ချစ်မိသူ အရှုံး ( Completed)

By thin_zar_moe_oo

217K 16.5K 675

📣( Season 1 + 2 ) Completed. Boy's Love Story . Own Creation . Thin Zar Moe Oo. More

part - 1
part-2
part - 3
part-4
part - 5
part-6
part-7
part-8
part-9
part-10
part-11
part-12
part-13
part-14
part-15
part-17
part-18
part-18 ( Zawgyi)
part-19
part-20
part-21
part-22
part-23
part - 24
part-25
part-26
part-27 (Final)
(Season 2) part - 1
S2 ( part - 2)
s2 ( part - 3)
s2 ( part - 4)
S2 ( part - 5)
S2 ( part - 6 )
S2 ( part - 7)
S2 ( part - 8 )
s2 ( Final )

part-16

4.9K 426 14
By thin_zar_moe_oo

Unicode

ချစ်မိသူ အရှုံး

(အခန်း - ၁၆ )

ထိုစဥ် မဒီက သူတို့ရှေ့သို့ ရောက်လာသည် ။

" မိုးသောက်ယံ ၊ ရုပ်ရှင်သွားကြည့်တာ ဘာလို့ မဒီ့ကို မခေါ်ရတာလဲ ဟွန့် "

မဒီက နှုတ်ခမ်းစူပြီး ငယ်ပေါင်းကြီးဖော်တွေလို သူ့ကို ရင်းရင်းနှီးနှီး ပြောသည် ။

"ကိုယ် မခေါ်တာပါ ။ ဒီရက်တွေ မဒီ မအားတော့ တစ်ရ
က်လောက်ဖြစ်ဖြစ် အနားယူလို့ရအောင်ပါ "

သူ့အစား ရှိုင်းက မဒီ့ကို အေးဆေးတည်ငြိမ်စွာ ဝင်ပြောသည် ။

"မဟုတ်တာ ။ မဒီက ရှိုင်းနဲ့သာ အတူရှိမယ်ဆိုရင် နည်းနည်းလေးတောင် မပင်ပန်းဘူး"

မဒီက ပြုံးရယ်၍ ပြောပြီး ရှိုင်း၏ လက်ကို တွဲလိုက်သည် ။
မိုးသောက်ယံ၏ ရင်ထဲ စူးခနဲ နာကျင်သွားသည် ။ ဆက်၍ မကြည့်နိုင်တော့တာကြောင့် မျက်နှာလွှဲလိုက်သည် ။

"ကိုတို့ ခုဘယ်သွားကြဦးမှာလဲဟင် "

မဒီက ချွဲ့နွဲ့သည့် လေသံဖြင့် မေးသည် ။

"မုန့်သွားစားကြမလို့ "

"ဟုတ်လား ။ ဒီနားမှာ မဒီ စားနေကျ ဆိုင်ရှိတယ် ။ သွားကြမလား ကို "

မဒီက ရှိုင်းကို ကြည့်၍ မေးသည် ။ ထိုအခါ ရှိုင်းက အဖြေမပေးသေးဘဲ မိုးသောက်ယံကို ကြည့်သည် ။

"အင်း သွားမယ်လေ "

မိုးသောက်ယံက ပြောပြီး သူတို့ရှေ့မှ လျှောက်လာခဲ့သည် ။ သူ့ ရင်ထဲမှာ တင်းကျပ်ပြီး တကယ်ကို စိတ်ပင်ပန်းလွန်းလှသည် ။

***********
"ရော့ ကို နည်းနည်းလောက် စားကြည့်နော် ။ ဒါလေး ကောင်းတယ် "

မဒီက ချောကလက်ကိတ်မုန့်ကို ဇွန်းဖြင့် ဖဲ့၍ ရှိုင်းကို လှမ်းခွံ့သည် ။ ရှိုင်းက မစားသေးဘဲ မိုးသောက်ယံကို မျက်နှာပူစွာ လှမ်းကြည့်သည် ။

မိုးသောက်ယံသည် မမြင်သလိုဟန်ဆောင်ပြီး ခေါင်းငုံ့၍ Bubble Tea ကိုသာ သောက်နေသည် ။ သို့သော် မဒီက ရှိုင်းကို ချွဲ့နွဲ့၍ ပြောဆိုနေသည်ကိုတော့ သူ့နားက ကြားဖြစ်အောင် ကြားသည် ။

"Toilet ခဏ သွားလိုက်ဦးမယ် "

မိုးသောက်ယံ ဝမ်းနည်းစိတ်ကို ထိန်းချုပ်ရင်း ဟန်ဆောင်နေရသည်မှာ စိတ်ပင်ပန်းလှတာကြောင့် ခွင့်တောင်း၍ ထွက်ခဲ့သည် ။ သန့်စင်ခန်းထဲ ရောက်သော် ရေအေးနှင့် မျက်နှာသစ်လိုက်သည်။ အေးစက်စက်ရေက အရေပြားက ထိတွေ့လာခဲ့သော်လည်း ရင်ထဲက အပူမီးတွေကတော့ မငြိမ်အေးနိုင်ခဲ့ပေ ။ ထို့နောက် သက်ပြင်းရှိုက်၍ ထွက်လာခဲ့သည် ။

"မဒီ "

မဒီက သန့်စင်ခန်းနားမှာ ရပ်နေသည် ။ သူ့ကို မြင်တော့ မကျေမနပ်သည့် မျက်ဝန်းတွေနှင့် စူးစူးရဲရဲ ကြည့်သည် ။ ထို့နောက် သူ့ရှေ့ကို တစ်လှမ်းချင်း လျှောက်လာသည် ။ မျက်နှာချင်းဆိုင်ရပ်ကာ နှုတ်ခမ်းကို တစ်ချက်မဲ့ပြီး ပြောသည် ။

"ဒါ ဘာသဘောလဲ မိုးသောက်ယံ။ ဘာလို့ ငါ့ ရည်းစားနဲ့ နှစ်ယောက်တည်း ရုပ်ရှင်ကြည့်ဖို့ ဆုံးဖြတ်ရတာလဲ "

