Unicode
ချစ်မိသူ အရှုံး
(အခန်း - ၁၂ )
ရှိုင်းသည် ဖိနပ်ချွတ်နေရင်း ကြားလိုက်ရသည့် မဒီ့အမေအသံကြောင့် မျက်ခုံးတွန့်သွားသည် ။ သူ ထိုအသံကို မကြားခဲ့တာကြာပေမယ့် ဘယ်တော့မှ မေ့မည်မဟုတ်ပေ ။ ထိုအသံသည် တစ်ချိန်က သူ ရင်းရင်းနှီးနှီး ကြားဖူးနေခဲ့သော အသံဖြစ်သည် ။
မဖြစ်နိုင်တာ ဟု မိမိအတွေးကို ပယ်ဖျောက်ပြီး ရှိုင်း အိမ်ထဲ ဝင်လိုက်သည် ။ တွေ့လိုက်ရသည့် မျက်နှာကြောင့် အံသြဆွံအသွားရသည် ။ သူ့မှတ်ညဏ်ထဲမှာ မတွေ့ရတာကြာပြီ ဖြစ်သည့်မျက်နှာပိုင်ရှင်၏ ပုံရိပ်သည် ဝေဝါးနေခဲ့သော်လည်း ယခု ပြန်တွေ့သည့်အခါ ပုံရိပ်က အတိအကျပြန်ပေါ်လာသည် ။ သွေးက စကားပြောသည်ဆိုတာ ဒါများလား ။
"ရှိုင်း ဒါ မဒီ့ မေမေလေ ။ မေမေ ၊ ဒါ မဒီ့ရဲ့ ချစ်သူ ရှိုင်း "
ဒေါ်ခတ္တာသည် ရှိုင်းဆိုသော နာမည်ကြားချိန်၌ မျက်နှာက အကြီးအကျယ် ပျက်သွားသည် ။ ထို့နောက် ရှိုင်းကို သေချာစိုက်ကြည့်ပြီး မျက်ရည်ဝဲလာတာကို ထိန်း၍ ပြုံးလိုက်သည်။
"ရှိုင်း ဒီမှာ ထိုင်လေ ။ မေမေ ဘာလို့ ကြည့်နေတာလဲ ။ ရှိုင်းကို မနှုတ်ဆက်ဘူးလား "
မဒီက တိတ်ဆိတ်နေသော အမေဖြစ်သူနှင့် ရှိုင်းကို ကြည့်ပြီး စကားတွေ ရေပက်မဝင်အောင် ပြောသည် ။
"အင်း ၊ သား ထိုင်နော် ။ ကိုယ့် အိမ်လိုသဘောထား "
ဒေါ်ခတ္တာက သတိဝင်ပြီး ပြောလိုက်သည် ။
"မေမေ ၊ ဖေဖေရော "
"သမီးအဖေ အရေးကြီးအစည်းအဝေးပေါ်လာလို့ ခုနပဲ သွားတယ် "
"ဟွန့် ဖေဖေကလည်း ။ မဒီ ဒီလောက်ပြောထားတာကို ။ ရှိုင်းကို အားနာစရာကြီး "
"ရပါတယ် မဒီ ။ ကျွန်တော်က ကိစ္စမရှိပါဘူး "
"မဒီ အဝတ်သွားလဲလိုက်ဦးမယ် ရှိုင်း ။ မေမေနဲ့ စကားပြောနှင့် "
"အင်း "
မဒီက ဒေါ်ခတ္တာကို ကြည့်ပြီး ရှိုင်းကို အကဲခတ်ဖို့ အချက်ပြ၍ ထွက်သွားသည် ။ မဒီ ထွက်သွားတော့မှ ဒေါ်ခတ္တာသည် ရှိုင်းကို ကြည့်ပြီး ရင်ထဲနာကျင်လာရသည် ။ သို့သော် ဟန်ဆောင်ပြုံးထားမိသည် ။
******
မဒီက သူ့ အမေအကြောင်း ရှိုင်းကို ခဏ ခဏပြောခဲ့သည်။ မဒီ့ အမေက မဒီ့ကို ဘယ်လောက်ချစ်ကြောင်း ၊ အလိုလိုက်ကြောင်း သူ့ကို ပြောပြသည် ။ ထိုအခါတိုင်း မဒီ မျက်လုံးတို့ တောက်ပနေတာကို တွေ့ပြီး ရှိုင်း အားကျပြီး ပြုံးမိခဲ့သေးသည်။
"မဒီ့ မေမေဆိုတာ....."
ရှိုင်း အံကြိတ်ထားမိသည်။
"သားတောင် ဒီအရွယ်ရောက်လာပြီပဲ ။ သား အဆင်ပြေရဲ့လား ။ အခုရော ဘယ်မှာနေတာလဲ "
ရှိုင်းက မဲ့ပြုံးပြုံး၍ ဖြေသည်။
"ဒီလောက်အကြာကြီး စွန့်ပစ်ခဲ့ပြီးမှတော့ မသိချင်ပါနဲ့တော့ အန်တီ "
ဒေါ်ခတ္တာ၏ ရင်ထဲ နင့်ခနဲဖြစ်သွားရသည်။
"သား အဆင်ပြေမယ်ထင်ပါတယ် ။ ဒါပေမဲ့ မဒီ နဲ့ သားနဲ့က မဖြစ်နိုင်ဘူး ။ နှစ်ယောက်လုံးက မေမေ့ သားသမီးတွေပဲ "
"ဘယ်လို! ခင်ဗျား သားသမီးလို့ ကျွန်တော့်ကို မပြောစမ်းပါနဲ့ဗျာ ။ ခင်ဗျား စွန့်ပစ်ခဲ့ပြီဆိုတာ သေချာ သိခဲ့တည်းက ကျွန်တော့်မှာ အမေမရှိတော့ဘူးလို့ မှတ်ယူပြီးသားပါ "
"သား ၊ မေမေ ရှင်းပြပါရစေဦး ။ တကယ်တော့ မေမေ သားကို....."
