ခေါင်းရင်းက ပြတင်းပေါက်ကနေတဆင့် နေရောင်စူးစူးက မျက်နှာပေါ်ကိုကျရောက်လာခဲ့သည်။ ပြန့်ဖြူ းနေတဲ့ မျက်ခုံးလေးတစုံကတွန့်ချို းလာခဲ့သည်။ နေရောင်စူးစူးကို အံတုရင်း ရိပေါ်နိုးထလာခဲ့သည်။
ထဖို့ကြိုးစားလိုက်တော့ စူအောက်လာတဲ့ အောက်ပိုင်းတနေရာကြောင့် ဘုန်းကနဲပြန်လဲကျသွားသည်။ အသံကြောင့် ဘေးနာအိပ်နေတဲ့သူက နိုးလာခဲ့သည်။
ဘာဖြစ်ခဲ့တာတုန်း
ငါဘာမှမသိဘူး
ငါဘာမှမမှတ်မိဘူး
မဟုပ်မှလွဲရော ဒီအခြေအနေ
ဒီအခြေအနေက မေးစရာမလိုအောင်ကို သိသာနေပြီ
"ရိပေါ်.."
"ရိပေါ်လို့.."
"ရိပေါ်..ကော.ကောလေ"
"ခန .."
ဝညာည်လွင့်နေသလို တနေရာထဲကိုစိုက်ကြည့် ပြီးကြောင်ကြောင်တောင်တောင် ထိုင်ထိုင်နေတဲ့ ရိပေါ်ကို အသာလေးခေါ်နေမိသည်။ တကယ်မုန်းများသွားပြီလား လို့စဉ်းစားမိတော့ ခေါင်းတခုလုံးပူထူလာသည်။
ရိပေါ်ဘက်ကတုန့်ပြန်မှုကို ရှောင်ကျန့် စိတ်ရှည့်ရှည်နဲ့စောင့်နေမိသည်။
တော်တော်ကြာအောင် တနေရာထဲကိုသာစိုက်ကြည့်ပြီး ထိုင်နေပြီးမှ နောက်ဆုံးရိပေါ်ထရပ်လိုက်သည်။ ဖြည်းဖြည်းချင်းထရပ်လိုက်သော်လည်း ညကကြမ်းထားတဲ့ဒါဏ်ကြောင့် ယိုင်ယိုင်သွားသည်။ ရှောင်ကျန့် ဆွဲပေးဖို့လှမ်းလိုက်ပေမယ့် ရိပေါ်ရဲ့စကားကြောင့် လက်တွေက လမ်းတဝက်မှာတင်ရပ်တန့်သွားရသည်။
"ကျနော်ကော ခင်ဗျားကော ယောက်ျားလေးတွေပဲ ဘာမှမဖြစ်ခဲ့သလိုပဲထားလိုက်ရအောင်"
ပြောပြီး အကျီဝတ်ကာထွက်သွားတဲ့ သူ့ကိုဆွဲမထားမိ
...
အဲ့ဒီနေ့ကစပြီး ကျန့်ကောကိုသိသိသာသာရှောင်နေခဲ့တာတပါတ်ပင်ရှိနေ ပြီဖြစ်သည်။ တအိမ်ထဲနေပြီးမတွေ့အောင်ရှောင်ရတာလွယ်တဲ့ ကိစ္စဆော့မဟုပ်။ မနက်အစောကြီးထပြီး သူမနိုးခင် ကျောင်းသွားရတာ အရမ်းပင်ပန်းသည်။ ကျန့်ကောနဲ့မျက်နှာချင်းမဆိုင်ချင်သေးဘူး။
မနက်အစောကြီးထပြီးကျောင်သွားဖို့ပြင်လိုက်တယ်။ ကံမကောင်းချင်တော့ အခန်းထဲကအထွက် အခုမှနိုးလာတဲ့သူနဲ့ ထိပ်တိုက်ဆုံသည်။
"အစောကြီးပါ့ပဲ"
"အင်း"
မျက်နှာကိုတောင် စေ့စေ့မကြည့်ဘဲ တခါးဝကိုသွားကာ ဖိနပ်ကိုသာ အာရုံရနေသောကောင်လေးက ရှောင်ကျန့်ကို တကယ်ဒေါသထွက်စေသည်။
"ရိပေါ် မင်းငါ့ကိုရှောင်နေတာလား"လက်တဖတိကိုလှမ်းဆွဲပြီးမေးလိုက်သည်။
"မဟုပ်တာ ကျန့်ကော ..ကျနော်ချိန်ထားတာရှိလို့သွားရတော့မယ်" လက်ကိုဆွဲဖြုတ်ကာပြန်ဖြေပြီးအိမ်ထဲကနေထွက်လာလိုက်သည်။
