#For Zawgyi
အရင္က ေထာ္ေလာ္ကန္႔လန္႔ဆက္ဆံေရးေတြ ျဖစ္ခဲ့လို႔လားေတာ့မသိ ။ အခုလို ျပန္လည္အဆင္ေျပစ အေျခအေနႀကီးမွာ ႏွစ္ေယာက္သားက တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ဖို႔ေတာင္ ရွက္ကိုးရွက္ကန္းနဲ႔ အမ္းတမ္းတမ္း ။
ဒါ့အျပင္ စိတ္ထဲရွိသမ်ွခံစားခ်က္ေတြ ပြင့္ထြက္ကုန္ကာ အခုပဲ ေျပလည္မႈရတာမွ မၾကာေသး ။ အတိုက္အခံေတြက စ,ျဖစ္ရၿပီဟု ခ်မ္း မႈန္ကုပ္ကုပ္ႏွင့္ေတြးေနမိသည္ ။
ခ်မ္းႏွင့္အတူ အိမ္ျပန္လိုက္ခဲ့ဖို႔ကို ဦးသာက ျငင္းဆန္ေနသည္ေလ ။
" ဦးသာ က်ြန္ေတာ့္ကို မခ်စ္ဘူးလား "
ေလသံကို အတတ္ႏိုင္ဆံုးေလ်ွာ့ခ်ကာ ေမးေတာ့
" သိရဲ႕သားနဲ႔ ေမးေနျပန္ၿပီ ခ်မ္းရယ္ "
" သိတာက သိတာသပ္သပ္ ၊ ၾကားခ်င္တာက ၾကားခ်င္တာသပ္သပ္ပဲ "
ထိုကဲ့သို႔ေျပာရင္း မ်က္ႏွာခ်င္းဆိုင္ဆိုဖာမွာထိုင္ေနတဲ့ ဦးသာရဲ႕ ေျခရင္းနား ဆတ္ခနဲသြားထိုင္ခ်လိုက္ရင္း ဦးသာေပါင္ေပၚ ေမးတင္ၿပီးေမာ့ၾကည့္ေတာ့ ပ်ာပ်ာသလဲႏွင့္
" ခ်မ္း ဘယ့္ႏွယ္ေအာက္မွာလာထိုင္ေနရတာလဲ ၊ အေပၚတက္ထိုင္ "
" ဟင့္အင္း ဒီလိုထိုင္ၿပီးပဲ ဦးသာမ်က္ႏွာကို ေမာ့ၾကည့္ခ်င္တာ "
ခ်မ္းရဲ႕ခ်ြဲသလိုအေျပာမွာ ဦးသာက ၿပံဳးေလသည္ ။ အင္း...ဒါဟာ ခ်မ္း က်ရႈံးရတဲ့ အၿပံဳးေတြပဲေပါ့ ။
" က်ြန္ေတာ္ စာေမးပြဲေအာင္တာ ဂုဏ္ထူး ၂ ခုပါတယ္ ဦးသာ "
" အင္း ကိုယ္သိတယ္ ၊ သခ်ၤာနဲ႔ဓာတုေလ "
အရင္က သူ႔ကိုယ္သူ ငါ ဆိုၿပီး ခပ္စိမ္းစိမ္းေျပာတတ္တဲ့ ဦးသာက အခု ကိုယ္ လို႔ ေျပာင္းလဲသံုးႏႈန္းလာတဲ့အခါ ခ်မ္းမွာ ပီတိေတြတေဝေဝနဲ႔ ၾကည္ႏူးမဆံုးျဖစ္ေနမိသည္ ။
" ဦးသာ အဲ့ဒီေန႔က ေအာင္စာရင္းလာၾကည့္မွန္း က်ြန္ေတာ္သိပါတယ္ "
" အင္း "
" အဲ့ဒါ က်ေတာ့္ကို ဘာဆုေပးမွာလဲ "
" ဘာဆုလိုခ်င္လဲ ေျပာေလ "
ဦးသာက ခ်မ္းကို ၿပံဳးငံု႔ၾကည့္ကာ ဆံပင္ေလးေတြကိုဆြဲယူဖြေတာ့ ဒီအခိုက္အတန္႔ေတြထဲ ခ်မ္း ေပ်ာ္ဝင္စြာရစ္မူးရျပန္ေလသည္ ။
" ကၽြန္ေတာ္နဲ႔အတူတူ အိမ္ျပန္လိုက္ခဲ့ေပး "
ဦးသာရဲ႕မ်က္ႏွာေပၚက အၿပံဳးေတြဟာ ဖ်တ္ခနဲတည္သြားရင္း
" မျဖစ္ဘူးေလ ခ်မ္းရယ္ "
" ဘာလို႔မျဖစ္ရမွာလဲ ၊ အရင္လည္း အတူတူပဲ ေနလာတဲ့ဟာကို "
" အရင္အေျခအေနနဲ႔ အခုအေျခအေနက မတူေတာ့ဘူးေလ ၊ ဒီလိုအေျခအေနမွာ ကိုယ္ မမကို ဘယ္လိုမ်က္ႏွာခ်င္းဆိုင္ရမလဲ "
" ေမက လက္ခံမွာပါ "
" ဒါေပမယ့္လည္း.... "
" ဦးသာက ေမနဲ႔တစ္သက္လံုး ရင္မဆိုင္ေတာ့ဘူးလား ၊ ကၽြန္ေတာ္နဲ႔ ဒီလိုပဲ လူမသိသူမသိ ခ်စ္သြားဖို႔ဆံုးျဖတ္ထားတာလား "
ခ်မ္းစိတ္ထဲ တကယ္ႀကီးဝမ္းနည္းသြားမိသည္ ။
" အဲ့လိုေတာ့ မဟုတ္ဘူးေလ ၊ တစ္အိမ္ထဲေနတဲ့အေပၚ မင္းထိခိုက္မွာကိုလည္း စိုးရိမ္လို႔ပါ "
" ကၽြန္ေတာ္ ဦးကိုပဲ လိုအပ္တာလို႔ ေျပာၿပီးၿပီေလ "
ဦးသာက ၿပံဳးျပန္ေလသည္ ။ ဦးသာရဲ႕အၿပံဳးေၾကာင့္ ဦး လို႔ ေျပာင္းလဲေခၚေဝၚမိတဲ့အေပၚ အနည္းငယ္ေတာ့ ရႈိးတိုးရွန္းတန္႔ႏိုင္ကာ ရွက္စႏိုးျဖစ္ရသည္ ။
ထိုစဥ္ ခ်မ္းေဘာင္းဘီအိတ္ကပ္ထဲက ဖုန္းျမည္သံေၾကာင့္ ကိုင္လိုက္ေတာ့
" ဟဲလို ေလးငယ္ "
" အဆင္ေျပလား ခ်မ္း "
" ဟုတ္ ေျပတယ္ ေလးငယ္ "
" ဒါဆို ထူးကို အိမ္ျပန္ေခၚလာခဲ့ေတာ့ ၊ မမကလည္း ေမးေနၿပီ ၊ ရေအာင္ေခၚလာခဲ့ေနာ္ ခ်မ္း "
" ဟုတ္ ေလးငယ္ စိတ္ခ်ပါ "
ဖုန္းခ်ၿပီးသည္ႏွင့္ ဦးသာက မဝံ႔ရဲသလို ေမးလာသည္က
" လူလူက ဘာတဲ့လဲ "
" ဦးသာကို အိမ္ျပန္ေခၚခဲ့ဖို႔ လွမ္းေျပာတာ ၊ ေမကလည္း ေမးေနၿပီတဲ့ "
ဦးသာက ထိုင္ေနရာမွထ,သြားၿပီး ႀကံရာမရပံုစံမ်ိဳးႏွင့္ ဟိုဘက္ေလ်ွာက္လိုက္ ဒီဘက္ေလ်ွာက္လိုက္ႏွင့္ လုပ္ေနၿပီးမွ
" ဒီကိစၥအတြက္ ကိုယ္တို႔ အခ်ိန္နည္းနည္းေလာက္ ထပ္ယူၾကတာေကာင္းမယ္ထင္တယ္ "
" ဒါဆို ဦးသာက အခု ဘယ္လိုမွ ကၽြန္ေတာ္နဲ႔အတူတူ အိမ္ျပန္မလိုက္ဘူးေပါ့ ဟုတ္လား "
" အင္း လတ္တေလာေတာ့ မလိုက္ေသးဘူးေလ ခ်မ္းရယ္ ေနာ္ "
" ရတယ္ေလ ၊ ဒါဆိုလည္း ကၽြန္ေတာ္ပဲ ဒီမွာေနလိုက္ေတာ့မယ္ "
" ဟာ အဲ့လိုေတာ့မျဖစ္ဘူးေလကြာ "
" ဒါဆို ကၽြန္ေတာ္က ဘယ္လိုလုပ္ရမွာလဲ ၊ ဦးသာနဲ႔မွ မခြဲခ်င္တာႀကီးကို "
