အသက်ဆက် သွေး ( အသက္ဆက္ ေသြး )...

By PhyuLayy1

1.4M 147K 16.6K

#For Zawgyi ဤဇာတ္လမ္းသည္ စာေရးသူ၏ စိတ္ကူးယဥ္သက္သက္မွ်သာ ျဖစ္ပါေသာေၾကာင့္ တစ္စံုတရာ တိုက္ဆိုင္မႈရွိပါက နားလည္ေ... More

Intro (Zawgyi + Unicode)
အပိုင္း - ၁ (Zawgyi + Unicode)
အပိုင္း - ၂ (Zawgyi + Unicode)
အပိုင္း - ၃ (Zawgyi + Unicode)
အပိုင္း - ၄ (Zawgyi + Unicode)
အပိုင္း - ၅ (Zawgyi + Unicode)
အပိုင္း - ၆ (Zawgyi + Unicode)
အပိုင္း - ၇ (Zawgyi + Unicode)
အပိုင္း - ၈ (Zawgyi + Unicode)
အပိုင္း - ၉ (Zawgyi + Unicode)
အပိုင္း - ၁၀ (Zawgyi + Unicode)
အပိုင္း - ၁၁ (Zawgyi + Unicode)
အပိုင္း - ၁၂ (Zawgyi + Unicode)
အပိုင္း - ၁၃ (Zawgyi + Unicode)
အပိုင္း - ၁၄ (Zawgyi + Unicode)
အပိုင္း - ၁၅ (Zawgyi + Unicode)
အပိုင္း - ၁၆ (Zawgyi + Unicode)
အပိုင္း - ၁၇ (Zawgyi + Unicode)
အပိုင္း - ၁၈ (Zawgyi + Unicode)
အပိုင္း - ၁၉ (Zawgyi + Unicode)
အပိုင္း - ၂၀ (Zawgyi + Unicode)
အပိုင္း - ၂၁ (Zawgyi + Unicode)
အပိုင္း - ၂၂ (Zawgyi + Unicode)
အပိုင္း - ၂၃ (Zawgyi + Unicode)
အပိုင္း - ၂၄ (Zawgyi + Unicode)
အပိုင္း - ၂၅ (Zawgyi + Unicode)
အပိုင္း - ၂၆ (Zawgyi + Unicode)
အပိုင္း - ၂၇ (Zawgyi + Unicode)
အပိုင္း - ၂၈ (Zawgyi + Unicode)
အပိုင္း -၂၉ (Zawgyi + Unicode)
အပိုင္း - ၃၀ (Zawgyi + Unicode)
အပိုင္း - ၃၁ (Zawgyi + Unicode)
အပိုင္း - ၃၂ (Zawgyi + Unicode)
အပိုင္း - ၃၃ (Zawgyi + Unicode)
အပိုင္း - ၃၄ (Zawgyi + Unicode)
အပိုင္း - ၃၅ (Zawgyi + Unicode)
အပိုင္း - ၃၆ (Zawgyi + Unicode)
အပိုင္း - ၃၇ (Zawgyi + Unicode)
အပိုင္း - ၃၈ (Zawgyi + Unicode)
အပိုင္း - ၃၉ (Zawgyi + Unicode)
အပိုင္း - ၄၀ (Zawgyi + Unicode)
အပိုင္း - ၄၁ (Zawgyi + Unicode)
အပိုင္း - ၄၂ (Zawgyi + Unicode)
အပိုင္း - ၄၃ (Zawgyi + Unicode)
အပိုင္း - ၄၄ (Zawgyi + Unicode)
အပိုင္း - ၄၆ (Zawgyi + Unicode)
အပိုင္း - ၄၇ (Zawgyi + Unicode)
အပိုင္း - ၄၈ Ending (Zawgyi + Unicode)
ေက်းဇူးတင္လႊာ (ကျေးဇူးတင်လွှာ)
A/N
Extra (Mdy trip)
Extra ( Covid )
Extra ( Thadingyut )

အပိုင္း - ၄၅ (Zawgyi + Unicode)

26.3K 2.7K 329
By PhyuLayy1

#For Zawgyi

ပထမဆံုးအေနနဲ႔ ခ်မ္းနဲ႔ဦးသာရဲ႕အေၾကာင္းကို ဖြင့္ေျပာဖို႔စဥ္းစားမိသည္က သူငယ္ခ်င္းေတြကိုပဲျဖစ္၏ ။ ထိုကဲ့သို႔ဖြင့္ေျပာဖို႔ဆံုးျဖတ္ၿပီးတဲ့ေနာက္မွာကို သူငယ္ခ်င္းေတြက ခ်မ္းတို႔ရဲ႕ျဖစ္တည္မႈအေပၚ လက္မခံဘဲ ဝိုင္းၿပီးမ်ားျပစ္တင္ရႈံ႕ခ်ေလမလားဆိုတဲ့စိုးရိမ္စိတ္နဲ႔ အနည္းငယ္ေတာ့ မဝံ့မရဲျဖစ္မိေသးသည္ ။

ဒါေပမယ့္လည္း သူတို႔ဘယ္လိုပဲဝိုင္းေျပာၾကပါေစ...ခ်မ္းကေတာ့ ဦးသာတစ္မ်က္ႏွာထဲကိုၾကည့္ကာ ေရွ႕ဆက္မွာပဲျဖစ္သည္ ။ အမ်ိဳးမ်ိဳးထိုးႏွက္လာႏိုင္ေသာစကားလံုးေတြအတြက္ ကိုယ့္စိတ္ကိုယ္ ႀကိဳတင္ျပင္ဆင္ထားေသာ္ျငား ဦးသာကိုေတာ့ ထိုစကားလံုးေတြကို မၾကားေစလိုတာေၾကာင့္ ခ်မ္းတစ္ေယာက္တည္းသာ သူငယ္ခ်င္းေတြနဲ႔ေတြ႕ဖို႔ ဆံုးျဖတ္ခဲ့သည္ ။

တကယ္တမ္းေတြ႕ၾကသည့္အခါမွာေတာ့...

" ေကာင္စုတ္...နင္က နင့္အတြက္ႀကံေနလို႔ ဦးသာကို ငါတို႔နဲ႔မိတ္ဆက္မေပးတာမဟုတ္လား "

" ပန္းခ်ီကားေတြဆြဲတဲ့သူက ဦးသာျဖစ္ေနေတာ့ နင္ မဟားဒရားေတြပီတိျဖာေနေရာေပါ့ ၊ ဟုတ္လား ဟမ္ ဖိုးခ်မ္း... "

" အမေလး ငါတို႔ေလာက္ေတာင္အျဖစ္မရွိဘဲ ရည္းစားေတာင္တစ္ခါမွမထားဖူးတဲ့ ငခ်မ္းက အရင္ဆံုးအိမ္ေထာင္ျပဳေတာ့မယ္ဆိုေတာ့ ရည္းစား ၃ ေယာက္ထားခဲ့ဖူးတဲ့ ငါက တကယ္ရင္နာတယ္ကြ "

" ငါ့မွာ ကိုမိုးစက္နဲ႕သာ ခ်စ္သူျဖစ္ေနတာ ၊ ငါ့ပံုတူျဖင့္ တစ္ပံုမွကို ဆြဲမေပးေသးဘူး ၊ နင္က်ေတာ့ ပန္းခ်ီကားေတြအမ်ားႀကီးပဲ ရထားတယ္ ၊ မနာလိုဘူးဟဲ့ ခ်မ္းစုတ္ရဲ႕ "

အဲ့လို တစ္ေယာက္တစ္ေပါက္ေတြ ဝိုင္းဝန္းေထာပနာျပဳၾကေတာ့ ခ်မ္းမွာ သူ႕အား နားလည္ေပးၾကေသာ သူငယ္ခ်င္းေတြကိုၾကည့္ကာ ဝမ္းနည္းဝမ္းသာႀကီးျဖစ္လို႔လာသည္ ။

ထိုစဥ္ ရတုက

" ေဟ့ေကာင္ ခ်မ္း...ေလဆိပ္မွာ ဦးသာကိုေတြ႕လိုက္တယ္ဆိုၿပီး ဖုန္းဆက္တုန္းက မင္း ပ်ာယာေတြခတ္ၿပီးေရာက္ခ်လာတာေလ "

" အဲ့ဒါ ဘာျဖစ္လဲ "

" တကယ္ေတာ့ အဲ့ဒါ မင္းကို ငါ ဂ်င္းထည့္လိုက္တာ "

" ဘယ္လို ? "

" ဟီးဟီး ဟုတ္တယ္ ၊ အဲ့ေန႔က ဦးသာကို Foreigner တစ္ေယာက္နဲ႔အတူတူ ျပည္ပဆိုက္ေရာက္မွာ ေတြ႕တာေလ ၊ ဧည့္သည္လာႀကိဳတာမွန္းသိသားပဲ "