"တော်ပါတော့ ။ ကျွန်တော့်ကို မရှင်းပြပါနဲ့တော့ ။ ကျွန်တော် ခုချိန်မှ မသိချင်တော့ဘူး ။ ကျွန်တော် ပြန်တော့မယ် "
ရှိုင်း နှုတ်ဆက်ပြီး ကျောခိုင်းထွက်လာချိန်၌ ယောကျ်ားတန်မဲ့ ပါးပြင်ပေါ်သို့ မျက်ရည်တွေ စီးကျလာသည်။
သူ့ကိုကျ ရက်ရက်စက်စက် စွန့်ပစ်ခဲ့သည့် အမေဆိုသူက မဒီ့ကိုကျ သိပ်ချစ်ပြီး ဂရုစိုက်ခဲ့သည်တဲ့လား ။
××××××××××××××
"မေမေ ၊ ရှိုင်းရော "
ဒေါ်ခတ္တာက မဒီ မမြင်အောင် မျက်ရည်တွေ မြန်မြန်သုတ်လိုက်ပြီးသည် ။ မဒီ့ကို ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ပြုံးပြလိုက်ပြီး....။
"သူ ပြန်သွားပြီ သမီး "
"ဟင် ၊ ဘာလို့လဲ မေမေ ။ ရှိုင်း မနက်ဖြန်မှ ပြန်မယ်လို့ မဒီ့ကို ပြောထားပြီးသားလေ "
"ဟုတ်လား ၊ သူ ပြန်တော့မယ်လို့ ပြောသွားတာပဲ "
မဒီသည် ရှိုင်း၏ဖုန်းကို ခေါ်သော်လည်း ဖုန်းမကိုင်ပေ ။ ရှိုင်း ဘာအရေးကြီးကိစ္စရှိလို့လဲလို့ မပြောမဆိုနှင့် ပြန်သွားရသနည်း ဟု မဒီစဉ်းစားနေမိသည် ။
"သမီး...မဒီ "
"ဟင် မေမေ "
"မေမေ့ကို ရှိုင်းအကြောင်း ပြောပြဦးလေ"
"အဟင်း ဟုတ်သားပဲ ။ ရှိုင်းနဲ့ မဒီ ချစ်သူဖြစ်တာတော့ မကြာသေးပါဘူး မေမေ ။ ဒါပေမဲ့ မဒီက ရှိုင်းကို တကယ်ချစ်မိသွားတာ "
"ဒါနဲ့ သူ့မိဘတွေကရော "
ဒေါ်ခတ္တာ၏ မေးခွန်းကြားတော့ မဒီ့မျက်နှာ မကောင်းတော့ပေ ။
"ရှိုင်းက မိဘမဲ့ ၊ သူ့ ကို မိဘမဲ့ကျောင်းကနေ မွေးစားထားကြတာလေ ။ အဲ့ဒီအိမ်ကပဲ ရှိုင်းကို ကျောင်းထားပေးပြီး စောင့်ရှောက်ခဲ့ကြတာ "
"တော်သေးတာပေါ့ကွယ် "
ဒေါ်ခတ္တာသည် ယခုမှ စိတ်သက်သာရာ ရသွားသည် ။
"ဘာကိုလဲ မေမေ "
"ဒီအရွယ်ထိ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာလို့လေ "
"ဟုတ်တယ် မေမေ ။ ဒါပေမဲ့ ရှိုင်းက သနားစရာကောင်းပါတယ် ။ သူ့ကို မွေးစားတဲ့ မိဘတွေမှာ သားတစ်ယောက်ရှိတယ် ။ အဲ့ဒီကောင်လေးက ရှိုင်းကို တအား အနိုင်ကျင့်တယ်။ စိတ်ဒုက္ခပေးတယ် ။ တစ်ခါကဆို ရှိုင်းကို မဒီ့အရှေ့မှာ လက်သီးနဲ့ ဆွဲထိုးခဲ့သေးတယ် "
"ဘာ! ရိုင်းစိုင်းလိုက်တာ "
"ဟုတ်တယ် ။ မဒီလည်း အဲ့ဒီကောင်လေးကို အရမ်းမုန်းတာ "
ဒေါ်ခတ္တာသည် မဒီ့ဆီက ကြားရုံဖြင့် ရှိုင်းကို ဒုက္ခပေးသည့် ထိုကလေးကို မုန်းတီးမိသည်။
"မေမေ ရှိုင်းကို သဘောကျတယ်မဟုတ်လား "
ဒေါ်ခတ္တာ ခဏစဉ်းစားပြီးနောက် ပြောသည် ။
"မေမေ ရှိုင်းကို သဘောကျပါတယ် ။ ဒါပေမဲ့ သမီးနဲ့တော့ မဖြစ်နိုင်ဘူး "
"ဘာလို့လဲ မေမေ ။ ရှိုင်းက မိဘမဲ့ဆိုတာကြောင့်လား ။ ဒါပေမဲ့ ရှိုင်းကို မွေးစားထားတဲ့သူတွေက သူ့မိဘအရင်းတွေလိုပါပဲ မေမေရယ် "
