Unicode
ချစ်မိသူ အရှုံး
(အခန်း - ၁၀ )
ရှိုင်းသည် မဒီ့ကို နှုတ်ဆက်ပြီး အခန်းထဲက ထွက်လာခဲ့သည်။ မဒီက ခြံရှေ့ထိ လိုက်ပို့မည်ဟု ပြောပေမယ့် နေမကောင်းတာကြောင့် အခန်းထဲမှာ အနားယူရန် မနည်းပြောရသည် ။
ရှိုင်း အောက်ထပ်ရောက်တော့ လမင်းတစ်ယောက်တည်းသာ တွေ့လိုက်ရသည် ။ အရင်တစ်ခါလို မိုးသောက်ယံတစ်ယောက် လျှောက်သွားပြီး တစ်ခုခုဖြစ်မှာ စိုးရိမ်သွားရသည်။
"ယံယံရော ၊ လမင်း "
"ဪ....မိုးသောက်ယံလား ။ သူ အိမ်ပြန်တော့မယ်ဆိုပြီး ထွက်သွားတာပဲ ။ လမင်းက ရှိုင်းနဲ့ အတူပြန်ဖို့ ပြောပါသေးတယ် ။ သူက နားမထောင်ဘူး "
"ယံယံ တစ်ယောက်တည်း အဆင်ပြေရဲ့လားမသိဘူး ။ အမြဲတမ်း တဇွတ်ထိုးလုပ်တတ်တဲ့ အကျင့်က ခုထိ မပျောက်ဘူး "
ရှိုင်းသည် ခပ်တိုးတိုး ရေရွတ်ပြောဆိုမိသည်။
"ကျွန်တော် ပြန်တော့မယ် လမင်း "
"ဟုတ်ကဲ့ "
ရှိုင်း ဆိုင်ကယ်စီးပြီး အိမ်ကို မြန်မြန်ရောက်အောင် အရှိန်မြှင့်၍ မောင်းလိုက်သည်။
⚡⚡⚡⚡⚡⚡⚡⚡
"သား ပြန်ရောက်တာ ဆိုင်ကယ်သံလည်း မကြားမိပါလား ။ ရှိုင်းရော "
"သား တစ်ယောက်တည်း ပြန်လာတာ မာမီ "
"ဘယ်လို ဖြစ်ရပြန်တာလဲ ။ ရှိုင်း ဖုန်းဆက်တုန်းက သူငယ်ချင်းဆီ အတူတူသွားကြမယ်ဆို "
မိုးသောက်ယံ စိတ်ရှုပ်နေတာကြောင့် မာမီကို ဆက်မရှင်းပြချင်တော့ ။
"မာမီ ၊ သား ခေါင်းကိုက်နေလို့ ။ နားတော့မယ် "
"ဟုတ်လား ယံယံ ။ ဒါဆို သွားနားလေ ။ မာမီ ဆေးယူလာခဲ့မယ် "
"ဟင့်အင်း မာမီ ။ သား ဆေးမသောက်ချင်ဘူး ။ ခဏအိပ်လိုက်ရင် အိုကေတယ် "
"အေး အေး ။ ဒါဆိုလည်း တရေးလောက် အိပ်လိုက် "
"အင်း "
အားမရှိသည့် ပုံစံနှင့် ထွက်သွားသည့် မိုးသောက်ယံကိုကြည့်ပြီး ဒေါ်ခင်နွယ် စိုးရိမ်စိတ်ဝင်မိသည်။
"မျက်နှာလည်း မကောင်းဘူး ။ ယံယံ တစ်ယောက် ဘာများဖြစ်လာတာလဲ "
⚡⚡⚡⚡⚡⚡⚡⚡⚡
ဒေါ်ခင်နွယ် တွေးနေစဥ်မှာပဲ ရှိုင်း၏ ဆိုင်ကယ်က ခြံထဲသို့ မောင်းဝင်လာသည် ။
"ဟော ၊ ရှိုင်း ရောက်လာပြီပဲ "
"ဟုတ်ကဲ့ အန်တီ ။ ယံယံရော "
" ယံယံ ခေါင်းကိုက်နေတယ်ဆိုပြီး တရေးသွားအိပ်တယ် ။ မင်းတို့ နှစ်ယောက် ရန်ဖြစ်လာကြတာလား "
"မဟုတ်ပါဘူး အန်တီ ။ သူ ကျွန်တော့်ကို မပြောဘဲ အိမ်ပြန်သွားတာ ။ နေမကောင်းလို့ထင်တယ် "
" အင်း ဟုတ်မယ် သား ။ သူ မျက်နှာလည်း မကောင်းဘူး ။ ခဏနားလို့မှ မသက်သာရင် ဆေးတွေဘာတွေ တိုက်မှပဲ "