" ဟာ...ေခြးေကာင္ ငါကေတာ့ တကယ္မွတ္ၿပီး ေသမလိုေတြကားေမာင္းလာခဲ့ရတာ "

" ေအာင္မာ ငါ အဲ့လိုလုပ္လိုက္ေတာ့မွ မင္းစိတ္ကို မင္းျမင္ၿပီး အခုလိုေတြ အဆင္ေျပသြားတာမဟုတ္ဘူးလား ေျပာစမ္းပါ "

ရတုေျပာတာက ဟုတ္ေနတာေၾကာင့္ ခ်မ္းလည္း ရယ္ၿဖဲၿဖဲနဲ႔ ေခါင္းၿငိမ့္ျပလိုက္ရေတာ့သည္ ။

သူငယ္ခ်င္းေတြနဲ႔ေတြ႕ဆံုမႈက အဆင္တေျပၿပီးသြားတဲ့ေနာက္ ခ်မ္း ေနာက္ထပ္မျဖစ္မေန အသိေပးဖို႔စဥ္းစားမိသူတစ္ေယာက္ကေတာ့ အစ္ကိုမိုးယံပင္ ။ ႀကီးႀကီးေဒၚဝင္းမာႏွင့္ အဆင္မေျပေသာ္ျငား အစ္ကိုမိုးယံကေတာ့ ခ်မ္းကို ငယ္စဥ္ကတည္းက ခ်စ္ခင္ေပးတတ္သူမို႔ ခ်မ္းကလည္း သံေယာဇဥ္ရွိသည္သာ ။

သံေယာဇဥ္ရွိရတဲ့အစ္ကိုမို႔ ေျပာခ်င္တာအျပင္ ဦးသာနဲ႔တရင္းတႏွီးရွိတတ္သူလည္းျဖစ္တာေၾကာင့္ ဦးသာတကယ္ခ်စ္ရသူဟာ ခ်မ္းပါဆိုၿပီး မ႑ပ္တိုင္တက္ျပခ်င္တာလည္း နည္းနည္းေတာ့ပါသည္ေပါ့ ။ ဦးသာနဲ႔ပတ္သက္ရင္ ခ်မ္းလည္း စိတ္ပုတ္မိတာေတြမ်ားပါၿပီေလ ။

" ဟဲလို အစ္ကိုမိုးယံ "

" ဟာ ခ်မ္းေလး ထူးထူးဆန္းဆန္း ဖုန္းဆက္လာပါလား ၊ ဒီတေလာေတြ လိုင္းေပၚမွာလည္းမေတြ႕လို႔ အစ္ကိုေတာင္ ခ်မ္းဆီ ဖုန္းလွမ္းဆက္ဦးမလို႔ "

" ဟုတ္တယ္ ၊ ဒီတေလာေတြ ကိစၥေလးနည္းနည္းရွိေနလို႔ "

" ငါ့ညီေလး အဆင္ေရာေျပရဲ႕လား "

" ဟီး ေျပတယ္ အစ္ကို ၊ ဒါနဲ႔ေလ ဒီရက္ထဲ အစ္ကိုအားရင္ ရန္ကုန္ကို လာခဲ့ပါဦး ၊ ခ်မ္း အစ္ကို႔ကို surprise လုပ္စရာရွိတယ္ "

" ေဟ ထူးထူးဆန္းဆန္း Surprise ဆိုပါလား ၊ စိတ္ဝင္စားသြားၿပီကြာ ၊ လာခဲ့မယ္ လာခဲ့မယ္ ၊ ေမာ္လၿမိဳင္က ဘာေတြဝယ္လာခဲ့ေပးရဦးမလဲ ၊ ဘာစားခ်င္လဲ "

" ဟင့္အင္း ဘာမွဝယ္မလာနဲ႔ အစ္ကို ၊ လူပဲလာရင္ရၿပီ "

" အိုေခ အိုေခ ခ်မ္းေလး ၊ အစ္ကိုလာခဲ့မယ္ေနာ္ ၊ ငါ့ညီေလး စာေမးပြဲကိုဂုဏ္ထူး ၂ ဘာသာနဲ႔ေအာင္တဲ့အတြက္လည္း အစ္ကိုက ဆုခ်ခ်င္ေသးတာ "

" ဟီးဟီး ဟုတ္ အစ္ကို ၊ ဒါဆို ခ်မ္းေမ်ွာ္ေနမယ္ေနာ္ "

တကယ္တမ္း အစ္ကိုမိုးယံေရာက္လာေတာ့ ထင္မထားမိတဲ့ ႀကီးႀကီးေဒၚဝင္းမာကပါ ေမနဲ႔မေတြ႕တာၾကာလို႔ဟုဆိုကာ အတူတူပါလာေလသည္ ။ ႀကီးႀကီးကိုျမင္လိုက္ကတည္းက ခ်မ္းမွာ ရင္တထိတ္ထိတ္ ။ ဦးသာနဲ႔ခ်မ္းကိစၥကို သိသြားလို႔ကေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ လက္ခံမွာမဟုတ္ဘဲ က်ိန္းေသေပါက္ ျပစ္တင္ရံႈ႕ခ်မယ္ဆိုတာကို ခ်မ္း အတတ္သိေနသည္ေလ ။ ခ်မ္းစိတ္ထဲ ဘာရယ္လို႔မေျပာတတ္သည့္ တစ္စံုတစ္ခုကို စိုးရြံ႕ထိတ္လန္႔လာမိသည္ ။

" ဦးသာ "

ခ်မ္းေခၚသံေၾကာင့္ Laptop တစ္လံုးနဲ႔အလုပ္ရႈပ္ေနေသာ ဦးသာက လွည့္ထူးသည္ ။

" ေဟာ ခ်မ္း...ေအာက္မွာ ဧည့္သည္ေတြနဲ႔စကားမေျပာဘူးလား "

ဦးသာက ႀကီးႀကီးႏွင့္သိပ္ၿပီးအေစးကပ္သူမဟုတ္၍ ခ်မ္းတို႔ႏွင့္အတူတူ ဧည့္ခန္းမွာရွိမေနဘဲ သူ႔ဟာသူအခန္းထဲဝင္ၿပီးအလုပ္လုပ္ေနတယ္ဆိုတာ ခ်မ္း ရိပ္မိပါသည္ ။ ခ်မ္းကေတာ့ ေမနဲ႔အတူတူထိုင္ကာ ဧည့္ခံေနရင္း စိတ္ထဲေလးလံသလိုႀကီးျဖစ္လာတာမို႔ ဦးသာထံ ေရာက္လာမိျခင္းသာ ။

" ဟင္ ခ်မ္း ဘာျဖစ္လာတာလဲ ၊ ေနမေကာင္းဘူးလား "

ရုတ္တရက္ ဦးသာေပါင္ေပၚမွာဝင္ထိုင္လိုက္ၿပီး လည္ပင္းကိုသိုင္းဖက္ကာ ပခံုးေပၚ ေခါင္းတင္မီွခ်လိုက္တာမို႔ ဦးသာက အလန္႔တၾကားေမးလာတာျဖစ္သည္ ။ ဦးသာဆိုတာ ဒီလိုပဲ ။ ခ်မ္း ဘာလုပ္လုပ္ အရိပ္လိုၾကည့္ကာ ေသးေသးေလးကအစ အၿမဲတမ္း စိတ္ပူေနတတ္ေတာ့တာ ။ အခုေနာက္ပိုင္း အဲ့ဒါကိုသိလို႔လည္း တစ္ခုခုဆို ခ်မ္းက ဦးသာအေပၚ ပိုအားကိုးၿပီး ထစ္ခနဲရွိ ေျပးေျပးခ်ြဲခ်င္ေနတာျဖစ္သည္ ။

" က်ြန္ေတာ္တို႔အေၾကာင္းကို ႀကီးႀကီးသိသြားရင္ လက္ခံမွာမဟုတ္ဘူးထင္တယ္ေနာ္ ဦးသာ "

" အင္း ဘယ္လက္ခံလိမ့္မလဲ "

" က်ြန္ေတာ္ေၾကာက္တယ္ ၊ ႀကီးႀကီးက ဆိုးဆိုးဝါးဝါးေတြေျပာလာမွာကို က်ြန္ေတာ္ေၾကာက္တယ္ "

" ကိုယ္ရွိတယ္ေလ ခ်မ္းရဲ႕ ၊ ခ်မ္းနားမွာ ကိုယ္ရွိေနေပးမွာပဲကို ဘာေၾကာက္စရာရွိလဲ "

" အဲ့လိုေၾကာက္တာမဟုတ္ဘူး ၊ ႀကီးႀကီးရဲ႕စကားေတြေၾကာင့္ ဦးသာရဲ႕စိတ္က တစ္မ်ိဳးျဖစ္ၿပီး ေျပာင္းလဲသြားမွာကို က်ြန္ေတာ္ေၾကာက္တာ ၊ အဲ့ဒီစကားလံုးေတြရဲ႕ထိုးႏွက္မႈကို ဦးသာမခံႏိုင္မွာကို ေၾကာက္တာ "

