Unicode
ချစ်မိသူ .... အရှုံး
(အခန်း - ၆ )
မိုးသောက်ယံသည် အသိမလွတ်မီ နောက်ဆုံးမြင်လိုက်ရသည်က သူရှိရာသို့ ကူးခတ်လာသော ပုံရိပ်တစ်ခု ။ ထို့နောက် အရာအားလုံး အမှောင်ကျသွားတော့သည်။
××××××××××××××××
ရှိုင်းသည် မဒီ့ကို ကူညီပြီး ပြန်ရောက်ချိန်တွင် မိုးသောက်ယံသည် ပါတီကျင်းပသည့် နေရာတွင် မရှိတော့ချေ ။
"မိုးသောက်ယံ ဘယ်ရောက်သွားတာလဲ "
"သူ ဒီမှာ နေရတာ ပျင်းလို့ ပြန်သွားတာများလား "
"မဟုတ်လောက်ဘူး မဒီ ။ ကျွန်တော် လိုက်ရှာလိုက်ဦးမယ် "
မဒီက မကျေနပ်ပေမယ့် ဟန်ဆောင်ရင်း ခေါင်းညိတ်လိုက်သည် ။
"မဒီပါ ကူရှာပေးမယ်လေ "
"အင်း "
ရှိုင်းနှင့် မဒီတို့ လိုက်ရှာနေရင်း ခြံအနောက်ဘက်က ရေကန်ကြီးအနားသို့ ရောက်လာခဲ့သည် ။ ရေကန်နားမှာ မိုးသောက်ယံ၏ ဖိနပ်လေးတစ်ဖက်က ရေကန်စပ်တွင် ကျနေသည် ။ ရှိုင်း အလန့်တကြားဖြစ်သွားပြီး ရေကန်ဆီ အကြည့်အရောက် ပုံမှန်အတိုင်း ငြိမ်သက်နေရမည့် ရေကန်က တစ်ခုခုပြုတ်ကျထားခဲ့သလို မငြိမ်မသက်ဖြစ်နေသည်။
ရှိုင်းသည် စိုးရိမ်စိတ်နှင့်အတူ ပူထူသွားပြီး ရေကန်ထဲသို့ ခုန်ဆင်းလိုက်သည် ။ ထို့နောက် ရေငုပ်ကာ မိုးသောက်ယံ၏ ပုံရိပ်လေးကို အသည်းအသန် ရှာနေမိသည်။ ရေထဲမှာ ငြိမ်သက်နေသည့် မိုးသောက်ယံ၏ ပိန်ပါးပါး ခန္ဓာကိုယ်လေးကို မြင်တော့ လျှင်မြန်စွာ ကူးခတ်သွားပြီး လက်တစ်ဖက်နှင့် တင်းကျပ်စွာ ဖက်တွယ်လိုက်သည် ။ ထို့နောက် ရေပြင်ပေါ်သို့ တက်ကာ အားထည့်ကူးခတ်၍ မြေပြင်ပေါ်သို့ရောက်သော် အသာအယာ ချလိုက်သည် ။
ရှိုင်းသည် မိုးသောက်ယံကို လှုပ်နှိုး၍ မရတော့ ရင်ဘတ်နားကို ကပ်၍ နှလုံးခုန်သံကို နားစွင့်မိသည် ။ နှလုံးခုန်နှုန်းသည် နှေးကွေးလွန်းနေပြီး စိုးရိမ်ရသော အခြေအနေရှိတာကြောင့် ရှိုင်းသည် လက်ဖဝါးနှစ်ဖက်ကို ထပ်၍ မိုးသောက်ယံ၏ ရင်ဘတ်အလယ်တည့်တည့်မှာ တင်ပြီး ဖိချလိုက်သည် ။ ထို့သို့ ဖိချလိုက် ပြန်ကြွလိုက်နှင့် အကြိမ်များစွာ ကြိုးစားသော်လည်း သတိမရသေးတာကြောင့် မိုးသောက်ယံ၏ နှာခေါင်းကို အသာပိတ်၍ ပါးစပ်တွင်းသို့ လေမှုတ်သွင်းလိုက်သည် ။
"အို..."
မဒီသည် နှုတ်ခမ်းတို့ ပွင့်သွားသည်ထိ အံ့သြသွားသည် ။ ရှိုင်းသည် မိုးသောက်ယံကို သတိပြန်ရစေရန် ကူညီသည်ဆိုသော်လည်း သည်အနေအထားကို မဒီ လက်မခံနိုင်လောက်အောင် ဖြစ်နေရသည် ။ မဒီ မျက်နှာလွှဲပြီး တစ်ဖက်အလှည့် သစ်ပင်အကွယ်မှာ ပုန်းနေသူနှင့် မျက်လုံးချင်း ဆုံမိသွားသည်။ ထို့နောက် ထိုသူက ပုန်းနေရာမှ ထွက်ပြေးသွားတော့သည်။
~~~~~~~~~~~~
မိုးသောက်ယံ ပြန်သတိရလာချိန်၌ နှုတ်ခမ်းပေါ်မှ နူးညံသည့် အထိအတွေ့ကြောင့် မျက်ဝန်းတို့ ပြူးကျယ်သွားရသည်။ မိုးသောက်ယံသည် ရှိုင်းကို တွန်းလိုက်ပြီးနောက် ပါးစပ်ထဲမှ ရေတွေ ပြန်ထွက်လာပြီး ရေသီးကာ ချောင်းတွေ အဆက်မပြတ်ဆိုးသည်။
"ဘယ်လိုနေသေးလဲ ယံယံ "
မိုးသောက်ယံသည် ယခုမှ နည်းနည်း အဆင်ပြေသွားသည် ။ ရှိုင်း၏ မေးခွန်းကို သူ မဖြေသေးဘဲ စိုက်ကြည့်ပြီးနောက် မျက်နှာဆီသို့ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည် ။
ခွပ် !