" တစ္အိမ္ထဲမဟုတ္တာကလြဲရင္ အခ်ိန္မေရြးလာေတြ႕လို႔ရေနတာပဲေလ ခ်မ္းရာ "
" ဟင့္အင္း ကၽြန္ေတာ္ ဦးသာနဲ႔ခဏေလးေတာင္ ခြဲမေနႏိုင္ေတာ့လို႔ပါ "
ဒါဟာ တမင္အပိုေျပာတာမဟုတ္ဘဲ ခ်မ္းရဲ႕စိတ္ရင္းအမွန္ေတြမို႔ ဦးသာအား ဇြတ္တိုးလို႔ဂ်ီက်မိသည္ ။ ဦးသာရဲ႕ သေဘာထားကို နားမလည္လို႔ေတာ့မဟုတ္ပါ ။ သို႔ေပမယ့္လည္း လြမ္းခဲ့ရတဲ့ရက္ေတြကို ဒီေလာက္နဲ႔ပဲ အဆံုးသတ္ခ်င္ပါၿပီေလ ။
ဒီေန႔ကစလို႔ မနက္ျဖန္တိုင္းကို ဦးသာနဲ႔တစ္မိုးေအာက္ထဲမွာ ဆိုတဲ့ ေႏြးေထြးလံုၿခံဳမႈမ်ိဳးနဲ႔သာ ေရွ႕ဆက္လိုပါ၏ ။
ဦးသာကေရာ ထိုကဲ့သို႔ ခ်မ္းနဲ႔အတူတူ ရွိေနဖို႔ကို မလိုလားေတာ့တာမ်ားလား ။
" ဦးသာကက်ေတာ့ ကၽြန္ေတာ္နဲ႔ခြဲေနႏိုင္တာလားဟင္ "
မ်က္ရည္အဝိုင္းသားႏွင့္ေမးလာတဲ့ ခ်မ္းရဲ႕စကားသံခပ္တိုးတိုးအဆံုးမွာ ထူးမ်က္စိေရွ႕က ခႏၶာကိုယ္ေလးကို ရင္ခြင္ထဲဆြဲေပြ႕ယူမိရင္း ခပ္ညည္းညည္းေျပာမိသည္က
" မင္းေလးက ဆိုးလိုက္တာ ခ်မ္းငယ္ရယ္ "
ေနာက္ဆံုးေတာ့ မ်က္ရည္ေတြနဲ႔တိုက္စစ္ကို ထူးပဲ အရႈံးေပးရျပန္သည္ေပါ့ ။
ရင္ခြင္ထဲမွ မ်က္ရည္အဝိုင္းသားႏွင့္ေကာင္ေလးကေတာ့ ခ်စ္ဦးသူရဲ႕ ခ်မ္းငယ္ ဆိုတဲ့ ပထမဆံုးၾကားရေသာ အျမတ္တႏိုးအေခၚအေဝၚေလးေၾကာင့္ တသိမ့္သိမ့္ၾကည္ႏူးေနပါေတာ့သည္ ။
ဦးသာက ကၽြန္ေတာ့္ကို ေခၚတာ "ခ်မ္းငယ္" တဲ့ ။
************
ကားေပၚကဆင္းကာ အိမ္ထဲဝင္ကာနီး ဦးသာရဲ႕ေျခလွမ္းတို႔က ခပ္ေႏွးေႏွး ။ အခုခ်ိန္ထိကို ဒီအေျခအေနေပၚမွာ စိုးရိမ္မႈေတြက ျပင္းထန္ေနေသးေၾကာင္း ဦးသာရဲ႕မ်က္ႏွာက ေဖာ္ျပေနသည္ ။
ဦးသာက မဝံ့ရဲမွေတာ့ ကၽြန္ေတာ္ကပဲ ရဲဝံ႔ရေတာ့မွာေပါ့ ။
အေတြးနဲ႔အတူ ဦးသာလက္ကို ၿမဲၿမဲဆြဲယူကာ အိမ္ထဲသို႔ဝင္ရင္း ႏႈတ္မွလည္း
" ေမေရ ေလးငယ္ ဒီမွာ ဦးသာကို ခ်မ္း ရေအာင္ေခၚလာခဲ့ၿပီ "
ခ်မ္းေအာ္သံအဆံုးမွာ အရင္ဆံုးေျပးထြက္လာသည္က ေမပါပဲ ။ ထို႔ေနာက္ ဦးသာရဲ႕ေရွ႕တည့္တည့္မွာရပ္ရင္း ဦးသာမ်က္ႏွာကို ဖြဖြလွမ္းကိုင္ကာ စကားတစ္ခြန္းမွပင္မဆိုႏိုင္ဘဲ ေမ့ခမ်ာ ငိုရွာပါေလေတာ့သည္ ။
" ပိန္သြားလိုက္တာ ငါ့ေမာင္ေလးရယ္ "
ဦးသာကလည္း မ်က္ရည္ဝဲရင္း
" အရာအားလံုးအတြက္ ကၽြန္ေတာ္ေတာင္းပန္ပါတယ္ မမ "
" ဟင့္အင္း ထူးေလး ဟင့္အင္း ၊ ငယ္ငယ္ကတည္းက မမ မင္းတို႔ကို ဘယ္လိုသင္ေပးထားလဲ ၊ ကိုယ္မမွားဘဲ ဘယ္သူ႔ကိုမွ ေတာင္းပန္စရာမလိုဘူးလို႔ သင္ထားခဲ့တယ္မဟုတ္လား ၊ အခု မမေမာင္ေလးက မမွားဘူးေလ ၊ အဲ့ဒီအတြက္ ေတာင္းပန္စရာမလိုပါဘူး ထူးေလးရယ္ ေနာ္ ၊ မမအတြက္ ငါ့ေမာင္ေလးက အၿမဲမွန္ပါတယ္ "
ထိုအခါမွ ဦးသာရဲ႕မ်က္ရည္တို႔က ပါးျပင္ေပၚကို ၿပိဳဆင္းက်ေလေတာ့သည္ ။ သို႔ေပမယ့္လည္း ၿပံဳးေန၏ ။ ေမကိုယ္တိုင္လည္း ၿပံဳး၍လာၿပီး ဦးသာရဲ႕မ်က္ရည္တို႔ကို ဖြဖြသုတ္ေပးေနတဲ့ျမင္ကြင္းဟာ ေဘးကၾကည့္ေနမိသူ ခ်မ္းနဲ႔ေလးငယ္ကိုပါ မ်က္ရည္ဝဲေစပါသည္ ။
ၿပီးေနာက္ ေလးငယ္က ဦးသာအနားကိုေလ်ွာက္သြားကာ ပခံုးကေနဆြဲယူသိုင္းဖက္လိုက္ရင္း
" ျပန္လာေပးလို႔ ေက်းဇူးတင္တယ္ ထူး "
ခ်မ္းတို႔အကုန္လံုးတင္မ,ကဘဲ အခန္းေထာင့္နားက ရပ္ၾကည့္ေနေသာ အရီးကပါ မ်က္ရည္မ်ားၾကားမွ ၿပံဳးေနခဲ့သည္ ။
ခ်မ္းတို႔အိမ္ကို တဒဂၤတိုက္ခတ္သြားေသာ မုန္တိုင္းက ဒီမွာတင္ ဆံုးခန္းတိုင္ခဲ့ပါေလၿပီ ။
ညစာထမင္းစားၾကေတာ့လည္း စကားေတြေျပာရင္း ဟင္းေတြအျပန္အလွန္ထည့္ေပးရင္းနဲ႔ ထမင္းဝိုင္းေလးက စည္ကားေနေတာ့သည္ ။ ဒါ လနဲ႔ခ်ီၾကာခဲ့ၿပီးမွ ပထမဆံုးလူျပန္စံုတဲ့ ထမင္းဝိုင္းေလးမဟုတ္လား ။ တကယ္ကို ေပ်ာ္စရာအတိ ျဖစ္ရပါသည္ ။
ထမင္းစားၿပီးလို႔ ဧည့္ခန္းမွာထိုင္ၾကေတာ့ ေမက
" အခုကစၿပီး ခ်မ္းကို ထူးေလးလက္ထဲ အပ္တယ္ေနာ္ "
ေမ့စကားေၾကာင့္ ဦးသာက မ်က္ႏွာနီနီနဲ႔ပဲ ေခါင္းၿငိမ့္ျပေလသည္ ။
" ေနာက္ၿပီး အခုလိုအေျခအေနေတြျဖစ္လာတဲ့အေပၚ ထူးေလးက မမတို႔ကို ဘာမွအားနာေနစရာမလိုဘူး ၊ ခ်မ္းက မမသားမို႔လို႔ ထူးေလးထက္ ပိုခ်စ္လိမ့္မယ္လို႔လည္း မထင္နဲ႔ ၊ မမအတြက္က ထူးေလးေရာ လူလူေရာ ခ်မ္းေရာက အားလံုးအတူတူပဲခ်စ္ရတဲ့ ကေလးေတြပါ....