" ေၾသာ္ ခ်မ္းငယ္ရယ္.... "

ထူး ခပ္ညည္းညည္းေရရြတ္ၿပီး ပုခံုးေပၚမွီခ်ထားတဲ့ေခါင္းလံုးလံုးေလးကို အသာဖြဖြပြတ္ကာ ခါးပိစိေလးကိုပါ နင့္ေနေအာင္ဆြဲဖက္ထားလိုက္မိရင္း

" ဘယ္သူ႕စကားေတြ...ဘယ္လိုထိုးႏွက္ခ်က္ေတြေၾကာင့္မွ ခ်မ္းအေပၚထားတဲ့ ကိုယ့္စိတ္ကေျပာင္းလဲသြားမွာမဟုတ္ပါဘူး ၊ အဲ့ဒီထက္ဆိုးတဲ့ေလာကဓံေတြကိုေတာင္ ကိုယ္က ျဖတ္သန္းလာခဲ့ၿပီးပါၿပီ ခ်မ္းရယ္ ၊ အဲဒီအတြက္ ကိုယ့္ကို စိတ္ခ်လို႔ရတယ္ ဟုတ္ၿပီလား "

" ဟုတ္ "

" ဒါေပမယ့္ တစ္ခုပဲ... "

ထိုစကားဆက္ေၾကာင့္ ခ်မ္းက ပုခံုးေပၚမွီခ်ထားတဲ့ေခါင္းကို ဆတ္ခနဲမတ္ရင္း ဦးသာမ်က္ႏွာကို အလန္႔တၾကားေမာ့ၾကည့္မိသည္ ။

" ခ်မ္းက ကိုယ့္ကို လိုအပ္ေနသ၍ ကိုယ္က ခ်မ္းအနားမွာ အၿမဲရွိသြားမွာ ၊ ဒါေပမယ့္ တစ္ေန႔ေန႔မွာ ခ်မ္းက ကိုယ့္ကို မလိုအပ္ေတာ့ဘူးဆိုရင္လည္း.... "

" ဟင့္အင္း ဟင့္အင္း "

ခ်မ္းမၾကားလိုတဲ့စကားသံတို႔ထြက္ေပၚရာ ႏႈတ္ခမ္းမ်ားကို လက္ျဖင့္အတင္းဖိပိတ္ေပးမိကာ ဦးသာရဲ႕မ်က္လံုးအစံုကို စိုက္ၾကည့္ရင္းက

" က်ြန္ေတာ္က ဦးကို မလိုအပ္ဘူးဆိုတဲ့ တစ္ေန႕ေန႕က ဘယ္ေတာ့မွရွိလာမွာမဟုတ္လို႔ ဦးက က်ြန္ေတာ့္အနားမွာပဲ အၿမဲရွိေနေပးပါ "

ခ်မ္းရဲ႕စကားအဆံုးမွာ ဦးသာက သူ႔ရဲ႕ပါးႏွစ္ဖက္ကို ခပ္ဖြဖြအုပ္ကိုင္ရင္း နဖူးျပင္ကိုနမ္းေမႊးလာေလေတာ့ ပထမဆံုးဆိုတဲ့အသိနဲ႔ ၾကက္သီးျမျမထ,ရသည္ ။

" ဒါ က်ြန္ေတာ္တို႔ရဲ႕ first forehead kiss ေပါ့ေနာ္ "

" ဟင့္အင္း မဟုတ္ဘူး "

" ဟင္ ဒါဆို ဘယ္တုန္းက.... "

ခ်မ္းရဲ႕တအံ့တၾသအေမးမွာ ဦးသာက မ်က္ႏွာအနည္းငယ္နီလာၿပီး

" အိမ္ကိုျပန္လာတဲ့ပထမဆံုးညက ခ်မ္း ကိုယ့္အခန္းထဲမွာ အိပ္ေပ်ာ္သြားတယ္ေလ ၊ အဲ့ဒါ ခ်မ္းကိုေပြ႕ၿပီး အခန္းကိုျပန္ပို႔ေပးရင္းနဲ႔ အဲ့...အဲ့ဒီမွာ ပထမဆံုးနမ္းမိသြားတာ "

ခ်မ္းကိုမၾကည့္ဘဲ မ်က္ႏွာခပ္လႊဲလႊဲႏွင့္ နားထင္ကိုလက္ညွိဳးေလးနဲ႔ကုတ္ျခစ္ရင္း ရွက္ကိုးရွက္ကန္းျဖစ္ေနတဲ့လူႀကီးကို ခ်စ္လြန္းသည့္စိတ္ေၾကာင့္ အတင္းႀကံဳးၿပီးဖက္ထားမိသည္ ။

အရမ္းခ်စ္တာပဲ ဦးရယ္.... ။

***********

ခ်မ္းရဲ႕အခန္းထဲမွာ အစ္ကိုမိုးယံနဲ႔ခ်မ္းနဲ႔ ႏွစ္ေယာက္ထဲ ။

" ခ်မ္းေလး အစ္ကို႔ကို surprise လုပ္စရာရွိတယ္ဆို "

ေျပာခ်င္ ႂကြားခ်င္လြန္းတဲ့စိတ္နဲ႔ ကိုမိုးယံကို ရန္ကုန္ထိလွမ္းေခၚမိေပမယ့္ တကယ္တမ္းေျပာရမယ္ဆိုတဲ့အခါ အနည္းငယ္ေတာ့ရွက္သလိုလို ။

" ဟိုေလ....ဟိုဟာ "

ခ်မ္းရဲ႕စကားစ,ရခက္ေနပံုေၾကာင့္ အစ္ကိုမိုးယံက ရယ္ေမာကာ

" ဘာကိစၥမို႔လို႔ ဒီေလာက္ေျပာဖို႔ခက္ေနတာလဲ ခ်မ္းေလးရဲ႕ "

" ဟို ခ်မ္းမွာ ခ်စ္သူရွိေနၿပီ အစ္ကို "

" ေဟ တယ္ဟုတ္ပါလား ၊ အစ္ကို,ကိုေတာင္ ေက်ာ္တက္သြားၿပီေပါ့ ၊ ကဲ ေျပာစမ္းပါဦး ခ်မ္းရဲ႕ခ်စ္သူက ဘယ္သူလဲ "

" ဦးသာ "

" ဟင္ အစ္ကိုႀကီးထူးခ်ြန္သာ? "

" အင္း ဟုတ္တယ္ "

ခ်မ္းရဲ႕အေျဖကိုၾကားလိုက္တဲ့အခိုက္မွာ အစ္ကိုမိုးယံဆြံ႕အ,တိတ္ဆိတ္သြားပံုက အံ့ၾသသြားလို႔ဆိုတာထက္ကို ပိုေနသလိုပင္ ။ ခ်မ္းစိတ္ထင္ နည္းနည္းေတာင္ ငိုင္က်သြားသလားလို႔ ။

" ဘာျဖစ္လို႔လဲဟင္ အစ္ကို "

" အာ ဘာမွမျဖစ္ပါဘူး ၊ ထင္မထားမိေတာ့ ဒီတိုင္း နည္းနည္းအံ့အားသင့္သြားတာပါ ၊ ဘာပဲျဖစ္ျဖစ္ အစ္ကို႔ညီေလး ခ်စ္သူရသြားတဲ့အတြက္ အစ္ကိုက ဂုဏ္ျပဳေပးရမွာေပါ့ ၊ Congratulations ခ်မ္းေလး "

" ဟုတ္ ေက်းဇူးပါပဲ အစ္ကို ၊ ဒါနဲ႔ အခုလိုၾကားလိုက္ေတာ့ အစ္ကို႔စိတ္ထဲတစ္မ်ိဳးႀကီးျဖစ္မသြားဘူးလား "

" ဘာကိုတစ္မ်ိဳးျဖစ္ရမွာလဲ ခ်မ္းရဲ႕ "

" ဟို ဟို ေယာက္်ားခ်င္းႀကိဳက္တယ္ဆိုၿပီး အဲ့ အဲ့လိုေလ... "

" ေၾသာ္ ဒါက သိပ္အဆန္းတက်ယ္ကိစၥမွမဟုတ္တာ ခ်မ္းေလးရယ္ ၊ အစ္ကို႔ဆီမွာ ေနထိုင္မႈစနစ္ နဲ႔ က်န္းမာေရးဗဟုသုတအတြက္ လာၿပီးေဆြးေႏြးအႀကံဥာဏ္ေတာင္းတဲ့ LGBT စံုတြဲေတြလည္းရွိတာမို႔ အစ္ကို႔အတြက္ ဒီလိုကိစၥက မထူးဆန္းပါဘူး "