"ဟုတ်ကဲ့ အန်တီ ။ ကျွန်တော် ရေချိုးလိုက်ဦးမယ် "
"အေး..အေး....သား "
ရှိုင်းသည် အခန်းထဲ မဝင်သေးဘဲ မိုးသောက်ယံ၏ အခန်းရှေ့မှာ ရပ်လိုက်ပြီး တံခါးခေါက်ရန် တွေဝေနေသည်။ ခဏကြာ တုံ့ဆိုင်းနေပြီးမှ တံခါးခေါက်လိုက်သည်။
ဒေါက်...ဒေါက်...ဒေါက် ။
"သား ခဏနားမလို့ပါဆို ၊ မာမီကလည်း ဗျာ "
မိုးသောက်ယံ၏ စိတ်မရှည်သည့် လေသံကြားလိုက်ရသည်။
"ယံယံ "
"ရှိုင်း "
သူ့နာမည် ခေါ်သံကြားပြီး စက္ကန့်အနည်းငယ်အကြာ မိုးသောက်ယံက တံခါးလာဖွင့်ပေးသည်။ ရှိုင်းသည် အခန်းထဲ ဝင်လိုက်တော့ မိုးသောက်ယံက သူ့ကုတင်ပေါ်သို့ တက်ထိုင်သည် ။
"ဘာကိစ္စလဲ "
"နေမကောင်းဘူးလား "
ရှိုင်းက မိုးသောက်ယံ၏ ဘေးမှာ ဝင်ထိုင်ပြီး နဖူးကို လက်နှင့် စမ်းဖို့ပြင်တော့ ခေါင်းကို စောင်းပြီး ရှောင်ဖယ်သည်။ ရှိုင်း၏ လက်တို့ တွန့်သွားပြီး ရုပ်သိမ်းလိုက်သည်။ မိုးသောက်ယံက ပြန်မဖြေဘဲ ငြိမ်နေတာကြောင့် ရှိုင်း မေးလိုက်သည်။
"ဘာလို့ တစ်ယောက်တည်း ပြန်ရတာလဲ ။ နေမကောင်းရင်လည်း ငါ့ကို ပြောပေါ့ ။ ပြန်ပို့ပေးမှာပေါ့ "
" ဟား...ဟား....."
သူ့စကားဆုံးတော့ ဟာသတစ်ခုလို ရယ်မောနေသည့် မိုးသောက်ယံကို ကြည့်ပြီး ရှိုင်း နားမလည်နိုင်ဖြစ်သွားရသည် ။
"ဘာလို့ရယ်တာလဲ "
"မင်း ရည်းစားနဲ့ ကြည်နူးနေတာကို ။ ငါက ဘယ်လိုနှောင့်ယှက်မလဲ "
" မင်း ဘာတွေ ပြောနေတာလဲ "
"မင်း နဲ့ မဒီ ကြည်နူးနေတာ ငါ့ကြောင့် မပျက်စီးစေချင်လို့ တစ်ယောက်တည်း ပြန်လာလိုက်တာ ။ ရှင်းပြီလား "
" မဆိုင်တာတွေ မပြောစမ်းနဲ့ ယံယံ "
"ဘာမဆိုင်တာလဲ ။ ငါ ပြောတာမဟုတ်လို့လား "
"မင်း တကယ်လို့ ငါ့ကို ပြန်ပို့ခိုင်းမယ်ဆိုရင် ငါ ငြင်းမှာမို့လား "
မိုးသောက်ယံသည် နှုတ်ခမ်းကို ဖိကိုက်ထားရင်း မျက်ရည်တို့ကို မကျအောင် ထိန်းထားရသည်။
"ဟုတ်တာပဲ ။ မင်းက ငါခိုင်းရင် မငြင်းခဲ့ဘူးပဲ ။ အဲ့ဒီတော့ မဒီနဲ့ လမ်းခွဲလိုက်
"
"မင်း ဘာတွေပြောနေတာလဲ ။ ဘာလို့ ငါက မဒီနဲ့ လမ်းခွဲရမှာလဲ "
"ဘာလို့လဲ ၊ ဟုတ်လား ။ ငါ လမ်းခွဲစေချင်လို့ပေါ့ "
ရှိုင်းသည် မိုးသောက်ယံ၏ စကားကြောင့် ဒေါသတို့မြင့်တက်သွားရသည်။
"အမြဲတမ်း မင်း ဆန္ဒအတိုင်းဖြစ်မယ်မထင်နဲ့ မိုးသောက်ယံ "
"ဘာ!"
