ခွင့် မရှိ
By Ph4549
17.7K 1K 42
" မြင်းအုန်းခွံ ၊ ကျွန်ကုလား ၊ မယားတောသူ ဆိုတဲ့စကား မင်းမကြားဖူးဘူးလား.. " " ဟာ မားရာ.. ရှင်လေးက ဒိတ်အောက်တြာ... More
Part (1)
Part (2)
Part (3)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part (10)
Part (11)
Part (12)
Part (13)
Part (14)
Part (15)
Part (16)
Part (17)
Part (18)
Part (19)
Part (20)
Part (21)
Part (22)
Part (23)
Part (24)
Part (25)
Part (26)
Part (27)
Part (28)
Part (29)
Part (30) Final..
Part (4)
410 32 2
By Ph4549
ခွင့်မရှိ
🌸pann
Part (4)
ရှင်လေးက မနေ့တနေ့ကမှ တက်လာတဲ့ အဆိုတော် တစ်ယောက်မဟုတ်.. အသက်ဆယ့်ရှစ်နှစ်ကတည်းက အဆိုတော် ဖြစ်ခဲ့တာ
အခုဆို အနုပညာ သက်တမ်းဆယ်နှစ်တောင်ရှိပြီ.. ဒီနှစ်လောက်နဲ့ဆို ရှင်လေးကို သိတာထက်ကို ပိုသင့်လောက်ပြီ မဟုတ်လား ။
ဒါကို ဘေးကစုဖုရားလတ်က မသိပါဘူးတဲ့လေ.. သီပေါမင်း လေးဘက်ထောက်ခေတ်မှာများ အသက်ရှင်နေလားမသိ
ဒီလောက်တိုးတက်နေတဲ့ခေတ်မှာ ရှင်လေးကို ဘေးကဘွားတော်က မသိပါဘူးတဲ့.. ရုပ်ရှင်ဇာတ်ကားတွေ ဝတ္ထုထဲမှာတွေမှာ မင်းသားက နာမည်ကြီး မင်းသမီးက မသိ.. ရုပ်ရှင်သဘောသဘာဝအရတော့ ကြားရကြည့်ရကောင်းပေမယ့် အခုတော့ ကြားရတာ နားဝင်မချောလှ ။
ရှင်လေးကို မသိဘူးဟေ့ဆိုပြီး ဒီနေရာမှာတင် ဂျွမ်းဆယ်ပတ် ဆယ့်ငါးပတ်လောက် ထိုးလိုက်ရမလား.. ဒါမှမဟုတ် ထပဲခုန်လိုက်ရမလား ရှင်လေးမသိ
သူကပဲခေတ်နောက်ကျနေတာလား.. ကိုယ်ကပဲ ကြိုးစားမှုအင်အား လိုနေတာလားမပြောတတ်တော့ပါ ။
" ဟို ယဉ်အေး မသိဘူးဆိုတာကလေ နာမည်က ကြားဖူးပါတယ် အေးကြည်တို့ ခဏခဏပြောတော့လေ.. "
ထိုင်တောင် ရှစ်ခိုးရတော့မလိုလို..
" လူနဲ့နာမည် နဲ့ တွဲမသိတာလေး တစ်ခုပါ.."
တွဲမသိတာလေး တစ်ခု ဆိုပဲ.. တွဲသိအောင် လည်ပင်းမှာ နာမည်ကြီးကြီးရေးချိတ်ထားမှ တွဲသိမှာလား လို့ရွဲ့မေးလိုက်ချင်တယ် ။
ဒါပေမယ့် သူကကိုယ့်ကိုသိကိုသိမှရမယ် မသိလို့ ရန်စကားပြောနေတယ်လို့များ ထင်နေမှာစိုးလို့ ပါးစပ်ကို စတာပလာနဲ့သာတွဲချုပ် ထားလိုက်ရတယ်..
ဒါတော့ဒါပေမယ့် သိတော့သိသင့်တယ် မဟုတ်ဘူးလား.. စိတ်ထဲတော့ ဘဝင်မကျလှ ။
သူ စိတ်ဆိုးသွားတာလား မသိဘူး.. ဘေးက မီးရောင်ပြပြနဲ့ သူ့မျက်နှာဖြူ ဖြူ ဖွေးဖွေး လေးကို ဘေးတစ်ခြမ်းစောင်းလေး မြင်နေရတော့ သူ့မျက်နှာ နည်းနည်း ပြောင်းလဲနေတာ သိရတာပါလေ..
ယဉ်အေး ကိုယ့်ခေါင်းကိုယ်သာ လက်သီးဆုပ်နဲ့ ထုပစ်လိုက်ချင်သည် ။
သိတယ်လို့ ညာလိုက်ရင် အနည်းဆုံးတော့ သူစိတ်ချမ်းသာ သွားမယ်မဟုတ်လား..
ယဉ်အေးကလည်း ယဉ်အေးပါလေ.. အဘက လိမ်တာညာတာ မကြိုက်တော့ ယဉ်အေးကလည်း တစ်လမ်းသွားကြီး ဖြစ်နေတာ လေ ။
အေးကြည်တို့နှစ်ယောက် ကလည်း ရံဖန်ရံခါ ပြောတတ်သေးတယ်..