"မိုးသောက်ယံ "
မဒီက အလန့်တကြား အော်သည် ။ ရှိုင်းကို သည်လူဆိုးကောင်က ဘာကိစ္စ လက်ပါရတာလဲ ။
"မင်းကြောင့် ငါ ခုလို ဖြစ်ရတာ ရှိုင်း ။ မင်းသာ ငါ့အနားမှာ ရှိနေရင် ဒီလို ဖြစ်မှာမဟုတ်ဘူး "
ရှိုင်းသည် ခွန်းတုံ့မပြန်သော်လည်း နာကျင်သွားသော ပါးတစ်ဖက်ကို ကိုင်ရင်း ဖြစ်ပေါ်လာသော ဒေါသတို့ကို မနည်းမြိုသိပ်ရသည်။
ထိုစဥ် မဒီက ရှိုင်းနှင့် မိုးသောက်ယံ ဆီသို့ လျှောက်လာသည် ။
"နင် ဘယ်လိုလုပ်လိုက်တာလဲ ။ ရှိုင်းက နင့်အသက်ကို ကယ်ခဲ့တာလေ ။ ဒီလို မရိုင်းစိုင်းသင့်ဘူး "
ရှိုင်းက နှုတ်ဆိတ်နေပြီး ဘာတစ်ခုမျှ ဝင်မပြောချေ ။ မိုးသောက်ယံသည် မဒီ ပြောနေသည်ကို မကြားဟန်ဆောင်ကာ ရှိုင်းကိုသာ မကျေမနပ်နှင့် စိုက်ကြည့်နေမိသည်။
"ရှိုင်း အဝတ်အစားတွေ ရေစိုနေတယ် ။ မဒီ့ ဦးလေးအဝတ်အစားတွေ ရှိတယ် ။ ယူဝတ်ထားလိုက်နော် "
ရှိုင်းက ထရပ်ရင်း မဒီ့ကို ခေါင်းညိတ်ပြလိုက်သည်။ ရှိုင်းသည် မိုးသောက်ယံကို လှမ်းကြည့်တော့ ယခုထိ ကျောက်ရုပ်လို မလှုပ်မယှက် ရှိနေတုန်းပင် ။
"မိုးသောက်ယံလည်း အင်္ကျီလဲပြီးမှ ပြန်လေ "
မိုးသောက်ယံသည် သည်အခြေအနေမှာ သူ့ဘက်မှ အမြင်မကြည်လည်း မဒီ၏ အကူအညီယူရပေတော့မည်။ ထိုင်နေရာမှာ အားတင်းပြီး ထရပ်လိုက်သည် ။ ဒါပေမဲ့ ခြေထောက်တွေ မခိုင်ဘဲ ပြန်လဲကျမလို ဖြစ်သွားလေသည်။ သို့သော် သူ့ကို လျှင်မြန်စွာ ဖမ်းထိန်းပေးသော လက်တစ်စုံကြောင့် ပြုတ်မကျခဲ့ပေ ။ မိုးသောက်ယံသည် ရှိုင်း၏ လက်တွေကို တွန်းဖယ်လိုက်ပြီး ထွက်လာခဲ့လေသည်။
ပါတီကျင်းပသည့် နေရာမှ ဖြတ်ချိန် လူတိုင်း၏ အကြည့်တွေက သူ့ဆီ ရောက်လာသည် ။ သူ မျက်မှောင်ကြုတ်၍ ဂရုမစိုက်ဘဲ ဆက်လျှောက်သည် ။
ထိုအချိန် မိုးသောက်ယံ၏ ပခုံးထက်သို့ အရာတစ်ခု ရောက်လာသည် ။ သူ ကြည့်လိုက်တော့ ရှိုင်းက သူထပ်ဝတ်လာခဲ့သော အင်္ကျီလေးကို ခြုံပေးခြင်းဖြစ်သည် ။ ထို့နောက် ရှိုင်းက သူ့လက်ကို ဆွဲပြီး လမင်းတို့၏ အိမ်ထဲသို့ ခေါ်သွားလေသည် ။ မိုးသောက်ယံလည်း လေတိုက်လေ ၊ ချမ်းစိမ့်လေမို့ ရုန်းကန်မနေတော့ဘဲ အသာတကြည် လိုက်သွားတော့သည်။
"လာ ၊ ရှိုင်း ။ အပေါ်ထပ်မှာ အဝတ်အစားက "
"အင်း "
ရှိုင်းနှင့် မိုးသောက်ယံတို့သည် မဒီနှင့်အတူ အပေါ်ထပ်က အခန်းသို့ တက်လာခဲ့ကြသည်။
"ဒါ ဘယ်လိုဖြစ်လာတာလဲ ။ ရေတွေလည်း ရွဲနေပါလား "
အခန်းထဲမှ ထွက်လာသော လမင်းက ရှိုင်းတို့ကို မြင်တော့ မေးသည်။
"ရေကန်ထဲ မိုးသောက်ယံ ကျသွားလို့ ရှိုင်းက ဆယ်ပေးတာ ။ နှစ်ယောက်လုံး စိုကုန်တာနဲ့ အဝတ်အစားလဲဖို့ ခေါ်လာတာ "
မဒီကပဲ လမင်း၏ မေးခွန်းကို အဖြေပေးလိုက်သည်။
"ဟုတ်လား ။ ဘယ်လိုဖြစ်လို့ မိုးသောက်ယံက ရေကန်ထဲကို ပြုတ်ကျသွားရတာလဲ "
"တွန်းချခံရတာလေ
မိုးသောက်ယံက အေးစက်စက် လေသံနှင့် ဖြေသည် ။
"ဟင်...!။
ဘယ်လို! ...."