"ဒီတစ်ခါတော့ ငါ မင်း စကားနားမထောင်နိုင်ဘူး ။ မဒီက ငါ့ချစ်သူ ။ နောက်ပြီး ငါ လက်ထပ်မယ့် သူ "
"ဘာပြောတယ် ရှိုင်း"
"မင်း နောက်တစ်ခါ မဒီနဲ့ လမ်းခွဲဖို့ မပြောနဲ့ ။ မဒီ့ကိုလည်း မနှောင့်ယှက်နဲ့ "
ရှိုင်းသည် မိုးသောက်ယံကို ပြတ်ပြတ်သားသား ပြောပြီး အခန်းထဲမှ ထွက်လာခဲ့သည် ။ အခန်းရှေ့ရောက်သော် ဒေါ်ခင်နွယ်က မျက်နှာမကောင်းစွာနှင့် ရှိနေလေသည် ။ ရှိုင်း သက်ပြင်းရှိုက်ရင်း မိမိအခန်းဆီသို့ သာ မြန်မြန်လျှောက်လာခဲ့သည်။
××××××××××××××××
ဒေါ်ခင်နွယ်က မိုးသောက်ယံ၏ အခန်းထဲကို ဝင်လာချိန် သူ့သားသည် ပြတင်းပေါက်သို့ မျက်နှာမူပြီး ကျောက်ရုပ်လို မလှုပ်မယှက်နှင့် ဖြစ်သည် ။
"သား "
ဒေါ်ခင်နွယ် ခေါ်တော့ လှည့်ကြည့်လာသည့် မိုးသောက်ယံ၏ မျက်ဝန်းထဲတွင် မျက်ရည်စများက နေရာယူလျက်ရှိနေသည် ။
" ဘာလို့ငိုနေတာလဲ ယံယံ "
"မငိုပါဘူးဗျာ "
မိုးသောက်ယံက ငြင်းဆိုနေသော်လည်း လက်ဖဝါး တစ်ဖက်နှင့် မျက်နှာတစ်ခုလုံးကို မြန်မြန်ပွတ်သတ်သည် ။
"မာမီ့ကို မလိမ်ပါနဲ့ကွယ် ။ ရှိုင်းကြောင့် ခုလိုတွေ ဖြစ်နေတာမဟုတ်လား "
မိုးသောက်ယံသည် မာမီ့ကို စိုက်ကြည့်မိသည် ။
"သားတို့ ပြောတာ ကြားသွားတာလား ။ မာမီ အထင်မှားနေတာပါ ။ သား သူ့ကြောင့် ငိုနေတာ မဟုတ်ဘူး "
"သား မာမီ့ကို အမှန်တိုင်း ပြောလို့ရတယ် ။ မာမီ နားထောင်ပေးမှာပေါ့ "
ထိုအခါ မိုးသောက်ယံထံမှ ခပ်တိုးတိုး ရှိုက်သံ ထွက်ပေါ်လာသည် ။ ထို့နောက် ရှိုက်သံတချို့နှင့် ဗလုံးဗထွေးပြောလာသည် ။
" ရှိုင်း ရည်းစားရသွားပြီ မာမီ ။ သူ သားကို တစ်ယောက်တည်း ထားခဲ့တော့မယ် "
ရှိုင်းဆိုတာ သူ့အတွက် ဒယ်ဒီ ခေါ်လာပေးသည့် တစ်ဦးတည်းသော သူငယ်ချင်း ။ တစ်သက်လုံး သူနှင့် အတူရှိနေပေးမည့် သူဟု ယုံကြည်ခဲ့သည် ။ ယခု မဒီနှင့် ရှိုင်း ချစ်သူတွေ ဖြစ်သွားကြပြီး ရှိုင်းကို သူ ဆုံးရှုံးရပြီဟု တွေးမိချိန် ရင်ထဲ နာကျင်လှသည် ။ ရှိုင်းကို အခြားသူလက်ထဲ ထည့်မပေးချင် ၊ သူနှင့်သာ ထာဝရ ရှိစေလိုသည့် အတ္တကြောင့် သူ ပို၍ နာကျင်ခံစားရသည် ။
" ရှိုင်းက သားကို ဘာလို့ ထားခဲ့ရမှာလဲ "
"သူက သားကို မုန်းနေတာ မာမီရဲ့ ။ သူ ချစ်တဲ့သူ တွေ့ပြီဆိုတော့ သားကို ထားခဲ့တော့မှာပေါ့ "
"မဟုတ်ပါဘူးကွယ် ။ သားတို့က သူငယ်ချင်းလည်း ဟုတ်တယ် ။ ညီအစ်ကိုဆိုလည်း ဟုတ်တယ် ။ ရှိုင်းက ချစ်သူရည်းစားရတာနဲ့ သားကို ထားခဲ့စရာလား "