" ဒါဆို အစ္ကိုကေတာ့ ခ်မ္းရဲ႕ဒီအေျခအေနကို လက္ခံတယ္ေပါ့ "

" အင္းေလ ဘာလက္မခံစရာရွိလဲ ၊ ခ်မ္းေလးေရာ အစ္ကိုႀကီးထူးေရာက လြတ္လပ္တဲ့သူေတြပဲ ၊ ေယာက္်ားခ်င္းပဲျဖစ္ေနေန မိန္းမခ်င္းပဲျဖစ္ေနေန ေယာက္်ားနဲ႔မိန္းမပဲျဖစ္ေနေန လြတ္လပ္သူအခ်င္းခ်င္း ႏွစ္ဦးႏွစ္ဖက္လက္ခံရင္ ခ်စ္လို႔ရတာပဲေလ ၊ ဘယ္သူ႔ကိုမွမထိခိုက္တဲ့ ခ်စ္ျခင္းက အျပစ္ကင္းပါတယ္ ခ်မ္းေလးရယ္ "

အစ္ကိုမိုးယံရဲ႕စကားေတြက ခ်မ္းအား တကယ္ပဲ စိတ္သက္သာရာရ,ေစခဲ့ပါသည္ ။

ဒါေပမယ့္လည္း ေနာက္တစ္ေန႔မနက္ခင္းမွာေတာ့ ျပႆနာတစ္ရပ္က ေစာင့္လို႔ႀကိဳေနပါေတာ့သည္ ။ ႀကီးႀကီးဟာ သူ႔ရဲ႕အထုတ္အပိုးေတြကို ဧည့္ခန္းမွာထုတ္ထားၿပီး အစ္ကိုမိုးယံႏွင့္ အေခ်အတင္စကားမ်ားလ်က္ရွိသည္ ။ ေမ နဲ႔ ေလးငယ္လည္း ရွိေနေပမယ့္ သားအမိၾကားမွာ ဘာတစ္ခြန္းမွဝင္ေျပာလိုျခင္းရွိဟန္မတူေခ် ။

" မင္းကို ငါအခုျပန္လိုက္ခဲ့လို႔ ေျပာေနတယ္ေနာ္ မိုးယံရွင္းကို "

အစ္ကိုမိုးယံကိုဆိုရင္ သားေလး သားေလးနဲ႔ပါးစပ္ဖ်ားက မခ်တတ္တဲ့ႀကီးႀကီးက မေခၚစဖူး နာမည္အရင္းကိုပင္ေခၚခ်လာပံုေထာက္ေတာ့ အေတာ္ႀကီးကို စိတ္ဆိုးေနမွန္းသိသာလွသည္ ။

" ဒီကိစၥက ေမေမဒီေလာက္အထိ စိတ္ဆိုးရမယ့္ကိစၥမဟုတ္ဘူးေလ ၊ ခ်မ္းနဲ႔အစ္ကိုႀကီးထူး ခ်စ္ၾကတာ ဘယ့္သူ႔ကိုထိခိုက္လို႔လဲ "

" ထိခိုက္တာေပါ့ ၊ ငါတို႔တစ္မ်ိဳးလံုးတစ္ေဆြလံုးကို ထိခိုက္တာေပါ့ ၊ ငါတို႔မ်ိဳးရိုးထဲမွာ ဒါမ်ိဳးမရွိဘူး ၊ အခုေတာ့ ၿငိမ္းခ်မ္းေရးတစ္ေယာက္ေၾကာင့္နဲ႔ တစ္မ်ိဳးလံုးသိကၡာက်ေတာ့မယ္ ၊ ဒါေၾကာင့္ ငါ အစကတည္းက ငါ့ေမာင္ေလးမင္းဝန္ကို တားခဲ့တယ္ ၊ ဒီထူးခ်ြန္သာဆိုတဲ့ေကာင္ေလးကို ေခၚမထားဖို႔ ၊ ငါ့စကားနားမေထာင္လို႔ အခုေတာ့ ကိုယ္က်ိဳးနည္းရၿပီ "

" ေမေမ့ "

ခ်မ္းကိုထိခိုက္ေျပာဆိုတာမ်ိဳးကို အေဒၚဆိုတဲ့ေတာ္စပ္မႈေၾကာင့္ ခ်မ္းသည္းခံႏိုင္ေပမယ့္ ဦးသာကို ထိခိုက္ၿပီးေျပာလာတာမ်ိဳးကိုျဖင့္ ဒီအတိုင္းၿငိမ္မေနနိုင္ပါ ။

" ဒီမွာ ႀကီးႀကီး...ဒီကိစၥက ႏွစ္ဦးသေဘာတူျဖစ္ၾကတာမို႔ ဦးသာကို ဘာမွအျပစ္တင္စရာမလိုဘူး ၊ ဦးသာေသြးေဆာင္တိုင္းပါရေအာင္လည္း က်ြန္ေတာ္က ၅ ႏွစ္သားမဟုတ္ဘူး ၊ ဒီေတာ့ ေျပာခ်င္ အျပစ္တင္ခ်င္ရင္ က်ြန္ေတာ့္ကိုပဲ ေျပာပါ...အျပစ္တင္ပါ ၊ ႀကီးႀကီးက က်ြန္ေတာ့္အေဒၚေတာ္တာမို႔ ဆံုးမတဲ့သေဘာနဲ႔ေျပာဆိုႏိုင္ပါတယ္ ၊ ဒါေပမယ့္ ဦးသာကိုေတာ့ ခုနကလိုမ်ိဳး ဘယ္ေတာ့မွမေျပာပါနဲ႔ ၊ ေနာက္တစ္ခါထပ္ေျပာရင္ က်ြန္ေတာ့္ဘက္က သည္းခံေတာ့မွာမဟုတ္ဘဲ ရိုင္းမိရပါလိမ့္မယ္ "

" ဟင္ လူႀကီးကို ေခြးစကားေျပာတယ္ ၊ အမ်ိဳးတစ္ျခမ္းယုတ္ေလး "

" ေမေမ့...ေမေမ့စကားေတြက အရမ္းလြန္ေနၿပီေနာ္ ၊ အန္တီခိုင့္အိမ္ထဲလာၿပီး အန္တီခိုင့္ကိုေစာ္ကားတဲ့စကားမ်ိဳးေတြ မေျပာပါနဲ႔ ၊ အန္တီခိုင္ဟာ ေမေမေစာ္ကားေျပာဆိုခ်င္တိုင္း ေျပာဆိုရမယ့္သူမ်ိဳးမဟုတ္ပါဘူး "

" ၾကည့္စမ္း နင္ကပါ ငါ့ကိုခံေျပာတယ္ဟုတ္လား မိုးယံရွင္းကို "

" မမွန္တာကိုေတာ့ မမွန္တဲ့အတိုင္း ေျပာရမွာပဲ ေမေမ "

" ေအး နင္ ဒီကိစၥကိုမွန္တယ္လို႔ထင္ေနသ၍ ငါ့အိမ္ကိုျပန္လာဖို႔စိတ္မကူးနဲ႔ မိုးယံရွင္းကို "

ႀကီးႀကီးဟာ ေဒါႀကီးေမာႀကီးနဲ႔ ေအာ္ဟစ္ေျပာဆိုၿပီးေနာက္ အထုတ္ေတြကိုဆြဲကာ ဝုန္းဒိုင္းႀကဲၿပီးျပန္သြားပါေလေတာ့သည္ ။

ေမက ေခါင္းငိုက္စိုက္နဲ႔ထိုင္ေနတဲ့ အစ္ကိုမိုးယံေဘးမွာ ဝင္ထိုင္ရင္း

" အန္တီတို႔အတြက္ေၾကာင့္နဲ႔ေတာ့ သားအေမကို အတိုက္အခံလုပ္စရာမလိုပါဘူး သားရယ္ ၊ အန္တီတို႔က နားလည္ပါတယ္ ၊ ဒီကိစၥကိုေျပာျပလိုက္ရင္ သားအေမဘက္က ဒီလိုပဲတုန္႔ျပန္မယ္ဆိုတာသိသိႀကီးနဲ႔ ဒီတိုင္းဖံုးကြယ္မထားခ်င္လို႔ ေျပာျပလိုက္တာပါ ၊ သားအေမနဲ႔ျပန္လိုက္သြားၿပီး ေတာင္းပန္လိုက္ေနာ္ ၊ အန္တီတို႔က အျပည့္အဝနားလည္ေပးတယ္ "

" ဟင့္အင္း အန္တီ က်ြန္ေတာ္ ေမာ္လၿမိဳင္ကိုျပန္လိုက္မသြားခ်င္ေတာ့ဘူး "

" မဟုတ္တာ သားရယ္ ၊ အန္တီတို႔မိသားစုေၾကာင့္နဲ႔ေတာ့ ဒီလိုမျဖစ္ေစခ်င္ပါဘူး "