" မုသားမပါ လင်္ကာမချောတဲ့ ယဉ်အေးရဲ့.. လင်္ကာချောအောင်တော့ နည်းနည်းပါးပါး မုသားထည့်ပါဟယ် ကြားရတာ နားဝင်မချောဘူးဟဲ့ "
" တစ်လမ်းသွား တွေက ယာဉ်တိုက်မှု ဖြစ်တာများတယ် ယဉ်အေးရဲ့.. တစ်ခါတလေ နှစ်လမ်းသွားလေး လုပ်မှ သူ့ဘက်ကိုယ့်ဘက် အဆင်ပြေတာ "
" ဒါပေမယ့် ဘုရားက လိမ်တာမကြိုက်ဘူးလေ.. ငါးပါးသီလ ထဲမှာတောင် မုသာဝါဒါ ကံပါတယ်လေ ဘုရားမကြိုက် နတ်မကြိုက်တာ မလုပ်ကောင်းဘူး "
" လာပြီ ဘုရားဖြစ်မယ့် အုတ်နီခဲမ.. ဘုရားမကြိုက် တာက လိမ်တာပါ ယဉ်အေးရဲ့ ညာတယ်ဆိုတာက တစ်ဖက်သား စိတ်ကျေနပ်အောင် မဆိုစလောက် လေး ညာတာပါတေး လုပ်ရတာပါ.. ယောကျာ်း သားတွေတောင် ဘုရားက အရက်သောက်တာ မကြိုက်လို့ဘီယာသောက်တာပါ ထန်းရည်သောက်တာပါနဲ့ ဆင်ခြေအမျိုးမျိုး ညာရွှီးနေကြတာပဲလေ "
" နေရာတိုင်း မှန်တာချည်းမချရဘူး.. မှန်တာပြော ရွာပြင်ထုတ်ခံရတယ် ဆိုတဲ့စကားလည်း ရှိတာပဲမလား တစ်ခါတလေ တစ်ဖက်သားစိတ်ကျေနပ်အောင် ညာရတဲ့အခါလည်း ရှိတယ် ယဉ်အေးရဲ့ "
ယဉ်အေးတော့ သူနဲ့ပတ်သက်လာရင် ညာတတ်အောင် သင်တော့မှထင်တယ်..။
" မင်းမှာ ချစ်သူရည်းစားလေး ဘာလေးမရှိဘူးလား.. "
ဖျတ်ခနဲ ရှင်လေး တွေးမိလိုက်တဲ့ အတွေးကြောင့် မေးချလိုက်ရတယ်.. ဒီအသက်ရွယ်ရောက်နေပြီ ချစ်သူရည်းစားလေးတော့ ရှိမှာပဲ မဟုတ်လား
" ဟင်.. မရှိပါဘူး မရှိဘူး မရှိဘူး "
" ရပါတယ် တစ်ခါငြင်းရင်ပဲ.. ငါက မင်းချစ်သူရှိရင် မင်းတို့နှစ်ယောက် အဆင်ပြေအောင် ကူလုပ်ပေးမလို့ စေတနာနဲ့မေးတာပါ "
" ဟင်.. "
ယဉ်အေး ထင်လိုက်သည်က သူနဲ့လက်ထပ်ရမယ့်မိန်းကလေးမို့ ယဉ်အေးနောက်ကြောင်း ရှင်းမရှင်းကို မေးသည်ထင်လို့ပါ.. ။
ဒါပေမယ့် ယဉ်အေးအတွေးလွဲသွားတယ်..
သူ့ရဲ့စေတနာပါတဲ့..
ယဉ်အေးက မသွက်လက်တဲ့မိန်းကလေး ဖြစ်ပေမယ့် သူပြောတဲ့စကားရဲ့အဓိပ္ပါယ်ကိုတော့ ယဉ်အေး ကောင်းကောင်းကြီးနားလည်ပါတယ်..။
သူ ယဉ်အေးနဲ့လက်မထပ်ချင်ဘူးပေါ့လေ..
အလင်္ကာချောမောလှပအောင်တော့ ယဉ်အေးမသုံးတတ်ပေမယ့် သူကတော့ လှလှပပလေး ဖြစ်အောင် သုံးတတ်ရုံမက အဆုံးသတ်လည်းတတ်ပါသည် ။
ယဉ်အေး နားလည်လိုက်ရတဲ့ အရာပေါ် အသာပြုံးလိုက်မိပါသည်..
" စေတနာထားပေးတဲ့အတွက် ကျေးဇူးပါနော်.."
ရှင်လေး ကြားလိုက်ရတဲ့စကားကြောင့် သူ့ဘက်လှည့်ကြည့်တော့ သူကအမှောင်ရိပ်မှာထိုင်နေသူမို့ မျက်နှာအမူရာမတွေ့ရပေမယ့် မျက်လုံးတစ်စုံရဲ့ အလင်းပြပြလေးကို တွေ့နေရသလိုပါ.. ။
အဲ့မျက်ဝန်းတစ်စုံက အရောင်တစ်ခုနဲ့ အဓိပ္ပာယ် တစ်ခု သက်ရောက်နေသလိုလိုရယ်..
ယဉ်အေး တောင်းပန်ပါတယ်.. ယဉ်အေးမှာ သူမျှော်လင့်ထားသလို ချစ်သူရည်းစားမရှိတဲ့အတွက်
" ညဥ့်လည်းနက်ပြီမို့ ဝင်အိပ်လိုက်ပါ.. တော်ကြာ အိပ်ရေးပျက်နေပါ့မယ် "
ယဉ်အေး စကားအသာပြောလိုက်သည်.. ။
" အင် "
ရှင်လေး ထ ထွက်လာခဲ့လိုက်သည်.. သူနဲ့စကားပြောနေတော့လည်း ဘာမျှော်လင့်ချက်ရောင်ခြည်မှ မသမ်းတဲ့အတွက် ။
သူအိပ်ယာဝင်မှ ယဉ်အေး အဓိပ္ပာယ် မဲ့စွာ ကောင်းကင်ယံကို မော့ကြည့်မိသည်..
ယဉ်အေး ဘာဆက်လုပ်သင့်လဲ..
.
" ယဉ်အေး ရေ.. "
" ဟယ် လာလေ "
အေးကြည်တို့်နှစ်ယောက် နေမပွင့်သေးဘူး မနက်အစောအိမ်ကိုရောက်ချလာသည်.. ။
အရင်ကတစ်ခါမှ စောစောအိမ်မရောက်လာဖူးဘူး..
" ရော့.. ကောက်ညှင်းပေါင်း လေး "
" ဟင် "
ကောက်ညှင်းပေါင်း ပန်းကန်ထိုးပေးတော့ ယဉ်အေး ကြောင်မိသေးတယ်.. ဘာဖြစ်လို့ပါလိမ့်ပေါ့ ။
" ဒါတွေက.. "
" မင်းသားတို့စားဖို့.. သူက ကောက်ညှင်းပေါင်း မကြိုက်ရင် ငချိတ်ပေါင်းလည်း ပါတယ် သေချာကျွေးလိုက်နော် "
" အဟွန်း.. အင်းပါ "
ယဉ်အေး ပြုံးရင်း သူတို့ပန်းကန်တွေ လက်လွှဲပြောင်းယူလိုက်ရသည်..