"ရှိုင်း ရည်းစားထားတာ မကြိုက်ဘူး ။ သူ့ကို သားနဲ့ပဲ အတူရှိစေချင်တယ် ။ အဲ့ဒီကောင်မလေးနဲ့ တွဲတာ လုံးဝ သဘောမကျဘူး "
"ဒါ ရှိုင်းရဲ့ လွတ်လပ်ခွင့်ပဲလေ ။ ပိတ်ပင်တားဆီးလို့မှ မရတာ"
" မသိဘူးဗျာ ။ သား သိတာ ရှိုင်းက သားအတွက်ပဲ တစ်သက်လုံး ဖြစ်ရမယ် "
မိုးသောက်ယံက ပြောပြီး ရှိုက်ငိုလေသည် ။ ဒေါ်ခင်နွယ်သည် မိုးသောက်ယံ၏ စကားတွေကြားပြီး အေးစက်တောင့်တင်းသွားသည် ။ ထို့နောက် သက်ပြင်းရှိုက်မိတော့သည် ။
⚡⚡⚡⚡⚡⚡⚡⚡
မဒီနှင့် သူ ချစ်သူဖြစ်သည့် နေ့မှစ၍ မိုးသောက်ယံသည် သူ့ကို စကားမပြောတော့ဘဲ ရှောင်ဖယ်နေလေသည် ။ အရင်လို ဆိုင်ကယ်စီးပြီး အိမ်ကို အတူမပြန်တော့ချေ ။ အိမ်က ကားနှင့်သာ ပြန်တော့သည်။ ရှိုင်း၏ ရင်ထဲ တမျိုးဖြစ်နေရသည်။ အမြဲတမ်း အနိုင်ကျင့်ပြီး ဆိုးသွမ်းသည့် မိုးသောက်ယံက ယခုဆို သူ့ပုံစံနှင့် မလိုက်ဖက်စွာ အေးတိအေးစက် ဖြစ်နေသည် ။ ဘာကြောင့်လဲ ဆိုတာ ရှိုင်း မတွေးတတ်တော့ပေ ။
"ကို ၊ ကို ဘာတွေ စဉ်းစားနေတာလဲ "
"ဟင်....မဒီ ။ ဘာမှ မဟုတ်ပါဘူး "
မဒီ နှင့် ရှိုင်းသည် ကျောင်းပိတ်ရက် စားသောက်ဆိုင်မှာ ချိန်းပြီး စားနေကြစဥ် ရှိုင်းတစ်ယောက် အတွေးလွန်နေမိခြင်းဖြစ်သည် ။
"ဘာမဟုတ်ရမှာလဲ ။ မဒီ ခေါ်နေတာ အကြာကြီးပဲ ။ ဘာတွေ တွေးနေတာလဲ "
မဒီ မကျေမနပ်နှင့် နှုတ်ခမ်းဆူပြီး ပြောသည်။
"ဆောရီးပါ မဒီ ။ မဒီ ဘာပြောမလို့လဲ "
"ကို နောက်တစ်ပတ်ဆို မဒီတို့ စာမေးပွဲဖြေရပြီလေ ။ ကျောင်းပိတ်ရက်ကျရင် မဒီက မန္တလေး ပြန်ရမှာ ။ အဲဒါ... "
"အင်း ၊ ဘာဖြစ်လို့လဲ "
"ကို မဒီနဲ့ လိုက်ခဲ့ပါလား ။ ဖေဖေနဲ့ မေမေ့ကို မိတ်ဆက်ပေးမလို့ "
"ဟင် "
"ဘာလို့လဲ ကို ။ ကိုက မဒီ့မိဘတွေနဲ့ မတွေ့ချင်လို့လား "
"မဟုတ်ပါဘူး မဒီ ။ ကျွန်တော်တို့ တွဲတာ သိပ်မကြာသေးဘူးလေ "
"အို...မကြာလည်း ဘာဖြစ်လဲ ကိုရယ် ။ မဒီ ကို့ကို တကယ်ချစ်လို့ မိဘတွေနဲ့ မိတ်ဆက်ပေးတာနော် ။ လိုက်ခဲ့ရမယ်နော်....ကို"
ရှိုင်း ခေါင်းညိတ်ပြီး ဟိုဘက်အလှည့် ဆိုင်ထဲကို ဝင်လာသော လူနှစ်ယောက်ကို မြင်တော့ အံ့သြသွားရသည်။
အရင်က မိုးသောက်ယံကို ဘားမှာတုန်းက ပြသနာရှာခဲ့သည့် ကောင်လေးနှင့် ဖြစ်သည် ။
ရှိုင်းသည် မဒီနှင့် ထိုင်နေရာမှ ချက်ချင်းထပြီး မိုးသောက်ယံနှင့် ထိုကောင်လေး ထိုင်သည့် စားပွဲကို သွားလိုက်သည်။
"ကို "