" မဟုတ္ဘူး အန္တီ ၊ ဒီကိစၥေၾကာင့္ခ်ည္းပဲသပ္သပ္ေတာ့ မဟုတ္ပါဘူး ၊ တျခားအေၾကာင္းေတြလည္း ရွိပါေသးတယ္ ၊ က်ြန္ေတာ္ ေမေမ့လက္ေအာက္ကေန ရုန္းထြက္မွျဖစ္မယ့္ အေၾကာင္းတစ္ခ်ိဳ႕ တကယ္ရွိလို႔ပါ "

" ဒါဆို သားက တကယ္ပဲ သားအေမနဲ႔ေမာ္လၿမိဳင္ကို မျပန္ေတာ့ဘူးေပါ့ "

" ဟုတ္ကဲ့ က်ြန္ေတာ္ ဒီမွာပဲ အေဆာင္ငွါးေနေတာ့မယ္ အန္တီ "

" အို အေဆာင္ငွါးေနစရာ မလိုပါဘူး ၊ အိမ္မွာ အခန္းပိုေတြရွိသားပဲ ၊ အန္တီတို႔အိမ္မွာပဲေနေပါ့ ဟုတ္ၿပီလား "

" မင္းရဲ႕အလုပ္ကိုေရာ ဘယ္လိုလုပ္မလဲ မိုးယံ "

တစ္ခ်ိန္လံုးၿငိမ္ေနတဲ့ေလးငယ္က ဝင္ေျပာလာေတာ့

" က်ြန္ေတာ္လုပ္တဲ့ NGO အဖြဲ႔ရဲ႕ ရံုးခ်ဳပ္က ရန္ကုန္မွာရွိတာ ကိုဘုန္း ၊ နဂိုကတည္းကလည္း ရန္ကုန္မွာလူလိုေနတယ္ဆိုၿပီးေခၚေနတာ ၊ အဲ့ဒါေၾကာင့္ ေမာ္လၿမိဳင္ကေန ဒီကိုတာဝန္ေရႊ႕ေပးပါဆိုၿပီး ေျပာလိုက္ရင္ရၿပီ "

" ေအာ ဒါဆိုရင္ေတာ့ အဆင္ေျပသားပဲ "

" ဟုတ္ကဲ့ "

" ဒါနဲ႔ မင္းရဲ႕ပစၥည္းပစၥယေတြကို ယူဖို႔က်ေတာ့ေရာ "

" အန္တီေလးက ကၽြန္ေတာ့္အခန္းကို ဝင္ရွင္းေပးေနက်ဆိုေတာ့ ေမေမမသိေအာင္ အန္တီေလးကိုပဲ ပစၥည္းေတြလွမ္းပို႔ခိုင္းရမွာပဲ "

" ေအး မင္းအဆင္ေျပတယ္ဆိုရင္ ၿပီးတာပါပဲ ၊ ဒီမွာကေတာ့ မင္းေနခ်င္သေလာက္ ေနလို႔ရပါတယ္ "

" ဟုတ္ကဲ့ အန္တီခိုင့္ကိုေရာ ကိုဘုန္းကိုေရာ ကၽြန္ေတာ္ေက်းဇူးတင္ပါတယ္ "

ဒီလိုနဲ႔ပဲ အစ္ကိုမိုးယံလည္း ခ်မ္းတို႔အိမ္မွာပဲ ေသာင္တင္သြားေတာ့သည္ ။

______________________________

#For Unicode

ပထမဆုံးအနေနဲ့ ချမ်းနဲ့ဦးသာရဲ့အကြောင်းကို ဖွင့်ပြောဖို့စဉ်းစားမိသည်က သူငယ်ချင်းတွေကိုပဲဖြစ်၏ ။ ထိုကဲ့သို့ဖွင့်ပြောဖို့ဆုံးဖြတ်ပြီးတဲ့နောက်မှာကို သူငယ်ချင်းတွေက ချမ်းတို့ရဲ့ဖြစ်တည်မှုအပေါ် လက်မခံဘဲ ဝိုင်းပြီးများပြစ်တင်ရှုံ့ချလေမလားဆိုတဲ့စိုးရိမ်စိတ်နဲ့ အနည်းငယ်တော့ မဝံ့မရဲဖြစ်မိသေးသည် ။

ဒါပေမယ့်လည်း သူတို့ဘယ်လိုပဲဝိုင်းပြောကြပါစေ...ချမ်းကတော့ ဦးသာတစ်မျက်နှာထဲကိုကြည့်ကာ ရှေ့ဆက်မှာပဲဖြစ်သည် ။ အမျိုးမျိုးထိုးနှက်လာနိုင်သောစကားလုံးတွေအတွက် ကိုယ့်စိတ်ကိုယ် ကြိုတင်ပြင်ဆင်ထားသော်ငြား ဦးသာကိုတော့ ထိုစကားလုံးတွေကို မကြားစေလိုတာကြောင့် ချမ်းတစ်ယောက်တည်းသာ သူငယ်ချင်းတွေနဲ့တွေ့ဖို့ ဆုံးဖြတ်ခဲ့သည် ။

တကယ်တမ်းတွေ့ကြသည့်အခါမှာတော့...

" ကောင်စုတ်...နင်က နင့်အတွက်ကြံနေလို့ ဦးသာကို ငါတို့နဲ့မိတ်ဆက်မပေးတာမဟုတ်လား "

" ပန်းချီကားတွေဆွဲတဲ့သူက ဦးသာဖြစ်နေတော့ နင် မဟားဒရားတွေပီတိဖြာနေရောပေါ့ ၊ ဟုတ်လား ဟမ် ဖိုးချမ်း... "

" အမလေး ငါတို့လောက်တောင်အဖြစ်မရှိဘဲ ရည်းစားတောင်တစ်ခါမှမထားဖူးတဲ့ ငချမ်းက အရင်ဆုံးအိမ်ထောင်ပြုတော့မယ်ဆိုတော့ ရည်းစား ၃ ယောက်ထားခဲ့ဖူးတဲ့ ငါက တကယ်ရင်နာတယ်ကွ "

" ငါ့မှာ ကိုမိုးစက်နဲ့သာ ချစ်သူဖြစ်နေတာ ၊ ငါ့ပုံတူဖြင့် တစ်ပုံမှကို ဆွဲမပေးသေးဘူး ၊ နင်ကျတော့ ပန်းချီကားတွေအများကြီးပဲ ရထားတယ် ၊ မနာလိုဘူးဟဲ့ ချမ်းစုတ်ရဲ့ "

အဲ့လို တစ်ယောက်တစ်ပေါက်တွေ ဝိုင်းဝန်းထောပနာပြုကြတော့ ချမ်းမှာ သူ့အား နားလည်ပေးကြသော သူငယ်ချင်းတွေကိုကြည့်ကာ ဝမ်းနည်းဝမ်းသာကြီးဖြစ်လို့လာသည် ။

ထိုစဉ် ရတုက

" ဟေ့ကောင် ချမ်း...လေဆိပ်မှာ ဦးသာကိုတွေ့လိုက်တယ်ဆိုပြီး ဖုန်းဆက်တုန်းက မင်း ပျာယာတွေခတ်ပြီးရောက်ချလာတာလေ "

" အဲ့ဒါ ဘာဖြစ်လဲ "

" တကယ်တော့ အဲ့ဒါ မင်းကို ငါ ဂျင်းထည့်လိုက်တာ "

" ဘယ်လို ? "

" ဟီးဟီး ဟုတ်တယ် ၊ အဲ့နေ့က ဦးသာကို Foreigner တစ်ယောက်နဲ့အတူတူ ပြည်ပဆိုက်ရောက်မှာ တွေ့တာလေ ၊ ဧည့်သည်လာကြိုတာမှန်းသိသားပဲ "

" ဟာ...ခွေးကောင် ငါကတော့ တကယ်မှတ်ပြီး သေမလိုတွေကားမောင်းလာခဲ့ရတာ "

" အောင်မာ ငါ အဲ့လိုလုပ်လိုက်တော့မှ မင်းစိတ်ကို မင်းမြင်ပြီး အခုလိုတွေ အဆင်ပြေသွားတာမဟုတ်ဘူးလား ပြောစမ်းပါ "

ရတုပြောတာက ဟုတ်နေတာကြောင့် ချမ်းလည်း ရယ်ဖြဲဖြဲနဲ့ ခေါင်းငြိမ့်ပြလိုက်ရတော့သည် ။

သူငယ်ချင်းတွေနဲ့တွေ့ဆုံမှုက အဆင်တပြေပြီးသွားတဲ့နောက် ချမ်း နောက်ထပ်မဖြစ်မနေ အသိပေးဖို့စဉ်းစားမိသူတစ်ယောက်ကတော့ အစ်ကိုမိုးယံပင် ။ ကြီးကြီးဒေါ်ဝင်းမာနှင့် အဆင်မပြေသော်ငြား အစ်ကိုမိုးယံကတော့ ချမ်းကို ငယ်စဉ်ကတည်းက ချစ်ခင်ပေးတတ်သူမို့ ချမ်းကလည်း သံယောဇဉ်ရှိသည်သာ ။