"အဲ့ဒါကြောင့် မဟုတ်ပါဘူး သမီးရယ်"
"ဒါဆို ဘာကြောင့်လဲ မေမေ "
"အခုတော့ မေမေ မပြောနိုင်သေးဘူး သမီး"
" မဒီ မေမေ့ကို ယုံလို့ ရှိုင်းကို ခေါ်လာခဲ့တာ ။ မဒီ ရှိုင်းကို ဘယ်တော့မှ လမ်းခွဲမှာမဟုတ်ဘူး ။ ဒီတစ်ခါတော့ မေမေ့စကားကို မဒီ နားမထောင်နိုင်ဘူးထင်တယ် "
မဒီက ပြောပြီး ချာခနဲ လှည့်ထွက်သွားတာကို ဒေါ်ခတ္တာ ကြည့်ရင်း သက်ပြင်းချမိသည်။
[ ]--["""""|"""""|"""""|]>---
မိုးသောက်ယံသည် အခန်းထဲက ဝရံတာမှ ရပ်နေရင်း ဝိုင်းစက်နေသော လမင်းကြီးကို အဓိပ္ပါယ်မဲ့ ငေးနေမိသည် ။ ညနက်ပေမယ့် သူ အိပ်မပျော်နိုင်သေးပေ ။ ရှိုင်းသည် သည်နေ့ မဒီတို့အိမ်ကို သွားတာကြောင့် သူ ဝမ်းနည်းမိသည်။
ရှိုင်းနှင့် ဝေးရမည်ဆိုသည့် အသိက သူ့ရင်ထဲကို ဓားထက်ထက်နှင့် အကြိမ်ကြိမ် ထိုးစိုက်နေသလို တဆစ်ဆစ်နှင့် နာနာကျင်ကျင် ခံစားနေရသည်။
ဘုန်း!
မိုးသောက်ယံ အတွေးလွန်နေစဥ် အိမ်ရှေ့ခြံတံခါးဆီမှ အသံကြားရတာကြောင့် လန့်ဖျပ်ပြီး တုန်သွားသည် ။
"သူခိုးများလား "
ဒယ်ဒီက သည်နေ့ နေ့လည်တည်းက အလုပ်ကိစ္စနှင့် ခရီးထွက်သွားပြီး မာမီကလည်း နေသိပ်မကောင်းတာကြောင့် ဆေးသောက်၍ စောစော အိပ်ယာဝင်သွားသည် ။ သူခိုးဆိုလျှင် သူ တစ်ယောက်တည်း ဘယ်လိုရင်ဆိုင်ရမလဲ ။
ကြောက်လန့်စိတ်နှင့် ခြံတံခါးသံတိုင် ကြားမှ မြင်ရသည့် ပုံရိပ်ကို မဝံ့မရဲ စိုက်ကြည့်တော့ အတော် ရင်းနှီးနေသည်။
"ရှိုင်း"
ရှိုင်း က သည်အချိန်ကြီး ဘာလို့ ပြန်လာတာလဲ ။
မိုးသောက်ယံသည် အိမ်ပေါ်မှမြန်မြန်ပြေးဆင်းပြီး ခြံတံခါးဖွင့်လိုက်ချိန် ရှိုင်း၏ ခန္ဓာကိုယ်က သူ့ပေါ် ပြိုဆင်းလာသည်။
"ရှိုင်း"
မိုးသောက်ယံ ခြံတံခါးကို လက်ဖြင့် ထောက်၍ ထိန်းလိုက်သောကြောင့် နှစ်ယောက်သား လဲကျမသွားခြင်းပင်။ ရှိုင်းဆီက အရက်နံ့စူးစူးကြောင့် သူ အံသြသွားရသည်။ ရှိုင်း ဘာများစိတ်ညစ်စရာရှိလို့လဲ ။ မဒီ့မိဘတွေနှင့် သွားတွေ့တာ အဆင်မပြေလို့များလား ။
မိုးသောက်ယံ တွေးနေတုန်းမှာပဲ သူ့ကို မှီပြီး ဖက်လာသည့် ရှိုင်းကြောင့် ရင်ခုန်သံဆူညံသွားရသည် ။ ခြံတံခါးကို ပိတ်ပြီး သူ့ထက် ကိုယ်အလေးချိန်များသည့် ရှိုင်းကို ခက်ခက်ခဲခဲ တွဲပြီး အခန်းဆီ ခေါ်လာခဲ့သည်။
အခန်းထဲကိုရောက်သော် ရှိုင်းကို ကုတင်ပေါ်တင်ပေးပြီးနောက် သူပါ ပင်ပန်းသွားတာကြောင့် ရှိုင်း၏ ဘေးမှာ ခဏလှဲပြီး အနားယူသည်။
မိုးသောက်ယံသည် ရှိုင်း၏ ဘက်သို့ စောင်းပြီးလှဲရင်း ငေးကြည့်နေမိသည် ။ ထိုစဥ် ရုတ်တရက် သူ့ဘက်ကို ရှိုင်းက လှည့်လာတာကြောင့် မျက်နှာချင်း နီးကပ်သွားသည် ။