"ယောကျာ်းလေးနှစ်ယောက် ရုပ်ရှင်အတူ ကြည့်တာ ဘာထူးဆန်းလို့လဲ "

မိုးသောက်ယံ မျက်နှာခပ်လွှဲလွှဲနှင့် ပြန်မေးလိုက်သည် ။ ထိုအခါ မဒီက ခနဲ့သလို လှောင်ရယ်လေသည် ။

"အဟင်း.. ယောကျာ်းလေးနှစ်ယောက် သွားလာတာက တကယ်တော့ မထူးဆန်းပါဘူး ။ နင် ဖြစ်နေလို့ ထူးဆန်းသွားတာ ။ နင် ရှိုင်းကို ကြည့်တဲ့ အကြည့်တွေကို ငါ မမြင်ဘူးထင်နေလား မိုးသောက်ယံ ။ စတွေ့တဲ့နေတည်းက နင် ရှိုင်းအပေါ် မရိုးသားဘူးဆိုတာ ငါ သိခဲ့ပြီးသား ။ ရှေ့ဆက်ဖို့ မကြိုးစားနဲ့ ။ ရှိုင်းက ငါ့ ချစ်သူ ။ မကြာခင် စေ့စပ်တော့မှာ ။ နောက်ပြီး နင်က ယောကျာ်းလေးတစ်ယောက် ။ ဒီလောက်ဆို သဘောပေါက်သင့်တယ် "

မဒီ့၏ နောက်ဆုံးစကားက သူ့အရှိုက်တည့်တည့်ကို ထိမှန်သွားစေသည် ။ မဒီက မျက်စောင်းရွယ်၍ လှည့်ထွက်သွားသည် ။ မိုးသောက်ယံသည် နှုတ်ခမ်းကို ဖိကိုက်ရင်း နံရံကို မှီလိုက်သည် ။ ဝမ်းနည်းစိတ်ကို ထိန်းချုပ်ရင်း ဖုန်းကို ထုတ်လိုက်သည် ။ သူ သည်နေရာက အမြန်ဆုံး ထွက်သွားချင်သည် ။ သူ့ကို မဒီကြည့်သည့် စက်ဆုပ်ရွံရှာသလို အကြည့်တွေကို ရင်မဆိုင်ချင်တော့ပေ ။ ရှိုင်း နှင့် မဒီတို့ ကြည်နူးနေကြတာကိုလည်း ဆက်ကြည့်နေဖို့ရာ သူ့အသည်းက ထင်သလောက် မမာပေ ။

ဝေယံက ခရီးထွက်သွားတော့ သူ့ကို ဘယ်သူက လာခေါ်ပေးမှာလဲ ။ မိုးသောက်ယံသည် စဉ်းစားနေရင်း အဂ္ဂမင်းကို သတိရသွားသည် ။ ထို့နောက် contact list မှ ဖုန်းနံပါတ်ကို ခေါ်လိုက်သည် ။ တစ်ဖက်က ဖုန်းဝင်ပြီးသည်နှင့် ချက်ချင်းပင် ဖြေသည် ။

"ထူးထူးဆန်းဆန်း ကိုယ့်ကို ဖုန်းစဆက်လို့ပါလား မိုးသောက် "

ဝမ်းသာပျော်ရွှင်သော လေသံက ဖုန်းထဲမှ ထွက်ပေါ်လာသည် ။

"ကိုအဂ္ဂ "

"ဘာဖြစ်လို့လဲ မိုးသောက် ၊ တစ်ခုခု ဖြစ်လို့လား ။ အသံလည်း မကောင်းဘူး "

မိုးသောက်ယံသည် ဝမ်းနည်းနေသည့်ကြားမှ ပြုံးမိသွားသည် ။

"ကိုအဂ္ဂ ကျွန်တော့်ကို အခု လာခေါ်လို့ရမလား "

အဂ္ဂမင်းထံမှ စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားသည် ။ ထို့နောက် ချက်ချင်းပင် အဖြေပေးသည် ။

"သေချာတာပေါ့ ။ နေရာပြော ။ ကိုယ် အခုထွက်လာခဲ့မယ် "

သူ ရှိနေသည့်နေရာကို ပြော၍ ဖုန်းချလိုက်သည် ။ ထို့နောက် အားတင်းကာ ရှိုင်းတို့ဆီသို့ ပြန်လာခဲ့သည် ။

**************
"ကို မဒီ့ကို လိုက်ပို့ပေးပါလားဟင် "

သူတို့ စားသောက်ပြီး ဆိုင်ထဲမှ ထွက်လာသော် မဒီက ရှိုင်း၏ လက်မောင်းကို မှီရင်း ချွဲပစ်ပစ် လေသံဖြင့် ပြောသည် ။

"ဒီနေ့တော့ မဒီ တက္ကစီးငှားပြီး ပြန်လိုက်နော် ။ ယံယံ့ကို ကိုယ်က ခေါ်လာတာ ။ တစ်ယောက်တည်း ပြန်ခိုင်းလို့ ဘယ်ဖြစ်မလဲ "

ရှိုင်း၏ စကားဆုံးတော့ မဒီက မိုးသောက်ယံကို မကျေမနပ် စိုက်ကြည့်သည် ။ မိုးသောက်ယံ သက်ပြင်းရှိုက်၍ ခေါင်းခါလိုက်သည် ။

"မင်း မဒီ့ကို လိုက်ပို့ပေးလိုက်ပါ ။ ငါ ချိန်းထားတာရှိသေးတယ် "

ရှိုင်း၏ မျက်ခုံးတို့ တွန့်ချိုးသွားသည် ။ ထိုအချိန်တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် အဂ္ဂမင်း၏ ကားက သူတို့နား၌ လာရပ်သည် ။

"မင်း ချိန်းထားတာ သူနဲ့လား "

ရှိုင်းက ကားပေါ်မှ ဆင်းလာသူကို ကြည့်ပြီး အေးစက်စက်လေသံဖြင့် မေးသည် ။

"အင်း ။ ငါ သွားတော့မယ် "