" ပြီးတော့ ဒီမှာအကြော်.. "
" ဝိုင်းကြည်.. နင့်အကြော်က စုံလှချည်​လား "
" အဆိုတော် လေးက ဘာကြိုက်မှန်း ငါမှမသိတာ.. ဒီတော့ အစုံသာဆွဲချလာတာ ဟဲဟဲ "
ကောင်းရော.. ။
" အေးပါ အေးပါ.. အစုံသာ တည်ခင်းကျွေးမွေးလိုက်ပါ့မယ် "
" ဒါနဲ့ သူ ထပြီလား.. "
" အွန် ထပြီထင်တယ် "
" သူဒီဘက်တော့ မလာလောက်ဘူး ထင်တယ်.. "
" မလာပါဘူး.. မီးဖိုချောင်ကို သူကဘာလုပ်ဖို့လဲ "
" ဒါဆို မေးရဦးမယ်.. နင်နဲ့သူ တကယ်ပေးစားကြတော့မှာလား "
" ဟင်.. "
ယဉ်အေး ဘာဖြေရမည်လဲ.. ။
ဒီမင်္ဂလာပွဲဆိုတာ တကယ်ရော ဖြစ်မြောက်လာမည်လား.. ယဉ်အေး မပြောတတ်ပါ
" လူကြီးတွေ ဘယ်လိုလုပ်မလဲ ယဉ်အေးမှမသိတာ.. "
" ဟိုတနေ့က သူလက်ထပ်တော့မယ်ပြောတာ ဒီမင်္ဂလာပွဲလား.. "
" ဟင်.. "
" ယဉ်အေး နင်ကတော့ ဘာမဆို ပြူးတိပြူးကြောင်ကြီးနဲ့.. ကိုယ့်ခင်ပွန်းလောင်း အကြောင်း ဘာဆိုဘာမှ မသိဘူး သာမန်လူဆို ထားပါ အခုကသူက နိုင်ငံကျော်အဆိုတော် သူ့အကြောင်းသိဖို့က ခဲရာခဲဆစ်ရှာစရာတောင် မလိုတာ နင်နဲ့တော့ ခက်ပါဘိဟယ် "
" အေးဟယ်.. "
သူတို့တောင် အခုလို ဖြစ်နေရင် သူဆိုရင်ရော ဘယ်လိုဖြစ်မလဲ.. ညကနှုတ်ကထုတ်မပြောပေမယ့် အောင့်သက်သက်ဖြစ်သွားတာတော့ ယဉ်အေးမျက်မြင်ကိုယ်တွေ့ပါလေ ။
" စောနကအကြောင်း ဆက်ပြောမယ်.. နင်လုပ်တာနဲ့ စကားလမ်းကြောင်း ပြောင်းတော့မယ် သူ့အင်တာဗျူးမှာဖြေထားတယ် သူ့ဇနီးလောင်းက အပြင်အသိုင်းဝိုင်းထဲကတဲ့.. အနုပညာ အသိုင်းဝိုင်းထဲက မဟုတ်ဘူး သူ့မင်္ဂလာပွဲကလည်း ဒီလကုန် နောက်လလောက် ဖြစ်မယ်လို့တောင် ပြောသွားသေးတယ် အခုကလည်း ဒီလကုန်ဖို့ နှစ်ရက်လောက်ပဲလိုတော့တာလေ.. "
" အဲ့လိုဆို နင်ကတကယ်သူ့ဇနီးလောင်း မဟုတ်ဘူးလား.. "
" ဟင်.. သူအဲ့လိုဖြေထားတာလား "
" အေးပေါ့.. ငါတို့က နင့်ကို ညာမလား "
ဒါဆို ဘာလဲ.. ယဉ်အေးနဲ့ လက်ထပ်ဖို့ကို သူတကယ်ပဲ လက်ခံထားတာလား ။
ဒါပေမယ့် သူရောက်ကတည်းက မျက်နှာမကောင်းတာကရော ဘာလဲ..
အင်တာဗျူးမှာတောင် သူဖြေခဲ့ရင် ယဉ်အေးတို့ မင်္ဂလာပွဲက အဖြစ်မြောက်တော့မည်လား..
အေးကြည်နဲ့ဝိုင်းကြည် လုပြောနေတဲ့စကားတွေ ယဉ်အေး အသာလေးငြိမ်နားထောင်မိသည် ။
ယဉ်အေး က သူ့ဇနီးလောင်းတဲ့လား..
ဘာကြောင့်ရယ်မသိ.. ယဉ်အေး နှစ်ခြိုက်မိတဲ့ အပြုံးတစ်ခု ခိုးရယ်မိသည်
သူ့ဇနီးလောင်းတဲ့.. ။
.
" မား.. လာပါဦး မားရယ် "
အိမ်ပေါ် အလုပ်ရှုပ်နေကြတုန်း ရှင်လေး မားကို အပင်အောက်ဆွဲခေါ်လာလိုက်သည်.. ။
မားနဲ့ဒီကိစ္စ တိတ်တဆိတ်ရှင်းလင်းရဦးမည်..
မရှင်းလို့မရ.. လူကမနေနိုင်မထိုင်နိုင်အောင် မူပျက်နေပြီလေ
" ဘာလဲ ရှင်လေးရယ်.. ဖြေးဖြေး လုပ်စမ်းပါ "
" မားကို ပြောစရာ ရှိလို့.. "
" ဟိုမှာပြောလည်း ရရဲ့သားနဲ့ "
" မရလို့ပေါ့ မားရဲ့.. "
" ကဲ ဘာပြောမှာတုံး ပြော.. "
" ရှင်လေးနဲ့ ယဉ်အေးချမ်း အကြောင်းကို ပြန်စဉ်းစားပေးပါလား.. "
" ဟင်..ဘယ်လ "
" ဟော ဒီသားမိ က ဒီမှာကိုး.. "
အသံကြားလို့ ဘေးကိုကြည့်မိတော့ အဘအောင်မောင်း..