မိုးသောက်ယံ၏ အဖြေကြောင့် သုံးယောက်လုံး အံသြသွားရသည်။
"ယံယံ မင်းကို ဘယ်သူက တွန်းချတာလဲ "
ရှိုင်းက မိုးသောက်ယံ၏ မျက်နှာကို အကဲခတ်ရင်း မေးသည် ။
" အဲဒါတော့ မသိဘူး ။ လမင်း ထွက်သွားတာကြာလို့ ငါလည်း ပျင်းပျင်းနဲ့ ခြံထဲလမ်းလျှောက်နေတာ ။ ရေကန်နားမှာ ခဏရပ်နေတုန်း အနောက်က တွန်းချခံလိုက်တာ ။ ဘယ်သူမှန်း မတွေ့လိုက်ဘူး "
လမင်းနှင့် မဒီ မျက်နှာပျက်သွားကြသည် ။
"ဘယ်လိုဖြစ်နိုင်မှာလဲ ။ အားလုံးက ခြံအရှေ့မှာ ပါတီကျင်းပနေတာလေ ။ ခြံအနောက်ဘက်ကို ဘယ်သူမှ မသွားကြဘူး ။ မိုးသောက်ယံ သူ့ဘာသာ မတော်တဆ ပြုတ်ကျပြီး ကတောင်ချောက်ချား ဖြစ်သွားတာထင်တယ် "
လမင်းက မိုးသောက်ယံ၏ စကားကို မယုံကြည်သလို ပြောသည် ။
"မဟုတ်ဘူး လမင်း ။ ကျွန်တော် တွန်းချခံလိုက်ရတာ သေချာတယ် "
မိုးသောက်ယံက မဒီနှင့် လမင်းတို့ကို ဦးတည်၍ ပြသနာရှာနေတာကြောင့် ရှိုင်းသည် သည်အတိုင်း ကြည့်မနေနိုင်တော့ပေ ။
"တော်တော့ ယံယံ ။ မင်း လျှောက်ပြောမနေနဲ့တော့ ။ မဒီတို့ကို အားနာစရာကောင်းတယ် ။ မင်းဘာသာ လျှောက်သွားရင်း ပြုတ်ကျတယ်ဆိုလည်း အမှန်အတိုင်း ပြော ။ ဘယ်သူမှ မင်းကို အပြစ်မတင်ဘူး "
မိုးသောက်ယံသည် ရှိုင်းကို မကျေမနပ်နှင့် ဒေါသတကြီး ကြည့်သည်။
"ရှိုင်း တော်ပါတော့ ။ ရေစိုဝတ်ကြီးနဲ့ ဖျားနေပါဦးမယ် ။ အဝတ်အစား အရင်လဲလိုက်ပါနော် ။ လာပါ ၊ မဒီ ၊ လေးလေးရဲ့အဝတ်တွေ ယူပေးမယ် "
"အင်း ၊ ကျေးဇူး မဒီ "
"အဟင်း ၊ ရပါတယ် ရှိုင်းရယ်"
မဒီက ရှိုင်းအတွက် အဝတ်အစား အရင်ရှာပေးပြီးမှ မိုးသောက်ယံအတွက် ရှာသည် ။ ထို့နောက် အဝတ်အစားတွေ ပေးခဲ့ပြီး အပြင်ထွက်ခဲ့သည် ။
အခန်းထဲတွင် ကျန်ခဲ့သော မိုးသောက်ယံ နှင့် ရှိုင်းသည် စက္ကန့်အနည်းငယ်ထိ တိတ်ဆိတ်နေလေသည် ။ ခဏကြာမှ ရှိုင်းက စကားစလိုက်သည် ။
"မင်း အဝတ်လဲတော့လေ "
မိုးသောက်ယံက ခေါင်းညိတ်ပြီး ရေစို၍ ကပ်နေသော အအင်္ကျီကို ခေါင်းမှ ဆွဲချွတ်သည် ။ မိုးသောက်ယံ၏ ဖြူဖွေးသော အသားအရေလေးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ ရှိုင်း ချက်ချင်း မျက်နှာလွှဲလိုက်သည် ။ ထို့နောက် သူလည်း အဝတ်အစားတွေ ချွတ်၍ မြန်မြန်လဲလိုက်သည် ။ သူ လဲလှယ်ပြီး၍ မိုးသောက်ယံကို လှည့်ကြည့်လိုက်သည် ။ စူးရှသော မျက်ဝန်းတစ်စုံနှင့် ထိပ်တိုက်တိုးသည် ။ ရှိုင်းနှင့် အကြည့်ချင်းဆုံသော် မိုးသောက်ယံသည် ဖျတ်ခနဲ အကြည့်လွှဲသွားသည် ။ ရှိုင်း မျက်မှောင်ကြုတ်သွားသည် ။ သည်ကောင်လေး သူ့ကို ဘယ်အချိန်တည်းက ကြည့်နေတာလဲ ။
ထို့နောက် အဝတ်စိုတွေကို အိတ်ထဲထည့်၍ သူတို့နှစ်ယောက် အခန်းထဲက ထွက်လာခဲ့သည် ။ အခန်းရှေ့မှာ မဒီ နှင့် လမင်းက ရှိနေကြသည် ။
"လေးလေးအဝတ်တွေက ရှိုင်းနဲ့ အဆင်ပြေသားပဲ "