မဒီက လှမ်းခေါ်ပေမယ့် ပြန်မဖြေဘဲ ထွက်သွားသည့် ရှိုင်းကြောင့် မကျေမနပ်ဖြစ်ပြီး မျက်နှာပျက်သွားရသည်။
"မိုးသောက်ယံ "
ရှိုင်း စိတ်တိုပြီး မိုးသောက်ယံကို လေသံမာမာနှင့် ခေါ်လိုက်သည် ။
⚡⚡⚡⚡⚡⚡⚡⚡
ဆက်ရန်
Thin Zar Moe Oo
Zawgyi
ခ်စ္မိသူ အရႈံး
(အခန္း - ၁၀ )
ရွိုင္းသည္ မဒီ့ကို ႏႈတ္ဆက္ၿပီး အခန္းထဲက ထြက္လာခဲ့သည္။ မဒီက ၿခံေရွ႕ထိ လိုက္ပို႔မည္ဟု ေျပာေပမယ့္ ေနမေကာင္းတာေၾကာင့္ အခန္းထဲမွာ အနားယူရန္ မနည္းေျပာရသည္ ။
ရွိုင္း ေအာက္ထပ္ေရာက္ေတာ့ လမင္းတစ္ေယာက္တည္းသာ ေတြ႕လိုက္ရသည္ ။ အရင္တစ္ခါလို မိုးေသာက္ယံတစ္ေယာက္ ေလွ်ာက္သြားၿပီး တစ္ခုခုျဖစ္မွာ စိုးရိမ္သြားရသည္။
"ယံယံေရာ ၊ လမင္း "
"ဪ....မိုးေသာက္ယံလား ။ သူ အိမ္ျပန္ေတာ့မယ္ဆိုၿပီး ထြက္သြားတာပဲ ။ လမင္းက ရွိုင္းနဲ႕ အတူျပန္ဖို႔ ေျပာပါေသးတယ္ ။ သူက နားမေထာင္ဘူး "
"ယံယံ တစ္ေယာက္တည္း အဆင္ေျပရဲ႕လားမသိဘူး ။ အၿမဲတမ္း တဇြတ္ထိုးလုပ္တတ္တဲ့ အက်င့္က ခုထိ မေပ်ာက္ဘူး "
ရွိုင္းသည္ ခပ္တိုးတိုး ေရ႐ြတ္ေျပာဆိုမိသည္။
"ကြၽန္ေတာ္ ျပန္ေတာ့မယ္ လမင္း "
"ဟုတ္ကဲ့ "
ရွိုင္း ဆိုင္ကယ္စီးၿပီး အိမ္ကို ျမန္ျမန္ေရာက္ေအာင္ အရွိန္ျမႇင့္၍ ေမာင္းလိုက္သည္။
⚡⚡⚡⚡⚡⚡⚡⚡
"သား ျပန္ေရာက္တာ ဆိုင္ကယ္သံလည္း မၾကားမိပါလား ။ ရွိုင္းေရာ "
"သား တစ္ေယာက္တည္း ျပန္လာတာ မာမီ "
"ဘယ္လို ျဖစ္ရျပန္တာလဲ ။ ရွိုင္း ဖုန္းဆက္တုန္းက သူငယ္ခ်င္းဆီ အတူတူသြားၾကမယ္ဆို "
မိုးေသာက္ယံ စိတ္ရႈပ္ေနတာေၾကာင့္ မာမီကို ဆက္မရွင္းျပခ်င္ေတာ့ ။
"မာမီ ၊ သား ေခါင္းကိုက္ေနလို႔ ။ နားေတာ့မယ္ "
"ဟုတ္လား ယံယံ ။ ဒါဆို သြားနားေလ ။ မာမီ ေဆးယူလာခဲ့မယ္ "
"ဟင့္အင္း မာမီ ။ သား ေဆးမေသာက္ခ်င္ဘူး ။ ခဏအိပ္လိုက္ရင္ အိုေကတယ္ "
"ေအး ေအး ။ ဒါဆိုလည္း တေရးေလာက္ အိပ္လိုက္ "
"အင္း "
အားမရွိသည့္ ပုံစံႏွင့္ ထြက္သြားသည့္ မိုးေသာက္ယံကိုၾကည့္ၿပီး ေဒၚခင္ႏြယ္ စိုးရိမ္စိတ္ဝင္မိသည္။
"မ်က္ႏွာလည္း မေကာင္းဘူး ။ ယံယံ တစ္ေယာက္ ဘာမ်ားျဖစ္လာတာလဲ "
⚡⚡⚡⚡⚡⚡⚡⚡⚡
ေဒၚခင္ႏြယ္ ေတြးေနစဥ္မွာပဲ ရွိုင္း၏ ဆိုင္ကယ္က ၿခံထဲသို႔ ေမာင္းဝင္လာသည္ ။
"ေဟာ ၊ ရွိုင္း ေရာက္လာၿပီပဲ "
"ဟုတ္ကဲ့ အန္တီ ။ ယံယံေရာ "
" ယံယံ ေခါင္းကိုက္ေနတယ္ဆိုၿပီး တေရးသြားအိပ္တယ္ ။ မင္းတို႔ ႏွစ္ေယာက္ ရန္ျဖစ္လာၾကတာလား "