မိုးသောက်ယံ၏ ရင်ခုန်သံတို့ ထိန်းချုပ်မရအောင် မြန်ဆန်လာသည် ။ ရှိုင်း၏ ချောမောခန့်ညားသည့် မျက်နှာ အစိတ်အပိုင်း တစ်ခုချင်းစီကို သေချာကြည့်နေမိသည်။ နှုတ်ခမ်းလေးဆီ အကြည့်အရောက် သူ သတိလက်လွတ်နှင့် တိုးကပ်သွားပြီး နှုတ်ခမ်းချင်း ဖိကပ်ထားလိုက်သည်။ နူးညံ့သော အထိအတွေ့က ရင်ကို လှိုက်ခနဲ နွေးထွေးသွားစေသည် ။
မိုးသောက်ယံသည် ရှိုင်း အိပ်နေတုန်းမှာ အနမ်းသူခိုးလုပ်သည်ဟု မိမိဘာသာ တွေးပြီး ပြုံးမိသည်။ ထို့နောက် ရှိုင်း၏ ဘေးနားမှ ထလိုက်ပြီး ထွက်သွားဖို့ ပြင်ပေမယ့် လှမ်းဆွဲလိုက်သည့် လက်တစ်ဖက်ကြောင့် သူ့ကိုယ်လေးသည် ရှိုင်း၏ ကိုယ်ပေါ်သို့ ပစ်ကျသွားသည်။ သူ့ခါးကို ဖက်တွယ်ထားသည့် ရှိုင်း၏လက်တွေက သန်မာလွန်းတာကြောင့် ရုန်းမရပေ ။ ရှိုင်း၏ မျက်နှာကို ကြည့်တော့လည်း မျက်စိမှိတ်လျက်သားနှင့် သူ အိပ်မက်မက်နေတာများလား ။
ထိုအချိန် သူ့လက်ကို လှမ်းဆွဲပြီး နမ်းလိုက်သည့် ရှိုင်းကြောင့် မိုးသောက်ယံသည် မျက်လုံးတို့ ပြူးသွားရသည် ။ ထိုစဥ် ရှိုင်း၏ မျက်ဝန်းတို့က တစ်ဝက် ပွင့်နေပြီး နက်ရှိုင်းစွာ စိုက်ကြည့်နေခဲ့သည် ။ မိုးသောက်ယံ၏ ရင်ထဲ သိမ့်ခနဲ တုန်သွားသည် ။ သည်တစ်ခါ အနမ်းက အရင်ကလို နူးနူးညံ့ညံ့ မဟုတ်ဘဲ ကြမ်းရှပြီး ရမ္မက်ဆန်နေသည် ။ ထိုအနမ်းတွေကြောင့် မိုးသောက်ယံ၏ ရင်ခုန်သံမြန်လွန်းပြီး ပေါက်ကွဲတော့မယောင် ဖြစ်လာသည်။
သည်ထက် အခြေအနေမဆိုးခင် ရပ်တန့်ရန် သူ အားကုန်သုံးပြီး ရုန်းလိုက်သည် ။ မိုးသောက်ယံ ကတုန်ကယင်နှင့် ထရပ်လိုက်ပြီး တွန့်ကြေနေသော အင်္ကျီကို သေသပ်အောင် ဆွဲချလိုက်သည် ။ ရှိုင်းကို မဝံ့မရဲနှင့် ပြန်ကြည့်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်မှာ ခုန ဘာမှမဖြစ်ခဲ့သလိုမျိုးပင် ။
မိုးသောက်ယံ ပြုံးပြီး ရှိုင်းကို စောင်ခြုံပေးလိုက်သည်။ ထို့နောက် အခန်းထဲမှ ထွက်လာခဲ့သည် ။ သူ့အခန်းထဲ ပြန်ရောက်သော် ကုတင်ပေါ်မှာ လူးလိမ့်ရင်း သည်ညလည်း သူ အိပ်၍ ပျော်မည်မထင် ။ ဆူညံနေသော ရင်ခုန်သံတွေနှင့် မိုးလင်းသည်ထိ တစ်ယောက်တည်း အရူးလို ပြုံးနေမိလေသည်။
⚡⚡⚡⚡⚡⚡⚡⚡
ဆက်ရန်
Thin Zar Moe Oo
Zawgyi
ခ်စ္မိသူ အရႈံး
(အခန္း - ၁၂ )
ရွိုင္းသည္ ဖိနပ္ခြၽတ္ေနရင္း ၾကားလိုက္ရသည့္ မဒီ့အေမအသံေၾကာင့္ မ်က္ခုံးတြန့္သြားသည္ ။ သူ ထိုအသံကို မၾကားခဲ့တာၾကာေပမယ့္ ဘယ္ေတာ့မွ ေမ့မည္မဟုတ္ေပ ။ ထိုအသံသည္ တစ္ခ်ိန္က သူ ရင္းရင္းႏွီးႏွီး ၾကားဖူးေနခဲ့ေသာ အသံျဖစ္သည္ ။