သံယောဇဉ်ရှိရတဲ့အစ်ကိုမို့ ပြောချင်တာအပြင် ဦးသာနဲ့တရင်းတနှီးရှိတတ်သူလည်းဖြစ်တာကြောင့် ဦးသာတကယ်ချစ်ရသူဟာ ချမ်းပါဆိုပြီး မဏ္ဍပ်တိုင်တက်ပြချင်တာလည်း နည်းနည်းတော့ပါသည်ပေါ့ ။ ဦးသာနဲ့ပတ်သက်ရင် ချမ်းလည်း စိတ်ပုတ်မိတာတွေများပါပြီလေ ။

" ဟဲလို အစ်ကိုမိုးယံ "

" ဟာ ချမ်းလေး ထူးထူးဆန်းဆန်း ဖုန်းဆက်လာပါလား ၊ ဒီတလောတွေ လိုင်းပေါ်မှာလည်းမတွေ့လို့ အစ်ကိုတောင် ချမ်းဆီ ဖုန်းလှမ်းဆက်ဦးမလို့ "

" ဟုတ်တယ် ၊ ဒီတလောတွေ ကိစ္စလေးနည်းနည်းရှိနေလို့ "

" ငါ့ညီလေး အဆင်ရောပြေရဲ့လား "

" ဟီး ပြေတယ် အစ်ကို ၊ ဒါနဲ့လေ ဒီရက်ထဲ အစ်ကိုအားရင် ရန်ကုန်ကို လာခဲ့ပါဦး ၊ ချမ်း အစ်ကို့ကို surprise လုပ်စရာရှိတယ် "

" ဟေ ထူးထူးဆန်းဆန်း Surprise ဆိုပါလား ၊ စိတ်ဝင်စားသွားပြီကွာ ၊ လာခဲ့မယ် လာခဲ့မယ် ၊ မော်လမြိုင်က ဘာတွေဝယ်လာခဲ့ပေးရဦးမလဲ ၊ ဘာစားချင်လဲ "

" ဟင့်အင်း ဘာမှဝယ်မလာနဲ့ အစ်ကို ၊ လူပဲလာရင်ရပြီ "

" အိုခေ အိုခေ ချမ်းလေး ၊ အစ်ကိုလာခဲ့မယ်နော် ၊ ငါ့ညီလေး စာမေးပွဲကိုဂုဏ်ထူး ၂ ဘာသာနဲ့အောင်တဲ့အတွက်လည်း အစ်ကိုက ဆုချချင်သေးတာ "

" ဟီးဟီး ဟုတ် အစ်ကို ၊ ဒါဆို ချမ်းမျှော်နေမယ်နော် "

တကယ်တမ်း အစ်ကိုမိုးယံရောက်လာတော့ ထင်မထားမိတဲ့ ကြီးကြီးဒေါ်ဝင်းမာကပါ မေနဲ့မတွေ့တာကြာလို့ဟုဆိုကာ အတူတူပါလာလေသည် ။ ကြီးကြီးကိုမြင်လိုက်ကတည်းက ချမ်းမှာ ရင်တထိတ်ထိတ် ။ ဦးသာနဲ့ချမ်းကိစ္စကို သိသွားလို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် လက်ခံမှာမဟုတ်ဘဲ ကျိန်းသေပေါက် ပြစ်တင်ရှုံ့ချမယ်ဆိုတာကို ချမ်း အတတ်သိနေသည်လေ ။ ချမ်းစိတ်ထဲ ဘာရယ်လို့မပြောတတ်သည့် တစ်စုံတစ်ခုကို စိုးရွံ့ထိတ်လန့်လာမိသည် ။

" ဦးသာ "

ချမ်းခေါ်သံကြောင့် Laptop တစ်လုံးနဲ့အလုပ်ရှုပ်နေသော ဦးသာက လှည့်ထူးသည် ။

" ဟော ချမ်း...အောက်မှာ ဧည့်သည်တွေနဲ့စကားမပြောဘူးလား "

ဦးသာက ကြီးကြီးနှင့်သိပ်ပြီးအစေးကပ်သူမဟုတ်၍ ချမ်းတို့နှင့်အတူတူ ဧည့်ခန်းမှာရှိမနေဘဲ သူ့ဟာသူအခန်းထဲဝင်ပြီးအလုပ်လုပ်နေတယ်ဆိုတာ ချမ်း ရိပ်မိပါသည် ။ ချမ်းကတော့ မေနဲ့အတူတူထိုင်ကာ ဧည့်ခံနေရင်း စိတ်ထဲလေးလံသလိုကြီးဖြစ်လာတာမို့ ဦးသာထံ ရောက်လာမိခြင်းသာ ။

" ဟင် ချမ်း ဘာဖြစ်လာတာလဲ ၊ နေမကောင်းဘူးလား "

ရုတ်တရက် ဦးသာပေါင်ပေါ်မှာဝင်ထိုင်လိုက်ပြီး လည်ပင်းကိုသိုင်းဖက်ကာ ပခုံးပေါ် ခေါင်းတင်မှီချလိုက်တာမို့ ဦးသာက အလန့်တကြားမေးလာတာဖြစ်သည် ။ ဦးသာဆိုတာ ဒီလိုပဲ ။ ချမ်း ဘာလုပ်လုပ် အရိပ်လိုကြည့်ကာ သေးသေးလေးကအစ အမြဲတမ်း စိတ်ပူနေတတ်တော့တာ ။ အခုနောက်ပိုင်း အဲ့ဒါကိုသိလို့လည်း တစ်ခုခုဆို ချမ်းက ဦးသာအပေါ် ပိုအားကိုးပြီး ထစ်ခနဲရှိ ပြေးပြေးချွဲချင်နေတာဖြစ်သည် ။

" ကျွန်တော်တို့အကြောင်းကို ကြီးကြီးသိသွားရင် လက်ခံမှာမဟုတ်ဘူးထင်တယ်နော် ဦးသာ "

" အင်း ဘယ်လက်ခံလိမ့်မလဲ "

" ကျွန်တော်ကြောက်တယ် ၊ ကြီးကြီးက ဆိုးဆိုးဝါးဝါးတွေပြောလာမှာကို ကျွန်တော်ကြောက်တယ် "

" ကိုယ်ရှိတယ်လေ ချမ်းရဲ့ ၊ ချမ်းနားမှာ ကိုယ်ရှိနေပေးမှာပဲကို ဘာကြောက်စရာရှိလဲ "

" အဲ့လိုကြောက်တာမဟုတ်ဘူး ၊ ကြီးကြီးရဲ့စကားတွေကြောင့် ဦးသာရဲ့စိတ်က တစ်မျိုးဖြစ်ပြီး ပြောင်းလဲသွားမှာကို ကျွန်တော်ကြောက်တာ ၊ အဲ့ဒီစကားလုံးတွေရဲ့ထိုးနှက်မှုကို ဦးသာမခံနိုင်မှာကို ကြောက်တာ "

" သြော် ချမ်းငယ်ရယ်.... "

ထူး ခပ်ညည်းညည်းရေရွတ်ပြီး ပုခုံးပေါ်မှီချထားတဲ့ခေါင်းလုံးလုံးလေးကို အသာဖွဖွပွတ်ကာ ခါးပိစိလေးကိုပါ နင့်နေအောင်ဆွဲဖက်ထားလိုက်မိရင်း

" ဘယ်သူ့စကားတွေ...ဘယ်လိုထိုးနှက်ချက်တွေကြောင့်မှ ချမ်းအပေါ်ထားတဲ့ ကိုယ့်စိတ်ကပြောင်းလဲသွားမှာမဟုတ်ပါဘူး ၊ အဲ့ဒီထက်ဆိုးတဲ့လောကဓံတွေကိုတောင် ကိုယ်က ဖြတ်သန်းလာခဲ့ပြီးပါပြီ ချမ်းရယ် ၊ အဲဒီအတွက် ကိုယ့်ကို စိတ်ချလို့ရတယ် ဟုတ်ပြီလား "

" ဟုတ် "

" ဒါပေမယ့် တစ်ခုပဲ... "

ထိုစကားဆက်ကြောင့် ချမ်းက ပုခုံးပေါ်မှီချထားတဲ့ခေါင်းကို ဆတ်ခနဲမတ်ရင်း ဦးသာမျက်နှာကို အလန့်တကြားမော့ကြည့်မိသည် ။

" ချမ်းက ကိုယ့်ကို လိုအပ်နေသ၍ ကိုယ်က ချမ်းအနားမှာ အမြဲရှိသွားမှာ ၊ ဒါပေမယ့် တစ်နေ့နေ့မှာ ချမ်းက ကိုယ့်ကို မလိုအပ်တော့ဘူးဆိုရင်လည်း.... "