"မဟုတ္ပါဘူး အန္တီ ။ သူ ကြၽန္ေတာ့္ကို မေျပာဘဲ အိမ္ျပန္သြားတာ ။ ေနမေကာင္းလို႔ထင္တယ္ "
" အင္း ဟုတ္မယ္ သား ။ သူ မ်က္ႏွာလည္း မေကာင္းဘူး ။ ခဏနားလို႔မွ မသက္သာရင္ ေဆးေတြဘာေတြ တိုက္မွပဲ "
"ဟုတ္ကဲ့ အန္တီ ။ ကြၽန္ေတာ္ ေရခ်ိဳးလိုက္ဦးမယ္ "
"ေအး..ေအး....သား "
ရွိုင္းသည္ အခန္းထဲ မဝင္ေသးဘဲ မိုးေသာက္ယံ၏ အခန္းေရွ႕မွာ ရပ္လိုက္ၿပီး တံခါးေခါက္ရန္ ေတြေဝေနသည္။ ခဏၾကာ တုံ႕ဆိုင္းေနၿပီးမွ တံခါးေခါက္လိုက္သည္။
ေဒါက္...ေဒါက္...ေဒါက္ ။
"သား ခဏနားမလို႔ပါဆို ၊ မာမီကလည္း ဗ်ာ "
မိုးေသာက္ယံ၏ စိတ္မရွည္သည့္ ေလသံၾကားလိုက္ရသည္။
"ယံယံ "
"ရွိုင္း "
သူ႕နာမည္ ေခၚသံၾကားၿပီး စကၠန့္အနည္းငယ္အၾကာ မိုးေသာက္ယံက တံခါးလာဖြင့္ေပးသည္။ ရွိုင္းသည္ အခန္းထဲ ဝင္လိုက္ေတာ့ မိုးေသာက္ယံက သူ႕ကုတင္ေပၚသို႔ တက္ထိုင္သည္ ။
"ဘာကိစၥလဲ "
"ေနမေကာင္းဘူးလား "
ရွိုင္းက မိုးေသာက္ယံ၏ ေဘးမွာ ဝင္ထိုင္ၿပီး နဖူးကို လက္ႏွင့္ စမ္းဖို႔ျပင္ေတာ့ ေခါင္းကို ေစာင္းၿပီး ေရွာင္ဖယ္သည္။ ရွိုင္း၏ လက္တို႔ တြန့္သြားၿပီး ႐ုပ္သိမ္းလိုက္သည္။ မိုးေသာက္ယံက ျပန္မေျဖဘဲ ၿငိမ္ေနတာေၾကာင့္ ရွိုင္း ေမးလိုက္သည္။
"ဘာလို႔ တစ္ေယာက္တည္း ျပန္ရတာလဲ ။ ေနမေကာင္းရင္လည္း ငါ့ကို ေျပာေပါ့ ။ ျပန္ပို႔ေပးမွာေပါ့ "
" ဟား...ဟား....."
သူ႕စကားဆုံးေတာ့ ဟာသတစ္ခုလို ရယ္ေမာေနသည့္ မိုးေသာက္ယံကို ၾကည့္ၿပီး ရွိုင္း နားမလည္နိုင္ျဖစ္သြားရသည္ ။
"ဘာလို႔ရယ္တာလဲ "
"မင္း ရည္းစားနဲ႕ ၾကည္ႏူးေနတာကို ။ ငါက ဘယ္လိုေႏွာင့္ယွက္မလဲ "
" မင္း ဘာေတြ ေျပာေနတာလဲ "
"မင္း နဲ႕ မဒီ ၾကည္ႏူးေနတာ ငါ့ေၾကာင့္ မပ်က္စီးေစခ်င္လို႔ တစ္ေယာက္တည္း ျပန္လာလိုက္တာ ။ ရွင္းၿပီလား "
" မဆိုင္တာေတြ မေျပာစမ္းနဲ႕ ယံယံ "
"ဘာမဆိုင္တာလဲ ။ ငါ ေျပာတာမဟုတ္လို႔လား "
"မင္း တကယ္လို႔ ငါ့ကို ျပန္ပို႔ခိုင္းမယ္ဆိုရင္ ငါ ျငင္းမွာမို႔လား "
မိုးေသာက္ယံသည္ ႏႈတ္ခမ္းကို ဖိကိုက္ထားရင္း မ်က္ရည္တို႔ကို မက်ေအာင္ ထိန္းထားရသည္။
"ဟုတ္တာပဲ ။ မင္းက ငါခိုင္းရင္ မျငင္းခဲ့ဘူးပဲ ။ အဲ့ဒီေတာ့ မဒီနဲ႕ လမ္းခြဲလိုက္
"
"မင္း ဘာေတြေျပာေနတာလဲ ။ ဘာလို႔ ငါက မဒီနဲ႕ လမ္းခြဲရမွာလဲ "
"ဘာလို႔လဲ ၊ ဟုတ္လား ။ ငါ လမ္းခြဲေစခ်င္လို႔ေပါ့ "
ရွိုင္းသည္ မိုးေသာက္ယံ၏ စကားေၾကာင့္ ေဒါသတို႔ျမင့္တက္သြားရသည္။
"အၿမဲတမ္း မင္း ဆႏၵအတိုင္းျဖစ္မယ္မထင္နဲ႕ မိုးေသာက္ယံ "
"ဘာ!"