မျဖစ္နိုင္တာ ဟု မိမိအေတြးကို ပယ္ေဖ်ာက္ၿပီး ရွိုင္း အိမ္ထဲ ဝင္လိုက္သည္ ။ ေတြ႕လိုက္ရသည့္ မ်က္ႏွာေၾကာင့္ အံၾသဆြံအသြားရသည္ ။ သူ႕မွတ္ညဏ္ထဲမွာ မေတြ႕ရတာၾကာၿပီ ျဖစ္သည့္မ်က္ႏွာပိုင္ရွင္၏ ပုံရိပ္သည္ ေဝဝါးေနခဲ့ေသာ္လည္း ယခု ျပန္ေတြ႕သည့္အခါ ပုံရိပ္က အတိအက်ျပန္ေပၚလာသည္ ။ ေသြးက စကားေျပာသည္ဆိုတာ ဒါမ်ားလား ။
"ရွိုင္း ဒါ မဒီ့ ေမေမေလ ။ ေမေမ ၊ ဒါ မဒီ့ရဲ႕ ခ်စ္သူ ရွိုင္း "
ေဒၚခတၱာသည္ ရွိုင္းဆိုေသာ နာမည္ၾကားခ်ိန္၌ မ်က္ႏွာက အႀကီးအက်ယ္ ပ်က္သြားသည္ ။ ထို႔ေနာက္ ရွိုင္းကို ေသခ်ာစိုက္ၾကည့္ၿပီး မ်က္ရည္ဝဲလာတာကို ထိန္း၍ ၿပဳံးလိုက္သည္။
"ရွိုင္း ဒီမွာ ထိုင္ေလ ။ ေမေမ ဘာလို႔ ၾကည့္ေနတာလဲ ။ ရွိုင္းကို မႏႈတ္ဆက္ဘူးလား "
မဒီက တိတ္ဆိတ္ေနေသာ အေမျဖစ္သူႏွင့္ ရွိုင္းကို ၾကည့္ၿပီး စကားေတြ ေရပက္မဝင္ေအာင္ ေျပာသည္ ။
"အင္း ၊ သား ထိုင္ေနာ္ ။ ကိုယ့္ အိမ္လိုသေဘာထား "
ေဒၚခတၱာက သတိဝင္ၿပီး ေျပာလိုက္သည္ ။
"ေမေမ ၊ ေဖေဖေရာ "
"သမီးအေဖ အေရးႀကီးအစည္းအေဝးေပၚလာလို႔ ခုနပဲ သြားတယ္ "
"ဟြန့္ ေဖေဖကလည္း ။ မဒီ ဒီေလာက္ေျပာထားတာကို ။ ရွိုင္းကို အားနာစရာႀကီး "
"ရပါတယ္ မဒီ ။ ကြၽန္ေတာ္က ကိစၥမရွိပါဘူး "
"မဒီ အဝတ္သြားလဲလိုက္ဦးမယ္ ရွိုင္း ။ ေမေမနဲ႕ စကားေျပာႏွင့္ "
"အင္း "
မဒီက ေဒၚခတၱာကို ၾကည့္ၿပီး ရွိုင္းကို အကဲခတ္ဖို႔ အခ်က္ျပ၍ ထြက္သြားသည္ ။ မဒီ ထြက္သြားေတာ့မွ ေဒၚခတၱာသည္ ရွိုင္းကို ၾကည့္ၿပီး ရင္ထဲနာက်င္လာရသည္ ။ သို႔ေသာ္ ဟန္ေဆာင္ၿပဳံးထားမိသည္ ။
******
မဒီက သူ႕ အေမအေၾကာင္း ရွိုင္းကို ခဏ ခဏေျပာခဲ့သည္။ မဒီ့ အေမက မဒီ့ကို ဘယ္ေလာက္ခ်စ္ေၾကာင္း ၊ အလိုလိုက္ေၾကာင္း သူ႕ကို ေျပာျပသည္ ။ ထိုအခါတိုင္း မဒီ မ်က္လုံးတို႔ ေတာက္ပေနတာကို ေတြ႕ၿပီး ရွိုင္း အားက်ၿပီး ၿပဳံးမိခဲ့ေသးသည္။
"မဒီ့ ေမေမဆိုတာ....."
ရွိုင္း အံႀကိတ္ထားမိသည္။
"သားေတာင္ ဒီအ႐ြယ္ေရာက္လာၿပီပဲ ။ သား အဆင္ေျပရဲ႕လား ။ အခုေရာ ဘယ္မွာေနတာလဲ "
ရွိုင္းက မဲ့ၿပဳံးၿပဳံး၍ ေျဖသည္။
"ဒီေလာက္အၾကာႀကီး စြန့္ပစ္ခဲ့ၿပီးမွေတာ့ မသိခ်င္ပါနဲ႕ေတာ့ အန္တီ "
ေဒၚခတၱာ၏ ရင္ထဲ နင့္ခနဲျဖစ္သြားရသည္။
"သား အဆင္ေျပမယ္ထင္ပါတယ္ ။ ဒါေပမဲ့ မဒီ နဲ႕ သားနဲ႕က မျဖစ္နိုင္ဘူး ။ ႏွစ္ေယာက္လုံးက ေမေမ့ သားသမီးေတြပဲ "
"ဘယ္လို! ခင္ဗ်ား သားသမီးလို႔ ကြၽန္ေတာ့္ကို မေျပာစမ္းပါနဲ႕ဗ်ာ ။ ခင္ဗ်ား စြန႔္ပစ္ခဲ့ၿပီဆိုတာ ေသခ်ာ သိခဲ့တည္းက ကြၽန္ေတာ့္မွာ အေမမရွိေတာ့ဘူးလို႔ မွတ္ယူၿပီးသားပါ "
"သား ၊ ေမေမ ရွင္းျပပါရေစဦး ။ တကယ္ေတာ့ ေမေမ သားကို....."