" ဟင့်အင်း ဟင့်အင်း "

ချမ်းမကြားလိုတဲ့စကားသံတို့ထွက်ပေါ်ရာ နှုတ်ခမ်းများကို လက်ဖြင့်အတင်းဖိပိတ်ပေးမိကာ ဦးသာရဲ့မျက်လုံးအစုံကို စိုက်ကြည့်ရင်းက

" ကျွန်တော်က ဦးကို မလိုအပ်ဘူးဆိုတဲ့ တစ်နေ့နေ့က ဘယ်တော့မှရှိလာမှာမဟုတ်လို့ ဦးက ကျွန်တော့်အနားမှာပဲ အမြဲရှိနေပေးပါ "

ချမ်းရဲ့စကားအဆုံးမှာ ဦးသာက သူ့ရဲ့ပါးနှစ်ဖက်ကို ခပ်ဖွဖွအုပ်ကိုင်ရင်း နဖူးပြင်ကိုနမ်းမွှေးလာလေတော့ ပထမဆုံးဆိုတဲ့အသိနဲ့ ကြက်သီးမြမြထ,ရသည် ။

" ဒါ ကျွန်တော်တို့ရဲ့ first forehead kiss ပေါ့နော် "

" ဟင့်အင်း မဟုတ်ဘူး "

" ဟင် ဒါဆို ဘယ်တုန်းက.... "

ချမ်းရဲ့တအံ့တသြအမေးမှာ ဦးသာက မျက်နှာအနည်းငယ်နီလာပြီး

" အိမ်ကိုပြန်လာတဲ့ပထမဆုံးညက ချမ်း ကိုယ့်အခန်းထဲမှာ အိပ်ပျော်သွားတယ်လေ ၊ အဲ့ဒါ ချမ်းကိုပွေ့ပြီး အခန်းကိုပြန်ပို့ပေးရင်းနဲ့ အဲ့...အဲ့ဒီမှာ ပထမဆုံးနမ်းမိသွားတာ "

ချမ်းကိုမကြည့်ဘဲ မျက်နှာခပ်လွှဲလွှဲနှင့် နားထင်ကိုလက်ညှိုးလေးနဲ့ကုတ်ခြစ်ရင်း ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့လူကြီးကို ချစ်လွန်းသည့်စိတ်ကြောင့် အတင်းကြုံးပြီးဖက်ထားမိသည် ။

အရမ်းချစ်တာပဲ ဦးရယ်.... ။

***********

ချမ်းရဲ့အခန်းထဲမှာ အစ်ကိုမိုးယံနဲ့ချမ်းနဲ့ နှစ်ယောက်ထဲ ။

" ချမ်းလေး အစ်ကို့ကို surprise လုပ်စရာရှိတယ်ဆို "

ပြောချင် ကြွားချင်လွန်းတဲ့စိတ်နဲ့ ကိုမိုးယံကို ရန်ကုန်ထိလှမ်းခေါ်မိပေမယ့် တကယ်တမ်းပြောရမယ်ဆိုတဲ့အခါ အနည်းငယ်တော့ရှက်သလိုလို ။

" ဟိုလေ....ဟိုဟာ "

ချမ်းရဲ့စကားစ,ရခက်နေပုံကြောင့် အစ်ကိုမိုးယံက ရယ်မောကာ

" ဘာကိစ္စမို့လို့ ဒီလောက်ပြောဖို့ခက်နေတာလဲ ချမ်းလေးရဲ့ "

" ဟို ချမ်းမှာ ချစ်သူရှိနေပြီ အစ်ကို "

" ဟေ တယ်ဟုတ်ပါလား ၊ အစ်ကို,ကိုတောင် ကျော်တက်သွားပြီပေါ့ ၊ ကဲ ပြောစမ်းပါဦး ချမ်းရဲ့ချစ်သူက ဘယ်သူလဲ "

" ဦးသာ "

" ဟင် အစ်ကိုကြီးထူးချွန်သာ? "

" အင်း ဟုတ်တယ် "

ချမ်းရဲ့အဖြေကိုကြားလိုက်တဲ့အခိုက်မှာ အစ်ကိုမိုးယံဆွံ့အ,တိတ်ဆိတ်သွားပုံက အံ့သြသွားလို့ဆိုတာထက်ကို ပိုနေသလိုပင် ။ ချမ်းစိတ်ထင် နည်းနည်းတောင် ငိုင်ကျသွားသလားလို့ ။

" ဘာဖြစ်လို့လဲဟင် အစ်ကို "

" အာ ဘာမှမဖြစ်ပါဘူး ၊ ထင်မထားမိတော့ ဒီတိုင်း နည်းနည်းအံ့အားသင့်သွားတာပါ ၊ ဘာပဲဖြစ်ဖြစ် အစ်ကို့ညီလေး ချစ်သူရသွားတဲ့အတွက် အစ်ကိုက ဂုဏ်ပြုပေးရမှာပေါ့ ၊ Congratulations ချမ်းလေး "

" ဟုတ် ကျေးဇူးပါပဲ အစ်ကို ၊ ဒါနဲ့ အခုလိုကြားလိုက်တော့ အစ်ကို့စိတ်ထဲတစ်မျိုးကြီးဖြစ်မသွားဘူးလား "

" ဘာကိုတစ်မျိုးဖြစ်ရမှာလဲ ချမ်းရဲ့ "

" ဟို ဟို ယောက်ျားချင်းကြိုက်တယ်ဆိုပြီး အဲ့ အဲ့လိုလေ... "

" သြော် ဒါက သိပ်အဆန်းတကျယ်ကိစ္စမှမဟုတ်တာ ချမ်းလေးရယ် ၊ အစ်ကို့ဆီမှာ နေထိုင်မှုစနစ် နဲ့ ကျန်းမာရေးဗဟုသုတအတွက် လာပြီးဆွေးနွေးအကြံဉာဏ်တောင်းတဲ့ LGBT စုံတွဲတွေလည်းရှိတာမို့ အစ်ကို့အတွက် ဒီလိုကိစ္စက မထူးဆန်းပါဘူး "

" ဒါဆို အစ်ကိုကတော့ ချမ်းရဲ့ဒီအခြေအနေကို လက်ခံတယ်ပေါ့ "

" အင်းလေ ဘာလက်မခံစရာရှိလဲ ၊ ချမ်းလေးရော အစ်ကိုကြီးထူးရောက လွတ်လပ်တဲ့သူတွေပဲ ၊ ယောက်ျားချင်းပဲဖြစ်နေနေ မိန်းမချင်းပဲဖြစ်နေနေ ယောက်ျားနဲ့မိန်းမပဲဖြစ်နေနေ လွတ်လပ်သူအချင်းချင်း နှစ်ဦးနှစ်ဖက်လက်ခံရင် ချစ်လို့ရတာပဲလေ ၊ ဘယ်သူ့ကိုမှမထိခိုက်တဲ့ ချစ်ခြင်းက အပြစ်ကင်းပါတယ် ချမ်းလေးရယ် "

အစ်ကိုမိုးယံရဲ့စကားတွေက ချမ်းအား တကယ်ပဲ စိတ်သက်သာရာရ,စေခဲ့ပါသည် ။

ဒါပေမယ့်လည်း နောက်တစ်နေ့မနက်ခင်းမှာတော့ ပြဿနာတစ်ရပ်က စောင့်လို့ကြိုနေပါတော့သည် ။ ကြီးကြီးဟာ သူ့ရဲ့အထုတ်အပိုးတွေကို ဧည့်ခန်းမှာထုတ်ထားပြီး အစ်ကိုမိုးယံနှင့် အချေအတင်စကားများလျက်ရှိသည် ။ မေ နဲ့ လေးငယ်လည်း ရှိနေပေမယ့် သားအမိကြားမှာ ဘာတစ်ခွန်းမှဝင်ပြောလိုခြင်းရှိဟန်မတူချေ ။

" မင်းကို ငါအခုပြန်လိုက်ခဲ့လို့ ပြောနေတယ်နော် မိုးယံရှင်းကို "

အစ်ကိုမိုးယံကိုဆိုရင် သားလေး သားလေးနဲ့ပါးစပ်ဖျားက မချတတ်တဲ့ကြီးကြီးက မခေါ်စဖူး နာမည်အရင်းကိုပင်ခေါ်ချလာပုံထောက်တော့ အတော်ကြီးကို စိတ်ဆိုးနေမှန်းသိသာလှသည် ။

" ဒီကိစ္စက မေမေဒီလောက်အထိ စိတ်ဆိုးရမယ့်ကိစ္စမဟုတ်ဘူးလေ ၊ ချမ်းနဲ့အစ်ကိုကြီးထူး ချစ်ကြတာ ဘယ့်သူ့ကိုထိခိုက်လို့လဲ "