မဒီက ပြောတော့ မိုးသောက်ယံ၏ မျက်နှာမဲ့သွားသည် ။ ရှိုင်းကိုကျတော့ ရှပ်အင်္ကျီအဖြူ နှင့် အနက်ရောင်နှင့်အပြာစပ်ထားသော ပုဆိုးလေး ထုတ်ပေးသည် ။ သူ့ကိုကျ မဒီ ပေးသည့် အင်္ကျီသည် ပွပြီး ရင်ဘတ်က ဟိုက်နေသည် ။ ပုဆိုးကိုလည်း အပြာရောင်တောက်တောက်ကြီး ပေးထား၍ သူ့ပုံစံက မြို့သို့ရောက်ခါစ တောသားတစ်ယောက်လိုပင် ခံစားရသည် ။
မိုးသောက်ယံ ခေါင်းခါလိုက်ပြီး တိတ်ဆိတ်နေသော လမင်းကို စူးစိုက်ကြည့်လိုက်သည် ။
"ဒါနဲ့ လမင်းက ခုန ဘယ်ရောက်နေတာလဲဗျ ။ ကျွန်တော့်အတွက် မုန့်သွားယူမယ်ဆိုပြီး ပျောက်သွားတာပဲ "
မိုးသောက်ယံ၏ စကားကြောင့် လမင်း၏ မျက်နှာပျက်သွားသည် ။
"ဘာလို့လဲ "
" ဘာရယ်တော့ မဟုတ်ပါဘူး ။ ဒီတိုင်း မေးကြည့်တာပါ "
မိုးသောက်ယံက ပြောပြီး လှေကားဆီသို့ လျှောက်သွားသည် ။ ရှိုင်းလည်း မဒီ့တို့ကို နှုတ်ဆက်လိုက်သည် ။
"မဒီ နဲ့ လမင်း ကျွန်တော်တို့ကို ခွင့်ပြုပါဦး "
"ဟုတ်ကဲ့ ရှိုင်း ၊ ဂရုစိုက်ပြီး ပြန်နော် "
မဒီက အပြုံးချိုချိုလေးနှင့် ပြောတော့ ရှိုင်း ခေါင်းညိတ်လိုက်သည် ။ ထို့နောက် မိုးသောက်ယံ၏ နောက်သို့ ခြေလှမ်းကျဲကျဲနှင့် အမြန်လိုက်ရတော့သည် ။
××××××××××××××××××
မိုးသောက်ယံ အိမ်ကို ပြန်ရောက်ချိန် ဒယ်ဒီကတော့ အိပ်ပျော်နေပြီ ။ မာမီကတော့ သူတို့ကို စောင့်နေသည် ။ သွားတုန်းကနှင့် မတူသည့် မိုးသောက်ယံ၏ ပုံစံကို မြင်တော့ မာမီက လန့်ဖျပ်ပြီး မေးခွန်းထုတ်လေသည် ။ သို့သော် သူ ပြန်မဖြေချင်တော့တာကြောင့် ရှိုင်းကို မာမီ့ထံ တွန်းပို့ကာ သူ့အခန်းထဲသို့ ဝင်လိုက်တော့သည် ။
မိုးသောက်ယံသည် အိပ်ရာပေါ်မှာ လဲလျောင်းရင်း ခုန အဖြစ်အပျက်ကို ပြန်မြင်ယောင်လာပြီး နှုတ်ခမ်းလေးကို ကိုင်မိသွားသည်။ ထိုစဥ် ရင်ထဲ ဒိတ်ခနဲ ကျယ်လောင်စွာ မြည်ဟီးသွားသည် ။ ဒါ ဘာကြောင့်လဲ ။ မိုးသောက်ယံ ကိုယ့်စိတ်ကိုယ် အဖြေထုတ်သော်လည်း အဖြေမရခဲ့ပေ ။ သည်ညတော့ သူ တော်တော်နှင့် အိပ်ပျော်တော့မည် မထင် ။
***************
"မဒီရယ် ၊ ပါတီ လုပ်ပြီး ပျော်ရတာက နည်းနည်း ၊ ရှင်းရတာက များများဟယ် ။ မတန်ပါဘူး ။ ကိုလင်းတို့က တော်တော်ကောင်းကြတယ် ။ ဒီတိုင်းထားပြီး ပြန်သွားကြရတယ်လို့ ဟွန်း"
လမင်းက ပါတီပွဲပြင်ဆင်ထားသည့် နေရာကို ရှင်းလင်းသိမ်းဆည်းရင်း ညည်းညူနေသည် ။
"တော်ပါတော့ လမင်းရယ် ။ ပြောမနေပါနဲ့တော့ ။ ငါတို့ မြန်မြန်ရှင်းလိုက်ရင် ပြီးတာပဲလေ "
"အင်းပါ ။ မပြောတော့ဘူး ။ မောတယ်"
"ဒါနဲ့ နင် ဘာလို့ မိုးသောက်ယံကို ရေကန်ထဲ တွန်းချရတာလဲ "
မဒီသည် လမင်း၏ မျက်နှာကို စူးစိုက်ကြည့်ရင်း မေးလိုက်သည် ။
⚡⚡⚡⚡⚡⚡⚡⚡⚡
ဆက်ရန်
Thin Zar Moe Oo
Zawgyi
ခ်စ္မိသူ .... အရႈံး
(အခန္း - ၆ )
မိုးေသာက္ယံသည္ အသိမလြတ္မီ ေနာက္ဆုံးျမင္လိုက္ရသည္က သူရွိရာသို႔ ကူးခတ္လာေသာ ပုံရိပ္တစ္ခု ။ ထို႔ေနာက္ အရာအားလုံး အေမွာင္က်သြားေတာ့သည္။