ရှိုင်းကို နှုတ်ဆက်ရင်း မဒီ့ကို ဝတ်ကျေတန်းကျေ တစ်ချက်ကြည့်၍ ခေါင်းညိတ်ပြလိုက်သည် ။ ထို့​နောက် အဂ္ဂမင်း ဖွင့်ပေးသော ကားရှေ့အခန်း၌ ဝင်ထိုင်လိုက်သည် ။ ထိုစဥ် ရှိုင်း၏ ဆိုင်ကယ်လေးက ကားရှေ့မှ မောင်းထွက်သွားသည် ။ ရှိုင်း၏ ခါးကို ဖက်ထားသည့် မဒီက သူ့ဘက်ကို လှည့်၍ အောင်နိုင်သူတစ်ယောက်လို ပြုံးပြသွားခဲ့သည် ။

ဒါကို မြင်လိုက်သည့် အဂ္ဂမင်းက မိုးသောက်ယံကို ကြည့်၍ မေးသည် ။

"မင်း အဆင်ပြေရဲ့လား "

"အင်း ၊ ပြေပါတယ် "

"မင်း ကိုယ့်ကို ညာဖို့ မလိုပါဘူး မိုးသောက် ။ စိတ်ထဲရှိတဲ့အတိုင်း ရင်ဖွင့်နိုင်ပါတယ် ။ ဒါမှ မင်း ရင်ထဲ ပေါ့သွားမှာပေါ့ "

မိုးသောက်ယံက ခြောက်ကပ်ကပ်ရယ်ရင်း မျက်ရည်ဝဲလာသည် ။

"ကျွန်တော် အဆင်မပြေဘူး ကိုအဂ္ဂ ။ ရှိုင်းကို ကျွန်တော်မဟုတ်တဲ့ အခြားမိန်းကလေးတစ်ယောက်က ထိတွေ့နေတာကို မြင်နေရတာ အရမ်းမုန်းတယ် ။ ကိုအဂ္ဂ ပြောခဲ့သလို အချိန်တော့ ရှိချင်ရှိပါလိမ့်မယ် ။ ဒါပေမဲ့ အခွင့်အရေးတော့ မရှိလောက်တော့ဘူးထင်ပါတယ် "

မိုးသောက်ယံက စိတ်ပျက်အားလျော့စွာ ပြောပြီး နှုတ်ခမ်းကို ဖိကိုက်ကာ မျက်နှာလွှဲသွားသည် ။ အဂ္ဂမင်းလည်း ငေးကြည့်ရုံသာ တတ်နိုင်ခဲ့သည် ။မိုးသောက်ယံ၏ နှလုံးသားထဲမှ ရှိုင်းအပေါ် ထားရှိသည့် ချစ်ခြင်း မေတ္တာတွေကို ကုန်ခန်းသွားစေချင်သည် ။ ပြီးလျှင် သူ့အချစ်တွေကို မိုးသောက်ယံအပေါ် အပြည့်အဝ ပေးချင်သည် ။ ရှိုင်းကို မေ့ပြီး သူ့ကို ပြန်ချစ်စေချင်သည် ။

ခက်တာက အချစ်ဆိုတာ ဖန်တီးယူလို့ မရခဲ့သော အရာတစ်ခု ဖြစ်နေခဲ့လေသည် ။

⚡⚡⚡⚡⚡⚡⚡⚡⚡

ဝိုင်းစက်စက်လမင်းက တောက်ပစွာ အလင်းပေးနေပြီး ကြယ်လေးတွေဟာ မှိတ်တုတ် မှိတ်တုတ်နှင့် စိန်မှုန်တွေကြဲချထားသလို ကောင်းကင်ယံမှာ တလက်လက်နှင့် တောက်ပနေသည် ။ အေးစက်စက် လေပြေညှင်းက တိုးဝှေ့တိုက်ခတ်နေပြီး ညဟာ တိတ်ဆိတ်ပြီး အေးချမ်းလှပနေသည် ။

ည၏ အလှကို ဥပေက္ခာပြုပြီး မအေးချမ်းနိုင်သူကတော့ မိုးသောက်ယံ ဖြစ်သည် ။ ကုတင်ပေါ်မှာ လဲလျောင်းနေရင်း မျက်လုံးတွေက အသိစိတ်ကင်းမဲ့နေသူလို ကြောင်စီစီနှင့် ။

မိုးသောက်ယံသည် ရုပ်ရှင်ရုံက ပြန်လာသည့်နေ့ထဲက အခန်းထဲမှာ ပြန်၍ အချိန်ပြည့်နေခဲ့သည် ။ ရှိုင်း နှင့် မဒီတို့ စေ့စပ်ပွဲအတွက် ပြင်ဆင်ရင်း ပျော်ရွှင်နေကြသည်ကို မမြင်ချင်၍လည်း ပါသည် ။ အတွေးလွန်နေရင်းမှ နာရီဆီသို့ အကြည့်ရောက်သွားသည် ။ ညနှစ်နာရီ ရှိပြီ ။ နောက်နာရီအနည်းငယ် ကုန်လွန်၍ နေ့သစ်စတင်လျှင် ရှိုင်းကို သူ အပြီးအပိုင် ဆုံးရှုံးရတော့မည် ။ ထိုသို့ တွေးမိတော့ ရှိုင်းကို နောက်ဆုံးအကြိမ်အဖြစ် တွေ့ချင်လာသည် ။

တစ်ကိုယ်လုံး အားမရှိသလို နွမ်းနယ်နေပေမယ့် အားတင်း၍ ကုတင်ပေါ်မှ သူ ထလိုက်သည်။ မိုးသောက်ယံသည် မိမိ အခန်းထဲမှ ထွက်​လာခဲ့သည် ။ ရှိုင်း၏အခန်းရှေ့ရောက်သော် သူအပိုဆောင်ထားသော သော့နှင့် ဖွင့်လိုက်သည် ။ အရင်က ရှိုင်းအခန်းကို သူ စပ်စုရန် ရှိုင်း မသိအောင် သော့အပိုတစ်ခု ကူးထား၍ အဆင်ပြေသွားသည် ။