"ေတာ္ပါေတာ့ ။ ကြၽန္ေတာ့္ကို မရွင္းျပပါနဲ႕ေတာ့ ။ ကြၽန္ေတာ္ ခုခ်ိန္မွ မသိခ်င္ေတာ့ဘူး ။ ကြၽန္ေတာ္ ျပန္ေတာ့မယ္ "
ရွိုင္း ႏႈတ္ဆက္ၿပီး ေက်ာခိုင္းထြက္လာခ်ိန္၌ ေယာက်္ားတန္မဲ့ ပါးျပင္ေပၚသို႔ မ်က္ရည္ေတြ စီးက်လာသည္။
သူ႕ကိုက် ရက္ရက္စက္စက္ စြန့္ပစ္ခဲ့သည့္ အေမဆိုသူက မဒီ့ကိုက် သိပ္ခ်စ္ၿပီး ဂ႐ုစိုက္ခဲ့သည္တဲ့လား ။
××××××××××××××
"ေမေမ ၊ ရွိုင္းေရာ "
ေဒၚခတၱာက မဒီ မျမင္ေအာင္ မ်က္ရည္ေတြ ျမန္ျမန္သုတ္လိုက္ၿပီးသည္ ။ မဒီ့ကို ဘာမွမျဖစ္သလို ဟန္ေဆာင္ကာ ၿပဳံးျပလိုက္ၿပီး....။
"သူ ျပန္သြားၿပီ သမီး "
"ဟင္ ၊ ဘာလို႔လဲ ေမေမ ။ ရွိုင္း မနက္ျဖန္မွ ျပန္မယ္လို႔ မဒီ့ကို ေျပာထားၿပီးသားေလ "
"ဟုတ္လား ၊ သူ ျပန္ေတာ့မယ္လို႔ ေျပာသြားတာပဲ "
မဒီသည္ ရွိုင္း၏ဖုန္းကို ေခၚေသာ္လည္း ဖုန္းမကိုင္ေပ ။ ရွိုင္း ဘာအေရးႀကီးကိစၥရွိလို႔လဲလို႔ မေျပာမဆိုႏွင့္ ျပန္သြားရသနည္း ဟု မဒီစဥ္းစားေနမိသည္ ။
"သမီး...မဒီ "
"ဟင္ ေမေမ "
"ေမေမ့ကို ရွိုင္းအေၾကာင္း ေျပာျပဦးေလ"
"အဟင္း ဟုတ္သားပဲ ။ ရွိုင္းနဲ႕ မဒီ ခ်စ္သူျဖစ္တာေတာ့ မၾကာေသးပါဘူး ေမေမ ။ ဒါေပမဲ့ မဒီက ရွိုင္းကို တကယ္ခ်စ္မိသြားတာ "
"ဒါနဲ႕ သူ႕မိဘေတြကေရာ "
ေဒၚခတၱာ၏ ေမးခြန္းၾကားေတာ့ မဒီ့မ်က္ႏွာ မေကာင္းေတာ့ေပ ။
"ရွိုင္းက မိဘမဲ့ ၊ သူ႕ ကို မိဘမဲ့ေက်ာင္းကေန ေမြးစားထားၾကတာေလ ။ အဲ့ဒီအိမ္ကပဲ ရွိုင္းကို ေက်ာင္းထားေပးၿပီး ေစာင့္ေရွာက္ခဲ့ၾကတာ "
"ေတာ္ေသးတာေပါ့ကြယ္ "
ေဒၚခတၱာသည္ ယခုမွ စိတ္သက္သာရာ ရသြားသည္ ။
"ဘာကိုလဲ ေမေမ "
"ဒီအ႐ြယ္ထိ ေကာင္းေကာင္းမြန္မြန္ ႀကီးျပင္းလာလို႔ေလ "
"ဟုတ္တယ္ ေမေမ ။ ဒါေပမဲ့ ရွိုင္းက သနားစရာေကာင္းပါတယ္ ။ သူ႕ကို ေမြးစားတဲ့ မိဘေတြမွာ သားတစ္ေယာက္ရွိတယ္ ။ အဲ့ဒီေကာင္ေလးက ရွိုင္းကို တအား အနိုင္က်င့္တယ္။ စိတ္ဒုကၡေပးတယ္ ။ တစ္ခါကဆို ရွိုင္းကို မဒီ့အေရွ႕မွာ လက္သီးနဲ႕ ဆြဲထိုးခဲ့ေသးတယ္ "
"ဘာ! ရိုင္းစိုင္းလိုက္တာ "
"ဟုတ္တယ္ ။ မဒီလည္း အဲ့ဒီေကာင္ေလးကို အရမ္းမုန္းတာ "
ေဒၚခတၱာသည္ မဒီ့ဆီက ၾကား႐ုံျဖင့္ ရွိုင္းကို ဒုကၡေပးသည့္ ထိုကေလးကို မုန္းတီးမိသည္။
"ေမေမ ရွိုင္းကို သေဘာက်တယ္မဟုတ္လား "
ေဒၚခတၱာ ခဏစဥ္းစားၿပီးေနာက္ ေျပာသည္ ။
"ေမေမ ရွိုင္းကို သေဘာက်ပါတယ္ ။ ဒါေပမဲ့ သမီးနဲ႕ေတာ့ မျဖစ္နိုင္ဘူး "