××××××××××××××××
ရွိုင္းသည္ မဒီ့ကို ကူညီၿပီး ျပန္ေရာက္ခ်ိန္တြင္ မိုးေသာက္ယံသည္ ပါတီက်င္းပသည့္ ေနရာတြင္ မရွိေတာ့ေခ် ။
"မိုးေသာက္ယံ ဘယ္ေရာက္သြားတာလဲ "
"သူ ဒီမွာ ေနရတာ ပ်င္းလို႔ ျပန္သြားတာမ်ားလား "
"မဟုတ္ေလာက္ဘူး မဒီ ။ ကြၽန္ေတာ္ လိုက္ရွာလိုက္ဦးမယ္ "
မဒီက မေက်နပ္ေပမယ့္ ဟန္ေဆာင္ရင္း ေခါင္းညိတ္လိုက္သည္ ။
"မဒီပါ ကူရွာေပးမယ္ေလ "
"အင္း "
ရွိုင္းႏွင့္ မဒီတို႔ လိုက္ရွာေနရင္း ၿခံအေနာက္ဘက္က ေရကန္ႀကီးအနားသို႔ ေရာက္လာခဲ့သည္ ။ ေရကန္နားမွာ မိုးေသာက္ယံ၏ ဖိနပ္ေလးတစ္ဖက္က ေရကန္စပ္တြင္ က်ေနသည္ ။ ရွိုင္း အလန့္တၾကားျဖစ္သြားၿပီး ေရကန္ဆီ အၾကည့္အေရာက္ ပုံမွန္အတိုင္း ၿငိမ္သက္ေနရမည့္ ေရကန္က တစ္ခုခုျပဳတ္က်ထားခဲ့သလို မၿငိမ္မသက္ျဖစ္ေနသည္။
ရွိုင္းသည္ စိုးရိမ္စိတ္ႏွင့္အတူ ပူထူသြားၿပီး ေရကန္ထဲသို႔ ခုန္ဆင္းလိုက္သည္ ။ ထို႔ေနာက္ ေရငုပ္ကာ မိုးေသာက္ယံ၏ ပုံရိပ္ေလးကို အသည္းအသန္ ရွာေနမိသည္။ ေရထဲမွာ ၿငိမ္သက္ေနသည့္ မိုးေသာက္ယံ၏ ပိန္ပါးပါး ခႏၶာကိုယ္ေလးကို ျမင္ေတာ့ လွ်င္ျမန္စြာ ကူးခတ္သြားၿပီး လက္တစ္ဖက္ႏွင့္ တင္းက်ပ္စြာ ဖက္တြယ္လိုက္သည္ ။ ထို႔ေနာက္ ေရျပင္ေပၚသို႔ တက္ကာ အားထည့္ကူးခတ္၍ ေျမျပင္ေပၚသို႔ေရာက္ေသာ္ အသာအယာ ခ်လိဳက္သည္ ။
ရွိုင္းသည္ မိုးေသာက္ယံကို လႈပ္ႏွိုး၍ မရေတာ့ ရင္ဘတ္နားကို ကပ္၍ ႏွလုံးခုန္သံကို နားစြင့္မိသည္ ။ ႏွလုံးခုန္ႏႈန္းသည္ ေႏွးေကြးလြန္းေနၿပီး စိုးရိမ္ရေသာ အေျခအေနရွိတာေၾကာင့္ ရွိုင္းသည္ လက္ဖဝါးႏွစ္ဖက္ကို ထပ္၍ မိုးေသာက္ယံ၏ ရင္ဘတ္အလယ္တည့္တည့္မွာ တင္ၿပီး ဖိခ်လိဳက္သည္ ။ ထို႔သို႔ ဖိခ်လိဳက္ ျပန္ႂကြလိုက္ႏွင့္ အႀကိမ္မ်ားစြာ ႀကိဳးစားေသာ္လည္း သတိမရေသးတာေၾကာင့္ မိုးေသာက္ယံ၏ ႏွာေခါင္းကို အသာပိတ္၍ ပါးစပ္တြင္းသို႔ ေလမႈတ္သြင္းလိုက္သည္ ။
"အို..."
မဒီသည္ ႏႈတ္ခမ္းတို႔ ပြင့္သြားသည္ထိ အံ့ၾသသြားသည္ ။ ရွိုင္းသည္ မိုးေသာက္ယံကို သတိျပန္ရေစရန္ ကူညီသည္ဆိုေသာ္လည္း သည္အေနအထားကို မဒီ လက္မခံနိုင္ေလာက္ေအာင္ ျဖစ္ေနရသည္ ။ မဒီ မ်က္ႏွာလႊဲၿပီး တစ္ဖက္အလွည့္ သစ္ပင္အကြယ္မွာ ပုန္းေနသူႏွင့္ မ်က္လုံးခ်င္း ဆုံမိသြားသည္။ ထို႔ေနာက္ ထိုသူက ပုန္းေနရာမွ ထြက္ေျပးသြားေတာ့သည္။
~~~~~~~~~~~~
မိုးေသာက္ယံ ျပန္သတိရလာခ်ိန္၌ ႏႈတ္ခမ္းေပၚမွ ႏူးညံသည့္ အထိအေတြ႕ေၾကာင့္ မ်က္ဝန္းတို႔ ျပဴးက်ယ္သြားရသည္။ မိုးေသာက္ယံသည္ ရွိုင္းကို တြန္းလိုက္ၿပီးေနာက္ ပါးစပ္ထဲမွ ေရေတြ ျပန္ထြက္လာၿပီး ေရသီးကာ ေခ်ာင္းေတြ အဆက္မျပတ္ဆိုးသည္။
"ဘယ္လိုေနေသးလဲ ယံယံ "
မိုးေသာက္ယံသည္ ယခုမွ နည္းနည္း အဆင္ေျပသြားသည္ ။ ရွိုင္း၏ ေမးခြန္းကို သူ မေျဖေသးဘဲ စိုက္ၾကည့္ၿပီးေနာက္ မ်က္ႏွာဆီသို႔ လက္သီးတစ္ခ်က္ပစ္သြင္းလိုက္သည္ ။
ခြပ္ !