ဒီအဘ ပါလာပြန်ပြီ ။
သူ့ကို ပတ်ရှောင်နေရတာ တမနက်လုံး.. အခုလည်း ဘာလာလုပ်ပြန်ပြီလဲ မသိ
အသက်ကြီးလို့ ငြိမ်ငြိမ်လေးနေမယ့်ထဲ ဒီအဘမပါ.. ဟိုစပ်စပ် ဒီစပ်စပ်နဲ့ စပ်စပ် စပ်စပ်ချည်းပဲ
" ဘာအဆင်မပြေကြလို့လဲ.. "
ဘာအဆင်မပြေဘူးလဲဆိုရင် အဘ မြေးနဲ့ ယူရမယ့်ကိစ္စ အဆင်မပြေဆုံးပဲ..
" ဘာမှမရှိပါဘူး ဦးလေးရယ်..အားလုံး အဆင်ပြေပါတယ် "
" ဒါဆို လူလေးရော.. "
မေးလာပြီ.. လူလေးရောတဲ့ ဖြေချချင်မိတာက ပါးစပ်ကိုယားလို့
မကောင်းတတ်လို့သာ အငြိမ်နေလိုက်ရတာ..။
" ပြေပါတယ် အဘ.. အိမ်ပေါ်မှာ လူရှုပ်နေလို့ အာ့ဒီဘက်မှာ ခဏနေတာပါ "
" ဟုတ်သားပဲ.. လူလေးက အဆိုတော်ဆိုတော့ လာကြည့်ကြတာလေ နှင်လွှတ်လည်းမရ.. အဆို တော်တဲ့ မင်းကိုသာ လာကြည့်တာပါ အတော် ဆိုတဲ့ ငါ့ကိုတော့ တနေ့တစ်ခေါက် ယောင်လို့တောင် လာမကြည့်ဘူး "
" အဟက်.. "
ရှင်လေး ညစ်ထုတ် ရယ်လိုက်ရပါသေးတယ်..။
" လူလေး ပျင်းနေမပေါ့.. "
" ဟုတ်မယ် ဦးလေးရယ်.. ရှင်လေးက ရန်ကုန်မှာဆို အိမ်မှာအငြိမ်နေတတ်သူမဟုတ်ဘူး သီချင်းရေးနေချိန်သာ အိမ်ကပ်တာ မဟုတ်ရင် အပြင်ထွက်တာများတယ်.."
" အာ့ ရှင်လေး အလုပ်ကြောင့်ပါ မားရဲ့.. "
ရှင်လေးရှေ့တင် မဟုတ်တာပြောရတယ်လို့ ။
" ဟုတ်သား လူလေးလည်း ပျင်းမကိုး..နေဦး ယဉ်အေးနဲ့ ရွာထဲ ပတ်သွား ယဉ်အေးကို လိုက်ပို့ခိုင်းမယ် ယဉ်အေးရေ ယဉ်အေး "
ပြောရင်းဆိုရင်းနဲ့ကို လှမ်းအော်ခေါ်နေတာမို့ ရှင်လေး လှမ်းတားရသည်.. ။
" ဟို နေပါစေ အဘ.. ကျွန်တော် ရပါတယ် "
" ရပါတယ်ကွာ အားမနာနဲ့.. ယဉ်အေး ဟဲ့ ယဉ်အေး "
အားနာနေတာမှ မဟုတ်တာ အဘရဲ့.. ။
" ရှင်.. အဘ "
ဟော.. ထူးရင်းနဲ့ အိမ်ပေါ်ကနေ ဆင်းလာပြီလေ ။
ဒီအဘ နဲ့တော့ ငါရူးချင်လာပြီ.. ။
" အဘ ယဉ်အေးဘာလုပ်ပေးရမလဲ.. "
" လူလေးကိုခေါ်ပြီး ရွာထဲ လိုက်ပို့ပေးလိုက်.."
" ဟုတ်ကဲ့.. ဒီက ကိုဘုန်းထက်ပြည့်ရှင် ခဏနော် ယဉ်အေး အမေ့ကိုသွားပြောလိုက်ဦးမယ် "
" ဟဲ့ ယဉ်အေး ငါ့ပြောလည်း ရပါတယ်.. ရှည်ဆိုပြန်ရော ငါပြောလိုက်မယ် နင်သာလူလေးကို ခေါ်သွား "
ဇွတ်အတင်းကို ထည့်ပေးနေတော့တာပဲ.. ။
" ရှင်လေး လိုက်သွားလိုက်လေ ထ.. သမီးယဉ်အေးကလည်း သားနာမည်အပြည့်ခေါ်မနေပါနဲ့လို့ အန်တီမှာထားရဲ့သားနဲ့ "
ယဉ်အေး ကိုခေါ်ပြီး သားကို ရင်းရင်းနှီးနှီးဆက်ဆံပြောဆိုပါဆိုပြီး လာပြောထားတာလေ.. ယဉ်အေးကသာ နှုတ်မရဲသေးလို့ မပြောဖြစ်သေးတာ ။
" ယဉ်အေး သတိထားပါ့မယ် အန်တီ.. "
" အခုကစ ခေါ်ကြည့်တော့ သမီးရေ.. "
" ဟုတ်ကဲ့.. ကိုရှင်လေး သွားရအောင်နော် "
" ဟော.. ခ်ခ် "
အဘနဲ့အန်တီက ရယ်ကြတော့ ယဉ်အေး ရှက်သလိုလို နဲ့ ခေါင်းကုတ်ရတော့မလို ×င်ပဲ ကုတ်ရတော့မလိုလို ဖြစ်ရပြီ ။
သူကတော့ ယဉ်အေးကို စိုက်ကြည့်နေလေရဲ့..