ကုတင်​​ပေါ်မှာ ရှိုင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်​​ပျော်​​နေသည် ။ သူ့မှာသာ အပူမီး​တွေနှင့် တောက်​​လောင်​​နေခဲ့ရသလောက် ရှိုင်းကတော့ အပူအပင်မရှိ ​အေး​အေးချမ်းချမ်းပင် ။

မိုးသောက်ယံသည် ရှိုင်း၏ ကုတင်​​​ဘေးအစွန်းမှာ ဝင်​ထိုင်​ပြီး ရှိုင်း၏ မျက်​နှာ​လေးကို တရှိုက်မက်မက် ငေးကြည့်နေမိသည် ။ ကြည့်နေရင်းမှ သူ့ အမြင်​အာရုံ​တွေ ​ဝေဝါးလာကာ ကုတင်​​ပေါ်သို့လဲကျသွားပြီး ရှိုင်း၏ ရင်​ဘတ်​​ပေါ်သို့ ကျသွားသည်​။ ထို့​နောက်​ သူ့ အသိအာရုံတို့ ​ပျောက်​ကွယ်သွား​တော့သည်​ ။

​××××××××××××××××××

​ဒေါက်​.... ​ဒေါက်​...ဒေါက် ။

"ရှိုင်း ထ​တော့​လေ ။ မဒီ​ ရောက်​နေတယ်​ကွဲ့ "

"ကို အိပ်​​နေတုန်းထင်​တယ် အန်​တီ "

"ရှိုင်း "

ဆူညံသည့် အသံ​တွေ​ကြောင့် ရှိုင်းသည် အိပ်ရာနိုးလာခဲ့သည်​။ ထိုအချိန် မိမိ ဖက်​ထားမိသည့်အရာမှ ​နွေး​ထွေးသည့် အထိအ​တွေ့​ကြောင့် ရှိုင်း၏ မျက်​လုံးတို့ ပြူးကျယ်​သွားရသည်​။ အလန့်တကြား ကြည့်လိုက်​​တော့ သူ့ ရင်​ခွင်​ထဲမှာ မိုးသောက်ယံက အိပ်ပျော်နေသည် ။ ရှိုင်း ဖက်​ထားသည့်လက်​တို့ ​ပြေ​လျော့သွားသည်​။ မိုးသောက်ယံကတော့ သူ့ရင်​ခွင်​ထဲကို ပို၍ တိုးဝင်​လာသည် ။

ရှိုင်း စက္ကန့်အနည်းထိ အံ့သြမှင်​သက်​သွားပြီးနောက်​ သတိဝင်ကာ မိုးသောက်ယံ၏ ကိုယ်​​လေးကို တွန်းလိုက်​သည်​။ ကုတင်ထောင့်မှာ ဖြစ်သည့်အတွက် မိုးသောက်ယံသည် အောက်သို့ ပြုတ်​ကျမလိုဖြစ်​သွားသည် ။

ထိုအခါ ရှိုင်းသည် မြန်မြန်ဆန်ဆန်ပင် မိုးသောက်ယံကို ပြန်​၍ လှမ်းဆွဲလိုက်​သည်​ ။ ထိုအရှိန်ကြောင့် မိုးသောက်ယံ၏ ကိုယ်​က ရှိုင်း၏ ကိုယ်ပေါ်သို့ ပြန်​ကျလာပြီး မျက်​နှာနှစ်​ခုထိကပ်​သွားသည်​။

ထိုစဥ် မိုးသောက်ယံ နိုးလာခဲ့ပြီး မျက်ဝန်းတို့ ပြူးကျယ်ဝိုင်းစက်သွားသည် ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ခန္ဓာကိုယ်ချင်း ထိကပ်နေရုံသာမက နှုတ်ခမ်းချင်းလည်း ထိကပ်နေခဲ့သည် ။

"ဟင်​ ၊ တံခါးလော့မချထားဘူးပဲ "

ကျွီ!

တံခါးဖွင့်သံနှင့်အတူ အခန်းထဲ ရောက်လာသည့် ဒေါ်ခင်နွယ် နှင့် ​ မဒီတို့သည် အခန်းထဲမှ အခြေအနေကြောင့် မျက်လုံးတွေ ပြူးကျယ်ပြီး အာမေဍိတ်သံကိုယ်စီ ထွက်လာသည် ။

"ဟင်​! "
"အို! "

⚡⚡⚡⚡⚡⚡⚡⚡⚡

ဆက်ရန်

Thin Zar Moe Oo

Thanks for reading. ❤

Zawgyi

ခ်စ္မိသူ အရႈံး

(အခန္း - ၁၆ )

ထိုစဥ္ မဒီက သူတို႔ေရွ႕သို႔ ေရာက္လာသည္ ။

" မိုးေသာက္ယံ ၊ ႐ုပ္ရွင္သြားၾကည့္တာ ဘာလို႔ မဒီ့ကို မေခၚရတာလဲ ဟြန့္ "

မဒီက ႏႈတ္ခမ္းစူၿပီး ငယ္ေပါင္းႀကီးေဖာ္ေတြလို သူ႕ကို ရင္းရင္းႏွီးႏွီး ေျပာသည္ ။

"ကိုယ္ မေခၚတာပါ ။ ဒီရက္ေတြ မဒီ မအားေတာ့ တစ္ရ
က္ေလာက္ျဖစ္ျဖစ္ အနားယူလို႔ရေအာင္ပါ "

သူ႕အစား ရွိုင္းက မဒီ့ကို ေအးေဆးတည္ၿငိမ္စြာ ဝင္ေျပာသည္ ။

"မဟုတ္တာ ။ မဒီက ရွိုင္းနဲ႕သာ အတူရွိမယ္ဆိုရင္ နည္းနည္းေလးေတာင္ မပင္ပန္းဘူး"