မမဘဝမွာ အျဖစ္ခ်င္ဆံုးဆႏၵက ဒီကေလး ၃ ေယာက္ ေပ်ာ္ရႊင္ေနဖို႔ပဲ ၊ ဘယ္သူ႔ကိုမွ မထိခိုက္ေစဘဲ ဒီကေလးေတြေပ်ာ္ရႊင္ေနတယ္ဆိုရင္ မမေက်နပ္ၿပီ ၊ အဲ့ဒီထက္ပိုတဲ့ေလာဘမ်ိဳး မမမွာ မရွိဘူး ၊ ခ်မ္းကိုလည္း ဆရာဝန္ႀကီးျဖစ္မွ အင္ဂ်င္နီယာႀကီးျဖစ္မွဆိုတာမ်ိဳး ဖိအားမေပးခဲ့သလို ဘယ္လိုျပည့္စံုတဲ့မိန္းကေလးကို အိမ္ေထာင္ဖက္အျဖစ္ေရြးပါဆိုတဲ့ တိုက္တြန္းမႈမ်ိဳးလည္း မလုပ္ခဲ့ဖူးဘူး ၊ အဓိက,က သူေရြးခ်ယ္တဲ့ဘဝမွာ သူေနေပ်ာ္ေနရင္ ေက်နပ္ၿပီ...
မမဆႏၵကေတာ့ ရိုးရွင္းတယ္ ၊ အဲ့လိုပဲ မင္းတို႔အစ္ကိုႀကီးမင္းဝန္ရွိခဲ့ရင္လည္း ဒီလိုပဲသေဘာထားမွာ ေသခ်ာတယ္ ၊ ဒါ့ေၾကာင့္ ဒီကိစၥေတြေၾကာင့္ေတာ့ ထူးေလးက စိတ္မသက္မသာျဖစ္စရာမလိုဘူး ၊ မမက အရာအားလံုးကို နားလည္ၾကည္ျဖဴတာမို႔လို႔ စိတ္ရွင္းရွင္းနဲ႔ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေရွ႕ဆက္ပါ....
ငါ့ေမာင္ေလးက ေပ်ာ္ရႊင္မႈနဲ႔ထိုက္တန္တဲ့ကေလးမို႔ ခ်စ္တဲ့သူရဲ႕လက္ကိုတြဲၿပီး ရဲရဲႀကီးေပ်ာ္ပစ္လိုက္ပါလို႔ပဲ မမက အေလးအနက္ေျပာခ်င္တယ္ "
ေမ့စကားဆံုးေတာ့ ဦးသာက ေမ့ေျခရင္းမွာထိုင္ခ်ၿပီး ေမ့လက္ကို ဆြဲယူကာ နဖူးနဲ႔တိုက္ရင္း
" ေက်းဇူးတင္ပါတယ္ မမ ၊ ကၽြန္ေတာ့္ကို ဒီေလာက္ထိခ်စ္ေပးလို႔ တကယ္ပဲ ေက်းဇူးတင္ပါတယ္ ၊ ၿပီးေတာ့...ၿပီးေတာ့ မမစိတ္ခ်ပါ ၊ ကၽြန္ေတာ္ ခ်မ္းကို အေကာင္းဆံုးေစာင့္ေရွာက္သြားပါ့မယ္လို႔ ကတိေပးပါတယ္ "
" ဒီကိစၥအတြက္ ကတိေပးစရာမလိုေအာင္ကို မမက ထူးေလးအေပၚ ယံုၾကည္ၿပီးသားပါ "
ဦးသာက ေမ့ေရွ႕မွာ ကေလးတစ္ေယာက္လို ၿပံဳးေနလိုက္တာမ်ား တကယ္ကို ႏွစ္ႏွစ္လိုလို ။ ခ်မ္းကေတာ့ အရင္က ရွားရွားပါးပါးနဲ႔ ေတာ္ေတာ္ကိုျမင္ရခဲတဲ့အၿပံဳးေတြအား အခုလို ၾကည္ၾကည္စင္စင္ျမင္ေတြ႕ရခိုက္မွာ လက္လြတ္မခံစတမ္း ေငးစိုက္ၾကည့္ေနမိေတာ့သည္ ။
ကၽြန္ေတာ္ ဦးသာကို ခ်စ္လိုက္တာ ။
ေနာက္က်မွသိခဲ့မိတဲ့ ကၽြန္ေတာ့္ရဲ႕ခ်စ္ျခင္းေတြအတြက္ ဒီကေရွ႕ ဦးသာကို အမ်ားႀကီးပိုၿပီးခ်စ္ေပးသြားပါ့မယ္ ။ ဦးသာကို မေျပာမိေသးေပမယ့္လို႔ ဒါဟာ ကၽြန္ေတာ့္ႏွလံုးသားထဲက ေလးေလးနက္နက္ျဖစ္တည္လာတဲ့ ကၽြန္ေတာ့္ရဲ႕ရင္တြင္းသစၥာပါ ။
ဒီလိုနဲ႔စကားဝိုင္းေလးက ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲ ၿပီးဆံုးသြားေလေတာ့ ကိုယ္စီကိုယ္စီ အခန္းထဲဝင္ဖို႔ျပင္ၾကေတာ့သည္ ။ ထူးလည္း ကိုယ့္အခန္းထဲကိုယ္ဝင္ကာ တံခါးျပန္ပိတ္ဖို႔လွည့္လိုက္ေတာ့ ခ်မ္းက တံခါးဝမွာၿပံဳးစိစိ ။
" ဟင္ ခ်မ္း ဘာလို႔လိုက္လာတာလဲ "
" ကၽြန္ေတာ္ ဦးသာအခန္းမွာ လာအိပ္မလို႔ "
" အာ ဘယ္ျဖစ္မွာလဲ "
ဒီေကာင္ေလး ဘယ္လိုအေတြးေတြနဲ႔မ်ား ဒီလိုလုပ္ေနတာပါလိမ့္ ။
" ဘာလို႔မျဖစ္ရမွာလဲ ၊ အရင္လည္း အတူတူအိပ္ဖူးတာပဲကို "
အသံႏႈန္းကို မေလ်ွာ့ဘဲေျပာလာတဲ့ေကာင္ဆိုးေလးေၾကာင့္ ႏႈတ္ခမ္းေပၚလက္ညွိဳးကို ကန္႔လန္႔ျဖတ္တင္ကာ တိုးတိုးေျပာဖို႔အမူအရာျပေတာ့မွ အႏွီေကာင္ေလးက စူေကာက္ေကာက္ႏွင့္ ၿငိမ္သြားသည္ ။
" အရင္ကနဲ႔ အခုနဲ႔တူလို႔လား "
ထူးက အသံကို အတတ္ႏိုင္ဆံုးႏွိမ့္ကာ ခပ္ႀကိတ္ႀကိတ္ေျပာေတာ့
" ဘယ္လိုမတူတာလဲ "
ဟာ ဒီကေလး သက္သက္ႀကီးကို ဂ်စ္ေနတာပဲ ။
" ေျပာေလ ဦးသာ ၊ ဘယ္လိုမတူတာလဲလို႔ "
မ်က္ႏွာေပးေလးက ညစ္က်ယ္က်ယ္ႏွင့္ ထူးဆီက သူၾကားလိုရာကို မၾကားရမခ်င္း အေလ်ွာ့ေပးမယ့္ပံုမေပၚ ။
လူဆိုးေလးမွ တကယ့္ကို လူဆိုးေလးပါပဲ ။
" အရင္က ခ်မ္းနဲ႔ကိုယ္က ပံုမွန္ဆက္ဆံေရးေလ ၊ အခုက ကိုယ္တို႔က ခ်စ္သူေတြျဖစ္ေနၿပီမဟုတ္ဘူးလား "
" အဟီး အင္း ဟုတ္တယ္ "
ထူးဆီက သူၾကားလိုသည့္ အတည္ျပဳစကားကို ၾကားရေတာ့ ေခါင္းေလးတဆတ္ဆတ္ၿငိမ့္ကာ ၿပံဳးစိစိေထာက္ခံလာပံုေလးက တကယ္ကို ခ်စ္စရာေလးမို႔ ေခါင္းလံုးလံုးေလးထက္ ထူးရဲ႕လက္ဝါးျဖင့္ ဖိအုပ္ကာ ခ်စ္စႏိုးစိတ္နဲ႔ ခပ္သာသာဆြဲခါမိသည္ ။
