်သူလည်း အမေ

အော် သားကိုမိတ်ဆက်ပေးရဦးမယ်

သူ့နာမည်က မာလာ တယ့် ဒုက္ခရောက်နေလို့ ခနကူညီထားတာ

Maria:ကျမ နာမည် မာလာပါ

တွေ့ရတာဝမ်းသာပါတယ် ကိုသီဟ

အခုလိုကူညီပေးလို့ ကိုသီဟတို့ကို ကျေးဇူးတင်ပါတယ်

ကျေးဇူးဘယ်လိုဆပ်ရမှန်းမသိအောင် အားနာလွန်းလှပါပြီ

Thiha : ကိုယ်နာမည်ကိုသိတာလား

Maria: မိတုတ်ပြောပြလို့ သိတာပါ အကို

Thiha: အင်းပါ မာလာရယ် အဲ့လောက်အားနာစရာ ကျေးဇူးတင်စရာ မလိုပါဘူး အကိုက လည်း အမေတစ်ခု သားတစ်ခု ဆိုတော့ မောင်နှမလို ချင်ခဲ့တာ အခုတော့ ညီမလေးတစ်ယောက်ရတယ့်လို့ပဲ သဘောထားလိုက်ပါ့မယ်ဗျာ အမေလည်း အဖော်ရတာပေါ့

မာလာကိုခေါင်းလေးကို ပုတ်ကာ
ဘာမှအားနာစရာ မာလာ နေချင်ရင်တစ်သက်လုံးနေလည်း ရတယ်ဟုတ်ပြီလား

အဲ့လိုနဲ့ တစ်နှစ်အကြာ အဖွားအို မကွယ်လွန်ခက် အဖွားအို နောက်ဆုံး
ဆန္ဒအရ မာလာ နဲ့ သီဟ လက်ထပ်ခဲ့ကြသည်

Maria:ကိုသီဟ ကျမ ဗိုက်နာတယ် မွေးတော့မယ် ထင်တယ်

Thiha: မိန်းမ ခနတော့ သည်းခံပါ ဆေးရုံရောက်တော့မှာပါ

Maria မှာ နတ်မျိုးနွယ် ဖြစ်သော်လည်း အားနည်းချက်တစ်ခုရှိသည် အဲ့အရာမှာနတ်မျိုးနွယ်တို့သည်
မျိုးနွယ်တူ မဟုတ်သော ယောကျာ်းနှင့် လက်ထပ်၍ ကိုယ်ဝန်ရလို့ ကလေးရလာလျှင် ကလေးသို့မဟုတ် အမေတစ်ဦးတည်းသာ အသက်ရှင်မည်ဟူသော အားနည်းချက်

သို့သော်လည်း မိခင်တစ်ဦးက သားသမီးများကို အသက်ပေး၍ စွန့်လွှတ်အနစ်နာခံ ချစ်တတ်သည်မှာ အမှားဟူ၍ မရှိ မိမိသေရမည်ကိုသိသော်လည်း ယောကျာ်းဖြစ်သူ သီဟ ကို ဖုံးကွယ်၍ လျှိ့ဝှက်ထားခဲ့သည်မှာ မိမိဘယ်သူ ဘယ်ဝါ ဘယ်ကလာသလည်းကအစ ပြောလို့မရ၍ ဖြစ်နေသောကြောင့် လိမ်ညာခဲ့သည်

အခုကလေးမွေးရတော့ မည့် အချိန်ထိပင်

ဆေးရုံရောက်အဝရောက်သော်

မိန်းမ ခနလေးပါနော် ခွဲခန်းထဲရောက်တော့မှာပါ

အားတင်းထားနော် ဘာမှမကြောက်နဲ့ ယောကျာ်းတစ်ယောက်လုံးရှိတယ်

ကိုသီဟ ကျမ တစ်ခုလောက်မှာချင်တယ် တစ်ကယ်လို့ ကျမ အသက်မရှင်ခဲ့ရင် ကလေးကိုစောင့်ရှောက်ပေးပါ နော်

မိန်းမရာ အဲ့လို နမိတ်မကောင်းတယ့်စကားတွေမပြောပါနဲ့လား

ခနပဲသည်းခံပါနော်

ခွဲခန်းထဲရောက်သေယအခါ ကျန်တယ်လူတွေထွက်ပေးပါ

၃ နာရီအကြာတွင်

ကိုသီဟ ရှိပါသလား

ဟုတ်ကဲ့ပါ ရှိပါတယ် ဆရာ ကျနော်မိန်းမ ကော ကလေးကော အဆင်ပြေရဲ့လား

ယောကျာ်းလေးမွေးပါတယ် ကိုသီဟ

မိခင်အတွက်ကတော့
စိတ်တော့မကောင်းပါဘူး မိခင်ကတော့ ကလေးမွေးရင်း အသက်ဆုံးရှုံးသွားပါတယ်

ဗျာ ဟုတ်ရောဟုတ်ရဲ့လား ဗျာ

မဖြစ်နိုင်ဘူးနော် ဆရာ

ဆရာနောက်နေတာမလားဟင်

နောက်နေတာမလား

ဟုတ်တယ်မလား

စိတ်ထိန်းပါ ကိုသီဟ ကျနော်တို့လည်း အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်