"မိုးေသာက္ယံ "
မဒီက အလန့္တၾကား ေအာ္သည္ ။ ရွိုင္းကို သည္လူဆိုးေကာင္က ဘာကိစၥ လက္ပါရတာလဲ ။
"မင္းေၾကာင့္ ငါ ခုလို ျဖစ္ရတာ ရွိုင္း ။ မင္းသာ ငါ့အနားမွာ ရွိေနရင္ ဒီလို ျဖစ္မွာမဟုတ္ဘူး "
ရွိုင္းသည္ ခြန္းတုံ႕မျပန္ေသာ္လည္း နာက်င္သြားေသာ ပါးတစ္ဖက္ကို ကိုင္ရင္း ျဖစ္ေပၚလာေသာ ေဒါသတို႔ကို မနည္းၿမိဳသိပ္ရသည္။
ထိုစဥ္ မဒီက ရွိုင္းႏွင့္ မိုးေသာက္ယံ ဆီသို႔ ေလွ်ာက္လာသည္ ။
"နင္ ဘယ္လိုလုပ္လိုက္တာလဲ ။ ရွိုင္းက နင့္အသက္ကို ကယ္ခဲ့တာေလ ။ ဒီလို မရိုင္းစိုင္းသင့္ဘူး "
ရွိုင္းက ႏႈတ္ဆိတ္ေနၿပီး ဘာတစ္ခုမွ် ဝင္မေျပာေခ် ။ မိုးေသာက္ယံသည္ မဒီ ေျပာေနသည္ကို မၾကားဟန္ေဆာင္ကာ ရွိုင္းကိုသာ မေက်မနပ္ႏွင့္ စိုက္ၾကည့္ေနမိသည္။
"ရွိုင္း အဝတ္အစားေတြ ေရစိုေနတယ္ ။ မဒီ့ ဦးေလးအဝတ္အစားေတြ ရွိတယ္ ။ ယူဝတ္ထားလိုက္ေနာ္ "
ရွိုင္းက ထရပ္ရင္း မဒီ့ကို ေခါင္းညိတ္ျပလိုက္သည္။ ရွိုင္းသည္ မိုးေသာက္ယံကို လွမ္းၾကည့္ေတာ့ ယခုထိ ေက်ာက္႐ုပ္လို မလႈပ္မယွက္ ရွိေနတုန္းပင္ ။
"မိုးေသာက္ယံလည္း အကၤ်ီလဲၿပီးမွ ျပန္ေလ "
မိုးေသာက္ယံသည္ သည္အေျခအေနမွာ သူ႕ဘက္မွ အျမင္မၾကည္လည္း မဒီ၏ အကူအညီယူရေပေတာ့မည္။ ထိုင္ေနရာမွာ အားတင္းၿပီး ထရပ္လိုက္သည္ ။ ဒါေပမဲ့ ေျခေထာက္ေတြ မခိုင္ဘဲ ျပန္လဲက်မလို ျဖစ္သြားေလသည္။ သို႔ေသာ္ သူ႕ကို လွ်င္ျမန္စြာ ဖမ္းထိန္းေပးေသာ လက္တစ္စုံေၾကာင့္ ျပဳတ္မက်ခဲ့ေပ ။ မိုးေသာက္ယံသည္ ရွိုင္း၏ လက္ေတြကို တြန္းဖယ္လိုက္ၿပီး ထြက္လာခဲ့ေလသည္။
ပါတီက်င္းပသည့္ ေနရာမွ ျဖတ္ခ်ိန္ လူတိုင္း၏ အၾကည့္ေတြက သူ႕ဆီ ေရာက္လာသည္ ။ သူ မ်က္ေမွာင္ၾကဳတ္၍ ဂ႐ုမစိုက္ဘဲ ဆက္ေလွ်ာက္သည္ ။
ထိုအခ်ိန္ မိုးေသာက္ယံ၏ ပခုံးထက္သို႔ အရာတစ္ခု ေရာက္လာသည္ ။ သူ ၾကည့္လိုက္ေတာ့ ရွိုင္းက သူထပ္ဝတ္လာခဲ့ေသာ အကၤ်ီေလးကို ၿခဳံေပးျခင္းျဖစ္သည္ ။ ထို႔ေနာက္ ရွိုင္းက သူ႕လက္ကို ဆြဲၿပီး လမင္းတို႔၏ အိမ္ထဲသို႔ ေခၚသြားေလသည္ ။ မိုးေသာက္ယံလည္း ေလတိုက္ေလ ၊ ခ်မ္းစိမ့္ေလမို႔ ႐ုန္းကန္မေနေတာ့ဘဲ အသာတၾကည္ လိုက္သြားေတာ့သည္။
"လာ ၊ ရွိုင္း ။ အေပၚထပ္မွာ အဝတ္အစားက "
"အင္း "
ရွိုင္းႏွင့္ မိုးေသာက္ယံတို႔သည္ မဒီႏွင့္အတူ အေပၚထပ္က အခန္းသို႔ တက္လာခဲ့ၾကသည္။
"ဒါ ဘယ္လိုျဖစ္လာတာလဲ ။ ေရေတြလည္း ႐ြဲေနပါလား "
အခန္းထဲမွ ထြက္လာေသာ လမင္းက ရွိုင္းတို႔ကို ျမင္ေတာ့ ေမးသည္။
"ေရကန္ထဲ မိုးေသာက္ယံ က်သြားလို႔ ရွိုင္းက ဆယ္ေပးတာ ။ ႏွစ္ေယာက္လုံး စိုကုန္တာနဲ႕ အဝတ္အစားလဲဖို႔ ေခၚလာတာ "
မဒီကပဲ လမင္း၏ ေမးခြန္းကို အေျဖေပးလိုက္သည္။
"ဟုတ္လား ။ ဘယ္လိုျဖစ္လို႔ မိုးေသာက္ယံက ေရကန္ထဲကို ျပဳတ္က်သြားရတာလဲ "
"တြန္းခ်ခံရတာေလ
မိုးေသာက္ယံက ေအးစက္စက္ ေလသံႏွင့္ ေျဖသည္ ။
"ဟင္...!။
ဘယ္လို! ...."