မဒီက ၿပဳံးရယ္၍ ေျပာၿပီး ရွိုင္း၏ လက္ကို တြဲလိုက္သည္ ။
မိုးေသာက္ယံ၏ ရင္ထဲ စူးခနဲ နာက်င္သြားသည္ ။ ဆက္၍ မၾကည့္နိုင္ေတာ့တာေၾကာင့္ မ်က္ႏွာလႊဲလိုက္သည္ ။

"ကိုတို႔ ခုဘယ္သြားၾကဦးမွာလဲဟင္ "

မဒီက ခြၽဲ႕ႏြဲ႕သည့္ ေလသံျဖင့္ ေမးသည္ ။

"မုန့္သြားစားၾကမလို႔ "

"ဟုတ္လား ။ ဒီနားမွာ မဒီ စားေနက် ဆိုင္ရွိတယ္ ။ သြားၾကမလား ကို "

မဒီက ရွိုင္းကို ၾကည့္၍ ေမးသည္ ။ ထိုအခါ ရွိုင္းက အေျဖမေပးေသးဘဲ မိုးေသာက္ယံကို ၾကည့္သည္ ။

"အင္း သြားမယ္ေလ "

မိုးေသာက္ယံက ေျပာၿပီး သူတို႔ေရွ႕မွ ေလွ်ာက္လာခဲ့သည္ ။ သူ႕ ရင္ထဲမွာ တင္းက်ပ္ၿပီး တကယ္ကို စိတ္ပင္ပန္းလြန္းလွသည္ ။

***********
"ေရာ့ ကို နည္းနည္းေလာက္ စားၾကည့္ေနာ္ ။ ဒါေလး ေကာင္းတယ္ "

မဒီက ေခ်ာကလက္ကိတ္မုန့္ကို ဇြန္းျဖင့္ ဖဲ့၍ ရွိုင္းကို လွမ္းခြံ႕သည္ ။ ရွိုင္းက မစားေသးဘဲ မိုးေသာက္ယံကို မ်က္ႏွာပူစြာ လွမ္းၾကည့္သည္ ။

မိုးေသာက္ယံသည္ မျမင္သလိုဟန္ေဆာင္ၿပီး ေခါင္းငုံ႕၍ Bubble Tea ကိုသာ ေသာက္ေနသည္ ။ သို႔ေသာ္ မဒီက ရွိုင္းကို ခြၽဲ႕ႏြဲ႕၍ ေျပာဆိုေနသည္ကိုေတာ့ သူ႕နားက ၾကားျဖစ္ေအာင္ ၾကားသည္ ။

"Toilet ခဏ သြားလိုက္ဦးမယ္ "

မိုးေသာက္ယံ ဝမ္းနည္းစိတ္ကို ထိန္းခ်ဳပ္ရင္း ဟန္ေဆာင္ေနရသည္မွာ စိတ္ပင္ပန္းလွတာေၾကာင့္ ခြင့္ေတာင္း၍ ထြက္ခဲ့သည္ ။ သန့္စင္ခန္းထဲ ေရာက္ေသာ္ ေရေအးႏွင့္ မ်က္ႏွာသစ္လိုက္သည္။ ေအးစက္စက္ေရက အေရျပားက ထိေတြ႕လာခဲ့ေသာ္လည္း ရင္ထဲက အပူမီးေတြကေတာ့ မၿငိမ္ေအးနိုင္ခဲ့ေပ ။ ထို႔ေနာက္ သက္ျပင္းရွိုက္၍ ထြက္လာခဲ့သည္ ။

"မဒီ "

မဒီက သန့္စင္ခန္းနားမွာ ရပ္ေနသည္ ။ သူ႕ကို ျမင္ေတာ့ မေက်မနပ္သည့္ မ်က္ဝန္းေတြႏွင့္ စူးစူးရဲရဲ ၾကည့္သည္ ။ ထို႔ေနာက္ သူ႕ေရွ႕ကို တစ္လွမ္းခ်င္း ေလွ်ာက္လာသည္ ။ မ်က္ႏွာခ်င္းဆိုင္ရပ္ကာ ႏႈတ္ခမ္းကို တစ္ခ်က္မဲ့ၿပီး ေျပာသည္ ။

"ဒါ ဘာသေဘာလဲ မိုးေသာက္ယံ။ ဘာလို႔ ငါ့ ရည္းစားနဲ႕ ႏွစ္ေယာက္တည္း ႐ုပ္ရွင္ၾကည့္ဖို႔ ဆုံးျဖတ္ရတာလဲ "

"ေယာက်ာ္းေလးႏွစ္ေယာက္ ႐ုပ္ရွင္အတူ ၾကည့္တာ ဘာထူးဆန္းလို႔လဲ "

မိုးေသာက္ယံ မ်က္ႏွာခပ္လႊဲလႊဲႏွင့္ ျပန္ေမးလိုက္သည္ ။ ထိုအခါ မဒီက ခနဲ႕သလို ေလွာင္ရယ္ေလသည္ ။

"အဟင္း.. ေယာက်ာ္းေလးႏွစ္ေယာက္ သြားလာတာက တကယ္ေတာ့ မထူးဆန္းပါဘူး ။ နင္ ျဖစ္ေနလို႔ ထူးဆန္းသြားတာ ။ နင္ ရွိုင္းကို ၾကည့္တဲ့ အၾကည့္ေတြကို ငါ မျမင္ဘူးထင္ေနလား မိုးေသာက္ယံ ။ စေတြ႕တဲ့ေနတည္းက နင္ ရွိုင္းအေပၚ မရိုးသားဘူးဆိုတာ ငါ သိခဲ့ၿပီးသား ။ ေရွ႕ဆက္ဖို႔ မႀကိဳးစားနဲ႕ ။ ရွိုင္းက ငါ့ ခ်စ္သူ ။ မၾကာခင္ ေစ့စပ္ေတာ့မွာ ။ ေနာက္ၿပီး နင္က ေယာက်ာ္းေလးတစ္ေယာက္ ။ ဒီေလာက္ဆို သေဘာေပါက္သင့္တယ္ "