"ဒီတစ္ခါေတာ့ ငါ မင္း စကားနားမေထာင္နိုင္ဘူး ။ မဒီက ငါ့ခ်စ္သူ ။ ေနာက္ၿပီး ငါ လက္ထပ္မယ့္ သူ "
"ဘာေျပာတယ္ ရွိုင္း"
"မင္း ေနာက္တစ္ခါ မဒီနဲ႕ လမ္းခြဲဖို႔ မေျပာနဲ႕ ။ မဒီ့ကိုလည္း မေႏွာင့္ယွက္နဲ႕ "
ရွိုင္းသည္ မိုးေသာက္ယံကို ျပတ္ျပတ္သားသား ေျပာၿပီး အခန္းထဲမွ ထြက္လာခဲ့သည္ ။ အခန္းေရွ႕ေရာက္ေသာ္ ေဒၚခင္ႏြယ္က မ်က္ႏွာမေကာင္းစြာႏွင့္ ရွိေနေလသည္ ။ ရွိုင္း သက္ျပင္းရွိုက္ရင္း မိမိအခန္းဆီသို႔ သာ ျမန္ျမန္ေလွ်ာက္လာခဲ့သည္။
××××××××××××××××
ေဒၚခင္ႏြယ္က မိုးေသာက္ယံ၏ အခန္းထဲကို ဝင္လာခ်ိန္ သူ႕သားသည္ ျပတင္းေပါက္သို႔ မ်က္ႏွာမူၿပီး ေက်ာက္႐ုပ္လို မလႈပ္မယွက္ႏွင့္ ျဖစ္သည္ ။
"သား "
ေဒၚခင္ႏြယ္ ေခၚေတာ့ လွည့္ၾကည့္လာသည့္ မိုးေသာက္ယံ၏ မ်က္ဝန္းထဲတြင္ မ်က္ရည္စမ်ားက ေနရာယူလ်က္ရွိေနသည္ ။
" ဘာလို႔ငိုေနတာလဲ ယံယံ "
"မငိုပါဘူးဗ်ာ "
မိုးေသာက္ယံက ျငင္းဆိုေနေသာ္လည္း လက္ဖဝါး တစ္ဖက္ႏွင့္ မ်က္ႏွာတစ္ခုလုံးကို ျမန္ျမန္ပြတ္သတ္သည္ ။
"မာမီ့ကို မလိမ္ပါနဲ႕ကြယ္ ။ ရွိုင္းေၾကာင့္ ခုလိုေတြ ျဖစ္ေနတာမဟုတ္လား "
မိုးေသာက္ယံသည္ မာမီ့ကို စိုက္ၾကည့္မိသည္ ။
"သားတို႔ ေျပာတာ ၾကားသြားတာလား ။ မာမီ အထင္မွားေနတာပါ ။ သား သူ႕ေၾကာင့္ ငိုေနတာ မဟုတ္ဘူး "
"သား မာမီ့ကို အမွန္တိုင္း ေျပာလို႔ရတယ္ ။ မာမီ နားေထာင္ေပးမွာေပါ့ "
ထိုအခါ မိုးေသာက္ယံထံမွ ခပ္တိုးတိုး ရွိုက္သံ ထြက္ေပၚလာသည္ ။ ထို႔ေနာက္ ရွိုက္သံတခ်ိဳ႕ႏွင့္ ဗလုံးဗေထြးေျပာလာသည္ ။
" ရွိုင္း ရည္းစားရသြားၿပီ မာမီ ။ သူ သားကို တစ္ေယာက္တည္း ထားခဲ့ေတာ့မယ္ "
ရွိုင္းဆိုတာ သူ႕အတြက္ ဒယ္ဒီ ေခၚလာေပးသည့္ တစ္ဦးတည္းေသာ သူငယ္ခ်င္း ။ တစ္သက္လုံး သူႏွင့္ အတူရွိေနေပးမည့္ သူဟု ယုံၾကည္ခဲ့သည္ ။ ယခု မဒီႏွင့္ ရွိုင္း ခ်စ္သူေတြ ျဖစ္သြားၾကၿပီး ရွိုင္းကို သူ ဆုံးရႈံးရၿပီဟု ေတြးမိခ်ိန္ ရင္ထဲ နာက်င္လွသည္ ။ ရွိုင္းကို အျခားသူလက္ထဲ ထည့္မေပးခ်င္ ၊ သူႏွင့္သာ ထာဝရ ရွိေစလိုသည့္ အတၱေၾကာင့္ သူ ပို၍ နာက်င္ခံစားရသည္ ။
" ရွိုင္းက သားကို ဘာလို႔ ထားခဲ့ရမွာလဲ "
"သူက သားကို မုန္းေနတာ မာမီရဲ႕ ။ သူ ခ်စ္တဲ့သူ ေတြ႕ၿပီဆိုေတာ့ သားကို ထားခဲ့ေတာ့မွာေပါ့ "
"မဟုတ္ပါဘူးကြယ္ ။ သားတို႔က သူငယ္ခ်င္းလည္း ဟုတ္တယ္ ။ ညီအစ္ကိုဆိုလည္း ဟုတ္တယ္ ။ ရွိုင္းက ခ်စ္သူရည္းစားရတာနဲ႕ သားကို ထားခဲ့စရာလား "
"ရွိုင္း ရည္းစားထားတာ မႀကိဳက္ဘူး ။ သူ႕ကို သားနဲ႕ပဲ အတူရွိေစခ်င္တယ္ ။ အဲ့ဒီေကာင္မေလးနဲ႕ တြဲတာ လုံးဝ သေဘာမက်ဘဴး "