" အဲ့ဒါေၾကာင့္ အတူတူအိပ္တာက မမတို႔ကို မေလးစားရာေရာက္တယ္ေလ ၊ ကိုယ့္ခ်မ္းကေလးက လိမၼာတယ္ေနာ္ ၊ ကိုယ့္အခန္းကိုယ္ျပန္အိပ္ေတာ့ ၊ ဟုတ္ၿပီလား "
ထိုမွသာ မျပန္ခ်င့္ျပန္ခ်င္ အီလည္လည္ရုပ္ေလးႏွင့္ သူ႔အခန္းရွိရာကို ျပန္သြားေတာ့သည္ ။
ဟူး မလြယ္လိုက္တဲ့ ခ်မ္းငယ္ရယ္ ။
ထူးလည္းေရခ်ိဳးၿပီး ကြန္ဒိုကေန တစ္ခ်ိဳ႕တစ္ဝက္ ျပန္သယ္လာခဲ့တဲ့အဝတ္အစားေတြကို ဗီရိုထဲထည့္ကာေနရာခ်ေနစဥ္ တံခါးေခါက္သံေၾကာင့္ ဖြင့္ၾကည့္ေတာ့ အခန္းဝမွာ ထူးအားမ်က္ႏွာခ်ိဳေသြးၿပီး ၿပံဳးျပေနေလတဲ့ ခ်မ္း ။ ထူးက ဘာလဲဆိုတဲ့သေဘာနဲ႔ အသံတိတ္ေမးဆတ္ျပေတာ့ သူကေလးက လက္ထဲမွ DVD ခ်ပ္ကို ေထာင္ျပကာ
" ဦးသာအခန္းထဲမွာ ရုပ္ရွင္လာၾကည့္တာ "
ဒီေကာင္ေလး တမင္အေၾကာင္းရွာၿပီးလာမွန္းသိေပမယ့္လည္း မျငင္းဆန္ရက္စြာ လက္ခံမိေတာ့ ထိုကေလးဆိုးေလးက ဝမ္းသာအားရနဲ႔ ဆိုဖာမွာအက်အနဝင္ထိုင္ကာ သူ႔ဟာသူယူလာတဲ့အေခြကို ၾကည့္ပါေလေတာ့သည္ ။ ယူလာတဲ့ဇာတ္လမ္းကလည္း Baby Boss... ။
" ဦးသာ တူတူလာၾကည့္ "
ငဂ်စ္ေကာင္ေလးအလိုကိုလိုက္ကာ ေဘးနားကိုဝင္ထိုင္မိေတာ့ ထူးရဲ႕လက္ေမာင္းကို ဖက္ပိုက္ၿပီး ထူးပခံုးမွာေခါင္းမွီခ်လာ၏ ။
အနည္းငယ္ေတာင့္တင္းသြားမိတဲ့ ထူးအျဖစ္ကို သတိထားမိသြားလို႔ပဲလားေတာ့မသိ ။
" ကၽြန္ေတာ္ ဒီလိုေလးေနၿပီး ၾကည့္ခ်င္လို႔ပါ "
အသံတိမ္တိမ္ေလးနဲ႔ေျပာလာေတာ့ ဒီလူမွာ အရည္ေပ်ာ္ရျပန္ေလသည္ ။ ထူးပခံုးကို မွီထားတဲ့ခ်မ္းအား ဆြဲထူေတာ့ မႀကိဳက္လို႔လားဆိုတဲ့ အေမးမ်က္ဝန္းေတြနဲ႔ မ်က္ႏွာေလးငယ္ကာ ေမာ့ၾကည့္လာ၏ ။
ခံစားလြယ္လိုက္တဲ့ ကေလးရယ္ေလ ။
" လာ ဒီလိုၾကည့္ "
ခႏၶာကိုယ္ပါးပါးေသးေသးေလးကို အသာဆြဲယူကာ ထူးရဲ႕ရင္ခြင္ထဲမွာ မွီေစၿပီး ခပ္ဖြဖြေထြးဖက္ထားေပးလိုက္ေတာ့ ၿပံဳးသြားတဲ့မ်က္ႏွာေလးဟာ ျမတ္ႏိုးစရာ ။ ၿပီးေတာ့ ထူးရင္ခြင္ကိုမ်က္ႏွာအပ္ကာ ေျပာလာေသးသည္ ။
ဒီလိုၾကည့္ရတာ ပိုႀကိဳက္တယ္ တဲ့ေလ ။ တကယ့္အခ်ြဲတံုးေလး ။ စေတြ႕တုန္းက ဂ်စ္ကန္ကန္ မႈန္ကုပ္ကုပ္နဲ႔ေကာင္ငယ္ေလးဟာ အခုလို ခ်ြဲတတ္လိမ့္မယ္လို႔မ်ား ဘယ္တုန္းကမွထင္မထားခဲ့မိတာပါ ။
ရုပ္ရွင္ကားတစ္ဝက္ေလာက္မွာ အသံတိတ္သြားသူေလးေၾကာင့္ ငံု႔ၾကည့္မိေတာ့ ခ်ြဲစိန္ေလးက အိပ္ေပ်ာ္ေနေလၿပီ ။ ေနာက္ဆံုးေတာ့ ဒီကေလးကို ခ်ီမကာ သူေလးရဲ႕အိပ္ခန္းထဲအထိ ပို႔ေဆာင္ေပးရသူက ထူးကိုယ္တိုင္ပင္ ။
ေမြ႕ယာေပၚအသာခ်ကာ Air-con အပူခ်ိန္ကို ထိန္းညွိေပးၿပီး ေစာင္ပါၿခံဳေပးၿပီးမွ ကိုယ့္အခန္းကိုယ္ျပန္လာခဲ့ရသည္ ။
အိပ္ေပ်ာ္ေနတဲ့ ျမတ္ႏိုးရာေလးရဲ႕နဖူးျပင္ေျပေျပေလးကို ခပ္ဖြဖြနမ္းရင္း အိပ္မက္လွလွမက္ပါေစ ခ်မ္းငယ္ လို႔ ႏႈတ္ဆက္ခဲ့မိတာေလးကေတာ့....... ဒီလူသားရဲ႕ စတင္မိတဲ့ ေလာဘေပါ့ ။
_____________________________
A/N
ကိုယ္က sweet တဲ့ဘက္ကို ပိုင္ပိုင္ႏိုင္ႏိုင္မေရးႏိုင္သူမို႔ reader ေတြ အႀကိဳက္မျဖစ္ခဲ့ရင္ ၊ စိတ္တိုင္းမက်ျဖစ္ခဲ့ရင္ ဒီလူရဲ႕ညံ့ဖ်င္းမႈလို႔ပဲ သတ္မွတ္ၿပီး သည္းခံေပးၾကပါလို႔ ေမတၱာရပ္ခံလိုက္ပါရေစ.... ။
ေအာ္...ဒါနဲ႔ Fic cover ေလး change ထားတယ္ေနာ္ ။ ခ်စ္ရတဲ့အစ္မတစ္ေယာက္ ကိုယ္တိုင္ဆြဲေပးတဲ့ cover ေလးမို႔ အမွတ္တရအေနနဲ႔ change လိုက္တာပါ ။ ေတာ္ၾကာ cover change လိုက္ေတာ့ ကိုယ့္ဒါဒါေတြ မမွတ္မိေတာ့မွာစိုးလို႔.....😉
Phyu Layy. ❤️🙆🏻♀️💚
_____________________________
#For Unicode
အရင်က ထော်လော်ကန့်လန့်ဆက်ဆံရေးတွေ ဖြစ်ခဲ့လို့လားတော့မသိ ။ အခုလို ပြန်လည်အဆင်ပြေစ အခြေအနေကြီးမှာ နှစ်ယောက်သားက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ဖို့တောင် ရှက်ကိုးရှက်ကန်းနဲ့ အမ်းတမ်းတမ်း ။
ဒါ့အပြင် စိတ်ထဲရှိသမျှခံစားချက်တွေ ပွင့်ထွက်ကုန်ကာ အခုပဲ ပြေလည်မှုရတာမှ မကြာသေး ။ အတိုက်အခံတွေက စ,ဖြစ်ရပြီဟု ချမ်း မှုန်ကုပ်ကုပ်နှင့်တွေးနေမိသည် ။