မဒီ့၏ ေနာက္ဆုံးစကားက သူ႕အရွိုက္တည့္တည့္ကို ထိမွန္သြားေစသည္ ။ မဒီက မ်က္ေစာင္း႐ြယ္၍ လွည့္ထြက္သြားသည္ ။ မိုးေသာက္ယံသည္ ႏႈတ္ခမ္းကို ဖိကိုက္ရင္း နံရံကို မွီလိုက္သည္ ။ ဝမ္းနည္းစိတ္ကို ထိန္းခ်ဳပ္ရင္း ဖုန္းကို ထုတ္လိုက္သည္ ။ သူ သည္ေနရာက အျမန္ဆုံး ထြက္သြားခ်င္သည္ ။ သူ႕ကို မဒီၾကည့္သည့္ စက္ဆုပ္႐ြံရွာသလို အၾကည့္ေတြကို ရင္မဆိုင္ခ်င္ေတာ့ေပ ။ ရွိုင္း ႏွင့္ မဒီတို႔ ၾကည္ႏူးေနၾကတာကိုလည္း ဆက္ၾကည့္ေနဖို႔ရာ သူ႕အသည္းက ထင္သေလာက္ မမာေပ ။

ေဝယံက ခရီးထြက္သြားေတာ့ သူ႕ကို ဘယ္သူက လာေခၚေပးမွာလဲ ။ မိုးေသာက္ယံသည္ စဥ္းစားေနရင္း အဂၢမင္းကို သတိရသြားသည္ ။ ထို႔ေနာက္ contact list မွ ဖုန္းနံပါတ္ကို ေခၚလိုက္သည္ ။ တစ္ဖက္က ဖုန္းဝင္ၿပီးသည္ႏွင့္ ခ်က္ခ်င္းပင္ ေျဖသည္ ။

"ထူးထူးဆန္းဆန္း ကိုယ့္ကို ဖုန္းစဆက္လို႔ပါလား မိုးေသာက္ "

ဝမ္းသာေပ်ာ္႐ႊင္ေသာ ေလသံက ဖုန္းထဲမွ ထြက္ေပၚလာသည္ ။

"ကိုအဂၢ "

"ဘာျဖစ္လို႔လဲ မိုးေသာက္ ၊ တစ္ခုခု ျဖစ္လို႔လား ။ အသံလည္း မေကာင္းဘူး "

မိုးေသာက္ယံသည္ ဝမ္းနည္းေနသည့္ၾကားမွ ၿပဳံးမိသြားသည္ ။

"ကိုအဂၢ ကြၽန္ေတာ့္ကို အခု လာေခၚလို႔ရမလား "

အဂၢမင္းထံမွ စကၠန့္အနည္းငယ္ တိတ္ဆိတ္သြားသည္ ။ ထို႔ေနာက္ ခ်က္ခ်င္းပင္ အေျဖေပးသည္ ။

"ေသခ်ာတာေပါ့ ။ ေနရာေျပာ ။ ကိုယ္ အခုထြက္လာခဲ့မယ္ "

သူ ရွိေနသည့္ေနရာကို ေျပာ၍ ဖုန္းခ်လိဳက္သည္ ။ ထို႔ေနာက္ အားတင္းကာ ရွိုင္းတို႔ဆီသို႔ ျပန္လာခဲ့သည္ ။

**************
"ကို မဒီ့ကို လိုက္ပို႔ေပးပါလားဟင္ "

သူတို႔ စားေသာက္ၿပီး ဆိုင္ထဲမွ ထြက္လာေသာ္ မဒီက ရွိုင္း၏ လက္ေမာင္းကို မွီရင္း ခြၽဲပစ္ပစ္ ေလသံျဖင့္ ေျပာသည္ ။

"ဒီေန႕ေတာ့ မဒီ တကၠစီးငွားၿပီး ျပန္လိုက္ေနာ္ ။ ယံယံ့ကို ကိုယ္က ေခၚလာတာ ။ တစ္ေယာက္တည္း ျပန္ခိုင္းလို႔ ဘယ္ျဖစ္မလဲ "

ရွိုင္း၏ စကားဆုံးေတာ့ မဒီက မိုးေသာက္ယံကို မေက်မနပ္ စိုက္ၾကည့္သည္ ။ မိုးေသာက္ယံ သက္ျပင္းရွိုက္၍ ေခါင္းခါလိုက္သည္ ။

"မင္း မဒီ့ကို လိုက္ပို႔ေပးလိုက္ပါ ။ ငါ ခ်ိန္းထားတာရွိေသးတယ္ "

ရွိုင္း၏ မ်က္ခုံးတို႔ တြန့္ခ်ိဳးသြားသည္ ။ ထိုအခ်ိန္တြင္ တိုက္တိုက္ဆိုင္ဆိုင္ပင္ အဂၢမင္း၏ ကားက သူတို႔နား၌ လာရပ္သည္ ။

"မင္း ခ်ိန္းထားတာ သူနဲ႕လား "

ရွိုင္းက ကားေပၚမွ ဆင္းလာသူကို ၾကည့္ၿပီး ေအးစက္စက္ေလသံျဖင့္ ေမးသည္ ။

"အင္း ။ ငါ သြားေတာ့မယ္ "

ရွိုင္းကို ႏႈတ္ဆက္ရင္း မဒီ့ကို ဝတ္ေက်တန္းေက် တစ္ခ်က္ၾကည့္၍ ေခါင္းညိတ္ျပလိုက္သည္ ။ ထို႔​ေနာက္ အဂၢမင္း ဖြင့္ေပးေသာ ကားေရွ႕အခန္း၌ ဝင္ထိုင္လိုက္သည္ ။ ထိုစဥ္ ရွိုင္း၏ ဆိုင္ကယ္ေလးက ကားေရွ႕မွ ေမာင္းထြက္သြားသည္ ။ ရွိုင္း၏ ခါးကို ဖက္ထားသည့္ မဒီက သူ႕ဘက္ကို လွည့္၍ ေအာင္နိုင္သူတစ္ေယာက္လို ၿပဳံးျပသြားခဲ့သည္ ။