"ဒါ ရွိုင္းရဲ႕ လြတ္လပ္ခြင့္ပဲေလ ။ ပိတ္ပင္တားဆီးလို႔မွ မရတာ"
" မသိဘူးဗ်ာ ။ သား သိတာ ရွိုင္းက သားအတြက္ပဲ တစ္သက္လုံး ျဖစ္ရမယ္ "
မိုးေသာက္ယံက ေျပာၿပီး ရွိုက္ငိုေလသည္ ။ ေဒၚခင္ႏြယ္သည္ မိုးေသာက္ယံ၏ စကားေတြၾကားၿပီး ေအးစက္ေတာင့္တင္းသြားသည္ ။ ထို႔ေနာက္ သက္ျပင္းရွိုက္မိေတာ့သည္ ။
⚡⚡⚡⚡⚡⚡⚡⚡
မဒီႏွင့္ သူ ခ်စ္သူျဖစ္သည့္ ေန႕မွစ၍ မိုးေသာက္ယံသည္ သူ႕ကို စကားမေျပာေတာ့ဘဲ ေရွာင္ဖယ္ေနေလသည္ ။ အရင္လို ဆိုင္ကယ္စီးၿပီး အိမ္ကို အတူမျပန္ေတာ့ေခ် ။ အိမ္က ကားႏွင့္သာ ျပန္ေတာ့သည္။ ရွိုင္း၏ ရင္ထဲ တမ်ိဳးျဖစ္ေနရသည္။ အၿမဲတမ္း အနိုင္က်င့္ၿပီး ဆိုးသြမ္းသည့္ မိုးေသာက္ယံက ယခုဆို သူ႕ပုံစံႏွင့္ မလိုက္ဖက္စြာ ေအးတိေအးစက္ ျဖစ္ေနသည္ ။ ဘာေၾကာင့္လဲ ဆိုတာ ရွိုင္း မေတြးတတ္ေတာ့ေပ ။
"ကို ၊ ကို ဘာေတြ စဥ္းစားေနတာလဲ "
"ဟင္....မဒီ ။ ဘာမွ မဟုတ္ပါဘူး "
မဒီ ႏွင့္ ရွိုင္းသည္ ေက်ာင္းပိတ္ရက္ စားေသာက္ဆိုင္မွာ ခ်ိန္းၿပီး စားေနၾကစဥ္ ရွိုင္းတစ္ေယာက္ အေတြးလြန္ေနမိျခင္းျဖစ္သည္ ။
"ဘာမဟုတ္ရမွာလဲ ။ မဒီ ေခၚေနတာ အၾကာႀကီးပဲ ။ ဘာေတြ ေတြးေနတာလဲ "
မဒီ မေက်မနပ္ႏွင့္ ႏႈတ္ခမ္းဆူၿပီး ေျပာသည္။
"ေဆာရီးပါ မဒီ ။ မဒီ ဘာေျပာမလို႔လဲ "
"ကို ေနာက္တစ္ပတ္ဆို မဒီတို႔ စာေမးပြဲေျဖရၿပီေလ ။ ေက်ာင္းပိတ္ရက္က်ရင္ မဒီက မႏၲေလး ျပန္ရမွာ ။ အဲဒါ... "
"အင္း ၊ ဘာျဖစ္လို႔လဲ "
"ကို မဒီနဲ႕ လိုက္ခဲ့ပါလား ။ ေဖေဖနဲ႕ ေမေမ့ကို မိတ္ဆက္ေပးမလို႔ "
"ဟင္ "
"ဘာလို႔လဲ ကို ။ ကိုက မဒီ့မိဘေတြနဲ႕ မေတြ႕ခ်င္လို႔လား "
"မဟုတ္ပါဘူး မဒီ ။ ကြၽန္ေတာ္တို႔ တြဲတာ သိပ္မၾကာေသးဘူးေလ "
"အို...မၾကာလည္း ဘာျဖစ္လဲ ကိုရယ္ ။ မဒီ ကို႔ကို တကယ္ခ်စ္လို႔ မိဘေတြနဲ႕ မိတ္ဆက္ေပးတာေနာ္ ။ လိုက္ခဲ့ရမယ္ေနာ္....ကို"
ရွိုင္း ေခါင္းညိတ္ၿပီး ဟိုဘက္အလွည့္ ဆိုင္ထဲကို ဝင္လာေသာ လူႏွစ္ေယာက္ကို ျမင္ေတာ့ အံ့ၾသသြားရသည္။
အရင္က မိုးေသာက္ယံကို ဘားမွာတုန္းက ျပသနာရွာခဲ့သည့္ ေကာင္ေလးႏွင့္ ျဖစ္သည္ ။
ရွိုင္းသည္ မဒီႏွင့္ ထိုင္ေနရာမွ ခ်က္ခ်င္းထၿပီး မိုးေသာက္ယံႏွင့္ ထိုေကာင္ေလး ထိုင္သည့္ စားပြဲကို သြားလိုက္သည္။
"ကို "
မဒီက လွမ္းေခၚေပမယ့္ ျပန္မေျဖဘဲ ထြက္သြားသည့္ ရွိုင္းေၾကာင့္ မေက်မနပ္ျဖစ္ၿပီး မ်က္ႏွာပ်က္သြားရသည္။
"မိုးေသာက္ယံ "
ရွိုင္း စိတ္တိုၿပီး မိုးေသာက္ယံကို ေလသံမာမာႏွင့္ ေခၚလိုက္သည္ ။
⚡⚡⚡⚡⚡⚡⚡⚡
ဆက္ရန္
Thin Zar Moe Oo