ခေါင်းစိုက်ကာ ကြမ်းပြင်ပေါ်ကို ဒူးထောက်ကျသွားရင် ပါးပြင်ပေါ်ကို စီးကျလာသော မျက်ရည်များနှင့် ဝမ်းနည်း စိတ်ထိခိုက်လွန်သောကြောင့် အသံပင်မထွက်နိုင်အောင် တစ်ခွန်းထဲ သော စကားမှာ

မာလာ မင်းကိုယ့်ကိုထားခဲ့ပြီလားကွာ

စိတ်မာသော ယောကျာ်းတစ်ယောက်ဖြစ်သည့်တိုင် ချစ်ရသူက သားလေးတစ်ယောက်နှင့်ထားခဲ့ သောအခါ မျက်ရည်များဟာ မိုးစက်များပမာ ကျဆင်းလာခဲ့သည်

၇ ရက်ပြည့် ရောက်၍ ရည်လည်ဆွမ်းသွပ်ပြီးသောအခါ

မာလာ စိတ်ချပါ ကိုယ် သားလေးကို အသက်နဲ့ရင်းပြီး စောင့်ရှောက်ပါ့မယ်

သုတ သားလေး သားဘေးမှာ အဖေတစ်ယောက်လုံးရှိတယ် ငါ့သားလေးပျော်ရွှင်ဖို့အတွက်အ​ဖေဘာမှမဆိုဖြည့်စည်းပေးပါ့မည်

လေးနှစ်ကြာသော အခါ ။

ဦးသီဟမှာ စီးပွားရေး အဆင်ပြေလာ၍ချမ်းသာ လာခဲ့သည်

သားလေးကို စောင့်ရှေက်ရန်အတွက် နန္ဒာဟူသော ခပ်ငယ်ငယ် ခပ်ချောချော နောက်မိန်းမ ယူလိုက်ရာကာမှ ဒုက္ခများမှာ ဘဝထဲသို့် မဖိတ်ပဲ ရောက်လာတော့မည်မှ ဧကန်မလွဲဖြစ်လေသည်

နောက်မိန်းမ မှာ အသုံးဖြုန်းကြီးသည်
ယောကျာ်းနောက်ကွယ်တွင် ဖဲရိုက်သည် လောင်းကစားကိုခုံမက်သူတစ်ဦးပင်

သုတကိုလည်း ကလေးထိန်း အိမ်ဖော်နှင့်သာပစ်ထားပြီး တစ်နေကုန်အပြင် သွားနေတတ်သည်

ယောကျာ်းရှေ့တမျိး ကွယ်ရာတစ်မျိုး မျက်နှာများတတ်သော မြေခွေး မ ကို ဦးသီဟသည် အလုပ်ကိစ္စ များကြောင့်ရိပ်မမိခဲ့

မိန်းမ အကို အလုပ်ကိစ္စ မန်းလေးကိုညတွင်းချင်းသွားရမယ် သားလေးကိုစိတ်ချထားမယ်နော်

စိတ်ချပါကျားကျားရဲ့ ကျမက သားလေးကို အရမ်းချစ်တာသိရဲ့သား

ပြန်လာရင်သာ လက်ဆောင်မမေ့နဲနော် ကျားကျား

မေ့လာရင်
စိတ်ကောက်မှာနော် သိရဲ့လား ခိခိ ခစ်ခစ်..... အာဘွား မွ

ကဲပါ ကိုယ်သွားတော့မယ်နော်

မြန်မြန် ပြန်လာခဲ့ နော် လွမ်းနေမှာ
သိလား အဟင့် အဟင့် ဟန်ဆောင်မျက်ရည်များဖြင့် မင်းသမီးရှုံးအောင် သရုပ်ဆောင်ချက်ပီပြင်လှ ပေဧ။်

ဦးသီဟမှာ တော့ ဒါတွေကိုမသိရှာ ပျော်နေလေဧ။်

ရန်ကုန် မန္တလေး အမြန်လမ်း တစ်နေရာတွင် အရှေ့မှား ကား... ကား ရှောင်လိုက်ရာ.....



Continue Reading

You'll Also Like

356K 10.9K 89
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
338K 19.4K 73
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...
993K 17.8K 80
"ᴵ'ᵐ ⁿᵒᵗ ᵗʰᵉ ᵍᵒᵒᵈ ᵍᵘʸ ˢⁱᵉⁿⁿᵃ, ʳᵉᵐᵉᵐᵇᵉʳ ᵗʰᵃᵗ. ᴵ ᵈᵒ ʷʰᵃᵗ ᴵ ʷᵃⁿᵗ, ᴵ ᵗᵃᵏᵉ ʷʰᵃᵗ ᴵ ʷᵃⁿᵗ. ᴬⁿᵈ ᴵ ʷᵃⁿᵗ ʸᵒᵘ." 𝘚𝘪𝘦𝘯𝘯𝘢 𝘸𝘢𝘴 𝘵𝘩𝘦 𝘭𝘢𝘴𝘵 𝘰𝘯𝘦 𝘴𝘵𝘢...
1M 18.4K 43
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...