မိုးေသာက္ယံ၏ အေျဖေၾကာင့္ သုံးေယာက္လုံး အံၾသသြားရသည္။
"ယံယံ မင္းကို ဘယ္သူက တြန္းခ်တာလဲ "
ရွိုင္းက မိုးေသာက္ယံ၏ မ်က္ႏွာကို အကဲခတ္ရင္း ေမးသည္ ။
" အဲဒါေတာ့ မသိဘူး ။ လမင္း ထြက္သြားတာၾကာလို႔ ငါလည္း ပ်င္းပ်င္းနဲ႕ ၿခံထဲလမ္းေလွ်ာက္ေနတာ ။ ေရကန္နားမွာ ခဏရပ္ေနတုန္း အေနာက္က တြန္းခ်ခံလိုက္တာ ။ ဘယ္သူမွန္း မေတြ႕လိုက္ဘူး "
လမင္းႏွင့္ မဒီ မ်က္ႏွာပ်က္သြားၾကသည္ ။
"ဘယ္လိုျဖစ္နိုင္မွာလဲ ။ အားလုံးက ၿခံအေရွ႕မွာ ပါတီက်င္းပေနတာေလ ။ ၿခံအေနာက္ဘက္ကို ဘယ္သူမွ မသြားၾကဘူး ။ မိုးေသာက္ယံ သူ႕ဘာသာ မေတာ္တဆ ျပဳတ္က်ၿပီး ကေတာင္ေခ်ာက္ခ်ား ျဖစ္သြားတာထင္တယ္ "
လမင္းက မိုးေသာက္ယံ၏ စကားကို မယုံၾကည္သလို ေျပာသည္ ။
"မဟုတ္ဘူး လမင္း ။ ကြၽန္ေတာ္ တြန္းခ်ခံလိုက္ရတာ ေသခ်ာတယ္ "
မိုးေသာက္ယံက မဒီႏွင့္ လမင္းတို႔ကို ဦးတည္၍ ျပသနာရွာေနတာေၾကာင့္ ရွိုင္းသည္ သည္အတိုင္း ၾကည့္မေနနိုင္ေတာ့ေပ ။
"ေတာ္ေတာ့ ယံယံ ။ မင္း ေလွ်ာက္ေျပာမေနနဲ႕ေတာ့ ။ မဒီတို႔ကို အားနာစရာေကာင္းတယ္ ။ မင္းဘာသာ ေလွ်ာက္သြားရင္း ျပဳတ္က်တယ္ဆိုလည္း အမွန္အတိုင္း ေျပာ ။ ဘယ္သူမွ မင္းကို အျပစ္မတင္ဘူး "
မိုးေသာက္ယံသည္ ရွိုင္းကို မေက်မနပ္ႏွင့္ ေဒါသတႀကီး ၾကည့္သည္။
"ရွိုင္း ေတာ္ပါေတာ့ ။ ေရစိုဝတ္ႀကီးနဲ႕ ဖ်ားေနပါဦးမယ္ ။ အဝတ္အစား အရင္လဲလိုက္ပါေနာ္ ။ လာပါ ၊ မဒီ ၊ ေလးေလးရဲ႕အဝတ္ေတြ ယူေပးမယ္ "
"အင္း ၊ ေက်းဇူး မဒီ "
"အဟင္း ၊ ရပါတယ္ ရွိုင္းရယ္"
မဒီက ရွိုင္းအတြက္ အဝတ္အစား အရင္ရွာေပးၿပီးမွ မိုးေသာက္ယံအတြက္ ရွာသည္ ။ ထို႔ေနာက္ အဝတ္အစားေတြ ေပးခဲ့ၿပီး အျပင္ထြက္ခဲ့သည္ ။
အခန္းထဲတြင္ က်န္ခဲ့ေသာ မိုးေသာက္ယံ ႏွင့္ ရွိုင္းသည္ စကၠန့္အနည္းငယ္ထိ တိတ္ဆိတ္ေနေလသည္ ။ ခဏၾကာမွ ရွိုင္းက စကားစလိုက္သည္ ။
"မင္း အဝတ္လဲေတာ့ေလ "
မိုးေသာက္ယံက ေခါင္းညိတ္ၿပီး ေရစို၍ ကပ္ေနေသာ အအကၤ်ီကို ေခါင္းမွ ဆြဲခြၽတ္သည္ ။ မိုးေသာက္ယံ၏ ျဖဴေဖြးေသာ အသားအေရေလးကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရေတာ့ ရွိုင္း ခ်က္ခ်င္း မ်က္ႏွာလႊဲလိုက္သည္ ။ ထို႔ေနာက္ သူလည္း အဝတ္အစားေတြ ခြၽတ္၍ ျမန္ျမန္လဲလိုက္သည္ ။ သူ လဲလွယ္ၿပီး၍ မိုးေသာက္ယံကို လွည့္ၾကည့္လိုက္သည္ ။ စူးရွေသာ မ်က္ဝန္းတစ္စုံႏွင့္ ထိပ္တိုက္တိုးသည္ ။ ရွိုင္းႏွင့္ အၾကည့္ခ်င္းဆုံေသာ္ မိုးေသာက္ယံသည္ ဖ်တ္ခနဲ အၾကည့္လႊဲသြားသည္ ။ ရွိုင္း မ်က္ေမွာင္ၾကဳတ္သြားသည္ ။ သည္ေကာင္ေလး သူ႕ကို ဘယ္အခ်ိန္တည္းက ၾကည့္ေနတာလဲ ။
ထို႔ေနာက္ အဝတ္စိုေတြကို အိတ္ထဲထည့္၍ သူတို႔ႏွစ္ေယာက္ အခန္းထဲက ထြက္လာခဲ့သည္ ။ အခန္းေရွ႕မွာ မဒီ ႏွင့္ လမင္းက ရွိေနၾကသည္ ။