အဲ့လောက် စိုက်မကြည့်ပါနဲ့.. တော်ကြာ ယဉ်အေး တလွဲတွေ ဖြစ်တော့မှာပဲ ။
" ကျွန်တော် လိုက်သွားလိုက်ဦးမယ်.. "
" အေးအေ "
" ခဏ သွားလိုက်ဦးမယ်..အဘနဲ့အန်တီ "
ယဉ်အေး ပြောတော့ နှစ်ယောက်လုံး ခေါင်းအသာညိမ့်တာနဲ့ လှည့်ထွက်လာလိုက်သည်..။
သူ့ဘေး ယှဉ်မလျှောက်ရဲလို့ နောက်နားလေးမှာပဲ အသာကပ်လိုက် လိုက်သည်..
" ယဉ်အေး "
" ရှင်.. အဘ "
ယဉ်အေး နောက်ပြန်လှည့်ရင်း ထူးမိသည်..။
" ယာ(ခင်း) ဘက်ကနေ လှည့်ခေါ်ပြီး ဘုရားကိုသွားလိုက်.. ဒီချိန်လူသိပ်မရှိဘူး အဲ့ဘက်က "
" ဟုတ်ကဲ့ "
အိမ်ဝိုင်းထဲကနေ လှမ်းအော်ပြောနေသေးတဲ့ အဘအောင်မောင်း.. ။
တကယ်တမ်း ရှည်တာ အဘအောင်မောင်းပါ..
ကျစ်.. ငရဲက လက်ယက်ခေါ်နေတော့မှာပဲ ကန်တော့ပါအဘရေ
" ဟို ကိုရှင်လေး.. ဒီမှာ ခဏစောင့်ပေးပါလား ယဉ်အေး အေးကြည်တို့ နှစ်ယောက် ကို ဝင်ခေါ်လိုက်မယ် "
" ဘာလုပ်ဖို့လဲ သူတို့ကိုခေါ်ပြီး.. "
" ကိုရှင်လေး ရွာထဲလိုက်ပို့ရအောင်ပါ.. "
" မင်းက ဒီရွာသူမဟုတ်ဘူးလား.. ရွာထဲလိုက်ပို့ဖို့ အဖော်ခေါ်စရာလိုလား "
ရှင်လေး စိတ်မကြည်ပါဘူးဆိုမှ လူရှုပ်လူပိုက ခေါ်ဦးမယ် ဆိုလို့ ပြောချလိုက်ရသည်.. ။
ပြီး ကိုရှင်လေး ကိုရှင်လေးနဲ့.. နား ကလောပါဘိ
ရှင်လေး မားနဲ့ပါး သာ ' ရှင်လေး.. ' လို့ခေါ်တာ တခြားဘယ်သူမှ ခေါ်ခွင့်မရှိခဲ့တာ ။
ရှင်လေး ဆိုတာကို မားက သျှင်မင်းရဲ့အသေးမွှားလေး ဆိုတဲ့သဘောနဲ့ ခေါ်တာမို့ ရှင်လေး သဘောကျခဲ့တာလေ.. အခုတော့ ကိုရှင်လေး ခေါ်မှပဲ နာမည်တောင် ပြောင်းချင်တင်တင်
" ယဉ်အေး မသိလို့ပါ.. သွားရအောင် နော် "
ယဉ်အေး သူ့ရှေ့ မလှမ်းမကမ်းကနေ လျှောက်နေလိုက်သည်.. ။
သူနဲ့နှစ်ယောက်ထဲ သွားရင် အို့တို့အမ်းတမ်း ဖြစ်နေတာမို့ အေးကြည်တို့ကိုခေါ်ချင်တာပါလေ.. သူတို့နဲ့ဆို ဒီခရီးက ပျင်းစရာမကောင်းမှာ အမှန်ပါလေ ။
.
" ဝေ့ ယဉ်အေး.. ဘယ်သွားမလို့တုန်း ခင်ပွန်းလောင်းနဲ့အတူတူ "
တောက်.. ယာထဲ စိုက်စရာရှိတာ မစိုက်ဘူး လှမ်းအော်မေးနေရသေးတယ်လို့ ။
ဘယ်သွားမလို့လဲဆို ရပြီပေါ့.. ခင်ပွန်းလောင်းနဲ့အတူတူ က ပါသေး
ဒါ အဘအောင်မောင်း စနက်ကြောင့်.. သူ့စနက် လုံးလုံးမှမကင်း ။
" ဟို.. ဘုရားဘက် သွားမလို့ "
" အေး.. နှစ်ယောက်သား သာယာပါ့ ယဉ်အေးရေ အားကျနေပြီသိလား ညည်းလာဘ်တွေ ခွဲဝေပါဦး "
" ယဉ်အေး အဲ့လောက် ကံမကောင်းပါဘူး.. သွားလိုက်ဦးမယ်နော် "
ယဉ်အေး သူ့ကို တစ်ချက်ကြည့်ပြီး ရှေ့က လှမ်းလှမ်းလျှောက်လိုက်ရသည်.. ။
ဘာကြောင့် ယဉ်အေးကျော မလုံရတာလဲ မသိ..
တောက်.. ငါနော် အိမ်မှာနေလို့ စိတ်ညစ်ပါတယ် ဆိုမှ အပြင်ထွက်မှပိုဆိုးနေပြီ
စိတ်တိုလိုက်တာနော် ။
ဒီမြေးဘိုးနှစ်ယောက် လူကိုစိတ်ရှုပ်အောင် တော်တော်လုပ်နိုင်တယ်..
" ယဉ်အေး ယောကျာ်း နဲ့အတူတူ ဘယ်သွားမလို့တုံး.. "
လာပြန်ပြီ နောက်တစ်ယောက်.. ။
စောနက မိန်းမတစ်ယောက် အခုက ဦးလေးကြီးတစ်ယောက်..
" ယဉ်အေး ဘုရားဘက်ခဏသွားမလို့ပါ ဦးကြီး.. ပြီး ကိုရှင်လေးက ယဉ်အေး ယောကျာ်း မဟုတ်ပါဘူး "
" ဘာပဲဖြစ်ဖြစ် ယူကြတော့မှာ မဟုတ်လား.. "
" အယ်.. "
ဖြေစရာ စကားမရှိတော့ပြန်.. ။
ကဲ ပြီးရော ပြီးရောဗျို့.. ယူတာ မယူတာ နောက်ထား အခုတင်ကို နှစ်ယောက် က ဇနီးမောင်နှံ ဖြစ်နေရပြီ ။
" ဟို.. ယဉ်အေးတို့ကို ခွင့်ပြုပါဦး "
" အေးအေ "
ယဉ်အေး သူ့လက်အင်္ကျီစကို လက်မနဲ့လက်ညိုးညှပ်ကိုင်ကာ သူကိုအသာဆွဲခေါ်လာရသည်..