"ဘာလို႔လဲ ေမေမ ။ ရွိုင္းက မိဘမဲ့ဆိုတာေၾကာင့္လား ။ ဒါေပမဲ့ ရွိုင္းကို ေမြးစားထားတဲ့သူေတြက သူ႕မိဘအရင္းေတြလိုပါပဲ ေမေမရယ္ "
"အဲ့ဒါေၾကာင့္ မဟုတ္ပါဘူး သမီးရယ္"
"ဒါဆို ဘာေၾကာင့္လဲ ေမေမ "
"အခုေတာ့ ေမေမ မေျပာနိုင္ေသးဘူး သမီး"
" မဒီ ေမေမ့ကို ယုံလို႔ ရွိုင္းကို ေခၚလာခဲ့တာ ။ မဒီ ရွိုင္းကို ဘယ္ေတာ့မွ လမ္းခြဲမွာမဟုတ္ဘူး ။ ဒီတစ္ခါေတာ့ ေမေမ့စကားကို မဒီ နားမေထာင္နိုင္ဘူးထင္တယ္ "
မဒီက ေျပာၿပီး ခ်ာခနဲ လွည့္ထြက္သြားတာကို ေဒၚခတၱာ ၾကည့္ရင္း သက္ျပင္းခ်မိသည္။
[ ]--["""""|"""""|"""""|]>---
မိုးေသာက္ယံသည္ အခန္းထဲက ဝရံတာမွ ရပ္ေနရင္း ဝိုင္းစက္ေနေသာ လမင္းႀကီးကို အဓိပၸါယ္မဲ့ ေငးေနမိသည္ ။ ညနက္ေပမယ့္ သူ အိပ္မေပ်ာ္နိုင္ေသးေပ ။ ရွိုင္းသည္ သည္ေန႕ မဒီတို႔အိမ္ကို သြားတာေၾကာင့္ သူ ဝမ္းနည္းမိသည္။
ရွိုင္းႏွင့္ ေဝးရမည္ဆိုသည့္ အသိက သူ႕ရင္ထဲကို ဓားထက္ထက္ႏွင့္ အႀကိမ္ႀကိမ္ ထိုးစိုက္ေနသလို တဆစ္ဆစ္ႏွင့္ နာနာက်င္က်င္ ခံစားေနရသည္။
ဘုန္း!
မိုးေသာက္ယံ အေတြးလြန္ေနစဥ္ အိမ္ေရွ႕ၿခံတံခါးဆီမွ အသံၾကားရတာေၾကာင့္ လန့္ဖ်ပ္ၿပီး တုန္သြားသည္ ။
"သူခိုးမ်ားလား "
ဒယ္ဒီက သည္ေန႕ ေန႕လည္တည္းက အလုပ္ကိစၥႏွင့္ ခရီးထြက္သြားၿပီး မာမီကလည္း ေနသိပ္မေကာင္းတာေၾကာင့္ ေဆးေသာက္၍ ေစာေစာ အိပ္ယာဝင္သြားသည္ ။ သူခိုးဆိုလွ်င္ သူ တစ္ေယာက္တည္း ဘယ္လိုရင္ဆိုင္ရမလဲ ။
ေၾကာက္လန့္စိတ္ႏွင့္ ၿခံတံခါးသံတိုင္ ၾကားမွ ျမင္ရသည့္ ပုံရိပ္ကို မဝံ့မရဲ စိုက္ၾကည့္ေတာ့ အေတာ္ ရင္းႏွီးေနသည္။
"ရွိုင္း"
ရွိုင္း က သည္အခ်ိန္ႀကီး ဘာလို႔ ျပန္လာတာလဲ ။
မိုးေသာက္ယံသည္ အိမ္ေပၚမွျမန္ျမန္ေျပးဆင္းၿပီး ၿခံတံခါးဖြင့္လိုက္ခ်ိန္ ရွိုင္း၏ ခႏၶာကိုယ္က သူ႕ေပၚ ၿပိဳဆင္းလာသည္။
"ရွိုင္း"
မိုးေသာက္ယံ ၿခံတံခါးကို လက္ျဖင့္ ေထာက္၍ ထိန္းလိုက္ေသာေၾကာင့္ ႏွစ္ေယာက္သား လဲက်မသြားျခင္းပင္။ ရွိုင္းဆီက အရက္နံ႕စူးစူးေၾကာင့္ သူ အံၾသသြားရသည္။ ရွိုင္း ဘာမ်ားစိတ္ညစ္စရာရွိလို႔လဲ ။ မဒီ့မိဘေတြႏွင့္ သြားေတြ႕တာ အဆင္မေျပလို႔မ်ားလား ။
မိုးေသာက္ယံ ေတြးေနတုန္းမွာပဲ သူ႕ကို မွီၿပီး ဖက္လာသည့္ ရွိုင္းေၾကာင့္ ရင္ခုန္သံဆူညံသြားရသည္ ။ ၿခံတံခါးကို ပိတ္ၿပီး သူ႕ထက္ ကိုယ္အေလးခ်ိန္မ်ားသည့္ ရွိုင္းကို ခက္ခက္ခဲခဲ တြဲၿပီး အခန္းဆီ ေခၚလာခဲ့သည္။
အခန္းထဲကိုေရာက္ေသာ္ ရွိုင္းကို ကုတင္ေပၚတင္ေပးၿပီးေနာက္ သူပါ ပင္ပန္းသြားတာေၾကာင့္ ရွိုင္း၏ ေဘးမွာ ခဏလွဲၿပီး အနားယူသည္။