ဒါကို ျမင္လိုက္သည့္ အဂၢမင္းက မိုးေသာက္ယံကို ၾကည့္၍ ေမးသည္ ။

"မင္း အဆင္ေျပရဲ႕လား "

"အင္း ၊ ေျပပါတယ္ "

"မင္း ကိုယ့္ကို ညာဖို႔ မလိုပါဘူး မိုးေသာက္ ။ စိတ္ထဲရွိတဲ့အတိုင္း ရင္ဖြင့္နိုင္ပါတယ္ ။ ဒါမွ မင္း ရင္ထဲ ေပါ့သြားမွာေပါ့ "

မိုးေသာက္ယံက ေျခာက္ကပ္ကပ္ရယ္ရင္း မ်က္ရည္ဝဲလာသည္ ။

"ကြၽန္ေတာ္ အဆင္မေျပဘူး ကိုအဂၢ ။ ရွိုင္းကို ကြၽန္ေတာ္မဟုတ္တဲ့ အျခားမိန္းကေလးတစ္ေယာက္က ထိေတြ႕ေနတာကို ျမင္ေနရတာ အရမ္းမုန္းတယ္ ။ ကိုအဂၢ ေျပာခဲ့သလို အခ်ိန္ေတာ့ ရွိခ်င္ရွိပါလိမ့္မယ္ ။ ဒါေပမဲ့ အခြင့္အေရးေတာ့ မရွိေလာက္ေတာ့ဘူးထင္ပါတယ္ "

မိုးေသာက္ယံက စိတ္ပ်က္အားေလ်ာ့စြာ ေျပာၿပီး ႏႈတ္ခမ္းကို ဖိကိုက္ကာ မ်က္ႏွာလႊဲသြားသည္ ။ အဂၢမင္းလည္း ေငးၾကည့္႐ုံသာ တတ္နိုင္ခဲ့သည္ ။မိုးေသာက္ယံ၏ ႏွလုံးသားထဲမွ ရွိုင္းအေပၚ ထားရွိသည့္ ခ်စ္ျခင္း ေမတၱာေတြကို ကုန္ခန္းသြားေစခ်င္သည္ ။ ၿပီးလွ်င္ သူ႕အခ်စ္ေတြကို မိုးေသာက္ယံအေပၚ အျပည့္အဝ ေပးခ်င္သည္ ။ ရွိုင္းကို ေမ့ၿပီး သူ႕ကို ျပန္ခ်စ္ေစခ်င္သည္ ။

ခက္တာက အခ်စ္ဆိုတာ ဖန္တီးယူလို႔ မရခဲ့ေသာ အရာတစ္ခု ျဖစ္ေနခဲ့ေလသည္ ။

⚡⚡⚡⚡⚡⚡⚡⚡⚡

ဝိုင္းစက္စက္လမင္းက ေတာက္ပစြာ အလင္းေပးေနၿပီး ၾကယ္ေလးေတြဟာ မွိတ္တုတ္ မွိတ္တုတ္ႏွင့္ စိန္မႈန္ေတြႀကဲခ်ထားသလို ေကာင္းကင္ယံမွာ တလက္လက္ႏွင့္ ေတာက္ပေနသည္ ။ ေအးစက္စက္ ေလေျပညွင္းက တိုးေဝွ႕တိုက္ခတ္ေနၿပီး ညဟာ တိတ္ဆိတ္ၿပီး ေအးခ်မ္းလွပေနသည္ ။

ည၏ အလွကို ဥေပကၡာျပဳၿပီး မေအးခ်မ္းနိုင္သူကေတာ့ မိုးေသာက္ယံ ျဖစ္သည္ ။ ကုတင္ေပၚမွာ လဲေလ်ာင္းေနရင္း မ်က္လုံးေတြက အသိစိတ္ကင္းမဲ့ေနသူလို ေၾကာင္စီစီႏွင့္ ။

မိုးေသာက္ယံသည္ ႐ုပ္ရွင္႐ုံက ျပန္လာသည့္ေန႕ထဲက အခန္းထဲမွာ ျပန္၍ အခ်ိန္ျပည့္ေနခဲ့သည္ ။ ရွိုင္း ႏွင့္ မဒီတို႔ ေစ့စပ္ပြဲအတြက္ ျပင္ဆင္ရင္း ေပ်ာ္႐ႊင္ေနၾကသည္ကို မျမင္ခ်င္၍လည္း ပါသည္ ။ အေတြးလြန္ေနရင္းမွ နာရီဆီသို႔ အၾကည့္ေရာက္သြားသည္ ။ ညႏွစ္နာရီ ရွိၿပီ ။ ေနာက္နာရီအနည္းငယ္ ကုန္လြန္၍ ေန႕သစ္စတင္လွ်င္ ရွိုင္းကို သူ အၿပီးအပိုင္ ဆုံးရႈံးရေတာ့မည္ ။ ထိုသို႔ ေတြးမိေတာ့ ရွိုင္းကို ေနာက္ဆုံးအႀကိမ္အျဖစ္ ေတြ႕ခ်င္လာသည္ ။

တစ္ကိုယ္လုံး အားမရွိသလို ႏြမ္းနယ္ေနေပမယ့္ အားတင္း၍ ကုတင္ေပၚမွ သူ ထလိုက္သည္။ မိုးေသာက္ယံသည္ မိမိ အခန္းထဲမွ ထြက္​လာခဲ့သည္ ။ ရွိုင္း၏အခန္းေရွ႕ေရာက္ေသာ္ သူအပိုေဆာင္ထားေသာ ေသာ့ႏွင့္ ဖြင့္လိုက္သည္ ။ အရင္က ရွိုင္းအခန္းကို သူ စပ္စုရန္ ရွိုင္း မသိေအာင္ ေသာ့အပိုတစ္ခု ကူးထား၍ အဆင္ေျပသြားသည္ ။

ကုတင္​​ေပၚမွာ ရွိုင္းက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္​​ေပ်ာ္​​ေနသည္ ။ သူ႕မွာသာ အပူမီး​ေတြႏွင့္ ေတာက္​​ေလာင္​​ေနခဲ့ရသေလာက္ ရွိုင္းကေတာ့ အပူအပင္မရွိ ​ေအး​ေအးခ်မ္းခ်မ္းပင္ ။