"ရိပေါ်" ရိပေါ်နောက်ကို လိုက်ထွက်လာရင်းနဲခေါ်လိုက်သည်။ ရိပေါ်က သွားနေရကနေရပ်လိုက်ပြီး ခေါင်းလေးကိုနဲနဲ သူဘက်ကိုစောင်းလိုက်သည်။
"မင်းငါ့ကိုအဲ့လောက်တောင်မုန်းလား အဲ့နေ့ကကိစ္စမကြေနပ်ဘူးဆိုလည်း ငါ့ကိုပြန်လုပ်လို့ရတယ် ငါလက်ခံမယ် အရင်လည်းတခုဆိုတခုပြန်လုပ်ရမှကြေနပ်တာမဟုပ်လား
အခုကဘာလိုရှောင်ပဲနေတာလဲ"
ရိပေါ်လက်သီးကို ကျစ်ကျစ်ဆုပ်ထားမိသည်။ ရုတ်တရပ် ရှောင်ကျန့်ဘက်ကိုလှည့်လာပြီး မျက်နှာရှေ့ကိုလျှောက်သွားလိုက်သည်။
"ကျနော်က ဘာမှမဟုပ်ဘူးလို့ပြောနေတယ်လေ ကျနော်ကရှေင်နေရင် ခင်ဗျားလည်းရှောင်နေလိုက်ပေါ့ ကျန့်ကော ခင်ဗျားကဘာတြွေဖစ်ချင်နေလို့လဲ"
ရှောင်ကျန့်အံကြိတ်ပြီး အော်ပြောနေတဲ့သူ့ရဲ့မေးခွန်းတွေကို ဖြေဖို့အဖြေရှာမရခဲ့ဘူး။ထွက်သွားတဲ့ ကျောပြင်ကိုသာ ငေးကြည့်နေမိသည်။
ဘတ်စ်ကားမှတ်တိုင်ရှေ့မှာ ထိုင်ပြီး ငေးမှိုင်နေမိသည်။အခုတလော ခန္တကိုယ်ကထူးဆန်းနေသည်။ အရမ်းစိတ်အခြေအနေမကောင်းလို့ထင်သည်။ စားချင်စိတ်လည်း မရှိဘဲ ခေါင်းကအမြဲလိုလိုနောက်ပြီး လူကအားမရှိသလိုဘဲ။
ကြာလေပိုဆိုးလေပဲ
အခုဆို တပါတ်နှစ်ပါတ်မကတော့ စိတ်အခြေအနေကကြာလာတော့ သက်သာနေပေမယ့် ခန္တကိုယ်ကတော့မဟုပ်။
"ရိပေါ်ရား ဘာဖြစ်နေတာတုန်း မင်းနေ့လည်စာမစားတာ နှစ်ပါတ်လောက်ရှိနေပြီ အခုလည်းမလိုက်ပြန်ဘူး အဆင်ပြေရဲ့လား"
ကန်တင်းကိုမလိုက်တာများလာတော့ ဟောက်ရွှမ်းက စိတ်ပူပြီးမေးလာသည်။ ရိပါ်ကတော့ ခုံပေါ်မှာမှောက်အိပ်နေရင်း ခေါင်းတောက်ထောင်မကြည့်ပေ။
"ကျောင်းဆင်ရင် ငါနဲ့ခနလိုက်ခဲ့ ဆေးခန်းသွားအောင်"
ညနေကျောင်းဆင်းဟောက်ရွှမ်းနဲ့ဖန်ရှင်းတို့နှစ်ယောက်သား ရိပေါ်ကိုအတင်ဆွဲခေါ်ကာ ဆေးခန်းကိုခေါ်လာခဲ့သည်။ လမ်းတလျှောက်လုံး တရွတ်တိုက်လိုက်လာသော ရိပေါ်ကြောင့် သေသာသေချင်မိတော့သည်။လမ်းတဝက်လောက်ရောက်တော့ ဖန်းရှင်းက ဖုန်းဆက်ခေါ်ခံရပြီး ဟောက်ရှွမ်းနဲ့ပဲဆေးခန်းကို လိုက်ခဲ့ရသည်။
"ရိပေါ် ..ေဟောက်ရွှမ်း"
"ဟာကျိုးချန်ကော"
"ဆေးခန်းကိုဘာလုပ်လာတုန်း"
ဆေးခန်းရှေ့မှာကျိုးချန်ကောနဲ့ဆုံမိပြီး ရိပေါ်နေမကောင်းကြောင်းပြောဖြစ်သွားသည်။ ကျိုးချန်ကောလည်း ဂရုစိုက်ဖို့ပြောပြီးပြန်ထွက်သွားတယ်။
3237 words
6.9.2020