ချမ်းနှင့်အတူ အိမ်ပြန်လိုက်ခဲ့ဖို့ကို ဦးသာက ငြင်းဆန်နေသည်လေ ။
" ဦးသာ ကျွန်တော့်ကို မချစ်ဘူးလား "
လေသံကို အတတ်နိုင်ဆုံးလျှော့ချကာ မေးတော့
" သိရဲ့သားနဲ့ မေးနေပြန်ပြီ ချမ်းရယ် "
" သိတာက သိတာသပ်သပ် ၊ ကြားချင်တာက ကြားချင်တာသပ်သပ်ပဲ "
ထိုကဲ့သို့ပြောရင်း မျက်နှာချင်းဆိုင်ဆိုဖာမှာထိုင်နေတဲ့ ဦးသာရဲ့ ခြေရင်းနား ဆတ်ခနဲသွားထိုင်ချလိုက်ရင်း ဦးသာပေါင်ပေါ် မေးတင်ပြီးမော့ကြည့်တော့ ပျာပျာသလဲနှင့်
" ချမ်း ဘယ့်နှယ်အောက်မှာလာထိုင်နေရတာလဲ ၊ အပေါ်တက်ထိုင် "
" ဟင့်အင်း ဒီလိုထိုင်ပြီးပဲ ဦးသာမျက်နှာကို မော့ကြည့်ချင်တာ "
ချမ်းရဲ့ချွဲသလိုအပြောမှာ ဦးသာက ပြုံးလေသည် ။ အင်း...ဒါဟာ ချမ်း ကျရှုံးရတဲ့ အပြုံးတွေပဲပေါ့ ။
" ကျွန်တော် စာမေးပွဲအောင်တာ ဂုဏ်ထူး ၂ ခုပါတယ် ဦးသာ "
" အင်း ကိုယ်သိတယ် ၊ သင်္ချာနဲ့ဓာတုလေ "
အရင်က သူ့ကိုယ်သူ ငါ ဆိုပြီး ခပ်စိမ်းစိမ်းပြောတတ်တဲ့ ဦးသာက အခု ကိုယ် လို့ ပြောင်းလဲသုံးနှုန်းလာတဲ့အခါ ချမ်းမှာ ပီတိတွေတဝေဝေနဲ့ ကြည်နူးမဆုံးဖြစ်နေမိသည် ။
" ဦးသာ အဲ့ဒီနေ့က အောင်စာရင်းလာကြည့်မှန်း ကျွန်တော်သိပါတယ် "
" အင်း "
" အဲ့ဒါ ကျတော့်ကို ဘာဆုပေးမှာလဲ "
" ဘာဆုလိုချင်လဲ ပြောလေ "
ဦးသာက ချမ်းကို ပြုံးငုံ့ကြည့်ကာ ဆံပင်လေးတွေကိုဆွဲယူဖွတော့ ဒီအခိုက်အတန့်တွေထဲ ချမ်း ပျော်ဝင်စွာရစ်မူးရပြန်လေသည် ။
" ကျွန်တော်နဲ့အတူတူ အိမ်ပြန်လိုက်ခဲ့ပေး "
ဦးသာရဲ့မျက်နှာပေါ်က အပြုံးတွေဟာ ဖျတ်ခနဲတည်သွားရင်း
" မဖြစ်ဘူးလေ ချမ်းရယ် "
" ဘာလို့မဖြစ်ရမှာလဲ ၊ အရင်လည်း အတူတူပဲ နေလာတဲ့ဟာကို "
" အရင်အခြေအနေနဲ့ အခုအခြေအနေက မတူတော့ဘူးလေ ၊ ဒီလိုအခြေအနေမှာ ကိုယ် မမကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ "
" မေက လက်ခံမှာပါ "
" ဒါပေမယ့်လည်း.... "
" ဦးသာက မေနဲ့တစ်သက်လုံး ရင်မဆိုင်တော့ဘူးလား ၊ ကျွန်တော်နဲ့ ဒီလိုပဲ လူမသိသူမသိ ချစ်သွားဖို့ဆုံးဖြတ်ထားတာလား "
ချမ်းစိတ်ထဲ တကယ်ကြီးဝမ်းနည်းသွားမိသည် ။
" အဲ့လိုတော့ မဟုတ်ဘူးလေ ၊ တစ်အိမ်ထဲနေတဲ့အပေါ် မင်းထိခိုက်မှာကိုလည်း စိုးရိမ်လို့ပါ "
" ကျွန်တော် ဦးကိုပဲ လိုအပ်တာလို့ ပြောပြီးပြီလေ "
ဦးသာက ပြုံးပြန်လေသည် ။ ဦးသာရဲ့အပြုံးကြောင့် ဦး လို့ ပြောင်းလဲခေါ်ဝေါ်မိတဲ့အပေါ် အနည်းငယ်တော့ ရှိုးတိုးရှန်းတန့်နိုင်ကာ ရှက်စနိုးဖြစ်ရသည် ။
ထိုစဉ် ချမ်းဘောင်းဘီအိတ်ကပ်ထဲက ဖုန်းမြည်သံကြောင့် ကိုင်လိုက်တော့
" ဟဲလို လေးငယ် "
" အဆင်ပြေလား ချမ်း "
" ဟုတ် ပြေတယ် လေးငယ် "
" ဒါဆို ထူးကို အိမ်ပြန်ခေါ်လာခဲ့တော့ ၊ မမကလည်း မေးနေပြီ ၊ ရအောင်ခေါ်လာခဲ့နော် ချမ်း "
" ဟုတ် လေးငယ် စိတ်ချပါ "
ဖုန်းချပြီးသည်နှင့် ဦးသာက မဝံ့ရဲသလို မေးလာသည်က
" လူလူက ဘာတဲ့လဲ "
" ဦးသာကို အိမ်ပြန်ခေါ်ခဲ့ဖို့ လှမ်းပြောတာ ၊ မေကလည်း မေးနေပြီတဲ့ "
ဦးသာက ထိုင်နေရာမှထ,သွားပြီး ကြံရာမရပုံစံမျိုးနှင့် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နှင့် လုပ်နေပြီးမှ
" ဒီကိစ္စအတွက် ကိုယ်တို့ အချိန်နည်းနည်းလောက် ထပ်ယူကြတာကောင်းမယ်ထင်တယ် "
" ဒါဆို ဦးသာက အခု ဘယ်လိုမှ ကျွန်တော်နဲ့အတူတူ အိမ်ပြန်မလိုက်ဘူးပေါ့ ဟုတ်လား "
" အင်း လတ်တလောတော့ မလိုက်သေးဘူးလေ ချမ်းရယ် နော် "
" ရတယ်လေ ၊ ဒါဆိုလည်း ကျွန်တော်ပဲ ဒီမှာနေလိုက်တော့မယ် "
" ဟာ အဲ့လိုတော့မဖြစ်ဘူးလေကွာ "
" ဒါဆို ကျွန်တော်က ဘယ်လိုလုပ်ရမှာလဲ ၊ ဦးသာနဲ့မှ မခွဲချင်တာကြီးကို "
" တစ်အိမ်ထဲမဟုတ်တာကလွဲရင် အချိန်မရွေးလာတွေ့လို့ရနေတာပဲလေ ချမ်းရာ "
" ဟင့်အင်း ကျွန်တော် ဦးသာနဲ့ခဏလေးတောင် ခွဲမနေနိုင်တော့လို့ပါ "