မိုးေသာက္ယံသည္ ရွိုင္း၏ ကုတင္​​​ေဘးအစြန္းမွာ ဝင္​ထိုင္​ၿပီး ရွိုင္း၏ မ်က္​ႏွာ​ေလးကို တရွိုက္မက္မက္ ေငးၾကည့္ေနမိသည္ ။ ၾကည့္ေနရင္းမွ သူ႕ အျမင္​အာ႐ုံ​ေတြ ​ေဝဝါးလာကာ ကုတင္​​ေပၚသို႔လဲက်သြားၿပီး ရွိုင္း၏ ရင္​ဘတ္​​ေပၚသို႔ က်သြားသည္​။ ထို႔​ေနာက္​ သူ႕ အသိအာ႐ုံတို႔ ​ေပ်ာက္​ကြယ္သြား​ေတာ့သည္​ ။

​××××××××××××××××××

​ေဒါက္​.... ​ေဒါက္​...ေဒါက္ ။

"ရွိုင္း ထ​ေတာ့​ေလ ။ မဒီ​ ေရာက္​ေနတယ္​ကြဲ႕ "

"ကို အိပ္​​ေနတုန္းထင္​တယ္ အန္​တီ "

"ရွိုင္း "

ဆူညံသည့္ အသံ​ေတြ​ေၾကာင့္ ရွိုင္းသည္ အိပ္ရာနိုးလာခဲ့သည္​။ ထိုအခ်ိန္ မိမိ ဖက္​ထားမိသည့္အရာမွ ​ေႏြး​ေထြးသည့္ အထိအ​ေတြ႕​ေၾကာင့္ ရွိုင္း၏ မ်က္​လုံးတို႔ ျပဴးက်ယ္​သြားရသည္​။ အလန့္တၾကား ၾကည့္လိုက္​​ေတာ့ သူ႕ ရင္​ခြင္​ထဲမွာ မိုးေသာက္ယံက အိပ္ေပ်ာ္ေနသည္ ။ ရွိုင္း ဖက္​ထားသည့္လက္​တို႔ ​ေျပ​ေလ်ာ့သြားသည္​။ မိုးေသာက္ယံကေတာ့ သူ႕ရင္​ခြင္​ထဲကို ပို၍ တိုးဝင္​လာသည္ ။

ရွိုင္း စကၠန့္အနည္းထိ အံ့ၾသမွင္​သက္​သြားၿပီးေနာက္​ သတိဝင္ကာ မိုးေသာက္ယံ၏ ကိုယ္​​ေလးကို တြန္းလိုက္​သည္​။ ကုတင္ေထာင့္မွာ ျဖစ္သည့္အတြက္ မိုးေသာက္ယံသည္ ေအာက္သို႔ ျပဳတ္​က်မလိုျဖစ္​သြားသည္ ။

ထိုအခါ ရွိုင္းသည္ ျမန္ျမန္ဆန္ဆန္ပင္ မိုးေသာက္ယံကို ျပန္​၍ လွမ္းဆြဲလိုက္​သည္​ ။ ထိုအရွိန္ေၾကာင့္ မိုးေသာက္ယံ၏ ကိုယ္​က ရွိုင္း၏ ကိုယ္ေပၚသို႔ ျပန္​က်လာၿပီး မ်က္​ႏွာႏွစ္​ခုထိကပ္​သြားသည္​။

ထိုစဥ္ မိုးေသာက္ယံ နိုးလာခဲ့ၿပီး မ်က္ဝန္းတို႔ ျပဴးက်ယ္ဝိုင္းစက္သြားသည္ ။ အဘယ္ေၾကာင့္ဆိုေသာ္ သူတို႔၏ ခႏၶာကိုယ္ခ်င္း ထိကပ္ေန႐ုံသာမက ႏႈတ္ခမ္းခ်င္းလည္း ထိကပ္ေနခဲ့သည္ ။

"ဟင္​ ၊ တံခါးေလာ့မခ်ထားဘူးပဲ "

ကြၽီ!

တံခါးဖြင့္သံႏွင့္အတူ အခန္းထဲ ေရာက္လာသည့္ ေဒၚခင္ႏြယ္ ႏွင့္ ​ မဒီတို႔သည္ အခန္းထဲမွ အေျခအေနေၾကာင့္ မ်က္လုံးေတြ ျပဴးက်ယ္ၿပီး အာေမဍိတ္သံကိုယ္စီ ထြက္လာသည္ ။

"ဟင္​! "
"အို! "

⚡⚡⚡⚡⚡⚡⚡⚡⚡

ဆက္ရန္

Thin Zar Moe Oo

Thanks for reading. ❤

Continue Reading

You'll Also Like

36.3K 3K 45
မိေက်ာင္းတစ္ေကာင္ဟာ....ဘယ္ေတာ့မွ မ်က္ရည္မက်ဘူး...။ တကယ္လို႔ သူကမ်က္ရည္က်တယ္ ဆိုရင္ေတာ့.. အဲ့တာဟာ..ဟန္ေဆာင္မ်က္ရည္ပဲ ျဖစ္လိမ့္မယ္...။ မိကျောင်းတစ်ကောင...
323K 27K 40
မချစ်ဖူးလို့ပြောရင် အဲတာညာနေတာပဲ ဦးဝေ! ဘဝမှာ တစ်ခါလောက်တော့ ကျွန်​တော့် အတွက် သတ္တိရှိပေးပါ
1.3M 44.2K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
71.5K 6.2K 46
မင်းကတော့ အမြင့်ရောက်လေလေ ပိုင်ရှင်နဲ့ ဝေးသွားလေလို့တွေးလိမ့်မယ် ။ဘယ်နေရာ ရောက်ရောက် ဆွဲခေါ်ပြီး ထိန်းချုပ်လို့ရတဲ့ အာဏာငါ့မှာရှိတယ်။ မင်းက အမြဲတမ်...