သူ့မျက်နှာက လငပုပ်ဖမ်းသလို မဲမှောင်နေတာလေ ။
" မင်းဟာ ရောက်တော့မှာလား.. "
တစ်လမ်းလုံး မေးခံရလာရတာတော့ တော်တော် စိတ်ပေါက်နေပြီလေ.. ။
" ရှေ့တစ်ပြဆို ရောက်ပါပြီ.. "
ရှေ့တစ်ပြက ဘယ်လောက် ဝေးသေးမှန်း ရှင်လေးမသိ.. မသိဘူးဆိုပြီး နောက်ထပ်လည်း အရစ်ရှည်မမေးမြန်းချင်တော့ ဖြစ်နိုင်ရင် ဘာဆိုဘာမှ မပြောချင်တော့ပါ ။
ဒီတိုင်း တိတ်တိတ်လေးနေပြီး လိုက်သွားလိုက်တယ်.. တော်သေးတာပေါ့ နောက်ထပ် ဘယ်သူကိုမှ ထပ်မတွေ့ရလို့
ဒါပေမယ့်လည်း တစ်လမ်းလုံး မေးခံလာရတာဆိုတော့ ရွာရှိလူအကုန်လောက်ပဲ ဖြစ်မယ် ။
ဒီလိုမှန်းသိ အစကတည်းက အိမ်မှာပဲနေတယ်.. အာ့ကြောင့် ရှေးလူကြီးတွေ ပြောတာပေါ့ ထိုင်နေရင်အကောင်း ထသွားမှအကျိုး
အခုတော့ ရှင်လေး ကျိုးနေပါပြီ ။
ယဉ်အေးတို့နှစ်ယောက် ဘုရားပေါ်ရောက်လည်း ဘာစကားမှအေးဆေး ထိုင်မပြောဖြစ်.. သူကဘုရားရှိခိုးပြီး အရိပ်တစ်နေရာသွားထိုင်နေတော့ ယဉ်အေးက သူ့နားသွားထိုင်ရမလို တစ်နေရာမှာပဲ ရပ်စောင့်နေရမလို ဖြစ်ရသည်.. ။
နောက်တော့လည်း သူ့နားလည်းသွားမထိုင် အဝေးတစ်နေရာကိုလည်း သွားမနေဘဲ သူနဲ့ငါးလှမ်းစာအကွာမှာ ယဉ်အေး ထိုင်ချပြီး သူ့ကျောပြင်ကိုသာ ငေးကြည့်နေလိုက်သည်..
သူ့ကျောပြင်ကို ကြည့်နေရလည်း တော်တော် ကြည့်ကောင်းသည် ။
ယဉ်အေး သူ့ဘေးမှာ ထိုင်ခွင့်ရှိပါ့မလားဟင်..
.
ပါးနဲ့အဘအောင်မောင်းတို့ စကားပြောနေချိန် မားကို ရှင်လေး အသာခေါ်ထုတ်ခဲ့လိုက်သည်..
" မား ရှင်လေး တို့ မင်္ဂလာပွဲက တကယ်ရှေ့ဆက်သွားဖို့ရှိလား.. "
" ဘာလို့မေးတာလဲ ရှင်လေး.. "
" ရှင်လေး သူ့ကိုသဘောမကျဘူး မား.. "
" ဘာကိုသဘောမကျတာလဲ "
" သူ့ကိုသဘောမကျနေတာ ..ဘာမကျတာလဲမေးရင် သူနဲ့ပတ်သက်တာ အကုန်လုံး ပဲ "
" နောက်တော့ တဖြေးဖြေး သဘောကျလာမှာပါ.. "
" မထင်နဲ့ မား.. ရှင်လေး သူ့ကိုဘယ်လိုမှ သဘောမကျတာ သဘောကျလာမှာလည်း မဟုတ်ဘူး "
" သဘောမကျရတဲ့ အကြောင်းရင်းဖြစ်ဖြစ် အကြောင်းပြချက်ပဲ ဖြစ်ဖြစ် ရှိသင့်တယ် မဟုတ်လား.. "
" ရှင်လေး ဘာကြောင့်ဆိုတာ မပြောတတ်ဘူး မား.. ရှင်လေး သဘောမကျတာပဲ သိတယ် "
" ရုပ်ရည်ကြောင့်လား ရှင်လေး.. "
" ...... "
မား က ဒီလိုမေးလာမယ် မထင်ခဲ့တော့ ကြောင်အမ်းအမ်းဖြစ်မိတာ အမှန်.. ။
" မဖြေနိုင်ဘူးဆိုတော့ ခေါင်းညိမ့်တဲ့သဘောပေါ့.. "
မဟုတ်ဘူးလို့ ငြင်းချက်ထုတ်နိုင်စွမ်းလည်း ရှင်လေးမှာ မရှိပါ.. ။
" မား ဒီပွဲကို မဖျက်ပေးနိုင်ဘူး ရှင်လေး.. မားကို ပြန်စဉ်းစားခိုင်းလည်း ဒီအဖြေပဲ ထွက်မယ် ဒီနယ်တစ်ဝိုက် ယဉ်အေးက မင်းနဲ့လက်ထပ်မယ့် မိန်းကလေး လို့အားလုံးသိထားကြတယ် ရပ်ရွာတစ်ရွာမို့ သတင်းထွက်တာထက် မင်းမှာလည်း နာမည်ကြီးနေတဲ့အတွက် ဒီသတင်းက သတင်းခေါင်းစဉ်ထိပ်စည်းတစ်ခု ဖြစ်နေပြီရှင်လေး..ဒီလို နာမည်တွေထွက်ပြီးမှ ပွဲပျက်ခဲ့ရင် သမီးယဉ်အေး ဘယ်လောက် အရှက်ရလိုက်မလဲ သူ့ကို ဘယ်သူက လက်ထပ်ပါတော့ဦးမလဲ သူ့ကိုဘယ်သူက တာဝန်ယူပေးပါတော့မလဲ.. ဒါတွေ မားတို့ ထည့်စဉ်းစားပေးရမယ် ရှင်လေး "
ဟုတ်ပါသည်.. ယဉ်အေးဆိုတာ ကျွန်တော့်ဇနီးလောင်းလို့ နာမည်ထွက်နေတာပဲလေ ။
ဒါပေမယ့် ဒါကို ထည့်စဉ်းပေးတဲ့ ရှင်လေးကရော.. ရှင်လေးအတွက် မီးပင်လယ် ကို စွန့်စွန့်စားစား ခုန်ချလိုက်ရမှာလား မား
" ရှင်လေး ရေရှည်ကိုကြည့်.. မား ပြောရဲတယ် ယဉ်အေးက ရှင်လေးအတွက် အကောင်းဆုံး ဇနီးတစ်ယောက် ဖြစ်လာလိမ့်မယ် မယုံမရှိနဲ့..ကဲ စောစောအနားယူတော့ "
မားက ပြောပြီး အိမ်ဘက်လှည့်ပြန်သွားပြီ.. ။
ရှင်လေးမှာသာ ဘာမှမလုပ်ချင် မကိုင်ချင်..