" ထိခိုက်တာပေါ့ ၊ ငါတို့တစ်မျိုးလုံးတစ်ဆွေလုံးကို ထိခိုက်တာပေါ့ ၊ ငါတို့မျိုးရိုးထဲမှာ ဒါမျိုးမရှိဘူး ၊ အခုတော့ ငြိမ်းချမ်းရေးတစ်ယောက်ကြောင့်နဲ့ တစ်မျိုးလုံးသိက္ခာကျတော့မယ် ၊ ဒါကြောင့် ငါ အစကတည်းက ငါ့မောင်လေးမင်းဝန်ကို တားခဲ့တယ် ၊ ဒီထူးချွန်သာဆိုတဲ့ကောင်လေးကို ခေါ်မထားဖို့ ၊ ငါ့စကားနားမထောင်လို့ အခုတော့ ကိုယ်ကျိုးနည်းရပြီ "

" မေမေ့ "

ချမ်းကိုထိခိုက်ပြောဆိုတာမျိုးကို အဒေါ်ဆိုတဲ့တော်စပ်မှုကြောင့် ချမ်းသည်းခံနိုင်ပေမယ့် ဦးသာကို ထိခိုက်ပြီးပြောလာတာမျိုးကိုဖြင့် ဒီအတိုင်းငြိမ်မနေနိုင်ပါ ။

" ဒီမှာ ကြီးကြီး...ဒီကိစ္စက နှစ်ဦးသဘောတူဖြစ်ကြတာမို့ ဦးသာကို ဘာမှအပြစ်တင်စရာမလိုဘူး ၊ ဦးသာသွေးဆောင်တိုင်းပါရအောင်လည်း ကျွန်တော်က ၅ နှစ်သားမဟုတ်ဘူး ၊ ဒီတော့ ပြောချင် အပြစ်တင်ချင်ရင် ကျွန်တော့်ကိုပဲ ပြောပါ...အပြစ်တင်ပါ ၊ ကြီးကြီးက ကျွန်တော့်အဒေါ်တော်တာမို့ ဆုံးမတဲ့သဘောနဲ့ပြောဆိုနိုင်ပါတယ် ၊ ဒါပေမယ့် ဦးသာကိုတော့ ခုနကလိုမျိုး ဘယ်တော့မှမပြောပါနဲ့ ၊ နောက်တစ်ခါထပ်ပြောရင် ကျွန်တော့်ဘက်က သည်းခံတော့မှာမဟုတ်ဘဲ ရိုင်းမိရပါလိမ့်မယ် "

" ဟင် လူကြီးကို ခွေးစကားပြောတယ် ၊ အမျိုးတစ်ခြမ်းယုတ်လေး "

" မေမေ့...မေမေ့စကားတွေက အရမ်းလွန်နေပြီနော် ၊ အန်တီခိုင့်အိမ်ထဲလာပြီး အန်တီခိုင့်ကိုစော်ကားတဲ့စကားမျိုးတွေ မပြောပါနဲ့ ၊ အန်တီခိုင်ဟာ မေမေစော်ကားပြောဆိုချင်တိုင်း ပြောဆိုရမယ့်သူမျိုးမဟုတ်ပါဘူး "

" ကြည့်စမ်း နင်ကပါ ငါ့ကိုခံပြောတယ်ဟုတ်လား မိုးယံရှင်းကို "

" မမှန်တာကိုတော့ မမှန်တဲ့အတိုင်း ပြောရမှာပဲ မေမေ "

" အေး နင် ဒီကိစ္စကိုမှန်တယ်လို့ထင်နေသ၍ ငါ့အိမ်ကိုပြန်လာဖို့စိတ်မကူးနဲ့ မိုးယံရှင်းကို "

ကြီးကြီးဟာ ဒေါကြီးမောကြီးနဲ့ အော်ဟစ်ပြောဆိုပြီးနောက် အထုတ်တွေကိုဆွဲကာ ဝုန်းဒိုင်းကြဲပြီးပြန်သွားပါလေတော့သည် ။

မေက ခေါင်းငိုက်စိုက်နဲ့ထိုင်နေတဲ့ အစ်ကိုမိုးယံဘေးမှာ ဝင်ထိုင်ရင်း

" အန်တီတို့အတွက်ကြောင့်နဲ့တော့ သားအမေကို အတိုက်အခံလုပ်စရာမလိုပါဘူး သားရယ် ၊ အန်တီတို့က နားလည်ပါတယ် ၊ ဒီကိစ္စကိုပြောပြလိုက်ရင် သားအမေဘက်က ဒီလိုပဲတုန့်ပြန်မယ်ဆိုတာသိသိကြီးနဲ့ ဒီတိုင်းဖုံးကွယ်မထားချင်လို့ ပြောပြလိုက်တာပါ ၊ သားအမေနဲ့ပြန်လိုက်သွားပြီး တောင်းပန်လိုက်နော် ၊ အန်တီတို့က အပြည့်အဝနားလည်ပေးတယ် "

" ဟင့်အင်း အန်တီ ကျွန်တော် မော်လမြိုင်ကိုပြန်လိုက်မသွားချင်တော့ဘူး "

" မဟုတ်တာ သားရယ် ၊ အန်တီတို့မိသားစုကြောင့်နဲ့တော့ ဒီလိုမဖြစ်စေချင်ပါဘူး "

" မဟုတ်ဘူး အန်တီ ၊ ဒီကိစ္စကြောင့်ချည်းပဲသပ်သပ်တော့ မဟုတ်ပါဘူး ၊ တခြားအကြောင်းတွေလည်း ရှိပါသေးတယ် ၊ ကျွန်တော် မေမေ့လက်အောက်ကနေ ရုန်းထွက်မှဖြစ်မယ့် အကြောင်းတစ်ချို့ တကယ်ရှိလို့ပါ "

" ဒါဆို သားက တကယ်ပဲ သားအမေနဲ့မော်လမြိုင်ကို မပြန်တော့ဘူးပေါ့ "

" ဟုတ်ကဲ့ ကျွန်တော် ဒီမှာပဲ အဆောင်ငှါးနေတော့မယ် အန်တီ "

" အို အဆောင်ငှါးနေစရာ မလိုပါဘူး ၊ အိမ်မှာ အခန်းပိုတွေရှိသားပဲ ၊ အန်တီတို့အိမ်မှာပဲနေပေါ့ ဟုတ်ပြီလား "

" မင်းရဲ့အလုပ်ကိုရော ဘယ်လိုလုပ်မလဲ မိုးယံ "

တစ်ချိန်လုံးငြိမ်နေတဲ့လေးငယ်က ဝင်ပြောလာတော့

" ကျွန်တော်လုပ်တဲ့ NGO အဖွဲ့ရဲ့ ရုံးချုပ်က ရန်ကုန်မှာရှိတာ ကိုဘုန်း ၊ နဂိုကတည်းကလည်း ရန်ကုန်မှာလူလိုနေတယ်ဆိုပြီးခေါ်နေတာ ၊ အဲ့ဒါကြောင့် မော်လမြိုင်ကနေ ဒီကိုတာဝန်ရွှေ့ပေးပါဆိုပြီး ပြောလိုက်ရင်ရပြီ "

" အော ဒါဆိုရင်တော့ အဆင်ပြေသားပဲ "

" ဟုတ်ကဲ့ "

" ဒါနဲ့ မင်းရဲ့ပစ္စည်းပစ္စယတွေကို ယူဖို့ကျတော့ရော "

" အန်တီလေးက ကျွန်တော့်အခန်းကို ဝင်ရှင်းပေးနေကျဆိုတော့ မေမေမသိအောင် အန်တီလေးကိုပဲ ပစ္စည်းတွေလှမ်းပို့ခိုင်းရမှာပဲ "

" အေး မင်းအဆင်ပြေတယ်ဆိုရင် ပြီးတာပါပဲ ၊ ဒီမှာကတော့ မင်းနေချင်သလောက် နေလို့ရပါတယ် "

" ဟုတ်ကဲ့ အန်တီခိုင့်ကိုရော ကိုဘုန်းကိုရော ကျွန်တော်ကျေးဇူးတင်ပါတယ် "

ဒီလိုနဲ့ပဲ အစ်ကိုမိုးယံလည်း ချမ်းတို့အိမ်မှာပဲ သောင်တင်သွားတော့သည် ။

_____________________________

Continue Reading

You'll Also Like

1M 64.1K 53
မင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light
300K 20.3K 41
Each part is written with Unicode and Zawgyi fonts. Start date : 10. 9 .2020 End date : 26 . 10.2020
450K 23.4K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
19K 1.1K 52
လရောင်ဆိုတာ နေမင်းကြီးဆီကမှ အလင်းပြန်ထွန်းလင်းရတဲ့အမျိုးမဟုတ်လား။ အဲ့လိုပဲ လရောင်ရဲ့ဘဝမှာလည်း ကိုနေမရှိလို့မဖြစ်ဘူး။ ကျေးဇူးပြုပြီး လရောင်ရဲ့ဘဝထဲကနေ...