"ေလးေလးအဝတ္ေတြက ရွိုင္းနဲ႕ အဆင္ေျပသားပဲ "
မဒီက ေျပာေတာ့ မိုးေသာက္ယံ၏ မ်က္ႏွာမဲ့သြားသည္ ။ ရွိုင္းကိုက်ေတာ့ ရွပ္အကၤ်ီအျဖဴ ႏွင့္ အနက္ေရာင္ႏွင့္အျပာစပ္ထားေသာ ပုဆိုးေလး ထုတ္ေပးသည္ ။ သူ႕ကိုက် မဒီ ေပးသည့္ အကၤ်ီသည္ ပြၿပီး ရင္ဘတ္က ဟိုက္ေနသည္ ။ ပုဆိုးကိုလည္း အျပာေရာင္ေတာက္ေတာက္ႀကီး ေပးထား၍ သူ႕ပုံစံက ၿမိဳ႕သို႔ေရာက္ခါစ ေတာသားတစ္ေယာက္လိုပင္ ခံစားရသည္ ။
မိုးေသာက္ယံ ေခါင္းခါလိုက္ၿပီး တိတ္ဆိတ္ေနေသာ လမင္းကို စူးစိုက္ၾကည့္လိုက္သည္ ။
"ဒါနဲ႕ လမင္းက ခုန ဘယ္ေရာက္ေနတာလဲဗ် ။ ကြၽန္ေတာ့္အတြက္ မုန့္သြားယူမယ္ဆိုၿပီး ေပ်ာက္သြားတာပဲ "
မိုးေသာက္ယံ၏ စကားေၾကာင့္ လမင္း၏ မ်က္ႏွာပ်က္သြားသည္ ။
"ဘာလို႔လဲ "
" ဘာရယ္ေတာ့ မဟုတ္ပါဘူး ။ ဒီတိုင္း ေမးၾကည့္တာပါ "
မိုးေသာက္ယံက ေျပာၿပီး ေလွကားဆီသို႔ ေလွ်ာက္သြားသည္ ။ ရွိုင္းလည္း မဒီ့တို႔ကို ႏႈတ္ဆက္လိုက္သည္ ။
"မဒီ နဲ႕ လမင္း ကြၽန္ေတာ္တို႔ကို ခြင့္ျပဳပါဦး "
"ဟုတ္ကဲ့ ရွိုင္း ၊ ဂ႐ုစိုက္ၿပီး ျပန္ေနာ္ "
မဒီက အၿပဳံးခ်ိဳခ်ိဳေလးႏွင့္ ေျပာေတာ့ ရွိုင္း ေခါင္းညိတ္လိုက္သည္ ။ ထို႔ေနာက္ မိုးေသာက္ယံ၏ ေနာက္သို႔ ေျခလွမ္းက်ဲက်ဲႏွင့္ အျမန္လိုက္ရေတာ့သည္ ။
××××××××××××××××××
မိုးေသာက္ယံ အိမ္ကို ျပန္ေရာက္ခ်ိန္ ဒယ္ဒီကေတာ့ အိပ္ေပ်ာ္ေနၿပီ ။ မာမီကေတာ့ သူတို႔ကို ေစာင့္ေနသည္ ။ သြားတုန္းကႏွင့္ မတူသည့္ မိုးေသာက္ယံ၏ ပုံစံကို ျမင္ေတာ့ မာမီက လန့္ဖ်ပ္ၿပီး ေမးခြန္းထုတ္ေလသည္ ။ သို႔ေသာ္ သူ ျပန္မေျဖခ်င္ေတာ့တာေၾကာင့္ ရွိုင္းကို မာမီ့ထံ တြန္းပို႔ကာ သူ႕အခန္းထဲသို႔ ဝင္လိုက္ေတာ့သည္ ။
မိုးေသာက္ယံသည္ အိပ္ရာေပၚမွာ လဲေလ်ာင္းရင္း ခုန အျဖစ္အပ်က္ကို ျပန္ျမင္ေယာင္လာၿပီး ႏႈတ္ခမ္းေလးကို ကိုင္မိသြားသည္။ ထိုစဥ္ ရင္ထဲ ဒိတ္ခနဲ က်ယ္ေလာင္စြာ ျမည္ဟီးသြားသည္ ။ ဒါ ဘာေၾကာင့္လဲ ။ မိုးေသာက္ယံ ကိုယ့္စိတ္ကိုယ္ အေျဖထုတ္ေသာ္လည္း အေျဖမရခဲ့ေပ ။ သည္ညေတာ့ သူ ေတာ္ေတာ္ႏွင့္ အိပ္ေပ်ာ္ေတာ့မည္ မထင္ ။
***************
"မဒီရယ္ ၊ ပါတီ လုပ္ၿပီး ေပ်ာ္ရတာက နည္းနည္း ၊ ရွင္းရတာက မ်ားမ်ားဟယ္ ။ မတန္ပါဘူး ။ ကိုလင္းတို႔က ေတာ္ေတာ္ေကာင္းၾကတယ္ ။ ဒီတိုင္းထားၿပီး ျပန္သြားၾကရတယ္လို႔ ဟြန္း"
လမင္းက ပါတီပြဲျပင္ဆင္ထားသည့္ ေနရာကို ရွင္းလင္းသိမ္းဆည္းရင္း ညည္းၫူေနသည္ ။
"ေတာ္ပါေတာ့ လမင္းရယ္ ။ ေျပာမေနပါနဲ႕ေတာ့ ။ ငါတို႔ ျမန္ျမန္ရွင္းလိုက္ရင္ ၿပီးတာပဲေလ "
"အင္းပါ ။ မေျပာေတာ့ဘူး ။ ေမာတယ္"
"ဒါနဲ႕ နင္ ဘာလို႔ မိုးေသာက္ယံကို ေရကန္ထဲ တြန္းခ်ရတာလဲ "
မဒီသည္ လမင္း၏ မ်က္ႏွာကို စူးစိုက္ၾကည့္ရင္း ေမးလိုက္သည္ ။
⚡⚡⚡⚡⚡⚡⚡⚡⚡
ဆက္ရန္
Thin Zar Moe Oo