မားကပြောတယ် ရေရှည်ကြည့်တဲ့.. ရေရှည်ကြည့်လို့ ရှင်လေး ရင်မောနေတာပါ မား
စိတ်တွေရှုပ်ထွေးနေတာနဲ့ ဖုန်းခဏဖွင့်ကြည့်တော့ ထူးဆန်းတဲ့မက်ဆေ့ခ်ျ တွေကြောင့် အင်တာနက် ဖွင့်ကြည့်ရသည်..
ဖွင့်ကြည့်လိုက်တော့ ဟင်ခနဲ ဟာခနဲဖြစ်ရပြီ..။
ရှင်လေး သတင်းတွေ တက်နေပါလား..
ရှင်လေးရဲ့သတို့သမီး ဆိုပြီး ပါလာတဲ့ မိန်းကလေးတစ်ယောက် ရဲ့ကျောပြင်.. ။
ယဉ်အေး ကျောပြင်ပါ.. ဒါက ဘယ်ကဘယ်လို ရသွားကြလဲ မသိပေမယ့် မျက်နှာကို ရှင်းရှင်းမပြထားပေးလို့ ကျေးဇူးတင်ရသည်..
တခြားသူတွေမသိပေမယ့် ဒီနယ်ကတော့ ယဉ်အေးဆိုတာ သိနေကြတာမို့ မဖြစ်မနေ ဒီတာဝန်ကို ရှင်လေး ယူရတော့မှာလား.. ။
ဟူး...
ရှင်လေး မသိလိုက်တာက ရှင်လေး ငြင်းချက်ထုတ်တာ တစ်စုံတစ်ယောက် ကြားသွားလောက်တယ် ဆိုတာကိုပေါ့..
.
ယဉ်အေး ကို သဘောမကျဘူးတဲ့လား.. ။
သဘောမကျတာ ရိပ်မိပေမယ့် တကယ်တမ်း ဖွင့်ဟကြားလိုက်ရတော့ ဘာလို့နာကျင်နေမိမှန်းမသိ..
ယဉ်အေး က စိတ်ဝင်စားဖို့ ကောင်းတဲ့မိန်းကလေး မဟုတ်မှန်းလည်း သိပါတယ်.. ကိုယ့်ကိုယ်ကို သိပေမယ့် အခုလိုကြားရတော့လည်း ဘာလို့ငိုချင်လာမှန်း မသိဘူး ။
ယဉ်အေး က ဘာလဲဟင်..ကိုရှင်လေး
ကိုရှင်လေးရဲ့ သတို့သမီးလောင်း ဆိုတာက ယဉ်အေးကို ညွှန်းဆိုခဲ့တာ ကိုရှင်လေးပါ.. ယဉ်အေးမဟုတ်ပါဘူး
ဒီထိရောက်လာခဲ့တာကလည်း ကိုရှင်လေးပါ..ယဉ်အေး မဟုတ်ဘူး
ပုံပြင်ဇာတ်လမ်းတစ်ပုဒ်လို ယဉ်အေး မှတ်ထင်ထားခဲ့တာပါ.. အိပ်မက်တစ်ခုလို့ပဲ ခပ်ပေါ့ပေါ့ တွေးပြီး နေလာခဲ့တာပါ ကိုရှင်လေး
အခုထိရောက်လာပြီးမှ ဘယ်လိုလှည့်ပြန်ရမလဲ ကိုရှင်လေး.. ။
ယဉ်အေး ပြန်ပြင်ဆင်လိုက်မယ်ဆိုရင် အဘမျက်နှာဘယ်လောက် ပျက်သွားမလဲဟင်.. အမေရော ဘယ်လိုဖြစ်မလဲ
အို.. တွေးမိတာတောင် ဒီလောက် နာကျင်နေရတာ တကယ်များ ပွဲပျက်ရင် ဘယ်လိုနေမလဲ
ယဉ်အေး မတွေးတတ်တော့ဘူး ကိုရှင်လေးရယ်.. ။
ဟူး...
အမှောင်ယံအောက်မှာ တိတ်တဆိတ် မျက်ရည်မိုးသွန်းဖြိုး ရွာနေရတဲ့ မိန်းမပျိုတစ်ယောက်ကို ဒီအတိုင်းပဲ ပစ်ထားလိုက်ကြတော့မည်လား..။
.
ဒီနေ့ ရှင်လေးတို့ကို စေ့စပ်ပေးတဲ့နေ့ပါ..