ဒါဟာ တမင်အပိုပြောတာမဟုတ်ဘဲ ချမ်းရဲ့စိတ်ရင်းအမှန်တွေမို့ ဦးသာအား ဇွတ်တိုးလို့ဂျီကျမိသည် ။ ဦးသာရဲ့ သဘောထားကို နားမလည်လို့တော့မဟုတ်ပါ ။ သို့ပေမယ့်လည်း လွမ်းခဲ့ရတဲ့ရက်တွေကို ဒီလောက်နဲ့ပဲ အဆုံးသတ်ချင်ပါပြီလေ ။
ဒီနေ့ကစလို့ မနက်ဖြန်တိုင်းကို ဦးသာနဲ့တစ်မိုးအောက်ထဲမှာ ဆိုတဲ့ နွေးထွေးလုံခြုံမှုမျိုးနဲ့သာ ရှေ့ဆက်လိုပါ၏ ။
ဦးသာကရော ထိုကဲ့သို့ ချမ်းနဲ့အတူတူ ရှိနေဖို့ကို မလိုလားတော့တာများလား ။
" ဦးသာကကျတော့ ကျွန်တော်နဲ့ခွဲနေနိုင်တာလားဟင် "
မျက်ရည်အဝိုင်းသားနှင့်မေးလာတဲ့ ချမ်းရဲ့စကားသံခပ်တိုးတိုးအဆုံးမှာ ထူးမျက်စိရှေ့က ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲဆွဲပွေ့ယူမိရင်း ခပ်ညည်းညည်းပြောမိသည်က
" မင်းလေးက ဆိုးလိုက်တာ ချမ်းငယ်ရယ် "
နောက်ဆုံးတော့ မျက်ရည်တွေနဲ့တိုက်စစ်ကို ထူးပဲ အရှုံးပေးရပြန်သည်ပေါ့ ။
ရင်ခွင်ထဲမှ မျက်ရည်အဝိုင်းသားနှင့်ကောင်လေးကတော့ ချစ်ဦးသူရဲ့ ချမ်းငယ် ဆိုတဲ့ ပထမဆုံးကြားရသော အမြတ်တနိုးအခေါ်အဝေါ်လေးကြောင့် တသိမ့်သိမ့်ကြည်နူးနေပါတော့သည် ။
ဦးသာက ကျွန်တော့်ကို ခေါ်တာ "ချမ်းငယ်" တဲ့ ။
************
ကားပေါ်ကဆင်းကာ အိမ်ထဲဝင်ကာနီး ဦးသာရဲ့ခြေလှမ်းတို့က ခပ်နှေးနှေး ။ အခုချိန်ထိကို ဒီအခြေအနေပေါ်မှာ စိုးရိမ်မှုတွေက ပြင်းထန်နေသေးကြောင်း ဦးသာရဲ့မျက်နှာက ဖော်ပြနေသည် ။
ဦးသာက မဝံ့ရဲမှတော့ ကျွန်တော်ကပဲ ရဲဝံ့ရတော့မှာပေါ့ ။
အတွေးနဲ့အတူ ဦးသာလက်ကို မြဲမြဲဆွဲယူကာ အိမ်ထဲသို့ဝင်ရင်း နှုတ်မှလည်း
" မေရေ လေးငယ် ဒီမှာ ဦးသာကို ချမ်း ရအောင်ခေါ်လာခဲ့ပြီ "
ချမ်းအော်သံအဆုံးမှာ အရင်ဆုံးပြေးထွက်လာသည်က မေပါပဲ ။ ထို့နောက် ဦးသာရဲ့ရှေ့တည့်တည့်မှာရပ်ရင်း ဦးသာမျက်နှာကို ဖွဖွလှမ်းကိုင်ကာ စကားတစ်ခွန်းမှပင်မဆိုနိုင်ဘဲ မေ့ခမျာ ငိုရှာပါလေတော့သည် ။
" ပိန်သွားလိုက်တာ ငါ့မောင်လေးရယ် "
ဦးသာကလည်း မျက်ရည်ဝဲရင်း
" အရာအားလုံးအတွက် ကျွန်တော်တောင်းပန်ပါတယ် မမ "
" ဟင့်အင်း ထူးလေး ဟင့်အင်း ၊ ငယ်ငယ်ကတည်းက မမ မင်းတို့ကို ဘယ်လိုသင်ပေးထားလဲ ၊ ကိုယ်မမှားဘဲ ဘယ်သူ့ကိုမှ တောင်းပန်စရာမလိုဘူးလို့ သင်ထားခဲ့တယ်မဟုတ်လား ၊ အခု မမမောင်လေးက မမှားဘူးလေ ၊ အဲ့ဒီအတွက် တောင်းပန်စရာမလိုပါဘူး ထူးလေးရယ် နော် ၊ မမအတွက် ငါ့မောင်လေးက အမြဲမှန်ပါတယ် "
ထိုအခါမှ ဦးသာရဲ့မျက်ရည်တို့က ပါးပြင်ပေါ်ကို ပြိုဆင်းကျလေတော့သည် ။ သို့ပေမယ့်လည်း ပြုံးနေ၏ ။ မေကိုယ်တိုင်လည်း ပြုံး၍လာပြီး ဦးသာရဲ့မျက်ရည်တို့ကို ဖွဖွသုတ်ပေးနေတဲ့မြင်ကွင်းဟာ ဘေးကကြည့်နေမိသူ ချမ်းနဲ့လေးငယ်ကိုပါ မျက်ရည်ဝဲစေပါသည် ။
ပြီးနောက် လေးငယ်က ဦးသာအနားကိုလျှောက်သွားကာ ပခုံးကနေဆွဲယူသိုင်းဖက်လိုက်ရင်း
" ပြန်လာပေးလို့ ကျေးဇူးတင်တယ် ထူး "
ချမ်းတို့အကုန်လုံးတင်မ,ကဘဲ အခန်းထောင့်နားက ရပ်ကြည့်နေသော အရီးကပါ မျက်ရည်များကြားမှ ပြုံးနေခဲ့သည် ။
ချမ်းတို့အိမ်ကို တဒင်္ဂတိုက်ခတ်သွားသော မုန်တိုင်းက ဒီမှာတင် ဆုံးခန်းတိုင်ခဲ့ပါလေပြီ ။
ညစာထမင်းစားကြတော့လည်း စကားတွေပြောရင်း ဟင်းတွေအပြန်အလှန်ထည့်ပေးရင်းနဲ့ ထမင်းဝိုင်းလေးက စည်ကားနေတော့သည် ။ ဒါ လနဲ့ချီကြာခဲ့ပြီးမှ ပထမဆုံးလူပြန်စုံတဲ့ ထမင်းဝိုင်းလေးမဟုတ်လား ။ တကယ်ကို ပျော်စရာအတိ ဖြစ်ရပါသည် ။
ထမင်းစားပြီးလို့ ဧည့်ခန်းမှာထိုင်ကြတော့ မေက
" အခုကစပြီး ချမ်းကို ထူးလေးလက်ထဲ အပ်တယ်နော် "
မေ့စကားကြောင့် ဦးသာက မျက်နှာနီနီနဲ့ပဲ ခေါင်းငြိမ့်ပြလေသည် ။
" နောက်ပြီး အခုလိုအခြေအနေတွေဖြစ်လာတဲ့အပေါ် ထူးလေးက မမတို့ကို ဘာမှအားနာနေစရာမလိုဘူး ၊ ချမ်းက မမသားမို့လို့ ထူးလေးထက် ပိုချစ်လိမ့်မယ်လို့လည်း မထင်နဲ့ ၊ မမအတွက်က ထူးလေးရော လူလူရော ချမ်းရောက အားလုံးအတူတူပဲချစ်ရတဲ့ ကလေးတွေပါ....
မမဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒက ဒီကလေး ၃ ယောက် ပျော်ရွှင်နေဖို့ပဲ ၊ ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ ဒီကလေးတွေပျော်ရွှင်နေတယ်ဆိုရင် မမကျေနပ်ပြီ ၊ အဲ့ဒီထက်ပိုတဲ့လောဘမျိုး မမမှာ မရှိဘူး ၊ ချမ်းကိုလည်း ဆရာဝန်ကြီးဖြစ်မှ အင်ဂျင်နီယာကြီးဖြစ်မှဆိုတာမျိုး ဖိအားမပေးခဲ့သလို ဘယ်လိုပြည့်စုံတဲ့မိန်းကလေးကို အိမ်ထောင်ဖက်အဖြစ်ရွေးပါဆိုတဲ့ တိုက်တွန်းမှုမျိုးလည်း မလုပ်ခဲ့ဖူးဘူး ၊ အဓိက,က သူရွေးချယ်တဲ့ဘဝမှာ သူနေပျော်နေရင် ကျေနပ်ပြီ...
မမဆန္ဒကတော့ ရိုးရှင်းတယ် ၊ အဲ့လိုပဲ မင်းတို့အစ်ကိုကြီးမင်းဝန်ရှိခဲ့ရင်လည်း ဒီလိုပဲသဘောထားမှာ သေချာတယ် ၊ ဒါ့ကြောင့် ဒီကိစ္စတွေကြောင့်တော့ ထူးလေးက စိတ်မသက်မသာဖြစ်စရာမလိုဘူး ၊ မမက အရာအားလုံးကို နားလည်ကြည်ဖြူတာမို့လို့ စိတ်ရှင်းရှင်းနဲ့ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်ပါ....
ငါ့မောင်လေးက ပျော်ရွှင်မှုနဲ့ထိုက်တန်တဲ့ကလေးမို့ ချစ်တဲ့သူရဲ့လက်ကိုတွဲပြီး ရဲရဲကြီးပျော်ပစ်လိုက်ပါလို့ပဲ မမက အလေးအနက်ပြောချင်တယ် "
မေ့စကားဆုံးတော့ ဦးသာက မေ့ခြေရင်းမှာထိုင်ချပြီး မေ့လက်ကို ဆွဲယူကာ နဖူးနဲ့တိုက်ရင်း
" ကျေးဇူးတင်ပါတယ် မမ ၊ ကျွန်တော့်ကို ဒီလောက်ထိချစ်ပေးလို့ တကယ်ပဲ ကျေးဇူးတင်ပါတယ် ၊ ပြီးတော့...ပြီးတော့ မမစိတ်ချပါ ၊ ကျွန်တော် ချမ်းကို အကောင်းဆုံးစောင့်ရှောက်သွားပါ့မယ်လို့ ကတိပေးပါတယ် "
" ဒီကိစ္စအတွက် ကတိပေးစရာမလိုအောင်ကို မမက ထူးလေးအပေါ် ယုံကြည်ပြီးသားပါ "
ဦးသာက မေ့ရှေ့မှာ ကလေးတစ်ယောက်လို ပြုံးနေလိုက်တာများ တကယ်ကို နှစ်နှစ်လိုလို ။ ချမ်းကတော့ အရင်က ရှားရှားပါးပါးနဲ့ တော်တော်ကိုမြင်ရခဲတဲ့အပြုံးတွေအား အခုလို ကြည်ကြည်စင်စင်မြင်တွေ့ရခိုက်မှာ လက်လွတ်မခံစတမ်း ငေးစိုက်ကြည့်နေမိတော့သည် ။
ကျွန်တော် ဦးသာကို ချစ်လိုက်တာ ။
နောက်ကျမှသိခဲ့မိတဲ့ ကျွန်တော့်ရဲ့ချစ်ခြင်းတွေအတွက် ဒီကရှေ့ ဦးသာကို အများကြီးပိုပြီးချစ်ပေးသွားပါ့မယ် ။ ဦးသာကို မပြောမိသေးပေမယ့်လို့ ဒါဟာ ကျွန်တော့်နှလုံးသားထဲက လေးလေးနက်နက်ဖြစ်တည်လာတဲ့ ကျွန်တော့်ရဲ့ရင်တွင်းသစ္စာပါ ။
ဒီလိုနဲ့စကားဝိုင်းလေးက ပျော်ပျော်ရွှင်ရွှင်ပဲ ပြီးဆုံးသွားလေတော့ ကိုယ်စီကိုယ်စီ အခန်းထဲဝင်ဖို့ပြင်ကြတော့သည် ။ ထူးလည်း ကိုယ့်အခန်းထဲကိုယ်ဝင်ကာ တံခါးပြန်ပိတ်ဖို့လှည့်လိုက်တော့ ချမ်းက တံခါးဝမှာပြုံးစိစိ ။
" ဟင် ချမ်း ဘာလို့လိုက်လာတာလဲ "
" ကျွန်တော် ဦးသာအခန်းမှာ လာအိပ်မလို့ "
" အာ ဘယ်ဖြစ်မှာလဲ "
ဒီကောင်လေး ဘယ်လိုအတွေးတွေနဲ့များ ဒီလိုလုပ်နေတာပါလိမ့် ။
" ဘာလို့မဖြစ်ရမှာလဲ ၊ အရင်လည်း အတူတူအိပ်ဖူးတာပဲကို "
အသံနှုန်းကို မလျှော့ဘဲပြောလာတဲ့ကောင်ဆိုးလေးကြောင့် နှုတ်ခမ်းပေါ်လက်ညှိုးကို ကန့်လန့်ဖြတ်တင်ကာ တိုးတိုးပြောဖို့အမူအရာပြတော့မှ အနှီကောင်လေးက စူကောက်ကောက်နှင့် ငြိမ်သွားသည် ။
" အရင်ကနဲ့ အခုနဲ့တူလို့လား "
ထူးက အသံကို အတတ်နိုင်ဆုံးနှိမ့်ကာ ခပ်ကြိတ်ကြိတ်ပြောတော့
" ဘယ်လိုမတူတာလဲ "
ဟာ ဒီကလေး သက်သက်ကြီးကို ဂျစ်နေတာပဲ ။
" ပြောလေ ဦးသာ ၊ ဘယ်လိုမတူတာလဲလို့ "
မျက်နှာပေးလေးက ညစ်ကျယ်ကျယ်နှင့် ထူးဆီက သူကြားလိုရာကို မကြားရမချင်း အလျှော့ပေးမယ့်ပုံမပေါ် ။
လူဆိုးလေးမှ တကယ့်ကို လူဆိုးလေးပါပဲ ။
" အရင်က ချမ်းနဲ့ကိုယ်က ပုံမှန်ဆက်ဆံရေးလေ ၊ အခုက ကိုယ်တို့က ချစ်သူတွေဖြစ်နေပြီမဟုတ်ဘူးလား "
" အဟီး အင်း ဟုတ်တယ် "