မိုးေသာက္ယံသည္ ရွိုင္း၏ ဘက္သို႔ ေစာင္းၿပီးလွဲရင္း ေငးၾကည့္ေနမိသည္ ။ ထိုစဥ္ ႐ုတ္တရက္ သူ႕ဘက္ကို ရွိုင္းက လွည့္လာတာေၾကာင့္ မ်က္ႏွာခ်င္း နီးကပ္သြားသည္ ။
မိုးေသာက္ယံ၏ ရင္ခုန္သံတို႔ ထိန္းခ်ဳပ္မရေအာင္ ျမန္ဆန္လာသည္ ။ ရွိုင္း၏ ေခ်ာေမာခန့္ညားသည့္ မ်က္ႏွာ အစိတ္အပိုင္း တစ္ခုခ်င္းစီကို ေသခ်ာၾကည့္ေနမိသည္။ ႏႈတ္ခမ္းေလးဆီ အၾကည့္အေရာက္ သူ သတိလက္လြတ္ႏွင့္ တိုးကပ္သြားၿပီး ႏႈတ္ခမ္းခ်င္း ဖိကပ္ထားလိုက္သည္။ ႏူးညံ့ေသာ အထိအေတြ႕က ရင္ကို လွိုက္ခနဲ ေႏြးေထြးသြားေစသည္ ။
မိုးေသာက္ယံသည္ ရွိုင္း အိပ္ေနတုန္းမွာ အနမ္းသူခိုးလုပ္သည္ဟု မိမိဘာသာ ေတြးၿပီး ၿပဳံးမိသည္။ ထို႔ေနာက္ ရွိုင္း၏ ေဘးနားမွ ထလိုက္ၿပီး ထြက္သြားဖို႔ ျပင္ေပမယ့္ လွမ္းဆြဲလိုက္သည့္ လက္တစ္ဖက္ေၾကာင့္ သူ႕ကိုယ္ေလးသည္ ရွိုင္း၏ ကိုယ္ေပၚသို႔ ပစ္က်သြားသည္။ သူ႕ခါးကို ဖက္တြယ္ထားသည့္ ရွိုင္း၏လက္ေတြက သန္မာလြန္းတာေၾကာင့္ ႐ုန္းမရေပ ။ ရွိုင္း၏ မ်က္ႏွာကို ၾကည့္ေတာ့လည္း မ်က္စိမွိတ္လ်က္သားႏွင့္ သူ အိပ္မက္မက္ေနတာမ်ားလား ။
ထိုအခ်ိန္ သူ႕လက္ကို လွမ္းဆြဲၿပီး နမ္းလိုက္သည့္ ရွိုင္းေၾကာင့္ မိုးေသာက္ယံသည္ မ်က္လုံးတို႔ ျပဴးသြားရသည္ ။ ထိုစဥ္ ရွိုင္း၏ မ်က္ဝန္းတို႔က တစ္ဝက္ ပြင့္ေနၿပီး နက္ရွိုင္းစြာ စိုက္ၾကည့္ေနခဲ့သည္ ။ မိုးေသာက္ယံ၏ ရင္ထဲ သိမ့္ခနဲ တုန္သြားသည္ ။ သည္တစ္ခါ အနမ္းက အရင္ကလို ႏူးႏူးညံ့ညံ့ မဟုတ္ဘဲ ၾကမ္းရွၿပီး ရမၼက္ဆန္ေနသည္ ။ ထိုအနမ္းေတြေၾကာင့္ မိုးေသာက္ယံ၏ ရင္ခုန္သံျမန္လြန္းၿပီး ေပါက္ကြဲေတာ့မေယာင္ ျဖစ္လာသည္။
သည္ထက္ အေျခအေနမဆိုးခင္ ရပ္တန့္ရန္ သူ အားကုန္သုံးၿပီး ႐ုန္းလိုက္သည္ ။ မိုးေသာက္ယံ ကတုန္ကယင္ႏွင့္ ထရပ္လိုက္ၿပီး တြန့္ေၾကေနေသာ အကၤ်ီကို ေသသပ္ေအာင္ ဆြဲခ်လိဳက္သည္ ။ ရွိုင္းကို မဝံ့မရဲႏွင့္ ျပန္ၾကည့္ေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနသည္မွာ ခုန ဘာမွမျဖစ္ခဲ့သလိုမ်ိဳးပင္ ။
မိုးေသာက္ယံ ၿပဳံးၿပီး ရွိုင္းကို ေစာင္ၿခဳံေပးလိုက္သည္။ ထို႔ေနာက္ အခန္းထဲမွ ထြက္လာခဲ့သည္ ။ သူ႕အခန္းထဲ ျပန္ေရာက္ေသာ္ ကုတင္ေပၚမွာ လူးလိမ့္ရင္း သည္ညလည္း သူ အိပ္၍ ေပ်ာ္မည္မထင္ ။ ဆူညံေနေသာ ရင္ခုန္သံေတြႏွင့္ မိုးလင္းသည္ထိ တစ္ေယာက္တည္း အ႐ူးလို ၿပဳံးေနမိေလသည္။
⚡⚡⚡⚡⚡⚡⚡⚡
ဆက္ရန္
Thin Zar Moe Oo