စေ့စပ်တယ်လို့သာ ခေါင်းစဉ်တပ်ထားတာပါ..တကယ်တမ်းကျ မင်္ဂလာပွဲနေ့ကို ဘယ်နေ့မှာလုပ်ဖို့ ဘယ်လိုလုပ်ဖို့ ဆွေးနွေးကြတာ ။
ယဉ်အေးတော့ အရာအားလုံးထက် ကိုရှင်လေးကိုသာ ငေးကြည့်နေမိတာ.. သူက ယဉ်အေးကို သဘောမကျဘူးလို့လည်း ပြောသေးတယ် ဘာလို့များ ဘာမှငြင်းချက်မထုတ်ဘဲ အသာလေးငြိမ်ထိုင်နေရတာပါလိမ့်..
ညကသူ့အမေနဲ့စကားပြောတာကို တစ်စွန်းတစ်စပဲ ကြားလိုက်တာနဲ့ ယဉ်အေးအသာ ထွက်ခဲ့လိုက်တာ.. ဘာအကြောင်း ဆက်ပြောကြမှန်း မသိပါ
သူက ဘာမှမပြောဘဲ ထိုင်နေတော့ ယဉ်အေးမှာ ထငြင်းရမကောင်း.. သူ့လိုလူကို ယဉ်အေးက ငြင်းတယ်ဆိုပြီး လူကြားမကောင်းဖြစ်တော့မည်.. ။
ဘယ်လိုလဲ.. ဒီအတိုင်းပဲ ဆက်သွားကြရတော့မှာလား
" ယဉ်အေး.. "
" ရှင် အဘ.. "
" မေးနေတယ်လေ.. မင်္ဂလာပွဲ ကို ဘယ်လိုလုပ်စေချင်လဲတဲ့ ပြန်မဖြေဘဲဘာလုပ်နေတာလဲ "
" ဟို ကန်တော့ပါနော် ဦးလေး နဲ့အန်တီ.. "
" ရပါတယ်.. ပွင့်ပွင့်လင်းလင်း ပြောနော် သမီးဘယ်လိုဖြစ်စေချင်လဲ "
" သမီးကို ခမ်းခမ်းနားနား ပြင်ဆင်ပေးမှာ.. ပိုက်ဆံ ကို ထည့်မစဉ်းစားနဲ့ ပြောမှာသာပြော "
သူ့အဖေနဲ့အမေကတော့ အားတက်သရော ပြောကြပေမယ့် သူကတော့ လေးတိထိုင်းမှိုင်းနေတာ.. ဒီလိုလုပ်နေမယ့်အစား ငြင်းလိုက်ရင်လည်း စိတ်သက်သာရာ ရဦးမည်မဟုတ်လား
ဘာကြောင့် ငြိမ်ထိုင်နေသေးတာလဲ.. ။
ကိုရှင်လေး စိတ်သဘောထားက ဘာလဲဟင်..
" ယဉ်အေး ရွာဦးဘုန်းကြီးကျောင်းမှာပဲ ဆွမ်းကပ်လိုက်ချင်တယ်.. "
" ဟေ.. "
သူက ဒီပွဲက သေးနိုင်သမျှ သေးချင်လောက်မယ်ဆိုတာ ယဉ်အေးစိတ်ထဲ တစ်ထစ်ချ ယုံမိတာနဲ့ သူ့အလိုကို မှန်းပြီး ယဉ်အေးပြောလိုက်တာပါ.. ။
လူကြီးတွေကတော့ အသံထွက်လာပေမယ့် သူကတော့ ခေါင်းငုံ့နေရာမှ ယဉ်အေးကို မော့ကြည့်လာသည်..
ယဉ်အေးလည်း သူ့အကြည့်ကို မျက်လုံး မလွှဲဘဲ ပြန်ကြည့်ကာ..
" ယဉ်အေး ကြီးကြီးကျယ်​ကျယ်​ မဆောင်ချင်ဘူး.. "
" သမီးက အဲ့လိုလုပ်ချင်လို့လား.. "
" ဟုတ်ကဲ့.. "
ယဉ်အေး ကိုရှင်လေး နဲ့ တိတ်တဆိတ် ပဲလက်ထပ်ချင်တယ်.. ဖြစ်နိုင်ရင်ပေါ့လေ ။
🌸pann
.............................................................
pann စာပြန်မစစ်မိလို့ အမှားပါရင်​ နားလည်မှုနဲ့ ပြင်ဖတ်ပေးကြပါနော် ။
အရေးသားချွတ်ခြုံနေလည်း အမှတ်မရှိ မျက်စိနောက်အောင် စာတင်မိတဲ့အတွက် အားနာရပါတယ်
ရေးရင်း ကိုယ့်ကိုယ်ကို အားမရတာတော့ အမှန်..
ကျန်းမာရေး ဂရုစိုက်ကြပါနော် ။
အပြင်သွားရင် mask တပ်သွားနော်.. တတ်နိုင်ရင် အိမ်မှာပဲ နေကြနော်
ဒါပေမယ့် လက်လှုပ်မှပါးစပ်လှုပ် ကြမယ့်သူတွေလည်းရှိတာမို့ အပြင်သွားရင် ဂရုစိုက်ကြပါနော် ။
ကိုယ့်ကိုယ်ကို ဂရုစိုက်ရင်း မိသားစု ကိုကာကွယ်ကြရအောင်..
အချိန်ပေးဖတ်ပေးကြတဲ့ တစ်ဦးတစ်ယောက် ချင်းစီတိုင်းကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်နော် 🙏
pann ကြိုးစားရေးသားပါမည် 💪💪💪
Continue Reading
You'll Also Like
9.2K 930 38
━━━━━━♡♤♡━━━━━━ "ကျွန်တော့်ရဲ့ စိတ်တွေကို အကြိမ်ကြိမ် ထိန်းသိမ်းနေပေမဲ့....ခင်ဗျား ကိုပဲ တွေးနေမိအောင် ဘာတွေ နဲ့ ပြုစားလိုက်တာလဲ...ကျေးဇူးပြုပြီး လွတ...
411K 9K 36
303K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
691K 14.7K 46
အချစ်ဆိုတာဘာမှန်းမသိလို့ ကိုကြီးကိုချစ်တယ်ဆိုတာ မသိတဲ့ငယ့်ကို ကိုကြီးအချစ်တေနဲ့အုပ်မိုးပြီး သိလာအောင်လမ်းပြပေးမှာပါငယ်ရယ်....