ထူးဆီက သူကြားလိုသည့် အတည်ပြုစကားကို ကြားရတော့ ခေါင်းလေးတဆတ်ဆတ်ငြိမ့်ကာ ပြုံးစိစိထောက်ခံလာပုံလေးက တကယ်ကို ချစ်စရာလေးမို့ ခေါင်းလုံးလုံးလေးထက် ထူးရဲ့လက်ဝါးဖြင့် ဖိအုပ်ကာ ချစ်စနိုးစိတ်နဲ့ ခပ်သာသာဆွဲခါမိသည် ။
" အဲ့ဒါကြောင့် အတူတူအိပ်တာက မမတို့ကို မလေးစားရာရောက်တယ်လေ ၊ ကိုယ့်ချမ်းကလေးက လိမ္မာတယ်နော် ၊ ကိုယ့်အခန်းကိုယ်ပြန်အိပ်တော့ ၊ ဟုတ်ပြီလား "
ထိုမှသာ မပြန်ချင့်ပြန်ချင် အီလည်လည်ရုပ်လေးနှင့် သူ့အခန်းရှိရာကို ပြန်သွားတော့သည် ။
ဟူး မလွယ်လိုက်တဲ့ ချမ်းငယ်ရယ် ။
ထူးလည်းရေချိုးပြီး ကွန်ဒိုကနေ တစ်ချို့တစ်ဝက် ပြန်သယ်လာခဲ့တဲ့အဝတ်အစားတွေကို ဗီရိုထဲထည့်ကာနေရာချနေစဉ် တံခါးခေါက်သံကြောင့် ဖွင့်ကြည့်တော့ အခန်းဝမှာ ထူးအားမျက်နှာချိုသွေးပြီး ပြုံးပြနေလေတဲ့ ချမ်း ။ ထူးက ဘာလဲဆိုတဲ့သဘောနဲ့ အသံတိတ်မေးဆတ်ပြတော့ သူကလေးက လက်ထဲမှ DVD ချပ်ကို ထောင်ပြကာ
" ဦးသာအခန်းထဲမှာ ရုပ်ရှင်လာကြည့်တာ "
ဒီကောင်လေး တမင်အကြောင်းရှာပြီးလာမှန်းသိပေမယ့်လည်း မငြင်းဆန်ရက်စွာ လက်ခံမိတော့ ထိုကလေးဆိုးလေးက ဝမ်းသာအားရနဲ့ ဆိုဖာမှာအကျအနဝင်ထိုင်ကာ သူ့ဟာသူယူလာတဲ့အခွေကို ကြည့်ပါလေတော့သည် ။ ယူလာတဲ့ဇာတ်လမ်းကလည်း Baby Boss... ။
" ဦးသာ တူတူလာကြည့် "
ငဂျစ်ကောင်လေးအလိုကိုလိုက်ကာ ဘေးနားကိုဝင်ထိုင်မိတော့ ထူးရဲ့လက်မောင်းကို ဖက်ပိုက်ပြီး ထူးပခုံးမှာခေါင်းမှီချလာ၏ ။
အနည်းငယ်တောင့်တင်းသွားမိတဲ့ ထူးအဖြစ်ကို သတိထားမိသွားလို့ပဲလားတော့မသိ ။
" ကျွန်တော် ဒီလိုလေးနေပြီး ကြည့်ချင်လို့ပါ "
အသံတိမ်တိမ်လေးနဲ့ပြောလာတော့ ဒီလူမှာ အရည်ပျော်ရပြန်လေသည် ။ ထူးပခုံးကို မှီထားတဲ့ချမ်းအား ဆွဲထူတော့ မကြိုက်လို့လားဆိုတဲ့ အမေးမျက်ဝန်းတွေနဲ့ မျက်နှာလေးငယ်ကာ မော့ကြည့်လာ၏ ။
ခံစားလွယ်လိုက်တဲ့ ကလေးရယ်လေ ။
" လာ ဒီလိုကြည့် "
ခန္ဓာကိုယ်ပါးပါးသေးသေးလေးကို အသာဆွဲယူကာ ထူးရဲ့ရင်ခွင်ထဲမှာ မှီစေပြီး ခပ်ဖွဖွထွေးဖက်ထားပေးလိုက်တော့ ပြုံးသွားတဲ့မျက်နှာလေးဟာ မြတ်နိုးစရာ ။ ပြီးတော့ ထူးရင်ခွင်ကိုမျက်နှာအပ်ကာ ပြောလာသေးသည် ။
ဒီလိုကြည့်ရတာ ပိုကြိုက်တယ် တဲ့လေ ။ တကယ့်အချွဲတုံးလေး ။ စတွေ့တုန်းက ဂျစ်ကန်ကန် မှုန်ကုပ်ကုပ်နဲ့ကောင်ငယ်လေးဟာ အခုလို ချွဲတတ်လိမ့်မယ်လို့များ ဘယ်တုန်းကမှထင်မထားခဲ့မိတာပါ ။
ရုပ်ရှင်ကားတစ်ဝက်လောက်မှာ အသံတိတ်သွားသူလေးကြောင့် ငုံ့ကြည့်မိတော့ ချွဲစိန်လေးက အိပ်ပျော်နေလေပြီ ။ နောက်ဆုံးတော့ ဒီကလေးကို ချီမကာ သူလေးရဲ့အိပ်ခန်းထဲအထိ ပို့ဆောင်ပေးရသူက ထူးကိုယ်တိုင်ပင် ။
မွေ့ယာပေါ်အသာချကာ Air-con အပူချိန်ကို ထိန်းညှိပေးပြီး စောင်ပါခြုံပေးပြီးမှ ကိုယ့်အခန်းကိုယ်ပြန်လာခဲ့ရသည် ။
အိပ်ပျော်နေတဲ့ မြတ်နိုးရာလေးရဲ့နဖူးပြင်ပြေပြေလေးကို ခပ်ဖွဖွနမ်းရင်း အိပ်မက်လှလှမက်ပါစေ ချမ်းငယ် လို့ နှုတ်ဆက်ခဲ့မိတာလေးကတော့....... ဒီလူသားရဲ့ စတင်မိတဲ့ လောဘပေါ့ ။
____________________________________
A/N
ကိုယ်က sweet တဲ့ဘက်ကို ပိုင်ပိုင်နိုင်နိုင်မရေးနိုင်သူမို့ reader တွေ အကြိုက်မဖြစ်ခဲ့ရင် ၊ စိတ်တိုင်းမကျဖြစ်ခဲ့ရင် ဒီလူရဲ့ညံ့ဖျင်းမှုလို့ပဲ သတ်မှတ်ပြီး သည်းခံပေးကြပါလို့ မေတ္တာရပ်ခံလိုက်ပါရစေ.... ။
အော်...ဒါနဲ့ Fic cover လေး change ထားတယ်နော် ။ ချစ်ရတဲ့အစ်မတစ်ယောက် ကိုယ်တိုင်ဆွဲပေးတဲ့ cover လေးမို့ အမှတ်တရအနေနဲ့ change လိုက်တာပါ ။ တော်ကြာ cover change လိုက်တော့ ကိုယ့်ဒါဒါတွေ မမှတ်မိတော့မှာစိုးလို့.....😉
Phyu Layy. ❤️🙆🏻♀️💚
_____________________________